Part 26

3K 174 1
                                    



မြူခိုးမှိုင်းဝေ
အပိုင်း (၂၆)
1002-0303
#မြူခိုးမှိုင်းဝေ

"တီ…"
"……….."
"…………."
နေရှင်းသန့် နားထဲ ကြားနေတဲ့ ကားသံ တစ်ချို့ကြောင့် မျက်လုံး မဖွင့်ချင်ပဲ ဖွင့်လိုက်သည်..။
အခန်းထဲမှာ မှောင်နေပေမဲ့ လိုက်ကာနောက်မှာ လင်းနေတော့ စိတ်ညစ်သွားသည်..။
ပီပီ ကလည်း တစ်မျိုး…။
လိုက်ကာ ချပြီး ပြတင်းပေ့ါက် ဖွင့်တက်တဲ့ အကျင့်ကို ငယ်ငယ်ကတည်းက နေရှင်းသန့်လည်း နားမလည်ပါဘူး..။
အပြင်လေ ဝင်အောင် ဆိုရင်လည်း လိုက်ကာကြီး ဘာလို့ ချထားသေးလဲ..။
ဒီမြို့မှာကျတော့ မိုးလင်းတာနဲ့ ဆူညံ့နေတဲ့ အသံတွေပဲ ဝင်လာသည်လေ..။
ပက်လက်အိပ်နေရာကနေ ညာဘက်စောင်းလိုက်ပြီး ဖက်ခေါင်းအုံးကို ဆွဲဖက်လိုက်သည်..။
အကျီ ၤချိတ်ပေါ်က တီရှပ် မီးခိုးရောင်ကို ကြည့်ရင်း နှုတ်ခမ်းတွန့်ရုံလေး ပြုံးမိသည်..။
ဘာဖြစ်လို့များ စောကြီး ထနေတာလဲ..။
ဒီနေ့ ပြန်တော့မယ်ဆိုတော့ ဘယ်အချိန် ပြန်မှာလဲ..။
မပြန်နဲ့ ပြောပေမဲ့လည်း ပြန်မှာပါပဲ..။
နေရှင်းသန့် ဖက်ခေါင်းအုံးကို တွန်းဖယ်လိုက်ပြီး ထထိုင်လိုက်သည်..။
ဆံပင်တွေကို ထိုးဖွပြီး နှုတ်ခမ်းကိုက်ကာ ပြုံးမိပြန်သည်..။
ပီပီရဲ့ တုန့်ပြန်မှုတွေ ကြောင့်  ပျော်ပြီး ရင်ခုန်စိတ်လှုပ်ရှားခဲ့ရပါသည်..။
လူကြီး ဖြစ်ပြီလို့ အသိအမှတ်ပြုရပြီမလား..။
နောက်ပြီး…။
နေရှင်းသန့် ကိုယ့်အတွေးနဲ့ ကိုယ် ရှက်သလို မျက်နှာပူသလို့ ခံစားရတော့ နှာခေါင်းရှုံ့ပြီး ခုတင်ပေါ်က ဆင်းလိုက်သည်..။
အဘွားကြီ စကားတွေနဲ့ ထိုးနှက် လိုက်တာ လူကို လွင့်စင် သွားတာပါပဲ..။
တော်တော် လည်တဲ့ အဘွားကြီး…။
နေရှင်းသန့် ရယ်ရင်း  အိပ်ရာသိမ်း၍  အခန်းထဲက ထွက်လာပေမဲ့ ပီပီ မရှိ..။
အိပ်ခန်း တစ်ခန်းပဲပါသည့် အခန်းကျဉ်းလေးကို သူ ဘယ်လောက်နဲ့ ဝယ်လိုက်လဲတော့ မသိ..။
နေရှင်းသန့်နဲ့သာ တိုင်ပင်ရင် မဝယ်ဖို့ တားမိမှာပဲ..။
အိမ်ရှေ့ခန်းလို့ မခေါ်နိုင်တဲ့ နေရာလွတ် ခပ်ကျဉ်းကျဉ်းနဲ့ မီးဖိုခန်း ရှည်မျောမျောက အဆောင်လုပ်ငှားရင်တောင် လူနေပါ့မလား..။
မီးဖိုခန်း ကျဉ်းလေး ဆီရောက်သွားတော့ ဒယ်အိုးနီ တစ်လုံးဖြင့် အလုပ်ရှုပ်နေသူ ပီပီကို တွေ့ရသည်.။
ဟွန့်…ညတုန်းကတော့ တီရှပ်လေးနဲ့ နုနေသားပဲ..။
ခုကျတော့အန်တီကြီးတွေလို ရယ်ဒီမိတ် ဝတ်စုံနဲ့ ဘောင်းဘီပွပွ ကြီး..။
လက်ပြင်ကိုင်းကိုင်းနဲ့ စမာစမတ် မရှိလိုက်တာ…။
"………"
နေရှင်းသန့် တောင် မျက်နှာပူသလို ဖြစ်နေတော့ သူ ဘယ်လို ခံစားရမလဲ တွေးမိသည်..။
"အဟမ်း…."
