Part 25 (1)

3K 180 4
                                    


မြူခိုးမှိုင်းဝေ
အပိုင်း (၂၅)(၁)
0902-1129
#မြူခိုးမှိုင်းဝေ

"နေကြီး…မင်း ဘယ်လဲ…"
"ပီပီ့ဆီကိုလေ…"
"ငါ ပြောလိုက်ရ…မင့်ဘွားတော် ဆီ နောက်မှ သွား…ဒီမှာ စာရွက်ကို လာကြည့်ဦး…"
"ညကျမှ လုပ်မယ်ကွာ…နောက်ကျနေပြီ…"
"ဟာကွာ… မနက် ခုနှစ်နာရီ ကို နောက်ကျစရာလား …ကိုးနာရီ ကို အတင်းနှိုးရတဲ့ကောင်က ဘယ်အချိန်ထ ရေချိုးထားတာလဲ…"
"ဟဲဟဲ…."
" ….မင်းနော်….လူကြားမကောင်းအောင် ခွေးကျကျလိမ့်မယ်..သလား.."
"စကြာဝဋ္ဌာရဲ့…အမှုန့်အမွှားပါကွာ….ပါးပါးလေး…သွားပြီ.."
နေရှင်းသန့် လက်ပြပြီး အခန်းထဲက ထွက်လာကာ လှေကားတွေကို ခပ်မြူးမြူး ဆင်းပြေးခဲ့သည်.။
လမ်းပေါ် ရောက်တော့မှ ဆံပင်ကို တစ်ချက်သပ်ပြီး ဝတ်လာတဲ့ ရှပ် အဖြူ နဲ့ နက်ပြာဘောင်းဘီကို တစ်ချက် ကြည့်မိသည်..။
ဒီနေ့တော့ ဂျင်နရယ် ဆန်ဆန်ပေါ့လေ..။
နေရှင်းသန့် ကားတားပြီး ကားပေါ် ရောက်တော့မှ ဖုန်းဖွင့်ကာ အောင်ကျော်ဦး ပို့လိုက်တဲ့ စာရွက်တွေကို ဖတ်ကြည့်ရသည်..။
တစ်ခါတလေကျတော့လည်း အောင်ကျော်ဦးက အတော်လေး ချစ်ဖို့ကောင်းသား..။
"မမ က မောင်ခေါ်ရာ လိုက်မှာလား…မမက မောင်ခေါ်ရာ လိုက်မှာလား…လိုက်ခဲ့…."
နေရှင်းသန့် သီချင်းညီးရင်း လှေကားတွေကို ပြေးတက်သွားလိုက်သည်..။
အခန်းတံခါး ခေါက်ပြီး ခဏကြာတော့မှ တံခါး လာဖွင့်ပေးသည်..။
မျက်နှာတောင် မသစ်ရသေးဘူး ထင်ပါရဲ့..။
"နေရှင်းသန့် …..စောလိုက်တာ…."
"ရှစ်နာရီတောင် ထိုးတော့မယ်…စောမလား….ဘာလဲ..ခုမှ အိပ်ရာ ထတာလား…"
"ဟမ်…အမ်း…"
အကြည့်လွဲပြီး မျက်လွှာ ချလိုက်တော့ နေရှင်းသန့် ခိုးပြုံးမိသည်..။
တကယ်မျက်နှာ မသစ်ရသေးတာပဲ..။
အခန်းထဲကိုဝင်လာချိန် ကြမ်းပြင်ပေါ်မှာ ခေါင်းအုံးတွေ့တော့ လှည့်ကြည့်လိုက်သည်…။
"ပီပီ ဘယ်မှာအိပ်တာလဲ…"
"အခန်းထဲမှာလေ…."
"ဒါက…."
"အိပ်တုန်းကတော့ အခန်းထဲမှာပဲ….."
"အိပ်မက် ပြန်ပြီလား…"
ခေါင်းညိတ်ပြီး ခေါင်းအုံးကို ကောက်သိမ်းသွားတော့  နေရှင်းသန့် ဖိနပ်ချွတ်လိုက်သည်.။
အိပ်မက်ပြီး နှိုးလာရင် ပြန်မအိပ်တော့ပဲ စာအုပ်ထိုင်ဖတ်နေတက်တာ သိတော့ နေရှင်းသန့် စောစောလာမိတာ နောင်တရသွားသည်.။
မနက်စာ အတူတူ စားချင်ပေမဲ့ မအိပ်ပဲ နေရင် ပြဿနာ..။
တစ်ခါ ဖျားဦးမည်….။
"မိုးလင်းတာနဲ့ သန့်နေတယ်..ဘယ်အချိန် ထ လဲ…"
အခန်းထဲက ထွက်လာရင်း မေးတော့ နေရှင်းသန့် မလုံမလဲဖြင့် ခေါင်းကို တစ်ချက်သပ်လိုက်သည်..။
"သင်တန်း တစ်ခုက တောင် ပြန်လာပြီ…"
"စောတယ်နော်…"
"အမ်း…အချိန်မရှိလို့….မနက်ပိုင်း တက်ဖြစ်တာပါ…..ပီပီ လုပ်လေ….ငါတို့ မုန့်သွားစားကြမယ်…."
"ဟင်…"
မျက်လုံး ပြူး၍ ကြည့်တော့ နေရှင်းသန့် ရယ်မိသည်..။
လူရှုပ်တဲ့ ဆိုင်ကို ခေါ်သွားမယ်များ ထင်နေသလား မသိ…။
"လူမရှုပ်ပါဘူး…"
"ဟင်း…အိပ်ရေးမဝလို့ ခေါင်းကလည်း သိပ်ကြည်တာ မဟုတ်ဘူး..အိမ်မှာပဲ စားလိုက်တော့မယ်…."
"ခဏလေးပါ….လုပ်ပါ….မြန်မြန်…"
နေရှင်းသန့် ထပ် ပြောလိုက်တော့မှ ခေါင်းကုတ်၍ မျက်နှာသစ်ဖို့ ပြင်ဆင်တော့သည်..။
ကြမ်းပြင်ပေါ်က အိတ်ခွံတွေ ကို ကောက်သိမ်းပြီး တံမြတ်စည်း လှည်းပေးလိုက်သည်..။
အမှိုက်တွေကို ခြင်းထဲ ထည့်ရင်း ပီပီ့ကို တစ်ချက်ကြည့်မိသည်..။
ခေါင်းစုတ်ဖွားလေးနဲ့ …။
နေရှင်းသန့် နှာခေါင်းရှုံ့ပြီး ပြုံးမိသွားသည်..။
"အဟမ်း….ညတုန်းက ဘာဖြစ်တာလဲ…."
"အမ်း…ဟို….အောင်ကျော်တို့နဲ့ လာရင်း လမ်းကြုံလို့ပါ….ပီပီ နဲ့ကွက်တိပဲမလား.."
