မြူခိုးမှိုင်းဝေ
အပိုင်း(၂၃)
0802-1231
#မြူခိုးမှိုင်းဝေ"နေရှင်းကို ကျေးဇူးတင်တယ်…"
"ဟင်….ဘာအတွက်လဲ…"
"စာတွေ ရှင်းပြပေးတယ်….သော်တာ ကဲသမျှ အိမ်ကိုလည်း ကာဗာ လုပ်ပြောပေးတယ်လေ…ဟိ…"
ဆံပင်လေးတွေ ဝဲပျံ့နေအောင် လက်နဲ့ ခါပြီး ရယ်ပြတော့ နေရှင်းသန့် ပြုံးမိသည်..။
အောင်ကျော်ဦး တို့ တမင် တကာ ရှောင်နေတော့ နှစ်ယောက်တည်း ထိုင်နေရပေမဲ့ စိတ်ထဲ မသက်သာ..။
သော်တာလို မိန်းကလေး ကို ကျောင်းမှာ တော်တော် များများ စိတ်ဝင်စားကြပေမဲ့ သော်တာ ကတော့ နေရှင်းသန့်တို့ အဖွဲ့နဲ့သာ ပေါင်းဖြစ်သည်..။
စာရှင်းပြတာ နဲ့ သင်တန်းတစ်ခုခု အတူတူ တက်နေရတော့ ပိုပြီး ရင်းနှီးလာသည်..။
စာ အကြောင်းမပြောရင်တောင် သင်တန်းက အကြောင်းတွေ ပြောရင်း စကားများနေမိတာ တစ်ခါတလေ အောင်ကျော်ဦးတို့ ကိုတောင် မေ့သွားသည်..။
"အွင့်…."
လက်ဖက်ထမင်းစားနေရင်း နေရှင်းသန့် ရှေ့ကို တစ်ဇွန်း ခပ်ပေးတော့ စာအုပ်ကိုင်ထားရင်း စားလိုက်မိသည်.။
"ဟေး…ဟေး….ဒီလိုလားကွ…"
"ဟမ်…"
အောင်ကျော်ဦး…အသံကြောင့် နေရှင်းသန့် မျက်ခုံးတွန့်ပြီး ကြည့်တော့ ပခုံးကို ဖိပြီး ဘေးမှာ ဝင်ထိုင်သည်..။
"မင်းတို့က တစ်ယောက်နဲ့ တစ်ယောက် ခွံကျွေးနေရတဲ့ အဆင့်လား…"
"ဟာ….အောင်ကျော်ဦးနော်…"
"ဟဲ…ဟဲ….သော်တာ့ မျက်စောင်းကြီးက တမျိုးဟ…"
"အိုး…ပြောလေ…."
"သူငယ်ချင်း အချင်းချင်း အလိုက်တသိ ခွံကျွေးတာ ကို ပြောတာပါဟာ…ဘာဖြစ်လို့လဲ…သြော်…ဘာတွေ တွေးပြီး စိတ်ဆိုးနေတာတုန်း…"
"…….."
"အား….တကယ်ထုတယ်ဟ.."
သော်တာက လက်သီးလေး ဆုပ်ပြီး အောင်ကျော်ဦး ကျောကို ထု လိုက်တော့ မှ ကျောကော့ပြီး အော်ရတော့သည်..။
နှုတ်ခမ်းလေး ကိုက်ပြီး အောင်ကျော်ဦးကို မျက်စောင်းဝဲတော့ နေရှင်းသန့် ငေးကြည့်နေမိသည်..။
"သော်တာရေ….သွားမယ်လေ…"
"အေး….ပြန်ပြီနော်…"
"အင်း…"
နေရှင်းသန့် လက်ပြ နှုတ်ဆက်လိုက်ရင်း ကျောခိုင်းထွက်သွားတဲ့ သော်တာ့ကြောင့် သက်ပြင်းချလိုက်သည်..။
"ပြောတော့လေကွာ…"
"ဟမ်…"
"မိန်းကလေးဘက်ကို လည်း နည်းနည်း စဉ်းစားစမ်းပါ…သုံးနှစ်သုံးမိုး မျှော်လင့်ချက်တွေ ပေးပြီး စောင့်ခိုင်းထားတာ မင်းလွန်တယ် မထင်ဘူးလား…"
"ကျစ်…."
