Chapter 14

1.9K 242 11
                                    

အိမ်တိုင်း အိမ်တိုင်းက နှစ်သစ်ကူးကြိုဖို့ရန်အတွက် ပြင်ဆင်နေကြသည်. လမ်းမထက်တွင်လည်း ဟိုမှဒီသို့ ကူးသန်းသွားလာနေသူများ, အရေးကြီးကိစ္စတစ်စုံတစ်ရာကြောင့် သွားလာနေသောသူများ, ပွဲတော်ပြင်ဆင်ရန် နောက်ဆုံးပိတ်အနေဖြင့် ဈေးဝယ်နေသူများဖြင့် ပြည့်နှက်နေသည်. နှစ်တစ်နှစ်၏ နောက်ဆုံးရက်တွင် မိသားစုများ အားလုံးဆုံစည်းပြီး ညစာတူတူစားကြရန် အခြားမြို့သို့ ရောက်နေသူများက ပြန်လာသောကြောင့် လမ်းမများထက်တွင် သွားလာနေကြသူ များပြားနေသည်.

Jian Yao ၏ အမေက ရှေးရိုးဆန်ဆန်နှင့် အလွန်အိ‌န္ဒြေသိက္ခာကြီးသူဖြစ်သည်. နှစ်သစ်စားပွဲမတိုင်မီ ချက်ပြုတ်ခြင်းနှင့် သန့်ရှင်းခြင်းတို့ လုပ်ဆောင်ရန် များစွာရှိသည်. Jian Yao, Jian Xuan တို့နှင့် အတူ သုံးဦးသား သုံးရက်လုံး မနားတမ်း အလုပ်လုပ်ခဲ့ကြသည်. နောက်ဆုံးတော့ အရာအားလုံး အဆင်သင့် ဖြစ်နေကြပြီ...

နှစ်သစ်ကူးပွဲတော်...............

မနက်အာရုံမိုးသောက်ချိန်တွင် ပထမဆုံးဗျောက်အိုးဖောက်သံ ကြားလိုက်ချိန်က စပြီး ဟိုဟိုဒီဒီမှ ဗျောက်သံများက မရပ်တန့်တော့ပေ. မြို့တစ်မြို့လုံး အနှံ့အပြားတွင် ကြားနေရသည်. ညရောက်သည်ထိ တိတ်သွားလိမ့်မည် မဟုတ်ပေ. နေ့လည်စာစားပြီးနောက် မိသားစုလိုက် Jian Yao ၏ အဘွားထံသို့ သွားလည်ကြသည်.

ဝေးကွာနေသော မိသားစုအားလုံးပြန်ဆုံနေကြသည်. သက်ကြီးပိုင်းတွေက တူတူဝိုင်းစုထိုင်လျက် စားကြသောက်ကြရင်း စကားပြောဆိုနေကြသည်. အားအင်ပြည့်ဝနေသော ကလေးများကတော့ အိမ်နောက်ဖေးကွက်လပ်တွင် ဆော့ကစားနေကြသည်. ညစာစားပြီးနောက် Jian Yao နှင့် Jian Xuan တို့ နှစ်ဦးသား လူအုပ်ကြားမှ တိုးထွက်လိုက်ပြီး အဖွားအိပ်ခန်းတွင်း၌ ပုန်းလိုက်ပြီး ဖုန်းဆော့နေကြသည်.

နှစ်သစ်ဆုတောင်းစာများဖြင့် Jian Yao ၏ Message box တွင် ပြည့်နှက်နေသည်. ဖုန်းကို အထက်မှ အောက်သို့ ပွတ်ဆွဲကြည့်နေရင်း Fu Zi Yu ပို့လာသည်ကို သတိထားမိလိုက်သည်.

စွမ်းအားရှင် Miss Jian, ကျွန်တော့်ရဲ့နှုတ်ဆတ်စာလေးကို ကျေးဇူးပြုပြီး ခွင့်ပြုပေးပါ ဒီအထူးနေ့ရက်လေးမှာ ဆုမွန်ကောင်းတောင်းပေးပါရစေ. နေ့ရက်တိုင်း တနေ့ထက်တနေ့ပိုပိုပြီး လှပပါစေ..

(Unicode) When He Comes, Close Your Eyes - MM Translation {Completed}Where stories live. Discover now