မြူခိုးမှိုင်းဝေအပိုင်း (၄၂) (၂)
ဇာတ်သိမ်း
#မြုခိုးမှိုင်းဝေ
"အဟွင်း.."
"မဖြေချင်ဘူးဆိုတော့ အပြစ်ပေးရမှာပေါ့...."
"အာ..."
ဘွဲ့ရလို့ အလုပ်လုပ်နေတာတောင် ကလေးဆန်နေဆဲ မောင်ကို စိုးစိုး လည်းမနိုင်တော့ပါ...။
ညအိပ်ဝတ်စုံလဲပြီး မျက်နှာကို မက်ကပ်ပေးရင်း မေးခွန်းမဆုံးသည့် မောင့်ကို လက်သီးဆုပ်ဖြင့် ဖွဖွ ထုလိုက်သည်..။
"ပြောပါဆို..."
"ဘာပြောရမှာလဲ...မောင်ရဲ့....သူနဲ့တုန်းက ခြောက်လ လောက်မှ တစ်ခါတွေ့တာ အပြင်မှာ နှစ်ခါလောက်ပဲ တွေ့ဖူးတာလေ....ပြီးတော့ တို့စိတ်က ပုံမှန်မှ မဟုတ်တာပဲ...."
"ဟူး...တော်ပါသေးရဲ့..."
"မောင်က တို့ကို အထင်သေးနေတာလား..."
"မသေးပါဘူးဗျာ....ဒီတိုင်းမေးကြည့်တာပါ.."
"သူများမေးပြီး မောင်ကျတော့ကော....ကောင်မလေးတွေဝိုင်းဝိုင်းလည်နေတာပဲ.."
"အွင်းလေ..မောင်က ချောတာကိုး..."
"ဟုတ်တယ်နော်....တော်တော် ချောတာပဲ..."
စိုးစိုး ပါးကိုပုတ်ပေးနေတဲ့ မောင့် မျက်နှာကို လက်နဲ့ ဖျစ်ကိုင်ပြီး ကြည့်ရင်း ပြောတော့ နှာခေါင်းရှုံ့၍ လက်ကို ပုတ်ချသည်..။
"သဝန်တိုတာလား..."
"ဟယ်... သဝန်တိုစရာလား ...မတိုပါဘူး..ဒီလောက်ချောတဲ့ ကောင်လေးကို တစ်သက်လုံး တစ်ယောက်တည်း ပိုင်ဆိုင်ရမှာ ....မတရားသလိုပဲ...မောင် ရည်းစားထားချင်သေးလို့လား...ထားနော်...အားမနာနဲ့သလား.....မောင်က တို့မောင်လေးပါဆိုပြီး မိတ်ဆက်ပေးမယ်....ပျိုးခြံက ဆုမြတ် ဆိုရင် မောင့်ကို အမြဲ လိုက်ငေးနေတာနော်...ချောလည်း ချောတယ်..ချစ်စရာလေး..."
"ပီပီနော်..."
"အဟွင်း...ချစ်ဖို့ကောင်းလိုက်တာ..."
စိုးစိုး ရှေ့မှာ မျက်နှာစူပုတ်ပုတ် ပြောင်းလဲလာတဲ့ မောင့်ကို အသည်းယားလို့ ရင်ခွင်ထဲ ဆွဲထည့်၍ ပိုက်ထားလိုက်သည်..။

KAMU SEDANG MEMBACA
မြူခိုးမှိုင်းဝေ
Romansa◇◆◇◆◇◆◇◆◇◆◇◇◆◇◆◇◆◇◆◇◆◇ "ဘာကို စိုးရိမ်နေတာလဲ... ငါ့ရဲ့ ခံစားချက်ကို သိအောင် မကြိုးစားစမ်းပါနဲ့...လူလောကမှာ နေတာ ကြာလေ....အမှား ပိုလုပ်မိလေပဲ..အဲတော့...နင့်ထက်ပိုများတဲ့ အမှားတွေလည်း လုပ်ခဲ့ဖူးပြီးပြီ......အမှားပေါင်းများစွာကို ဖြတ်ကျော် ဖြတ်လျှောက်ခ...