မြူခိုးမှိုင်းဝေ
အပိုင်း (၂၁)
0702-0101
မြူခိုးမှိုင်းဝေ"စိုးမင်း နဲ့ ဦးလေး က အရမ်းရင်းနှီးတယ်...."
"ဟုတ်ကဲ့..."
စိုးစိုး သက်ပြင်းချရင်း ခေါင်းမှီ၍ မျက်လုံး မှိတ်ထားလိုက်သည်..။
မရူးချင်သေးတာတော့ အမှန်ပါပဲ...။
ဒါပေမဲ့...။
စိုးစိုးရဲ့အတိတ်အရိပ်တွေက ခုရက်ပိုင်းမှာ ပြန်၍ ခြောက်လန့်လာပြန်သည်..။
အိပ်မက်ဆိုးတွေထဲ ရုန်းကန်ရင်း အိပ်ရေးပျက်ရက်တွေ များသလို စိတ်တွေလည်း တိုလာသည်..။
ဒေါသ ဖြစ်လွယ်လာတော့ ဆေးလည်းပို သောက်ရသည်.။
အလုပ်ကိစ္စ လည်း ရှိနေတော့ နေရှင်းသန့်နဲ့လည်း တွေ့ရအောင် ဘာမှ အစီအစဉ် မရှိပဲ တစ်ယောက်တည်း ထွက်လာခဲ့မိသည်.။
"လိပ်စာ အတိုင်းနော်..."
"ဟုတ်ကဲ့....."
"..........."
"............"
စိုးစိုး မကျွမ်းကျင်လို့ ရန်ကုန်ထဲ ဝင်ကတည်းက ကိုစိုးမင်းရဲ့ အသိတစ်ယောက်ဆီ အကူအညီ လှမ်းတောင်းရသည်..။
တိုက်ခန်းရှေ့ကို ရောက်တော့မှ ကားကို နေရာချပေးချိန် ကျေးဇူးတင် စကား အထပ်ထပ် ပြောရသည်..။
"လိုအပ်ရင် ခေါ်လိုက်ပါ...တူမ..."
"ဟုတ်ကဲ့....ကျေးဇူးတင်ပါတယ်.....ဦးလေး..."
"............."
အဖိုးအခ မဟုတ်ပေမဲ့ ငါးထောင်တန် နှစ်ရွက်ပေးလိုက်ပြီးချိန်ထိ စိတ်ထဲက အားနာမိသည်..။
သူ့ကို ဖုန်းဆက်ပြီး ခေါ်လိုက်ရင် ရပေမဲ့ အံသြစေချင်လို့ မခေါ်မိတာပါ...။
စိုးစိုး ပိုက်ဆံအိတ်ကို ကိုင်ပြီး လှေကားတွေကို တစ်ထစ်ချင်း နင်းတက်နေရတာ စိတ်ထဲမှာ မသက်သာ..။
လေးလွှာတောင် ဆိုတော့ တော်တော် တက်ရဦးမယ်ထင်ပါရဲ့..။
ခရီးဝေးလည်း မမောင်းဖူးတော့ လူကော စိတ်ကော အတော်လေး ပင်ပန်းနေပြီ...။
"ဒေါက်...ဒေါက်..."
".........."
စိုးစိုး တည်ငြိမ်အောင် ကြိုးစားထားပေမဲ့ စိတ်ထဲမှာတော့ ရင်ခုန်ကာ စိတ်လှုပ်ရှားနေသည်...။
မတွေ့တာ ကြာနေပြီဆိုတော့ ဘယ်လို နှုတ်ဆက်ရမလဲ တွေးမရ ...။
"ဟင်....ပီပီ..."
".............."
".............."
စိုးစိုး ကိုယ် ကို သိမ်းကျုံး အဖက် ခံလိုက်ရတော့ ရေမွှေးနံ့လို ခပ်သင်းသင်း ရနံ့လေး တစ်ခုနဲ့အတူ အံသြရင်ခုန်ရင်း ဘယ်လို တုန့်ပြန်ရမလဲ မေ့နေသည်..။
"ဟား..ဟား....မနက်မှ ရောက်မယ်ထင်လို့..ခုပဲ ထွက်တော့မလို့ဟ....လာ...လာ..."