နေရှင်းသန့် လက်ညိုးထိုးရင်း ပြောလိုက်တော့ တီရှပ်ကို ငုံ့ကြည့်ပြီး ခေါင်းညိတ်သည်..။
မျက်နှာရေသုတ်ရင်း အခန်းထဲ ဝင်သွားတော့ ကြမ်းပြင်ပေါ်က ရေတွေကို အလိုက်တသိ သုတ်ပေးမိသည်..။
"နေရှင်းသန့်…"
"ဟင်…."
"အားရဲ့လား…"
"အားတာပေါ့…ဘယ်သွားချင်သေးလို့လဲ…"
"နင် နေကောင်းရဲ့လား…နေရှင်းသန့် သေချာပါတယ်နော်…"
မျက်ခုံးတွန့် ခါးထောက်ပြီး လူကို မယုံသင်္ကိာ သလို ကြည့်၍ မေးတော့  မျက်မှောင်ကြုတ်မိသည်..။
အဘွားကြီးတော့ ပြဿနာ ရှာချင်နေပြန်ပြီ…။
"ဟုတ်တယ်လေ…ညတုန်းကလည်း ပြေးလာပြီး မပြောမဆိုနဲ့ ပြန်ပြေးတယ်….မိုးလင်းတော့လည်း ရောက်လာပြန်ပြီ….အရင်တုန်းက စူပုတ်ပြီး ကားမောင်း ပေးခဲ့တာဆိုတော့ သိပ်ပြီး မယုံရဲဘူး.."
"ပီပီကလည်း…"
နေရှင်းသန့် ပြောရခက်စွာဖြင့် ခေါင်းကို တစ်ချက် ကုတ်လိုက်ကာ နှာခေါင်းရှုံ့မိသည်..။
ပီပီ က ရယ်ပြီး ခေါင်းရမ်းရင်း သူ့အိတ်ကို ဖွင့်၍ အဝတ်အစား တွေ ထုတ်နေသည်…။
လူကို အားရဲ့လားလို့ တမင် မေးပြီး ကလဲ့စားချေချင်နေတာလား..။
မကျေနပ်ချက်တွေ ပေါက်ကွဲ ပြချင်လို့ မေးလိုက်တာလား..။
"ပီပီ ဘယ်သွားစရာ ရှိလို့လဲလို့…"
"မဟုတ်ပါဘူး…ဒီနေ့ သင်တန်းချိန်က ပြောင်းသွားလို့ပါ…မနက်ပိုင်း ဖြစ်သွားပြီ…."
"ဒါဆို…ပီပီ တစ်ခါတည်း လိုအပ်တာ ယူလိုက်လေ…မုန့်စားပြီး လိုက်ပို့ပေးမယ်…"
"ဟူး…အားနာစရာကြီး…"
"အားနာရင် ဒရိုင်ဘာကြေး အလိုက်တသိပေးပေါ့…"
"အဟွင်း…ငါ ပေးတာ နင် မလိုတော့ပါဘူး.."
ပီပီက  ပြုံးရင်း ပြောလိုက်ပေမဲ့ နေရှင်းသန့် စိတ်မကောင်း ဖြစ်သွားသည်..။
ဘာဖြစ်လို့များ အရူးထပြီး လျှောက်လုပ်မိပါလိမ့်…။
ပီပီ စေတနာကို စေ်ာကားမိသလို ခံစားရတော့ အားနာပါသည်.။
"ပီပီ…"
"အင်…"
ခုတင်ပေါ် မှာ ထိုင်ပြီး အိတ်ကိုင်ထားတဲ့ ပီပီက မော့ကြည့်တော့ နေရှင်းသန့် ကြမ်းပြင်မှာပဲ ထိုင်ချလိုက်သည်…။
ပီပီ က မျက်ခုံးတွန့်ပြီး ငုံ့ကြည့်တော့ သက်ပြင်း တစ်ချက် အရင်ချမိသည်..။
"ငါ…ငါ ပိုက်ဆံ ပြန်ပေးတာ အရမ်း ရိုင်းတယ်ဆိုတာ သိပါတယ်…"
"သြော်..သိလား….ငါက ကလေး မို့လို့ မသိနားမလည်ပဲ ပို့နေတယ် ထင်တာ…သိရဲ့သားနဲ့ လုပ်တာ ဆိုတော့ …"
"အာ…မဟုတ်ဘူး…မဟုတ်ဘူး…ပီပီ သိသားပဲ ….ငါ ဟိုးအရင်ကတည်းက ပြောထားတယ်လေ.....ပိုက်ဆံတွေကို သေချာ မှတ်ထားတယ် ပြန်ဆပ်မယ် ဆိုတာ.ပီပီ မှ မဟုတ်ဘူး..ဘယ်သူဖြစ်ဖြစ် ပြန်ပေးဖို့ ဆုံးဖြတ်ပြီးသားမို့ပါ..အဲဒီ့ ဆုံးဖြတ်ချက်ကြောင့် ငါ ပိုကြိုးစားဖြစ်တယ်….အဲဒီ့ ဆုံးဖြတ်ချက်က ငါ့ဘ၀ တိုးတက် ဖို့ တွန်းအား ဖြစ်ခဲ့တယ်…"
"ဒါပေမဲ့….ငါဘက်ကကြည့်တော့……အင်းလေ…ပြီးခဲ့ပါပြီ….ထားလိုက်တော့….နင် နောက်ထပ် စူစူ ပုတ်ပုတ် မလုပ်ပဲ လိုက်ပို့နိုင်ရင်တော့ ဒီနေ့ သင်တန်းကို လိုက်ပို့ပေးလေ…"
"ဟူး…ပီပီ က အိပ်ရေးမဝရင် ပြဿနာ ရှာတာ အရင်အတိုင်းပဲနော်….ကြောက်ဖို့ကောင်းလိုက်တာ…မနေ့က တမျိုး ဒီနေ့ တမျိုး….."
နေရှင်းသန့်ကို နှာခေါင်းရှုံ့ပြပြီး ခုတင်ပေါ်က ထ၍ အဝတ်အစားတွေ ယူကာ ရေချိုးခန်းဘက်ကို သွားပြန်သည်..။
အလိုက်ကန်းဆိုး မသိ သူ့အခန်းထဲဝင်ထိုင်နေမိသည့် အဖြစ်ကို သတိရတော့မှ ကိုယ့်ကိုယ်ကို မကျေမနပ်ဖြစ်သွားသည်..။
ပီပီ က အရင်တုန်းက အတိုင်းပါပဲ..။
အိုး…ငါ ကော ဘာထူးလဲ..။
နေရှင်းသန့် စောင်ခေါက်ပေးနေရင်း ပီပီ့ ဆီမှာ နေတုန်းက အချိန်တွေကို သတိရကာ တစ်ယောက်တည်း ပြုံးနေမိသည်..။
"အိုး…ငါ ရေပိတ်ဖို့ မေ့ပြန်ပြီ…"
"ငါ သွားလိုက်မယ်…"
နေရှင်းသန့် မီးဖိုခန်းကျဉ်းလေးထဲ ရောက်သွားပြီး ရေပိတ်ရင်း သက်ပြင်း တစ်ချက်ချလိုက်သည်…။
ပီပီ့ ကို ဘယ်လို ပြောရင် ကောင်းမလဲ…။
.
