Chapter 53

1.9K 240 1
                                    

Bao Jin Yan နှင့် Jian Yao တို့သည် သစ်ပင်များဝန်းရံလျက်ရှိသော အိမ်သေးသေးလေးရှေ့တွင် ရပ်နေသည်. သူတို့၏ သံသယရှိသူ Zhang Cheng က လူအများနှင့် ဝေးလံပြီး တသီးတသန့်ဖြစ်သောနေရာတွင် နေထိုင်ရသည်ကို နှစ်သက်ပုံရသည်.

Bao Jin Yan က သူ့ဆီဖုန်းဆတ်လှမ်းအကြောင်းလာသော အရာရှိများထက်အရင် ရောက်ရှိနေသည်. အဝေးမှ မောင်းနှင်လာသော ရဲကားများ၏ အချက်ပေးသံများကို ကြားနေရသည်. သူတို့သည်လည်း သိပ်မဝေးကွာလှတော့...

Jian Yao : “ကျွန်မတို့ သူတို့ကို စောင့်ဦးမလား?”

Bao Jin Yan : “မစောင့်ဘူး.”
ရာဘာလက်အိတ်ကို ဝတ်ဆင်လိုက်သည်. သူ့ကို ကြည့်ရသည်မှာ စိတ်လှုပ်ရှားနေပုံရသည်.
"တချိန်တည်း လူတွေအုံလိုက်ကြီး ဝင်ချသွားရင် ဒီနေရာက သူ့ရဲ့ မူလပုံစံလေး ဆုံးရှုံးသွားမယ်...”

Jian Yao မအံ့သြတော့ပေ. ဒီလူဆိုသည်မှာ ရိုးသားပြီး ထက်မြက်သည်. သို့သော် မှုခင်းကိစ္စရပ်များ စုံစမ်းသည့်အချိန်ခါများတွင်တော့ အလုပ်အတွက် ထားရှိသည့် သူ၏ဝါသနာကြီးချက်ကြောင့် မြှင့်တက်လာသည့် စိတ်လှုပ်ရှားပျော်ရွှင်မှုများကိုတော့ မဖုံးကွယ်ထားနိုင်ပေ.

“OK. ဝင်ကြတာပေါ့...”
Jian Yao ပြုံးလိုက်သည်.
သေချာပေါက်ကို သူနဲ့အတူ အထဲလိုက်ဝင်ရမှာပေါ့...

သူတို့အတွက် ကံကောင်းစွာပင် အဝါရောင် သစ်သားတံခါးက သော့မခတ်ထားပေ. တွန်းလိုက်ရုံနှင့် အလွယ်တကူ ပွင့်သွားသည်.

တံခါးပွင့်သွားသည်နှင့် သည်းမခံနိုင်လောက်အောင် နံစော်နေသော အနံ့အသက်များက သူတို့၏နှာခေါင်းထဲသို့ အလုံးလိုက်အရင်းလိုက် ဝင်ချလာသည်. Jian Yao နောက်တကြိမ်အန်မိတော့မလိုပင် ဖြစ်သွားသည်.

Bao Jin Yan က ထိုအနံ့အသက်များ မဝင်ရောက်နိုင်ရန် သူ၏လက်ချောင်းများဖြင့် နှာခေါင်းကို ပိတ်ကာထားလိုက်သည်. ထို့နောက် နှေးကွေးခြင်းမရှိပဲ အထဲသို့ ဝင်ချသွားလိုက်သည်. Jian Yao ခဏမျှတွေဝေနေပြီးမှ နှာခေါင်းကို ညှပ်ပိတ်လိုက်ပြီး သူ၏နောက်သို့ လိုက်ဝင်သွားလိုက်သည်.

အထဲတွင်တော့ မှောင်ပိန်းနေသည်. ပြတင်းပေါက်များကိုလည်း ပိတ်ဆို့ထားသည်. နေရာသေးသေးလေးတစ်ခု ဖြစ်သည်. အိပ်ရာတစ်ခု... စားပွဲသေးလေးတစ်ခု... ထိုအရာပဲ ရှိသည်. နေရာအနှံ့ ပြန့်ကျဲနေသော အရာများစွာ ရှိသေးသည်. ထိုအရာများကို မြင်နိုင်ရန်က မှောင်မည်းလွန်းနေသည်.

(Unicode) When He Comes, Close Your Eyes - MM Translation {Completed}Where stories live. Discover now