စိုးစိုး လက်ကို ဆွဲပြီး အိမ်ထဲ ခေါ်တော့ အခန်းထဲကို ဝင်ခဲ့သည်..။
အိမ်ရှေ့ခန်းလို့ ထင်ရတဲ့နေရာမှာ ကောင်လေး နှစ်ယောက် ဖုန်းနှိပ်နေသည်..။
"ဟေ့...အောင်ကျော်ဦး...ဒါ...ငါ့ ပီပီလေ..."
"သြော်...ဟုတ်ကဲ့...."
"........"
ကောင်လေး က ဖုန်းနှိပ်နေရင်း ပြုံးပြီး ခေါင်းညိတ်ပြတော့ စိုးစိုးလည်း ပြုံးပြလိုက်သည်..။
"လာ...ထိုင်လေ...."
"ထိုင်လေ...အစ်မ..."
သူ့ သူငယ်ချင်းက တစ်ဖက် ကို ကပ်ပြီး နေရာရွေ့ပေးပေမဲ့ စိုးစိုး မထိုင်ရဲလို့ ခေါင်းရမ်းလိုက်ရသည်..။
လူတစ်ယောက်နဲ့ နီးနီးကပ်ကပ် နေဖို့ အဆင်မပြေဘူးလေ...။
"ဘယ်တုန်းက ထွက်လာတာလဲ..."
"မနက်စောကြီးကတည်းကပဲ..."
"အိုး....ကားကြီးနဲ့ လာတာလား..."
စိုးစိုး ခေါင်းရမ်းလိုက်တော့ မျက်လုံးပြူးပြီး ငုံ့ကြည့်သည်..။
အခုတော့ သူ့အရပ်က စိုးစိုးထက် သာပိုမြင့်နေပြီ....။
သူမျက်ဝန်းတွေလည်း အားငယ်တက်တဲ့ ကလေး တစ်ယောက်လို မဟုတ်တော့ပဲ ယောက်ျားရင့်မာ တစ်ယောက်ရဲ့ မျက်ဝန်းလို တောက်ပ စူးရှသလို ခံစားရသည်.။
ပြောင်းလဲသွားတဲ့ သူ့ပုံစံကို အကဲခတ်နေချိန် တစ်ချက် ရယ်ပြီး လက်ကို ဆွဲကာ ခုံတွေ အနားကို ခေါ်လာသည်..။
"တစ်ယောက်တည်း မောင်းလာတာလား.."
"အင်း..."
"အိုး....အစ်မက သတ္တိ ကောင်းလိုက်တာ...အဝေးကြီးပဲ....ရန်ကုန်မှာကော မောင်းတက်ရဲ့လား..."
"မမောင်းတက်ပါဘူး...ကိုစိုးမင်း အသိ တစ်ယောက် ကို အကူအညီတောင်းရတာပေါ့...ဒီအောက်အထိ လိုက်ပို့ပေးတယ်..."
သူ့ သူငယ်ချင်းတွေ ကို ပြောရင်း သူ့ဘက်ကို လှည့်ရှှုင်းပြတော့ ခေါင်းညိတ်သည်...။
"နည်းနည်းနားချင်လို့...ရမလား..."
"ဟုတ်သား...လာလေ....."
ကောင်လေး နှစ်ယောက်ရှေ့မှာ နေရတာ စိတ်မသက်သာလို့ သူခေါ်ဆောင်ရာ နောက်ကို လိုက်ခဲ့ရသည်..။
အခန်း တံခါး ဖွင့်ပေးတော့ သပ်ရပ်နေတဲ့ အိပ်ရာနဲ့ အဝတ်တန်းပေါ်မှာ ချိတ်ထားတဲ့ ဘောင်းဘီ နဲ့ အကျီ ၤ တစ်ထည်စီကို တွေ့သည်..။
"အေးဆေးပဲနေ..."
"နင်...အပြင်သွားမလို့လား.."
"အင်း...သင်တန်း ခဏသွားရမယ်....ဟိုကောင်တွေတော့ ရှိတယ်..."
"ဟယ်....မသွားပါနဲ့..."
