Fog 24
မြူခိုးမှိုင်းဝေ
အပိုင်း(၂၄)
#မြူခိုးမှိုင်းဝေ"နှိုးပြီလား…"
"ဟင်…နင် မအိပ်ဘူးလား…"
နေရှင်းသန့်ကို မီးဖိုခန်းထဲမှာ တွေ့တော့ မျက်လုံးပြူးရင်း မေးခွန်းထုတ်သည်…။
ခေါင်းညိတ်ပြီး တုန့်ပြန်လိုက်ကာ လုပ်လက်စ ပေါင်မုန့်ကြော်ကို မတူးအောင် လှန်ပေးလိုက်သည်..။
"ဘာဖြစ်လို့ မအိပ်တာလဲ…ခေါင်းမူးလိမ့်မယ်….မအိပ်တက်လည်း ကိုယ့်အခန်းပြန်အိပ်လေ…"
"အိပ်ပါတယ်….စောနက မှ နိုးလာတာ….အောက်ထပ်ကနေ ပေါင်မုန့်နဲ့ နွားနို့သွားဝယ်လာတယ်…ပီပီ ခဏခဏ ရောက်လား.."
ထမင်းစားပွဲလို့ သတ်မှတ်ရတဲ့ ခေါက်စားပွဲ ဘေးမှာ ပလတ်စတစ် ထိုင်ခုံ ချပေးလိုက်သည့်အချိန်အထိ ခေါင်းကိုကုတ်ရင်း စဉ်းစားနေတော့ နေရှင်းသန့် နှာခေါင်းရှုံ့မိသည်..။
တချိန်တုန်းက အိပ်ရာနှိုးရင် မျက်နှာ သစ်ဖို့ သူပဲ ညွန်ကြားပြီး…ခုကျတော့ ညစ်ပတ်လိုက်တာ..။
"သွပ်..သွပ်…."
နဖူးကို စမ်းရင်း မျက်နှာမဲ့ ညီးတွားနေတော့ နေရှင်းသန့် အကြည့်လွဲလိုက်သည်..။
ကျစ်….ဒုက္ခပါပဲ…။
"ပီပီ …မျက်နှာသစ်လေ…ပေါင်မုန့်နဲ့ ခုထားရမယ်….နေ့ခင်းတောင် ဖြစ်နေပြီ…"
"ဟမ်…အမ်း…"
ရေချိုးခန်းထဲ ဝင်သွားတော့မှ နေရှင်းသန့် သက်ပြင်းချလိုက်သည်..။
သူ အိပ်ပျော်သွားပေမဲ့ ကိုယ် အိပ်မပျော်..။
ပီပီ့ရဲ့ ငိုသံပါသွားသော အခြေအနေကို ခေါင်းထဲက မထုတ်နိုင်ဖြစ်နေသည်….။
မအိပ်ခင်သာ စောင်ခေါင်းမြီးခြုံထားပေမဲ့ အိပ်ပျော်သွားတော့ မျက်နှာလေး ပေါ်လာသည်..။
တစ်ဖက်ကို စောင်းလိုက်ချိန် ပါးပေါ်က သွေးစက် ကို မြင်ပြီး မျက်လုံးပြာလောက်အောင် စိတ်ပူရသည်..။
သွေးတွေကို သုတ်ပေးလိုက်တော့မှ နဖူးစွန်းလေးမှာ နည်းနည်း ပေါက်နေသည်..။
မနက်စောစော ဆေးဝယ်ဖို့အတွက် တစ်ခါဆင်းပြေးရသေးသည်..။
ဆေးထည့်ပြီး ပလတ်စတာ ကပ်ပေးပြီးမှ စိတ်ချလက်ချ အိပ်နိုင်သည်..။
မအိပ်လို့လည်း မရတော့…လူက မူးနေပြီ..။
နေရှင်းသန့် နိုးလာတော့လည်း ဒဏ်ရာကို သာ သတိတရ ပြေးကြည့်မိသည်..။
အိပ်ပျော်နေတဲ့ ပီပီကို ကြည့်ရတာ စိတ်မကောင်း..။
အရင်ထက် အများကြီး ပိန်ကျသွားသလို မျက်နှာလည်း ချောင်ကျနေသည်..။
ဆံပင်ကလည်း တစ်ခေါက်တွေ့ တစ်ခါ တိုနေတာ အခုတော့ နေရှင်းသန့် လို လည်ဂုတ်ထောက်ရုံသာ ကျန်တော့သည်..။
သူ့အရွယ် တခြားသူ တွေ အလှအပ ကို ဖော်ဆောင်နေတဲ့အချိန် သူကတော့အရွယ်မတိုင်ခင် ဆံဖြူ သွားကျိုး ချင်နေပြီ..။
ဘာတွေ ဖြစ်လို့လဲ ပီပီရယ်….နင် အဆင်မပြေဘူးလား..။
နေရှင်းသန့် အဆက်အသွယ် မလုပ်မိတာကို နောင်တ ရပါသည်။
"အဟမ်း….သွားတိုက်တံလည်း ဝယ်လာတာလား.."
