အမှောင်ထုကြီးက သူ(မ)ပတ်ပတ်လည်ဝန်းရံနေသည်. Jian Yao က သေးငယ်သော အိပ်ရာလေးထက်တွင် လဲနေသည်. ကမ္ဘာကြီးပေါ်မှာ သူတစ်ဦးတည်း ကျန်နေခဲ့သလို ခံစားနေရသည်. သူ(မ)၏ ခန္ဓာကိုယ်အောက်က အိပ်ရာခင်းစကို ထိလိုက်သည်. ဒီနေ့မှာတော့ သူ(မ)အတွက် Xie Han က အိပ်ရာခင်းအသစ်လဲပေးထားသည်. ဆပ်ပြာနံ့သင်းသင်းလေးက လတ်ဆတ်မွှေးပျံ့နေပြီး ထိုအနံ့က အိမ်ကို လွမ်းဆွတ်သတိရစေသည်..
မေမေကို လွမ်းတယ်..
ညီမလေးကို လွမ်းတယ်..
Xun Ran ကို လွမ်းတယ်..
Bao Jin Yan ကို အရမ်းလွမ်းတယ်..
နေ့လား ညလား ခွဲခြားနိုင်စွမ်းမရှိတဲ့ နေရာကို ရောက်နေတဲ့အချိန်....
ရှင်ကရော ဘယ်မှာလဲ.. အချစ်ရယ်?Xie Han မထွက်သွားခင် သူ(မ)ထဲသို့ ဆေးတချို့ ထိုးသွင်းခဲ့သည်. သူ(မ)၏လက်မောင်းထက်တွင် အပ်ပေါက်များစွာဖြင့် ပြည့်နှက်နေသည်. သို့သော် ယခုဆေးက ယခင်ဆေးများကဲ့သို့ သွေးလေခြောက်ခြားကာ ပုံရိပ်ယောင်များ မပေါ်လာပေ. ထိုအစား အတိတ်က အရာများက သူ(မ)ဆီ စီးဆင်းလာသည်. ချိုမြိန်သော အမှတ်တရများ... ခါးသက်သော အမှတ်တရများ... အားလုံး ထိန်းချုပ်နိုင်စွမ်းကင်းမဲ့ကာ သူ(မ)အတွေးထဲ ရောက်လာခဲ့သည်.
Bao Jin Yan ၏ ကျောထက်က အမာရွတ်များကို ပထမဆုံးအကြိမ် သူ(မ)ထိတွေ့ခဲ့သည့်ည... မျက်လုံးများတွင် မျက်ရည်များစို့တက်လာသည်. ပြီးတော့ သူက သူ(မ)ကို ဘာပြောခဲ့ပါလိမ့်?
ညင်သာပြီး နူးညံ့သည့် အလင်းရောင်အောက်တွင် သူ၏ခန့်ညားပြီး ဝင့်ထည်သည့် မျက်နှာက သူ(မ)ကို နောင်တများ.. စိုးရိမ်မှုအပြည့်နှင့် ကြည့်နေသည်.
"အကယ်၍ ဒါက ခင်ဗျားကို ငိုစေမယ်မှန်း သိခဲ့ရင် ခင်ဗျားကို ပြမှာမဟုတ်ဘူး...."Cello တီးခတ်ရာမှ ထွက်လာသည့် လှပသော တေးသံများနှင့်တူသည့် သူ၏အသံက သူ(မ)နားတွင် ပြန်ကြားယောင်လာသည်. သူ၏နွေးထွေးသော အသက်ရှူသံ... ချစ်ခြင်းနှင့် ကြင်နာမြတ်နိုးမှုများအပြည့်နှင့် ဆွဲဆောင်နေသည့် အထိအတွေ့... သူအနားတွင် ရှိနေသည့် လက်တွေ့လိုလို စိတ်ကူးလိုလို အိပ်မက်ကမ္ဘာထဲ Jian Yan ပြုတ်ကျသွားသည်. သူ(မ)ကို သူ၏လက်မောင်းများဖြင့် တင်းကြပ်စွာ ပွေ့ဖက်ပေးထားသည်.
ESTÁS LEYENDO
(Unicode) When He Comes, Close Your Eyes - MM Translation {Completed}
RomanceAuther - Ding Mo Year - 2014 Status in COO - 84 Chapters + Extras (Complete) From https://www.novelupdates.com/series/when-he-comes-close-your-eyes/ Chinese Series. "Love me if you dare'' *** Still editing***