Part 30

3.2K 161 6
                                    

မြူခိုးမှိုင်းဝေ
အပိုင်း (၃၀)
#မြူခိုးမှိုင်းဝေ

"………."
"……….."
"တီ….တီ….တီ…"
"………"
ကွန်ပျူတာ အခြေခံ သင်တန်းမှာ နည်းပြလုပ်နေရပေမဲ့ နေရှင်းသန့်ရဲ့ အလုပ်က အထွေအထူးမရှိ..။
လက်ကွက် လေ့ကျင့်ပေးနေချိန် မှာ အချိန်ပိုရသည်..။
စားပွဲပေါ် လက်တင်ပြီး ဖုန်းတစ်လုံးဖြင့် အလုပ်ရှုပ်နေချိန် ဖုန်းဝင်လာသည်..။
နှေရှင်းသန့် မျက်ခုံးတွန့်သွားကာ ဖုန်းကို မကိုင်ပဲ ချပစ်လိုက်သည်..။
စာတွေ ဆက်တိုက်ဝင်လာသည်..။
နာရီကြည့်တော့ နေ့လည် တစ်နာရီကျော်.။
ဟွန့် ခုကျတော့ သူအားသွားပြန်ပြီ.။
မကျေနပ်တဲ့ စိတ်လေး အမှုန့်အမွှားလောက် လျော့သွားကာ နှုတ်ခမ်းက ပြုံးမိသွားသည်.။
"သင်တန်းမှာ…ဖုန်းပြောလို့မရဘူး.."
"………"
"ချက်ချင်းကြီးပါလား…."
ဟိုရက်တုန်းက သင်တန်းအချိန်မှာပဲ ဖုန်းနည်းနည်း ပြောဖြစ်သည်..။
နေရှင်းသန့် စာပြန်ရိုက်လိုက်သည်..။
"ဟုတ်တယ်…"
"စိတ်ကောက်ပြန်ပြီလား.."
နေရှင်းသန့် မျက်ခုံးတွန့်သွားပြန်သည်…။
စိတ်ကောက်ရအောင် ကိုယ်က မိန်းကလေးလား…။
"မဟုတ်ဘူး…"
"မယုံဘူး…စကားမပြောလည်း…ဖုန်းခေါ်မယ်…ကိုင်ပေး…ဒါ…စည်းမျဉ်းနော်…"
နေရှင်းသန့် နာခေါင်းရှုံ့မိသည်..။
စည်းမျဉ်းတဲ့လား..။
သူများ ခေါ်တုန်းကကျတော့ ဘာ အဖြေပေးထားလဲ..မေ့နေပြီလား..။
"………."
နေရှင်းသန့် ဖုန်းကို ထောင်ပြီး ကင်မရာဘက်ပြောင်း၍ ထားလိုက်သည်..။
"ရလား….ညီမ…"
"ဟုတ်ကဲ့…"
"မဟုတ်ဘူးလေ…..လက်သန်းက..ဒီမှာ ထားရမယ်…"
ကောင်မလေး တစ်ယောက်ကို လက်နေရာ ပြန်ပြင်ပေးရင်း စိတ်ထဲက ဝမ်းသာမိသည်..။
ခံစားကြည့်လိုက်စမ်း…ဒေါ်ပီပီ…။
ကိုယ့်မှာ ပါဆယ်ဘူးလေး ကိုယ်တိုင်ထုတ်နေရင်း ပျော်ရသည်..။
လက်ဝတ်ရတနာ တစ်ခါမှ မအပ်ဖူးပေမဲ့ အင်တာနက်ပေါ်မှာ ရှာရဖွေရ..။
ကျောက် အမျိုးအစား ကို ကိုယ်တိုင်ရှာဝယ်ရသည်။
အပ်ပြီးတော့ လည်း သေချာအောင် ခဏခဏ သွားကြည့်မိသည်.။
သူငယ်ချင်းတွေ ကြားထဲ အမြင်ကပ်စရာ ကောင်းလောက်အောင်  ဖြစ်ခဲ့သည်..။
နေရှင်းသန့် တယုတယ ချစ်ချင်လို့ကို အပေါင်းအသင်းတွေ အလယ်မှာ အလှောင် ခံ ပြောသမျှ ခံသည်…။
ပီပီ့ ဆီ ပစ္စည်း ရောက်ပြီဆိုတဲ့ စာ ဝင်လာကတည်း ပျော်ပြီး ဖုန်းခေါ်လိုက်သည်..။
သူ့ဘက်ကတော့ ဒီပစ္စည်း က  အသေးအမွှားလေး ဖြစ်နေပါလိမ့်မည်.။
ခင်ဗျား သိပ်ရက်စက်တယ်…။
နေရှင်းသန့် စားပွဲကို ပြန်ရောက်တော့ ဖုန်းချသွားပြီ..။
"ညမှ ပြောကြမယ်…"
စာဝင်လာတော့ နေရှင်းသန့် နှာခေါင်းရှုံ့၍ ဖုန်းကို လှမ်းယူလိုက်သည်..။
ဖုန်းထဲက အိပ်ပျေ်ာနေတဲ့ ပုံလေးကို ငေးရင်း သက်ပြင်း ဖွဖွ ချမိသည်..။
ငါ ကလေး ဆန်မိပြန်ပြီလား..။
.
"အင့်…"
စိုးစိုး မျက်ရည်တွေကို သုတ်ပြီး အခန်း ထဲက ထွက်လာချိန် စောင့်နေတဲ့ သူကို အားနာမိသည်..။
"ရပြီ…အစ်မ…"
"အေး…ကားသွားပြီလား…"
"ဟုတ်…"
"………."
စိုးစိုး ဘောက်ချာ ပေါ်မှာ လက်ခံစာရင်း ရေးပြီး လက်မှတ်ထိုးပေးလိုက်သည်..။
အလုပ်ကိစ္စတွေ ပြီးတော့မှ ရှေ့က ပန်းအဖြူခြင်းထောင်းတွေကို ကြည့်ရင်း မျက်ရည်ဝဲလာပြန်သည်.။
ဘယ်လို နားလည်ရမလဲ နေရှင်းသန့်ရယ်…။
ကိုယ့်မှာက အားနည်ချက်တွေ အများကြီးမို့ တွေးစရာတွေ ဖြစ်လာတိုင်း ကိုယ်ပဲ ပိုခံစားရသည်သာ.။
မပြောရဲ မဆိုရက်ဖြစ်နေပေမဲ့ ခံစားရသမျှ တော့  နှလုံးသား တစ်ခုလုံး အပြည့်အဝပါပဲ.။
မနေ့ကတည်းက ဖုန်းသေချာမပြောဖြစ်လို့ ကိုယ်မအား ပေမဲ့ သူ အားတယ်ဆိုတဲ့ နေ့ခင်း အချိန်မှာပဲ ဖုန်းခေါ်မိသည်..။
အခြေခံ သင်တန်းမှာ ဆိုတာ သိပေမဲ့ ကျောင်းတက်နေတဲ့ ကလေးလေးတွေ သင်ပြပေးတဲ့ သင်တန်းလို့ ထင်ခဲ့ဖူးသည်..။
ချစ်စရာကောင်းတဲ့ ရွယ်တူသက်တူ ကောင်မလေး ကို လက်ကိုင်ပြီ သင်ပြပေးနေရတာ သူ့စိတ်က ကျောက်ခဲမို့လို့လား..။
အနေကြာစရာမလိုပါဘူး..။
နီးစပ်တာနဲ့ ချစ်သူ ဖြစ်ကြတဲ့ ခေတ်ကြီးမှာ ဘာကိုယုံလို့ စိတ်ချလက်ချနေနိုင်မှာလဲ..။
"ဟုတ်တာပေါ့…ခင်ဗျား….ယောက်ျားက ချောတယ်နော်…ဂရုစိုက်…"
"ရတယ်လေ….ချစ်တယ် မပြောချင်လည်း နေ….ချစ်တဲ့သူတွေမှ ပုံနေတာပဲ….သူချစ်ကို ရှာလိုက်ရမလား…."
"အဲ့ကောင်မလေးက လမ်းမှာတွေ့ပြီး ဓာတ်ပုံ ရိုက်ချင်တယ် ပြောတော့ မကောင်းတက်လို့ လက်ခံလိုက်ရတာပါ….သိတောင်မသိဘူးနော်.."
