Chapter 08

2.2K 289 6
                                    

ချမ်းအေးသော ဆောင်းရာသီ မနက်ခင်း၌ တောက်ပသော နေရောင်ခြည်များက တောင်တန်းပေါ်တွင် နူးညံ့သော ရွှေဝါရောင် အလင်းတန်းများအဖြစ် ဖြာကျလျက်ရှိသည်. မနက်ခင်းနေရောင်အောက်တွင် သစ်တောများကလည်း တိတ်ဆိတ်ညင်သာစွာ ကြီးထွားနေကြသည်.

မြို့ငယ်လေး၏ ဤနေရာပိုင်းလေးကိုတော့ လူလာခဲသည်. ထိုနေရာက အတော်တိတ်ဆိတ်နေပြီး သာယာလှသည်.
မနေ့က အဖြစ်အပျက်လေးက လွဲရင်ပေါ့....

Jian Yao ထိုတိုက်ပုလေးဆီသို့ တိတ်တဆိတ် လမ်းလျှောက်လာသည်. ခုချိန်မှာ သူနှင့်အတော်ရင်းနှီးနေပြီဖြစ်သော တိုက်ပုလေးထဲသို့ ဝင်ရောက်လိုက်သည်. အပေါ်ထပ်တွင်တော့ သံတံခါးကြီး ဖွင့်ထားသည်ကို တွေ့လိုက်ရသည်. သတိရှိရှိဖြင့် Bao Jin Yan ၏ သီးသန့်နယ်မြေထဲ ဝင်ရောက်လိုက်သည်.

"Bao Jin Yan? Bao Jin Yan?''
အဖြေမရှိ.....

Jian Yao ပထမအခန်းသို့ လျှောက်သွားလိုက်သည်. တံခါးမှာ ပွင့်နေသဖြင့် အခန်းတွင်းသို့ ဝင်လိုက်သည်. အခန်းတွင်း၌ ပြတင်းပေါက်အနီးရှိ စားပွဲထိပ်တွင် ဖိုင်အထပ်လိုက် ထားရှိထားသည်. ထိုနေရာ တစ်ဝိုက်တွင် စာအုပ်တော်တော်များများလည်း ပြန့်ကျဲလျက်ရှိနေသဖြင့် အတော်အတန်ကို ရှုပ်ပွနေသည်. စားပွဲဘေး ဆိုဖာပေါ်တွင် ကြီးမားသော ခြုံစောင် တစ်ထည်ကို ဖြန့်ထားသည်. တစ်ဝက်ကျန်နေသေးသော လ္ဘက်ရည်ခွက်ကို ကော်ဖီစားပွဲသေးသေးလေးပေါ်တွင် တင်ထားသည်. ဆိုဖာ၏ ဆန့်ကျင်ဘက်တွင် ကြီးမားသော ဝှိုက်ဘုတ်တစ်ချပ်ကို ချိတ်ဆွဲထားသည်. ထိုပေါ်တွင် အညွှန်းစာများတပ်ထားသော ဓာတ်ပုံများ ကပ်ထားပြီး ပတ်ပတ်လည်တွင်လည်း စာများရေးထားသည်.

Jian Yao ထိုဝှိုက်ဘုတ်ဆီသို့ လျှောက်သွားလိုက်သည်. ထိုဓာတ်ပုံများ၏ ပိုင်ရှင်မှာ ပျောက်ဆုံးနေသော ကလေးကိုးယောက်ဖြစ်သည်. အားလုံးသည် မြို့ဆင်ခြေဖုံးဘက်မှ ဖြစ်သည်. ထိုထဲမှ ဓာတ်ပုံ သုံးခုအောက်တွင် ထိုသူတို့ ပျောက်ဆုံးသွားသော နေရာများကို ရေးသားထားသည်. ဈေးမြောက်ဘက်.. ရထားဂိတ်.... Materials Quarter.....

ထိုအကြောင်းကို Li Xun Ran က Jian Yao ကို အတိုချုပ် ပြောပြထားသည်. ပျောက်ဆုံးနေသည့် ကောင်လေးများထဲမှ သုံးယောက်၏ ဖမ်းဆီးခံလိုက်ရသည့်နေရာကို သေချာစေနိုင်သည့် လုံလောက်သော သက်သေများ ရှိသည်. ကျန်ရှိသော ဆယ်ကျော်သက်များအတွက် ဘယ်နေရာတွင် ပျောက်ကွယ်သွားသည်ကိုတော့ မသိရှိနိုင်သေးပေ.

(Unicode) When He Comes, Close Your Eyes - MM Translation {Completed}Where stories live. Discover now