Part 31

2.7K 158 2
                                    

မြူခိုးမှိုင်းဝေ
အပိုင်း (၃၁)
#မြူခိုးမှိုင်းဝေ

"ဟလို.."
စိုးစိုး ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် ဖုန်းခေါ်ရသည်..။
ကိုယ်က အပြစ်လုပ်မိထားသူ....။
နေ့ချင်းပြန်ရမယ် ထင်လို့ အသိမပေးခဲ့ပေမဲ့ အခုက နှစ်ရက်လောက် နေရဦးမည်..။
ပန်းပြပွဲမှာ မလိုအပ်ပေမဲ့ တွေ့ဆုံပွဲတွေကိုတော့ ညွန်ကြားချက်တွေ အရ တက်ပေးရသည်…။
"ရပြီ….ပီပီ…ပြော…"
"ဟိုလေ…တို့….မန္တလေးရောက်နေတယ်…."
"ဟမ်….ဘယ်တုန်းကလဲ…ဘယ်သူနဲ့သွားတာလဲ….ဘာကိစ္စရှိလို့လဲ….တစ်ယောက်တည်းလား…ဘယ်မှာနေလဲ…ခု…ဘယ်မှာလဲ…"
မေးခွန်းတွေ အများကြီး ထွက်လာတော့ တခြားသူသာဆိုရင် စိတ်ပျက်မိမှာပါပဲ..။
ကိုယ့်ချစ်သူ ဖြစ်နေလေတော့ နှုတ်ခမ်းက အလိုလို ပြုံးမိသွားသည်..။
"မနက်ကတည်းက ရောက်နေတာ…ဟိုတလောက ပြောတယ်လေ…ပန်းစိုက်သူ တွေ့ဆုံပွဲ တစ်ခု တက်စရာ ရှိတယ်ဆိုတာ မှတ်မိတယ် မလား…"
"အမ်း…"
"အင်း…အဲဒါပေါ့….ခုတော့ ညအိပ်ရတော့မယ်….နှစ်ရက်လောက် ကြာမှာလေ…..ခု က အခန်းမှာပဲ နေတယ်…ညနေ ခြောက်နာရီဆို တွေ့ဆုံပွဲက စတယ်…ခုမှ ပြန်ရောက်တယ်….သြော်…ပြီးတော့ တစ်ယောက်တည်းပါရှင့်.."
"အဟွင်း…လိမ်မာလိုက်တဲ့ အဘွားကြီး…ဒါဆို..နှစ်ရက်လုံး ရှိမယ်ပေါ့…"
"အမ်း…."
"တစ်နာရီလောက် သူစိမ်းတွေနဲ့ နေရတော့….ပင်ပန်းနေပြီလား…"
"ပင်ပန်းတာပေါ့…ခါးကို ညောင်းရော…"
"တွေ့လား…ပီပီ က ငါ့ စကားနားမထောင်ဘူး..အလေ့အကျင့်သာ လုပ်ထားရင် ခုလောက်ဆို အဆင်ပြေနေပြီ…အရမ်းညောင်းနေတာလား….ခဏလှဲနေလေ…"
"အဟွင်း….ခုတော့ အဆင်ပြေသွားပြီ…."
"ဟမ်…"
"နေရှင်းသန့် နဲ့ စကားပြောလိုက်တော့ စကြာဝဋ္ဌာရဲ့ အမှုန့်အမွှားတွေ ဖြစ်သွားပြီ…"
"အဘွားကြီးနော်…အဘွားကြီး….လူကို အသည်းယားအောင်လုပ်နေတယ်…သေချင်လို့…"
"အဟွင်း…မလုပ်ရဲပါဘူးရှင်ရယ်…ေြသ်ာ….မနက်ဖြန်…ကျောင်းမှာ ဘောလုံးကန်ဦးမယ်ဆို….ဖေ့ဘွတ်မှာ လွင့်ပေးလားဟင်…ဒီက ကြည့်ပြီး အားပေးမယ်လေ.."
"မကြည့်နဲ့တော့…"
"ဟမ်….ဘာလဲ…ကောင်မလေးတွေ ပါလို့လား…"
"ဟား..ဟား….သဝန်မတိုတက်ပဲ တိုပြမနေစမ်းပါနဲ့…ပီပီရာ….ဖီလင် ကျဲတယ်…."
"တော်တော်ရစ်နိုင်တဲ့ ကောင်လေးပဲနော်….ဒါပဲလေ….အဝတ်အစားတောင် မလဲရသေးဘူး…"
"အိုကေ….ဂုည…….သြော်….ငါ့ကို ကြိုမပြောလို့ ငါကောက်ပြီနော်… …အရေးမကြီးရင် ဖုန်းမဆက်နဲ့… ဒါပဲ ဘိုင်..."
"….ဟို..ဟလို…အိုး…တကယ် ချပစ်တယ်…ဟွန့်…စိတ်ကောက်တာလည်း…ပြောသွားသေးတယ်…ဘယ်လိုကောင်လေးမှန်းကို မသိဘူး…."
စိုးစိုး ပွစိပွစိ ပြောရင်း ကိုယ့်ကို ကို သတိဝင်တော့မှ မလုံမလဲ ပြုံးမိသည်..။
အချစ်က ငယ်ရွယ်နုပျိုစေတယ်ဆိုရင် တော်ပါပြီ..။
ခုတော့ အချစ်ကြောင့် သူငယ်ပြန်ချင်နေပြီလား မသိ..။
စိုးစိုး အဝတ်အစား လဲပြီး ဗိုက်ဆာပေမဲ့ ခေါက်ဆွဲသာ ပြုတ်စားလိုက်သည်..။
ကိုးနာရီပဲ ရှိသေးပေမဲ့ ဆေးကြိုသောက်ထားသည်..။
စိတ်ပင်ပန်းခဲ့သမျှ အနားယူသင့်ပြီ…။
မရင်းနှီးတဲ့ လူတွေနဲ့ ပြောဆို ခဲ့ရသမျှ စိတ်ကော လူကော ပင်ပန်းလွန်းလို့ ကြမ်းပြင်မှာ ပက်လက်ဖြင့်  အသက်ရှု လေ့ကျင်ခန်းလုပ်ရင်း အကြောဆန့်နေရသည်.။
"ဒေါက်….ဒေါက်…"
စိုးစိုး ခေါင်းထောင်သွားသည်..။
တိုက်ခန်းကျဉ်း နစ်လွှာအထိ  ဘယ်သူက တက်လာတာလဲ…။
တိုက်ခန်းက တိုက်ကြီးနှစ်ခုကြားမှာမို့ လှေကားလေးတောင် သေးသေးလေးပဲ ရှိသည်.။
သေချာ မသိပဲနဲ့ ရောက်လာမယ် မထင်..။
"ဒေါက်…ဒေါက်…"
"ဘယ်သူလဲ…"
"နေရှင်းသန့် ပစ္စည်းပို့ခိုင်းလိုက်လို့ပါ…"
"ဟင်…"
"……..'
စိုးစိုး တံခါးဖွင့်လိုက်ချိန် …
"အို….."
"အ…."
"အ….အား…တကယ်လုပ်တယ်ဟ…"
"ဟင်….နေရှင်းသန့်…."
"…………"
"ဟယ်….ဝင်…ဝင်လေ.."
ဦးထုတ်ကို ဆိုက်ဆောင်းထားပြီး လူကို ဖက်လိုက်တော့ စိုးစိုးလန့်ပြီး ကုတ်လိုက်မိတာပါ..။
ခုတော့ လည်ပင်းမှာ အစင်းလိုက်..။
"မော့စမ်း…မော့စမ်း…သွေးတောင် ထွက်နေပြီလား…"
"အပေါ်ယံပါ…..နေရှင်းသန့် ဆိုတာနဲ့ တံခါးဖွင့်စရာလား…ဟူး…လက်သံကတော့ စိတ်ချရလောက်ပါတယ်…."
"အို…"
စိုးစိုး ခါးကနေ ပွေ့ဖက် မြှောက်ချီလိုက်တော့ လန့်သွားပေမဲ့ ကြည်နူးစိတ်ဖြင့် ပြုံးရင်း သူ့လည်တိုင် ကို ပြန်၍ ဖက်ထားမိသည်…။
နှုတ်ခမ်းကို မထိတထိ နမ်းပြီး နှာခေါင်းရှုံ့ပြတော့ သူ့ပါးကို ဖွဖွလေး ဖျစ်လိုက်သည်..။
"ဘယ်လိုရောက်လာတာလဲ….မန္တလေးရောက်နေတာလား…ဟင်…”
"ရောက်စရာလား…ခုမှ ရောက်တာ…"
"ဟင်…ဖုန်းဆက်တုန်းက.."
"ရန်ကုန်မှာ…."
"မြန်လိုက်တာ…."
