Part 20

2.8K 151 2
                                    


မြူခိုးမှိုင်းဝေ
အပိုင်း(၂၀)
0206-1131
#မြူခိုးမှိုင်းဝေ

"ဟာ…နေရှင်း…သန့်လှချည်လား…ယောက်ခမကြီး ပြင်ပေးတာလား.."
"ဟုတ်မလားဟ….လာ…"
နေရှင်းသန့် ကို အကူအညီ တောင်းထားတာ ဆိုပေမဲ့ ဖြစ်သလို မလုပ်ပေးချင်လို့ ဆံပင်ပုံပြောင်းပြီး မျက်နှာလည်း မသိမသာ ပြင်ခဲ့ရသေးသည်..။
သူငယ်ချင်းတွေသာ သိရင် အခြောက်ဖြစ်သွားပြီ ပြောဦးမှာပဲ..။
ယောက်ျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် တင်ဆက်သူတစ်ယောက်အနေနဲ့တော့ လူများ အမြင်မှာ ကြည့်ကောင်းအောင်နေသင့်သည်လေ.။
ကရာတေးသင်တန်းကြောင့် အရပ်နဲ့ ကြွက်သားတွေက ထိထိရောက်ရောက် ဖွံ့ဖြိုးလာသည်..။
အခုလို အနောက်တိုင်း ဝတ်စုံပြည့် နဲ့ဆိုတော့ ပိုသိသာသည်..။
"အဲ….အောင်ကျော်ဦး…ခဏနေဦး…ငါ့ကို ဓာတ်ပုံ ရိုက်ပေးစမ်းပါ…"
"ဘာလဲ….ဖွဘုတ်ပေါ် တင်မလို့လား.."
"မဟုတ်ပါဘူး….ဘွားတော်ကြီး ကို ပို့မလို့…လုပ်စမ်းပါ..မြန်မြန်…"
"ဘွားတော်ကြီး…ဘွားတော်ကြီးနဲ့..မင်း ငရဲကြီးလိမ့်မယ်…"
အောင်ကျော်ဦးက ဖုန်းကို သေချာ ချိန်ပြီး ဓာတ်ပုံ ရိုက်ပေးရင်း ပြောတော့ နေရှင်းသန့် ရယ်မိသည်.။
ဘွားတော်ကြီး ဆိုတာ နေရှင်းသန့်ရဲ့ အမေ အဒေါ်လို့ ထင်နေကြသည်လေ..။
"ဟာ…ဘေးက သံတိုင်ကြီး ပါနေတယ်…"
"ဟာကွာ….ငါက ဓာတ်ပုံ ဆရာမှမဟုတ်တာကွ…"
"အောင်မယ်…မင်း စော် ကို ရိုက်တော့ လေးဘက်ကြီး ကုန်းလို့လေ…"
"ဟေ့ကောင်…"
"မဟုတ်လို့လား…ဟား….ဟား…."
"မသာ…"
အောင်ကျော်ဦး နဲ့ နေရှင်းသန့် ရောက်သွားတော့ သော်တာ့ရဲ့ အဖေ က နှုတ်ဆက်သည်..။
"ကျွန်တော်တို့ နောက်ကျသွားလား…အန်ကယ်…"
"မကျပါဘူး…မကျပါဘူး…လာ…လာ…..အန်ကယ် လိုက်ပြပေးမယ်…"
ပစ္စည်း မိတ်ဆက်ပွဲမို့ ဆိုင်ခန်း  သေးသေးလေးတွေလည်း ရှိသည်..။
ဧည့်ခံပွဲ အတွက် စားပွဲဝိုင်းတွေကလည်း များလွန်းသည်.။
ဒီလောက် များတဲ့ လူတွေ ရှေ့မှာ စင်ပေါ်တက်ပြီး စကားပြောရမှာ ဆိုတော့ နည်းနည်းတော့ လန့်မိသည်..။
"နေရှင်း…"
"…သော်တာ…"
"……."
နေရှင်းသန့်ကို လက်ထောင်ပြပြီး ခပ်ဖြည်းဖြည်း လျှောက်လာတဲ့ သော်တာကို ငေးကြည့်နေမိသည်..။
အခုလို ဂါဝန်ရှည်လေးနဲ့ ကျတော့ မြင်ရတာ တမျိုးဖြစ်နေသည်..။
အနားကို ရောက်လာတော့မှ အကြည့်ချင်းဆုံ၍ ပြုံးပြလိုက်သည်..။
"နေရှင်းကို လူတောင်မှားတယ်နော်…."
"သော်တာလည်း အရမ်းလှနေတယ်…"
"သင့်ခ်ယူပါ…သြော်…နေရှင်း စိတ်လှုပ်ရှားနေတယ်မလား….အင့်…ဒါ သောက်လိုက်…သော်တာဆို  စိတ်ငြိမ်ဆေးသောက်မှ အဆင်ပြေတယ်.."
နေရှင်းသန့် လက်ထဲကို ရောက်လာတဲ့ ဆေးလုံးလေး ကို ချက်ချင်း ပါးစပ်ထဲ ထည့်လိုက်တော့ သော်တာ က မျက်လုံးပြူး အံသြပြီး စားပွဲပေါ်က ရေခွက်ကို လှမ်းယူပေးသည်.။
"တော်တော် စိတ်လှုပ်ရှားနေတာမလား…"
"အဟွင်း…ဟုတ်တယ်….လူတွေ အများကြီး ရှေ့မှာ တစ်ခါမှ မပြောဖူးဘူးလေ.."
"နေရှင်း …လုပ်နိုင်မှာပါ….သော်တာတို့လည်း ရှိနေမယ်…"
"အင်း…"
လူတွေ မလာခင် စင်ပေါ်ကို အရင်တက်ပြီး အစမ်းလေ့ကျင့်ထားရသည်..။
နဖူးက ချွေးပြန်လာတော့ ဖြစ်သလို လက်နဲ့ ဆွဲမသုတ်ရဲ…။
တစ်ရှူး နဲ့ ဖွဖွ လေး လိုက်ဖိသုတ်ရတာ ဘယ်ဘဝရောက်နေပြီလဲ မသိ…။
.
"ဟလို…"
စိုးစိုး ဖုန်းကိုင်ထားရင်း စာရင်း စာရွက် အဟောင်းတွေကို ပြန်စစ်နေရသည်..။
ခုတလော ဘာလို့များ လုပ်သမျှ လွဲနေတာလဲ..။
"ပီပီ….ငါလေ…"
"အင်း..ဘာဖြစ်ပြန်ပြီလဲ…"
"ဟာ..ဖြစ်စရာ လား…"
"မလုပ်တက်တဲ့ အလုပ်ကိုလုပ်ချင်တာကိုး….တစ်ခုခုတော့ ဖြစ်မှာပဲ.."
စိုးစိုး စာရွက်တွေကို လက်ထဲက ချပြီး ဖုန်းကို သေချာကိုင်၍ ထိုင်လိုက်သည်..။
ကျောင်းတက်နေရင်းနဲ့ စီစဉ်တင်ဆက်သူ လုပ်ရဦးမည်တဲ့..။
သူ့ရည်ရွယ်ချက်တွေက ငါးမိနစ် တစ်ခါပြောင်းနေတာ ခက်သည်..။
"ဘာမှ မဖြစ်ဘူး…တော်လို့ဆိုပြီး ဂုဏ်ပြုငွေတောင် ပေးလိုက်သေးတယ်….နေ့ခင်းက ပုံပို့ထားတာ မကြည့်ဘူးလား…"
"ငါ က ခုမှ ပြန်ရောက်လာတာ…"
"အိုး…မိုးချုပ်လိုက်တာ…မာမေ တို့လည်း မရှိဘူးမလား…ဘယ်တွေ သွားနေတာလဲ…"
"ဦးလေးရန်အောင် ဆီရောက်နေလို့ပါ.."
"ပီပီ ကတော့ မဟုတ်ဘူး….သူ့အိမ်မှာ မိုးချုပ်တဲ့ အထိ ဘာလို့ နေတာလဲ…"
"………."
စကားသံ မာမာ နဲ့ ခပ်ဆောင့်ဆောင့် ပြောတော့ စိုးစိုး ပြုံးလိုက်မိသည်.။
ဖုန်းဆက်တိုင်း ဘယ်မှာလဲ စစ်ဆေးသည်..။
အလုပ်ကိစ္စ နဲ့သွားရတဲ့အခါ တစ်ယောက်တည်း သွားရင် ဆူပြန်သည်..။
ဘယ်လိုကောင်လေးလဲ..။
သဝန်တိုတာလား…စိုးရိမ်တာလားတော့ စိုးစိုးလည်း မဝေခွဲတက်ပါ..။
"ဘာလို့လဲ…."
"ဟုတ်တယ်….သူ့အိမ်မှာ သူ တစ်ယောက်တည်းနေတာလေ….နင် က မိန်းကလေးမဟုတ်ဘူးလား….မကြောက်ဘူးလား..ဟမ်…"
"ဟား..ဟား….ဦးရန်အောင်က  မာမေတို့ဆီမှာကတည်းက အလုပ်လုပ်နေတဲ့  အဘိုးကြီးပါ….စကြာဝဋ္ဌာရဲ့ အမှုန့်အမွှားတွေပါဟယ်…"
"ဘာမှ အမှုန့်အမွှား မဟုတ်ဘူး..နောက်ဆို မသွားနဲ့ ..ကျစ်….နင် ဘယ်တော့မှ ငါ့စကားဆို အလေးမထားပါဘူး….ဒါပဲ…."
