Part 15

2.8K 174 0
                                    


မြူခိုးမှိုင်းဝေ
အပိုင်း(၁၅)
#မြူခိုးမှိုင်းဝေ

"ပီပီရေ....ပီပီ..."
"ဟမ်..."
စိုးစိုး အဝတ်အစားတွေ သိမ်းနေချိန် ပြေးဝင်လာတော့ မျက်လုံးပြူးရင်း ကြည့်လိုက်မိသည်..။
ဘာဖြစ်လာတာပါလိမ့်..။
"အို.."
စိုးစိုး ကိုယ်ကို ပွေ့ချီမြောက်ပြီး ယမ်းတော့ အလန့်တကြား လည်ပင်း ဖက်ထားရသည်.။
"ဟဲ့....ဘာဖြစ်တာလဲ....အိုး...ပြုတ်ကျမယ်..."
"ငါ အောင်တယ်....ဟား..ဟား..အောင်တယ်ဟ...."
"အို...ဟုတ်လား....ဟုတ်သားပဲ...ဟုတ်သားပဲ....ဂုဏ်ထူးကော...ပါလား...ဟမ်..."
"ပါတယ်....ပါတယ်.....သုံးခုပဲ ပါတယ်..."
"အမှတ်ကော...မှီလား..ဟမ်..."
"မှီတယ်..."
"အိုး...တေ်ာလိုက်တဲ့ ကလေး...."
စိုးစိုး ကို ကြမ်းပြင်ပေါ် ပြန်ချပေးချိန် သူ့ပါးနှစ်ဖက်ကို ဆွဲပြီး ပြောလိုက်တော့ ရယ်ပြီး ခေါင်းညိတ်သည်..။
သူနဲ့ ထပ်တူ ပျော်ရွှင်ရပါသည်..။
"ဒီနေ့တော့ ဘာလုပ်ချင်လဲ...ဘာစားချင်လဲ....ပြောစမ်း...."
"မစားချင်ပါဘူး.....ငါ အဖိုး ဆီ ခဏ ပြန်ဦးမယ်သိလား..."
"အဲ..ဟုတ်တယ်....သွား...သွား....အပါးတို့သိရင် ပျော်သွားလိမ့်မယ်..."
"အမ်း...ညနေကျမှ ခြံထဲ လိုက်လာခဲ့မယ်နော်..."
"အင်း..."
အခန်းထဲကနေ ခုန်ပေါက်ပြီး ပြန်ထွက်ပြေးတဲ့ ကောင်လေးကို ကြည့်ရင်း စိုးစိုးလည်း ပျော်ရပါသည်..။
အခက်အခဲ များစွာကို ကျော်ဖြတ်ပြီး အောင်မြင်မှု ရခဲ့တာကြောင့် ဘာပေးရင် ကောင်းမလဲ တွေးရသည်..။
ဖုန်းကိုပဲ အသက်ဖြစ်နေတော့ နားကြပ် တစ်ခု ထပ်ဝယ်ပေးဖို့သာ ဆုံးဖြတ်လိုက်သည်..။
စိုးစိုးကို ပွေ့ချီခဲ့တာ သတိရတော့ စိတ်ထဲ တမျိုး ဖြစ်သွားသည်.။
အို....ကလေးဆိုတော့လည်း....။
သူ နဲ့ ထပ်တူ ကိုယ်လည်း ပျော်နေပါသည်။
.
"မင်း...ငါ့ကိုရွဲ့တာလား ပေါ့ပီ.."
"မဟုတ်ဘူး...မာချယ်...."
"ခုပဲ ပြောနေတယ်လေ....ပတ်ဝန်းကျင်က လူတွေ ပြောတာလည်း လွတ်တယ်ဆိုတာ...ငါ ပြောခဲ့တာကို ပြန်ချေပနေတာမလား.."
"ဟင်း....သားရဲ့ ပတ်ဝန်းကျင် ဆိုတာ မာချယ်နဲ့ မာမေ ပဲ ရှိတာပါ...မာချယ့် ရဲ့ ပတ်ဝန်းကျင်ကတော့ ကြီးတယ်...သားကြောင့် အပြောခံရတာ မကြိုက်ဘူး..ဒီလို လုပ်လိုက်တာ...မာချယ်လည်း မရှိတဲ့အချိန်ဆိုတော့ ပြောမခံရတော့ဘူးပေါ့..."