"လွမ်းလွန်းလို့ လေပေါ်က ပျံလာတာ…"
"…………"
စိုးစိုး ကိုယ်လေးကို မြှောက်ချီထားရာကနေ ချလိုက်ပြီး ခါးကို ဖက်ထားရင်းက မျက်နှာကြီး ရှေ့တိုးလာသည်..။
လည်တိုင်ကို နမ်းလိုက် ပါးကို နမ်းလိုက်ဖြင့် အလုပ်များနေတော့ ပခုံးလေး ကျုံ့ထားမိသည်..။
"ပြောစမ်းပါ…မလွမ်းဘူးလား.."
"နေ့တိုင်းတွေ့နေတာပဲ…."
"ဟွန့်….."
"အို…"
စိုးစိုး ခါးကို ဖက်ထားရင် ခေါင်းကို လက်တစ်ဖက် နဲ့ ကိုင်ကာ အလွမ်းထပ်တဲ့  အနမ်းမိုးတွေ သည်းတော့သည်.။
ဘယ်လို အင်အားမျိုး ရှိနေလို့လဲ မသိ..။
စိုးစိုး ကိုယ်လေးကို  လက်တစ်ဖက်တည်းဖြင့် ခါးကနေ ဆွဲမြှောက်ပွေ့ချီပြီး နံရံထောင့်ဆီ ကို ခေါ်သွားသည်..။
ချစ်ရသူကို လွမ်းရတာချင်း ထပ်တူ ကျတော့ သူ့ကျောပြင်ကို ပြန်ဖက် ထားရင်း နူးညံ့စွာတုန့်ပြန်မိသည်..။
ရင်ခုန်စိတ်လှုပ်ရှား တုန်ယင်စွာဖြင့် သူ့ရဲ့ နက်မှောင်နေတဲ့ ဆံပင်တွေကြား လက်ချောင်းလေး များဖြင့် ဆော့ကစားနေမိသည်..။
"ဟူး…."
"ပီပီ…."
"အင်…."
"ချစ်လား…"
"အင်း…"
"အဟွင်း….အဆင့်တွေ ကျော်ပစ်ချင်လာပြီ….အချစ်သီးသန့်ပါပဲ…မွ…"
စိုးစိုးနဖူးကို အသံထွက်အောင် နှုတ်ခမ်းစူပြီး နမ်းတော့ ရှက်နေတာတွေ ပျောက်ပြီး ရယ်မိသည်.။
အရပ်မမှီလို့ နဖူးကို ထုပစ်ချင်ပေမဲ့ ရင်ဘတ်ကိုသာ ထုပစ်လိုက်ရသည်..။
"လေယာဉ်နဲ့ လာတာလား…"
"အွင်း.."
"ချက်ချင်းရတယ်လား…စာရွက်တွေ ဘာတွေ မလုပ်ရဘူးလား.."
"ဘာမှမလိုပါဘူး..မှတ်ပုံတင်ပဲ လိုတာ….နေပါဦး…ပီပီ က ဘယ်နှခုနစ်မှာနေတာလဲ….နေရှင်းသန့် မိန်းမ လုပ်ပြီး တုံးလိုက်တာနော်…."
"အဘွားကြီးကို….ဖယ်ဦး…ခေါက်ဆွဲပြုတ်ပေးမယ်…."
"နေပါဦး…လွမ်းလို့ကွာ….ခဏလေး ငြိမ်ငြိမ်နေစမ်းပါဟာ…"
"ခုံလည်း မရှိဘူး….အခန်းလည်း မရှိဘူး..ဒီလိုပဲ မတ်တတ်ကြီး စကားပြောမှာလား…"
စိုးစိုး ပြောလိုက်တော့ ပြုံးစေ့စေ့ ဖြင့် ခေါင်းညိတ်ပြီး ရုတ်တရက်ကြီး ကြမ်းပြင်ပေါ် လှဲချအိပ်တော့သည်..။
"အို…"
"လာပါကွာ…အဝေးကြီးလာရတာကို ရှောင်နေပြန်ပြီ….ဘာလုပ်မှာမို့လို့လဲ….ကိုက်မစားပါဘူး.."
စိုးစိုးလက်ကို ဆွဲပြီးပြောတော့ ထိုင်ချလိုက်ပေမဲ့ ခါးကို ထပ်ဆွဲပြန်သည်..။
ပေါင်ပေါ်မှာ ခေါင်းတင် အိပ်တော့ ပိုဆိုးသွားပြီ..။
"အို….ဆေး ရှာမလို့…အိတ်ထဲမှာပါတယ်…"
"မလိုဘူး….နာတာ သက်သာချင်ရင် အာဘွားပေး…"
ဒဏ်ရာရနေတဲ့ လည်ပင်းကိုမှ အားမနာ..။
မျက်လုံးကြီး မှိတ်ပြီး ခေါင်းမော့ကာ စူထားတဲ့ နှုတ်ခမ်းကို လိမ်ပစ်လိုက်သည်..။
"အ…."
"ဒဏ်ရာက ဒီမှာလား…"
"ပီပီနော်…"
"ဆေးမလိုတာ သေချာလား….တို့က လက်ဆိပ် ရှိတယ်…"
"သေချာတယ်….လုပ်ပေး…"
ခေါင်းမော့ပြီး မျက်လုံးပြန်မှိတ်တော့ ကလေးဆိုးလေး ကို သူ့စိတ်တိုင်းကျ တောင်းဆို ချက်အတိုင်း အနမ်းဖွဖွလေး ပေးလိုက်သည်..။
လည်ပင်းက ဒဏ်ရာကို လည်း အနမ်းဆေးပေးတော့ ပြုံးစေ့စေ့ဖြင့် မျက်လုံးမှိတ်ထားပုံက အသည်းယားချင်စရာကောင်းပါသည်..။
မျက်တောင်ဖျားတွေ ဖိကပ်ပြီး မျက်လုံးမှိတ်ထားတဲ့ မျက်နှာလေးကို ငေးကြည့်နေမိသည်..။
မျက်ခုံးထူထူ တွေကို လက်ညိုးနဲ့ တို့ထိကြည့်တော့မှ မျက်လုံးပွင့်လာသည်..။
"ပီပီ…."
"အမ်…"
"ဟိုတစ်ခါထပ် ပိုပိန်သွားသလိုပဲ….ဘာဖြစ်လို့လဲ…"
"ဝိတ်ချနေတာလေ…"
"အမ်….ဝိတ်ချတယ်….ဘာလို့လဲ…."
မျက်ခုံးတွန့်ပြီး မေးခွန်းထုတ်နေတဲ့ အရစ်စိန်လေးရဲ့ နဖူးကို လက်ညိုးဖြင့် ထိုးပစ်လိုက်သည်..။
"ရှင်ပဲ…၀ တုတ်ကြီး မကြိုက်ဘူးဆို…"
"ပီပီ က မဝပါဘူး…ခု ပိုတောင် ပိန်သွားပြီ….ပိန်တော့ပိုကိုင်း…အိုး…အဆင်မပြေပါဘူး…ပြီးတော့ အဝတ်အစားတွေလည်း ချိန်းပစ်ရမယ်…ငါ ငယ်ငယ်က ခေါ်သွားတဲ့ ဆိုင် ကို ပီပီ့ကို ထပ်ခေါ်သွားရမယ်…ဒီတစ်ခါ ချိန်းရမှာ ပီပီပဲ…"
"အဟွင်း…ဟုတ်ပါပြီ….ဖယ်….ဘာမှ မစားခဲ့ဘူးမလား…"
"အွင်း.."
"ခေါက်ဆွဲပြုတ်တော့ ရှိတယ်…."
"ရဘူး…."
"ဟော…ဘာစားချင်လို့လဲ…"
"ပီပီ…"
"အို…"
စိုးစိုး ကိုယ်လေး ကို သူ့စိတ်တိုင်းကျ ချယ်လှယ်ရင်း ပွေ့ပိုက် နမ်းရှိုက်နေတာ..။
ကိုယ့်ဘဝက သူ့လက်ထဲက ပန်းလေး တစ်ပွင့်မျှသာ…။
အကြင်နာ အယုအယ များဖြင့် ရင်ခုန်စိတ်လှုပ်ရှားရင်း..။
"ချစ်လိုက်တာ…."
"အဘွားကြီးဆို.."
"ချစ်တယ်.."
စိုးစိုး ပါးကို ဖျစ်ပြီး ပါးကို ထပ်နမ်းတော့ ပြုံးမိသည်..။
အနမ်းဖြင့်သာ နှစ်သိမ့်နေတဲ့ သူ့စိတ်ကို လည်း ချီးကျူးမိသည်…။
ရင်ဘတ်ပေါ် ရောက်နေသည့် ဆွဲကြိုးက လော့ကတ်လေးကို နမ်းချိန် ရင်ခုန်ရင်း အေးစက်သွားသည်…။
သူ နောက်ဆုတ်သွားတော့မှ သက်ပြင်းခိုးချလိုက်ရသည်..။
စိုးစိုး ရင်ခွင်ထဲမှာ ငြိမ်သက်နေချိန် သူ့ပခုံးသား ကို လက်ချောင်းများဖြင့် တို့ထိမိသည်..။
"အစစ်ကြီးလား…"
"ဟော…ကြွက်သား အတု ရှိလို့လား.."