"မင်း ဘက်က လိပ်ပြာမလုံ ဖြစ်နေတာမလား….ဖွင့်ပြောလိုက်ကွာ….ဘွားတော်ကြီးနဲ့လည်း တရားဝင်ကွာရှင်းလိုက်ပေါ့…"
"သူနဲ့ ငါ စာချုုပ်စာတမ်းနဲ့ လက်ထပ်ထားတာ မဟုတ်ဘူး…အောင်ကျော်…"
"ဟာ…ဒါဆို…ဘာကြောက်နေတာလဲ…"
" …သော်တာက သူဌေးသမီး….အရမ်းလည်းလှတယ်….ငါကျတော့ မချမ်းသာဘူး…အသိုင်းအဝိုင်းလည်း မရှိဘူး……"
"ငါ မေးတာပဲဖြေ…သော်တာ့ကို ချစ်လား…"
"………"
ဒီလောက်လှတဲ့ မိန်းကလေးနဲ့ရင်းရင်းနှီးနှီး အနီးကပ်နေရတဲ့ အချိန်မှာတော့ ရင်ခုန်ခဲ့ရပါသည်..။
နေရှင်းသန့် မဖြေပဲ ပြုံးစေ့စေ့ဖြင့် အချိုရည်ခွက်ကို ကောက်သောက်လိုက်သည်..။
အောင်ကျော်ဦး ဆဲတော့မှ ခပ်တိုးတိုး ရယ်ရသည်..။
"ဘာပြောစေချင်တာလဲ…"
"ဘွားတော်ကြီးရဲ့အကြွေးလည်း ဆပ်ပြီးပြီ….အဆက်အသွယ်မလုပ်တာလဲ ကြာနေပြီ….အဝေးကြီးပဲ….မင်း အခုတွေးနေတာ သော်တာ့အတွက်ဆိုကတည်းက ငါသိပါတယ်…ဒါပေမဲ့ ကွာ…မိန်းကလေး ဘက်ကိုတော့ နည်းနည်း စဉ်းစားပေးပေါ့….ငါပြောတာ သဘောပေါက်တယ်မလား…"
"အင်း…"
"သော်တာ့ မိဘတွေကလည်း မင်းကို တံခါးမရှိ ဓားမရှိ ဝင်ခွင့် ထွက်ခွင့်ပေးတယ်ဆိုတာ…သူတို့ဘက်က ကျိန်းသေ တစ်ခုခု သတ်မှတ်ထားလို့ပဲ."
"ဟမ်…ဘာလဲ…"
"သမက်လောင်းလျာ …"
"ခွေးကောင်…"
"မဟုတ်လို့လား….မင်းရဲ့ အနာဂတ်မှာ အလုပ်အကိုင် အဆင်သင့် ဇနီးချောလေး အဆင်သင့် ယောက္ခမလောင်းတွေ အဆင်သင့် ရှိနေရဲ့သားနဲ့ ဘာတွေ တွေဝေနေတာလဲကွာ…မင်းနေရာမှာ ငါသာ ဆိုရင်တော့လား.."
"ဟေ့ကောင်…"
"ဟား..ဟား…အုံ့ပုန်းကြီး….ဘာမှ မဟုတ်သေးတာတောင် သဝန်ကြောင် နေပြီ…"
"ငါ မသိတော့ဘူးကွာ….ပီပီ ကို ပြတ်ပြတ်သားသား ပြောဖို့ကျတော့လည်း ငါ မလုပ်ရက်ဘူး..နောက်ပြီး….ခုချိန် ငါ ပိုက်ဆံပဲ ရှာချင်သေးတယ်…ကျောင်းပြီးတာနဲ့ ယောက္ခမ အိမ်လိုက်နေ သူတို့ပေးတဲ့ အလုပ်လုပ်ပြီး မိန်းမယူဖို့ကျတော့ ငါမလုပ်ချင်ဘူး..ပြီးတော့….အပါးနဲ့အမိုးတို့အကြောင်းလည်း မင်းသိသားပဲ…နှစ်ဖက် လည်း စဉ်းစားရသေးတယ်ကွာ…..သော်တာ နဲ့ ငါ မဖြစ်နိုင်ဘူး…"
"ဟာ…ဒါဆိုရင်…မင်း က သေ်ာတာကို ဘာလို့ ပတ်သက်နေလဲ…"
"ငါ မပတ်သက်ပါဘူး.. ငါ..သူငယ်ချင်းထက် ပိုတဲ့ အရိပ်အယောင်တောင် မပြခဲ့ပါဘူး…စာပြပေးတာနဲ့..သင်တန်းသွားတာပဲ ရှိတယ်…"
"မင်း တို့စိတ်တွေက ပတ်သက်နေတယ်လေ…..တစ်ကျောင်းလုံးက အတွဲလို့ ထင်နေတာကို မင်း ဘာမှ မဖြေရှင်းဘူး…သော်တာလည်း မဖြေရှင်းဘူး….ကိုယ်တိုင်က ဘာမှ မဟုတ်ပေမဲ့…ပတ်ဝန်းကျင် အမြင်နဲ့ ပတ်သက်နေရင်တော့ မိန်းကလေးဘက်က ပိုနစ်နာတာ မင်းထည့်တွက်သင့်တယ်…"
"ဟူး…အဲတော့….ငါဘာလုပ်ရမလဲ…"
"သော်တာ့ကို ဖွင့်ပြောလိုက်…"
"ဟာကွာ…..မဖြစ်ပါဘူးဆို…"
"ဒါဆို….ငါပြောပေးရမလား…."
