မြူခိုးမှိုင်းဝေအပိုင်း (၁၂)
01-28-06-37
#မြူခိုးမှိုင်းဝေ
"အင့်...."
".........."
မျက်ရည်တွေ သုတ်လိုက် ရှိုက်လိုက် ကား အပြင်ဘက်ကို ကြည့်ရင်း အမျိုးမျိုး ဖြစ်နေတဲ့ ကောင်လေး ကြောင့် ခေါင်းတောင် ကိုက်လာသည်..။
ဘယ်လို သတ္တဝါလေးပါလိမ့်..။
အိမ်မှာ နေတဲ့အချိန်မှာ စာအုပ်ချည်းပဲ ကိုင်ပြီး ကြိုးစားပြနေလို့ အဆင်ပြေပါစေဆိုပြီး ရတနာ့ဆီကို သွားပို့ပေးခဲ့သည်..။
ရန်ဖြစ်သည်ဆိုတဲ့ ဖုန်းဝင်လာတော့ သာမန်လောက်ပဲ ထင်ခဲ့မိသည်.။
ရန်ဖြစ်ပြီး ထုရိုက်လိုက်တုန်းက ခုလို ဖြစ်မယ် မတွေးဘူးလား..။
သူ့လက်ချက် ခံလိုက်ရတဲ့ ကျောင်းသားတွေ ခမျာ နဖူးကွဲ ခေါင်းကွဲ ချည်းပဲ..။
နှုတ်ခမ်းထောင့်စွန်းက အညိုအမဲ ဒဏ်ရာ ကြောင့် ငိုနေတာ မဖြစ်နိုင်..။
တီချယ်ကြီး ကိုယ်တိုင်က ပြန်ခေါ်သွားပါလို့ ပြောလိုက်ကတည်းက ငိုတော့တာပဲ..။
".............."
မျက်နှာပြင် တစ်ခုလုံး နီရဲအောင် ပွတ်တိုက်ထားရင်း မျက်ရည်နဲ့ နှပ်ကိုလည်း နိုင်နိုင်သုတ်ပစ်သည်..။
သူူ ငိုတာကို ဖုံးကွယ်ဖို့ ကြိုးစားနေပြန်သည်..။
ဘေးက လူက မတွေ့တော့ဘူးလား..။
သူ ငိုနေတာ မသိတော့ဘူးလား..။
ကလေး အတွေးနဲ့ ကောင်လေး ကို ကြည့်ရင်း စိုးစိုး သက်ပြင်း ခိုးချမိသည်..။
စာမေးပွဲက ဒီလောက် နီးနေပြီ..။
ပညာဒါန စာသင်ဝိုင်း စည်းကမ်းအရ ရန်ဖြစ်ရင် ဘယ်သူ့မျက်နှာ မှ မထောက်ဘူးလေ...။
သူ့ကို ပြန်ခေါ်လာတုန်းက တော့ ဆူမလို့ပါပဲ...။
ပြောစရာစကားတွေ အများကြီးက အခုတော့ နှုတ်ဆိတ်နေရသည်..။
"အင့်...."
"..........."
"............"
YOU ARE READING
မြူခိုးမှိုင်းဝေ
Romance◇◆◇◆◇◆◇◆◇◆◇◇◆◇◆◇◆◇◆◇◆◇ "ဘာကို စိုးရိမ်နေတာလဲ... ငါ့ရဲ့ ခံစားချက်ကို သိအောင် မကြိုးစားစမ်းပါနဲ့...လူလောကမှာ နေတာ ကြာလေ....အမှား ပိုလုပ်မိလေပဲ..အဲတော့...နင့်ထက်ပိုများတဲ့ အမှားတွေလည်း လုပ်ခဲ့ဖူးပြီးပြီ......အမှားပေါင်းများစွာကို ဖြတ်ကျော် ဖြတ်လျှောက်ခ...