စိုးစိုး စိုးရိမ်တကြီး ပြောလိုက်တော့ မျက်ခုံးတွန့်ပြီး နဖူးကို ကုတ်နေပြန်သည်..။
တော်တေ်ာ နေနိုင်လိုက်တာ..။
ယောက်ျားလေးတွေပဲ ရှိတဲ့အခန်းမှာ ထားခဲ့ပြီး သင်တန်းသွားတက်ဦးမည်တဲ့လေ..။.
"အင်း...ဖုန်းပဲ ဆက်လိုက်တော့မယ်....ရေချိုးခန်း က အပြင်မှာ သိလား..."
"ဘယ်လဲ..."
"အပြင်မှာ ရှိမယ်လေ...ပီပီ အဝတ်အစားတွေ ဘာတွေ လဲပါဦး..မိုးချုပ်တော့မယ်..."
"ထား..ထားလိုက်ပါ...လာဦး...လာဦး..."
စိုးစိုး ရှေ့တိုးကာ သူ့လက်ကို အားကိုးတကြီး ဆွဲပြီး အခန်းထဲ သွင်းရသည်..။
တံခါးကို ဖြည်းဖြည်း ပြန်ပိတ်လိုက်ပြီးမှ ကြမ်းပြင်မှာ ထိုင်ချလိုက်ရတော့သည်..။
"ဟူး....တည်းခိုခန်းသွားရင် ကောင်းမလား မသိဘူး..နေရှင်းသန့်ရယ်..."
"ဘာလို့လဲ.."
"နင့် သူငယ်ချင်းတွေနဲ့..."
"ဘာဖြစ်လဲ..."
".........."
စိုးစိုး မပြောတက်တော့လို့ တိတ်ဆိတ်နေလိုက်ချိန် သူက မျက်နှာကို အကဲခတ်ပြီး ခေါင်းညိတ်သည်..။
"ပီပီ မနေချင်ရင်တော့ သွားလေ...လိုက်ငှားပေးမယ်..."
"လိုက်ငှားပေးမယ်..."
"အင်း..."
စိုးစိုး နားမလည်လို့ ထပ်မေးချိန် သူက ခေါင်းညိတ်ပြီး ထောက်ခံရင်း အနားမှာ ချထားသည့် ဖုန်းအားသွင်းကြိုးကို ကောက်သိမ်းသည်..။
တည်းခိုခန်းမှာ တစ်ယောက်တည်းနေလို့ ပြောချင်တာလား..။
တစ်ခါမှ မရောက်ဖူးတဲ့ မြို့မှာ အသိမိတ်ဆွေလည်း မရှိပဲ တည်းခိုခန်း တစ်ယောက်တည်း မတည်းချင်ပါဘူး..။
သူ့ကို ခေါ်သွားရင်လည်း လိုက်မဲ့ပုံ မဟုတ်တော့ စိုးစိုး သက်ပြင်းသာ ချလိုက်သည်..။
"မနက်ဖြန်ညနေ ပြန်မှာလေ....ဟို....မနက်ပိုင်း ပျိုးခင်းကို လိုက်ပို့ပေးလို့ရမလား.."
"ရပါတယ်ဆို....ဘာလဲ...စိုးမင်းက လူလွတ်ပေးလို့လား..."
မျက်ခုံးတွန့်ကာ မကျေမနပ်ပုံစံဖြင့် ပြောတော့ စိုးစိုး ခေါင်းရမ်းလိုက်သည်..။
"မဟုတ်ပါဘူး..."
"တစ်ယောက်တည်းဘာလို့ လာလဲ....အဖော်တစ်ယောက်ခေါ်လာရင် ပြီးရော...."
"အင်း...မတွေးမိလိုက်ဘူး...ပန်းခင်းကနေ မေ့ပြီး ဆက်ထွက်လာခဲ့တာ...ရန်ကုန်ကို ရောက်ကောပဲ...အဝတ်အစားတောင် အပို ပါမလာဘူး..."
"အိုး...မေ့တာ...ဟား..ဟား....မိုးမလင်း ကတည်းက ထွက်လာတာပေါ့....သိပြီ...သီပြီ...တုန်ချိတုန်ချိ နဲ့ မောင်းလာလို့ မိုးချုပ်မှ ရောက်တာပေါ့...ဟား..ဟား...မပူနဲ့ ငါ့ အကျီ ၤတွေ ယူဝတ်လိုက်.."