"ဆံပင်တွေ ဘာလို့ ညှပ်လဲ…"
"ဟမ်…."
မြက်ခင်းစိမ်းလေးတွေကို ငေးနေချိန် ကြားလိုက်ရတဲ့ စကားကြောင့် ပြန်လှည့််ကြည့်မိသည်..။
"သူများတွေ  ဆံပင်က ရှည်လာတယ်…ပီပီ့ ဆံပင် တိုလာတယ်…"
"အဟွင်း…..ရှည်လာရင် ရှုပ်လို့ပါ…"
"အင့်…."
စိုးစိုး ပန်းကန်ရှေ့ကို ကြက်ဥ ကြော် ဝိုင်းဝိုင်းလေး နဲ့ အသီးအနှံတွေကို လှလှလေး ပြင်ထားသည့် ပန်းကန်ရောက်လာသည်..။
သူ့ အကျီ ၤ အဖြူက ကြယ်သီးငွေရောင်လေးတွေကို ငေးရင်း စိတ်ထဲ နားမလည် ဖြစ်နေသည်…။
ညတုန်းကလည်း ဘာဖြစ်မှန်း မသိပဲ ရောက်လာပြီး အကျီ ၤ တစ်ထည် ပေးသွားသည်..။
သူ ပြန်သွားတော့ စိုးစိုး မှာ အတွေးတွေဖြင့် အိပ်ရေးပျက်ရပြန်သည်..။
အခုလည်း မနက်စောစော ပြင်ဆင်ပြီး ရောက်ချလာသည်..။
နိုင်ငံခြားသား ဧည့်သည်တွေ တောင် ရှိသည့် ဆိုင်ကောင်းကောင်းကြီး ကိုခေါ်လာသည်.။
စားပွဲဝိုင်း သုံးဝိုင်းလောက်ပဲ လူရှိပြီး တိတ်ဆိတ်ငြိမ်သက်ကာ ပတ်ဝန်းကျင်ကလည်း စိမ်းစို လှပသည်..။
ရန်ကုန်မှာ ဒီလို အေးချမ်းတဲ့ နေရာလည်း ရှိနေတာ သိရတော့ အံသြမိသေးသည်…။
ဟိုတစ်ခါတုန်းက ဆိုင်ကျဉ်းလေးထဲ ခေါ်သွားချိန် စိုးစိုး လုပ်ခဲ့တာကို မကျေနပ်လို့များလား..။
သူ့ကို အကဲခတ်မိချိန် ဆံပင်ကို သေချာ ပုံကျနေအောင် ဖြီးထားတော့ လူကြီးဆန်သွားပြန်သည်.။
ရှပ်အကျီ ၤ လက်အောက်မှာ တစွန်းတစ ပေါ်နေသည့် နာရီကြောင့်လည်း  လူကြီးဆန်ပြီး ပိုခန့်ငြားသွားသည် ထင်ပါရဲ့..။
စိုးစိုး သက်ပြင်းခိုးချလိုက်မိသည်..။
သူနဲ့ မျက်နှာချင်းဆိုင် ထိုင်ရင်း အရာရာမှာ နိမ့်ကျသေးငယ်နုတ်ချာသွာသလိုပါပဲ..။
"…………"
စိုးစိုး ရှေ့က ပန်းကန်ထဲကို သစ်သီးယိုတင်ထားတဲ့ ပေါင်မုန့် အပိုင်းလေးထည့်ပေးတော့ လည်း နေရခက်သည်..။
သူ ငယ်ငယ်တုန်းက ဆိုင်ကောင်းကောင်းမှာ စားတက်အောင် ဆိုပြီး ဆူရင်း ပြောရင်း လိုက်ကျွေးခဲ့တာ ကို သတိရသည်..။
ဒါလည်း အကြွေးဆပ်နေခြင်းများလား..။
မကျေနပ်တဲ့ စိတ်နဲ့ ကလဲ့စားချေချင်တာလား…။
စိုးစိုး ရှေ့က ကော်ဖီခွက်ကို လှမ်းယူရင်း တစ်ချက်ကြည့်လိုက်သည်..။
ရှေ့မှာ ထားပြီး ပြုံး၍ စိုက်ကြည့်နေတာ သိတော့ စိတ်ထဲ တမျိုးခံစားရင်း ရင်ခုန်သွားသည်…။
သူ က အကြည့်တွေ လွဲပြီး ပန်းကန်တွေကို နေရာရွေ့ပြန်သည်..။
"ဘာပြောချင်လို့လဲ …နေရှင်းသန့်…"
"ဟင်…."
"တစ်ခုခု ပြောချင်နေတာမလား….ပြောလေ…"
စိုးစိုး မေးလိုက်တော့ ပြုံး၍ ခေါင်းညိတ်ကာ ကော်ဖီ ခွက်ကို ငှဲ့ပေးသည်.။
"ပီပီ လက်ထပ်ဖို့ အစီအစဉ် ရှိလား.."
"အဲဒါ မေးချင်တာလား…."
"အင်း…"
"ဘာလဲ….နင့်မှာ အစီအစဉ် ရှိတယ်….ငါ့က အနှောင့် ဖြစ်နေလို့လား…"
"ဟာ….ငါ က ဘာလို့ လက်ထပ်မှာလဲ…ငါ့မှာ မိန်းမ ရှိတယ်လေ…"
စိုးစိုး ကို ကြည့်ပြီး မေးထောက်ကာ ပြုံး၍ ပြောတော့ ရင်ခုန်သွားသည်..။
အိုး..သူက အပြောင်အပျက် အနေနဲ့ ပြောတာကို ဘာဖြစ်လို့များ ခံစားနေရတာလဲ..။
"ဟွန့်….မယူချင်သေးလို့ အကြောင်းပြနေတာမလား…"
"ပီပီ ဝိုက်နေတာနော်…ဒီပုံစံ ဆို သေချာ တယ်….ပီပီ လက်ထပ်တော့မယ်….ဘယ်သူလဲ စိုးမင်းလား….ဆေးဆိုင် က ရော်နီဆိုလား ဘာလား အဲ့ကောင်လား…"
မျက်နှာထား မှုန်မှုန်ဖြင့် မေးနေတဲ့ သူ့ကို နားမလည် နိုင်ဖြစ်ရပြန်သည်…။
လူငယ်တွေက ဒီလိုပဲလား..။
အခုပဲ ရယ်ပြုံးနေပြီး အခုကျ စူပုတ်သွားပြန်သည်…။
"အိုး…ဘယ်သူမှ မဟုတ်ဘူး….ငါ့အသက် ငါ့အရွယ်နဲ့ လက်ထပ်ပွဲ ကောက်စီစဉ် ဖို့လည်း မလွယ်တော့ဘူး….အပျိုကြီး လုပ်မှာ ရှင်းပလား…."
