မြူခိုးမှိုင်းဝေအပိုင်း(၁၄)
2901-0131
မြူခိုးမှိုင်းဝေ
"..........."
"နေရှင်းသန့်... အိပ်ရင်တံခါးတွေ စစ်ဦးနော်....မနက်စောကြီးထပြီး မွှေမနေနဲ့ဦး."
စိုးစိုး ပြောပေမဲ့ အဖက်မလုပ် နားမပါသလို စာအုပ်ဖတ်နေတော့ ဘာမှ ထပ်မပြောပဲ အခန်းထဲကို ဝင်ခဲ့လိုက်သည်..။
ကျန်တဲ့နေရာတွေ ဒင်းမွှေတာ အကြောင်းမဟုတ်..။
မာချယ်နဲ့ မာမေ အခန်းကို တော့ လုံး၀ ထိလို့မဖြစ်ဘူးလေ...။
စိုးစိုး စိတ်မချလို့ သော့ခတ်ပြီး အခန်းထဲကို ဝင်ခဲ့လိုက်သည်..။
ဆေးသောက်ထားလို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တော့မှာ သိနေသည်..။
စိုးစိုး ဘေးနားက ဘီဒိုကို လည်း သော့ခတ်ရင်း စိတ်ထဲ တမျိုးဖြစ်သွားသည်..။
အားနာတာလား သနားတာလား မသိသော ခံစားချက်...။
အို....သတိဆိုတာ ပိုတယ် မရှိပါဘူး..။
ပျောက်သွားတဲ့ ပိုက်ဆံတွေက သူမယူဘူးဆိုရင် တရားခံမှ မရှိတာပဲ...။
စိုးစိုး အနွေးထည် ထူထူ တစ်ထည် ဝတ်ပြီး အိပ်ရာပေါ် တက်သွားသည်..။
မနက်ကတည်းက ခေါင်းကိုက်နေတာက ညနေစောင်းမှ ပိုချမ်းလာသည်..။
မာချယ်ပြောတာ စိုးစိုး က အပူသည်လေးတဲ့..။
အလုပ်က ပြန်လာရင် ရေအေးအေးနဲ့ ချိုးလိုက်ရမှ နေသာ ထိုင်သာ ရှိသည်..။
ဒီနေ့တော့ လက်ဆေးတာတောင် အတော်လေး အေးနေပြီ..။
အိပ်ရာပေါ် အိပ်ရင်း ကိုယ့်နဖူး ကို ကိုယ်စမ်းသပ်ကြည့်မိသည်...။
မာချယ်တို့ မရှိချိန် ဖျားရင်တော့ ဒုက္ခပါပဲ...။
အိပ်ရာထဲ ရောက်နေပြီမို့ ဆေးထမယူချင်တာနဲ့ မျက်လုံးမိှတ်၍ သာ အိပ်လိုက်သည်..။
.
"ကောင်းတယ်..."
နေရှင်းသန့် စာအုပ်ကို ဖျတ်ခနဲ့ ပိတ်လိုက်ပြီး စားပွဲကို ခြေထောက်နဲ့ ဖွဖွလေး ကန်ပစ်လိုက်သည်..။
YOU ARE READING
မြူခိုးမှိုင်းဝေ
Romance◇◆◇◆◇◆◇◆◇◆◇◇◆◇◆◇◆◇◆◇◆◇ "ဘာကို စိုးရိမ်နေတာလဲ... ငါ့ရဲ့ ခံစားချက်ကို သိအောင် မကြိုးစားစမ်းပါနဲ့...လူလောကမှာ နေတာ ကြာလေ....အမှား ပိုလုပ်မိလေပဲ..အဲတော့...နင့်ထက်ပိုများတဲ့ အမှားတွေလည်း လုပ်ခဲ့ဖူးပြီးပြီ......အမှားပေါင်းများစွာကို ဖြတ်ကျော် ဖြတ်လျှောက်ခ...