Chapter 29

1.7K 246 4
                                    

ကောင်းကင်ထက်မှ မိုးများသဲကြီးမဲကြီး ရွာချနေဆဲ ဖြစ်သည်. မိုးစက်များ ခေါင်မိုး နှင့် ပြတင်းပေါက်ကို ရိုတ်ခတ်နေသည့်အသံများက တစ်စုံတစ်ခုကို ချော့မော့နေသကဲ့သို့ ဖြစ်နေသည်. သို့သော် ထိုအသံများက စိုးရိမ်ပူပန်နေမှုများကို ပြေလျော့စေနိုင်ဖို့ မလုံလောက်ပေ.

ဟုတ်ပါသည်. Orange Hill အပန်းဖြေစခန်းရှိ လူတစ်ဦးမှာတော့ တည်တည်ငြိမ်ငြိမ်နှင့် စိတ်အာရုံစုစည်းထားနိုင်သည်. Bao Jin Yan က TV ရှေ့တွင် ထိုင်နေပြီး Customer 3 ဌာနခွဲမှ ဝန်ထမ်းအားလုံး၏ တုံ့ပြန်ချက်များကို လေ့လာနေသည်.

"နောက်ထပ်သွားမယ့်သူက Zhou Qin ဆီလား?"
Jian Yao က သူ၏စိုစွတ်နေသော အဝတ်အစားပေါ်မှ ရေစက်များကို ခါထုတ်နေသည်. ဒီနေ့ သူအပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ထိုညက Wang Wan Wei ဝတ်ဆင်ထားခဲ့သည့် ဝတ်စုံနှင့် တူညီသောဒီဇိုင်းရှိသည်.

"မသွားဘူး.. သွားဖို့ မလိုအပ်တော့ဘူး...."
Bao Jin Yan အနောက်ဘက်သို့ မှီချလိုက်ပြီး ခေါင်းအနောက်ဘက်သို့ လက်နှစ်ဖက်ကို ပို့လိုက်သည်.
"သူတို့ အပြုအမူတွေကနေ ကျွန်တော်သိဖို့ လိုအပ်တဲ့အရာတွေအားလုံးကို ပြောပြပြီးသားဖြစ်နေပြီ...."

Jian Yao အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်. သူက Pei Ze နှင့် Qian Yu Wen တို့နှစ်ဦးသား လိင်ဆက်ဆံခဲ့ကြသည်ကို ဝန်ခံရန် ဖိအားပေးလိုက်သည်. သို့မှသာ အခြားသူများ၏ တုံ့ပြန်မှုများကို သူမြင်နိုင်မည် ဖြစ်သည်.

နက်ပြာရောင် လက်ကိုင်ပုဝါကို ကိုင်ထားသော အမျိုးသားတစ်ဦး၏ လက်တစ်ဖက်က သူ၏ရှေ့တွင်ပေါ်လာသည်.

Bao Jin Yan : "ဆံပင်တွေ....."

"ကျေးဇူးတင်ပါတယ်..."
Jian Yao က မျက်နှာပေါ်မှ ရေစက်များကို သုတ်လိုက်သည်. Bao Jin Yan က သူ၏နဖူးကို စိုက်ကြည့်နေသည်. မိုးရေကြောင့် စိုစွတ်နေဆဲဖြစ်သော ဆံပင်က သူ၏နူးညံ့ပျော့ပျောင်းသော အရေပြားပေါ်တွင် ကပ်တွယ်နေသည်.

Bao Jin Yan က သူ့ကို ကြည့်လိုက်ပြီး
"မသက်မသာ မဖြစ်နေဘူးလား?"

သူဘာကြောင့် ရုတ်တရက်ကြီး စိုစွတ်နေသည့် ဆံပင်ကို စိတ်ဝင်စားသွားတာလဲ ဟု Jian Yao အံ့သြသွားသည်. Bao Jin Yan မတ်တပ်ရပ်လိုက်ပြီး အနားသို့ လျှောက်လာသည်. လက်ကိုင်ပုဝါကို ဆွဲယူလိုက်သည်.

(Unicode) When He Comes, Close Your Eyes - MM Translation {Completed}Where stories live. Discover now