"မသွားလို့လဲ မဖြစ်ဘူး….ကိုယ်က စီနီယာပဲ မပါလို့ ရမလားဗျ…..ဘာလဲ စိတ်မချလို့လား…အဟွင်း…သေတ္တာထဲ ထည့်ပြီးသာ သိမ်းထားဗျာ…ခင်ဗျား ယောက်ျား က လူချောဖြစ်နေပြီဗျ…အဲလို ဖြစ်အောင် အတင်း ပြောင်းလဲ ပေးတာ ဘယ်သူလဲ…."
ဖုန်းပြောရင်း သူ့ဆီက ကြားရတဲ့ အမှတ်တမဲ့စကားတိုင်းက စိုးစိုးအတွက် အမှတ်တရ မမေ့နိုင်တဲ့ စကားများသာ..။
သူ့ဆီက ပေါ့ပေါ့ပါးပါးလှောင်ပြောင်လိုက်သမျှ စိုးစိုးမှာတော့ ရင်နှင့်အပြည့် ထုတ်ပိုးသိမ်းဆည်းထားရင်း ဖြေမဆည်နိုင် ဖြစ်ရသည်..။
သူ့ထက် အသက်ကြီးသူမို့ သံသယ မေးခွန်းတွေ အပေါ်မှာ စိတ်ကုန်သွားမလား စိတ်ကွက်သွားမလား တွေးရတာ အမော..။
တချို့ကိစ္စ အကြောင်းအရာတွေကို လိုက်စုံစမ်းနေဖို့လည်း မသင့်တော်ဘူးလို့ ထင်မိသည်..။
အသက်အရွယ်အရ ရင့်ကျက်တည်ငြိမ်နေပေမဲ့ အချစ်နဲ့ပတ်သက်လာရင် လူတိုင်းရဲ့ ခံစားချက်က ဆယ်ကျော်သက်ဆိုတာ ကို ပင်ပင်ပန်းပန်း ဖုံးကွယ်ထားရသည်..။
သူ ပြောလိုက်တဲ့ "ဒီည သူငယ်ချင်းတွေနဲ့ အပြင်သွားမယ်နော်.."ဆိုတဲ့ တာဝန်အရ စကားတစ်ခွန်းကို ကိုယ့်မှာ တစ်ညလုံး မအိပ်နိုင်ပဲ စဉ်းစားမိသည်..။
ဘယ်လို သူငယ်ချင်းမျိုးလည်း ကိုယ်တွေ့ရ မြင်ရတာမဟုတ်..။
ရိုက်ပို့လိုက်တဲ့ ဓာတ်ပုံတွေကြည့်လည်း ခပ်မှောင်မှောင်ထဲ မိန်းမ ယောက်ျား တွေ ပါနေတော့ အပူတိုးတာသာ အဖက်တင်သည်..။
ကိုယ် စိတ် နှလုံး မှာ ပျော်ရတာ ထက် မငြိမ်းချမ်းတဲ့ အချိန် က ပိုများနေသလိုပါပဲ…။
ကိုယ့်ကိုယ်ကိုလည်း အားမလို အားမရ ဖြစ်ရသည်..။
လက်ပြင်ကိုင်းကိုင်းနဲ့ အသက်ကြီးကြီး ဖြစ်နေတဲ့ မိန်းမ တစ်ယောက်ကို သူ့လို ငယ်ရွယ်နုပျို ချောမောသူက တွဲသွားတွဲလာလို့ သင့်တော်ပါ့မလား.။
ဒီရွာက တက်သွားတဲ့ လူရိုင်းလေးဆိုတာ ကိုယ်တိုင်မေ့နေရလောက်အောင်ကို သူ့ပုံစံက အထက်တန်းဆန်နေပြီ..။
မြို့ကြီးသားတွေ လို သန့်ပြန့်ချောမွေ့နေတဲ့ ရုပ်ရည်ကို မှ သဘောကျပြီး ဝိုင်းဝိုင်းလည်နေတဲ့ မိန်းကလေး တွေလည်း ရှိမှာပါပဲ..။
သူ့ဘက်က ဘယ်လိုပဲ သဘောထားထား..။
မမြင်ကွယ်ရာကနေ သံသယနဲ့ ပူလောင်နေရတဲ့ ဘဝက မွန်းကြပ်လွန်းပါသည်..။
အမှန်တရားကို မသိချိန်မှာတောင် သူ့စကားတွေက နာကျင်စေသည်..။
ကိုယ့်ဘ၀ အခြေအနေကလည်း အစစမှာ အားနည်းချက်တွေချည်းပါပဲ..။
စိုးစိုး မျက်တောင် ပုတ်ခတ်ရင်း နုငယ်လှပလွန်းသည့် မိန်းကလေးကို ငုံ့မိုးရင်း ပြုံး၍ စကားပြောနေသည့် မြင်ကွင်းကို ဖျောက်ပစ်ရသည်..။
ကိုယ်က လူကြီးပဲလေ..။
နားလည်မှုတော့ ထားသင့်ပါသည်..။
ကိုယ့်ကိုယ်ကို အသိသတိလေးနဲ့ ဖြေသိမ့်ရပေမဲ့ ရင်ထဲမှာတော့ ပင်ပန်းနေပါပြီ..။
.
"အဟမ်း…ဟလို…"
"အမ်း…"
"မနက် က ဘာလို့ ဖုန်းချသွားတာလဲ.."
"ကားတင်နေလို့…"
"သြော်….အမ်း…"
နေရှင်းသန့်  ဖုန်းဖွင့်ထားပေမဲ့ အလုပ်ရှာရင်း စာအုပ်တွေကို နေရာကျအောင် စီနေမိသည်..။
အလကား လိမ်နေတာ…။
ဆွေးပြီး ဖုန်းချသွားတာကိုပဲ ဝန်မခံဘူး..။
"ထမင်းစားပြီးပြီလား…"
"အင်း….ကြာပြီ….နင်ကော…"
"အမ်း…."
"…………"
"…………."
"ပြောစရာ မရှိရင် ဖုန်းချလိုက်မယ်လေ…"
"မချနဲ့…"
နေရှင်းသန့် စိတ် တိုတိုု ဖြင့် အော်လိုက်တော့ မျက်ခုံးတွန့်၍ ကြည့်သည်..။
ဘာအပြစ်လုပ်ထားလဲ သိပုံမရ..။
"ငါ့ကို ဘာမှ ပြောစရာ မရှိဘူးလား…"
"ဟင်…ဘာကိုလဲ…"
"ဝိုး…သဘောထားကြီးလွန်းတဲ့ မိန်းမရထားတာ  ဆုယူရတော့မယ်…."
"ဟင်…"
"အိုကေလေ….နင်က မမေးတော့ ငါလည်း မေးစရာရှိတယ်… မေးခွင့် မရတော့ဘူး…"
"မေးလေ…."
"နင် က ငါ့အကြောင်း ဘာမှ စိတ်မဝင်စားဘူးမလား…"
"ဟယ်…ဘာတွေလဲ….ငါ ဘာပြောမိလို့လဲ…"
နေရှင်းသန့် စိတ်တိုလို့ ဖုန်းကို ကောက်ဆွဲယူလိုက်သည်..။
အူကြောင်ကြောင် မျက်နှာပေးဖြင့် ကြည့်နေတော့ မျက်မှောင်ကြုတ်မိသည်..။
တကယ့်ကို ဘာမှ မသိတာပဲ…။
ကိုယ်တစ်ယောက်တည်း စိတ်ကောက်…ကိုယ်တစ်ယောက်တည်း အရွဲ့တိုက်…ကိုယ်တစ်ယောက်တည်း ခံစား….ကိုယ်တစ်ယောက်တည်း အိပ်ရေးပျက်…ကိုယ်တစ်ယောက်တည်း ဒေါသထွက်..။
သူကတော့ မပြောမချင်းသိမယ်မထင်..။
ဘယ်လို ဖီလင်မျိုးလဲ..။
"ဟ…ငါ စိတ်ကောက်နေတယ်နော်….ငါ့ကိုချော့…"
"ငါ စိတ်ဆိုးနေပြီနော်…နင် ဖုန်းပြန်မခေါ်လို့…"
"ငါ ဒေါသထွက်နေပြီနော်…နင် စိုးမင်းခြံထဲ သွားတာ မပြောလို့…"
"ငါ စိတ်ပူနေပြီနော်….ဖုန်းထပ်ခေါ်ပေး…"
တစ်ခုခံစားရတိုင်း တစ်ခါ ပြောပြရင်တောင် ဒေါ်ပီပီ တို့ အလုံးစုံ သဘောပေါက် ရိပ်မိပါ့မလား မသေချာ…။
ပီပီ က အလုပ်မှာ သွက်သလောက် အချစ်ရေးမှာ တုံးလွန်းတာလား..။
အာရုံမစိုက် …အလေးမထားတာလား.။
"ဘာဖြစ်လို့လဲ…နေရှင်းသန့်…"
"ဒေါသထွက်လို့…"
"သြော်…..သင်တန်းမှာ အဆင်မပြေလို့လား.."