"ဟမ်….အမ်း…"
"ကျေးဇူး…ညတုန်းက သတိမထားမိလိုက်ဘူး…ဆောင့်မိပြီး ပေါက်သွားတာ ဖြစ်မယ်…"
"အင်း..သွေးကျနေတာ တွေ့လို့…"
မသက်ဆိုင်တဲ့စကားတွေ ဆီ ရောက်သွားပေမဲ့ နှစ်ယောက်စလုံး မသက်မသာ ဖြစ်နေတဲ့အခြေအနေမှာ နေရှင်းသန့် အရင်ပြုံးမိသွားသည်..။
ပေါင်မုန့်ကို ပန်းကန်ထဲထည့်ပြီး နို့ကို ခွက်ထဲထည့်ကာ ချပေးလိုက်သည်..။
"စားလေ…"
"အမ်း…မျက်နှာ သုတ်ဦးမယ်လေ…"
"သုတ်မနေပါနဲ့.."
နေရှင်းသန့်လည်း ဝင်ထိုင်ပြီး ပန်းကန်ထဲက ပေါင်မုန့် တစ်ချပ်ယူကာ ကိုက်စားလိုက်သည်..။
စကားကို နားထောင်ပြီး မျက်နှာက ရေစက်တွေကို လက်နဲ့သပ်ခါ ထိုင်လိုက်တော့ ခိုးပြုံးမိသည်..။
"ခဏခဏ လာဖြစ်လား.."
"အင်း….အရင်ကတော့..သုံးလ တစ်ခါတဲ့…ခုက တစ်လ တစ်ခါလာရမယ်…"
"ဟင်..ဘာဖြစ်လို့လဲ…"
နေမကောင်းလို့ ဆေးခန်းပြရတာများလား…။
အထင်ဖြင့် မေးလိုက်တော့ ပေါင်မုန့် ကိုဝါးပြီး မြိုချကာ နို့ကို ဖြည်းဖြည်းေ သာက်နေသေးသည်..။
"စိုက်ပျိုးရေး အဖွဲ့မှာ ဝင်ထားတယ်လေ….သင်တန်းလည်း ခေါ်တယ်…အဲ..တွေ့ဆုံဆွေးနွေးပွဲတွေလည်း တက်ရသေးတယ်…"
"သြော်…ခုလည်း အဲဒါအတွက်လာတာလား.."
"အင်း.."
"ကောင်းတယ်…တစ်ယောက်တည်းလာတာ…ဘယ်လိုနေလဲ…"
"အရင်က ဘာမှ မဖြစ်ပါဘူးဟယ်…"
"ပီပီ ကို လုပ်ဇာတ်ခင်းပြီး ပိုက်ဆံလိမ်သွားတာ သိရဲ့လား…ကားနံပါတ်ကော မှတ်မိလား.."
"ဟင့်အင်း…"
"တော်တယ်…"
နေရှင်းသန့် ချီးကျူးလိုက်တော့ နှာခေါင်းရှုံ့ပြီး ပေါင်မုန့်ကို တစ်လုတ်ကိုက်ကာ ပြုံးသည်..။
ဘာရယ်မဟုတ်ပဲ ကိုယ်တိုင်လည်း လိုက်ပြုံးမိသွားသည်..။
"ဘယ်လောက် ပေးလိုက်လဲ…"
"နှစ်သိန်း.."