နေရှင်းသန့် ရေချိုးခန်း ဝင်သလိုဖြင့် ချောင်းဟန့်ပြီး မီးဖိုခန်းထဲ ဝင်ခဲ့လိုက်သည်..။
နောက်ကနေ လိုက်ကြည့်နေမှာ သိပေမဲ့ မသိချင်ယောင်သာ ဆောင်ထားသည်..။
"ပီပီ…"
"ဟမ်…"
သွားတိုက်နေရင်း တံခါးဝကနေရပ်ခေါ်လိုက်တော့ မျက်လုံးကို မကြည့်ပဲ အကြည့်တွေ လွဲရှောင်ရင်း  ပြန်ထူးသည်..။
"ပြန်မှာလား…."
"အမ်း…"
ကျစ်…ဘယ်တော့မှလည်း စကားနားမထောင်ပါဘူး..။
နေရှင်းသန့် မှုန်ကြုတ်ကြုတ်ဖြင့်လုနေတဲ့ မျက်နှာကို ထိန်းရင်း သွားကို ဖိတိုက်လိုက်သည်.။
"ဘယ်အချိန်ပြန်မှာလဲ…"
"ဟို…နေ့ခင်းလောက်…"
"သြော်….အမ်း…"
"…….."
"…….."
နေရှင်းသန့် သွားတိုက်ပြီး ထွက်လာတော့ စားပွဲပေါ်မှာ ပေါင်မုန့် တစ်ချပ် တင်ထားသည်..။
အောက်ထပ်က မုန့်ဆိုင်မှာ ပေါင်မုန့်နဲ့ ကြက်ဥ အမြဲတမ်း အားပေးနေတဲ့ ဖောက်သည်ကြီးပေါ့..။
ပလတ်စတစ်ခုံ ဆွဲယူပြီး ထိုင်လိုက်တော့ ရေနွေးခွက် ချရင်း..
"ကော်ဖီကော…"
"မသောက်တော့ဘူး…"
"……….."
မျက်နှာချင်းဆိုင် နေရာမှာ ဝင်ထိုင်လိုက်ရင်း နေရှင်းသန့်ကို တစ်ချက် ကြည့်သည်.။
"………."
"ညတုန်းက ငါ မူးပြီးရောက်လာတာမလား…"
"ဟမ်…အမ်း…."
"ဆောရီး…..ဘယ်လိုရောက်လာမှန်းတောင် မသိဘူး…ဟိုကောင်တွေနဲ့ စကားပြောနေတာပဲ သတိရတယ်….."
"………."
ပေါင်မုန့်ကို တစ်လုပ်စားပြီး ခေါင်းညိတ်နေတဲ့ ပီပီ ကို ကြည့်ရင်း ရယ်ချင်ပေမဲ့ မြိုသိပ်ထားရသည်…။
ဒီလို အခြေအနေမှာ ယောက်ျားလေးတွေက ပိုသာသည်လေ..။
ပီပီနေရာမှာ နေရှင်းသန့်သာဆိုရင် ညတုန်းက အကြောင်းတွေကို အားမနာတမ်း ဖွင့်ပြော သတိပေးလို့ရသည်..။
ပီပီ ကတော့ ခေါင်းညိတ်ရုံသာ တက်နိုင်သည်..။
ဟွန့်….ညတုန်းက ဒီကောင် မူးနေတယ်ဆိုပြီး ပွင့်လင်းလိုက်တာ….။
ခုကျတော့လည်း အကြည်ခြင်း မဆုံရဲအောင် ရှက်နေပြန်ပါပြီ…။
"ညတုန်းက အိပ်လို့ရရဲ့လား…."
"ဟင်…"
"ငါ အခန်းထဲအိပ်တော့ နင် အပြင်မှာ အိပ်ရတာ မလား…ဆောရီးနော်…"
"သြော်….အမ်း…ရတယ်…."
"…………."