"ကျစ်…"
အဲဒါပဲ နေရှင်းသန့် ဒေါသဖြစ်ပါတယ်ဆိုတာတောင် သင်တန်းမှာ အဆင်မပြေလို့တဲ့လားတဲ့..။
သင်တန်းကိစ္စ သူနဲ့ ဖုန်းပြောချိန် ဒေါသထွက်စရာလား..။
အေးလေ…။
ဒီလောက် တုံးလို့လည်း ယူမဲ့ ကောင်မရှိတာပေါ့…။
"အရူးကွက် မလုပ်နဲ့နော်…ပီပီ.."
"အမ်…"
"ငါ့ကို နွားထင်နေတယ်မလား…"
"ဟော…ငါ ဘာလုပ်မိလို့လဲ…"
"မနေ့က နင် ဘယ်သွားလဲ…ဘာလုပ်လဲ…ဘယ်သူနဲ့ ရှိလဲ…ငါ့ကို တစ်ခုမှ မပြောပြဘူး…ငါ့မှာတော့ မနက်အိပ်ရာထ ကတည်းက တစ်နေ့လုပ်ရမဲ့ အကြောင်းတွေ တန်းစီ ပြောပြရတယ်….မိန်းကလေး တစ်ယောက်နဲ့ လမ်းမှာ ခဏတွေ့လို့ နှုတ်ဆက်မိတောင် နင်သိအောင် အရင် ပြောပြတယ်….ဖုန်းဆိုလည်း ငါပဲ အရင်စခေါ်ရတယ်….ဖုန်းကို တစ်ခါခေါ်ပြီး မကိုင်ရင် တစ်နေ့လုံး ထပ်မခေါ်တော့ဘူး…ညပိုင်း ဖုန်းပြောရင်လည်း….အလုပ်ရှာလုပ်နေတယ်…အပြင်မှာ မတွေ့ရတာတောင် ဝေးနေတာတောင် ပြောစရာစကား မရှိဘူး..ငါတို့က ဘာလဲ….ငါ့အကြောင်းကို နင်စိတ်မဝင်စားဘူး…ငါနဲ့ ပတ်သက်ပြီးလည်း နင့်မှာ ခံစားချက်မရှိပါဘူး…တာဝန်ကျေအရပဲ ဆက်ဆံနေတာမလား…"
"ဟယ်…"
"မနေ့က ငါမေးတော့ ဧည့်သည် ရှိလို့တဲ့…ဖုန်းပြန်မဆက်ဘူး…ထားတော့…ဘယ်သူနဲ့ ရှိတယ် မပြောဘူး…ဘယ်မှာလဲ မပြောဘူး…ငါ ဘယ်လောက် စိတ်ပူလဲ သိရဲ့လား…ဟမ်….ညရှစ်နာရီမှ ဖုန်းဆက်တယ်…ဖုန်းကို တစ်ခါတည်း ခေါ်တယ်….ထပ်မခေါ်တော့ဘူး…တစ်နေ့ကုန်တွေ့နေရတဲ့ သူရဲ့ အကောင့်ကိုည အိပ်ရာဝင်ချိန်အထိ ရှာဖွေ ပြီးမှ အိပ်တယ်….အိပ်မက်ထဲမှာလည်း…ဒီကောင်ပါလာသေးတယ်မလား…"
"အယ်…"
"ဘာ ငြင်းဦးမလို့လဲ…"
"မငြင်းပါဘူး….ပြောမလို့ပဲလေ…အပြင်မှာ လို့လည်း ပြောထားတယ်…ညပိုင်း ဖုန်းထပ်ခေါ်တာ မကိုင်တော့ အလုပ်များနေတယ် ထင်လို့ပါ…."
"အဘွားကြီး…ဟာကွာ..ဟူး…ဆူလို့လည်း မရ….ပြောလို့လည်း မရနဲ့….နင်တော်တော် တုံးပါလား…အလုပ်များလို့ မကိုင်တာ မဟုတ်ဘူး…စိတ်ကောက်လို့ဟ….ရှင်းပလား…"
"အမ်..စိတ်ကောက်နေတာလား…"
"အေး…စိတ်ကောက်နေတာ….နောက်ဆို မသေမချင်းမှတ်ထား….နင် ဖုန်းခေါ်လို့ အကြောင်းမပြန်ပဲ မကိုင်ပဲ နေရင် ငါ စိတ်ကောက်နေပြီ….ဒါမှ မဟုတ်သေပြီပဲ…."
"ဟယ်…"
"ဘာ အခုမှ ဟယ်လည်း….ဟွန့်…"
"သြော်….သြော်….သိပြီ…သိပြီ….ဒါကြောင့် မနက်က တမင် ဒုက္ခပေးတာပေါ့…"
"ဟုတ်တယ်….နင်ကမှ မြင်နေရသေးတယ်…ငါက မမြင်ရတဲ့ မြင်ကွင်းကို စိတ်နဲ့ မှန်းဆပြီး ဘယ်လောက် ပူလောင်နေရလဲ သိရဲ့လား…"
"အဟွင်း…ဆောရီး…ဆောရီးပါ.."
လက်အုပ်ချီပြီး သွားကြဲရယ်ပြကာ တောင်းပန်နေလေတော့လည်း မကျေမနပ်ဖြင့် ရယ်ချင်ချင် ဖြစ်သွားသည်..။
အဘွားကြီး ချော့တာတောင်မှ အချိုးက သိပ်မပြေဘူး..။
ကိုယ်က ငယ်တဲ့သူပဲလေ….ခွင့်လွှတ်ရပေမပေါ့…။
"ရပြီ…ပြော…"
"အဟွန်း…ကလေးလေး…ပြောရင်လည်း မကြိုက်ဘူး…မနေ့က ကိုစိုးမင်း.."
"လုပ်ပြန်ပြီ…ရပ်စမ်း…"
နေရှင်းသန့် လက်ညိုးထိုးပြီး ကျိန်းလိုက်တော့ ကြောင်တောင်တောင်ဖြင့် မတ်တတ်ရပ်သည်..။
"ဘာလုပ်တာလဲ…"
"ရပ်ဆို…"
"ဟာကွာ…ပီပီတော့…"
"အဟား..ဟား…စိတ်ဆိုးနေတဲ့ ရုပ်လေးကလည်းကွာ….ဟုတ်ပြီ…ဟုတ်ပြီ…မှားတယ်….ပြောရတော့မလား.."
"ကို ထည့်မပြောနဲ့…"
"ဟုတ်……စိုးမင်း က ခြံထဲ လာတယ်…"
"ဘာလာလုပ်တာလဲ…"
"ခုပြောမို့လေ…"
"ပြော …မြန်မြန်…"
"ကော်ဖီပင်တွေ အကြောင်းလာမေးတာ….နောက်ပြီး သူ့ဆီမှာ စက် တစ်ခု ရှိတယ်တဲ့….ဂျပန်က ပညာရှင်တွေလည်း ရောက်နေတယ်ဆိုတော့သူ့ စိုက်ခင်းထဲ သွားကြည့်တယ်.မသွားခင် ….ဖုန်းအရင်ဆက်တယ်လေ… မကိုင်ဘူး…"
"စာပို့လား…"
နေရှင်းသန့် မျက်နှာ စူပုတ်ပုတ် ဖြင့် မေးတော့ ခေါင်းညိတ်ပြန်သည်..။
"ဟုတ်ပါတယ်…စာပို့လိုက်ရင် မသွားခိုင်းမှာ စိုးလို့ပါ…"
"သြော်…..တော်တယ်နော်…"
"ဟီး…တစ်ခါတည်းပါကွယ်…တကယ်လည်း မလွှတ်ဘူးမလား…"
"လွတ်စရာလား.."