"ငါ မပြောရဲတာ မဟုတ်ဘူး…အောင်ကျော်…..မပြောရက်တာ…မပြောသင့်ဘူးလို့ ထင်နေတာ…."
"နေစမ်းပါဦး…သော်တာ့ကို မင်း မချစ်ဘူးလား.."
"တစ်ကျောင်းလုံးက အလှမယ်တွေထဲ သူလည်း ပါတာပဲ…ဒီလောက် ချစ်စရာကောင်းတဲ့ ကောင်မလေးကို ငါလည်း ယောက်ျားထဲက ယောက်ျားပဲ…ရင်တော့ခုန်တာပေါ့……"
"ဟွန့်…ဒါကိုပဲ….ဘာလဲ..ဘွားတော်ကြီးကို ငါ စုံစမ်းပေးရမလား.."
"မလိုပါဘူး….ငါ စာမေးပွဲပြီးရင် အိမ်ခဏ ပြန်မယ်…ကျစ်…ငါ ကျေးဇူးကန်းမိသလိုများ ဖြစ်နေပြီလား မသိဘူး….သူ့ဘက်က အဆက်အသွယ်မလုပ်ရင်တောင် ငါ့ဘက်က လုပ်သင့်တာ….ဒါပေမဲ့…"
"ဟဲဟဲ….သော်တာ့ကြောင့်အတိတ်တွေကို မပတ်သက်ချင်တော့တာ မလား…"
"မင်းလေ….အောင်သွယ်ညံ့တဲ့ကောင်ပဲ….ပထမနှစ်ကတည်းက သွယ်တာနော်….ဟား…ဟား…"
"မင်းက နွားအိုကြီး ဖြစ်ချင်နေတာကိုးကွ.."
"…………"
"အဘွားကြီး မင်းကို အသုံးချပြီးလို့ ကန်ပစ်ခဲ့တာတောင် မင်းမှာ စိတ်မနာနိုင်ဘူး…ဆက်သွယ်လာမလား မျှော်လင့်နေတယ်…မင်းလောက် မိုက်တဲ့ကောင်မရှိဘူး..ပိုက်ဆံတွေလည်း ပေးပြီးပြီဆို ပြီးပြီပေါ့…"
"…………."
"ပညာရေးထောက်ပံ့ပေးတယ်ဆိုပေမဲ့ အလကားမှ မဟုတ်တာ…မင်းရဲ့ ဂုဏ်သိက္ခာ ကို ပြန်ပေးခဲ့ရတာလေ….ရွာသေးသေးလေးမှာပဲ သိကြတယ် ဆိုပေမဲ့မင်း က ငယ်ငယ်လေးနဲ့ အဝယ်ခံလိုက်ရတဲ့ ကောင်ပဲ မလား….ကျစ်….အခုပဲကြည့် …ချစ်တဲ့ မိန်းကလေး တစ်ယောက်ကို ဖွင့်ပြောဖို့ အတွက် မင်းမှာ သုံးနှစ်လောက် စဉ်းစားနေရတယ်….မင်း ပိုက်ဆံတောင် ပြန်ပို့ပေးဖို့ မကောင်းဘူးကွာ…မင်းကို နွားလုပ်သွားတာကွ…."
