Part 9

2.5K 165 2
                                    


မြူခိုးမှိုင်းဝေ

အပိုင်း(၉)

01-26-09-04

#မြူခိုးမှိုင်းဝေ

"ဟေ့ကောင်....စောနေ...နင့်..ကို ငါပြောနေတယ်...ရေသွားခပ်ပါဆို..."

"မခပ်ဘူးဟယ်..."

"ဘာပြောတယ်....ခွေးမသား...."

".........."

"ငါ့အပါး....မရှိလို့...နင်တို့တွေ ဝိုင်းအနိုင်ကျင့်နေတာလေ...ဟီး...."

"အောင်မယ်....ဟေ့ကောင်..နင်...မကြီးမငယ်နဲ့ ငိုနေတာ မရှက်ဘူးလား..."

"မရှက်ဘူး...ငိုတာ....ရှက်စရာမှ မဟုတ်တာ....ချီးထိုင်ပါနေတာမှ မဟုတ်တာ...ဟီး..."

"တောက်ကွာ.....သေဦးမယ်...."

"အဖီး...ဟီး...."

"ဟဲ့.....နန့်မူ...လာစမ်း....နင့်ကောင်ကို ခေါ်စမ်း...ငါသတ်မိတော့မယ်..."

"............"

"ဘာဖြစ်လို့လဲ....လာဦး...လာဦး...."

"အေး...လုပ်နေ...."

အဘိုးဖြစ်သူ အိမ်ပေါ်က ဆင်းသွားတော့မှ အဘွားဖြစ်သူက အနားရောက်လာပြီး ခေါင်းကိုရိုက်၍ မျက်ရည်သုတ်ပေးသည်...။

မကျေနပ်ဘူး..။

ဘယ်သူ့ကိုမှ မကျေနပ်ဘူး..။

သူများသားသမီးတွေကျတော့ ကျူရှင်လည်းထားရ ဝိုင်းလည်း ထားရ ဘော်ဒါ ထားရ နဲ့ စာမေးပွဲကို ဖြေနိုင်အောင် လုပ်ပေးသည်..။

ငါ ကျတော့ ကြည့်ဦး..။

ခြံအလုပ်တွေကူရတယ်..။

အလုပ်လုပ်ရင်း စာကျက်ရတယ်..။

စာမေးပွဲအောင်တယ်..။

ဆယ်တန်း စာမေးပွဲကြီး နီးလာတော့မှ  ကျောင်းဆက်မထားတော့ဘူးတဲ့..။

နည်းနည်းမှ မတရားဘူး...။

ကျောင်းတက်ရင် ဘာပိုက်ဆံမှ မလိုဘူး...ကိုယ့်ဟာကို ရှာတက်မယ်ဆိုတာ ကို မတက်ရဘူးတဲ့..။

ဟွန့်...ငါ စာမေးပွဲအောင် သွားရင်သူတို့ ခိုင်းစရာ လူမရှိမှာ စိုးလို့ အသိသားပဲ..။

"ဘာဖြစ်လို့ ငိုတာတုန်း့....အမ်...."

"ငါ ကျောင်းတက်ချင်တာကို....နင့်ယောက်ျားက မတက်ခိုင်းဘူးလေ..."

မြူခိုးမှိုင်းဝေWhere stories live. Discover now