နေရှင်းသန့် မျက်လုံးပြူးပြီး အော်လိုက်တော့  ရယ်ပြပြန်သည်..။
သူ အပြစ်လုပ်တော့ အဲလို..။
ကိုယ်သာဆို လက်ညိုးကြီး ငေါက်ငေါက် ထိုးပြီး ရန်တွေ့သလို ဆူမှာ.။
ရစရာ မရှိအောင်ကို ပြောမှာ…။
မာနတွေကို ပုတ်ခတ်လွန်းလို့ ငိုခဲ့ရတာလည်း အခါခါပါပဲ..။
သူ့ အလှည့်ကျတော့  ကိုယ့်မှာ ဂျိုလေး ကိုထွက်လို့..။
"အလုပ်ကိစ္စလေ…မယုံပေးနိုင်ဘူးလား…တို့ အသားကို ထိလို့ရတာ မောင် တစ်ယောက်တည်းပါဆို ဘာကိုစိုးရိမ်နေတာလဲ..…"
နေရှင်းသန့် မျက်နှာကြီးကို တည်တင်းရင်း စိတ်ကို ထိန်းနေရသည်..။
စိတ်ထဲမှာ အောင်ကျော်ဦးပြထားတဲ့ နွားဗီဒီယိုကြီးကို မြင်ယောင်ပေးမိသည်..။
ဒါပေမဲ့လည်း မရပါဘူး…။
သေတော့မှာပဲ..။
ဘယ်လောက်ပဲ စိတ်တင်းတင်း နှုတ်ခမ်းက တွန့်၍ ပြုံးမိသွားသည်..။
သွားပြီ…။
"အဟွင်း..ဟိုရောက်တော့ ဖုန်းဆက်ဖို့ အဆင်မပြေဘူး…ဖုန်းဝင်လာတော့ လန့်သွားတာပေါ့..ဓာတ်ပုံ ရိုက်ပို့လိုက်တယ်…ညပိုင်း ဖုန်းဆက်ပြောမလို့ပဲ ဖုန်းမကိုင်လို့ပါ…အကောင့်ရှာတာ က ဂျပန်မှာ စက် တစ်ခု မှာမလို့ သူ့အကောင့်ထဲ ကုမ္ပဏီ နာမည် ရှိတယ်ဆိုလို့လေ…မယုံရင် ဝင်ကြည့်ပေါ့…နေပါဦး….ဘယ်လိုသိလဲ ဟင်…."
"ဟွန့်….ပီပီ့ ဖုန်းကို ငါ့ဖုန်းလိုပဲ လှမ်းကြည့်နေလို့ရတယ်…..ဘာတွေ သုံးနေလည်း ဆိုတာ ဒီမှာ စောင့်ကြည့်နေတာ တွေ့တယ်နော်…ကင်မရာ ဖွင့်လိုက်တာနဲ့ ဖုန်းထားတဲ့နေရာကနေ ပီပီ့ကို ထိုင်ကြည့်နေလို့ရတယ်…..ရှုပ်ရှု့ပ်ရုတ်ရုတ် မလုပ်လေနဲ့….အချဉ်ကောင် မဟုတ်ဘူး..."
နေရှင်းသန့် သူ့ဖုန်း ပုံစံ ဖွင့်ထားသည့် ကွန်ပျူတာ ကို လက်ညိုးထိုးပြလိုက်တော့ မျက်လုံးဝိုင်းနေသည်..။
"အ…အကုန်ကြည့်လို့ရတာလား…"
"အမ်း…"
"အို…ဒါဆို….ဟိုနေ့က ..အိမ်မှာနေတာ ဘောင်းဘီတိုလေးနဲ့…"
နေရှင်းသန့် မျက်နှာပူသွားပေမဲ့ ခပ်တည်တည်ဖြင့်ပင် ခေါင်းညိတ်လိုက်သည်..။
အဲနေ့တုန်းက ပီပီ့ ကို အားနာပေမဲ့ လူငယ်လေးတစ်ယောက်လို ဘောင်းဘီတို နဲ့ ရှပ် အကျီ ၤ ခါးရှည် ဝတ်ထားသည့် ပီပီ့ကို ကြည့်ရင်း ပိုချစ်မိပါသည်..။
ဒါတောင် ဖုန်းရှေ့မှာ ပန်းအိုးက ကွယ်နေလို့ မိနစ်ပိုင်းလောက်လေး ပဲ သေချာ မြင်လိုက်ရတာပါ..။
နေရှင်းသန့် နှာခေါင်းရှုံ့တော့ အနောက်ကို လှည့်ကြည့်ပြီး..
"အိုး…..တော်ပါသေးရဲ့….အိမ်သာထဲ ယူမသွားမိပေလို့…"
"ကြည့်စရာ ရှိတာဆိုလို့….ထားပါဦး…ဖုန်းတစ်ခါ ခေါ်ပြီးတာနဲ့  ဖုန်းထပ်မဆက်ပဲ အိပ်ပျော်တယ်ပေါ့.."
"ဆေးသောက်ပြီးတော့ အိပ်ချင်သွားတာကိုး…"
"ဟွန့်…အိပ်မက်ထဲမှာ ဘယ်သူပါသေးလဲ…"
"တောင်ပေါ် အိမ်လေးမှာ တစ်ယောက်တည်းပဲ…"
"ဘာ…ခင်ဗျားက တောင်ပေါ်မှာတောင် သာယာနေလိုက်သေးတယ်….ကျုပ်က တစ်ညလုံး မအိပ်ရဘူး အဲဒါသိလား…"
နေရှင်းသန့် ခုံပေါ် ပစ်ထိုင်ပြီး ဖုန်းကို လက်ကမြှောက်ရင်း လက်ညိုးတစ်ဖက်ထိုးကာ ရန်တွေ့တော့ မျက်ခုံးလေး တွန့်ပြသည်..။
"ဟုတ်လား…ထူးဆန်းလိုက်တာနော်…..အိပ်မက်ထဲမှာ မောင်က လိုက်လာတော့ မောင် အိပ်ပျော်သွားပြီ ထင်နေတာပါ…အဲလို သိရင် ဖုန်းခေါ်တာပေါ့….."
နေရှင်းသန့် အသည်းယားပြီး ရယ်ချင်လို့ ဖုန်းကို လက်က လွဲပြီး နှုတ်ခမ်းကို ဖိကိုက်ထားရသည်..။
ပြောင်းပြန်တွေချည်းပဲ..။
အခွင့်အရေး ရတုန်း ငိုအောင် ဆူမလို့ပါဆိုကာမှ..။
ဘယ်လို ဖြစ်ပြီး ဒီလောက် ချွဲနေတာလဲကွာ…။
သေတော့မှာပဲ…။
"အွင်း…တော်ပြီ…တော်ပြီ..အဘွားကြီးနော်…မထင်ရဘူး…တော်ကီကတော့ ကြွယ်တယ်…ချုပ်နေတာ မလား…"
"အဟွင်း….ရပြီနော်…မနက်က ကိစ္စ ရှင်း…"
"တမင် လုပ်တာပါဆို…."
"ဟား..ဟား….အပြန်အလှန် ကြေပြီပဲ…."
"နောက်ဆို ပြောနော်…ပီပီ….."
"အင်းပါ….နင်လည်း နောက်ဆို မရွဲ့နဲ့နော်….ငါ ခံစားရတယ်…"
"ဆောရီး…ဆောရီး….ပြီးတော့…မောင်လို့ပဲခေါ်တော့…"
"ဟာ…မခေါ်တက်ပါဘူး.."
"မလိမ်နဲ့ စောစောက ဘယ်လို ခေါ်လဲ…"
"အဲဒါက ချော့တာကိုးဟ…."
"သြော်..ချော့မှ ခေါ်မှာလား…အိုကေ….ပြန်ကောက်ပေးမယ်…"
"ဟာ…ဒီကောင်လေး….အိုး…ဆိုးတယ်ကွာ…"
နေရှင်းသန့် နှုတ်ခမ်းစူပြတော့ နှာခေါင်းရှုံ့ပြီး အကြည့်လွဲသွားသည်..။
အနားမှာ ရှိလို့ကတော့လေ…။
"လှလား…"
လည်ပင်း ပေါ် က ဆွဲကြိုးလေးကို လက်နဲ့ ကိုင်ပြီး ရှေ့တိုးပြတော့ ခေါင်းညိတ်ပြလိုက်သည်..။
လူသာ ပိန်ပေမဲ့ ပီပီ့ အသားက နည်းနည်း ဖြူတော့  လည်ပင်းမှာ ကပ်နေချိန် ပိုပေါ်ပါသည်..။
"သြော်…ပီပီ..ဒီမှာ…"
နေရှင်းသန့် ဘဏ်စာအုပ်ကို ထုတ်ပြီး ဖုန်းရှေ့ ထောင်ပြလိုက်သည်..။
"ဘာလဲ…"
"တိုက်ခန်း တစ်ခန်းလောက် ဝယ်ရင် ကောင်းမလား.."