"သိဘူးလေ…"
"ဟား..ဟား….အဘွားကြီး ခေါ်ရင်လည်း မကြိုက်ဘူး…ပီပီလည်း လေ့ကျင့်ခန်း လုပ်သင့်တယ်နော်…"
"အမ်းပါ…"
"အမ်းပါ..နောက်….ဟူး…ပူလိုက်တာ…."
"ဟာ…နေရှင်းသန့်…."
"ဘာလဲ…ဘောင်းဘီတို ပါသားပဲ…တိုက်ခန်းမှာတုန်းက လူတိုင်းသိပြီးသားပါ…"
"ဟယ်…"
"ဟား…ဟား..ငါတို့မိဘတွေနဲ့ မနေရတာ ဒီတစ်ခုတော့ သာတယ်နော်…. တိုက်ခန်းမှာတုန်းကလည်း သူတို့ ထင်သွားတာက တမျိုး…တကယ်တော့ ငါ တို့ က လင်မယား အစစ်မှ မဟုတ်သေးတာ…ပီပီ က ခုချိန်ထိ အပျိုစင် အဘွားကြီး…"
"အိုး…"
"ဟား…ဟား…ချစ်လိုက်တာ ကွာ…ရှက်နေပုံက ကြည့်ဦး….ကဲ…အဘွားကြီးရေ…. နောက်မှ ရှက်…ရေလေး ဘာလေးတော့ တိုက်ပါဦး…"
စိုးစိုး နှာခေါင်းရှုံ့ပြီး ကြွက်သားကိုပဲ လှိမ်ဆွဲ၍ ထ လာခဲ့ရသည်..။
ရေသန့်ဘူးကို ထုတ်ပြီး ပိုက်ကိုလည်း တစ်ခါတည်း ယူခဲ့သည်..။
ရေသန့်ဘူးကို ဖောက်ပြီး ပေးလိုက်တော့ ရယ်သည်…။
သွားစွယ်လေးတွေကို အနီးကပ် မတွေ့တာကြာတော့ မြတ်နိုးစွာဖြင့် ငေးကြည့်နေမိသည်.။
"အွင်…"
စိုးစိုးသတိမထားမိလိုက်ပဲ သူ့ကိုယ်ကို ဆွဲပွေ့ဖက်လိုက်မိပြီးမှ သတိဝင်လာသည်..။
မထူးတော့ပြီမို့ ရှက်ရှက်ဖြင့်သာ ဖက်၍ ငြိမ်သက်နေလိုက်ရသည်..။
"ပီပီလည်း လွမ်းနေတာမလား…"
"အွင်း…"
"နောက်ဆို…ပြောလေ…ငါ လာတွေ့မှာပေါ့…"
"အဟွင်း…"
စိုးစိုး ရယ်ချင်သွားသည်..။
လွမ်းပါသည်လို့ ပြောဖို့ထက် အကြောင်းပြချက် တစ်စုံတစ်ခု သုံးပြီး သူ့အနားကို ရောက်အောင် သွားလိုက်မည်..။
စိုးစိုး စိတ် က အသက်အရွယ်ကြောင့်လား ဘဝအခြေအနေကြောင့်လားမသိ..။
သူနဲ့ တစ်နေ့ဝေးမယ်လို့ပဲ တွေးနေမိသည်..။
ချစ်နေတဲ့ အချိန်တိုင်းကို စိုးစိုး ပျော်ရွှင်ရပါသည်..။
ပိုင်ဆိုင်ခွင့်ရတဲ့ အခိုက်အတန့်လေးလို့ အမြဲတမ်း တွေးမိသည်..။
သူ့ မျက်နှာလေး ကို မြင်ရင်ကို ကြည်နူးရင်ခုန် ကျေနပ်နေရသည်…။
"ပီပီ…"
"အင်.."
"ရေဆာလို့…"
"အို….သြော်…ဆောရီး…"
စိုးစိုး ဖက်ထားရာကနေ ခွာလိုက်တော့ ပြုံးစေ့စေ့ ဖြင့် ရေဘူးကို မော့သောက်သည်..။
အလုပ်ရှာရင်း ခြင်ထောင် ထောင်ပြီး ဘာမှ မရှိတဲ့ အဖြစ်ကို သက်ပြင်းချရပြန်သည်.။
သူ နဲ့ ဟိုတစ်ခါ အိပ်တုန်းကလည်း ဒီလို ပါပဲ…။
"မနက်ဖြန် ပြန်မှာလား.."
"ဘယ်လို ဖြစ်တာလဲ…."
"မဟုတ်ဘူးလေ…ဟိုတစ်ခါလို…"
"ဟုတ်တယ်…နင်ရွာပြန်မှ ငါလည်း ပြန်မယ်…"
"………."
ဒါလေးမေးတာကို မျက်နှာကြီး စူပုတ်ပုတ်နဲ့ အသံမာတော့ စိုးစိုး စိတ်မကောင်းသလို ဖြစ်သွားသည်..။
ယောက်ျားတွေနဲ့ ရင်ဘောင်တန်း ပြောဆို ခဲ့ရပေမဲ့ အခုကျတော့လည်း ချစ်သူက လေသံမာတာတောင် မခံစားနိုင်တော့ပြန်ဘူး..။
မိန်းကလေးတွေရဲ့ စိတ်ကလည်း ကိုယ်တိုင်တောင် နားမလည်နိုင်ပါဘူး..။
ယောက်ျားထုကြီး နားလည်ဖို့ ဆို ဝေးပါလေရော…။
"ဟိုတုန်းက အတိုင်းပဲ ပစ္စည်းတောင် မဝယ်ထားဘူး.."
"တစ်ယောက်တည်းဆိုတော့…"
"ဟုတ်တယ်…တစ်ယောက်တည်းဆိုတော့ လူမဟုတ်တော့ဘူးလား…"
"အယ်….ငါ ပြောတာ…."
"…………"
"………"
"……….."
နှုတ်ခမ်းပေါ်က အနမ်းလေး လစ်ဟာ သွားတော့မှ မျက်လုံးပြူး အံသြရင်း မော့ကြည့်မိသည်…။
ဘာပဲ ပြောပြော နမ်းနေတော့မှာလား မသိ..။
စိုးစိုး စိတ်ထဲ ကြည်နူး ရင်ခုန်စွာဖြင့် ပြုံးလိုက်မိသည်..။
"ခေါက်ဆွဲပြုတ် စားမလားဆို…"
"ဟင့်အင်း အလုပ်တွေ ရှုပ်တယ်…ဟော….ဟိုမှာ ပေါင်မုန့် ရှိသားပဲ…"
စိုးစိုး မနက်က ဝယ်ထားတဲ့ပေါင်မုန့်ထုတ်ကို တွေ့ပြီး ကောက်ယူကြည့်သည်..။
အိတ်ကို ကိုက်ဖောက်ပြီး အနားကို ရောက်လာကာ လက်ကို ကိုင်၍ ထိုင်ခိုင်းသည်.။
"ကော်ဖီ…"
"မလိုဘူး…ဖျော်ရည်ပဲ ယူလိုက်..ဟိုမှာ…"
"မျက်စိ ကလည်း လျင်လိုက်တာနော်…"
"လျင်တာပေါ့…ပီပီ ဘာတွေ ဖွက်ထားသေးလို့လဲ…."
"အဟွင်း…မဖွက်ထားရဲပါဘူး…အစ်ကိုရယ်…"
စိုးစိုး ပါးကို ဖျစ်ပြီး ပေါင်မုန့် ကို တစ်လုတ်ကိုက်တော့ နှာခေါင်းရှုံ့ ၍ သူ့လက်ကို ပုတ်ချလိုက်သည်..။
သူ နဲ့အခုလို တွေ့ရမယ်လို့ မထင်ထားတော့ စိတ်ထဲမှာ ပျော်သည်ထက် ပိုပါသည်..။
မုန့်စားနေတဲ့ သူ့မျက်နှာကို ငေးကြည့်နေမိတာ မကောင်းမှန်း သိပေမဲ့ အကြည့်မလွဲနိုင်..။
လွမ်းနေရတဲ့ ဝေဒနာတွေကြောင့် မျက်ရည်ကျလုအောင် ခံစားပျော်ရွှင်ရပါသည်..။
"အင့်….ဖောက်ပေး…"
"ပြောင်းပြန်တော့…"
စိုးစိုး လက်ထဲ ထိုးထည့်ပေးတဲ့ ဖျော်ရည်ဘူး အသစ်လေး ကို ဖောက်ရင်း ပြောတော့ ရယ်ပြီး ခေါင်းညိတ်သည်..။
"ငါက ကလေး…နင် က လူကြီး မလား.."