"ဟောတော့…"
သူ့ဟာသူ ဆူချင်တာ ဆူပြီး ဖုန်းချသွားတော့ စိုးစိုး နားမလည်ပေမဲ့ ခပ်တိုးတိုး ရယ်မိသည်..။
ကလေး မဟုတ်….ဘာမဟုတ်…။
စာရွက်တွေကို ကိုင်ပြီး မှ လက်ထဲက ပြန်ချလိုက်ကာ ဖုန်းကို ပြန်ယူလိုက်သည်..။
လိုင်းဖွင့်လိုက်တော့ ဗိုက်ဘာ ကနေ စာဝင်လာသည်..။
ဓာတ်ပုံ သုံးပုံ ပို့ထားတာတွေ့တော့ ဖွင့်ကြည့်ချိန် အံသြရပါသည်..။
အနောက်တိုင်း ဝတ်စုံ ဝတ်ထားပြီးး  ဆံပင်ဘေးခွဲနဲ့ နေရှင်းသန့်ဆိုတဲ့ ကောင်လေး ကို မှတ်မိအောင် မနည်းစဉ်းစား ယူရသည်..။
နှာခေါင်း တရှုံ့ရှုံ့ဖြင့် ငိုနေတက်တဲ့ သွားကျိုးလေး နဲ့ ဘယ်လို မှ ယှဉ်တွဲ မြင်လို့ မရတော့ပါ…။
အချိန်တို လေးအတွင်း အရာရာ ပြောင်းလဲသွားတာ မြန်လိုက်တာ..။
ဆံပင်ပုံစံလည်း ပြောင်းသွားပြန်ပြီ…။
မျက်နှာပုံစံ နဲ့ မျက်ခုံးထူထူတွေ ကလည်း ပိုပေါ်လာသည်..။
မျက်လုံးတွေကလည်း စူးရှလွန်းသည်…။
ဆယ်ကျော်သက် လူငယ်တစ်ယောက် ထပ် ကျော်လွန်ပြီး ယောကျ်ား ပီသတဲ့  သွင်ပြင်ပုံစံ တွေကြောင့် စိုးစိုး သက်ပြင်းချလိုက်သည်..။
ကျောင်းမှာလည်း တော်တော်လေး နာမည်ကြီးနေမှာပါပဲ…။
ကျောင်းသူလေးတွေ အနားမှာ ဝိုင်းနေမှာပဲ..။
ဖုန်းကို ချပြီး စာရွက်တွေကို ပြန်ယူကြည့်နေပေမဲ့  အတွေးတွေဖြင့် အလုပ်များနေဆဲပင်..။
"နင့် စေတနာ က တကယ် ဖြူစင်ရဲ့လား…ကိုယ့် အတွက် ဘာမှ မမျှော်လင့်ပဲ သီးသန့် စေတနာတွေ ဆိုတာ သေချာ ရဲ့လား…"
စိုးစိုး အတွေးထဲက မေးခွန်းကို ခေါင်းရမ်းလိုက်သည်..။
ကလေး တစ်ယောက်ရဲ့ ပညာရေး သီးသန့် ထောက်ပံ့ချင်ရင် မာမေ နဲ့ မာချယ် ဦးဆောင် လုပ်ပေးနေတဲ့ အဖွဲ့အစည်းတွေထဲ ငွေ လှူလိုက်လို့ရပါသည်..။
စိုးစိုး ကျန်းမာရေးနဲ့ စိတ်အခြေအနေ ကြောင့် အနီးကပ်နေရင် စိတ်ပြောင်းအောင် ..။
ကိုခိုင့်ကြောင့် ဖြစ်နေတဲ့ ဝေဒနာလည်း လျော့ပါးအောင် အစားထိုးခဲ့တာလေ..။
ဒါပေမဲ့…အာရုံတွေ စိတ်ခံစားချက်တွေ ပြောင်းလဲသွားခဲ့ပါသည်..။
နေရှင်းသန့် အပေါ်မှာ သံယောဇဉ် ရှိခဲ့ရင်တောင် သူ့ကို မပူလောင်စေချင်တာ အမှန်ပါပဲ..။
စိုးစိုး သက်ပြင်းချလိုက်ပြီး နှစ်လ မတိုင်ခင် က စာရင်းတွေကို သေချာ ပြန်စစ်လိုက်သည်..။
စာရင်းတွေ ပြီးတော့ အိပ်ရာဝင်ချိန်က ဆယ်နာရီ တောင် ကျော်နေပါပြီ..။
"အဟွင်း."
စိုးစိုး နှုတ်ခမ်းကို လက်နဲ့ ဖွဖွ စမ်းရင်း နှုတ်ခမ်းပေါက်ခဲ့တာ သတိရတော့ ရယ်မိသည်..။
ဒါကို စွဲလမ်းပြီး ရင်ခုန်လှိုက်မောဖွယ် အိပ်မက်တွေ မက်ခဲ့ဖူးပါသည်..။
သူ ပို့ထားတဲ့ ပုံလေးကို တစ်ချက်ပြန်ကြည့်မိသည်..။
ကလေး တစ်ယောက်လို သွားတွေ အကုန်ပေါ်အောင် မရယ်တော့ပဲ နှုတ်ခမ်းတွန့်ရုံ ပြုံးထားတဲ့ အပြုံးက လူကြီးဆန် သွားစေသည်..။
ပထမနှစ်တုန်းက ပြန်မလာပေမဲ့ ဒီနှစ်ကျောင်းပိတ်ရက်တော့ ပြန်လာမယ် ထင်ပါရဲ့..။
လွမ်းတယ် လို့ ခေါင်းစဉ်မတပ်ချင်ပေမဲ့ မျှော်လင့်မိတာ တော့ ကိုယ့်ကိုယ်ကို သိပါသည်..။
ချစ်တယ်လို့ သတ်မှတ်ဖို့ကျပြန်တော့ မသေမချာ မရေမရာသည့် ကိုယ့်စိတ်ကြောင့်သက်ပြင်းသာ ချလိုက်သည်..။
.
"ခဏနေဦး.."
"ဘယ်လဲကွ…"
"ဖုန်းပြောမလို့.."
"မရိုးဘူး…ဟား..ဟား…"
"နေစမ်းပါကွာ…"
နေရှင်းသန့် အခန်းပြင်ထွက်လာပြီး ဖုန်းကို ကြည့်လိုက်တော့ ပီပီ ဖုန်းခေါ်ထားပြီးပြီ..။
နံပါတ်ကို ပြန်ဆွဲ၍ ပီပီ့ ဆီကို ဖုန်းခေါ်လိုက်သည်..။
ညဆယ်တစ်နာရီကျော်နေတော့ အိပ်ပျော်နြေ့ပီလား မသိ..။
ပြန်အိပ်မရလို့ စာအုပ်ဖတ်နေရင် ခက်ပြီ..။
နေရှင်းသန့် ဖုန်းမခေါ်တော့ပဲ မက်ဆေ့ ပို့လိုက်သည်..။
"ပီပီ အိပ်ပြီလား….ငါ အပြင်ရောက်နေလို့ မနက်မှပဲ ဖုန်းပြောတော့မယ်နော်…"
"ဘာလဲ..အောင်ကျော်ဦး တို့နဲ့ပဲ မလား…"
ချက်ချင်း ဝင်လာတဲ့ စာကြောင့် ပြုံး၍ နံရံကို ကျောမှီလိုက်သည်..။
အောင်ကျော်ဦးကိုတောင် သိနေပြီ ဘယ်ဆိုးလို့လဲ..။
"အဲလို အရက်သမားလေးတွေနဲ့ မပေါင်းစမ်းပါနဲ့ နေရှင်းသန့်ရယ်…နင်ပါ ပျက်စီးလိမ့်မယ်.."
နေရှင်းသန့် မျက်မှောင်ကြုတ်၍ ကပျာကယာ စာ ပြန်ရိုက်ရသည်..။
"အရက်သမား မဟုတ်ပါဘူးဟာ..ဒီတိုင်း သီချင်းဆိုဖို့လာတာပါ…အိပ်တော့….အိပ်တော့…မနက်မှ ဖုန်းခေါ်မယ်…"
"……….."
နေရှင်းသန့် ဖုန်းပိတ်၍ အခန်းထဲကို ပြန်ရောက်လာတော့ အောင်ကျော်ဦး က မိုက်တစ်လုံးနဲ့ အလုပ်ရှုပ်နေပြီ..။
သူ့ဘေးမှာ ဝင်ထိုင်လိုက်ပြီး မိုက်ကို ဆွဲလုလိုက်သည်..။
"နေကြီး..ဖုန်းခဏပေး…..သဲသဲကို ခေါ်လိုက်မယ်…"
"မိုးချုပ်နေပြီကွ…"
"ပေးစမ်းပါကွာ…"
နေရှင်းသန့် ဖုန်းကို ဆွဲယူပြီး ထွက်သွားတော့မှ ပီပီ ပို့ထားတဲ့ မက်ဆေ့တွေကို သတိရတော့သည်..။
သွားပါပြီ.။
ဟိုကောင်သာ ဖတ်မိရင် အားနာစရာ ဖြစ်ပြီ..။
ဟူး…ဖတ်မိမှာလည်း မဟုတ်ပါဘူးလေ…။
နေရှှုင်းသန့် သက်ပြင်းချ၍ သီချင်းဆိုဖို့ ရွေးနေလိုက်သည်..။
"နေကြီး…ကျောင်းပိတ်ရင် မင်း အိမ်ပြန်မှာလား…"
"မသိသေးဘူး.."