"ဟင်…ဘာဖြစ်လို့လဲ…"
"ဟာ..နေဖို့ပေါ့…"
"ဟော…..တိုက်ခန်းသော့ပေးထားတယ်လေ…"
"မိန်းမအခန်းကို လိုက်နေရတာ မမိုက်ပါဘူး…"
"အဲလိုတွေ မတွက်ပါနဲ့ နေရှင်းသန့်ရယ်…"
စိတ်မကောင်းဖြစ်သွားတဲ့ မျက်နှာ အမူအယာကြောင့် နေရှင်းသန့်လည်း သက်ပြင်းချလိုက်မိသည်..။
သူ့အခန်းကို သုံးဖို့ပြောပေမဲ့ စိတ်ထဲမှာက အဆင်မပြေ..။
အခန်းဝယ်ဖို့ ပြောရင်လည်း အခုလို တုန့်ပြန်လာမှာ သိပါသည်..။
"တိုက်ခန်း အကြီးဝယ်ချင်လည်း….အခု အခန်းနဲ့ လဲလိုက်မယ်လေ…"
"မလုပ်နဲ့….အဲဒီ့အခန်းက အမှတ်တရတွေ အများကြီး…"
နေရှင်းသန့် စူးစိုက်ကြည့်ရင်း မျက်ခုံးတွန့်ကာ ပြောလိုက်တော့ အကြည့်လွဲသွားသည်..။
မိန်းမ မဆန်တာလည်း မဟုတ်…မိန်းမဆန်တာလည်း မဟုတ်သည့် ချစ်သူကို ဘယ်လို သတ်မှတ်ရမှာလဲ…။
"ငါတော့ တစ်ခုခုဝယ်ထားချင်တယ်…အဖက်တင်အောင်ပေါ့…."
"ကျောင်းတက်နေတာပဲ….ကားဝယ်လိုက်ပါလား…"
"အာ…ကားနဲ့ မမိုက်ပါဘူး….ငါ အဲလောက်မချမ်းသာဘူး.."
"ဟော….ချမ်းသာမှ ကားစီးရတယ်မှ မဟုတ်တာ…ကိုယ့်အတွက် အဆင်ပြေလို့ သုံးဖို့ ဝယ်ထားရတဲ့ သူတွေ များကြီး.."
"………."
"အခန်းက ရှိပြီသား…တက္ကစီ နဲ့သွားလာနေရတာ မလွတ်လပ်ပါဘူး.."
"သြော…သြော်…ဟုတ်တယ်နော်….အဟဲဟဲ…."
"ရုပ်က….ကြည့်ဦး…"
"ဝယ်ထားလိုက်မယ်….မိန်းမ လာရင် အိပ်ဖို့ စားဖို့ အဆင်သင့်ပဲ.."
"ဟာ…."
"ကားနဲ့ ခရီးသွားဖို့ အဆင်ပြေတယ်လေ….ဘာလဲ…."
"တော်ပြီ….ဘာမှ မဟုတ်ဘူး…အိပ်တော့…."
"မအိပ်ဘူး…"
"ဟော…."
"အရမ်းချစ်တယ်..မောင်လို့ ပြောပေး…"
"အရမ်းချစ်ပါတယ်…မောင်လေးရေ….."
"အား….လေး မထည့်နဲ့…"
"အရမ်းချစ်ပါတယ်…မောင် လေး မပါ…."
"ဟာ…ပီပီနော်…."
"အဟွင်း…ဒါပဲနော်….မနက်ကျရင် တို့ အရင် ဖုန်းဆက်နှိုးမယ်နော်…"
"တော်ပါ..ပြောမှ သိတာ မကောင်းဘူး…"
"မပြောရသေးဘူး သဘောထားပေါ့…."
"ရမလား…."
"ဟား…ဟား…ဘယ်လိုလေးလဲ….ချစ်ဖို့ကောင်းလိုက်တာ…ဒါပဲ….မောင်…."
"…………"
နေရှင်းသန့် နှာခေါင်းရှုံ့ပြီး ခုံကို တစ်ပတ်လှည့်လိုက်တာ လွန်ပြီး ပြုတ်ကျတော့သည်..။
အကျမကောင်းလို့ ဒူးနာသွားတာတောင် မျက်နှာကြီးက ပြုံးစေ့စေ့..။
ခုတင်ပေါ် ပစ်လှဲချပြီး ပြုံးဖြီးဖြီး ဖြစ်နေတာကို ပြင်မရ..။
သူငယ်ချင်းတွေ နွားလို့ ပြောရင်တောင် ဒီနွားရဲ့ ခံစားချက် အရသာကို သူတို့ သိမယ် မထင်..။
ပတ်ဝန်းကျင် ဆိုတာ တကယ်တော့ စကြာဝဋ္ဌာရဲ့ အမှုန့်အမွှားတွေပါပဲ.။
အဓိက ချစ်သူ နှစ်ယောက် အပြန်အလှန် နားလည်ပြီး ချစ်ဖို့ပဲလိုတာ…..တကယ်ချစ်တက်ရင် သိကြပါလိမ့်မည်..။
0221-04-17-0221-0436
.
"ငါ့ အလှည့်….ငါအလှည့်…"
"ပေးလိုက်စမ်းပါကွာ…ဂျိုကောင်လေး…"
"……….."
နေရှင်းသန့် မိုက်ကို လုပြီး နည်းနည်းစမ်းလိုက်သေးသည်..။
"ဗီဒီယိုသေချာ ရိုက်ပေးနော်…"
"အေးပါ…လုပ်စမ်းပါ..ဘာ သီချင်းလည်း မသိဘူးကွာ….ဟဲ ရမလား မှတ်တယ်…သူချည်းပဲ ရိုက်ပေးနေရတယ်…"
"အရွယ်ကွာလွန်းတဲ့ မိန်းကလေး တစ်ယောက်ကို ချစ်မိတာ အပြစ်မရှိတာမို့…"
"ဟာကွာ…..နွားသီချင်းကြီး…အီး…"
"တိတ်စမ်း….ကျော်ကုန်ပြီကွာ…"
"ကျွန်တော်ရဲ့အချစ်ကို ယုံကြည်စမ်းပါ မတ်မတ်ရယ်….ကျွန်တော့်လောက် ချစ်တက်သူ ရှာကြည့် မ ရူးသွားမယ်….အား…မလုနဲ့….ငါထိုးမှာနော်…."
"လုကွာ…..မတ်မတ်ကို မင်း တစ်ယောက်တည်းသွားအော်…..ငါတို့က ကလေး…"
"ကျန်တာတွေ မတွေးချင်ဘူး…စပ်စလူး အသက်မပြည့်တဲ့ ကလေးတွေမု….အရင်လိုမျိုးအထာနဲ့ ဈေးဗန်းလည်း မခင်းချင်ဘူး….မတ်မတ်ရဲ့ အလှကြောင့် ကျွန်တော် နေ့စဉ်ရူး…."
"ရူးဦးကွာ….ရူးဦးကွာ….ခါးကုန်းကြီးကိုများ…ရူးဦးကွာ…"
"အား…ခွေးကောင်တွေ…..မတ်မတ်ရေ…..မတ်မတ်အတွက် အသက်စွန့်ရတော့မယ်….အသက်သာကြီးတာပြဿနာမရှိ…မရတော့ဘူး မတ်မတ် ကိုအရမ်းရူးနေပြီ….ဟေ့.."
နေရှင်းသန့် အပေါ်က အောင်ကျော်ကို တွန်းပြီး မိုက်ကြီးကို ဆွဲကာ ကုန်းအော်နေပေမဲ့ ပျော်ပါသည်..။
သူငယ်ချင်းတွေနဲ့ KTV မှာ သီချင်းဆိုရင်း လွတ်လွတ်လပ်လပ် ပျော်နေရတာကို ပီပီ့ကို ပြချင်လို့ ဗီဒီယိုလည်း ရိုက်ခိုင်းရသေးသည်..။
"အိုကေ….အိုကေ….အောင်ကျော်….ဒီတစ်ခါ တကယ် အတည်ဆိုမှာနော်…မနောက်နဲ့…"
"ဂျိုသီချင်း နားမခံနိုင်ဘူးနော်…"
"အေးပါကွာ…ဒီတစ်ပုဒ်…."
"မတ်မတ်နဲ့မှ မတ်မတ်နဲ့မှပေါ့…."