"ဟီး….ကောင်းတယ်…"
"သြော်…တော်တယ်နေ်ာ…"
"ပီပီ ပြောဖူးတယ်လေ….ရည်းစား မထားဖူးဘူးဆိုတာ လေ…တကယ်လား…"
"ဘာဖြစ်ပြန်ပလဲ…"
"ဟီး….အောင်သွယ်ပေးမလို့…"
"သြော်…မုန့်လိုက်ကျွေးတာ အကြောင်းနဲ့ကိုး…"
"ပီပီ က မိန်းကလေးပဲ ….ဘဝမှာ တစ်ကြိမ်လောက်တော့ ခပ်ချောချော ကောင်လေး ရဲ့ အချစ်ကို ခံသင့်တယ်လေ…မဟုတ်ရင် မိန်းကလေး အဖြစ် လူလောက ရောက်လာတာ ဘယ်တန်မလဲ….အချစ်မခံချင်ဘူးလား…"
"အမ်…အထူးအဆန်း…"
"မလိမ်နဲ့…မလိမ်နဲ့….နည်းနည်း တော့ စိတ်ဝင်စားသွားတယ်မလား.."
ကလေး တစ်ယောက်လို လက်ညိုးထိုးပြီး လှောင်နေတဲ့ သူ့သွားစွယ်လေးတွေကို ကြည့်ရင်း ပြုံးမိသည်..။
အခုလိုကျတော့လည်း မပြောင်းလဲတဲ့ ကောင်လေးပါပဲ…။
"။အချစ်ခံချင်တာတော့ မိန်းကလေး သဘာဝပဲလေ ဒါပေမဲ့ မေတ္တာ ဆိုတာ လုပ်ယူလို့မရဘူး ကိုယ့်စိတ်တောင် ကိုယ် ပိုင်တာ မဟုတ်ဘူး တဖက်သားက ချစ်လာအောင်လည်း အတင်းလုပ်လို့မရဘူး ဘယ်သူမှ မချစ်လည်း ငါ့ကို ငါ ချစ်ဖို့ အရေးကြီးတယ်လို့ ထင်တယ်….ဘာဖြစ်လို့လဲ ဆိုတဲ့ ငါ့ဘဝအကြောင်း ငါ့လောက် ဘယ်သူမှ မသိဘူး..ငါဘယ်လို ခံစားရလဲ ငါလောက် ဘယ်သူမှ မသိဘူး… ငါ့ဘယ်လောက် သနားစရာကောင်းလဲ ငါ့လောက်မသိဘူး….အဲတော့ ငါ့ကို ငါ ကြင်နာပြီး ပိုချစ်ရမယ် မလား…သွေးမတော် သားမစပ်တဲ့ သူစိမ်း တစ်ယောက်က ကိုယ့်ကို မြတ်မြတ် နိုးနိုး ချစ်တယ် ဆိုရင်တော့ အချစ်ခံရတာ ကံကောင်းတာပေါ့….အချစ်မခံရလည်း ကံဆိုးတာမှ မဟုတ်တာ….ငါ ရဲ့ ဖြစ်တည်မှုက ငါ့အတွက် အဆင်ပြေနေပါတယ်….ငါ့ဘဝကို ငါ ကျေနပ်တယ်…"
"ဝိုး…ပီပီ တော်တော် ထူးဆန်းတယ်….ဒါ ရင့်ကျက်သွားတဲ့ မိန်းမ တစ်ယောက်ရဲ့ အတွေးလား…"
"ဟင့်အင်း…မာချယ့် စာအုပ်ထဲက တွေ့တာ…."
"ကျစ်….အကောင်းမှတ်လို့…."
"ဟား..ဟား…"
အထင်တကြီး ငေးမော နေသည့် သူ့မျက်နှာ ရှုံ့မဲ့သွားတော့ စိုးစိုး ရယ်မိသည်…။
သူရဲ့ အပြုအမူ တိုင်းက စိုးစိုးကို ပြုံးပျော်စေပါသည်..။
အချစ်မခံရတောင် တစ်စုံတစ်ယောက်ကို ချစ်ရတဲ့ ခံစားချက်ကို အတော်လေး နှစ်သက် မြတ်နိုးပါသည်.။
"အင့်.."
သစ်သီးယို ဘူး ယူ၍ စိုးစိုး ပေါင်မုန့်ပေါ် ရယ်နေတဲ့ ပုံလေးဆွဲ ပေးတော့ ပြုံးမိသည်..။
ကလေး စိတ်မပျောက်သေးဘူး ထင်ပါရဲ့…။
"လက်က အကျင့်ပါနေပြီ…."
သူ့ဟာသူ ပြောရင်း ရယ်တော့ စိုးစိုး တစ်ချက် ငေးကြည့်မိသည်..။
ကိုယ့်အတွက်တော့ ဒီလို ခဏ တွေ့ဆုံခြင်းဖြင့် လုံလောက်နေပါပြီ…။
စိုးစိုး မုန့်စားနေတာကို လက်စသတ်လိုက်သည်…။
"ဟင်….တော်ပြီလား…"
"အင်း…အချိန် နောက်ကျမှာ စိုးလို့…"
"ဒါဆိုလည်းပြန်ကြမယ်လေ……"
"ပိုက်ဆံ…"
"ရှင်းပြီးသားပါ…လာ…"
ဟိုတယ် အကောင်းစားကြီးမှာ မနက်စာ လိုက်ကျွေးနိုင်လောက်အောင် တိုးတက်လာတဲ့ သူ့အတွက် ချီးကျူးဂုဏ်ယူမိပါသည်..။
ကားပေါ် ရောက်ချိန် သူ့ကိုယ်က ရေမွှေးနံ့ကြောင့်  အိပ်ရေးမ၀ ပေမဲ့စိတ်နည်းနည်း ကြည်သွားသည်..။
မနက်ပိုင်းမို့ မြင်သမျှ တွေ့သမျှ တွေကို လိုက်ငေးရင်း သင်တန်း ရောက်တဲ့ အထိ တိတ်ဆိတ်နေမိသည်..။
"အဟမ်း….ပီပီ အချိန်ရရင် နည်းနည်း ပြန်အိပ်ဦးနော်….."
"အင်း…."
"ပြန်မယ်ဆို ဖုန်းဆက်လိုက်...ဖုန်း  အသံတိုးပဲထားနော်…အပြီးမပိတ်လိုက်နဲ့…ပိုက်ဆံအိတ်ကိုလည်း အနားမှာ ထားဦး…ရေပုလင်းလည်း ဝယ်သောက်နော်…ကပ်စေးမနှဲနဲ့…"
"အင်းပါ…."