"မပြန်နဲ့ကွာ….သော်တာ အဖေက မင်းကို သင်တန်းတက်ဖို့ ပြောထားတယ်မလား…လုပ်ကြည့်ပါလား.."
"ကောင်းပါ့မလား…ငါ သူများ ကူညီတာ သိပ်မလိုချင်ဘူးကွာ…"
"ပဲများနေပြန်ပါပြီကွာ…မင်း စာတောင်မကျက်နိုင်ပဲ အခမဲ့ သင်တန်းတွေ ပြေးလွှားတက်နေပြီး….ဟေ့ကောင် စာမေးပွဲနီးပြီနော်.."
"အမှုန့်အမွှားတွေပါဟာ….စာကျက်တာများ ဆယ်မိနစ်နဲ့ ပြီးတဲ့ကိစ္စတွေပါ…"
"အေးပါ…စာရတော့လည်း ပြောအားကြီးတာပေါ့…"
နေရှင်းသန့် ပခုံးတွန့်ပြီး ကိုယ်ရတဲ့ သီချင်းကို ရွေးဖွင့်လိုက်သည်.။
မမ သီချင်းဖြစ်နေတာတော့ တိုက်ဆိုင်မှုမျှသာ…။
.
"ဆရာ…."
"လာပြန်ပြီ…ဘာဘီမ…ဘာလဲ…"
"ဆရာကလည်း…သမီးကိုတွေ့တာနဲ့ ဒီလိုကြီး ဘာလို့ဖြစ်နေတာလဲ…"
မျက်ခုံးနှစ်ဖက်တွန့်ပြီး ဆိုက်ကြည့်ပြတော့ နေရှင်းသန့် ရယ်ချင်သွားပေမဲ့ မြိုသိပ်ထားရသည်..။
ဒီကောင်မလေးက အရောတဝင် နေလို့ရတာမျိုး မဟုတ်..။
"နင် ဘာလာလုပ်တာလဲ…."
"ဟီး…သမီး လယ်ဗယ်တက်သွားလို့ ဆရာ့အတန်းရောက်လာတာလေ…."
"နင် ကိုးတန်း ဖြစ်နေပြီနော်….ရှေ့ဆို ဆယ်တန်းစာ ကြိုကျက်ရတော့မယ်….သင်တန်းလာပြီး စာလည်း စိတ်ဝင်စားတာမဟုတ်ဘူး…"
"ဟီး…စာစိတ်မဝင်စားပေမဲ့..သမီး စိတ်ဝင်စားတာက သပ်သပ်ပါ…"
"အေး.ဘာမှ စိတ်မဝင်စားနဲ့….တက္ကသိုလ်ရောက်မှ ကြိုက်တာသာ စိတ်ဝင်စား…"
"အဖြေ ကြိုပေးတာလား ဆရာ.."
"ဘာ…."
"ဟီး…စတာ…သွားပြီ..သွားပြိ…မနက်ဖြန် ဆရာ့အတန်းကို လာတက်မှာနော်…ဆရာ…"
လွယ်အိတ်ပိုက်ပြီး ပြေးချိန် ဦးထုတ်ပြုတ်ကျလို့ ပြန်ပြေးလာကောက်ပြန်သည်..။
ဆံပင်တိုတိုလေးနဲ့ ကလေးမလေး ကို ကြည့်ရင်း ခေါင်းရမ်းမိသည်..။
ဒါလည်း ဒုက္ခတမျိုး..။
တနေ့ တမျိုး မရိုးရအောင် ပြင်ဆင်လာသည်..။
မိဘတွေက ချမ်းသာတော့လည်း အလိုလိုက်ထားတာပေါ့လေ…။
ကားနဲ့ အပို့အကြို လုပ်ပြီး သင်တန်းထားပေမဲ့ သင်တန်းမှာ တက်မြောက် မှု ရှိရဲ့လား မသိကြ..။
နေရှင်းသန့် အတန်းမဟုတ်ပေမဲ့ တစ်နေ့တစ်ခေါက်တော့ ပုံမှန် ရောက်လာတက်သည်…။
တစ်ခါတလေ သင်တန်းမလာရင်တောင် ကိုယ့်စိတ်ထဲ တမျိုး ဖြစ်နေပြီ…။
သူ့သူငယ်ချင်းတွေက ဘာဘီလေး ခေါ်ပေမဲ့ နေရှင်းသန့်ကတော့ ဘာဘီမ ပဲ ခေါ်သည်..။
ဘာဘီ မ နဲ့ တူအောင်ကို ဆံပင်က ပန်းရောင်ဖြစ်လိုက် အပြာဖြစ်လိုက်ကိုး..။
"နေရှင်း…"
"ဗျာ…အစ်မ.."
"ဆားဗစ်ကောင်တာ က ဖုန်းဝင်လာတယ်…မနေ့က အပ်ထားတဲ့ ဆန်းဆောင်းဖုန်း ပြန်လိုချင်လို့တဲ့.."
"ဟင်…နောက် တစ်ပတ်မှ ရမယ် လို့ ဘောက်ချာဖွင့်ထားတယ်လေ.."
"ဟုတ်တယ်…အထဲက ဒယ်တာတွေကို စိတ်မချပုံပါပဲ.."
"သြော်….ခဏနော်…အစ်မ…"
နေရှင်းသန့် အလုပ်အခန်းကို သွားပြီး ဖုန်းပေါင်းများစွာထဲက ပြန်ရှာရသည်..။
ပစ္စည်းတွေရှာရင်း ပီပီ ပြောထားတာ သတိရပြန်သည်..။
"တစ်ခုခု ကို မရှာချင်ရင် စ ကတည်းက တသိးတသန့် ထားပေါ့….ဘာမှ မခက်ဘူး…ခဏလေးရယ်..ပြန်ရှာရင်လည်း ခဏလေးနဲ့ တွေ့တယ်.."
"အဟွင်း…ရပြီ အစ်မ…"
"အင်း..အစ်မ ပဲ သွားပေးလိုက်မယ်…သြော်…နေရှင်း…ထမင်း လာစားတော့လေ…နောက်တောင် ကျနေပြီ…"
"ဒါတွေ ရှင်းလိုက်ဦးမယ် အစ်မ…ပြီးမှပဲ စားတော့မယ်…"
"အိုကေ…."
အစ်မ ထွက်သွားတော့မှ နေရှင်းသန့် တစ်ယောက်တည်း ခပ်တိုးတိုး ရယ်မိသည်..။
သီးသန့် ဘုံးလေးတွေ ယူပြီး ဖုန်းတံဆိပ်တွေကို သပ်သပ်စီ ခွဲ၍ ထည့်ထားလိုက်သည်..။
ဟူး….ပစ္စည်းတွေက တော်တော်ပုံနေပြီ..။
အချိန်မရတဲ့ကြားက အွန်လိုင်းသင်တန်းတွေပါ လိုက်တက်ထားတော့ ခက်ကုန်ပြီလေ.။
သင်တန်း နှစ်ရက်လောက်ပျက်ပြီးဒီကိစ္စတွေ ရှင်းမှရတော့မည်..။
ပီပီ သာ အနားမှာ ရှိရင် ဘယ်လောက် ကောင်းမလဲ..။
ပစ္စည်း သုံးလေး ခု လုပ်စရာ ပုံတာနဲ့ ပျင်းမနေ နဲ့ ခုထလုပ်လို့ တိုက်တွန်းမှာလေ…။
အပျင်းကြီးတဲ့ နေရှင်းသန့်ကို ပီပီ ပုံသွင်းခဲ့တာတွေ သတိရတော့ တစ်ယောက်တည်း ရူးကြောင်ကြောင်ဖြင့် ရယ်နေမိသည်..။
.
"ဆရာ့ကို မေးစရာ ရှိတယ်…"
နေရှင်းသန့် စိတ်ရှု့ပ်ထွေးစွာဖြင့် မေးငေါ့လိုက်သည်..။
ကွန်ပျူတာ အခြေခံ ပိုင်းလေးသင်ဖို့ကို သမီး အလိုကျ အိမ်မှာ ခေါ်သင်ပေးသည့် သူဌေးကိုလည်း အံသြသည်...။
အစ်မက အကူအညီတောင်းလို့သာ တစ်ပတ်ကို နှစ်ရက် အချိန်ပေးပြီး အိမ်ကို လာနေရတာ စိတ်ကတော့ သိပ်အဆင်မပြေ..။
ချမ်းသာတဲ့ မိသားစု ဖြစ်နေတာကြောင့် အလိုလို ဝန်လေးနေသည်..။
ကိုယ့်ရှေ့မှာ စကပ်တိုလေးနဲ့ ထိုင်ပြီး မျက်တောင် ပုတ်ခတ်ပြနေတဲ့ ကောင်မလေးကို မျက်မှောင်ကြုတ်၍ ကြည့်မိသည်..။
"မေးစရာရှိတာ နောက်မှမေး..ဒီလက်ကွက်လေးကို ဘယ်နှစ်ရက်ကျင့်နေမှာလဲ ဘာဘီ.."
"သမီး မှ မရသေးတာ…"
"သင်တန်မှာ ဒီအဆင့်တွေ အားလုံး သင်ပြီးသား တက်ပြီးသားလေ…"
"ဟီ….အိမ်ကျတော့ မေ့သွားတယ်…."
"…….."
"…….."
