မြူခိုးမှိုင်းဝေ
အပိုင်း (၄၁)
07041123
#မြူခိုးမှိုင်းဝေ
"Morning My Angle"
"အွင်.."
စိုးစိုး မျက်လုံး ဖွင့်လိုက်ချိန် ပြတင်းပေါက်က အဖြူရောင် ဇာလေးတွေ လေထဲ လွင့်နေသည်..။
နေရောင် အစက်အပြောက်လေးတွေ မျက်နှာပေါ် ကျလာတော့ လက်နဲ့ကာ ပစ်လိုက်သည်..။
"အိပ်ပုတ်လေး....ထတော့လေ..."
"မထချင်သေးဘူး.."
"အိုကေ....မထနဲ့..."
"အား....မောင်နော်..."
စိုးစိုး လက်ကို ဆွဲယူပြီး ဖွဖွ ကိုက်တော့ ရုန်းရင်း အော်ပြလိုက်ပေမဲ့ ရယ်ပြီး ခုတင်ပေါ် ရောက်လာတော့သည်.။
ကိုယ်ပေါ်မှာ မိုးထားတဲ့ မောင့်ရင်ဘတ်ကို တွန်းပစ်လိုက်ပေမဲ့ နှာခေါင်းရှုံ့ပြပြီး တဖြည်းဖြည်း ငုံ့လာသည်..။
စိုးစိုး မျက်နှာလွဲ ပစ်လိုက်တော့ ပါးကိုနမ်းပြီး နှုတ်ခမ်းလေး ကိုပါ အပိုင်သိမ်းသွားသည်..။
"အဟွင့်....မောင်....တော်ပြီကွာ..."
"ပီပီ ပဲ အိပ်ချင်သေးတယ်ဆို...."
"ဟာ....မောင်...."
စိုးစိုး ခါးလေးကို လက်နဲ့ ကိုင်ထားရင်း ပြုံးစေ့စေ့ ဖြင့် ပြောတော့ မောင့်လက်ကို ပုတ်ချပစ်ရသည်..။
ခုတလော မောင်သိပ်ဆိုးတာပဲ....။
"ဟာ...."
"အဟွင်း....နောက်ကျသွားပြီ..."
စိုးစိုး ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် မောင့်ကျောပြင် ကိုဖက်တွယ်ထားလိုက်သည်..။
မနက်ခင်း လေပြေညှင်းနဲ့ နေရောင်နွေးနွေးလေး အောက်မှာ နှစ်ယောက်သား ပြုံးမိသည်..။
မောင့်ရင်ခွင်ထဲမှာ မှီရင်း ငြိမ်သက်နေပေမဲ့ ရင်ခုန်သံတွေ မြန်နေဆဲပါပဲ...။
စိုးစိုး နဖူးကို ခေါင်းငှဲ့ နမ်းလိုက်ချိန် မောင့်လက်တွေကို ထွေးဆုပ်ထားလိုက်သည်...။
"လူလိမ်လေး..."
"ဟမ်...."
"အချစ်သီးသန့်ဆိုပြီး...."

YOU ARE READING
မြူခိုးမှိုင်းဝေ
Romance◇◆◇◆◇◆◇◆◇◆◇◇◆◇◆◇◆◇◆◇◆◇ "ဘာကို စိုးရိမ်နေတာလဲ... ငါ့ရဲ့ ခံစားချက်ကို သိအောင် မကြိုးစားစမ်းပါနဲ့...လူလောကမှာ နေတာ ကြာလေ....အမှား ပိုလုပ်မိလေပဲ..အဲတော့...နင့်ထက်ပိုများတဲ့ အမှားတွေလည်း လုပ်ခဲ့ဖူးပြီးပြီ......အမှားပေါင်းများစွာကို ဖြတ်ကျော် ဖြတ်လျှောက်ခ...