Part 17

2.5K 169 8
                                    

မြူခိုးမှိုင်းဝေ

အပိုင်း (၁၇)

30-01-03-42

မြူခိုးမှိုင်းဝေ

"ပီပီ...."

"ဟို...."

နေရှင်းသန့် စကားပြောဖို့ကို တွန့်ဆုတ်တွေဝေစွာဖြင့် ခေါင်းကုတ်မိသည်..။

စိတ်ဆိုးမယ် ဆိုတာ သိပြီးသားပဲ...။

ဘာဖြစ်သေးလဲ....ယောက်ျားလေးပဲ...။

ကားအဝင်အတွက်စာရင်း စစ်နေရင်းက နေရှင်းသန့်ကို မော့ကြည့်တော့ ရင်ခုန်သွားသည်..။

ဟူး...ဒုက္ခပါပဲ...။

"ဘာဖြစ်လို့လဲ...နေရှင်းသန့်...."

".............."

ပီပီ့နှုတ်ခမ်းကို တစ်ချက်ကြည့်ပြီး အကြည့် ကို ခပ်မြန်မြန် လွဲလိုက်ကာ မလုံ မလဲဖြင့် ခေါင်းပြန်ကုတ်မိပြန်သည်..။

"ဟွန့်..."

"ဟို....မနေ့ညတုန်းက စိုးမင်း ဖုန်းဆက်တယ်..."

"ဟဲ့...စိုးမင်းလို့ ခေါ်စရာလား.....ငါလည်း မသိပါလား..."

"ပီပီ ရေချိုးနေတယ်...."

"အို....ဒါဆို အစောကြီးပဲ....ဘာပြောလဲ..."

"မနက် ကိုးနာရီလောက်ကို လာခဲ့ပါလားတဲ့.... လိမ္မော်မျိုး တွေ ပြချင်လို့တဲ့..."

"အို..အို...အဲဒါ ကို ဘာလို့ အခုမှ....အိုး....မိုးတောင် ချုပ်တော့မယ် နေရှင်းသန့်ရယ်..."

"မေ့သွားလို့.."

ပီပီ့ရဲ့ မျက်နှာကို အကဲခတ်ရင်း နေရှင်းသန့် လိမ်လိုက်မိသည်..။

မေမ့ပါဘူး..။

တစ်နေကုန် သတိရနေသားပဲ..။

ဒါပေမဲ့ ပီပီ့ ကို တစ်ယောက်တည်း မသွားစေချင်ဘူး...။

နောက်ပြီး စိုးမင်း အိမ်ကို သွားတာလည်း မကြိုက်ပါဘူး..။

ဘယ်လိုမှ မပတ်သက်ပေမဲ့ ပတ်ဝန်းကျင်မှာ စကားတွေ ပြန်နေ့ပြီ..။

ပီပီ နဲ့ စိုးမင်းကို ယူတော့မလား မသိဘူးလို့ အလုပ်သမားတွေ ပြောရင် နေရှင်းသန့်က ဒေါသ ဖြစ်ရသည်..။

မြူခိုးမှိုင်းဝေWaar verhalen tot leven komen. Ontdek het nu