"ကောင်းတယ်...မင်းလုပ်လိုက်တာ အဓိပ္ပာယ် ရှိတဲ့ အလုပ်လား...အေးလေ...လုပ်ပေါ့...မင်း ကိုယ်ပိုင်ဘ၀ နဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက် ငါပေးပြီးသားပဲ..ပေါ့ပီ...ခုလက်ရှိ ခြံ ကို ငါ လက်ဖွဲ့ပေးလိုက်တယ်...ဟုတ်ပလား...."
"မာချယ်..."
စိုးစိုး စိတ်မကောင်းလို့ မာချယ် အနားမှာ ဒူးထောက်ထိုင်ချပြီး မာချယ့် ပေါင်ပေါ် မျက်နှာအပ်ကာ ငိုမိသည်...။
ကိုယ့်ဘဝကို မာချယ်တို့ကအသိဆုံးပါ...။
ဘာကိုမှ ဂရုမစိုက်ခဲ့ပေမဲ့ မာချယ် စိတ်ဆိုးမှာ တွေးမိရင် စိုးစိုး စိတ်မကောင်း ဖြစ်သည်..။
ရင်ဘတ်ထဲက နာပါသည်...။
"ငါ ထင်တော့ထင်တယ်...ဒေးဗစ် နဲ့ သူဇာ လက်ထပ်သွားပြီဆိုကတည်းက မင်း ကို စိတ်ပူနေတာ..."
စိုးစိုး နဲ့ ကိုခိုင့် အကြောင်းကို မာချယ် ဘယ်လောက်သိနေလဲ မသိ...။
စိုးစိုး တစ်ချက် ရှိုက်ရင်း ခေါင်းငိုက်ဆိုက်ဖြင့် ခေါင်းညိတ်မိသည်..။
"ဟင်း..ဒါပေမဲ့...မင်း လုပ်ပုံက မဟုတ်သေးဘူးပေါ့ပီ....မင်း အတွက် ငါစိတ်ပူတယ်....ဒဏ်ရာကို ဒဏ်ရာနဲ့ကုနေတာပဲ..."
"........."
".........."
"ချယ်ရီရေ...ဖုန်းလာတယ်..."
"ဖယ်ဦး...ကလေးလို ခုမှ ချွဲမနေနဲ့....ကိုယ့်ဘ၀ ကိုယ့် စိတ်ကြို့က် သာ လျှောက်ပေတော့..."
မာချယ်က စိုးစိုး ကျောကို ပုတ်ပြီး ပြော၍ ထွက်သွားတော့ သက်ပြင်းချခါအခန်းထဲက ထွက်လာခဲ့လိုက်သည်..။
အိပ်ခန်းထဲကို ရောက်လာတော့ ဖုန်းနှိပ်နေပြန်ပြီ..။
စိုးစိုး ပြောချင်စိတ် မရှိတော့လို့ အိပ်ရာပေါ်ကို တက်၍ စောင်ခြုံကာ အိပ်နေလိုက်သည်..။
"ပီပီ...."
"............"
"နေမကောင်းဘူးလား..."
စိုးစိုး နဖူးကို လာစမ်းပြီး မေးတော့ လက်တွေကို ဖယ်ချလိုက်ရင်း ခေါင်းရမ်းပြမိသည်...။
စိုးရိမ်နေတဲ့ မျက်ဝန်း တစ်စုံကို ဥပက္ခာ မပြုနိုင်တော့ မျက်လုံးတွေကို ပြန်မှိတ်ရင်း
"အိပ်ချင်လို့....နင်လည်း ညမနက်စေနဲ့နော်"လို့ မုသား သုံးလိုက်သည်.။
ဘာကြောင့် မှန်း မသိ...။
စိုးစိုးဘ၀ က အခြေတကျ မဖြစ်သေးသလိုပါပဲ....။
"ဒီမှာ ကြည့်စမ်း..."
"ဟာ...လိပ်ပြာဆံညှပ်လေး ပါလားဟ..."
"အေး...ငါ့ဖေဖေ ဝယ်လာခဲ့တာဟ...နှစ်ခုတောင်...အရောင်မတူလို့ တစ်ခုပဲ ပန်ရတယ်.."
"လှတယ်....ငါ့ဘကြီးကိုလည်း ပူဆာဦးမယ်...."
"ပူဆာပေါ့...နင့်ကို ဝယ်ပေးလိမ့်မယ်...ဟဲ့...ဈေးရဲ့ အလယ်က ဆိုင်မှာနော်.."
"အေး...အေး..."
