ကျယ်ပြန့်လှသည့် လေဆိပ်ခန်းမကြီးအတွင်းတွင် လူများစွာက အဆုံးမရှိပြည့်နှက်နေပြီး ကြေငြာဘုတ်များတွင်လည်း မိနစ်အနည်းငယ်ကြာတိုင်း ခရီးသည်စာရင်းကို ပြန်လည်အသစ်တင်ပေးနေသည်. ဤနေရာက B မြို့လယ်ထဲက နေရာများကဲ့သို့ပင် စီးပွားရေးလည်းကောင်း.. အလုပ်တွေလည်းများပြီး ပြည်တွင်းပြည်ပ ခရီးသွားများနှင့် ပြည့်နှံ့နေသည်.
Li Xun Ran က ဆေးလိပ်သောက်သည့် အခန်းလေးထဲတွင် စီးကရက်မီးကို ညှိလိုက်သည်. လက်ကိုင်ဖုန်းကို ထုတ်ယူလိုက်သည်. လွန်ခဲ့သောရက်အနည်းငယ်က သူကိုယ်တိုင် ရိုက်ယူထားသော Jian Yao ၏ ဓာတ်ပုံရှိနေသည်. နေရောင်အောက်တွင် တောက်ပစွာ ပြုံးနေသော သူ(မ)၏ နောက်တွင် သူရပ်နေသည်. လက်တစ်ဖက်က လက်ရန်းပေါ်တွင် တင်ထားပြီး အခြားတစ်ဖက်က သူ(မ)၏ ပုခုံးပေါ်တင်ထားသည်. တိုးလျစွာရယ်လိုက်ပြီး စီးကရက်ကိုချေကာ မတ်တပ်ရပ်လိုက်သည်.
အခန်းတံခါးကို သူဖွင့်လိုက်သည်နှင့် သူ(မ)ကို မြင်လိုက်ရသည်.
Jian Yao...သူတို့၏ မျက်လုံးချင်းဆုံသွားသည်. သူ(မ)က သူ့ကိုပုံမှန်အတိုင်း နွေးနွေးထွေးထွေးနှင့် နူးညံ့စွာ ပြုံးပြနေသည်. ထိုအပြုံးကို သူမြင်လိုက်သည်နှင့် တစ်ယောက်ယောက်က သူ၏နှလုံးသားကို ဓားသေးသေးလေးနှင့် ထိုးဆွနေသကဲ့သို့ ခံစားလိုက်ရသည်.
ခဏကြာပြီးနောက် သူ(မ)ဆီသို့ လျှောက်သွားလိုက်ပြီး ပြုံးကာ
"ဘာလို့ ဒီရောက်နေတာလဲ?"ဒီအချိန်မှာတော့ Jian Yao ၏ အသံက ဝမ်းနည်းမှု နည်းနည်းရောထွေးနေသလိုပင်..
"နင်မထွက်သွားခင် နှုတ်ဆတ်စကားပြောဖို့ အစီအစဉ်တောင် မရှိဘူးလား?"Li Xun Ran တိတ်ဆိတ်သွားသည်. သူတို့၏အနောက်ဘက်တွင် လူအများစုက ထွက်ခွာဂိတ်ကို ဖြတ်သန်းရန် အလောကြီးနေကြသည်. နှစ်ဦးသား တစ်ချိန်တည်း ပြုံးမိလိုက်သည်. Li Xun Ran က အနားတိုးကပ်လာပြီး Jian Yao ကို ဆွဲပွေ့လိုက်သည်. Jian Yao ကလည်း သူ၏နောက်ကျောကို ပွေ့ဖက်လိုက်သည်. သူ့ထံတွင် သက်တောင့်သက်သာရှိသည့် ချွေးနံ့သင်းသင်းလေးရနေသော ရင်အုပ်ကျယ်ကြီးရှိသည်. Li Xun Ran က Jian Yao ထက် သုံးနှစ်ခန့်ပိုကြီးသည်ဆိုသော်လည်း Jian Yao တစ်ခါမှ သူ့ကို 'Ge' ဟု မခေါ်ခဲ့ဖူးပေ..
YOU ARE READING
(Unicode) When He Comes, Close Your Eyes - MM Translation {Completed}
RomanceAuther - Ding Mo Year - 2014 Status in COO - 84 Chapters + Extras (Complete) From https://www.novelupdates.com/series/when-he-comes-close-your-eyes/ Chinese Series. "Love me if you dare'' *** Still editing***