"အိုး…."
"ပိုက်ဆံက ပြန်ရှာလို့ရတယ်..လူကို ဘာမှ လုပ်မသွားတာပဲ တော်သေးရဲ့…ငါဆို ကြောက်လိုက်တာ မပြောပါနဲ့..မိန်းမ တစ်ယောက်ပါလို့အားကိုးရမလား မှတ်တယ.်…ကားပေါ်ပြန်တက်သွားတာ ဆင်းကို မလာတော့ဘူး.."
"အူတူတူ နဲ့ ဟိုက တစ်ခုခု လုပ်သွားတောင် သိလိုက်မှာ မဟုတ်ဘူး…နောက်ဆို ကားကြီးနဲ့ လာဟာ.."
"ကားကြီးနဲ့လာတော့ အလုပ်လည်း ရှုပ်တယ်…ကားဂိတ်ကနေ အခန်းကိုလည်း ကားငှားရတယ်..ရုံးကို သွားလည်း ကားငှားရတာပဲ…ပြီးတော့ တက္ကစီတွေ မစီးရဲဘူး…"
"ဟွန့်…."
"ရန်ကုန်သား ဖြစ်နေတော့ ကဲ့ရဲ့ တက်ပြီပေါ့…."
"မဟုတ်ပါဘူး….နောက်တစ်ခါလာရင် ဖုန်းဆက်လေ…ငါလာကြိုမှာပေါ့….သင်တန်းလည်း လိုက်ပို့ပေးမယ်…အခုလို လာတာ အန္တရယ်များတယ်…"
"…နင် လာကြိုမယ်လို့ ကတိပေးနိုင်လား.."
"အဟွင်း…"
"တွေ့လား…ကတိလည်း မပေးနိုင်ပဲ…ဘယ်သူ့ယုံပြီး ဘယ်သူ့ ပုံရမှန်းကို မသိဘူး…"
"ဟား..ဟား…."
အပျိုကြီး တစ်ယောက်လို ညီးတွားနေတဲ့ ပီပီ ကို ကြည့်ရင်း နေရှင်းသန့် မထိန်းနိုင်ပဲ အော်ရယ်မိသည်..။
ပီပိကလည်း တိုးတိုးရယ်ပြီး နို့ခွက်ကို လှမ်းယူသောက်ရင်း ဖုန်းကို တစ်ချက်ကြည့်သည်..။
"နင် က မင်းသားလုပ်မှာလား…အဆိုတော် လုပ်မှာလား…စီစဉ်တင်ဆက်သူ လုပ်မှာလား….ကွန်ပျူတာ ပညာရှင် လုပ်မှာလား.."
"သူများတွေကတော့ တစ်ခုချင်းစီပဲ လုပ်ခွင့်ရတယ်…ငါက ကံကောင်းတဲ့ လူသားဆိုတော့ အကုန်လုပ်နိုင်တယ်လေ…"
"ဟွန့်..ကြီးကြီးကျယ်ကျယ်…."
"ကြီးကျယ်တာပေါ့….ချောလာတာကိုးဗျ….သတိမထားမိဘူးလား…"
"အဟွင်း…"
"ပီပီ…."
"အင်.."
နေရှင်းသန့်ကို မော့ကြည့်ချိန် မျက်ဝန်းနက်တွေကို တွေ့တော့ အတိတ်က မျက်ဝန်းတွေကို သတိရသည်..။
ပထမဆုံး စတွေ့ချိန် တွေ့လိုက်ရတဲ့မျက်ဝန်းတွေမျိုး..။
မိန်းမပျိုလေး တစ်ယောက်ရဲ့ အသွင်အပြင်တွေ လျော့သွား့ပေမဲ့ မျက်ဝန်းလေးတွေက တူနေသေးလို့ ပြုံးမိသည်..။
"ငါ မှားသွားတယ်…"
"ဟင်…"
"နင့်ကို အဆက်အသွယ်လုပ်သင့်တာနော်….ငါ မလုပ်ဖြစ်ဘူး…ငါ့ကို ခွင့်လွှတ်ပါ..."