ပေါင်မုန့်စားရင်း ခေါင်းညိတ်နေတော့ နေရှင်းသန့် တစ်ချက်ခိုးပြုံးပြီး ပေါင်မုန့်ကို ခပ်သွက်သွက် စားလိုက်သည်..။
သူ့ ပုံမှန် စတိုင် အတိုင်းဆိုရင် အရက်မူးလာလို့ ပွစိပွစိ နဲ့ ဆူနေရမှာ မလား..။
ဒေါ်ပွစိလေး…ဒီတစ်ခါတော့  တိတ်နေလိုက်တာ…..။
အရမ်းသနားသွားပြီ..။
"ငါ ပြန်တော့မယ်…"
"အင်း…"
"နေ့ခင်းမှ ပြန်မှာမလား…."
"အမ်း…"
"မြို့ပြင်အထိ လိုက်ပို့ပေးမယ်လေ…ပြန်ခါနီး ဖုန်းဆက်လိုက်…"
"ရတယ်….ဖြည်းဖြည်း မောင်းတက်ပါတယ်…."
"တုန်ချိတုန်ချိပါ…..အဟား….သွားပြီ.."
မီးဖိုခန်းထဲကတောင် ထွက်မလာတော့ အိပ်ရာဘေးက ပိုက်ဆံအိတ်နဲ့ ဦးထုတ်ကို ကောက်ယူ၍ ထွက်လာခဲ့လိုက်သည်..။
လှေကားတွေကို ပြေးဆင်းရင်း စိတ်ထဲမှာ မြူးသလို ခံစားရတော့ ခပ်တိုးတိုး ရယ်မိသည်..။
.
"ကျစ်…"
စိုးစိုး ခေါင်းရမ်းပစ်လိုက်သည်..။
စားလက်စ ပေါင်မုန့်ကို အမှိုက်အိတ်ထဲ ထည့်လိုက်သည်…။
စားကြွင်းစားကျန်တွေကို အမှိုက်အိတ်ထဲ အကုန်ထည့်ပြီး မီးဖိုခန်းကို သန့်ရှင်းရေး လုပ်ရသည်..။
နောက်တစ်လ ကြာရင်လည်း ကြာမည်..။
သုံးလကြာရင်လည်း ကြာဦးမည်..။
ရေချိုးခန်းထဲကို ဝင်တော့ သွားတိုက်တံ နှစ်ချောင်းကို ကြည့်ရင်း ရင်ဘတ်ထဲက နာကျင်ရသည်.။
အားလုံး သန့်ရှင်းရေး လုပ်ပြီး တော့ ဆယ်နာရီ ဖြစ်နေပြီ..။
အိပ်ခန်းထဲမှာ အဝတ်အစားတွေ ဝင်သိမ်းတော့ အတွေးတွေက ဖျောက်ပစ်လို့မရနိုင်..။
အစားထိုး ရင်ခုန်မှု ဆိုရင်တောင် လက်ခံပေးနိုင်ပါသည်..။
အခုက ဘာမှ မမှတ်မိဘူးတဲ့လား..။
စိုးစိုး ခပ်တိုးတိုး ရယ်လိုက်သည်..။
နာကျင်မှုကြောင့် ရယ်သံက အက်ကွဲနေသည်..။
အို…ဒါ…ကိုယ်မျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာတာပဲ…။
သူဘာမှ မမှတ်မိတာကိုပဲ ကျေးဇူးတင်ရမည်..။
စိုးစိုး တစ်ယောက်ထဲ သိတာတောင် မျက်နှာချင်းဆိုင်ဖို့ ခက်ခဲနေသည်လေ…။
ညတုန်းက သူ့ရင်ခွင်ထဲ မှာ နေရင်း အကြိမ်ကြိမ် ကြားခဲ့ရတဲ့ စကား တစ်ခွန်းက အခုတော့ မနက် အလင်းရောင်နဲ့ အတူ လွင့်ပြယ် ပျောက်ဆုံးသွားပါပြီ..။
ခေါင်းလိမ်းဆီ အမွှေးရနံ့ ရနေသည့် တီရှပ်ကို ခေါက်ပြီး အိတ်ကလေးထဲ ထည့်ကာ ပြတင်းပေါက် ပိတ်လိုက်သည်.။
အခုလို သူ မေ့သွားတာလည်း ကောင်းတာပါပဲ…။
ဒီလို အခြေအနေကြောင့် အားနာပြီး ပတ်သက်နေရရင်လည်း နှစ်ယောက်စလုံး အတွက် မလွယ်ကူနိုင်ဘူးလေ..။
စိုးစိုး အခန်းတံခါးကို ပိတ်ရင်း သက်ပြင်းတစ်ချက် ချမိသည်..။