စိုးစိုးကို လှောင်ပြီး ရယ်နေတော့ လက်ရွယ် လိုက်ပေမဲ့ ခေါင်းစောင်းပြီး ငုံ့ထားတော့ ပြုံးမိသွားသည်..။
လူကြီး တစ်ယောက်ပုံစံတွေ ပျောက်ပြီး စိုးစိုး မွေးစားခဲ့တဲ့ ကလေးလေးကို ခုမှ ပြန်တွေ့ရတော့သည်..။
သူ့သွားလေးတွေနဲ့ ဆိုရင် သူ့အပြုံးလေးတွေက ပိုပြီး အသက်ဝင်လွန်းသည်လေ..။
အိမ်နေရင်း တီရှပ် နဲ့ ဒူးကျဘောင်းဘီ ဝတ်ထားတာတောင် ကလေး ရုပ်ပျောက်နေသည်..။
သူနဲ့ စကားပြောရင်း အခန်းထဲကို တစ်ချက် ဝေ့ကြည့်မိတာ ထင်သလို ရှုပ်ပွမနေတော့ စိတ်ထဲက ချီးကျူးမိသေးသည်.။
"အပြစ်မရှာနဲ့...တွေ့မှာ မဟုတ်ဘူး..."
"အဟွင်း...ဟုတ်ပါတယ်...မတွေ့ပါဘူး..."
"မာမေ တို့ကော ပြန်မရောက်သေးဘူးလား.."
"အင်း.."
"အဲဒါကြောင့်..နင်ခုလို ထွက်လာလို့ ရတာပေ့ါ...."
"အင်း..."
အလုပ်ကို အကြောင်းပြချက် တစ်ခု အဖြစ်ထားပေမဲ့ တခြား အကြောင်းအရင်းတစ်ခု ကို တော့ ပြောပြလို့ မဖြစ်ပါဘူး..။
စိုးစိုး စိတ်ထဲ လိပ်ပြာမလုံဖြစ်ကာ အနားက ရေဘူးကို ဆွဲ၍ သောက်မိသည်..။
"အဟွတ်..."
"ဖြည်းဖြည်းသောက်ပါ...ဘာမှ မစားရသေးဘူးမလား....ငါသွားဝယ်လိုက်မယ်..."
"ရတယ်...ရတယ်....ညနေက ခေါက်ဆွဲ စားခဲ့တယ်..."
"ခေါက်ဆွဲ တစ်ပွဲ အလှစားခဲ့တာ.... ဗိုက်ဝမလား..."
"............"
စိုးစိုး ဘာမှ မပြောရသေးခင် အခန်းတံခါး ဖွင့်ပြီး ထွက်သွားတော့ သက်ပြင်းသာ ချလိုက်ရသည်..။
အခန်း အပြင်ထွက်သင့်လား..ဆက်ထိုင်နေသင့်လား ဝေခွဲမရ ဖြစ်နေသည်..။
အခုလို ပုံမှန်မဟုတ်တဲ့ စိတ်ဖိစီးမှုတွေ ရှိနေချိန် ကောင်လေး နှစ်ယောက်ကို တစ်ခုခု ပြောမိ လုပ်မိရင် ဒုက္ခ..။
အို...ထိုင်နေတာပဲ ကောင်းပါတယ်..။
အိပ်ရာဘေးဘက်ကို ကြည့်လိုက်တော့မှ ဆုတံဆိပ် ပိုက်လျက်သားဖြင့် ပြုံးနေတဲ့ သူ့ပုံကို တွေ့ရသည်..။
တစ်ပုံချင်းစီ ပုံစံ မတူအောင် ပြောင်းလဲသွားလိုက်တာ..။
ပုံတွေ ပို့ပေးပေမဲ့ မတော်မဆ လမ်းတွေ့ရင်တောင် မမှတ်မိနိုင်တဲ့ အနေအထားအထိ အပြင်မှာ ရုပ်ပြောင်းသွားသည်..။
ဝတ်စားတက်တဲ့ ပုံစံကြောင့်လည်း အရင်နဲ့ မတူတော့တာ ဖြစ်နိုင်ပါသည်..။
မှန်တစ်ချပ် ချိတ်ထားပြီး အသုံးအဆောင်တွေကို ဘုံးလေးထဲ စီထည့်ထားသည်..။