စိုးစိုး ကို သေချာ မှာကြား ပြီးတော့မှ ပြန်သွားတော့ ပြုံုးမိသည်..။
ဘာသဘောနဲ့ ဖြစ်ဖြစ် ခေတ္တခဏလေး ဂရုစိုက်ခံရတာကို ပျော်ပါသည်…။
.
"ရေခဲထည့်ပေး…"
"………"
နေရှင်းသန့် ကော်ဖီအေး ဝယ်နေချိန် ပီပီ က ထွက်လာပြီ..။
လမ်းပြန်ကူးပြီး ပီပီ့ အနားကို ရောက်အောင်သွားရသည်..။
"ဒီမှာ….ပီပီ…"
"တွေ့ပါတယ်…."
"မတွေ့ပါဘူးနော်….ဒီလောက်လူတွေများနေတာပဲ…"
"အဟွင်း…ငါ မျက်စိ မွဲနေရင်တောင် နင့်အရပ်ကို တွေ့ရတယ်….သစ်ကုလားအုပ်ကြီး ကျနေတာပဲ….ဒီထက် ရှည်ရင် ကြည့်မကောင်းတော့ဘူးနော်…."
"ပီပီ က ပုလို့ပါနော်…ငါ့ အရပ်က ခြောက်ပေတောင် သေချာ ပြည့်သေးတာ မဟုတ်ဘူး…"
"ငါ က လူသား မိန်းမ တစ်ယောက် ရှိသင့်တဲ့ အရပ်ရှိတယ်…."
"သြော်….ငါက….အိုး…"
ဘေးက စက်ဘီး ဖြတ်သွားတော့ ပီပီ့ပခုံးကို ဖက်ပြီး ရှောင်ပေးလိုက်ရသည်.။
နေရှင်းသန့် လက်ကို ပီပီ ပခုံးပေါ်က  ပြန်မဖြုတ်တော့ပဲ ဒီတိုင်း ဆက်လျှောက်သည်…။
ပီပီ ကလည်း ဘာမှ မပြောတော့ ခိုးပြုံးမိသည်..။
လက်ထဲကကော်ဖီခွက် နည်းနည်း မှောက်သွားတာ သတိထားမိတော့မှ လက်ကို ဖြုတ်လိုက်သည်..။
"အင့်….ဒီနေ့ ခေါင်းမကြည်ဘူးမလား…"
"ကြည်ပါပြီ….ကျေးဇူး…."
"……….."
ကော်ဖီ ပိုက်ကို နှုတ်ခမ်းမှာ တပ်ပြီး သောက်ရင်း လမ်းကူးချိန်ကျတော့ နေရှင်းသန့်လက်ကို ကိုင်လိုက်သည်..။
နေရှင်းသန့် ရင်ခုန်သွားပေမဲ့ ပီပီ့ လက်ကို ပြန်ဆုပ်ကိုင်၍ လမ်းကူးရင်း ပြုံးမိသည်…။
"သင်တန်း က ဒီနေ့ နောက်ဆုံးလေ…..ပြောတာက  အများကြီး လိုက်လည်း မမှတ်နိုင်တော့ဘူး.."
"အိုး…ပီပီကလည်း ရီကော့ဒ် လုပ်ထားလိုက်ပြီးရော…"
"ရီကော့ဒါ က အိမ်မှာ ကျန်ခဲ့တယ်.."
"ပီပီ မှာ ဖုန်းပါသားပဲ…ဖုန်းနဲ့ လုပ်လည်း ရတယ်လေ…"
"ဟလား…ဒါကြောင့်ကိုး…အကုန်လုံး ဖုန်းတွေ ဖွင့်ပြီး စားပွဲပေါ် တင်ထားကြတာ…ငါတော့ မသိပါဘူး….သင်တန်းဆရာကို မလေးစားဘူးလို့တွေးပြီး အားနာနေတာ…"
"ဟား..ဟား…ပီပီ တို့ တုံးချက်…"
"ဟုတ်ပါတယ်…"
"……….."
"မနက်ဖြန် ငါ ပြန်တော့မယ်…"
"………"
နေရှင်းသန့် ကားမောင်းနေရင်း တစ်ချက်ကြည့်လိုက်မိသည်..။
သူ ပြန်မယ်ဆိုတာ သိပြီးသားပေမဲ့ စိတ်ထဲ တစ်မျိုးတော့ ဖြစ်သွားသည်..။
အခုလို မြန်မြန်ဆန်ဆန် ရင်းနီးပြီး ခွဲခွာဖို့ကျပြန်တော့ စိတ်မကောင်းသလို ဖြစ်နေသည်..။
ဟူး….။
ကားရှေ့ကို ကြည့်ရင်း စိတ်တွေကို စုစည်း၍ ပြုံးလိုက်သည်..။
"မနက်ပိုင်းပြန်နော်…."
"အင်း.."
"နောက်တစ်ခါလာရင် ကားကြီးနဲ့ပဲ လာ…"
"အမ်းပါ…"
"ညတုန်းက ပီပီ ဘယ်မှာ ထမင်းစားလဲ…"
"အခန်းထဲမှာပဲလေ…"
"အိုး…ပျင်းစရာကြီး…."
"ထမင်းစားတာပဲ ပျင်းစရာလား…"
"အခန်းထဲမှာ တစ်ယောက်တည်း စားတာကို ပြောတာပါ….မြို့ကြီးရောက်တုန်း စားသောက်ဆိုင် ကောင်းကောင်းတွေမှာ စားကြည့်စမ်းပါဟာ…"
"သြော်…အစားကောင်းက ဟိုမှာ မစားရဘူးဆိုတော့လေ…ပိုက်ဆံရှိရင် ဘယ်လိုနေရာမှ ဖြစ်ဖြစ် အစားကောင်းစားရပါတယ်…ရန်ကုန်သားရယ်…"
"စေတနာကို မစော်ကားနဲ့…နင် ပိုက်ဆံရှိတာ ငါသိတယ်….ဒီမှာက အစားစုံတယ်…စားချင်တဲ့ ပုံစံ အကုန်ရှိတယ်…ပေါလည်း ပေါ်တယ်…."
"လူတွေလည်းရှုပ်တယ်လေ…လူရှုပ်ရင် ငါ မကြိုက်ဘူး.."