ရင်ခုန်စရာ အမှတ်တရ ညလေး ကို တစ်ယောက်တည်း သိမ်းဆည်း ထုတ်ပိုးခဲ့ပြီးပြီ..။
နှစ်ယောက်အတူတူ ဖြတ်သန်းရတဲ့အချိန်အတိုင်းအတာလေး ကို ကိုယ်တစ်ယောက်တည်း အမှတ်ရနေမိတာ ကိုယ်က ပိုချစ်လို့ပေါ့လေ..။
ဘယ်လောက်ပဲ နာကျင်ခဲ့ရပါစေ..။
ဒီလို ကြည်နူးရင်ခုန်ရတဲ့ အခိုက်အတန့်လေးကြောင့် ဖြေသာ သွားပါပြီ..။
ညတုန်းက မူးမူးနဲ့ ကလေးဆန်လွန်းသည့် သူ့ပုံရိပ်တွေက ပျောက်မသွား..။
စိုးစိုး  ပြုံးရင်း လှေကားတွေကို ဆင်းလာခဲ့လိုက်သည်..။
မုန့်နည်းနည်း ဝယ်ပြီး ကားပေါ်ရောက်တော့ သူ့ကို မြင်ယောင်မိပြန်သည်..။
မနှုတ်ဆက်ချင်ဘူး..နေရှင်းသန့်ရယ်…။
ကားကို သတိထားမောင်းရင်း မိုးမချုပ်ခင် အိမ်ပြန်ရောက်ပါ့မလား တွေးပူရသေးသည်..။
အမြန်လမ်းမှာ တစ်ခုခု ဖြစ်လာရင်လည်း သူ့ကို ထပ်ခေါ်မိမှာ မဟုတ်တော့ဘူး…။
နောက်တကြိမ် ရန်ကုန်ရောက်လာခဲ့ရင်လည်း သူ့ကို တွေ့မှာ မဟုတ်ဘူး..။
သူလည်း မေ့ပျောက်သွားမှာပါလေ..။
"အပြစ်မမြင်ပါဘူး…ချစ်ချင်တာပဲ သိတယ်…"
"ဟလို…."
"ပီပီ…"
"ဟမ်…"
"ခု ဘယ်မှာလဲ…"
"လမ်းမှာ…"
"လမ်းမှာ သိတယ်…ဘယ်နားလဲ မေးနေတာ…"
"မသိဘူးလေ….ဘာလို့လဲ…"
"ဘယ်နေရာလဲ ….တစ်ယောက်ယောက် မေးကြည့်လိုက်…"
"အိုး….ဘာဖြစ်လို့လဲ နေရှင်းသန့်ရဲ့.."
"မေးပါဆို…"
ဘာတွေကို ဒေါသ ဖြစ်နေတာလဲ မသိ…။
စိုးစိုး နားမလည်ပေမဲ့ ကားကို လမ်းဘေး ချရပ်လိုက်ရသည်..။
ဘာဖြစ်လို့လဲ..။
အခန်းမှာ တစ်ခုခု ကျန်ခဲ့လို့လား ..။
မဟုတ်မှ ညတုန်းက အဖြစ်အပျက်တွေကို သတိရသွားပြီး စိတ်တိုနေတာလား..။
"ပီပီ…"
"ဟို…..ခဏ….၁၁၅မိုင်နားရောက်တော့မယ်…"
"အိုး…ကျစ်…."
"ဘာဖြစ်လို့လဲ….အခန်းမှာ ဘာကျန်ခဲ့လို့ သော့ကို တံခါးဘေးက…"
"စောင့်နေ…"
"ဟမ်…."
"၁၁၅ အထိ ရောက်အောင်သွား…အဲ့မှာစောင့်နေ…"
"…….."
"ဟလို….အိုး…"
ဖုန်းချသွားတော့ စိုးစိုး စိတ်ညစ်ရပြန်ပြီ..။
သူ အမိန့်ပေး စေခိုင်းသမျှ ဘာလို့များ နာခံနေရတာလဲ.။
အစစအရာရာ မှာ ချစ်တဲ့သူက ရှုံးကြေးလား..။
ခုပဲ နေ့လည် တစ်နာရီကျော်နေပြီ..။
သူ့က အခုဘယ်မှာလဲ မသိ..။
စိုးစိုး ကားထဲမှာ တစ်ခုခု ရှိမလား ရှာကြည့်သေးသည်..။
ဘာမှ မရှိတာ သိပေမဲ့ ကားနောက်ခန်းမှာလည်း ဆင်းရှာသည်..။
တစ်ခုခု ပါလာလို့ လိုက်ယူမှာလား..။
စိုးစိုး ဖုန်းပြန်ခေါ်တော့ မကိုင်တော့ပြန်ဘူး.။
သက်ပြင်းချရင်း ကားကို ပြန်၍ စက်နှိုးရသည်..။
အမျိုးမျိုး ပါပဲ…။
.