"ဟူး….အောင်ကျော်ရေ…မင်းနဲ့ ပြောရင်…ငါ့မှာ ဂျိုပဲ ပေါက်လာသလိုလို….ခလောက်ပဲ ဆွဲရတော့မလိုလိုနဲ့….ပီပီ က မင်းပြောသလောက် မဟုတ်ပါဘူးကွာ…."
"ဖြစ်လာပြန်ပြီ…မင်း ကို က မပြတ်သားတာကွာ….တောက်….မပြောတော့ဘူး…. ဂျိုကောင်လေးရေ….ကျောင်းသာ ပြီးသွားမယ်…မင်းစွံမှာ မဟုတ်ဘူး…သလား.."
"တကယ်တော့ အချစ်ရေး ဆိုတာ ဘဝရေး နဲ့ ယှဉ်ရင် စကြာဝဋ္ဌာရဲ့ အမှုန့်အမွှားတွေပါကွာ…"
"မင်းကြီးတော်…အမှုန့်အမွှား….ဖုန်ရှုလိုက်…ဟေ့ရောင်ရေ…"
"တွီ..ခွေးကောင်…"
နေရှင်းသန့် လှမ်းထိုးပေမဲ့ အောင်ကျော်က ကိုယ်စောင်းပြီး ထပြေးလို့ လွှတ်သွားသည်.။
စာအုပ်တွေ ပြန်သိမ်းရင်း သော်တာ့ရဲ့ ခေါင်းချည်ကွင်းလေး ကို တွေ့တော့ အိတ်ထဲ ကောက်ထည့်လိုက်သည်..။
အခန်းမှာ စာအတူတူ လုပ်တဲ့အခါလည်း သော်တာ ပစ္စည်း တစ်ခုမဟုတ် တစ်ခုကျန်ခဲ့သည်..။
တစ်စုံတစ်ခု ပျောက်တိုင်း ဘယ်မှာ ထားမိမှန်း မသိတက်တဲ့ ကောင်မလေးကြောင့် နေရှင်းသန့်မှာ အမြဲသတိထားနေရသည်..။
သူ့အသုံးအဆောင် တော်တော် များများက တန်ဖိုးကြီးလို့ သိမ်းထားပေးရင်း အခုဆို အတော်လေး စုံလင်နေပြီ..။
ခေါင်းချည်ကွင်း…ကလစ်…လက်ပတ်….ဖန်စီပစ္စည်းတွေ….နှုတ်ခမ်းနီတောင့် နဲ့…ပေါင်ဒါဘူး..။
ရည်းစားမရှိပေမဲ့တာဝန်အရတော့ သိမ်းပေး ထုတ်ပေးနေရပါပြီ..။
သော်တာ့ မျက်လုံး အပြုံးတွေနဲ့ ဆက်သွယ်လို့ ရနေတာလည်း ကြာပါပြီ..။
အောင်ကျော်ဦး…ပြောသလို ဖွင့်ပြောဖို့သာ ကျန်တော့သည်။
ဒါပေမဲ့…။
.
"နင် သွားရင် သူ့ကို ပြောလိုက်လေ…"
"မပြောပါဘူး…ရတနာရယ်…ခဏ ပဲ ကြာမှာပါ….သူ စာမေးပွဲ ရှိုတော့ အလုပ်လည်း များနေမှာ ပေါ့…"
"အေးလေ….အဆင်ပြေပါ့မလား.."