"ဟုတ်ပါပြီ…"
"……….."
စိုးစိုး လှမ်းပေးတဲ့ ဖျော်ရည်ဘူးကို မော့သောက်ပြီး ပါးနှစ်ဖက် ဖောင်းအောင် ငုံထားတော့ ပါးကို လက်ညိုးဖြင့် ဖွဖွ ထိုးလိုက်သည်..။
"အွင့်…"
"ဟား..ဟား…"
"…….."
"အို…"
စိုးစိုး ကိုယ်လေး ကို သိမ်းကျုံးပွေ့ဖက်ပြီး နမ်းတော့ ခေါင်းရမ်းရင်း ရှောင်လိုက်သည်..။
"ပီပီ…"
"အင်…"
"ပင်ပန်းနေပြီလား…"
"ဟင့်အင်း…"
"မပင်ပန်း ပဲ စောနက ဘာလို့ နှိပ်နေလည်း.."
စိုးစိုးတောင် သတိမထားမိလိုက်ပဲ လည်ဂုတ်ကို နှိပ်နေတာ သူတွေ့တော့ မျက်ခုံးပင့်မိသည်..။
အနောက်ကို ရောက်သွားပြီး ပခုံးပေါ် လက်တင်တော့ တစ်ချက် တွန့်သွားသည်..။
"ရတယ်….နေရှင်းသန့်….မလုပ်နဲ့.."
"မရပါဘူး…အဟွင်း….ဒီလို လုပ်ပေးရတော့ အမိုးကို သတိရတယ်.."
"ဟယ်….အမိုးကို သတိရတာလား…ငါ့ကို အမိုးနဲ့ နှိုင်းတာလား.."
"နှစ်ခု စလုံးပဲ…နှစ်ယောက်စလုံးက အဘွားကြီးတွေပဲလေ.."
"အို…"
"…………."
အဘွားကြီး ပြောပြီး ပါးကို တစ်ချက် နမ်းတော့ လှည့်မကြည့်နိုင်ပေမဲ့ ပြုံးမိသွားသည်..။
"အင့်.မှီထိုင်လိုက်….ကျောတွေလည်း ညောင်းနေတယ်မလား…"
စိုးစိုး နောက်မှာ ဒူးထောင်ထိုင်ပြီး ဒူးကို မှီခိုင်းတော့ သူ စေခိုင်းတဲ့အတိုင်း ကျောမှီလိုက်သည်..။
လည်ဂုတ် နဲ့ ကျောရိုး တစ်လျှောက် နှိပ်ပေးနေတော့  ဝေဒနာ သက်သာတာထက် ကြည်နူးပျော်ရွှင်ရသည် ခံစားချက်က ပိုပါသည်..။
"ဟူး…..ပီပီ က ပိုက်ဆံရှာတက်တယ်….ငွေကို မသုံးတက်ဘူး…."
"အဟွင်း….ဆံပင် ကာလာ ချိန်းရမှာလား…"
"တိုလာတဲ့ ဆံပင်ကို ဘာလုပ်ချင်သေးလို့လဲ…spa တွေ ဘာတွေ သွားပေါ့…"
"မအားပါဘူး…ဘာပဲ ဖြစ်ဖြစ်…မွေးစားသားလေး တစ်ယောက် ရှိတာ ကောင်းလိုက်တာ…"
"မွေးစားသား….ဟွန့်…."
"ဟား..ဟား…"
စိုးစိုး နောက်ကနေ တံတောင်နဲ့ ထိုးတော့ ဘယ်လောက်တောင် မကျေမနပ် ဖြစ်သွားလည်း သိသာပါသည်..။
စူပုတ်ပုတ် ဖြစ်နေမဲ့ သူ့မျက်နှာကို မြင်ယောင်ရင်း အသံထွက်၍ ရယ်မိသည်..။
"…..."
"တော်ပါပြီ…..တကယ်သက်သာ သွားပြီ…."
"နေပါဦး…ခေါင်းမော့ဦး…"
နားထင်ကိုလည်း နှိပ်ပေးပြီး ပခုံးတွေကို လက်သီးဆုပ်နဲ့ ဖွဖွ ထုပေးတော့ အသည်းယားလို့ တစ်ယောက်တည်း အသံမထွက်အောင် ရယ်နေမိသည်..။
ပြောင်းပြန်များ ဖြစ်နေရောလား..။
"တော်ပြီ…တော်ပြီ….ခြင်ထောင်ထဲ ဝင်ရအောင်.."
သူ့လက်တွေကို ဖယ်ချပြီး မတ်တက်ရပ်လိုက်သည်..။
"အင့်…ဟိုဘက်မှာ ချည်လိုက်…."
တစ်ခု တည်း ရှိသော ခြင်ထောင်ကိုင်ထားရင်း မူးလို့ အနားမှာ ကြိုးချည်နေတဲ့ သူ့လက်မောင်းကို ကိုင်လိုက်သည်.။
"ဘာဖြစ်တာလဲ ပီပီ…"
"မူးတယ်…"
"ဟမ်…ဘာဖြစ်လို့လဲ…."
"မူးတယ်….အရမ်းပဲ…."
"ဟင်….ခဏ…..မဟုတ်ဘူး….…ဆေးခန်းသွားမယ်…"
"မဟုတ်ဘူး…မဟုတ်ဘူး….ဆေးသောက်ထားပြီး မအိပ်ရသေးလို့ပါ…."
"ဟာ….အိပ်လေ..အိပ်…."
"အင်း….ဆောရီး……"
"………"
နေရှင်းသန့် က ပခုံးကိုင်ပြီး တွဲပေးပေမဲ့ ခြင်ထောင် ချထားတဲ့ နေရာမှာ ခန့်မှန်းပြီး လှဲအိပ်လိုက်ရသည်..။
မျက်လုံးတွေ ပြာပြီး ခေါင်းတွေ နောက်ကျိနေသည်မို့ အိပ်ပျော်အောင်သာ ကြိုးစားရတော့သည်..။
ချစ်သူ နဲ့စကားတွေ အများကြီး ပြောချင်သေးသည်..။
ဝေးကွာနေတဲ့ ချစ်သူဖြင့် အလွမ်းဖြေချင်သော်လည်း..။
မျက်ရည်တစ်စက် ကြွေကျနေချိန် အိပ်ပျော်သွားသည်..။
.
"ဟင်…"
နေရှင်းသန့် မျက်လုံးဖွင့်လိုက်ချိန် ငေးကြည့်ရင်း ပြုံးနေတဲ့ ပီပီ့ မျက်နှာလေး က ကြိုဆိုနေသည်..။
နှုတ်ခမ်းက အလိုလို ပြုံးမိသွားသလို လက်ကလည်း ပီပီ့ လက်ကလေး ကို ဆွဲ၍ ပါးပေါ် ကပ်ထားမိသည်..။
"စောသေးတယ်..အိပ်ဦးလေ…"
"……."
နေရှင်းသန့် ခေါင်းရမ်းလိုက်ပြီး ထထိုင်လိုက်တော့ ပီပီ က ရယ်ပြီး ဆံပင်တွေကို ဖွပစ်သည်…။
"ဟင်….ခြောက်နာရီကျော်ပဲ ရှိသေးတာလား…"
"အွင်း…"
"ဟာ…ပီပီ က ဘာလို့ စောကြီးထလဲ.."
"အိပ်မပျော်တော့လို့လေ…ခဏ...ပြန်အိပ်နေခဲ့…"
"ပီပီ က ဘယ်လဲ.."
"လမ်းလျှောက်ရင် ကောင်းမလားလို့ပါ…"
"သြော်….ကောင်းတယ်…တစ်ယောက်တည်း လျှောက်စရာလား….ဟွန့်…."
နေရှင်းသန့် မှုန်ကြုတ်ကြုတ် ဖြင့် ကြည့်လိုက်တော့ ရယ်ပြီး ပါးကို ဖွဖွ ဖျစ်သည်..။
ဆံပင်တွေကို သပ်ပေးနေပုံက ကိုယ်က ကလေးလေး တစ်ယောက်လိုလို..။
ပီပီ့ လက်ကို ပုတ်ချပြီး နှာခေါင်းကို ဖျစ်၍ ထ လိုက်သည်.။
"တကယ်လိုက်မှာလား.."
"အင်းပေါ့….ဘယ်သူနဲ့ ချိန်းထားလို့လဲ.."