"အိုကေ…ဒီလက်ကွက်ကို ရမှ နင် မေးတာ ငါဖြေနိုင်မယ်…."
"ကတိနော်…ဆရာ…"
"အင်း…"
"…………."
"…………."
"…………."
လက်ကွက်ကို အသည်းအသန် နှိပ်နေတဲ့ ကောင်မလေး ဘေးမှာ ရပ်ရင်း လက်ပိုက်၍ ကြည့်နေလိုက်သည်..။
ငါးမိနစ်တောင် မကြာပဲ ပြီသွားကာ နေရှင်းသန့်ကို မျက်ခုံးပင့်ပြသည်..။
"ဟုတ်ပြီ…တော်တယ်…ကဲ ပြော…ဘာမေးမှာလဲ…"
"သမီး သူငယ်ချင်း အကြောင်းပါ…ဆရာက ယောက်ျားလေး ဆိုတော့ မေးလို့ အဆင်ပြေတယ်လေ…အာ…ဒီမှာ မကောင်းဘူး….အိမ်ရှေ့ သွားမယ်…"
နေရှင်းသန့် လက်ကို ဆွဲပြီး အိမ်ရှေ့ဘက်က အဆောင် တစ်ခု ကို ခေါ်သွားပြန်သည်..။
မှန်လုံအိမ် ပန်းခြံလေးထဲ ရောက်တော့မှ စားပွဲဝိုင်း တစ်ခု ဘေးမှာ ထိုင်ခိုင်းသည်..။
"နင့် သူငယ်ချင်း ဘာဖြစ်လို့လဲ.."
"ဟိုဟာ…သမီး သူငယ်ချင်းက သူ့ထက် အသက်ကြီးတဲ့ သူ တစ်ယောက်ကို ကြွေနေတယ် ဆရာ…."
"…………"
"အဲ့လူက ရုပ်ချောချော စမတ်ကျကျ အရှည်ရှည်ရှည် ဘော်ဒီ တောင့်တောင့် နဲ့ စာလည်း အရမ်းတော်တာပဲ ဆရာ…."
"အဲတော့ နင့်သူငယ်ချင်း နဲ့အတူ လိုက်ကြွေရောလား…"
"ဟီး….မ…မဟုတ်ပါဘူး…မေးကြည့်မလို့ပါ…သူက  ကျောင်းမှာလည်း ကင်း လေ..ရယ်လိုက်ရင် သွားစွယ်လေး တစ်ခု…အဲ…"
"………."
"အဟမ်း…ဟမ်း….ဆရာနဲ့ တူသလိုဖြစ်နေလား…လုံးဝပဲနော်…ဟိုက ဆေးကျောင်းကပါ…"
"………"
"အဲဒါလေ…အဲ့ အကိုကြီးကို ဘယ်လို လိုက်ရမလဲ မသိဘူးဖြစ်နေတယ်….ယောက်ျားလေးတွေက ဘာကြိုက်လဲဟင် ဆရာ…."
”………”
”ပြောလေ…ဆရာ…ကတိပေးထားတယ်လေ”
"အင်း….သေချာတော့ မသိဘူး…အားလုံး ကို ခွဲခြားလိုက်ရင်တော့ ယောက်ျားလေး နှစ်အုပ်စု ရှိတယ်…. အိချောပိုတို့ သင်ဇာဝင့်ကျော်တို့ ကြိုက်တဲ့ အုပ်စုရယ်….အောင်ရဲလင်းတို့ နေတိုး တို့ ကြိုက်တဲ့ အုပ်စုရယ်…"
"ဟာ..ဆရာကလည်း…"
"နင်ပဲ ယောက်ျားလေးတွေ ဘာကြိုက်လဲဆို.."
"အာ…ဟုတ်ပါပြီ….ထားလိုက်ပါတော့….ဆရာ က ကော ဘယ်အုပ်စုလဲ…"
"သင်ဇာဝင့်ကျော်ပေါ့…"
"အု…."
မျက်နှာ ရှုံ့မဲ့ပြီး လက်နဲ့ကွယ်တော့ နေရှင်းသန့် ပြုံးမိသွားသည်..။
စိတ်ကို တင်း၍ မျက်နှာကို ပြန်တည်ထားလိုက်ရသည်..။
"ဟုတ်တယ်လေ…ငါ က ယောက်ျားဆိုတော့ အောင်ရဲလင်းကို မကြိုက်ဘူး…"
"အာ…ဒါဆို….ဟိုလို ကို ပြောတာပဲ.."
"ဟုတ်တယ်….ယောက်ျားလေးမှာ နှာဘူး ဂန်ဒူးပဲ ရှိတယ်…နှာဘူး ဘာကြိုက်လဲ…ဂန်ဒူး ဘာကြိုက်လဲ ရှင်းပြရဦးမှာလား…"
"မဖြစ်နိုင်တာတော့ မပြောပါနဲ့ ဆရာရာ…သမီးမှာ ဆရာ့မွေးနေ့ လက်ဆောင် ဝယ်ပေးမလို့ ..သင်ဇာဝင့်ကျော်ကြီးတော့ မဝယ်ပေးနိုင်ဘူးဆရာ…သူက ဒေါ်လာနဲ့ မှ ကြော်ငြာ ရိုက်တာလေ…"
"သြော်….ငါ့ မွေးနေ့ အတွက်လား…မလိုပါဘူး…ငါ သူများပေးတဲ့ လက်ဆောင်မယူဘူး.."
"ဆရာကလည်း သမီးက….သြော်..ဟုတ်ပြီ…ဆရာက ကရင် ဆိုတော့ ခရစ်စမတ် လက်ဆောင်လို့ သဘောထားလိုက်ပေါ့…"
"မဖြစ်ဘူး…ငါတို့ ဘိုးဘွားတွေက နတ်ကိုးကွယ်တာ…"
"အာ….ဆရာကလည်း…"
"ဘာဘီ…စာကိုပဲ စိတ်ဝင်စားပါ…စိတ်ကစားတဲ့ အရွယ်မှာ စိတ်ကစားတာ ပြဿနာ မရှိဘူး….ပညာရေးကိုတော့ ထိခိုက်မခံနဲ့…"
နေရှင်းသန့် အနားက ကောင်မလေး ခေါင်းကို ပုတ်၍ ထွက်လာခဲ့လိုက်သည်..။
အိမ်အ၀ မှာ သူ့အမေက ပြုံး၍ ကြိုဆိုနေသည်..။
"ဘာဘီတော့ ဆရာ့ကို ပြဿနာ ရှာပြန်ပြီထင်တယ်…"
"မဟုတ်ပါဘူး..အစ်မ….သြော်…ဘာဘီ က ဒီနေ့ လက်ကွက် သင်ခန်းစာ ရသွားပြိဆိုတော့ ဆက်သင်ချင်ရင် လယ်ဗယ်မြင့်တဲ့ သင်တန်းဆရာ လွတ်ပေးပါမယ်…."
"ဟယ်..ဟုတ်လား…ဝမ်းသာစရာပဲ…သမီးက စာတော်ပေမဲ့ လက်ကွက်ကျင့်တာအရမ်းကြာနေတော့ ကျွန်မ တို့က စိုးရိမ်နေရတာ…တော်ပါသေးရဲ့…"
"သူ အာရုံ စူးစိုက်ရင် မြန်မြန်တက်ပါတယ်…ညဏ်လည်း ကောင်းတယ်..အခုလို ကျောင်းဖွင့်ရက်မှာ စာကို အဓိကသင်စေချင်တယ်….အိုး…ကျွန်တော်က အကြံပေးတာပါနော်….အထင်မလွဲပါနဲ့ အစ်မ…"
"မလွဲပါဘူ…မလွဲပါဘူး..ဆရာ…ဟုတ်တယ်…စာမေးပွဲတွေ နီးလာပြီ….ဆယ်တန်းကျူရှင်လည်း တက်ရဦးမယ်ဆိုတော့ နားလိုက်တာ ကောင်းမယ်နော်…"
"ဟုတ်ကဲ့…"
"ကျေးဇူးတင်ပါတယ်…ဆရာ….သူ ဆယ်တန်းပြီးလည်း ဆရာတို့ဆီပဲ အပ်ရမှာပါ…သင်တန်းကိုလည်း ကျွန်မ ဖုန်းဆက်လိုက်ပါဦးမယ်…”
"ဟုတ်ကဲ့…ဒါဆို ခွင့်ပြုပါဦး.."
"ဟုတ်ကဲ့…."
"ဆရာ….တာ့တာ…."
"မာမီ့ သမီးလေး တော်လိုက်တာ….လက်ကွက်ရပြီ ဆို …."
"အာ…မရသေးပါဘူး…"
"မာမီ တွေ့သားပဲ…ဆရာလည်း ပြောတယ်…သြော်…စာမေးပွဲရက်…ခဏ နားရမယ်…"
"…အာ…မာမီ…”
နေရှင်းသန့် ကျောခိုင်း ထွက်လာရင်း ပြုံးမိသည်..။
တော်ပါသေးရဲ့ ….ဘာဘီ အရှုပ် ပြီးသွားပေလို့..။
.
"မိလုံး.."