"ပြေပါတယ်….နှစ်ခါ သွားဖူးတယ်…ငါ ပြောသလိုပဲ ပေးလိုက်သိလား…နင့် အလုပ်တွေနဲ့ကို ငါက ထပ်ခိုင်းရတာ အားနာတယ်…"
"ရပါတယ်….အပန်းမကြီးပါဘူးဟာ…တစ်ယောက်ယောက် ခေါ်သွားမလား"
"မခေါ်တော့ဘူးဟာ..ငါ တစ်ယောက်တည်း အဆင်ပြေပါတယ်…"
စိုးစိုး ကိုယ့်စိတ်နဲ့ ကိုယ်ပြောနေရပေမဲ့ စိတ်ထဲမှာတော့ စိုးရိမ်သည်..။
ပထမ အကြိမ်တုန်းက သူ ရှိတယ်ဆိုတဲ့ စိတ်နဲ့ တစ်ယောက်တည်း ရန်ကုန် ဆင်းလာရဲသည်..။
အခုတော့ သူနဲ့ ကိုယ်က ပတ်သက်မှု မရှိ..။
သူ့အတွက် ကုန်ကျခဲ့သမျှ ပိုက်ဆံတွေကို စာရင်းနဲ့တကွ ဆပ်ပြီးပြီ..။
ဘာကို အကြောင်းပြပြီး သူနဲ့ သွားတွေ့ရဦးမှာလဲ..။
တွေ့ချင်လို့ တိုက်ခန်း လိုက်သွားရင်တောင် သူ့သူငယ်ချင်းတွေ ကြားမှာ ရန်စစရာ အဖြစ် သူ့မျက်နှာငယ်ရဦးမည်..။
အဘွားကြီး တစ်ယောက်နဲ့ အတိတ်မှာ ပတ်သက်ခဲ့မိလို့ နောင်တရနေဦးမည်..။
ဖေ့ဘွတ်ပေါ် က သူ့ပုံရိပ်တွေကို ကြည့်ရင်း ဖြင့်သာ စိုးစိုးနဲ့ သူ့ရဲ့ ဆက်သွယ်မှု ရှိသည်..။
"ဟင်း…နင် တကယ်နေနိုင်တယ်….ဆေးရုံအထိ ရောက်သွားတာ ငါ့ကို မပြောဘူးဟယ်…"
"ခု ကောင်းနေပါပြီ…."
"ကောင်းမှာပေါ့…ဆေးရုံ ရောက်သွားတာကိုး….သွားကျိုးလည်း ပြန်လာဖို့ကောင်းတယ်…အဟွင်း…အမှန်အတိုင်း ပြောစမ်း…နင် သတိရတယ်မလား…."
"အင်း…တစ်ခါတလေပေါ့…"
"ငါတော့ မထင်ပါဘူး…ငါ့သူငယ်ချင်းကို တစ်ယောက်တည်း အထီးကျန်နေမှာစိုးလို့ ယောက်ျားယူခိုင်းမိပါတယ်…ခုတော့ ပိုတောင် ဆိုးသွားသေး…မာမေ တို့ပေးစားတုန်းက ယူလိုက်ရင် ပြီးရောနော်…."
"အဟွင်း..ကိုယ့်စိတ်နဲ့ပဲ ဆိုင်တာပါ…ငါလေ….တစ်ခါတလေ ကျတော့ မာချယ်တို့လိုပဲ နေချင်တော့တယ်…"
"အမလေး…မလုပ်ပါနဲ့….နင်က အိမ်ထောင်ရှင်နော်…."
"အေးလေ…..ဒီလိုမှန်း သိရင် နင့်တပည့်ကို မယူပါဘူး…တပည့်မကောင်း ဆရာခေါင်းတဲ့ နင့်ကြောင့်ပဲ…"
"အဟား…ကျွန်မ အမှားပေါ့….ငါ့မှာ ဘာမျှတောင် မသိလိုက်ရပါပဲ…လုပ်ချင်တာ လျှောက်လုပ်ပြီးမှ အသိပေးတာ ဘယ်သူလဲ"
"အဟွင်း.."
"ပေါ့ပီ…နင် ပိန်သွားတယ်နော်…ကိုယ့်ကိုယ်ကိုလည်း ဂရုစိုက်ဦး….အလုပ်တွေ နဲ့ ချည်း ပင်ပန်းမခံပါနဲ့…"
"အေးးပါ…ခု ပွဲတွေ လုပ်တော့ လူက ပင်ပန်းပြီး စားဝင် အိပ်ပျော်နေတယ်…."
"ရွာ အတွက် နင် အဖွဲ့ထဲ ပါထားတော့ ကောင်းတာပေါ့…"
"ကောင်းတော့ ကောင်းပါတယ်…တစ်လ တစ်ခါ အစည်းအဝေး တက်ရမယ် ဆိုတာတော့ ခက်ခဲတယ်…"
"အေးလေ…ဒါပေမဲ့ သင်တန်းတွေလည်း ရှိတော့ အဆင်ပြေတယ်မလား…နိုင်ငံခြား အဖွဲ့အစည်းတွေလည်း ပါတယ်ဆို…."