"အဟွင်း…"
နှုတ်ခမ်းက ပြုံးစေ့စေ့ ဖြင့် ပခုံးတွန့်ပြတော့ ထရပ်ချိန် ခါးကို ဆွဲဖက် လိုက်သည်..။
ပါးကို နမ်းတော့ ခေါင်းလွဲ ရှောင်ပြီး မျက်နှာကို တွန်းသည်…။
"မျက်နှာ မသစ်ရသေးပဲ…"
"ရွံတယ်ပေါ့…"
"အွင်း…"
"အို…."
တမင် စ ပြောတာ သိပေမဲ့  မျက်နှာလေးပေါ် အနမ်းမိုးသည်းပစ်လိုက်သည်..။
နေရှင်းသန့် ခါးကို ဖက်ထားရင်း မျက်နှာချင်းအပ်ကာ ပြိုင်တူ ရယ်မိသည်..။
"လူဆိုး…"
"ဟလား.."
"အိုး….ဟား..ဟား…နေရှင်းသန့်….အို…."
ခါးကနေ ပွေ့မလိုက်တော့ နေရှင်းသန့် လည်ပင်းကို ဖက်ထားရင်း နဖူးကို ငုံ့၍ နမ်းပေးသည်..။
"ချစ်လား.."
"အဟွင်း….ချစ်တာပေါ့..ကလေးရယ်…"
"လုပ်ပြန်ပြီ.."
"အား….အဲလို မလုပ်နဲ့…ပြုတ်ကျမယ်"
နေရှင်းသန့် ခါးကနေ မြှောက်လို့ရအောင် ပိန်နေတဲ့ ပီပီ က အလန့်တကြား အော်တော့ အသည်းယားမိသည်။
ချစ်လို့မဝခင် မိုးပြန်ချုပ်တော့မှာ စိုးလို့ ပီပီ ကို ပြန်ချလိုက်ပြီး ပါးကို တစ်ချက် နမ်းလိုက်သည်…။
ဆံပင်တွေ တစ်ချက်သပ်ပြီး မျက်နှာသစ်ဖို့အတွက် ဘေစင် ရှိတဲ့ နေရာကို ရောက်လာသည်..။
"အင်…"
နေရှင်းသန့် ခါးကို ဖက်ပြီး ကျောမှာ ကပ်နေတဲ့ ပီပီ့ ကို လှည့်မကြည့် နိုင်ပေမဲ့ ပြုံးမိသည်.။
အဘွားကြီးကလည်း ကလေးကျနေတာပဲ ချွဲလွန်းသည်..။
"ဖုန်းဆက်တဲ့ ချာတိတ်မလေးတွေနဲ့ တွေ့သေးလား…"
"အင်း…ကျောင်းမှာတော့ တွေ့တာပေါ့…"
နေရှင်းသန့် ပွင့်လင်းစွာ ပြောပြ ထားပြီးပြီမို့ အမှန်အတိုင်း ဝန်ခံလိုက်သည်…။
"ကောင်မလေးတွေကော  အတင်း အခန်းကို လိုက်လာသေးလား…"
"မလာတော့ပါဘူး….ဖေ့ဘွတ်မှာ RS ချိတ်လိုက်ကတည်းက ငြိမ်သွားကြပြီ…"
"ပုံ အစစ်မဟုတ်လို့နော်….အစစ်သာ ဆို ဝေဖန်ကြမှာပဲ…"
"ပီပီ ပုံက ဘာဖြစ်နေလို့လဲ…."
"……….."
"ဟွန့်…."
"ပင်ပန်းလား.."
"ဟင်….ဘာကိုလဲ…"
"ငါတို့ ချစ်ရတာလေ…"
"ငါက မပင်ပန်းဘူး…ပီပီတော့ မသိဘူး…"
"အို….လူလည်လေး…."
နေရှင်းသန့် ကျောကို ထုပြီး ဘေးဘက်မှာ လာရပ်တော့  မျက်နှာသစ်နေရင်း လက်ထဲက ရေဖြင့် တောက်လိုက်သည်…။
"အိုး…"
"ပီပီ…"
"ဟင်.."
နေရှင်းသန့် ပြောချင်တဲ့ စကားများနေပေမဲ့ ခေါင်းရမ်းလိုက်ြ့ပီး ခါးလေးကို ဖက်ကာ ပခုံးပေါ် မေးတင်ထားမိသည်..။
ပီပီ့ ကို အရမ်းချစ်ပါသည်..။
ပီပီ ချစ်တာကိုလည်း ခံစားလို့ရပါသည်..။
ဒါပေမဲ့…။
"ဟွန့်.ကောင်လေး….မိုးစင်စင်လင်းလို့ နေတောင် မြင့်နေပြီကွာ…"
"ကောင်လေးဆိုပဲ…."
"အဟွင်း….လာ…မြန်မြန်…."
နေရှင်းသန့် လက်ကို ဆွဲပြီး ခေါ်လာတော့ ပီပီ့ နောက်ကနေ ပါလာခဲ့ရသည်..။
"လူတွေနဲ့…လက်မကိုင်နဲ့နော်…."
"ကိုင်မှာပဲ…."
"သဘောပဲ….ပြီးမှ ရှက်တယ် မလုပ်နဲ့နော်…"
"အဘွားကြီးတော့ ဖားစားချင်တယ် ထင်တယ်…"
"အိုး….တော်…"
နေရှင်းသန့် လက်မောင်းကို ဖွဖွ ရိုက်ပြီး ပြုံးနေတဲ့ ပီပီ့ ကို ငေးရင်း ကိုယ်တိုင်လည်း အလိုလို လိုက်ပြုံးမိသည်..။
လက်ကောက်ဝတ်ကလေးကို ကိုင်ထားရင်း တစ်ခုခု  ခံစားမိတော့ သက်ပြင်း တစ်ချက် ခိုးချမိသည်..။
"ပီပီ…"
"ဟင်…"
မနက်ခင်းရဲ့ လေညှင်းလေးနဲ့ အတူ ချစ်ရသူရဲ့ မျက်နှာလေး ကြောင့် လောကကြီးက ပို၍ လှပသက်ဝင်သွားသည်..။
လေအဝှေ့မှာ ယိမ်းသွားတဲ့ နဖူးပေါ်က ဆံပင်တိုလေးတွေကို သပ်ပေးရင်း မေးခွန်း ကို စဉ်းစားရသေးသည်..။
"ဆေးတွေ ဘာလို့ သောက်ရတာလဲ…"
"ဟင်…."
"ဟို..အိပ်ဆေးလေ…"
"………."
မော့ကြည့် ပြုံးပြကာ ခပ်ဖြည်းဖြည်း လမ်းဆက်လျှောက်တော့ သက်ပြင်းသာ ချမိသည်..။
နေရှင်းသန့် ဘာမှ မပြောတော့ပေမဲ့ စိတ်ပူနေရသည်..။
ငယ်ငယ်ကတည်းက တွေ့နေရတာ ခုဆိုရင် အချိန်တော်တော်ကြာနေပြီ..။
ဆေးတွေကို ခုလို စွဲသောက်တာ မကောင်းဘူးလို့ ထင်ပါသည်..။
ဆေးသောက်မှ အိပ်ပျော်တာကိုလည်း စိတ်ထဲ ဘဝင်မတွေ့ပါ.။
နေရှင်းသန့် ဘက်က အရာအားလုံး ပွင့်လင်းစွာ အသ်ပေးထားပေမဲ့.။
ပီပီကတော့ အသက်အရွယ်ကြောင့်လား မသိ..။
လျှိုဝှက်ချက်တွေ များနေသလိုပါပဲ.။
ပီပီ့ အနားကို ရောက်အောင် လမ်းလျှောက်ရင်း ပခုံးကို ဖက်လိုက်သည်..။
"ပီပီ…ဆေးမသောက်ရင် အိပ်မပျော်ဘူးလား.."
"အင်း…နည်းနည်း…"
"ဆေးစွဲသွားရင် မကောင်းဘူးနော်…ပီပီ သောက်တာ ကြာနေပြီ…."
"ဆရာဝန်ပေးတာပါ…"
"စိတ်ငြိမ်ဆေးတွေထင်တယ်…ဟုတ်လား.."
"သေချာ မသိဘူး.."