"ရှင်…"
"ဒီ နေရာက ဘာလို့ ပေါင်းတွေ များနေတာလဲ…"
"ဟို…..အပင်မစိုက်ရသေးလို့ပါ…"
"မစိုက်လည်း ကြုံနေတာပဲ ….ရှင်းလေ….ပြောမှ လုပ်နေကြတာ မဟုတ်သေးပါဘူး…"
"ဟုတ်ကဲ့…လုပ်လိုက်ပါ့မယ်…"
"…………"
ပန်းခူးနေတဲ့ ကောင်မလေး နှစ်ယောက်က စကားတောင် မပြောရဲပဲ ခေါင်းငုံ့ကာ ပန်းခူးနေကြသည်..။
စိုးစိုး စိတ်ကို လျော့ပြီး ပန်းခင်းဘေးမှာ ချထားတဲ့ ထိုင်ခုံဆီ ပြန်ခဲ့လိုက်သည်..။
ဘာဖြစ်နေတာလဲ..။
ကိုယ့်ကိုယ်ကို မေးခွန်း ထုတ်ရင်း အားမလို အားမရ ဖြစ်ရပါသည်..။
ဒီလောက် ခံစား စရာ လိုလို့လား.။
မနေ့ည  ဖုန်းပြောပြီးကတည်းက စိုးစိုး စိတ်တွေ တိုနေသည်.။
အဲဒါ ဒင်းကြောင့်..။
"နင် ပြန်လာမယ်မလား…"
"မလာတော့ဘူး…ဟိုတစ်ခါပြောတဲ့ ငါ့သူငယ်ချင်း အဖေ ကလေ….ငါ့ကို သင်တန်းတက်ခိုင်းတယ်….အဲဒီ့အလုပ်က ပွဲတစ်ပွဲကို သိန်းချီရတာတဲ့ဟ….ငါ လုပ်နေတဲ့အလုပ်က တစ်လ လခ က ပွဲတစ်ပွဲ မှာ ခဏလုပ်ရုံလေးနဲ့ ရတယ်..….အဲတော့ သင်တန်းတက်ပြီး စမ်းလုပ်ကြည့်ရင် ကောင်းမလားလို့…ကောင်းမလားဟင်…ပီပီ….."
"အို….ငါ့ကို လာမမေးနဲ့တော့…."
"ဟာ….တိုင်ပင်တာကိုပဲ…"
"နင့်ဟာက တိုင်ပင်တာမှမဟုတ်တာပဲ…ဘာပဲဖြစ်ဖြစ် လုပ်ပြီးမှ အသိပေးနေတာ…ဆုံးဖြတ်ပြီးမှ ဖွင့်ပြောတာလေ…"
"မဟုတ်ဘူးလေ…..ငါ…မေးတာ…"
"နေရှင်းသန့် ….နင် ပြောတော့ ကျောင်းတက်ချင်တာဆို….ကျောင်းလည်းတက်ရရော အဆိုတော်ကြီး ဖြစ်ချင်လိုက် …မင်းသား လုပ်ချင်လိုက်….အခု တင်ဆက်သူ လုပ်ချင်ပြန်ပါပြီ....ငါမသိလို့ မေးပါရစေဦး…နင့်ရဲ့ ဦးတည်ချက် ရည်မှန်းချက် က ဘာများလဲ နေရှင်းသန့်…နင့်မှာ ဦးတည်ချက်ကော ရှိရဲ့လား…ဟမ်.."
"ကျစ်…ငါ့ကို အဲလို မပြောနဲ့ ပီပီ….ငါ့ဘဝကို ငါသိလို့….ငါ ကျောင်းတက်ရင်း အလုပ်လုပ်နေတာပါ…ငါ့ အဘိုးနဲ့ အဘွားကို ကောင်းကောင်းမွန်မွန် ထားချင်တယ်…"
"နင့် အဘိုးနဲ့ အဘွားကို ခုလည်း ကောင်းကောင်းမွန်မွန် နေရသားပဲ…"
"နင့်ရဲ အထောက်အပံ့နဲ့လေ…ငါ မလိုချင်ဘူး…ငါ့ကို နင်ဘယ်လို သဘောထားလဲ သိတယ်….အဲဒါကြောင့်…အခွင့်အရေး မယူချင်ဘူး…"
"နင်ယူတာမှ မဟုတ်တာ…ငါ ပေးတာပါ….ကျောင်းပိတ်ရက်တော့ နင် အိမ်ပြန်လာဖို့ ကောင်းတယ်..နေရှင်းသန့်….အဘိုးနဲ့ အဘွားကို ခဏဖြစ်ဖြစ် တွေ့ပေါ့.."
"ငါ အဆင်သင့်မဖြစ်သေးဘူး…..အပါးတို့ဆီလည်း ပြန်မလာဖြစ်တဲ့အကြောင်း ကို ငါ ဖုန်းဆက်ထားပြီးပြီ…"
"ဟမ်…ဒီအပတ် ငါ မရောက်ဘူးလေ…"
"ဟုတ်တယ်….ငါ ဝယ်ပို့ပေးထားတဲ့ ဖုန်းကို ခေါ်လိုက်တာ…ဒါပဲနော်…..ငါ သင်တန်းသွားဖို့ ရှိတယ်…."
"……"
တစ်ဖက် က ဖုန်းချသွားပေမဲ့ စိုးစိုး မှာတော့ တနုံ့နုံ့ …။
အရင်တုန်းက သူ့အဘိုးကို ဖုန်းပြောချင်ရင် စိုးစိုး ဆီဖုန်းဆက်သည်..။
စိုးစိုး က အလည်သွားရင်း ဖုန်းခေါ် ပေးရသည်..။
အခုတော့ ဘယ်တုန်းက ဘယ်သူနဲ့ ထည့်ပေးလိုက်တဲ့ ဖုန်းလည်း မသိ..။
မြေး ကော အဖိုးကော အသိမပေးတာ ကို စိတ်တိုသည်..။
ဟုတ်တာပေါ့…အခုဆို သူက အလုပ်အကိုင် ရှိတဲ့ လူငယ် တစ်ယောက် ဖြစ်နေပြီ..။
ငွေလွဲ မပေးရတာတောင် ငါးလလောက် ရှိနေပြီပဲ…။
အရင်လို ပေးတာ ယူ ကျွေးတာစား..ဆင်ပေးတာ ဝတ်နေရတဲ့ ကလေး တစ်ယောက် မဟုတ်တော့ပြီ..။
ဘာပဲ ဖြစ်ဖြစ်….ပြန်မလာဘူးဆိုတာတော့ ပိုခံရခက်သည်..။
သူ ပြန်လာရင် နေနိုင်ဖို့ ရည်ရွယ်ပြီး ခြံထဲက အိမ်လေးကို ပြင်ဆင်ထားခဲ့တာ လိပ်ပြာမလုံ.။
ပတ်ဝန်းကျင် အမြင် မှာ သူက ကိုယ့်အတွက် မထူးခြားသလို အကြောင်းပြချက်ပေးနေပေမဲ့  စိတ်ထဲမှာတော့ မျှော်မိသည်..။
အခွင့်အရေး မယူချင်ဘူးတဲ့…။
စိုးစိုး သက်ပြင်းချလိုက်သည်..။
သူ့ကြောင့် ဒေါသထွက်နေရတာလည်း မသက်သာ..။
ကိုယ့်စိတ်ကိုလည်း ဆုံးမ မရ..။
သံယောဇဉ်ကြောင့် အရူးဖြစ်မှာတော့ ကြောက်ပါသည်..။
.
"နေရှင်းရေ…"
"ဟမ်…"
"သွားမယ်လေကွာ…"
"အမ်း.."
"ဟာ….ဘာမှ မလုပ်ရသေးဘူးလား….လုပ်လေကွာ…မလိုက်ဘူးလား…"
"အေး….မလိုက်ရင် ကောင်းမလားလို့.."
"ဟာကွာ….သော်တာ က မင်းကို အဓိက ထားဖိတ်တာနော်…..မင်းမပါရင် တို့လည်း မသွားတော့ဘူး.."
နေရှင်းသန့် လက်ထဲ က ဖုန်းကို ချပြီး အဝတ်အစားလဲဖို့ ပြင်ဆင်ရသည်..။
သေ်ာတာ ကသူ့မွေးနေ့မှာလည်း MC လုပ်ခိုင်းပြန်ပြီ..။
အဝတ်အစားတွေက ပြင်ဆင်ပြီးသားမို့ ကောက်ဝတ်လိုက်ရုံနဲ့ ပြီးပါသည်..။
အဓိက စိတ်က ညစ်ထွေးနေသည်..။
"ဘာဖြစ်လို့လဲ..နေကြီး..နေမကောင်းဘူးလား.."