မျက်နှာတောင် သေချာ မသစ်ပဲ မနက်စာ စားတက်သည့် အကျင့်ကို ပြုပြင်ပေးနိုင်ခဲ့တော့ ပီတိဖြစ်ရပါသည်.။
ပတ်ဝန်းကျင် အသိုင်းအဝိုင်းက သူ့နေထိုင်မှု ပုံစံကို ပြောင်းလဲစေခဲ့ပြီ..။
အခုတော့ ရန်ကုန်သားကြီးလိုလို...။
နံရံပေါ်မှာ ကပ်ထားတဲ့ ဓာတ်ပုံတွေထဲ ကောင်မလေး တစ်ယောက်နဲ့ တွဲရိုက်ထားတာ တွေ့တော့ မျက်ခုံး တွန့်သွားသည်.။
မွေးနေ့ပုံစံဆိုတော့ ဟိုတလောကများလား..။
စိုးစိုး ဖုန်းဆက်ချိန်တုန်းက သူ့သူငယ်ချင်း ဆိုတဲ့ တစ်ယောက်ကိုင်သည်..။
"ဟလို..."
"ဟလို....နေရှင်းသန့်လား.."
"မဟုတ်ဘူး...ဘယ်သူလဲ..."
"နေရှင်းသန့် နဲ့ ပြောချင်လို့ပါ..."
"ဘယ်သူပါလဲ..."
"အိုး...နေရှင်းသန့် ဖုန်းမဟုတ်ဘူးလား..."
"ဟုတ်ပါတယ်...ဘယ်သူလဲလို့မေးနေတာ အရင်ဖြေလေဗျာ..."
"သူ့ မိန်းမ...သူ့မိန်းမ..."
"အမ်....သူ မွေးနေ့ပွဲ ရောက်နေလို့....ပြီးမှ ပြောလိုက်မယ်..."
".........."
စိုးစိုး သက်ပြင်းချပြီး ဓာတ်ပုံလေးဆီက အကြည့်လွဲလိုက်သည်..။
ပြတင်းပေါက် အနားမှာ ရပ်ကြည့်လိုက်တော့ အောက်မှာ ကားတွေနဲ့ မျက်နှာချင်းဆိုင်မှာ တိုက်နံရံ ကြီးသာ တွေ့ရသည်..။
စိမ်းစို လှပတဲ့ မြင်ကွင်းထက် ဒီနေရာက ဘာများ ပိုကောင်းလို့လဲ...။
"ကြာသွားတယ်....လာ...ပီပီ...ထမင်း ပြင်ထားပြီ..."
"............"
စိုးစိုး ခေါင်းရမ်းလိုက်တော့ အခန်းထဲကို ဝင်လာပြီး အနားမှာ ရပ်သည်..။
ပြတင်းပေါက်က အလင်းရောင် ဖျော့ဖျော့ အောက်မှာ ကြည်လင်နေတဲ့ သူ့မျက်နှာကို မော့ငေးရင်း စိုးစိုး ရင်ပူလာသလို ခံစားရသည်..။
"စားလိုက်ပါ....ပူပူလေးပဲ..."
"............."
"ဟိုကောင်တွေလည်း စားနေပြီ....လာလေ...တူတူစားရအောင်..."
".........."
စိုးစိုး ပိုပြီး ခေါင်းကို ခပ်သွက်သွက် ရမ်းလိုက်တော့ မျက်ခုံးတွန့်ပြီး တစ်ချက်ကြည့်သည်..။
ခြေလှမ်းကြဲနဲ့ ထွက်သွားတော့မှ ကြမ်းပြင်မှာ ထိုင်ချလိုက်သည်...။
ဘယ်လို မေတ္တာမျိုး မဆို အေးချမ်းစေချင်ပါသည်..။
အခန်းတံခါးကို ပခုံးနဲ့တိုက်ဖွင့်ပြီး ဝင်လာတဲ့ သူ့လက်ထဲမှာ ပန်းကန်တွေ ပါလာသည်..။
စိုးစိုးရှေ့မှာ ချပေးပြီး ရေခွက် ထယူကာ ရေထည့်ပေးသည်..။
"စားလေ..."