"အာကွာ…"
"ဆွဲထားနော်….ငါ တစ်ပိုင်းတည်းဆိုမှာပါကွ….ငထွဋ် ချုပ်ထား…"
အောင်ကျော်ဦးကို ထွဋ်နိုင်က ဖက်ချုပ်ထားချိန် နေ၇ှင်းသန့် မိုက်ကိုင်ပြီး ဆိုဖာပေါ် တက်၍ မတ်တက်ရပ်ထားရသည်..။
"ချစ်လိုက်တာ မရယ်….အသည်းတွေ တစ်ဆက်ဆက် တုန်ပါတယ်…ယုံပါကွယ် မောင်လေး အသည်းက နုနုလေးနဲ့ ချိုပါတယ်….တစ်လ နှစ်လ အစမ်းတွဲကြည့်ပေါ့…အဆင်မပြေရင် လမ်းခွဲပေးမယ်…အးို..ဆားဗစ်မဟုတ်ပေမဲ့ နူးစကူးလေးလည်း….ဂေါ်ပါတယ်…ကြည်ဖြူရင်ကွယ်….ရွယ်တူခေါက်…ကလေးလေးတွေ ဂျောင်း…အမေ့လက်စွပ်လေး ပေါင်ပြီး..မတ်မတ်ကို….လာတင်တောင်းပါမယ်…ဖိုသိုဖက်သတ်…အ….အ…..ခွေးကောင်…မင်းက ဒါတောင် မနိုင်ဘူးလား…"
"ဟေ့ကောင်….ထွဋ်နိုင်…ယောက်ျားထုကြီး သိက္ခာအတွက် ငါ့ကို လွတ်စမ်းပါ….ဒီကောင် လူလည်ခေါင်လာပြီး ဂျိုသွေးပြနေတာ ငါ မခံစားနိုင်ဘူးကွ…."
"ဟား…ဟား….ရော့…ရော့…မင်း အလှည့်…"
နေရှင်းသန့်လက်ထဲက မိုက်ကို လှမ်းပေးလိုက်တော့မှ အောင်ကျော်က သက်ပြင်းရှည်ကြီး ချပြီး သီချင်းရွှေးတော့သည်.။
"ကိုကြီး ဆိုပြီး…ညီမလေးက ချွဲတဲ့အခါ"
"အော့…..အော့….ကိုကြီး မဟုတ်ဘူး…ဂျိုကြီးလို့…ဟား..ဟား…"
"နေကြီး..မင်းရဲ့ အပေါက်တစ်ထောင် အကုန်ပိတ်နော်…"
"ဟား…ဟား…ဂျိုကြီး ဆိုပြီး…ညီမလေးက ချွဲတဲ့အခါ….ဂျိုကြီး…..အူပြီး…အော့…"
"ခွေးကတောင်းစားကောင်…မင့် သေပြီ…"
"ဟား…ဟား…."
"ညီမလေး…တစ်ယောက်ကို အသည်းကွဲတာတို့…ဘာတို့…ကိုကြီးမလုပ်…."
"လုပ်တယ်လေ…လုပ်တယ်လေ…..ကိုကြီး….အဝူး…"
"ဟေ့ကောင်….ထွဋ်နိုင်…မင့်နော်…"
"ဟား…ဟား…"
"………….."
သီချင်း ကောင်းကောင်းမဆိုပဲ ရှုပ်နေချိန် ဖုန်းဝင်လာလို့ နေရှင်းသန့် အခန်းပြင် ခဏ ထွက်လာခဲ့ရသည်..။
"ဟလို…..အစ်မ….."
"မောင်လေး…မနက်ဖြန်အားလား…"
"ဟုတ်ကဲ့…မနက်ပိုင်းတော့ အားပါတယ်…"
"အစ်မ အပ်ထားတဲ့ ကဒ်က ရပြီတဲ့….သူရ မရှိလို့ ယူပေးနိုင်မလားဟင်…"
"ဟုတ်ကဲ့….ယူပေးမယ်လေ…"
"ကျေးဇူးပဲနော်…"
"အာ….အစ်မကလည်း..မဟုတ်တာ…."
"စာလုပ်နေတာမလား…ဒါပဲနော်…"
ဖုန်းချသွားတော့မှ နေရှင်းသန့် ပြုံးမိသည်..။
KTV မှာ စာလုပ်နေပါသည်ပေါ့..။
"ဘယ်မတ်မတ်လည်း ဟေ့ကောင်.."
"ငါ့မှာ မတ်မတ် တစ်ယောက်တည်း ရှိတာပါ…"
"မသိဘူးလေကွာ…မင်း တွဲသမျှ မမ ချည်းပဲကိုးကွ…."
"ဟား..ဟား…မတ်မတ် မဟုတ်ဘူး…ကုန်းကုန်းလို့ ခေါ်ရမှာနော်…"
"အောင်ကျော်နော်…."
"ဆောရီး….အရင်က ကေ လား ဂျီလား…သူခေါ်တာ….ခုမှ မတ်နေတယ်…"
"ပီပီ ပါကွာ…."
"အေး…အေး..ဟုတ်တယ်…."
"မင်းတို့ အခြေအနေ…"
"ဟဲ…ဟဲ…အိုကေ..စိုပြည်နေတယ်….."
"ဒီမှာကြည့်ပါလား….သွားတောင် စုံနေပြီ…"
နေရှင်းသန့် မေးရိုးကို ကိုင်ပြီး မေးငေါ့နေတဲ့ လက်ကို ပုတ်ချလိုက်သည်..။
အောင်ကျော်က သော်တာနဲ့ပဲ သဘောတူခဲ့တာ သိပေမဲ့ အပြစ်မတင်ရက်ပါ..။
နေရှင်းသန့်ရဲ့ ဘဝအတွက် အကြံပေးတာမှန်း သိလို့ ကျေးဇူးလည်းတင်ပါသည်..။
ခင်လည်း ခင်ပါသည်..။
နှလုံးသားကတော့ မတ်မတ် မှ မတ်မတ်ပဲပေါ့လေ…။
"ဝေးလည်း ဝေး…အသက်လည်းကွာ….အဲဒါလည်း ကောင်းပါတယ်….ရစ်တာ မခံရတော့ဘူးပေါ့ကွာ…အနားမှာ ရှိနေရင် အလကား သောက်လုံးကို နောက်နေတာပဲ…"
"ထွဋ်ကြီးနော်…ငါ့ကို စောင်းမပြောနဲ့…"
"ရှေ့ထားပြောတာ ဟေ့ကောင်…ခုတောင် လိမ်ပြီး ထွက်လာရတာ မလား..မင်း စော်က လူကသာ ကလေး…နေရာတကာ ပါချင်သေးတယ်…အဲဒါကတော့ နေရှင်းဘွားတော် ကြီး က သာသွားပြီ….နေရှင်း ဖုန်းဆက်လိုက်တာ အိုကေ သွားလေတဲ့… .ဘယ်လောက်မိုက်လဲ…ဟွန့်….အကြိမ် လေးဆယ်လောက်လည်း ဖုန်းခေါ်မနေဘူး…သူငယ်ချင်းတွေကြားထဲ ဝင်မရှုပ်ဘူး…အချိန်သီးသန့်ပေးတယ်…သိရဲ့လား…အဝူး…ကောင်ရေ…."
"ဟား…ဟား….ထိပြီး စပ်စမ်း…."
"………."
"ကဲ….ကဲ…ဒီကောင့် မတ်မတ် ကျတော့ကော…လူမှုရေးက မရှိ….ကြီးကြီးကျယ်ကျယ်….လူကသာ ခါးကုန်းနေပြီ…မာနက ကြီးသေး….ရုပ်ကလည်း အရွတ်…ငါတို့ က အချင်းချင်းမို့လို့ သိနေတာလေ….ဒီကောင်နဲ့ သာ မြို့ထဲ တွဲသွားရင်…ဒီကောင် ပိုင်လုံးပဲ….တူတယ် တန်တယ် ထင်လို့လား…လူဆိုတာ ကိုယ်နဲ့ တူရာတန်ရာ တွဲတက်ရတယ်…မဟုတ်ရင် နှစ်ဖက်စလုံး ထိတာပဲ…ခုသာ သည်းနေတာနော်…မင်းကြည့်လိုက်…ဒီကောင့်အတွဲ ဗြဲမှာကွာ…"
"နားစမ်းပါ….ဒီမှာ…ဒီမှာ…."