နေရှင်းသန့် နှာခေါင်းရှုံ့လိုက်ပေမဲ့ ပီပီကတော့ တကယ်ကြီး ပြောနေတာမှန်း သူ့မျက်နှာ မှာသိသာနေသည်..။
ကားရှှုင်းတဲ့ လမ်းက ခေါ်လာတာတောင် အဲလို မျိုးဆိုရင်တော့…..။
"မိုးချုပ်တာတောင်  လူတွေ ကြပ်နေတုန်းပဲ…"
"အခုချိန်မှ အလုပ်သိမ်းကြတာလေ…"
"………"
အဘွားကြီၤးလိုမျိုး ခေါင်းတညိတ်ညိတ်ဖြင့် ပိုက်ဆံအိတ်ထဲက ဆေးပူထုတ်ရှုနေတော့ နေရှင်းသန့် ခိုးရယ်မိသည်..။
အဘွားကြီးလို့ပြောရင်လည်း စိတ်ဆိုးဦးမည်..။
တိုက်ခန်းရှေ့ရောက်တော့ လုံး၀ မိုးချုပ်နေပြီ..။
နှစ်ရက်အတွင်း အပို့အကြို လုပ်ပေးနေရတာ ကို နေရှင်းသန့် ကိုယ်တိုင်ကလည်း ကျေနပ်သည်..။
အောင်ကျော်ဦးကတော့ အခန်းမှာ ခဏတွေ့ချိန်လေးတောင် နာမည်ပြောင် အဖြစ် "ဂျိုကောင်လေး"လို့ ပြောင်းခေါ်နေပြီ..။
"မနက်မှ လာခဲ့မယ်နော်.."
"အင်း…"
"……….."
ကားကို နေရာချပြီးတော့ လုပ်နေကျအတိုင်း ကားသော့ပေး၍ ပြန်လာခဲ့လိုက်သည်..။
"နေရှင်းသန့်…"
ခပ်လှမ်းလှမ်းရောက်နေပြီ မို့ လှည့်ကြည့်လိုက်မိသည်..။
"….…"
"ကျေးဇူးတင်တယ်နော်…"
"အဟွင်း…"
နေရှင်းသန့် နှာခေါင်းရှုံ့ပြီး ခေါင်းညိတ်ပြလိုက်တော့ ပြုံး၍ ခေါင်းညိတ်ပြကာ လှေကားတွေကို တက်သွားသည်..။
ကားငှားပြီး ပြန်ခဲ့ရပေမဲ့ စိတ်ထဲမှာတော့ အတွေးများနေဆဲ..။
.
"ဟင်း…."
နေရှင်းသန့် အပေါ် မတက်ချင်သေးလို့ တိုက်အောက်က ခုံမှာ တစ်ယောက်တည်း ထိုင်နေသည်..။
လက်ထဲက ဖုန်းကို ကြည့်ရင်း သက်ပြင်း အကြိမ်ကြိမ် ချမိသည်..။
"နေကြီး…မင့်ဟမ်းဆက်ကြီး ချိန်းပါတော့ကွာ….မှန်လဲလိုက် ဘက်ထရီ လဲလိုက်နဲ့ လဲတာလည်း ကုန်ပြီ….မဝယ်နိုင်တာလဲ မဟုတ်ဘူး…"
"ပြောမနေနဲ့ ဒီကောင်က ကပ်စေးနှဲ….သူ့ မျက်နှာပဲ သူက သဒ္ဓါတဲ့ကောင်…."
"ခြောက်တော့မခြောက်နဲ့နော်…"
သူငယ်ချင်းတွေထဲက တစ်ယောက် ဖုန်းအသစ် ဝယ်တိုင်း နေရှင်းသန့်ကို လည်း တိုက်တွန်းသည်.။
ဖုန်းအပို တစ်လုံးဝယ်ထားပေမဲ့ အိတ်ထဲမှာတော့ ဒီဖုန်းလေးက အမြဲရှိတက်သည်.။
"ဟာ...ဖုန်းလား..."
"ဘယ်လို လည်း ကြိုက်ရဲ့လား.."
"အေး...ငါလိုချင်တာ ကြာလှပြီ...မိုက်လိုက်တာ...."
"နားကြပ်လည်းပါတယ်....နားမလည်တဲ့ သီချင်းတွေကို ကိုယ့်တစ်ယောက်တည်း နားထောင်..."
ပီပီ ဖုန်းလေး ပေးတုန်းကပျော်တာ ထက်ကို ပိုခဲ့သည်..။
လုံး၀ မသက်ဆိုင်တဲ့ ဇိမ်ခံပစ္စည်း တစ်ခုကို အခုလို ကိုယ်ပိုင် အဖြစ်ရတော့ ပီပီ ကို ပိုချစ်သည်..။
နေရှင်းသန့် ဖုန်းရပြီးကတည်းက  ပီပီ့ ပုံလေးတွေ ခိုးရိုက်သည်..။
မတော်မဆ ပီပီ တွေ့သွားမှာစိုးလို့ ဖိုင်လိုက်ဖွက်ထားရသည်…။
မသိစိတ်ထဲက စွဲလမ်းမှု…။
နေရှင်းသန့် သက်ပြင်း ထပ်ချက်မိပြန်သည်..။
"သူ့ကို အစားထိုးလိုက်တာ ဆိုပေမဲ့ ခံစားချက်ခြင်း မတူခဲ့ပါဘူး..."
"ကျွန်မ ချစ်ခဲ့တာ ကိုခိုင် တစ်ယောက်တည်းကိုပါ....ဒီကလေးနဲ့ အနေနီးရင် ခံစားချက်ပြောင်းနိုင်တယ် ဆိုပေမဲ့ .... သူ့ကို ချစ်လို့လည်း ရမှာ မဟုတ်ဘူး."
"ဘယ်တော့မှ ကိုမဖြစ်နိုင်တာပါ.....သူ့ရဲ့ အခြေအနေ အသိုင်းအဝိုင်း ပုံစံမျိုးရိုး ဗီဇ အားလုံးပေါ့......ကျွန်မ မနှစ်သက်ပါဘူး...နောက်ပြီး ကျွန်မအရိပ်အောက်မှာ ခိုလှုံဖို့ ရောက်နေတဲ့ ကလေး တစ်ယောက်လိုပဲ သဘောထားခဲ့တာပါ... "
ပီပီ က အချစ်ကြီးတဲ့ မိန်းမ တစ်ယောက်လား…။
သစ္စာရှိတဲ့ မိန်းမ တစ်ယောက်လား..။
အချစ်ဦး မြေးဦး ရတဲ့ အထိ မမေ့ဘူး ဆိုပေမဲ့ ပီပီ ကတော့ တစ်သက်လုံး တစ်ယောက်တည်း နေသွားတော့မှာလား…။
တခြားသူ အပေါ် သံယောဇဉ် တောင် အဖြစ်မခံနိုင်လောက်တဲ့အထိ ဆရာ့အပေါ် သစ္စာ ထားတဲ့ ပိပီ့ကို လေးစားရမှာလား…။
နေရှင်းသန့်  ဖုန်းကို ဆုပ်ကိုင်ထားရင်း  ချစ်ခွင့် မရှိတဲ့ လူတစ်ယောက် အဖြစ် ရင်ထဲမှာ မွန်းကြပ် လာသည်..။
သော်တာ နဲ့ ကိုယ် မဖြစ်နိုင်ဘူးဆိုတာ နလုံးသားနဲ့ရော ဦးနှောက်နဲ့ပါ လွယ်လွယ် လက်ခံခဲ့သည်..။
ပီပီ နဲ့ ကိုယ် ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ ဦးနှောက်ထဲမှာ အမြဲသွင်းထားပေမဲ့..။
ကိုယ်တိုင် နားနဲ့ ကြားခဲ့ပါရဲ့…။
နှလုံးသားက မျက်ကန်း လို ဖြစ်နေသည်..။
"နင် အဲလို ထပ် လုပ်နေရင် နင်နဲ့ ငါ ပြတ်ပြီပဲ…သားသား…"
"မကြီး အဲလို အမြဲ ပြောနေတာပဲ…."