နေရှင်းသန့် နှုတ်ဆိတ်သွားရပြန်သည်..။
သူ့ကျန်းမာရေးကို ပွင့်ပွင့်လင်းလင်း မေးချင်သည်..။
အကြောင်းစုံ သိချင်သည်..။
ငယ်ငယ်ကတည်းက ပီပီ့ အကြောင်း စပ်စုခွင့်မရှိတော့ မေးဖို့လည်း ခက်ခဲနေသည်..။
အကျီ ၤပွပွ ဝတ်တက်တော့ မသိသာပေမဲ့ ပွေ့ဖက်ချိန်မှာ အရင်ထက် ပို၍ ပိန်သွားတာ သိသာတော့ အတွေးများဖြင့် ပူလောင်ပါသည်..။
"ပီပီ…"
"အင်…"
"ငါ့ကို ချစ်ရင် ပီပီ့ အကြောင်း ပွင့်ပွင့်လင်းလင်း ပြောပါ…"
"ဘာကိုလဲ…"
"ဘာဖြစ်ဖြစ်ပေါ့…ငါဆို အားလုံး ပွင့်ပွင်းလင်းလင်း ပြောတယ်….ချစ်သူ ဆိုတာ ချစ်နေရုံနဲ့ မပြီးဘူးလေ..တစ်ယောက်နဲ့ တစ်ယောက် ပွင့်ပွင့်လင်းလင်း နေရမယ်….လျှိူဝှက်ချက်တွေ မထားဖို့လိုတယ်…မဟုတ်ရင် တစ်ဖက်က မယုံရတဲ့သူ အားမကိုးရတဲ့သူလို ဖြစ်နေမှာပေါ့…ဘ၀ နှစ်ခု ပေါင်းစပ်ထားတာပဲ….သွေးမတော်ပေမဲ့….အရင်းနှီးဆုံး ဖြစ်သင့်တယ်လေ…."
"တို့…ဘာမှ လိမ်မထားပါဘူး.."
"အဟွင်း.."
ကလေး တစ်ယောက်လို မျက်လုံးဝိုင်းလေးများဖြင့် အလန့်တကြား တုန့်ပြန်တော့ နေရှင်းသန့် ပြုံးမိသည်…။
လက်ချောင်းလေးတွေကို ထွေးဆုပ်ပြီး ဖွဖွ နမ်းချင်ပေမဲ့ လူတွေရှိနေတော့ ပို၍သာ ထွေးဆုပ်လိုက်ရသည်…။
ကျုံးဘေးမှာ လမ်းလျှောက်ရင်း ကျုံးအလှထက် ချစ်ရသူကိုသာ ငေးနေမိသည်..။
စတိုင်ပန်ပွပွနဲ့ ရှပ်အပွ တွဲဝတ်ထားတဲ့ ပီပီ က ပိန်တာ မသိသာသလို လက်ပြင်ကိုင်းတာလည်း နည်းနည်းပျောက်သွားသည်..။
"ခဏ…"
"ဟင်…"
နေရှင်းသန့် အနားက ပန်းသည်လေးဆီမှာ နှင်းဆီပန်း တစ်ပွင့် ဝယ်လိုက်သည်..။
လုပ်သမျှ ကို မျက်တောင် မခတ်ကြည့်နေတဲ့ ပီပီ့ ကို ပြုံးပြ၍ ပန်း ကို တစ်ချက် နမ်းပြီး လှမ်းပေးတော့ မျက်ခုံးပင့်သည်..။
နှင်းဆီပန်းကို လှမ်းယူပြီး တစ်ချက်နမ်းကာ နှာခေါင်းရှုံ့သည်..။
"ပန်းမကြိုက်ပါဘူးဆို…"
"ပီပီ က မိန်းကလေး မဟုတ်ဘူးလား…"
"ဟယ်…"
"ဟား..ဟား…."
"အယ်….အဲဒါ ဘာလဲ…"
"မစားဖူးဘူးလား…"
"အင်း…"
"အိုး…ညံ့လိုက်တာ…အဲဒါကြောင့် ပြောတာ….ပီပီက ပိုက်ဆံရှာနေတာ သုံးလည်း မသုံးဘူး..သနားစရာပဲ…"
"ပြောလိုက်တာ ရစရာ ကို မရှိဘူး..ဝယ်ကျွေးတော့…"
"ဟား…ဟား…ကလေး ကျနေတာပဲ…"
ပီပီ့ လက်ကို ဆွဲပြီး လမ်းဘေးမှာ ရောင်းနေတဲ့ မုန့်ရေပါးဆိုင်လေးဆီကို ရောက်သွားသည်..။
"မုန့်နှစ်ခု…"
"အိတ်မယူတော့ဘူးနော်…"
မုန့်သည်က လက်ထဲက အိတ်ကိုပြန်ချပြီး လှမ်းပေးတော့ နေရှင်းသန့် ပိုက်ဆံထုတ်နေသည်မို့ ပီပီ ကပဲ လှမ်းယူလိုက်သည်…။
မုန့်နှစ်ခု ကိုင်ပြီး ရှေ့က လျှောက်သွားတော့ နေရှင်းသန့် နောက်ကနေ နှာခေါင်းရှုံ့မိသည်.။
ကလေးလည်း မဟုတ်ပါပဲ မုန့်တွေ့ရင် လင် ပါ မေ့တယ်လို့ ပြောရတော့မလား..။
"ဟွန့်…."
"အွင်…"
မုန့်ကို ကိုက်ရင်း လှည့်ကြည့်တော့ နေရှင်းသန့် အသည်းယားသွားသည်..
ဘယ်လို ရုပ်လေးမှန်း ကိုမသိဘူး…။
"အင့်…."
နေရှင်းသန့်မုန့်တစ်ခု ကိုယူလိုက်ကာ နှှင်းဆီပန်း ကိုင်ထားတဲ့ ပီပီ့ လက်ကလေးကို တွဲလိုက်သည်..။
လမ်းပေါ်မှာ လျှောက်ရင်း မုန့်စားနေချိန် ငယ်ငယ်တုန်းက ပိပီ ဆူတာ ကိုသတိရသည်..။
"နင် ထိုင်မစားတက်ဘူးလား…"လို့  အမြဲဆူတက်သည်လေ…။
"အဟွင်း…."
ခုတော့  နေရှင်းသန့် အကျင့်တွေကို သူလည်း ပြောင်းလဲ သွားပြီ…။
"အယ်…တစ်ရှူး ကျန်ခဲ့တယ်…"
"စားတာမြန်လိုက်တာ…ပီပီ ဗိုက်ဆာနေတာလား…."
"စားလို့ကောင်းတယ်…"
"အင့်.."
နေရှင်းသန့် လက်ထဲ က မုန့်ကို ပေးတော့ ခေါင်းရမ်းသည်..။
မျက်ခုံးတွန့်ပြီး ထပ်ပေးတော့မှ နှုတ်ခမ်းစူ၍ ယူသည်…။
မုန့်ကို ပိုင်းပြီး တစ်ပိုင်း ပြန်ပေးတော့ နေရှင်းသန့် ြ့ပုံး၍ ယူလိုက်သည်..။
"စပ်တာလည်း ပါတယ်နော်…"
"အင်း…ငရုတ်သီးစိမ်းပါတယ်…"
"………."
လက်တွေကို ခါနေတော့ နေရှင်းသန့် ရှပ် အကျီ ၤကို ဆွဲပြီး ပေးလိုက်သည်.
"ဘာလဲ…"
"သုတ်လေ…"
"ဟာ….မသုတ်ပါဘူး…"
"ဘာလို့လဲ….သုတ်ပါဆို.."
"အာ…ညစ်ပတ်တာ "
"ရတယ်လေ….အဲဒါဆို ငါသုတ်မယ်…"
ပီပီ့ ရှပ်အကျီ ၤ အနားစ နဲ့ ကောင်းကောင်း လက်သုတ်တော့ မျက်လုံးပြူး၍ ကြည့်နေသည်..။
မပြောနိုင် မဆိုရက် ဖြစ်နေသည့် ပီပီ့ မျက်နှာလေး ကို သဘောကျလို့ နေရှင်းသန့် ရယ်မိသည်…။
ပီပီ့ လက်ကို ဆွဲပြီး ရှပ်အကျီ ၤအနားနဲ့ သုတ်ပေးလိုက်တော့ မျက်ခုံးတွန့်ပြီး ပြုံးနေသည်..။
ကိုယ့် ချစ်သူ လက်ကို တွဲရင်း လမ်းလျှောက်နေချိန် ပျော်တာထက် ပိုပါသည်..။
နေရှင်းသန့် ရယ်နေရင်း ပီပီ ငေး ကြည့်တဲ့ နေရာကို ကြည့်လိုက်တော့  တိုက်ဆိုင်စွာ အစ်မ ဖြစ်နေသည်..။
"ဟင်…"
"အစ်မ…"
"သြော်…မောင်လေး…ဒီရောက်နေတာလား…"
"ဟုတ်ကဲ့…"
"ပီပီ…ဒါက ကျွန်တေ်ာ့ အလုပ်ရှင်လေ…ကျောင်းစတက်ကတည်းက အလုပ်ပေးတဲ့သူပေါ့….့…."
"………."
"ဟုတ်ကဲ့….ကျွန်မ က နွယ်စိုးပါ…နေရှင်းသန့် က ကိုယ့်သားလိုတောင် ဖြစ်နေပြီ…."
ပီပီ က ဘာမှ မတုန့်ပြန်တော့ အစ်မ ကပဲ ပြုံးပြ နှုတ်ဆက် သည်..။
"…….."