"…………"
"ဟေ့ကောင် နေကြီး…"
"ဟမ်…"
"နေမကောင်းဘူးလားလို့…"
"ကောင်းပါတယ်ကွာ…"
နေရှင်းသန့် လိုင်းပိတ်လိုက်သည်..။
ပီပီ့ဆီကို ဖုန်းမဆက်တာ နှစ်ပတ်ကျော်ပြီ..။
အရင်တုန်းက  ဘာပဲဖြစ်ဖြစ် သူအရင်စ ခေါ်ပေမဲ့ အခုက လိုင်းပေါ်မှာလည်း မတွေ့တော့ စိတ်ပူသည်..။
တစ်ယောက်တည်းနေတဲ့ မိန်းကလေး တစ်ယောက်က ဘယ်အသက်အရွယ်ဖြစ်ဖြစ် လုံခြုံ မှုတော့ နည်းပါသည်..။
ဘာကို မှ ဂရုမစိုက်တက်တဲ့ စိတ်ကို သိပြီးသားပေမဲ့ လူတွေကို ယုံကြည်လွန်းတာ ခက်သည်..။
ဘာဖြစ်လို့ ဖုန်းမဆက်တာလဲ..။
ကျစ်….ဒီ အဘွားကြီးတော့ ဘာမဟုတ်တာနဲ့ စိတ်ကောက်နေပြန်တာလား..။
ရွာကို ပြန်ရင် အချိန်လွယ်လွယ်ကုန်သွားမဲ့အတူတူ ဒီမှာသင်တန်းတွေ တက်ပြီး ကြိုးစားချင်သည်..။
အလုပ်မရှားတဲ့ နေရာမှာ အလုပ်တွေ အများကြီး ကြိုးစားလုပ်ချင်သည်..။
နေရှင်းသန့် ငယ်ဘဝကတည်းက ချို့တဲ့စွာ ကြီးပြင်းလာရတာမို့ ပိုက်ဆံကိုသာ တက်နိုင်သမျှ ရှာဖွေချင်သည်..။
ရွာမှာ ခက်ခဲ ပင်ပန်းစွာလုပ်ပြီး ရတဲ့ တစ်နှစ်ဝင်ငွေက ဒီမှာတော့ တစ်လဝင်ငွေဆိုလည်း ဟုတ်သည်..။
တစ်ရက်တည်းနဲ့ ရချင်လည်း ရသည်.။
ပီပီ့ဆီမှာနေပြီး  ကလေး တစ်ယောက်လို နောက်က လျှောက်လိုက်ရင်း ကုန်မဲ့ အချိန်တွေကို သမျောလို့ ကျောင်းပိတ်ရက် ပြန်မလာဘူး ပြောတာလေ….။
ဘာများ စိတ်ဆိုး စရာ ရှိလို့လဲ..။
ပီပီ့ရှေ့ကို ပြန်သွားတဲ့အချိန် နေရှင်းသန့်ဘဝက အားလုံးပြောင်းလဲနေစေချင်သည်..။
မပြန်တာ ကြာပေမဲ့  နေရှင်းသန့် လည်း နေ့ရက်တိုင်း လွမ်းရသည်..
အဘွားကြီး ကတော့ ဒါတွေကို နားမလည်ပါဘူး..။
"သော်တာ က လန်းတယ်ကွ.."
နေရှင်းသန့် အတွေးတွေ ပြတ်သွားကာ လျှောက်လမ်းပေါ်ကို ခြေချလိုက်သည်..။
"အေး…တစ်နှစ်ထပ် တစ်နှစ် ပိုချောလာတယ်…ဟေးဟေး…"
"မပစ်မှားနဲ့နော်…..ဒီကောင်မလေးက နေကြီး မိန်းမ ဖြစ်လာမဲ့သူ…"
"ဟာ…အောင်ကျော်ဦး…"
"ဟဲ..ဟဲ…မဟုတ်လို့လား…မင်း ကံကောင်းတယ်နော်…ယောက်ခမကြီးကလည်း သား …သား..နဲ့ ပါးစပ်က မချဘူး…ယောက္ခထီးကျတော့လည်း ..သင်တန်း က အစ ရှာပေးတယ်…ဟမ်….ဘာလိုလေးလဲ…."
"…….."
သူတို့ စကားကို တုန့်ပြန်ဖို့ အချိန်မရတော့လို့ စင်ပေါ်ကို တက်ခဲ့ရသည်.။
နေရှင်းသန့်နဲ့ အတူတူ နာမည်ရ presenter တစ်ယောက်လည်း ရှိနေတော့ စိတ်ထဲ တမျိုး ဖြစ်နေသည်..။
စင်ပေါ်မှာ ရှိနေတဲ့ အချိန် ရင်ခုန်စိတ်လှုပ်ရှားပေမဲ့ အရင်လောက် မစိုးရိမ်တော့ပါ..။
လွဲချော်မှုတွေ မရှိပဲ ပြီးဆုံးသွားတော့မှ သက်ပြင်းချနိုင်တော့သည်..။
သော်တာ့ မိသားစုဝင်တွေကို နှုတ်ဆက်ပြီးမှ သူငယ်ချင်းတွေ ရှိနေတဲ့ စားပွဲဝိုင်းကို ရောက်လာသည်..။
"အင့်…မင်းဖုန်း…"
"ဘယ်သူခေါ်သေးလဲ…"
"မိန်းမ တစ်ယောက်ခေါ်တယ်…"
"ဟမ်..ဟလား.."
နေရှင်းသန့် ဟန်မဆောင်နိုင်တော့ပဲ ဖုန်းကို ကောက်ယူကာ နံပါတ်တွေကို ကြည့်လိုက်သည်..။
P ဆိုတဲ့ စကားလုံးလေး ကို တွေ့တော့ ပြုံးစေ့စေ့ ဖြစ်၍ ပြန်ခေါ်မိသည်..။
"အဟမ်း….."
"ဟလို…"
"ဖုန်းခေါ်တယ်ဆို…"
"………."
နေရှင်းသန့် လေသံမာမာ ပြင်ပြီး ပြောလိုက်တော့ တစ်ဖက် က တိတ်သွားသည်..။
ခဏကြာတော့မှ သက်ပြင်းချသံ ကြားလိုက်ရသည်..။
"ပီပီ…ခု ဘယ်မှာလဲ…"
"အိမ်မှာပေါ့…."
"ဘယ်တုန်းက ပြန်ရောက်တာလဲ…"
"အို…အရင်အတိုင်းပဲပေါ့….နေစမ်းပါဦး…ဘာလို့ စစ်ဆေးနေတာလဲ…"
နေရှင်းသန့် စိတ်တို၍ မျက်ခုံးတွန့်တက်သွားသည်..။
မဖြစ်သေးပါဘူး..။
တော်ကြာ နှစ်ပတ်လောက် ဖုန်းမဆက်ရင် မနေနိုင် မထိုင်နိုင်ဖြင့် ကိုယ်က ဒုက္ခရောက်ဦးမည်.။
"ဒါဆို…ဘာပြောရမှာလဲ….ပြောစရာ မရှိရင် ဒါပဲလေ…"
"အိုး…နေဦး….နေဦးလေ…ဘယ်လိုဖြစ်နေတာလဲ…မသိဘူး…တော်တော် အရေးကြီးနေလား…"
အဘွားကြီးရဲ့ ပွစိပွစိ ရေရွတ်သံကို ကြားရတော့မှ  ပခုံးလှုပ်အောင် ရယ်မိပေမဲ့ အသံမထွက်အောင် ်ထိန်းထားရသည်..။
အောင်ကျော်ဦးက အကဲခတ်နေတာ သိလို့ မျက်နှာပိုး သတ်လိုက်ပြီးမှ ဖုန်းကို တစ်ဖက် ပြောင်းကိုင်လိုက်သည်..။
"…ကျောင်းပိတ်ထားတယ်မလား…"
"အမ်း…"
"ဟို….စနေနေ့ကျရင် ….ငါလာခဲ့မလို့…"
"ဟမ်…"
"ကိုစိုးမင်း က ပျိုးခြံ တစ်ခု ညွန်လို့ပါ….အဲဒါ..နင် အားတဲ့ ရက်ကျရင် လာခဲ့မယ်….ဖြစ်မလား…"
"ဖြစ်တာပေါ့…."
"အင်း….အင်း..ဒါပဲ…..လာခါနီးမှ ထပ်ပြောတော့မယ်….…ဒါနဲ့..မွေးနေ့ပွဲမှာဆို…"
"အွန်း…ဟုတ်တယ်…ငါ အခန်းပြန်ရောက်မှ ပုံပို့ပေးလိုက်မယ်…."
"သြော်…အင်း..ဒါဆို…ဒါပဲလေ…"
"…………"
နေရှင်းသန့် ဖုန်းချပြီး ပြုံးစေ့စေ့ဖြင့် ဖျော်ရည်ခွက်ကို ကောက်သောက်လိုက်သည်..။
ကောင်းတယ်…။
အဘွားကြီး လာတော့မှ ရန်ကုန် နဲ့ နေရှင်းသန့် ဘယ်လောက်တောင် အံဝင်ခွင်ကျ ဖြစ်နေသလဲ ဆိုတာ  သိအောင် ပြရမှာပေါ့..။
"ဘယ်သူလဲ..နေကြီး…"
"ဟမ်…"
"မင်း..မျက်နှာကြီးက ပြုံးဖြီးနေတာ….အောက်သွားမရှိတဲ့ နွားပြာကြီး ကျနေတာပဲကွာ…"
"ဟာကွာ…"
နေရှင်းသန့် မျက်နှာ ရှုံ့မဲ့သွားပေမဲ့ အောင်ကျော်ဦးကတော့ ရယ်သည်..။
"ပြောလေကွာ…သူငယ်ချင်း အချင်းချင်း လျိုတာလား…"
"မဟုတ်ပါဘူး….ငါ့ဘွားတော်လေ…"
"ဘယ်လို ဘွားတော်လဲ…"
"………"
"မင်း မိန်းမလို့ ပြောတယ် ဟုတ်လား…"
"……….."
နေရှင်းသန့် တမင် လိမ်ထားတာ မဟုတ်ပေမဲ့ စိတ်ထဲတော့ အံသြပြီး သောက်လက်စ ခွက်ကို ပြန်ချလိုက်မိသည်..။
အောင်ကျော်ဦးက မကျေနပ်တဲ့ မျက်လုံးဖြင့် ကြည့်နေတော့ ပခုံးတွန့်ပြလိုက်သည်..။
"အေး..ဟုတ်တယ်…."
