မြူခိုးမှိုင်းဝေ
အပိုင်း(၁)
01-21-02-08
#မြူခိုးမှိုင်းဝေ
"ငါ့ အလှည့်...ငါ့အလှည့်..."
"မဟုတ်ဘူး....စည်းမကျော်နဲ့..."
"စိုးစိုး အလှည့်...."
"စိုးစိုးနှစ် နင်က ရှေ့မတိုးနဲ့..."
ကလေးတစ်သိုက်က အရိပ်ရ ညောင်ပင်ကြီးအောက်မှာ ဆူဆူညံညံ ဆော့ကစားနေကြသည်..။
စိုးစိုး တစ် နဲ့ စိုးစိုး နှစ်ဆိုတာ တစ်ရွာလုံးပေးထားတဲ့ နာမည်တူ အတန်းဖော် သူငယ်ချင်း နှစ်ယောက်..။
နွယ်စိုး နဲ့ စိုးစန္ဒာ နာမည်မတူပေမဲ့ စိုးစိုး ချည်းပဲ ခေါ်နေကြပြီး စိုးစိုး တစ်နဲ့ နှစ်ဖြစ်နေပြီ..။
အမေ က ဘာလို့ များ စိုးစိုးလို့ ပေးရတာပါလိမ့်..။
စိုးစိုး နှာခေါင်းရှုံ့ပြီး တစ်ဖက် အဖွဲ့က စည်းကျော်မကျော် စောင့်ကြည့်နေရသည်..။
ကျောင်းပိတ်ရက် မှာ စိုးစိုး သူငယ်ချင်းတွေနဲ့ ကစားရတာ ပျော်နေပါပြီ..။
နှစ်တန်းကျောင်းပိတ်ရက်မှာ နွေနေပူပူထဲ ချွေးသံတရွဲရွဲ ဆော့ရပေမဲ့ အိမ်ကို မပြန်ချင်လို့ ရေချည်းသောက်ပြီး ဆော့နေတာ တော်တော်ကြာ နေပြီ..။
အမေက နေ့ခင်းထမင်းပြန်စားရင် အလုပ်ကူခိုင်း ကလေး ထိန်းခိုင်းနဲ့ ပြန်ဆော့ရဖို့ လမ်းမမြင်တော့ဘူး..။
စိုးစိုး လိုပဲ တခြားကလေးတွေလည်း အိမ်မပြန်ရဲလို့ ရေအိုးစင်က ရေချည်းလှိမ့်သောက်နေကြသည်..။
"ငါ့အလှည့်...."
အမေချုပ်ပေးထားတဲ့ ဂါဝန်ပုံမကျကြီးကို ခါးကနေ ခေါက်ပြီး ဗိုက်မှာ စုလုံးလိုက်ကာ ခြေတစ်ဖက် ထောက် ရပ်လိုက်သည်..။
စိုးစိုး ရဲ့ လက်ထဲ က ဖိနပ်ကို သေချာ ချိန်ပြီး ပစ်လိုက်သည်..။
"စိုးစိုးကွ...."
".............."
"ဟဲ့....ငါတို့ အဖွဲ့ နိုင်အောင် လုပ်နော်...မန်ကျည်းသီး စားရမယ်..."
YOU ARE READING
မြူခိုးမှိုင်းဝေ
Romance◇◆◇◆◇◆◇◆◇◆◇◇◆◇◆◇◆◇◆◇◆◇ "ဘာကို စိုးရိမ်နေတာလဲ... ငါ့ရဲ့ ခံစားချက်ကို သိအောင် မကြိုးစားစမ်းပါနဲ့...လူလောကမှာ နေတာ ကြာလေ....အမှား ပိုလုပ်မိလေပဲ..အဲတော့...နင့်ထက်ပိုများတဲ့ အမှားတွေလည်း လုပ်ခဲ့ဖူးပြီးပြီ......အမှားပေါင်းများစွာကို ဖြတ်ကျော် ဖြတ်လျှောက်ခ...