စိုးစိုး ခေါင်းညိတ်ပြီး ဇွန်းကို ကောက်ကိုင်လိုက်ခါ တစ်လုတ် နှစ်လုတ် စားလိုက်သည်..။
သူထွက်သွားလို့ စိတ်မကောင်းဖြစ်နေချိန် ပန်းကန် တစ်ချပ် ကိုင်ပြီး ဝင်လာတော့ ပျော်ရပြန်သည်..။
သူနဲ့ တွေ့ချိန်က စပြီး စက္ကန့်ပိုင်းလေး အတွင်းမှာ ခံစားချက်တွေကအမျိုးမျိုး ပြောင်းလဲ နေတာ နားလည်ရခက်ပါသည်..။
စိုးစိုး ပန်းကန်ထဲကို ဟင်းထည့်ပေးတော့ ပလုတ်ပလောင်းစားတက်တဲ့ ကောင်လေး ကိုသတိရသည်..။
ထမင်းကို ဟန်မပျက် ဝါးနေတဲ့ သူ့မျက်နှာကို တစ်ချက် ငေးမိတော့ ဘာလဲ ဆိုတဲ့ ပုံစံဖြင့် မျက်ခုံးတွန့်ပြသည်..။
စိုးစိုး ခေါင်းရမ်းလိုက်ပြီး ဟင်းပန်းကန် ဘေးက ဆလပ်ရွက်ကို ကောက်ယူ ပေးတော့ နားမလည် ဖြစ်နေသည်..။
မေးငေါ့ပြလိုက်တော့မှ သွားစွယ်လေး ပေါ်အောင် ရယ်ပြီး ပါးစပ် ဟ ပေးသည်..။
ပလုတ်ပလောင်း နဲ့ သူ့ပုံစံကို ကြည့်ရင်း စိတ်ထဲမှာ ပြန်ရင်းနှီးသွားသည်..။
စိုးစိုး သိခဲ့တဲ့ကောင်လေး ပေါ့လေ...။
"ပန်းကန် ဆေးပေးမယ်လေ...အခန်းထဲမှာ ရေချိုးခန်း ရှိလား..."
"မရှိဘူး....ပီပီ...ရတယ်...ထားလိုက်...ခြေလက်တွေ ဆေးဦးမလား...လာလေ..."
စိုးစိုး ခေါင်းရမ်းလိုက်သည်..။
သူကြောင့်သာ စိတ်က နည်းနည်း ကြည်လင်နေတာပါ....။
သူ့ သူငယ်ချင်းတွေ လူငယ်ပီပီ ပြောဆို ရင် စိုးစိုးနဲ့ အဆင်မပြေဖြစ်လာနိုင်သည်...။
အစတုန်းကတော့ ဆေးခန်း အရင်ဝင်ပြီး ဆေးယူမလို့ပါပဲ...။
ဒေါက်တာက ခရီးထွက်နေတော့ စိုးစိုး ဒီအတိုင်း ရန်ကုန်ရောက်လာခဲ့ရသည်.။
ကိုယ့်အခြေအနေ ကို ကိုယ်တိုင်လည်း စိတ်မချရပါဘူးလေ..။
"အိပ်ချင်နေပြီလါး... ပင်ပန်းသွားလို့ဖြစ်မယ်....ဟူး...ကားကြီးနဲ့ လာလိုက်ရင် ပြီးရော...အပြင် နှစ်ခန်းဘေး မှာ မီးဖိုခန် နဲ့ ရေချိုးခန်း အိမ်သာ ရှိတယ် ..."
"အင်း...."
"အာ..ပီပီ က မဟုတ်သေးပါဘူး....လာ....ငါ လိုက်ပြမယ်..."
စိုးစိုး လက်ကို ဆွဲပြီး အခန်းပြင် ခေါ်လာတော့ သူ့ သူငယ်ချင်း တစ်ယောက်နဲ့ တွေ့ပြီး မျက်နှာပူသွားသည်..။
ရေချိုးခန်းထဲ ရောက်တော့မှ ခြေလက်ဆေးလိုက်ချိန် နည်းနည်း လန်းသွားသည်..။
"ထိုင်ဦးမလား.."