နေရှင်းသန့် ကိုယ့်အတွေးနဲ့ ကိုယ် စိတ်ညစ်နေချိန် ဟိုဘက်လမ်းမှာ အတွဲ တစ်တွဲကရန်ဖြစ်နေသည်။
ရုံးက ပြန်လာပုံ ရသည့် မိန်းမ တစ်ယောက်နဲ့ စက်ဘီးကိုင်ပြီး ပိတ်ရပ်နေသည့် ကောင်လေး က မသိတဲ့ သူ အမြင်ဆို မောင်နှမ လို့ ထင်ချင်စရာ…။
"အေး…ဒီတစ်ခါတော့ တကယ်ပြတ်မှာနော်…"
"ပြတ်ပေါ့…..သား က ပြန်ဆက်မှာပဲ…."
"တောက်…"
"ရိုက်လေ…..မကြီး ကိုချစ်လို့ မကြီး နဲ့ ပတ်သက်တဲ့ သူတိုင်းကို ခွင့်လွှတ်ပေးထားတာနော်…မကြီး စိတ်ညစ်ရမှာ စိုးလို့ သိရဲ့လား.."
"အမလေး…နင်က ကော ဘာလုပ်နိုင်မှာမို့လို့လဲ…"
"မကြီး သားကို မချစ်ပါဘူး…သား သိတာပေါ့…"
"ဟုတ်တယ်…နည်းနည်းမှ မချစ်ဘူး…မုန်းတယ်…."
"ဟေ့ရောင် ဖုန်းပေးထားတာ ဘယ်မှာလဲ…"
"………."
နေရှင်းသန့် ကြည့်နေရင်း နောက်ထပ်ကောင်လေး နှစ်ယောက်လည်း ရောက်လာပြီး ပြဿနာ ရှာတော့သည်..။
ဆွဲခြင်းကိုင်ထားတဲ့ မိန်းမ က မျက်လုံးပြူး၍ ပတ်ဝန်းကျင်ကို အကဲခတ်နေသည်
"ဘာ..ဘာလဲဟဲ့…"
"သူ ဖုန်းယူသွားပြီး…ပြန်မပေးလို့…"
"ဟင်..ဟုတ်လား…သားသား…"
"အမ်း…"
"ပေးလိုက်လေ….."
"မင်းတို့ ဟာ ရောင်းပေးတာပဲ…ငါ့တော့ တစ်သောင်းပေး…"
"မရောင်းတော့ဘူးလို့ ပြောတယ်လေ…"
"မင်တို့ ပြောတော့ ငါ ရောင်းြ့ပီးသွားပြီ…."
"မရဘူး…ငါးသောင်းပဲ…"
"တစ်သောင်း မရှိတော့ဘူး…"
"ဟဲ့…နင်တို့နော်…လက်မပါနဲ့….ပေး..ပေး….ငါ ထည့်ပေးမယ်.."
ပိုက်ဆံတွေ ပေါင်းပြီး ပေးလိုက်တော့မှ နှစ်ယောက်က ထွက်သွားသည်..။
"မကြီးက ဘာလို့ ပေးလိုက်တာလဲ."
"နင်သေမှာစိုးလို့…"
"သေပါစေပေါ့…မကြီးက မုန်းနေတာပဲ သေတာပဲ ကောင်းတယ်…"
"ဖြန်း…"
"အား..နာလိုက်တာ…."
"အရူး…"
"ဟီး….မကြီးက မုန်းတယ်လို့ ပါးစပ်က ပြောနေတာ မချစ်ပဲနဲ့ အဲလောက် သည်းခံစရာ မလိုဘူး..ဟီး….ချစ်လိုက်တာ…"
"ကောင်စုတ်လေး…မျက်ခွက် ပြောင်မနေနဲ့..အင့် ကိုင်.."
ဆွဲခြင်းကို လက်ထဲ ထိုးထည့်ပြီး ပြုံးစေ့စေ့ဖြင့် ရှေ့က ထွက်သွားတော့ နေရှင်သန့် ရယ်မိသည်..။
အချစ်ဆိုတာ နားလည်ရခက်လိုက်တာ..။
သူတို့ ကို ကြည့်ရင်း နေရှင်းသန့် နဲ့ ပီပီ့ ရဲ့ ပုံရိပ်တွေ မြင်ယောင်မိသည်.
နေရှင်းသန့် ဆိုးသမျှ ကို ပီပီ က သည်းခံခဲ့ရသည်..။
အပြင်မှာ မာကြောပုံ ရပေမဲ့ နေရှင်းသန့် အပေါ် ဂရုစိုက်တက်သည်..။
ဟိုကောင်လေး ပြောသွားသလို ချစ်လို့ သည်းခံ နေတာ ဆို ဘယ်လောက်ကောင်းလိုက်မလဲ..။
နေရှင်းသန့် ဖုန်းပေါ်က ပီပီ့ ပုံလေး ကို ငေးကြည့်ရင်း ပြုံးမိသည်..။
မနက်စောစော သွားပြီး စ ရဦးမည်..။
ပီပီ က မနက်ဖြန် ပြန်တော့မှာပဲ…..။
ပီပီ အိမ်ကို ပြန်ရောက်ရင် နေရှင်းသန့် က မသက်ဆိုင်သူ ဖြစ်သွားပြီ..။
ဘယ်သွားလဲ ဘာလုပ်လဲ ဆိုတာ သိခွင့် မရှိသူ ဖြစ်သွားပြီ..။
"နေကြီး…"
"လာလေ…."
ဝရန်တာက ထွက်ခေါ်တဲ့ ထွဋ် နိုင်ကို လက်ပြလိုက်သည်..။
လှေကားတွေကို တက်ရင်း စိတ်ပင်ပန်းပါသည်..။
"နေရှင်း…"
"ဟင်…"
"လာ…..နည်းနည်း…"
"ဟအေး..မသောက်တော့ဘူး.."
"ဘာဖြစ်တာလဲကွ….အရက်မဟုတ်ပါဘူး…"
"……….."