"နင် က အလုပ် များနေတာကိုး…"
"အင်း…အဲလိုပေါ့…"
"ဘာပဲဖြစ်ဖြစ် အခုလို ကြိုးစားပြီး အောင်မြင်နေတာ ဝမ်းသာစရာပါပဲ..အပါးတို့လည်း နင့်ကြောင့် အေးအေးဆေးဆေးနေနိုင်ပြီ.."
"အိုး…နေနိုင်တယ်…မနေဘူး…ငါ တကယ် စိတ်တိုတယ်.."
နေရှင်းသန့် မျက်မှောင်ကြုတ်ရင်း ကလေး တစ်ယောက်လို နှုတ်ခမ်းစူ ပြောမိလိုက်တော့ ပြုံး၍ ငေးကြည့်နေသည်..။
မသိရင် ကလေး တစ်ယောက် အလိုမကျမှုကို ထိုင်ကြည့်နေတဲ့ ပုံစံမျိုးပေါ့..။
သူ့ရှေ့မှာ လူကြီး ဖြစ်ချင်ပါတယ်ဆိုကာမှ ကလေးဆန်သွားတဲ့ ကိုယ့် အပြုအမူကို နည်းနည်း စိတ်တိုသွားသည်..။
"အပါး တို့ အမိုးတို့ အလုပ်မလုပ်ရရင် မကျန်းမာ ဖြစ်လိမ့်မယ်…သူတို့ လုပ်နိုင်သလောက်တော့ လုပ်နေပါစေ..နေရှင်းသန့်ရယ်…"
"ငါ ပိုက်ဆံတွေ ရှိလာတော့လည်း…ရည်မှန်းချက် က ပျောက်နေပြန်ပြီ…"
"မိန်းမ ယူလိုက်ပေါ့…"
ဒါ ဘာစကားလဲ…။
နေရှင်းသန့် မျက်ခုံးတွန့်ပြီး ကြည့်နေတော့ အကြည့်လွဲသွားကာ နိ့ခွက်အခွံကြီးကို ကောက်ကိုင်ပြီး မော့သောက်သည်..။
"ဟား..ဟား…"
"အိုး…အဟွင်း…ကုန်နေပြီ.."
"ယူမလို့လား.."
"ဟင့်အင်း….ဟင့်အင်း…မယူဘူး…..အဟမ်း….ဘယ်လိုလည်း.….ကင်းကြီး ကျောင်းမှာ ရှာတာ မတွေ့ဘူးလား…"
သူ့ဘက်က ပေါ့ပေါ့ပါးပါး ပြောပေမဲ့ နေရှင်းသန့် ခေါင်းသာ ရမ်းပြလိုက်သည်..။
ပီပီ က ရေခွက်ကိုင်ပြီး ထသွားတော့ နေရှင်းသန့် ပေါင်မုန့်စားရင်း သက်ပြင်းခိုးချလိုက်သည်..။
ပတ်ဝန်းကျင်က လူတိုင်း…..သော်တာနဲ့ နီးစပ်အောင် လုပ်ပေးနေတာ သိပါသည်..။
ဒါပေမဲ့..။
သော်တာ နဲ့ တွေ့ချိန် နည်းသွားပေမဲ့ တွေ့ဆုံချိန်တွေမှာတော့ မျက်ဝန်းနက်ကလေးတွေကို သတိထားမိနေဆဲပါပဲ..။
ဒါဆိုရင် အဖြေက ချစ်သူ ရှိတာလား မရှိတာလား..။
သော်တာ အပေါ် တစ်ခါတလေ စိတ်လှုပ်ရှား ရင်ခုန်ခဲ့တာ ဝန်ခံရမှာပဲ..။
ပတ်ဝန်းကျင်မှာ သော်တာ တစ်ယောက်တည်းမှ မဟုတ်ပါဘူး..။
သင်တန်း ကျောင်းနဲ့ အလုပ် မှာလည်း မိန်းမလှလေးပေါင်းများစွာဖြင့် ထိတွေ့ပြောဆိုနေရသူ ဆိုပေမဲ့ ရင်ခုန်ရုံမျှသာ..။
ဒါပေမဲ့ တစ်ယောက်တည်းပါပဲ..။
အချိန်အကြာကြီး မေ့နိုင်အောင် ကြိုးစားခဲ့ရပေမဲ့..။