"အင်း…"
"……….."
စိုးစိုးမရှိချိန် မန်နေဂျာကို ငွေအများကြီး မပေးခဲ့ချင်လို့ရတနာ့ကို အကူအညီတောင်းရသည်..။
မန်နေဂျာ လိုသလောက်ပဲ ေငွေထုတ်ပေးဖို့ ရတနာ့ဆီမှာ ငွေအပ်ထားခဲ့သည်..။
ခုတော့ အလုပ်တစ်ခုပိုပြီး ပိုပင်ပန်းရသလိုပါပဲ…။
နိုင်ငံခြားက လာတဲ့ စိုက်ပျိုးရေးသင်တန်းတွေ ကို မက်ပြီးသာ ကျေးလက် တောင်ယာ စိုက်ပျိုးရေး အဖွဲ့ထဲ ပါခဲ့ရတာပါ..။
တစ်လ တစ်ခါ အစည်းအဝေးနဲ့ တွေ့ဆုံ ဆွေးနွေးပွဲ တက်ရမယ်ဆိုတော့ ခက်ပြီ..။
ဘာပဲဖြစ်ဖြစ် အဆင်ပြေသွားဖို့သာ မျှော်လင့်ပါသည်..။
.
"ဆရာ….."
"ပြော…ဘာဖြစ်ပြန်ပြီလဲ.."
"ဟို….ဆရာနဲ့ သော်တာ ဆိုတဲ့ ကောင်မလေး တွဲနေတာလားဟင်…"
"နင် နဲ့ ဘာဆိုင်တုန်း…"
"မဆိုင်ပါဘူး…..သမီး တို့က ဆရာ့ကို ချစ်တယ်…ဆရာ တစ်ယောက်လို…"
"…………."
နေရှင်းသန့် ခေါင်းညိတ်ရင်း ကွန်ပျူတာ ပြင်နေတော့ အနားက ခုံကို ဆွဲယူပြီး ထိုင်ပြန်သည်..။
ချာတိတ်တွေလည်း တစ်နေ့တမျိုး မရိုးအောင်ပါပဲ…။
သူတို့ အတွက် ပြောစရာ အကြောင်းပြချက် တစ်ခု ရှိတိုင်း အနားကို ရောက်လာတက်သည်..။
"အဲဒါလေ….အဲဒီ့ အိမ်နဲ့ သမီး ဦလေး က ခင်တယ်လေ..သော်တာ ဆိုတဲ့ ကောင်မလေး မင်္ဂလာဆောင် တော့မယ်တဲ့….ဆရာသိလား…"
"သိတာပေါ့..ငါ့ သူငယ်ချင်းပဲ.."
နေရှင်းသန့် စိတ်ထဲ တမျိုး ဖြစ်သွားပေမဲ့ ကလေး စကားတွေက ယုံရတာ မဟုတ်..။
အမြဲတမ်း တစ်ခုမဟုတ် တစ်ခု လုပ်ကြံနေကြတာပါပဲ..။
"ဒါပဲမလား….သွားတော့…"
"ဆရာတို့က သူငယ်ချင်းပေါ့နေ်ာ.."
"ဟုတ်တယ်..ငါ့မှာ မိန်းမရှိတယ်…ဒိုး…"
နေရှင်းသန့်စိတ်ပေါက်ပေါက်ဖြင့် ပြောလိုက်တော့ နှုတ်ခမ်းစူပြီး ထွက်သွားသည်..။
ခေါင်းရမ်းရင်းဖြင့်သာ ကျန်ခဲ့ရသည်…။
"မောင်နေရှင်းသန့်…အဘိုးနဲ့ အဘွားက အသက်ကြီးတော့ ဘွဲ့ယူရင် ဘယ်လာ နိုင်မလဲနော်….မာမီတို့ ရှိတာပဲ မပူပါနဲ့…"
"ဟုတ်…သူတို့ကိုလည်း ခေါ်မှာပါ..သူတို့က ကျွန်တော့်အဖေ နဲ့အမေပဲလေ.."