နေရှင်းသန့်  ပြုံးပြီး ဝန်ခံလိုက်တော့ အောင်ကျော်ဦး မျက်နှာက တစ်မျိုး ပြောင်းသွားပြန်သည်..။
"မင်း ကို ကျောင်းထားပေးတာလား…"
"အွန်း…ဟုတ်တယ်လေ……"
"ဟာကွာ….အတိအကျ ပြောစမ်းပါ…"
"ဟုတ်ပါတယ်….ငါ့မိန်းမ ပါဆို…မင်းက ဘာတွေ ထပ်သိချင်နေတာလဲကွာ…"
"အကုန်လုံးပဲ…ငါသိသလောက် ဒီဘွားတော်ကြီးက မင်း ရန်ကုန်မရောက်ခင်ကတည်းက သိနေတာမလား….ငါလုံးဝမထင်ဘူး….ဘယ်က ဘယ်လို ဖြစ်ပြီး…ဘယ်မှာ ဘယ်လို ဆုံးလဲ…"
"ဟား..ဟား…."
စိတ်မရှည်ဖြစ်နေတဲ့ အောင်ကျော်ဦးကြောင့် နေရှင်းသန့် ခပ်တိုးတိုး ရယ်ပြီး ရှေ့က ကြက်ကြော်ကို ခက်ရင်းနဲ့ ထိုးစားလိုက်သည်..။
"ပြောဆို…"
လက်ကို ပုတ်ချပြီး မေးတော့ ထပ်ရယ်မိပြန်သည်..။
"မင်း ကလည်း ကွာ…မသိရင် ငါ့ရည်းစားကျနေရောပဲ…"
"ငါ မသိရဘူးဆိုလည်း ရတယ်…"
"ဆောရီး…ဆောရီး…ပြောမယ်….ငါ ဆယ်တန်းဖြေခါနီးတော့  ငါ့အဘိုးက ကျောင်းဆက်မထားတော့ဘူးပြောတယ်….ငါ စိတ်ညစ်ပြီး ပေါက်ကရ လျှောက်လုပ်တာကွာ…"
"ဟမ်…ဘာတွေလည်း.."
မျက်လုံးပြူးနေတဲ့ အောင်ကျော်ဦး ရဲ့ အတွေးကို သိနေလို့ ပခုံးကို ရိုက်ချလိုက်တော့မှ မျက်နှာရှုံ့မဲ့သွားတော့သည်.။
"အိမ်ကထွက်သွားတာ….သူတို့ဆီမှာအလုပ်သွားလုပ်တယ်…နောက်ပြီး သူ က ငါ့ကို သနားလို့ နေမှာပေါ့ အိမ်ကို လိုက်လာတယ်…ကျောင်းဆက်တက်ဖို့ ကူညီပေးမယ် ပြောတယ်. ….ဒါလည်း…ငါ့အဘိုး က မလျော့ဘူးကွ…. ကျောင်းဆက်မထားဖို့ ဆုံးဖြတ်ထားတော့ လက်ထပ်ပြီးမှ လက်လွတ်မယ်ဆိုပြီး လျှောက်ပြောတာပဲ….အဲဒါနဲ့ သူ နဲ့ငါ လက်ထပ်လိုက်ရတယ်…ငါ လည်း ကျောင်းတက်ချင်တယ်….သူလည်းအိမ်က ပေးစားတဲ့သူနဲ့ မယူချင်လို့နဲ့ တူတယ်…ငါတို့ နှစ်ယောက် လက်ထပ်လိုက်တော့ အားလုံး ပြီးသွားတာပေါ့…"
"သူက မင်းနဲ့ အသက်ကွာတယ်မလား…"
"အင်း…ဆယ်နှစ်တောင် ကွာတယ်…"
နေရှင်းသန့် အဖြေကြောင့် အောင်ကျော်ဦးက မျက်လုံးကြီးပြူးထွက်နေတာ ရယ်စရာကောင်းပါသည်..။
ပီပီ က ပိန်ပိန်ပါးပါးပဲ…. အဲလောက်လည်း မသိသာပါဘူး..။
နောက်ပြီး……….။
နေရှင်းသန့် စိတ်ထဲ က အတွေးကြောင့်  တစ်ချက် ပြုံးမိသည်..။
"မင်းတို့ အတူတူ အိပ်လား…"
"အင်း…"
"ဟာကွာ….…"
"ဘာလဲ…..သူ့အိမ်မှာ သူ့ခုတင်ပေါ် တက်အိပ်ရတာပေါ့ဟ….သူက ငါ့ကို ကလေး တစ်ယောက်လိုပဲ သဘောထားတာပါ….."
"မင်းကကော…"
"အစ်မ လိုပေါ့…အဟွင်း…ဟွင်း….."
"ဟုတ်မယ် မထင်ပါဘူးကွာ…"
"ဟမ်…ဘာလို့လဲ…"
"မင်း မျက်နှာမှာ ပေါ်နေတယ်…..လာတုန်းက မှုန်နေတာပဲ…ဖုန်းလည်း ပြောပြီးကော….ဖြီးနေတာပဲ…"
"အဟော….ဒါက…သူ ဖုန်းမဆက်တာ ကြာနေတော့ စိတ်ဆိုးသွားပြီ ထင်လို့ပါကွာ…သူစိတ်ဆိုးရင် ငါ မနေတက်ဘူး….ငါ့ဘဝမှာ သူလောက် ငါ့အပေါ် ကောင်းပေးတဲ့ သူ မရှိဘူးလေ….သူ စိတ်ခုသွားမှာလည်း ကြောက်တာပါ….ဟဲ..ဟဲ….သူ ခုရက်ပိုင်း လာမယ် ပြောတယ်…."
"………."
"…………."
"ငါတော့…မင်းအတွက် နည်းနည်း စိတ်ပူတယ်…"
"ဘာကိုလဲ…"
နေရှင်းသန့် ညနေ ကတည်းက ဗိုက်ဆာနေတာကြောင့် ချထားတဲ့ ဘူဖေး ပန်းကန် အပိုကို ယူပြီး စားနေရသည်.။
ထမင်းဝါးရင်း မော့ကြည့်တော့ အောင်ကျော်ဦးက အတည်ပေါက်ကြီး ပြောနေသည်..။
"ဒီလိုကွာ…မင်းက သူနဲ့ ယှဉ်ရင် အရမ်းငယ်သေးတယ်….ဘွားတော်ကြီးက မင်းကို အသုံးချနေမှာစိုးလို့ပါ….ရုပ်ရှင်တွေမှာလို ကာဗာ ပုံစံနဲ့ နွားဇာတ်သွင်းတာမျိုးတွေကွာ…သဘောပေါက်လား…. ယောက်ျားလေးဆိုပေမဲ့သိက္ခာ လိုသေးတယ်….."
"…………"
နေရှင်းသန့် ထမင်းဝါးရင်း တစ်ချက် တွေဝေသွားသည်..။
သူပတ်သက်ဖူးတဲ့ ပထမဆုံး ယောက်ျားတဲ့.။
ဒါပေမဲ့ ဆရာ့ နေရာမှာ အစားထိုးခဲ့တာတဲ့…။
စိုးမင်းဆိုတဲ့ လူကျတော့ကော…။
ပတ်ဝန်းကျင်ကိုတောင် ဂရူမစိုက်ပဲ စိုးမင်း အိမ်ကို အဝင်အထွက် လုပ်နေသေးသည်..။
နေရှင်းသန့် ရင်ထဲ တစ်မျိုးကြီး ခံစားရလို့ ရေခွက်ကို လှမ်းယူသောက်ရသည်..။
အဲလို ကာဗာ အနေနဲ့ သုံးနေရင်ကော..။
ဘူဖေး ပန်းကန်ကို တွန်းပြီး ခါးကို ပြင်ထိုင်လိုက်မိသည်..။
"ခုခေတ် အဘွားကြီးတွေကို လျှော့မတွက်နဲ့နော်…နေကြီး…"
"အလကားပါကွာ….ငါ ကျောင်းပြီးလို့ သူ့အကြွေးတွေ ပြန်ပေးလိုက်ရင် ပြီးပြီ.."
နေရှင်းသန့် ကိုယ့်ကိုယ်ကို ဖြေသိမ့်ရင်း အောင်ကျော်ဦးကိုလည်း အဖြေတစ်ခါတည်း ပေးလိုက်သည်..။
"အဲဒါဆိုရင်တော့ ကောင်းတာပေါ့…မင်းတိုးတက်အောင်မြင်လာတော့မှ အနောက်ကနေ နဖားကြီုး လှမ်းဆွဲမှာစိုးလို့ကွ…"
"မင်းက လည်း  နွားကကို မထွက်ဘူး.."
"ဖြစ်နိုင်တာကို ပြောပြတာပါ…သူသာ မင်းကို ပညာတက်ဖြစ်စေချင်ရင် တခြားနည်းတွေနဲ့ ကူညီလို့ရတယ်… သူ့ဘက်ကကော ကလေး တစ်ယောက်နဲ့ ယူရလောက်တဲ့ အထိ ဘာအခြေအနေ ရှိခဲ့လည်း မင်း မသိဘူးမလား …မိန်းမ တစ်ယောက် က လင်ယူတဲ့ ကိစ္စ ကို အချိန် အကြာဆုံး စဉ်းစားတက်ကြတယ်…အချိန်အကြာကြီး တွဲနေရင်တောင် သူတို့အတွက် အဆင်မပြေဘူးထင်ရင် ဖူးစာ မပါဘူးလို့ ခေါင်းစဉ်တပ်ပြီး ထားခဲ့တက်တာပဲ…မင်း ကိစ္စ ကြီးက အဲလောက် မရိုးရှင်းဘူး ထင်တယ်နော်…လက်ထပ်လိုက်ချိန် မင်းက အသက်တောင် မပြည့်သေးဘူး… …မင်းရဲ့ အနာဂတ်ကိုပါ ထိခိုက်လာလိမ့်မယ်…"
"တော်….တေ်ာပြီကွာ….သီချင်းဆိုပြီးရင် ငါ ပြန်တက်ရဦးမယ်…စိတ်ရှုပ်နေရင် အဆင်မပြေဘူး….နက်ဖြန်မှ ဆက်ပြောတော့ကွာ…ဟူး.."