သူ့အိပ်ပျော်နေချိန် ခဏလေး…။
ငယ်စဉ်ကတည်းက တိတ်တခိုး ရင်ခုန်ရသည့် နှုတ်ခမ်းလေးကို မြင်ယောင်မိချိန်…။
နေရှင်းသန့် မလုံမလဲ ဖြင့် နို့တစ်ဝက်ကျန်တဲ့ ခွက်ကို ယူပြီး ထရပ်လိုက်သည်..။
ကျဉ်းမြောင်းတဲ့ မီးဖိုခန်းလေးထဲမှာ ပီပီက ပြန်လှည့်ချိန် ရင်ဘတ်ချင်း ထိလုမတက်ဖြစ်ကာ နို့ခွက်က ပီပီ ရင်ဘတ်ပေါ် မှောက်ကျသွားသည်.။
ပီပီ က ပါးစပ်ကို လက်နဲ့ အုပ်ပြီး ပြူးကြောင်နေပေမဲ့ နေရှင်းသန့် ကတော့ တစ်ရှူးပြေးယူပြီး သုတ် ပေးလိုက်သည်..။
”…………”
"အိုး..ဆောရီး…ဆောရီး…"
"အဟွင်း…"
"…………"
နေရှင်းသန့် လက်ကို သတိရတော့မှ ရုတ်လိုက်၍ ကပျာကယာ တောင်းပန်မိပေမဲ့ ပီပီ့ရဲ့ ရယ်သံကြောင့် မျက်ခုံးတွန့်သွားသည်..။
ဖန်ခွက်ကို ဘေစင်ပေါ် သွားတင်လိုက်ပြီး ခပ်မြန်မြန် ဆေးချလိုက်သည်..။
"ဘာရယ်တာလဲ ပီပီ…"
ရေခွက် ကို စင်မှာ မှောက်ပြီးချိန် အထိ ပြုံးစေ့စေ့ ဖြစ်နေတဲ့ပီပီ ကို ဒေါသထွက်ပြီး မေးပေမဲ့ ဘာမှ မပြောပဲ ခေါါင်းရမ်းကာ ရယ်နေသည်။
"ဟာ..ဘာလဲလို့.."
"………"
"မပြောရင် နေဟယ်….ဘယ်မှ မပို့ပေးတော့ဘူး…"
"ဟား…ဟား….ကလေး အတိုင်းပဲ…"
"နင် ရယ်နေတာကိုး…"
"အဟွင်း…ငါက နှုတ်ခမ်း ပေါက်မှာဆိုးလို့ လက်ကွယ်လိုက်တာ…နင်က ဘာဖြစ်ပြီး တောင်းပန်တာတုန်း…"
"ဟင်…"
"ဟား..ဟား…"
"သြော်….အဟွင်း…"
"ငါ မသိလို့ မေးပါရစေဦး…အဲတုန်းက ရေချိုးခန်းထဲ ဘာဝင်လုပ်နေတာလဲ…"
"အိုး…..အိမ်သာ တက်တာပါဆို…"
နေရှင်းသန့် မျက်နှာပူပူုဖြင့် ပင် ဖြေလိုက်ကာ စားပွဲပေါ်က ပေါင်မုန့်ပန်းကန်ကို လည်း ကောက်သိမ်းလိုက်သည်..။
ပီပီ က ပြုံးစေ့စေ့ လုပ်နေတော့ နေရခက်လာသည်..။
ခါးထောက်ပြီး ကြည့်လိုက်တော့မှ မျက်နှာပိုးသတ်ကာ ခေါင်းငုံ့ပြီး ပြုံးနေသေးသည်..။
နှုတ်ခမ်းပေါက်ချင်နေတာလား..။
"ငါ တစ်ခါတလေ သတိရတယ်….အဲတုန်းက တော်တော်ဆိုးတဲ့ ကောင်လေးပဲနော်…"
"……….."
နေရှင်းသန့် အတွေးတွေထဲမှာ အတိတ်က အရိပ်တွေ ဝဲပျံ့လာတော့ ခေါင်းညိတ်ဝန်ခံမိသည်..။
ပီပီ ကို ဒုက္ခပေးခဲ့တာတွေလည်း အများကြီးပဲလေ..။
"နင် သင်တန်းတွေ ရှိတယ်မလား…ပြန်လေ…."