"ရန်ကုန်မှာ အခြေချဖို့ ပြောကြည့်ပါလား….ဒီမှာက အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါတယ်လေ….နယ်မှာဆိုတော့က မွေးတာနဲ့ စိုက်ပျိုး…စိုက်၇င်းပျိုးရင်းသေ…တိုးတက်မှုလည်း သိပ်မရှိလှပါဘူး…ဘွဲ့ဒီဂရီတွေကလည်း နယ်ဘက်မှာဆို သိပ်အသုံးမဝင်ဘူးလေ…ဘွဲ့ရလည်း တောင်ယာပဲ လုပ်ရလိမ့်မယ်…"
"ဟုတ်ကဲ့….အဟွင်း…ပွင့်ပွင့်လင်းလင်း ပြောရရင်….ကျွန်တော့်အဘိုးနဲ့အဘွားက စာမတက်ဘူး…ကျွန်တေ်ာ့ ဇာတိရွာမှာလည်း စာတက်တဲ့သူ သိပ်မရှိဘူးလေ….ဒါပေမဲ့….ကျွန်တော်ကတော့ အဘိုးတို့ကြောင့် ပညာတက်ခဲ့တာဆိုတော့…သူတို့ စိတ်တိုင်းကျပဲ…နေပေးဖြစ်မယ်ထင်တယ်…."
"အို..ဒီလို ဆို သမျောစရာပဲ…"
"ဟုတ်ကဲ့…အဘိုးတို့ နားလည်အောင်တော့ ပြောကြည့်ဦးမယ်လေ…."
"သမီးကို စင်ကာပူမှာ ကျောင်းဆက်တက်ဖို့ ပြောထားတယ်…သားကော…တက်ချင်လား.."
"မတက်ချင်ပါဘူး…အန်တီ….ကျွန်တေ်ာတို့လို အခြေအနေကျတော့ ဘွဲ့တစ်ခုကို ထမင်းစားလက်မှတ်အနေနဲ့ပဲ အသုံးချဖြစ်မယ်ထင်တယ်…ဒီလိုပဲပေါ့…အန်တီရယ်….အဘိုး တို့အတွက် အချိန်ပြန်ပေးဦးမယ်…"
"သား ကို သမီးနဲ့ ဘွဲ့တူစေချင်တယ်လေ…အေးပေါ့လေ…သားဘက်က သားအခြေအနေလည်း ရှိသေးတာပဲ….ပညာရေးထက်သန်နေရင်တော့ အန်တီတို့က သားအရင်းတစ်ယောက်လို ပံ့ပိုးပေးပါမယ်.."
"အခုလို ပြောပေးတာ ကျေးဇူးတင်ပါတယ်….အန်တီက ကျွန်တော့်အပေါ် အမေအရင်းလိုပဲ ….အန်တီ့စေတနာကို နားမလည်သလို ပြောမှားဆိုမှား ဖြစ်သွား ရင် စိတ်မရှိပါနဲ့နော်…"
"အို…ရပါတယ်…သား အကူအညီလိုရင် ဘယ်အချိန်ဖြစ်ဖြစ်..ဝလ်ကမ်ပါနော်…"
"ဟုတ်ကဲ့.."
သော်တာ့ အမေ နဲ့စကားပြောပြီး နောက်ပိုင်းလည်း သော်တာ ကအရင်အတိုင်း မျက်ဝန်းနက်ကလေးတွေ ဖြင့် စကားပြောဆဲ..။
သော်တာ့ အဖေရဲ့ နိုင်ငံခြား ပညာတော်သင် ပလန့်ကတော့ ခဏ ရပ်ဆိုင်းသွားသည်..။
သော်တာ ကတော့ သူငယ်ချင်းတွေ နောက်တိုင်း မျက်နှာပန်းနုရောင်လေးနဲ့တုန့်ပြန်ဆဲပင်..။
နေရှင်းသန့် ဘက်က ယောက်ျားလေးဆိုပေမဲ့ သူ နစ်နာမှာ စိုးလို့ သင်တန်း အချိန်ကိုလည်း ပြောင်းပစ်လိုက်သည်..။
အခုတလော သော်တာ့ကို လူတစ်ယောက် ကားတစ်စီး လာကြိုတက်သည်…။
သူငယ်ချင်းတွေနဲ့ အရင်အတိုင်း နေတက်ပေမဲ့ ကားလာခေါ်ရင်တော့ လိုက်သွားရသည်…။
နေရှင်းသန့်သက်ပြင်း တစ်ချက်ချလိုက်သည်…။
ဘာပဲဖြစ်ဖြစ်…ကိုယ့်မှာ ရွေးချယ်ခွင့်မရှိ….။
"နေရှင်း…."