"ဟင့်အင်း..."
အခန်ထဲ ရောက်လာတော့ သူက အိပ်ယာပြင်ပေးဖို့ စီစဉ်နေသည်...။
အခန်း နံရဲပေါ်က သူ့အသုံးအဆောင်တွေကို လိုက်ပြီး စပ်စု နေမိသည်..
"ပီပီ ကြည့်နေလည်း သိမှာ မဟုတ်ဘူး..."
"အင်း...ဒီကောင်လေး ကိုတော့ သိတယ်.."
နံရံပေါ်က နှစ်ယောက်တွဲ ဓာတ်ပုံကို လက်ညိုးထိုးပြလိုက်တော့ ခေါင်းငုံ့ပြီး ရယ်သည်..။
ဘာကို အထင်လွဲပြီး ရယ်နေတာလည်း မသိ..။
သူ့ အပြုံးကို မြင်တော့ စိုးစိုး လိုက်ပြုံးမိသည်..။
စိတ်ထဲက ခံစားချက် အတိုင်းသာဆို သူ့ကို ထွေးပိုက်ပွေ့ဖက် ထားမိမှာပါပဲ...။
အို...ဒါကလည်း အိမ်မှာနေခဲ့တဲ့ သူ့ပုံစံကိုပဲ သိတာကိုး..။
စိုးစိုး ရင်ခွင်ထဲ ဝင် ပြီး ငိုခဲ့တဲ့ ကလေးလေး မှ မဟုတ်တော့ပဲလေ...။
အခုတော့ စိုးစိုး တောင် မော့ကြည့်ရတဲ့ ယောက်ျား တစ်ယောက် ဖြစ်နေပြီလေ..။
"ဒါ...သင်တန်းဆင်း လက်မှတ်တွေလေ...များတယ်မလား..."
ဖိုင် ထူထူ တစ်ခု ကို လက်ညိုးထိုးပြတော့ စိုးစိုး မျက်ခုံးပင့်၍ ခေါင်းညိတ်လိုက်ရသည်..။
"ပီပီ မအိပ်သေးရင် အပြင်လာပါလား....အောင်ကျော်ဦးတို့နဲ့ မိတ်ဆက်ပေးမယ်လေ....သူတို့က ခင်ဖို့ကောင်းတယ်..."
"အိပ်တော့မယ်...အိပ်ချင်နေပြီ.."
စိုးစိုး မုသား တစ်ဝက် အမှန်တရား တစ်ဝက် သုံး၍ ပြောလိုက်တော့ ခေါင်းအုံးတွေကို ခါနေသည်.။
လူမှုဆက်ဆံရေးတွေ စိုးစိုးမှ လုပ်လို့မရတာပဲလေ...။
တကယ်ဆို သူ့မျက်နှာ တွေ့ရရုံဖြင့် စိုးစိုး အတွက် လုံလောက်နေပါပြီ..။
အပြင်မှာ တစ်ယောက်တည်း အခန်း ငှားနေဖို့ မတက်သာလို့ နေရတာပါ.။
အခုလို အနေအထားကြောင့် သူ့ကိုကော သူ့သူငယ်ချင်းတွေကော စိုးစိုး အားနာရပါသည်..။
YOU ARE READING
မြူခိုးမှိုင်းဝေ
Romance◇◆◇◆◇◆◇◆◇◆◇◇◆◇◆◇◆◇◆◇◆◇ "ဘာကို စိုးရိမ်နေတာလဲ... ငါ့ရဲ့ ခံစားချက်ကို သိအောင် မကြိုးစားစမ်းပါနဲ့...လူလောကမှာ နေတာ ကြာလေ....အမှား ပိုလုပ်မိလေပဲ..အဲတော့...နင့်ထက်ပိုများတဲ့ အမှားတွေလည်း လုပ်ခဲ့ဖူးပြီးပြီ......အမှားပေါင်းများစွာကို ဖြတ်ကျော် ဖြတ်လျှောက်ခ...