"…….."
နေရှင်းသန့် ခေါင်းညိတ်ပြီး ဖုန်းထုတ်လိုက်သည်.။
အဆက်အသွယ့်ပြတ်နေတာ ကြာပေမဲ့ ပြန်တွေ့ချိန် ခဏလေး အတွင်း ရင်းနှီးနွေးထွေးသလို ပြန် ခံစားရသည်..။
သူငယ်ချင်းတွေ နဲ့သာ အဖော်ပြုနေရပေမဲ့ အခုလို နွေးထွေးတဲ့ မိသားစုပုံစံမျိုး မခံစားရတာ ကြာပြီ.။
အောင်ကျော်ဦးကို ကျောင်း မတက်နိုင်တဲ့အကြောင်း စာပို့လိုက်သည်..။
ဒီနေ့တော့ ပီပီ နဲ့ပဲ တစ်နေ့ကုန် နေဖြစ်လိမ့်မည်..။
မေးခွန်းတွေလည်း အများကြီး မေးချင်သည်.။
အဖြေတွေလည်း အများကြီး ကြားချင်သည်..။
အရင်တစ်ခါလို ဟန်ဆောင်မှုတွေ အထက်တန်းပုံစံတွေ မပါပဲ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ရယ်ကြမည်..။
နေရှင်းသန့်ရဲ့ ဘ၀ အမှန်ကို တစ်ရက်လောက်တော့ ပြန်သွားသင့်သည်လေ..။
အလုပ်တစ်ခု ပျက်သွားမှာ သိပေမဲ့…။
နေရှင်းသန့်ကိုယ့်အတွေးနဲ့ကိုယ် ပြုံးရင်း လှည့်ကြည့်တော့ မျက်ဝန်းနဲ့ နှုတ်ခမ်း ထပ်တူကျနေတဲ့ အပြုံး တစ်ခု ဆီးကြိုနေသည်..။
သော်တာ့ရဲ့ မျက်ဝန်းတွေကို လျှပ်တပြတ် သတိရသွားပေမဲ့ မေ့ပစ်လိုက်သည်..။
ပီပီ့ရဲ့ မျက်ဝန်းတွေက ချစ်စရာ မကောင်းပါဘူး..။
သို့ပေမဲ့ အမြဲတမ်း ရင်းနှီးနွေးထွေးသည်လေ…။
0802-0713-0902-1129
.
"ပီပီ…"
"ဟင်…"
"ဒီလမ်းတွေ နင် မောင်းတက်လို့လား…"
ကားမောင်းရင်း မေးခွန်းထုတ်လိုက်တော့ စိုးစိုး နှုတ်ခမ်းမဲ့မိသည်..။
အထင်သေးလိုက်လေခြင်း..။
"မောင်းတက်လို့ပဲ…ငါးခေါက်လောက် လာပြီးပြီ…"
"တုန်ချိတုန်ချိ မောင်းတာမလား.."
"ရန်ကုန်မှာက အမြန်မောင်းလို့ရလို့လား."
"အဟက်…..ဟုတ်ပါပြီ….ခုလို…ခုလို နေရာဝင်ဦးတက်လား.."