"ဗျာ….အစ်မ….."
"အောက်ထပ် မှာ လူကျနေလို့ ဆောရီး…"
"ရပါတယ်.."
နေရှင်းသန့် ဘေးမှာ ချထားတဲ့ ယူနှီဖောင်း ရှပ်ကို ကောက်ဝတ်လိုက်ပြီး အောက်ထပ်ကို ကပျာကယာ ဆင်းလာခဲ့သည်..။
ဓာတ်ပုံ မော်ဒယ် အဖြစ် လူ အနည်းစု သိနေပေမဲ့ပြဿနာတော့ မရှိသေး…။
နေရှင်းသန့် ကိုယ်တိုင်ကလည်း လူများစွာနဲ့ ဆက်ဆံရတဲ့ အနုပညာ အလုပ်ကို စိတ်မဝင်စား..။
ကိုယ် ကျွမ်းကျင်သည့် အလုပ်မှာပဲ အသားကျနေပြီ။
အောက်ထပ် ရောက်တော့ ဝယ်သူ များနေသည်..။
နေရှင်းသန့် ကောင်တာ တစ်ခု ကို ဝင်ပြီး ပစ္စည်းတွေ ပြပေးလိုက်သည်..။
"ဟုတ်ကဲ့..ဒါက…နောက်ထွက် မော်ဒယ်ပါ…."
"လူကလည်း ချောတယ်နော်…"
"ဗျာ..သြော်…ဟုတ်ကဲ့….ကျေးဇူးပါဗျ…."
နေရှင်းသန့် ဖုန်းတွေ တစ်လုံးချင်း ပြနေရပေမဲ့ ဝယ်သူ က သေချာ စိတ်မဝင်စားတော့ စိတ်နည်းနည်း ရှုပ်ရပါသည်..။
အတက်နိုင်ဆုံး တာဝန် ကျေအောင်တော့ ကြိုးစားနေရသည်..။
"ဟင်.."
ဆိုင်ရှေ့ကို အကြည့်ရောက်သွားတော့ မျက်လုံးပြူးရင်း ရင်တွေ ဆောင့်ခုန်သွားသည်.။
နေရှင်းသန့် ကောင်တာ က ထွက်ပြီး ဆိုင် အပြင်ကို ပြေးထွက်လာခဲ့သည်..။
အကျီ ၤ အဝါနဲ့ တော်တော် လှမ်းလှမ်းရောက်နေပြီမို့ ပြေးလိုက်သွားရသည်.။
"ပီပီ…"
"အို….
"ဆော….ဆောရီးပါဗျာ…..ကျွန်တော် လူမှားသွားလို့….ဆောရီးပါ…"
"……….."
"…………"
နေရှင်းသန့် ဆိုင်ထဲကို ပြန်ရောက်လာတော့ ကောင်တာ က ဝန်ထမ်းကောင်မလေး က မျက်ခုံးပင့်ပြသည်..။
နေရှင်းသန့် ခေါင်းရမ်းပြလိုက်ကာ ကိုယ့်နေရာကို ပြန်ဝင်လိုက်သည်…။
ပီပီ့ ကို သေချာ မြင်လိုက်တာပါ…။
ရုတ်တရက်ကြီး ဘာဖြစ်လို့ မြင်ယောင်ရတာလဲ..။
နေရှင်းသန့် ဖုန်းသစ် တစ်လုံး ထပ်ပြရင်း သက်ပြင်းခိုး ချလိုက်သည်…။
အဆင်ပြေရဲ့လား ပီပီ…။
.
YOU ARE READING
မြူခိုးမှိုင်းဝေ
Romance◇◆◇◆◇◆◇◆◇◆◇◇◆◇◆◇◆◇◆◇◆◇ "ဘာကို စိုးရိမ်နေတာလဲ... ငါ့ရဲ့ ခံစားချက်ကို သိအောင် မကြိုးစားစမ်းပါနဲ့...လူလောကမှာ နေတာ ကြာလေ....အမှား ပိုလုပ်မိလေပဲ..အဲတော့...နင့်ထက်ပိုများတဲ့ အမှားတွေလည်း လုပ်ခဲ့ဖူးပြီးပြီ......အမှားပေါင်းများစွာကို ဖြတ်ကျော် ဖြတ်လျှောက်ခ...