"ငါ…..ငါ…..အရင်သွားနှင့်မယ်နော်….ခဏ….ခဏ…"
အဖြစ်အပျက်တွေက မြန်ဆန် လွန်းလှပါသည်..။
ဆိုင်ကယ်ကို လက်တားပြီး တက်သွားတော့ နေရှင်းသန့် ကြောင်တောင်တောင်ဖြင့် ရပ်ကျန်ခဲ့သည်..။
ရှေ့မှာ ပြုတ်ကျကျန်ခဲ့တဲ့ နှင်းဆီပန်းကို ကြည့်ရင်း နားလည်ရခက်ပါသည်..။
ပီပီ ဘာဖြစ်တာလဲ…။
"ပီပီကလည်း…ဆောရီးနော်…အစ်မ"
"ရပါတယ်….အလုပ်ရှိလို့ ဖြစ်မယ်….အစ်မ သူ့ကိုသိသလိုပဲ.."
"ဟုတ်လား…"
"အင်း…အစ်မတို့ ဇာတိက စစ်ကိုင်းက (….)….ရွာမှာလေ…."
"ဟုတ်မယ်….ပီပီလည်း စစ်ကိုင်းကပဲ….ဟုတ်တယ်…သူငယ်ငယ်က အစ်မပြောတဲ့ ရွာမှာ နေတယ်…."
"အစ်မ သူငယ်ချင်း…စိုးစန္ဒာနဲ့ တူသလိုလိုပဲ…"
"ဟာ…ဟုတ်တယ်…ဟုတ်တယ်…..သူပေါ့….အင်္ဂလိပ်ကျောင်းတက်တော့ ပေါ့ပီလို့ ခေါ်တယ်လေ…"
နေရှင်းသန့် အားရဝမ်းသာစွာ ပြောမိတော့ အစ်မ ကလည်း အတော်လေး ပျော်သွားတာ မျက်နှာပေါ်မှာ သိသာသည်..။
ငယ်သူငယ်ချင်းတွေ ပြန်တွေ့ရချိန် ဘယ်သူမဆို ပျော်ကြတာပါပဲ…။
"အို….မတွေ့ရတာ ကြာပြီ…နေရှင်းရဲ့…ဝမ်းသာလိုက်တာ….…သူ့အမေ ဆုံးသွားကတည်းက မတွေ့ရတော့တာ….အစ်မနဲ့ အရမ်းခင်ခဲ့တဲ့ သူငယ်ချင်းတွေပေါ့….သူရနဲ့လည်း အရမ်းခင်ကြတယ်…."
"ဟုတ်လား…ငယ်ငယ်က အကြောင်းတွေ…..ကျွန်တော်လည်း သိပ်တာ့မသိဘူး…သူငယ်ချင်းဟောင်းတွေဆိုတာ သိရင်သူပျော်မှာပါ.."
"အင်း…နောက်တစ်ခေါက်လောက် တွေ့ချင်သေးတယ်…"
"ဟုတ်ကဲ့…ရန်ကုန်ကို ရောက်ရင် ခေါ်ခဲ့ပါ့မယ်…အစ်မ ဘယ်မှာတည်းလဲ…"
"ကျုံး ဟိုဘက်မှာလေ….မိသားစုနဲ့လာတာ….မောင်လေးလည်း လမ်းလျှောက်နေတာ ထင်တယ်….သွားလေ…"
"ဟုတ်ကဲ့…ခွင့်ပြုပါဦးနော်…"
"……….."
နေရှင်းသန့် ပြုံးပြ နှုတ်ဆက်ပြီးနောက်တော့ ခြေလှမ်းကြဲဖြင့် ခပ်မြန်မြန် လျှောက်ကာ ဆိုင်ကယ်တစ်စီးငှားရသည်..။
"ဟလို….ပီပီ…ဘယ်မှာလဲ…"
"အခန်းမှာ…"
"………."
ဆိုင်ကယ်ကို အခန်းလိပ်စာပြောပြီး လိုက်ပို့ပေးရသည်.။
မနက်စောစော လက်တွဲပြီးလမ်းလျှောက်နေတဲ့  ကြည်နူးစရာ အခိုက်အတန့်လေးတွေ ဘယ်ပျောက်ကုန်လဲ မသိ…။
ဘာတွေ ဖြစ်တာလဲ နားမလည်..။
"ပီပီ…"
"ဟင်….သူ ဘာပြောလဲဟင်…နင် ဘာတွေ ပြောပြလိုက်သေးလဲ….ဟင်….ဘာတွေ ပြောလဲလို့…"
"ပီပီ….ပီပီ…ဘာဖြစ်တာလဲ…"
နေရှင်းသန့် လက်မောင်းကို ကိုင်လှုပ်ရင်း ဒေါသတကြီး ဖြစ်နေတဲ့ ပီပီ့ ကိုနားမလည်နိုင်စွာဖြင့် ငေးကြောင်ကြည့်မိသည်..။
လက်ဝါးကို ဆွဲယူပြီး မေးလိုက်တော့မှ မျက်လုံးတွေမှာ ကြောက်လန့်နေတဲ့  အရိပ်လေး ဖြတ်ပြေးရင်း နောက်ဆုတ်သွားသည်..။
"ဘာ….ဘာမှ မဖြစ်ပါဘူး.."
"ဘာမှ မဖြစ်ပဲ ဒေါ သဖြစ်စရာလား….အစ်မ က ငါ့ရဲ့ ကျေးဇူးရှင်…အစ်မ တစ်ယောက်လိုပဲ…သဝန်တိုစရာမလိုဘူး…မယုံလို့လည်း မရဘူး..သူ့အပေါ်မရိုးသားရင် ပီပီ့ ဆီကိုတောင် ပြန်ရောက်မလာခဲ့ဘူး…ပထမနှစ်ကတည်းက သူ့ဆီမှာ နေတယ် စားတယ်…အလုပ်လုပ်တယ်….အခန်းမှာ ပြန်အိပ်ရုံပဲ ရှိတာ….နော်….နားလည်ပေးပါ…ဟုတ်ပြီလား…"
"ဟင်…အင်း…အင်း….နား…နားလည်တယ်လေ…..သူ….သူ ဘာပြောသေးလဲ…"
"ဘာပြောရမလဲ….ဒီကောင်ပဲ အရူးဖြစ်တာပေါ့…"
"ငါ…."
"ပီပီ လုပ်ပုံက မဟုတ်သေးပါဘူး…လူတွေနဲ့ မိတ်ဆက်ရုံလေးကို ကြောက်တာတော့…မဖြစ်နိုင်ဘူး….နင်တက်နေတဲ့ အစည်းအဝေးမှာ နင်မသိတဲ့သူတွေ အများကြီးနဲ့ စကားပြောနေတာလေ…."
"အို….မတူဘူး….နောက်တစ်ခါ …ငါ့ကို လမ်းတွေ့တဲ့သူတိုင်းနဲ့ လိုက်မိတ်မဆက်ပေးနဲ့….ငါ လုံး၀ မကြိုက်ဘူး…"
မျက်နှာတည်တည် နဲ့ ငေါက်ရင်း အမိန့်ပေးတော့ နေရှင်းသန့် ခံပြင်းသွားသည်။
"ဘာလဲ….ငါ့ကို အသိအမှတ် မပြုချင်တာလား…ဒါမှ မဟုတ်…ပတ်ဝန်းကျင် အမြင်ကနေ ဖုံးကွယ်ထားပြီး တိတ်တဆိတ်တွဲမယ်လို့ ဆုံးဖြတ်ထားလို့လား…ငါက လူရှေ့ချပြလို့ မရအောင် သေးနုပ်နေလို့လား ဟမ်….ဂုဏ်မရှိလို့လား…သိက္ခာမဲ့နေလို့လား…အကျင့်စာရိတ္တ မကောင်းလို့လား….ဟမ်….နင့် ထက် နိမ့်ကျနေလို့လား…"
နေရှင်းသန့် ခံစားနေရတာ ကြာပြီဖြစ်တဲ့ မကျေနပ်ချက်တွေက  ဒေါသတကြီး  နှုတ်ဖျားကနေ အလိုလို ပွင့်အံကျလာချိန်  ခေါင်းကိုသာ တွင်တွင်ရမ်းနေသည်..။
" …..အဲလိုမဟုတ်ဘူးဆိုရင်…ဘာလို့ ပြန်သွားတာလဲ….ပီပီ့ စိတ်ထဲ မှာ ငါနဲ့ မတန်ဘူးတွေးနေတယ်မလား….ငယ်နိုင် ငယ်ကျွန်လို စိတ်စွဲနေတယ်မလား…ငါ့က ချစ်သူ ယောက်ျား တစ်ယောက်အနေနဲ့ လေးစားမှု ဂရုစိုက်မှုလည်း မလိုဘူး….ငါ့ အပေါင်းအသင်းတွေကိုလည်း သိစရာ မလိုဘူး အဲလို ထင်နေတာမလား…ဒါပေမဲ့ ငါက ယောက်ျားလေ…ပီပီ….နင့်ဆီက လေးစားမှုလေး တစ်ခုခု လိုချင်လို့ အများကြီး ကြိုးစားပြောင်းလဲခဲ့တာပါ…အရာမထင်ခဲ့ဘူးထင်တယ်…ဘာမှ မပြောင်းလဲဘူး…ငါ့သူငယ်ချင်းတွေကို မိတ်ဆက်ပေးတုန်းကလည်း….မျက်နှာငယ်ခဲ့ရတယ်…အခုလည်း ထပ်လုပ်ပြန်ပြီ….ငါ ဘယ်လောက်ကြိုးစားပါစေ…နင် အတွက်တော့ အထင်သေးစရာ ဖြစ်နေတာပဲလား….နင် မွေးခဲ့တဲ့ အရိုင်းကောင်လေးပဲ ဖြစ်နေတာမလား…ပီပီ….ယောက်ျားဆိုတာ အသက် ကြီးကြီး ငယ်ငယ်….အထိုက်အလျောက် လေးစားမှုတော့ လိုချင်တယ်…. ကိုယ့်ချစ်သူကို ဘယ်လောက်ပဲ ချစ်ချစ်…မတူမတန်သလို ဆက်ဆံခံရရင် မာနကို လာပုတ်နှိုးသလိုပဲ…ယောက်ျားမှာလည်း မာနရှိတယ်…ပီပီ…."