စိုးစိုး အိမ်ပြန်ပြေးတော့ လမ်းမှာ အထုတ်အပိုးတွေနဲ့ ဘကြီးကို တွေ့သည်..။
"ဘကြီး..သား ကို လိပ်ပြာဆံညှပ်လေး ဝယ်ပေးပါလား..."
"ဝယ်ပေးမှာပေါ့...ဝယ်ပေးမှာပေါ့...လာပါဦးဟ..."
"အ....နာတယ်...."
"ဟင့်အင်း....ဟင့်အင်း..."
"............"
"..........."
လိပ်ပြာဆံညှပ်လေး လိုချင်တာချင်း တူပေမဲ့ ဘာဖြစ်လို့ ရပုံချင်း မတူတာလည်း.။
စိုးစိုး ရုန်းကန်ရင်း ထွက်ပြေးသည်...။
အစ်ကို ဝမ်းကွဲ ဆိုသူတွေကလည်း နောက်က လိုက်ပြန်သည်...။
"ပီပီ....ပီပီ...."
".........."
"ဟာ......ပီပီ့...."
".........."
"ပီပီ...."
"အင်...."
စိုးစိုး ပါးကို အေးစက်တဲ့ အထိအတွေ့ ကြောင့် မျက်လုံး ဖွင့်ကြည့်မိသည်..။
ဘကြီး နဲ့ အစ်ကိုတွေ မရှိတဲ့ အခန်းလေး ကို ပြန်မြင်ရတော့ စိတ်သက်သာသွားသည်...။
သူများတွေ ပြန်တွေးတိုင်း ပျော်ရွှင်ရတဲ့ ကလေး ဘ၀ က ကိုယ့်အတွက်တော့ အိပ်မက်ဆိုးတွေချည်းပါပဲလား..။
စိုးစိုး ကို ငုံ့ကြည့်နေတဲ့ နေရှင်းသန့် ကြောင့် မျက်နှာကို ပြင်လိုက်ကာ မျက်ရည်ကို သုတ်၍ ထလိုက်သည်...။
"အိပ်မက်တာလား..."
"အင်း...အိပ်...အိပ်..."
"ပီပီ...."
"ဟင်..."
"စာအုပ်ဖတ်ရင်....ပြန်အိပ်မပျော်ပဲ နေလိမ့်မယ်.....အိပ်လိုက်ပါလား...."
ခေါင်းအုံးကို ငေးကြည့်ရင်း သက်ပြင်း တစ်ချက် ချကာ ခေါင်းရမ်းလိုက်သည်..။
"ဒါဆို...ဂိမ်းဆော့ကြည့်မလား..."
"နင် အိပ်ပါ...မနက်ကျ နောက်ကျဦးမယ်..."
စိုးစိုး စာကြည့်စားပွဲ ရောက်လာပြီး စာအုပ် တစ်အုပ်ကို ဆွဲဖွင့်လိုက်ပေမဲ့ ဘာမှ မမြင်ပါဘူး..။
အိပ်မက်တွေ ထဲမှာ ပြေးလွှားရုန်းကန်နေဆဲ..။
သန်းခေါင်ကျော်မှာ ကျလာတဲ့ တိတ်တဆိတ် မျက်ရည်စက်တွေကို လက်ညိုးဖြင့် တို့ဖယ်သုတ်ရင်း..။
မွန်းကြပ် လှောင်ပိတ်မှုကိုသာ ခံစားမိပါသည်..။
.
"ပီပီ..."
"ဟမ်..."
"အိမ်ပြန်မလို့လား..."
"အမ်းလေ....ဗိုက်ဆာလို့ဆို..."
"ဟုတ်တယ်လေ...ငါ ဒီနေ့ ကားဂိတ်ကို ခြောက်ခေါက် သွားရတယ်...လိမ္မော်ခြံ ရေကိစ္စ လည်း လုပ်ပေးရသေးတယ်..."
"ဟုတ်ပါတယ်ရှင်....ကျေးဇူးလည်း တင်ပါတယ်...ကလေးရယ်....ကလေး လုပ်မပေးရင် ကျွန်မ မိုးချုပ်အထိ စောင့်ရမှာပါရှင်..."
နေရှင်းသန့် ကို ရွဲ့ပြီး ဖြေတာ သိတော့ နှာခေါင်းရှုံ့မိသည်...။
ကလေးလို့ခေါ်တာကိုလည်း နည်းနည်းမှ မကြိုက်ပါဘူး...။

မြူခိုးမှိုင်းဝေWhere stories live. Discover now