မြူခိုးမှိုင်းဝေအပိုင်း(၃၇)
0226-0126
#မြူခိုးမှိုင်းဝေ
"အ…."
စိုးစိုး အိပ်ရာနှိုးလာချိန် ပုံမှန်အတိုင်း တစ်ကိုယ်လုံး ကိုက်ခဲနေသည့် ဝေဒနာကို ပထမဆုံး ခံစားလိုက်ရသည်….။
မပီပင်ဝိုးတဝါး ဖြင့် မောင့်ရဲ့ ပုံတွေကို သတိရသည်…။
စိုးစိုး ခေါင်းရမ်းလိုက်သည်…။
ခေါင်းထဲက ယားပေမဲ့ မျက်လုံးတွေကို မှိတ်ထားရင်း မျက်ရည် တစ်စက် ကျသွားသည်..။
အသိလွတ်နေချိန် ထိန်းမနိုင်သိမ်းမရ ဖြစ်လွန်းလို့ သံကြိုးတွေကို ကိုယ်တိုင်ပြင်ဆင်ထားသည်.။
အခုလည်း လက်တွေကို ချုပ်ထားဆဲမို့ စိတ်ကို တင်းထားရသည်…။
"နိုးပြီလား….ပီပီ…"
"ဟင်…."
စိုးစိုး နားထင်ပေါ်က မျက်ရည်စက်ကို သုတ်ပေးရင်း နွေးထွေးသည့် လက်ချောင်းလေးတွေက ပါးပေါ် ရောက်လာသည်…။
မျက်တောင်ပုတ်ခတ်ရင်း သေချာ ကြည့်လိုက်တော့ အိပ်မက်လို့ ထင်ရပါသည်.။
"မောင်လား…"
"အင်း…."
"အို….မောင် ဘယ်တုန်းက ရောက်တာလဲ…"
"ဟော….တစ်ပတ်တောင်ပြည့်ပြီ…"
စိုးစိုး ခေါင်းညိတ်လိုက်သည်..။
အိပ်ရာထတိုင်း အိပ်မက်လို့ ထင်နေမိပေမဲ့ တကယ့် အဖြစ်အပျက်တွေပါ..။
စိုးစိုး တဖြည်းဖြည်း မှတ်မိလာသည်…။
တစ်ပတ် အတူတူ နေပြီးပြီ ဆိုတော့ စိုးစိုး ဖြစ်သမျှလည်း သိသွားပါပြီ.။
စိုးစိုး သက်ပြင်းချလိုက်သည်..။
"ထလေ….မောင် ဗိုက်ဆာပြီ….မမ ကို စောင့်နေတာ…"
"ဘယ်လို…."
"အဟွင်း…မမ လို့ ခေါ်ချင်တယ်….ရတယ်မလား…."
"ပီပီ က ဘာဖြစ်လို့လဲ…."
"ပီပီ က ဆိုးတယ်လေ….အမြဲတမ်း တစ်ယောက်တည်း ရုန်းထွက်နေတယ်…..မောင် မကြိုက်ဘူး.."
YOU ARE READING
မြူခိုးမှိုင်းဝေ
Romance◇◆◇◆◇◆◇◆◇◆◇◇◆◇◆◇◆◇◆◇◆◇ "ဘာကို စိုးရိမ်နေတာလဲ... ငါ့ရဲ့ ခံစားချက်ကို သိအောင် မကြိုးစားစမ်းပါနဲ့...လူလောကမှာ နေတာ ကြာလေ....အမှား ပိုလုပ်မိလေပဲ..အဲတော့...နင့်ထက်ပိုများတဲ့ အမှားတွေလည်း လုပ်ခဲ့ဖူးပြီးပြီ......အမှားပေါင်းများစွာကို ဖြတ်ကျော် ဖြတ်လျှောက်ခ...