ကားခေါင်းကို ရမ်းပြီး နေရာယူတာကို သူ့မှာ အဟုတ်ကြီး အထင်ကြီးနေတာပဲ..။
မတော်မဆ တိုက်မိရင်တော့ ပြဿနာက သေးသေး မဟုတ်ဘူးဆိုတာ တွေးဖို့ကောင်းသည်..။
လူငယ်ဆိုတော့လည်း ဘာမှ မစဉ်းစားပဲ စိတ်မြန်လက်မြန်ပေါ့လေ..။
သွားစွယ်တွေ ပေါ်အောင် ရယ်ရင်း ကားကို နေရာယူလိုက် ဘေးကပ်လိုက်ဖြင့် အလုပ်များနေသည်..။
စိုးစိုး သတိပေးချင်ပေမဲ့ လွှတ်သာ ထားလိုက်သည်..။
အချိန်အကြာကြီး အဆက်အသွယ် မရှိပေမဲ့ သူ့ဘက်က ရင်းနှီးနွေးထွေး နေဆဲ မို့ ပျော်မိသည်..။
အစ်မကြီး တစ်ယောက်လို ခင်နေဆဲလား..။
"နေရှင်းသန့်…"
"ဟင်…"
"ငါ့ကို လိုက်ပို့တော့ နင် အလုပ်ပျက်မှာပေါ့…"
"တစ်ခါတလေပဲ..ဘာမှ မဖြစ်ဘူး…အမှုန့်အမွှား…"
"အဟွင်း…"
"ဘာလဲ….ဘာရယ်တာလဲ…"
"ဘာမှ မဟုတ်ပါဘူး…"
"ဘာမှ မဟုတ်ဘူးဆိုတာ… မဟုတ်ဘူး….ပြော…ဘာလို့ရယ်တာလဲ…"
"ဘာမှ မဟုတ်ပါဘူးဆို…"
"မပြောရင်….ကားရပ်လိုက်မယ်…"
"အိုး…"
ကားကိုရပ်လိုက်တာနဲ့နောက်က ကားတန်းက သူ့ကို ဘယ်လောက်တောင် ပြဿနာရှာမလဲ မသိတာ မဟုတ်…။
သိရဲ့သားနဲ့ကို တမင် ရစ်နေတာ ဆိုတော့ စိုးစိုး စချင်တဲ့ စိတ်တောင် ပျောက်သွားပြီး သက်ပြင်းချမိသည်..။
" မအားတဲ့ ကြားက လိုက်ပို့ပေးတာ ကျေးဇူးတင်တယ်…"
"မဟုတ်ဘူး..နင် ရယ်လိုက်တာ အဲဒီ့ ပုံစံ မဟုတ်ဘူး.."
"ဟော….ကားမောင်းနေရင်း ငါ ဘယ်လို ပုံစံ ရယ်သလဲ နင်သိလို့လား…"
"သိတာပေါ့…ဒီလို…အဟွင်း…"
နှုတ်ခမ်း တစ်ဖက် မဲ့ပြီး မျက်ခုံးတစ်ဖက် တက်သွားအောင် ဟန်ပန်နဲ့ ပြုံးတော့ စိုးစိုး ရယ်မိသည်..။
တက်လည်း တက်နိုင်တဲ့ ကလေး..။
"အဲဒါ…ကျေးဇူးတင်တဲ့ အပြုံးလား.."
"ငါ အဲလောက် မလုပ်ပါဘူး…"
"………."
စိုးစိုးကို သတိပေးသလို တစ်ချက်ကြည့်ပြီး ကားကို ပြန်အာရုံစိုက်တော့ ပြုံးမိသည်..။
"အဟမ်း…..စဉ်းစားကြည့်တာပါ..ခုကျတော့လည်း တစ်ညတည်းနဲ့ ရင်းနှီးသလိုပဲ…ငါ ဟိုတစ်ခါ လာတုန်းကတော့ နင်က အဲလို မဟုတ်ဘူးလေ…"
"ဟမ်…"
"သူငယ်ချင်းတွေ ရှေ့မှာ ရှက်လို့နဲ့ တူတယ်…စိမ်းသလိုပဲ…"
"ဟူး….ပီပီ က ငါ့ သူငယ်ချင်းတွေကို အကန်ပြောတော့ အားနာရတာပေါ့…"
"အင်း…အဲလို ဖြစ်သွားတယ်…လူစိမ်းတွေနဲ့ဆို အဆင်မပြေဘူး…"
"အရမ်းလည်း ချေမိုးနေသလိုပဲ…အဲလို ဘဝင်ရူးတွေကိုတော့ ငါ မုန်းတယ်…"
"………….."