နေရှင်းသန့် တားလိုက်တော့မှ အောင်ကျော်ဦးက ပါးစပ်ပိတ်သွားတော့သည်..။
ကိတ်မုန့် ကို ခပ်သွက်သွက်စားပြီး စင်ရှေ့နားကို ပြန်ရောက်လာပေမဲ့ ဒေါသထွက်ချင်သလို စိတ်တိုချင်သလို တွေ ဖြစ်လာသည်..။
ပီပီသာ အဲလို အသုံးချခဲ့ရင် ဘယ်လို တုန့်ပြန်မိမလဲ.။
အတွေးမှာတင် ေ၀ဝါးသွားလို့ သက်ပြင်း တစ်ချက်ချလိုက်ရသည်…။
.
"ဟလို…"
"ဘယ်သူလဲ…"
နေရှင်းသန့် မျက်ခုံးတွန့်၍ မေးလိုက်သည်.။
ပီပီ့ ဖုန်းကို ယောက်ျား တစ်ယောက် က  ဖြေတော့ ရင်ထဲ ပူလောင်သွားသည်..။
"ပေါ့ပီ….အလုပ်လုပ်နေလို့ ပြန်ခေါ်မယ်တဲ့…"
"…………"
"တောက်…."
တစ်ဖက်က ဖုန်းချသွားတော့ နေရှင်းသန့် တောက်ခတ်လိုက်မိသည်…။
"ဘာဖြစ်တာလဲ…"
"………."
နေရှင်းသန့်  ခေါင်းရမ်းရင်း ဖုန်းကို ဆုပ်ကိုင်၍  အခန်းထဲကို ရောက်လာကာ တံခါးပိတ်ပစ်လိုက်သည်..။
"…………"
နံရံကို မှီထိုင်နေပမဲ့ ဒေါသတွေက မလျော့..။
အောင်ကျော်ဦး ပြောခဲ့တဲ့ စကားတွေက ပဲ့တင့်သံ ထပ်လာသည်..။
"တီ…တီ….တီ…."
"ဟလို….ဆရာလား…သမီး သွန်းသွန်းပါ…"
"အေး…ပြော…"
"မနက်ဖြန် သင်တန်းရှိလား ဆရာ…"
"အင်း…."
"သြော်…ဟုတ်…ဒါနဲ့ ဆရာ ထမင်းစားပြီးပြီလား…"
"သွန်းသွန်း…"
"ရှင်…"
"ငါ့ ဖုန်းနံပါတ်ကို ဖျက်လိုက်..မလိုအပ်ပဲ ဖုန်းမခေါ်နဲ့..မဟုတ်ရင် ငါ တီချယ်နဲ့တိုင်ရလိမ့်မယ်…"
"ဆရာကလည်း….ဆရာ့ကို သမီး…"
နေရှင်းသန့် ဖုန်းချပစ်လိုက်သည်..။
သင်တန်းသူလေးတွေကလည်း တော်တော်ကို့ဆိုးလာပါပြီ..။
သူတို့အချင်းချင်း လောင်းကြေးစားကြေးလုပ်ပြီး နေရှင်းသန့် ဖုန်းကို ရအောင် စုံစမ်းသည်..။
ခဏခဏ ဆက်သွယ်သည်..။
အထိုက်အလျောက် ပြန်ပြောနေရပေမဲ့ အခုလို စိတ်တိုနေချိန်ကျတော့အဆင်မပြေတော့ပါ…။
"တီ….တီ….တီ…"
"လုပ်ပြန်ပြီ…"
နေရှင်းသန့် ဖုန်းချဖို့ ကြည့်လိုက်ပေမဲ့ ပီပီ ဖြစ်နေတော့ မျက်မှောင်ကြုတ်၍ ကိုင်လိုက်သည်..။
"ဟလို…"
"နေရှင်းသန့်လား.."
"ဟုတ်တယ်…"
"အင်း…ပြောလေ…"
"ဘာပြောရမှာလဲ"
"ဖုန်းခေါ်တယ်ဆို…"
"မှားဝင်သွားတာ"
"အဟွင်း….ဖုန်းမှားဝင်သွားလို့ ဒေါသထွက်နေတာလား…"
"……….."
"ငါ အခု ခြံထဲမှာပဲ ရှိသေးတယ်…ပစ္စည်းတင်ရင်း ကားပျက်သွားလို့ ပြင်တာ စောင့်နေရတယ်လေ….စောနက ဖုန်းကိုင်တာ ဦးရန်အေါင် ပါ…ပြောလေ…ဘာပြောမလို့လဲ…"
နေရှင်းသန့် သက်ပြင်း တစ်ချက် ချလိုက်သည်..။
ဦးရန်အောင် အသံကို မှတ်မိတော့မှ ကိုယ့်အဖြစ်ကို ကိုယ ် စိတ်ပျက်မိသည်..။
"ဟယ်…ငိုနေပြန်လား."
"ငိုစရာလား…"
"အဟွင်း..ပြောလေ….ငါ ပြန်သွားရဦးမယ်…"
"ထမင်းလည်း မစားရသေးဘူးမလား…"
"အင်း…"
"ညိုညို ကို ထမင်းဝယ်ခိုင်းလိုက်…ခုနော်…"
"အင်းပါ…"
"အစ်မ….ခြင်းတွေ ပြန်ချရမယ်တဲ့…"
"အင်း…အင်း…ချလိုက်…"
"ခုရက်ပိုင်း အလုပ်များနေတယ်မလား…ဒါဆို လာဖြစ်မယ် မထင်ဘူး.."
"ဟုတ်တယ်...."
နေရှင်းသန့် နံရံမှာ ခေါင်းမှီလိုက်သည်..။
"ဒါပဲ…ပီပိ.."
"အင်း…နောက်မှ ဆက်လိုက်မယ်…"
"အင်း.."
နေရှင်းသန့် ဖုန်းချလိုက်ပြီး စိတ်ထဲ တမျိုး ခံစားရပြန်သည်..။
ခုချိန်ထိ ခြံထဲမှာ တစ်ယောက်တည်း ဦးစီးနေသည်..။
အလုပ်တွေ ပြီးမှ ပြန်ရင်လည်း နောက်ကျဦးမည်..။
ညိုညို ကို ခေါ်ထားဖို့ ဆိုပြန်ရင်လည်း မဖြစ်ဘူးဆိုတဲ့ အကြောင်းပြချက်သာ ပေးသည်..။
ထမင်းမစားနိုင်လောက်အောင် အလုပ်တွေ ကြိုးစားနေတာ ဘာအတွက်လဲ ပီပီ..။
နေရှင်းသန့် သက်ပြင်းချလိုက်ချိန် ဖုန်းဝင်လာသည်..။
"ဟလို…"
"နေကြီး…ထွက်လာဦး…ချာတိတ် တစ်ယောက် မင်းကို တွေ့ချင်လို့တဲ့…"
"ငါ သင်တန်း ရောက်နေတယ်…"
"ဟမ်…."
"…………"
"သြော်….အမ်း..ဟုတ်သားပဲ….သူ ထွက်သွားတာ ကြာြ့ပီ…"
"ဟာ…သွားပါပြီ…"
"…………."
နေရှင်းသန့် အခန်း တံခါးကို လာခေါက်တော့မှ ဖွင့်ပေးလိုက်သည်..။
"ဟား..ဟား…ပုန်းနေရလောက်အောင်ကို စွံတာပဲ…"
"ကျစ်….အလောင်းအစား လုပ်ပြီး ငါ့ကို ဒုက္ခ ပေးနေတာကွာ…"
"ကြေးကြီးလား…"
"တုတ်ထိုး တစ်ဝိုင်းစာလောက်ပဲ နေမှာပေ့ါ…သောက်ကလေးတွေ…."
"ဟား..ဟား..ဘဝတွေသနားစရာကွာ…အမှုန့်အမွှားကောင်…"
"အဟွင်း…"
"လာလေ…ထမင်းစားရအောင်…"
နေရှင်းသန့် ခေါင်းရမ်းလိုက်သည်..။
ညဆယ်နာရီ မှ ပီပီ ဆီ ဖုန်းခေါ်ပြီး ထမင်းစားတော့မည်..။
အခုစားလည်း မြိုကျမည် မထင်..။

◇◆◇◆◇◆◇◆◇◆◇◇◆◇◆◇◆◇◆◇◆

ဒီနေ့ နေသိပ်မကောင်းလို့ ပါ။
စာဖတ်သူလေးတွေ အားလုံး စောင့်နေရတဲ့ အတွက် တောင်းပန်ပါတယ် 🙏

📖💪❤
😢✍🙏

Love U All ❤

࿇Sקicค Liຖ࿇

မြူခိုးမှိုင်းဝေWhere stories live. Discover now