Chapter 32

1.9K 251 10
                                    

Bao Jin Yan ဆီမှ စာတို လက်မခံရသေးခင်အထိ Yin Zi Qi တစ်ယောက် အပန်းဖြေအိမ်လေးမှ ထွက်ခွာဖို့ စိတ်ကူး မရှိခဲ့ပေ. မနက်ခင်း ၄နာရီ အချိန်လောက်ထိ အိပ်မပျော်နိုင်ရှိသေးသည်. သူ၏ အစ်ကိုဖြစ်သူက အပန်းဖြေစခန်းသို့ ရဲအရာရှိတော်တော်များများကို သူနှင့်အတူ ခေါ်ဆောင်လာခဲ့သည်ကို သိနေခဲ့သည်. ဤအရာက သူတို့ နှစ်ဦးသဘောတူညီချက်တွင် မပါဝင်ခဲ့သဖြင့် နည်းနည်းတော့ စိတ်တိုနေခဲ့သည်. သို့သော် ခုချိန်ထိ Bao Jin Yan နှင့် မျက်နှာချင်းဆိုင် မတွေ့ရသေးပေ.

သူ၏ စိတ်ထဲတွင် ပေါ်လာသည့်အတိုင်းသာ အမြဲပြုလုပ်တတ်သောသူမှန်း သိနေခဲ့သည်. ထို့အပြင် ဤကဲ့သို့သော အရေးကြီးသည့်အချိန်ကာလအတွင်း သူ့ကို အနှောင့်အယှက်ပေးရခြင်းမှာ သင့်လျော်သည် မဟုတ်.

ဖြစ်ပြီးနေခဲ့သည့်အရာကို သူ(မ) မပြောင်းလဲနိုင်ပေ. ထို့ကြောင့် ဤအတိုင်းသာ ဆက်လက်သွားနေစေခြင်းက ပို၍ကောင်းလိမ့်မည်. သို့မှသာ သူ(မ) အပေါ်တွင် မျက်နှာသာပေးရမည်ကို Bao Jin Yan သိလိမ့်မည်. အခုချိန် သူ(မ) လုပ်ရမည့်အရာအားလုံးသည် စောင့်ဆိုင်းနေခြင်း ဖြစ်သည်. သူ၏ ရှင်းပြချက်ကို စောင့်ရမည်. သူ၏ တောင်းပန်မှုကို စောင့်ရမည်. ထိုအရာက အမြော်အမြင်ရှိသော အမျိုးသမီးတစ်ယောက်အနေဖြင့် ဂုဏ်သိက္ခာရှိရှိနှင့် နူးညံ့စွာ အမျိုးသားတစ်ယောက်ကို ဆက်ဆံသင့်သည့်ပုံ ဖြစ်သည်.

သူ(မ) မျှော်လင့်ထားခဲ့သည့်အတိုင်း သူထံမှ စာတိုလက်ခံရရှိခဲ့သည်.

ငါအခု အပြင်ဘက်မှာ.. တစ်ယောက်တည်းလာခဲ့.. မင်းကို ငါးမိနစ် အချိန်ပေးမယ်..

သူ(မ) ရယ်လိုက်ရုံကလွဲ ဘာမှမတတ်နိုင်ခဲ့. သူ့လေသံက သူ့ကိုယ်သူရှင်းပြရန် ကြိုးစားနေသည့် အချိန်လေးမှာတောင်မှ အရမ်းအထက်စီးဆန်လွန်းနေသည်. သူ(မ) ၏ လက်ထောက်က သူ(မ)နှင့်အတူ လိုက်ခဲ့ချင်သော်လည်း ငြင်းပယ်ခဲ့လိုက်သည်. သူ(မ)နှင့်အတူ Bao Jin Yan ရှိနေသည့်အချိန်တွင် နောက်ထပ် မည်သူကိုမှ အနားတွင် မရှိနေစေချင်ခဲ့.

ကောင်းကင်ကြီးက မှောင်မည်းနေဆဲ ဖြစ်သည်. အပန်းဖြေအိမ်၏ ဝင်ပေါက်တွင် မည်သူမှ မရှိနေသော်လည်း တောစပ်ထောင့်နားလေးက သစ်ပင်အောက်တွင် အမျိုးသားတစ်ဦး ရပ်နေသည်ကို ဝိုးတဝါးမြင်လိုက်ရသည်. ထိုလူက အနက်ရောင် Suit ကို ဝတ်ဆင်ထားသည်. အရပ်မြင့်မြင့်နှင့် ပိန်ပိန်သွယ်သွယ် လူတစ်ဦး... သူ(မ)ကို ကျောပေးထားသဖြင့် သူ၏မျက်နှာကို မမြင်နိုင်ပေ. သို့သော် သူ၏ ခန္ဓာကိုယ်အချိုးအစားနှင့် ဝတ်စားဆင်ယင်ထားခြင်းမှ အကဲဖြတ်ခန့်မှန်းကြည့်ရလျှင် သေချာပေါက် Bao Jin Yan ဖြစ်ရမည်.

(Unicode) When He Comes, Close Your Eyes - MM Translation {Completed}Where stories live. Discover now