စိုးစိုး ဘာမှ မပြောပဲ စိတ်ထဲမှာတော့ ဝမ်းနည်းလာသည်..။
ဘဝင်ရူးတဲ့…။
အများ အမြင်မှာ အဲလို ဖြစ်သွားပေမဲ့ ကိုယ်စိတ်နဲ့ ကိုယ် တိုက်ပွဲဖြစ်ပြီး တခြားသူ မထိခိုက်အောင် ကြိုးစားနေရတာ ဘယ်လောက် တောင် ပင်ပန်းလိုက်သလဲ..။
ဆေးတွေ အများကြီးသောက်လိုက်ရင် ကိုယ်ခန္ဓာမှာ ဖြစ်ပေါ်နေတဲ့ ရောဂါဝေဒနာတွေ ပျောက်ကင်းနိုင်ပေမဲ့..။
စိုးစိုးဖြစ်နေတာက စိတ်မှာလေ..။
အချိန်တွေ အများကြီးယူပြီးကုသနေတာတောင် အခုချိန်ထိ ပုံမှန်မဖြစ်နိုင်သေး..။
သူနဲ့ နှစ်ယောက်တည်းမို့လို့ စိတ်တွေ ပေါ့ပါးနေတာလေ..။
သူ့ သူငယ်ချင်း တစ်ယောက်ယောက် သာ ပါလာ၇င် စိုးစိုး နေရခက်ဦးမည်..။
ဘဝင်ရူးတာလည်းမဟုတ်ဘူး..ချေမိုးတာလည်း မဟုတ်ဘူး..။
ကြောက်လို့ပါဆိုရင်….သူက မယုံတဲ့အပြင် လှောင်ရယ်ဦးမည်..။
"အခုတစ်ခေါက်ကတော့…ဘာဖြစ်လို့လဲ…မသိဘူး…အရင် ပီပီ ပြန်တွေ့သလိုပဲ…."
"ဒုက္ခရောက်သွားလို့နေမှာပေါ့…"
"ဟား…ဟား….ငါ ပြောတာ အဲလို မဟုတ်ပါဘူး…"
"…………"
စိုးစိုး ပေးထားတဲ့ လိပ်စာအတိုင်း ရောက်အောင် အချိန်ခဏလေးအတွင်း မောင်းပို့ပေးနိုင်လို့ အံသြရသေးသည်..။
စိုးစိုးသာ မောင်းရင် နေ့တစ်ဝက်လောက် ကုန်နိုင်သည်..။
"ပြန်ခါနီး ဖုန်းဆက်လိုက်လေ…ငါလာခေါ်မယ်…"
"မြို့ပြင်နားဆိုတော့ တကူးတကန့် ဖြစ်နေမှာပေါ့…"
"ဘာလဲ…မလာစေချင်လို့လား…ကွေ့ဝိုက်မပြောနဲ့လေ….ငါက တောသားဆိုတော့ သဘောမပေါက်ဘူး.."
"အိုး..မဟုတ်ပါဘူး…နင် အဝေးကြီး ပြန်လာရမှာ စိုးလို့ပါ…."
"ရတယ်….ဘယ်နှနာရီ ပြီးလဲ…"
"ပုံမှန်ဆို သုံးခွဲလောက်ပေါ့…"
"အင်း….အဲဒီ့ အချိန် ရောက်အောင် လာခဲ့မယ်…ကားထားခဲ့မယ်…"
"ဟယ်…ယူသွားပါ…"
"မယူပါဘူး…မလျော်နိုင်ဘူး…"
စိုးစိုး လက်ထဲ ကားသော့ထည့်ပြီး ထွက်သွားတော့ သက်ပြင်းချရင်း ငေးကြည့်နေမိသည်..။
သူ့စိတ်ကို နားမလည်ပေမဲ့ စိတ်ထဲမှာတော့ ပျော်သလို ခံစားရသည်..။
0902-1129
.

YOU ARE READING
မြူခိုးမှိုင်းဝေ
Romance◇◆◇◆◇◆◇◆◇◆◇◇◆◇◆◇◆◇◆◇◆◇ "ဘာကို စိုးရိမ်နေတာလဲ... ငါ့ရဲ့ ခံစားချက်ကို သိအောင် မကြိုးစားစမ်းပါနဲ့...လူလောကမှာ နေတာ ကြာလေ....အမှား ပိုလုပ်မိလေပဲ..အဲတော့...နင့်ထက်ပိုများတဲ့ အမှားတွေလည်း လုပ်ခဲ့ဖူးပြီးပြီ......အမှားပေါင်းများစွာကို ဖြတ်ကျော် ဖြတ်လျှောက်ခ...