နွေရာသီကုန်ဆုံးတော့မည်. ဆောင်းဦးကာလအရိပ်အယောင်များက သစ်ပင်များထက်တွင် စတင်ပေါ်ထွက်လာသည်. အလင်းရောင်နှင့် လတ်ဆတ်သည့် လေပြေညှင်းများက ပြတင်းပေါက်မှ ဖြတ်သန်း၍ ဧည့်ခန်းထဲသို့ ဝင်ရောက်လာသည်.
Jian Yao က နေရောင်အောက်တွင် လဲနေသည်. ဘာမှ ထွေထွေထူးထူး လုပ်စရာမရှိပေ.
Bao Jin Yan က သူ၏စာအုပ်များကို ဖတ်ရှုနေခြင်းဖြင့် ကျေနပ်ပျော်ရွှင်နေသည်. အကယ်၍ ကမ္ဘာပေါ်မှာ လူသားဆိုလို့ သူတစ်ယောက်တည်းပဲ ကျန်နေခဲ့လျှင်တောင် ဖတ်စရာ စာအုပ်တွေရှိနေမည်ဆိုလျှင် လူမှုရေးအခန်းကဏ္ဍတွေကိုတောင် သတိမရနိုင်ပဲ သူတစ်ယောက်တည်း ပျော်ရွှင်စွာ နေနိုင်လိမ့်မည်ဟု Jian Yao သေချာနေခဲ့သည်.
အခြားတစ်ဘက်က သူ(မ)ကတော့ ပျင်းနေသည်. လက်ကိုင်အိတ်လေးထဲမှ မှတ်စုစာအုပ်ကို ထုတ်ယူလိုက်သည်. မနေ့ညက စကားနှင့်ပေါင်းသင်း ဆက်ဆံရေးခွဲခြမ်းစိတ်ဖြာမှု သင်ခန်းစာကို ဖတ်ချင်သည်. ထို့နောက် အိတ်ထဲမှ ထိုးထွက်လာသော အပန်းရောင်စာရွက်လေးကို သတိထားမိလိုက်သည်.
ရုပ်ရှင်လက်မှတ်...သူသက်ပြင်းချလိုက်သည်.
ထိုအမှုကို Bao Jin Yan က အချိန်လေးနာရီအတွင်း ဖြေရှင်းနိုင်လိမ့်မည်ဟု မမျှော်လင့်ထားပေ. အကယ်၍ သူ(မ)၏ ဒဏ်ရာများကြောင့်သာ မဟုတ်လျှင် သူတို့အပြင်ထွက်ပြီး ရုပ်ရှင်ကြည့်နိုင်လိမ့်မည်.
Jian Yao က လက်မှတ်များကို အိတ်ထဲသို့ ပြန်ထည့်လိုက်သည်. မှတ်စုစာအုပ်ကို ဖွင့်လိုက်ပြီး စတင်ဖတ်လိုက်သည်.
စာမျက်နှာအနည်းငယ်ဖတ်ပြီးနောက် တစ်ယောက်ယောက်က သူ့ကို ကြည့်နေသည်ဟု ခံစားလိုက်ရသည်. သူမော့ကြည့်လိုက်သည်. Bao Jin Yan က ခြေထောက်နှစ်ချောင်းကို စုထားပြီး သူ့ကို အတွေးများစွာဖြင့် ကြည့်နေသည်.
Joan Yao : “ဘာကိစ္စရှိလို့လဲ?”
သူတစ်ချက်ပြုံးလိုက်သည်. ထို့နောက် စာအုပ်ကို ချလိုက်ကာ အခန်းအတွင်းသို့ ဝင်သွားလိုက်ပြီး တံခါးပိတ်လိုက်သည်.
Jian Yao သူဘာတွေလုပ်နေလဲဆိုတာ မသိပေ.
သူ၏အပြုံး... အဖက်မလုပ်သည့်သဏ္ဍန်ရှိသော Bao Jin Yan ၏ အပြုံးပုံစံက...
သူ့ကို တစ်ခုခုပြောနေသလိုပင်..
အမျိုးသမီး.. ခင်ဗျားကို ကျွန်တော်ကောင်းကောင်းသိတယ်...
အမျိုးသမီးနှင့်ပတ်သက်သည့် သနားစရာကောင်းတဲ့ အယူအဆအသစ်တစ်ခု ထွက်လာပြန်ပြီလား?
YOU ARE READING
(Unicode) When He Comes, Close Your Eyes - MM Translation {Completed}
RomanceAuther - Ding Mo Year - 2014 Status in COO - 84 Chapters + Extras (Complete) From https://www.novelupdates.com/series/when-he-comes-close-your-eyes/ Chinese Series. "Love me if you dare'' *** Still editing***