နေရှင်းသန့် ရင်ဘတ်ကို ပုတ်ပြတော့ ထွဋ်နိုင်က လက်သီး ချင်းတိုက်ပြီး ဂုဏ်ပြုပေးသည်..။
အောင်ကျော်ကတော့ အမြင်ကပ်ကပ်ဖြင့် ကျောကို တစ်ချက် ထုသည်..။
သော်တာ ကလည်း အခုဆို စေ့စပ်သွားပြီလေ…။
သူငယ်ချင်း အဖြစ်အခေါ်အပြော ရှိသေးပေမဲ့ မကြာခင် နိုင်ငံခြား သွားတော့မည်..။
"နေကြီး…"
"အမ်း…"
"မင်း…ကျေးဇူးတွေ ထောက်ပြီး…တွဲပေးနေတာတော့ မဟုတ်ဘူးမလား…"
နေရှင်းသန့် ရယ်နေရင်းက တွေကျသွားကာ စဉ်းစားမိသည်..။
ပီပီ့ ကို ကျေးဇူးရှင်လို့ သတ်မှတ်ထားတာ သပ်သပ်ပါပဲ…။
အလုပ်ရှှုင် အစ်မလည်း ကျေးဇူးရှင်ပါပဲ..။
ဒ့ါပေမဲ့ ပီပီ့ ကို ချစ်တာ သေချာပါသည်.။
ဟိုးငယ်ငယ် ကတည်းကပေါ့…။
"မဟုတ်ဘူး….ဟိုးငယ်ငယ်ကတည်းကငါ သူ့ကို ချစ်တယ်….သူ့ကို ရင်ခုန်တယ်…သူ့ဘက်က မောင်လေး ကလေး တစ်ယောက်လို သဘောထားကတည်းက င ါသူ့ကို ချစ်တယ်….သူ့ကြောင့် ငါ အများကြီး ကြိုးစားပြောင်းလဲခဲ့တာပဲ…"
"…………"
နေရှင်းသန့် အမှန်အတိုင်း ပြောနေတာ သိတော့ အော်ကျော်က မနောက်တော့ပဲ ငြိမ်ကျသွားသည်..။
ထွဋ်နိုင် က ဖန်ခွက်ထဲကို ရေခဲတုံး ထည့်ပေးနေသည်..။
"နေကြီး.."
"ဟမ်…."
"မင်း..စိတ်မချဘူးမလား…"
"…………."
"သူက စီးပွားရေး အသိုင်းအဝိုင်းက….ယောက်ျားတွေနဲ့ အလုပ်လုပ်နေရသူ…မင်း စိတ်က အဆင်ပြေရဲ့လား…"
"ဟင်း…မပြေဘူး…ဒါပေမဲ့….သူ့မှာ အားနည်းချက် တစ်ခုရှိတယ်…"
"ဘာလဲ…"
"ယောက်ျားတွေကို ကြောက်တယ်….ငါကလွဲလို့ပေါ့…"
"ဟား…ဟား…."
"အဟွင်း…"
အောင်ကျော်ဦးက ရယ်ပေမဲ့ ထွဋ်နိုင်ကတော့ နှုတ်ခမ်းတွန့်၍ ပြုံးသည်..။
မဖြစ်နိုင်ဘူးလို့ ထင်နေပုံပါပဲ..။
နေရှင်းသန့်လည်း သေချာလေ့လာပြီးမှ နောင်တရကာ ပိုသနားမိသွားတာလေ..။
"မင်း ယုံတာပဲလား…"
"တကယ်…"
"ငါ စမ်းပြရမလား…မိန်းမ က မိန်းမ…ယောက်ျားက ယောက်ျားပဲကွာ….ဆန့်ကျင့်ဘက်ချင်း နီးရင် ငြိမှာပဲ…ဒါက နိယာမပဲ….မင်းအဘွားကြီး ချုပ်လိုက်တဲ့ တော်ကီ ကလည်း ရူးကြောင်ကြောင်ကြီး…"
"ဟူး…အေးပါကွာ….ငါ က ဂျိုကောင်ကြီး ရပလား.."
"ကြည့်ထား…ထွဋ်နိုင်….မတ်မတ်တွေ ရဲ့ တော်ကီ က ယုတ္တိရှိစရာမလိုဘူးကွ….အလိုလို ဂျိုထွက်တယ်….နေကြီးကိုသာ ကြည့်တော့…"
"အေးကွာ…ဟုတ်တယ်…မောင်ဆိုတဲ့ အသံလေး ချိုလွန်းလို့ ဂျို မြန်မြန် ပေါက်ပါစေ ဆုတောင်းနေရတာဟေ့….ရှင်းပလား…"
"ဟား..ဟား…."
"မောင်….ဟခလောင်း…ဖြစ်စေ…"
"ဝမ်းဘဲ…မတ်မတ်ပေါ့ကွာ…."
"ဟား….ဟား…သေတော့မှာပဲ….."
"မတ်မတ် က လွဲရင် စကြာဝဋ္ဌာ တစ်ခုလုံး အမှုန့်အမွှား…."
"ဟား..ဟား…."
"လာသေးတယ်…"
"…………"
ပီပီ အကြောင်း တွေကို ရင်ဖွင့်တိုင်း အောင်ကျော်တို့က လှောင်ပေမဲ့ စိတ်မဆိုးပါဘူး..။
သူငယ်ချင်းတွေ လှောင်နေသလို လည်း မဟုတ်ဘူး…။
အချစ်မှာ မျက်စိမပါဘူးဆိုတဲ့ ခံစားချက်နဲ့ ချစ်ခဲ့တာလည်း မဟုတ်ဘူး..။
ကြင်နာတက်တဲ့ နှလုံးသားကို ခံစားမိပြီးမှ စွဲစွဲလမ်းလမ်း ချစ်ခဲ့မိတာလေ…။
တခြားသူ အမြင်မှာ အဆင်မပြေလွန်းတဲ့ မိန်းမ..။
အသက်ကြီးပြီး ဘဝင်မြင့်တဲ့ သာမာန် အမျိုးသမီး တစ်ယောက်ပေါ့…။
ကိုယ့်အတွက်တော့ အဖြူရောင် နတ်သမီး…။
နေရှင်းသန့်တို့ သူငယ်ချင်းတွေ အိမ်ပြန်ရောက်တော့ တစ်နာရီ ကျော်နေပြီ..။
ပီပီ့ ဆီ ဖုန်းဆက်ဖို့ စဉ်းစားမိပေမဲ့ အိပ်နေရင် နှိုးသွားမှာ စိုးလို့ အဝတ်အစားတွေ အရင်လဲလိုက်သည်..။
ဖုန်းမဆက်တော့ပေမဲ့ အသည်းပုံ စတေကာ ပုံလေး ပို့ပေးမိသည်.။
ခဏ အတွင်း ဖုန်းခေါ်တော့ ချွတ်လက်စ တီရှပ်ကို ပြန်ဝတ်လိုက်ရသည်..။
"ဟလို…"
"ရောက်ပြီလား…"
"အမ်း…အခန်းထဲမှာ…ပီပီ ကို အိပ်နှင်ပါဆို မအိပ်ဘူး"
"အင်း…အိပ်မရလို့…ပျော်ခဲ့လား…"
"ပျော်တာပေါ့….ဗီဒီယိုတွေတောင် ရိုက်ခဲ့သေးတယ်…သက်သေပေါ့…"
"အဟွင်း…မလိုပါဘူး…နင့်ကို ငါ ယုံပါတယ်…."
"လုပ်ပြန်ပြီ…"
"ယုံတယ် ဆိုပေမဲ့ ဂရုစိုက်တယ်နော်…နှုတ်ကျိုးနေလို့ပါဟယ်….ထမင်းကော စားခဲ့လား…"
"အင်း…"
"သူငယ်ချင်းတွေ များလား…"
"အဟွင်း…များတာပေါ့….ယောက်ျားလေး မိန်းကလေးတွေ အများကြီးပဲ…ပျော်စရာကြီး…"
နေရှင်းသန့် တမင်ပြောလိုက်ပေမဲ့ တစ်ဖက်က အင်းဆိုတဲ့ အဖြေသာ ရသည်..။
ကောင်းရော…။
အဲဒါကျတော့ အောင်ကျော်ဦး ဘဝထက် သာသွားပြန်ပြီ..။
မနက်ကျရင် သဲသဲက သူငယ်ချင်းတွေအကုန်လုံးကို ပတ်မေးဦးမည်လေ.။
စော်မခေါ်ဘူးဆိုတာ သေချာအောင် အပေါင်းအသင်းတွေ ဆီ စုံစမ်းဦးမည်.။
စိတ်ကောက်၍ ရစ်ဦးမည်..။
ကိုယ့်မတ်မတ် ကတော့ အသာကြီး..။
"ပီပီ….အိမ်မှာမလား…"
"အင်းလေ…..အိပ်ရာပေါ်တောင်ရောက်နေပြီ….စာအုပ်ဖတ်စောင့်နေတာ….ဖုန်းမခေါ်သေးလို့…"
"ဒါဆို …ဘာလို့ လေသံတွေ ပါနေလဲ…..ဘာလို့ ဗီဒီယိုကောမခေါ်လဲ…"
"အမလေး….နေရှင်းသန့်ရယ်…ဒီနေ့ နောက်ကျနေတော့ ရစ်မှ ရစ်ပါ့မလား စိတ်ပူနေတာ…ခုမှ ရင်ထဲက အလုံးကြီး ကျသွားတော့တယ်…ဟူး…."