နှာဖျားတွေ နီပြီးမှ မျက်ရည်တွေ ပြိုဆင်းလာတော့ နေရှင်းသန့် အံသြသွားသည်..။
မျက်ရည်များဖြင့် ငိုရှိုက်နေတဲ့ မျက်နှာလေး ကို မကြည့်ရက်လို့ ဆွဲဖက်လိုက်ရသည်..။
ခေါင်းကိုသာ တွင်တွင်ရမ်းရင်း နေရှင်းသန့် ကျောကို ပိုတိုးဖက် ကာ ကျစ်နေအောင် ဆုပ်ကိုင်ထားသည်..။
နေရှင်းသန့် အားသုံးပြီး တွန်းဖယ်တော့မှ မျက်နှာချင်းဆိုင်ခွင့်ရတော့သည်..။
"ပီပီ…အိုး….အဲလို မဟုတ်ဘူးလေ….ကျစ်…"
မျက်ရည်များဖြင့် အသံမထွက်နိုင်အောင် ရှိုက်ငိုနေတော့ အထူးအဆန်း မြင်ကွင်း အဖြစ် တုန်လှုပ်သွားသည်..။
နေရှင်းသန့် ရင်ခွင်ထဲမှာ ပွေ့ပိုက်ထားရင်း မျက်ရည်တွေကို သုတ်ပေးနေပေမဲ့ ခေါင်းရမ်းနေဆဲ..။
"မ…မဟုတ်ဘူး….အဲလို မဟုတ်ဘူး…"
"အင်း…အင်းပါ….မငိုနဲ့တော့နော်…မောင်က….ဒီတိုင်း ပြောပြထားတာပါ….ပီပီရယ်…တိတ်ပါတော့နော်….ဘာလို့ ဒီလောက် ငိုရတာလဲ…"
"…………."
"အစ်မ က ပီပီ့ကို သိပါတယ်….ရန်ကုန်ရောက်ရင် တွေ့ချင်သေးတယ်တဲ့….သူ့နာမည်က နွယ်စိုးလေ….ပီပီ က စိုးစန္ဒာ ဆိုတာလည်း သူသိတယ်….ပီပီ သူငယ်ချင်း က ကိုသူရဆို…ဟုတ်လား..သူတို့တွေ အလုပ်အတူတူ လုပ်နေကြတာ….ပီပီကို ပြန်တွေ့ရလို့ ဝမ်းသာနေတာပါ….ရန်ကုန်ကျရင် တွေ့မယ်လေ…"
"ဟင့်အင်း…ဟင့်အင်း…မတွေ့ဘူး..မတွေ့ချင်ဘူး…မောင်ရယ်…မတွေ့ပါရစေနဲ့…..သူတို့ကို မုန်းတယ်…ဟင့်….အီး….."
"အိုး….ပီပီရာ….သဝန်တိုစရာ မလိုဘူး…အစ်မကို ရင်းရင်းနှီးနီးနေတာ အစ်မအရင်းလိုပါပဲဆို….နော်….မယုံဘူးလား…"
"အဲလို မဟုတ်ဘူး…အင့်…"
"ဒါဆို…ဘာလို့ ထွက်ပြေးတာလဲ….နှုတ်ဆက်လိုက်တော့  ဘာဖြစ်မှာစိုးလို့လဲ….အောင်ကျော်တို့တုန်းက ယောက်ျားလေးမို့ ထားပါတော့ အစ်မနွယ်က မိန်းကလေးကို…ပီပီ ဘာအကြောင်းပြချက် ပေးမလဲ…"
"သူ….သူတို့က…ငယ်ငယ်တုန်းက ရွာမှာ သိတဲ့ သူငယ်ချင်းတွေပါ…သူတို့ကို မသိချင်တော့ဘူး…ဟီး…"
နေရှင်းသန့် သက်ပြင်း တစ်ချက်ချရင်း ဆံပင်တွေကို သပ်ပေးလိုက်သည်..။
"ဟင်း…ပီပီ မိဘမဲ့ ဖြစ်သွားတာကြောင့်လား….ရှက်စရာမှ မဟုတ်တာ ပီပီရာ….မောင်တို့လည်း မိဘ မရှိဘူး…လူချင်း အတူတူပါပဲ….ကဲ…မတွေ့ချင်လည်း မတွေ့နဲ့…တိတ်တော့….ပျော့ဖက်နေတာပဲ…ဒီလောက် ငိုတာ တစ်ခါမှ မတွေ့ဖူးဘူး…"
နေရှင်းသန့် ရင်ခွင်ထဲက ကိုယ်လေး ကို သိုင်းဖက်ရင်း ပခုံးလေးကို ပွတ်သပ်ပေး၍ ချော့ရသည်…။
မျက်ရည်မကျတော့ပေမဲ့ ရှိုက်နေဆဲ မျက်နှာလေးကို ငေးကြည့်ရင်း သက်ပြင်းချချင်စိတ်ကို ထိန်းထားမိသည်..။
ဘယ်လို နားလည်ရမလဲ ပီပီရယ်..။
ငါသိတဲ့ ပီပီကျတော့ ရိုးသားဖြူစင်ဖော်ရွေလွန်းတယ်..။
ငါ့သူငယ်ချင်းတွေကိုကျတော့ မာနကြီးပြီး ချေမိုးလွန်းတယ်..။
အခု ငါ့အသိုင်းအဝိုင်းနဲ့ တွေ့ရပြန်တော့ ဘဝမေ့ ပြီး ဘဝင်မြင့်ပြန်တာလား..။
ရှိုက်သံလေး တစ်ချက်ကြောင့်သာ အတွေးတွေ သိမ်းပြီး နဖူးလေးကို ဖွဖွ နမ်းပေးလိုက်သည်..။
ကျေးဇူးပြုပြီး ငါ့အပေါ်ထားတဲ့ နင့်စိတ်တွေကို ပြောင်းလဲပါတော့ ပီပီ..။
မဟုတ်ရင်….။
0221-0911

◇◆◇◆◇◆◇◆◇◆◇◇◆◇◆◇◆◇◆◇◆

စာတွေကြောင့် စိတ်ညစ်ရရင် တောင်းပန်ပါတယ်နော်…။
အမြဲတမ်းလည်း အဲလိုပါပဲလေ…။
၂၀၂၀ က အဆင်မပြေတဲ့ နှစ်များလား 😫
ခုရက်ပိုင်း စာတွေ ပြန်မစစ်တော့ဘူးနော်
အချိန်မရ တော့လို့ပါ
အမှားအယွင်း အပိုအလို အလွဲအမှောက် စာလုံးမမှန် ဝါကျ မမှန် ပါရင် ဖြည့်ဖတ်ပေးပါ။
ဝတ္ထု တစ်ခုကို အဆုံးမသတ်ပဲ မထားခဲ့ချင်လို့ပါ။
အမြန်ဆုံးနဲ့ ပန်းကန်ပြားစီးပြီးရေးရပါ့မယ်။
စာဖတ်သူလေးတွေက အကြိုက်ပေါ့နော်…။
စာတွေဖတ်ဖို့ ဖိုက်တင်းပါ ✍💪❤📖

စာတွေဖတ်ပေးတာ ကျေးဇူး အထူးတင်ပါတယ် ❤💪📖

😢✍🙏

Love U All ❤

࿇Sקicค Liຖ࿇

မြူခိုးမှိုင်းဝေWhere stories live. Discover now