သူတို့ အဖွဲ့ အရက်မဟုတ်ဘူးဆိုရင်တောင် အရက်နီးနီး မူးမှာ သိပါသည်..။
ရောင်စုံ ဖန်ခွက်တွေကို ခေါင်းရမ်းငြင်းဆန်ပေမဲ့ ထွဋ်နိုင်က ပခုံးဖက်ပြီး ဆွဲခေါ်သွားသည်..။
စိတ်တွေ ရှုှုပ်ထွေး နေချိန် တစ်ခွက်လောက်တော့ ဘာမှ မဖြစ်ပါဘူးဆိုတဲ့ အကြောင်းပြချက်ဖြင့် သောက်လိုက်မိသည်..။
"နေကြီး…"
"အေး…"
"သော်တာ ကို အခု ဘဲတစ်ကောင် လိုက်နေတယ်…..ဘီးကြဲကြီးနော်…သူ့မိဘတွေ ခွင့်ပြုထားတာကွ…."
"အမ်း…ငါတွေ့တယ်…AM ကုမ္ပဏီ က မလား.."
"ဟ….သိလှချည်လား.."
"ဟား..ဟား….နောက်ကနေ ငေးကြည့်ချင်တဲ့ကောင်…ထိပစေ…"
"………."
နေရှင်းသန့် ဘာမှ မပြောပဲ နောက်ထပ် တစ်ခွက်ထပ်သောက်လိုက်သည်..။
ကိုယ် မခူးခဲ့တဲ့ပန်းပေမဲ့ သူများ ခူးတော့မှာ ဆိုတော့ တစ်မျိုးခံစားရပြန်သည်..။
ကိုယ့်ဘ၀ ကိုယ့်အခြေအနေကို အားမလိုအားမရ ဖြစ်ရသည်..။
ဒီလောက် ချစ်စရာကောင်းတဲ့ ကောင်မလေး ကို အခြေအနေ ပေးနေပါရဲ့သားနဲ့ လွဲရှောင်ခဲ့သည်။
သက်ဆိုင်သူ မသိပေမဲ့ အသေးအဖွဲ့ အစ ဂရုစိုက် ထိန်းသိမ်းခဲ့ပါသည်။
”_ကွဲပလား…နေကြီး…”
"အမှုန့်အမွှားပါကွာ…သော်တာ့ကို ငါ …ရင်ခုန်တာ…ချစ်တာ မဟုတ်ဘူး……"
"ဟား..ဟား…ပွင့်လာပြီ…ပွင့်လာပြီ…ပေးလိုက်…တစ်ခွက်…"
"ဟိန်းကျား…မင်းထည့်တဲ့ သံဘူးတွေ များသွားတာ ဖြစ်မယ်…နေကြီး ကွဲပြီ…"
"ဟား..ဟား…"
နေရှင်းသန့် လက်ထဲ ရောက်လာတဲ့ ဖန်ခွက်ကို မော့သောက်လိုက်ပြီး အနားက အားလူးကြော် ကို ကောက်စားလိုက်သည်..။
" အတော်လာတဲ့ကောင်.."
"အေးလေ….ဟိုက မြောင်းပေးတာ လယ်တစ်ကွင်းလောက် ရနေပြီ…မင်းက မမြင်ဘူးလား.."
"မြင်တယ်လေ့…."
"သွားစမ်းပါကွာ….မင်း ယောက်ျားမပီသတာ သတ္တိနည်းတာ…."
"…………"
"………."
နေရှင်းသန့် ခေါင်းညိတ်ပြီး နောက်တစ်ခွက် ထပ်သောက်လိုက်သည်..။
အောင်ကျော်ဦးက ဘာမှမပြောပေမဲ့ ခွက် ကို နေရာရွေ့လိုက်ပြီ..။
"ပီ့ပီ မနက်ဖြန် ပြန်တော့မယ်တဲ့…”
”ဟမ်…”
”ဟာကွာ…ဘာဖြစ်လို့လဲ….ဘာဖြစ်လို့လဲကွာ……"
"ပါလာပြန်ပြီ…"
"ငါ …အခုမှ….သူနဲ့ တွေ့ရလို့ အရမ်း…ပျော်တုန်းရှိသေးတယ်….ပြန်မယ်တဲ့…."
"ဘယ်သူလဲ နေကြီး…"
နေရှင်းသန့် မြိုသိပ်ထားရတာ ကြာပြီ…။
ရင်ဘတ်ထဲမှာ အဆင်မပြေပေမဲ့ ဟန်ဆောင်နေရတာ ပိုမွန်းကြပ်ပါသည်..။
ဒီလောက် အသက်အရွယ်နဲ့ အရည်အချင်းဆိုရင် အစားထိုး အသုံးတော်ခံလို့ရပြီလား..။
"ငါသွားဦးမယ်…"
"ဟေ့ရောင်…ဘယ်လဲ…"
"ဒီနား…ခဏ…"
"ကျစ်…"
နေရှင်းသန့် လှေကားတွေကို ပြေးဆင်းလာခဲ့လိုက်သည်..။
အနားက မီနီမားကတ်လေး တစ်ခုမှာ စားချင်တယ်လို့ စိတ်ထင်ရတဲ့ မုန့်တွေ ဝယ်သည်..။
မုန့်ထုတ်တွေကိုင်ပြီး လမ်းတစ်လျှောက်ပြေးနေတဲ့ ရီဝေေ၀ ခပ်မြူးမြူး နေရှင်းသန့်ကို တချို့က တအံတသြ ကြည့်ကြသည်..။
မတက်နိုင်ပါဘူး..။
ရူးတော့မည်..။

◇◆◇◆◇◆◇◆◇◆◇◇◆◇◆◇◆◇◆◇◆

စပိုက်ကာ ဆိုသည်မှာ အတော်လေး ရှည်ပါသည်။
အပိုင်း (၂၅) မှာ ရေးရင်းနဲ့ တအားတွေ များကုန်တော့ ခွဲလိုက်တာပါ…။
အကုန်တင်ရင်လည်း စာရှည်ရင် တင်မရပါဘူး…။
၂၅ ၂၆ လုပ်ပြန်ရင်လည်း ကိုယ့်စာဖတ်သူလေးတွေက ဒီ တစိပိုင်း   တိုပါတယ် ဆိုပြီး ဆန္ဒပြကြဦးမည်။
အဲတော့ စာဖတ်သူ အလိုကျ ရှည်ရပါသည်။
ရေးမပြီးသေးပါဘူး နောက်ကျမှာစိုးလို့ လာတင်တာပါ။
စောင့်ရတာ အားနာပါတယ် ဆောရီးပါနော်။
📖💪❤
😢✍🙏

Love U All ❤

࿇Sקicค Liຖ࿇

မြူခိုးမှိုင်းဝေWhere stories live. Discover now