"ဘာ…"
"ဟုတ်တယ်လေ…တစ်ခုမဟုတ်..တစ်ခုရစ်မှာပဲမလား…."
"သြော်…ငါက ရစ်တယ်ပေါ့…ပီပီ မချစ်လို့ အပြစ်မြင်တာလေ…"
"အဟွင်း…ဟုတ်ပါပြီ….ခုအိပ်တော့…"
"မအိပ်ဘူး…"
"ဟယ်…..ဘာကို ကောက်တာလဲ…ပြောပြဦးလေ…အဘွားကြီးဆိုတော့ မသိဘူး…"
"ကောင်မလေး တွေ ပါတယ် ပြောတာ…နင်က အဖက်ကို မလုပ်ဘူးလေ…တကယ်ချစ်တဲ့ မိန်းကလေးဆို သဝန်တိုတယ်…မေးမယ်…"
"နင့်ကို ယုံလို့ မမေးတာလေ…မယုံရဘူးလား….လိမ်နေတယ်လို့ တွေးပြီး သဝန်တိုပြရမှာလား…"
"ဟွန့်….အဘွားကြီး….စကားကိုလည်း ကပ်ပြောသေးတယ်…"
"ကပ်မပြောပါဘူးရှင်….ခွာပြောနေတာပါ…..ကိုယ်တော် မရစ်သေးတော့ ကျွန်မ အိပ်မပျော်ဘူးလေ…ခုတော့ အိပ်ချင်လာပြီ…ဖုန်းချလိုက်တော့မယ်….မယုံရင် ဖုန်းဆက်လိုက်…ကျွန်မ မခေါ်တက်ဘူး…ဒါပဲ…."
"ဟ….ပီပီ…ဟလို…"
နေရှင်းသန့် ဖုန်းကို ကြည့်ရင်း အော်နေပေမဲ့ ဖုန်းကို တကယ်ချပစ်သည်..။
အဝတ်အစားလဲပြီး မျက်နှာသစ်ကာ အိပ်ရာပေါ် ရောက်တော့ အိပ်မရပြန်..။
ကိုယ့်စိတ်ထဲမှာ ဘယ်လောက်ပဲ ရစ်ရစ်…ပီပီ့ကိုသာ အချစ်ဆုံးပါ..။
ပီပီကျတော့ သမားရိုးကျ မိန်းကလေး ပုံစံမျိုးလည်း မဟုတ်..။
တကယ်ချစ်တာတောင် ဟုတ်ရဲ့လားလို့ တစ်ခါတလေ သံသယ ဝင်မိသည်..။
"တီ….တီ…တီ…."
"ဟွန့်…."
"………"
နေရှင်းသန့် အားရအောင် ပြုံးပြီးမှ မျက်နှာတည်တည်ပြင်၍ ဖုန်းကိုရွေ့လိုက်သည်..။
"ဂုည …မင်းသားလေး…"
"ခုမှ မင်းသားလေးတဲ့…ဟွန့်…."
"အဟွင်း…"
"ဘာမှ မလိမ်းပဲ အိပ်ပြန်ပြီလား…"
"မရတော့ဘူး…အရမ်းအိပ်ချင်နေပြီ…."
"သူများကို တုန်းက ဆူလိုက်တာ…ညစ်ပတ်တယ် ဘာဘာညာညာနဲ့…သူကျတော့ ပိုတောင်ဆိုးသေး…"
"အသက်တွေလည်း ကြီးပြီလေကွယ်….အဘွားကြီးလည်း ဖြစ်နေပါပြီ….မင်းသားလေးပဲ ပြင်ပါ…ကျွန်တော်မျိုးမ အတွက်ကတော့ အလှအပတွေထက် အိပ်ရေး၀၀ အိပ်စက်ရခြင်းကိုသာ ပို၍ နှစ်သက်မြတ်နိုးမိကြောင်းပါရှင့်…"
"အဟွင်း….အလျှောက်ကောင်းလို့ အထောင်းသက်သာတယ် မှတ်ပါ.."
"ဟွင်း….ဖုန်းအရင်မချတော့ဘူးနော်…."
နေရှင်းသန့် ခေါင်းညိတ်ပြီး မီးရောင်မရှိတော့တဲ့ အခန်းမြင်ကွင်းကို ငေးကြည့်နေမိသည်..။
ပီပီကလည်း ဘာဖြစ်လို့ ဒီလောက် လိမ်မာနေတာလဲ..။
ရစ်ချင် ဆူချင်ရင်တောင် ရှာဖို့ မလွယ်တော့ဘူး..။
နေရှင်းသန့် ခေါင်းရမ်းရင်း ဖုန်းကို ဘေးချလိုက်ပြီး အိပ်ရာပေါ် လှဲအိပ်လိုက်သည်..။
အိပ်မက်တွေမှာ တင်းတင်းကြပ်ကြပ် ဖက်ထားကြရအောင်….ပီပီရယ်..။
သူဝင်ထားတဲ့ စိုက်ပျိုးရေး အဖွဲ့က ဖျက်သိမ်းလိုက်တော့ သင်တန်းလည်း လာစရာမလိုတော့ဘူး.။
အလုပ်မအားတာသိပေမဲ့ သူ့ဆီလည်း လိုက်မသွားချင်သေး..။
လိုက်သွားလို့လည်း မဖြစ်အောင် နေရှင်းသန့် တစ်ယောက်တည်း အလုပ်များနေသည်..။
လာခဲ့ပါလို့လည်း မခေါ်ရက်ပါ..။
နေရှင်းသန့်တို့ လက်ထပ်ထားတယ်ဆိုတာ သိတဲ့သူ လူနည်းစုသာ ရှိသည်..။
ပီပီက ဘာမှ ဂရုမစိုက်ပေမဲ့ ကိုယ့်ကြောင့်  ပတ်ဝန်းကျင် က ပီပီကို ဝေဖန်မှာ စိုးရိမ်သည်။
ကျောင်းပြီးမှ သွားဖို့ဆုံးဖြတ်ထားသည်။
နေရှင်းသန့် သက်ပြင်းချလိုက်ကာ ဖုန်းထဲက  မျက်လုံးမှိတ်အိပ်နေတဲ့ ပုံလေးကို ဖွဖွ နမ်းလိုက်မိသည်..။
အိပ်မက်ဆိုးတွေ မောင့်အနမ်းဖြင့် ပျောက်ကွယ်သွားပါစေ..။
ချစ်ရတဲ့ မောင့်ရဲ့ အဖြူရောင် နတ်သမီးလေး အိပ်မက်လေးတွေ လှပါစေ..။

◇◆◇◆◇◆◇◆◇◆◇◇◆◇◆◇◆◇◆◇◆

ဇာတ်လမ်း အဆက်မမိ ဖတ်မကောင်းရင် ခွင့်လွှတ်ကြပါ ❤📖🙏😢

ခုရက်ပိုင်း စာတွေ ပြန်မစစ်တော့ဘူးနော်
အချိန်မရ တော့လို့ပါ…။
အမှားအယွင်း အပိုအလို အလွဲအမှောက် စာလုံးမမှန် ဝါကျ မမှန် ပါရင် ဖြည့်ဖတ်ပေးပါ။
ဝတ္ထု တစ်ခုကို အဆုံးမသတ်ပဲ မထားခဲ့ချင်လို့ပါ။
အမြန်ဆုံးနဲ့ ပန်းကန်ပြားစီးပြီးရေးရပါ့မယ်။
စာဖတ်သူလေးတွေက အကြိုက်ပေါ့နော်…။
စာတွေဖတ်ဖို့ ဖိုက်တင်းပါ ✍💪❤📖

စာတွေဖတ်ပေးတာ ကျေးဇူး အထူးတင်ပါတယ် ❤💪📖

😢✍🙏

Love U All ❤

࿇Sקicค Liຖ࿇

မြူခိုးမှိုင်းဝေWhere stories live. Discover now