Chapter 10

2K 264 2
                                    

မြို့ပြင်ဘက်တွင် မြေနေရာကွက်လပ်ကြီးတစ်ခုရှိသည်. ထိုနေရာသည် ပစ္စည်းအဟောင်းအစုတ်များ စွန့်ပစ်ရာနေရာဖြစ်သည်. စွန့်ပစ်အမှိုက်ဟောင်းများက သစ်ပင်များ မြက်ရိုင်းပင်ရှည်ကြီးများ ကြားတွင် စုပုံနေသည်.

Bao Jin Yan သည် ညစ်ပေနေသောကွက်လပ်ဘေးရှိ လမ်း‌ပေါ်တွင် ကားကို ရပ်လိုက်ပြီးနောက် လမ်းလျှောက်ဝင်သွားလိုက်သည်. ရဲဝန်ထမ်းများက နေရာ အနှံအပြားတွင် ရှိနေသည်. ထိုနေရာ အကုန်လုံးကိုလည်း စေ့စေ့စပ်စပ်ရှာ‌ဖွေထားသည်. မြေပြင်တစ်ခုလုံးလည်း တွင်းများဖြင့် ပြည့်နှက်နေသည်. ထိုထဲမှ တစ်ခု၏ ဘေးဘက်တွင် ရဲနှစ်ယောက်ရပ်နေသည်. Bao Jin Yan ထိုနေရာသို့ လျှောက်သွားလိုက်ပြီး တွင်းဘေးရှိ ကြီးမားသော အိတ်အမဲကြီးကို ကြည့်လိုက်သည်. အနောက်ဘက်နားတွင်တော့ ရဲအချို့စစ်ဆေးနေသေးသည့် နောက်ထပ် အိတ်အမဲပေါင်းများစွာကို ထပ်တွေ့နေရသေးသည်. သူတို့ကို ကြည့်ရသည်မှာ အလွန်စိတ်အားထက်သန်နေသလောက် အလွန်လည်း ဝမ်းနည်းနေသည့်ပုံပေါ်သည်.
Jian Yao စိတ်ထဲတွင် နာကြင်သွားသည်.

Li Xun Ran သည် Bao Jin Yan နားသို့ လျှောက်လာခဲ့ပြီးနောက်
"ဒီဖြတ်‌တောက်ထားတဲ့ အရာအားလုံးက ပျောက်ဆုံးနေတဲ့ လူငယ်ရှစ်ယောက်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေပါပဲ... အချို့ ခန္ဓာကိုယ်ရဲ့ သေဆုံးချိန်ကတော့ ခန့်မှန်းချက်အရ တစ်ပတ်လောက်ပဲ ရှိပါသေးတယ်. အချို့အစိတ်အပိုင်းတွေကိုတော့ ဘယ်လောက်ကြာနေပြီလဲဆိုတာ သိဖို့ နောက်ထပ် ဓာတ်ခွဲစစ်ဆေးဖို့ လိုအပ်သေးတယ်. ဒါပေမယ့် ကျွန်တော်တို့ တွေးရသလောက်ကတော့ ပထမဆုံးအစိတ်အပိုင်းက လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကျော်လောက်က ဖြစ်နိုင်တယ်.''

Bao Jin Yan ခေါင်းညိတ်လိုက်ပြီး အိတ်များဆီသို့ ဦးတည်သွားလိုက်သည်.

Jian Yao : ''ကျွန်မ ဒီမှာ နေရမှာလား??''

အမျိုးသားနှစ်ဦးလုံး တစ်ချိန်တည်း လှည့်ကြည့်လာကြသည်. သူ၏ ဖြူဖျော့နေသော မျက်နှာကို Li Xun Ran မြင်လိုက်ရပြီးနောက်
"ဘာကြောင့် ကားထဲမှာ သွားစောင့်မနေတာလဲ?''

Bao Jin Yan က သူ့လက်ကို နွေးထွေးစေရန် အင်္ကျီအိတ်ကပ်တွင်း ထည့်လိုက်ပြီး Jian Yao မျက်နှာနှင့် တစ်ညီတည်းဖြစ်စေရန် ကိုယ်ကို အနည်းငယ် ကိုင်းညွှန့်လိုက်သည်.
"ခင်ဗျားလန့်သွားတာလား?''

(Unicode) When He Comes, Close Your Eyes - MM Translation {Completed}Tempat cerita menjadi hidup. Temukan sekarang