"အိုး…"
"………….."
"………."
သူ့မှာကြားချက် အတိုင်း ထိုင်စောင့်နေမိတာ ကိုယ့်ကိုယ်ကို ဒေါသထွက်ရသည်..။
တစ်နာရီလည်း မဟုတ်..။
နှစ်နာရီလည်း မဟုတ်..။
အခုလောက်ဆို ခရီးတော်တော်ရောက်နေဖို့ကို..။
ကားတွေ တစ်စီးဝင် တစ်စီးထွက်သွားပေမဲ့ စိုးစိုးမှာတာ့ နေရာမရွေ့နိုင်သေး..။
စားသောက်ဆိုင်မှာ တစ်ယောက်တည်း တစ်စားပွဲ ထိုင်ရတာ အားနာလို့ ကားထဲ ဝင်ထိုင်နေမိတာလည်း တော်တော်ကြာနေပြီ.။
ဒီပုံစံ ဆို မိုးလင်းတဲ့အထိ မောင်းရတော့မည်..။
စိုးစိုး သက်ပြင်းချရင်း ဖုန်းထပ်ခေါ်သည်..။
နောက်ဆုံး အကြိမ်လို့ တွေးပြီး ဖုန်းခေါ်တာ သုံးခါမြောက်နေပြီ..။
ဖုန်းမကိုင်တော့ နှုတ်ခမ်းကို ဖွဖွ ကိုက်လိုက်မိသည်..။
တော်ပြီ..။
လွန်သွားပြီ..။
"ဟာ….."
"………….."
"ပီပီ…."
"……."
နေရှင်းသန့် ကားပေါ်ကနေ လှမ်းတွေ့တဲ့ ပီပီ့ကားကို လှမ်းအော်မိတော့ ခရီးသည်တွေက လှည့်ကြည့်သည်..။
"ခဏရပ်ပါ….ခဏ…"
"…………"
ပီပီ့ကားက ကွေ့ပြီး အမြန်လမ်းပေါ် ရောက်သွားပြီ..။
"အိုး….ဖုန်း…ဖုန်းလေး…ခဏငှားကြပါလား…."
"……"
နေရှင်းသန့် အဖြစ်ကို ကောင်မလေးတွေက ပြုံးစေ့စေ့ဖြစ်ကုန်သည်..။
ယောက်ျားလေးတွေက အော်ရယ်ကြသည်..။
နေရှင်းသန့် ဘာကိုမှ ဂရုမစိုက်ပဲ လှမ်းပေးတဲ့ ဖုန်းကို ယူကာ အလွတ်ရနေတဲ့ နံပါတ်ကို နှိပ်လိုက်သည်..။
"တူ….တူ…..တူ….."
"ဟလို…"
"အိုး…ပီပီ…ရပ်…..ရပ်…"
"ဟမ်…."
"ခဏရပ်….ငါလာခဲ့မယ်…"
"ဟင်….ဘယ်မှာလဲ…."
"ခဏစောင့်နေ…."
"ကျေးဇူးပါခင်ဗျာ…"
နေရှင်းသန့် လွယ်အိတ်ကို ကောက်လွယ်ပြီး လက်ပြကာ ကားပေါ် က ပြေး ဆင်းလာခဲ့လိုက်သည်.။
ညနေစောင်းနေပေမဲ့ လမ်းမ တစ်လျှောက် ပူပြင်းနေသည်..။
ပီပီ့ ကို ပြန်ကွေ့မခိုင်းရဲတော့ဘူးလေ..။
အချိန်အကြာကြီး စောင့်ရလို့ ဒေါ်ပွစိတို့ ဒေါသ ပုန်ထနေလောက်ပြီ..။
နေရှင်းသန့် အသက်ကို ပြင်းပြင်း ရှုပြီး ပြေးရသည်..။
ဖုန်းဆက်တာနဲ့ ကားရပ်တာနဲ့ အချိန်ကြာသွားတော့ ကားရဲ့ အရိပ်တောင် မမြင်ရတဲ့နေရာမှာ ကျန်ခဲ့ပြီ..။
နီးနီးနားနား ထင်ပြီး ပြေးလာမိကာမှ ဒုက္ခရောက်ပြန်ပြီ..။
ဖြစ်သမျှ တလွဲမို့ ဒေါသထွက်လာသည်..။
ဒေါ်ပွစိကြောင့်..။
နေ့ခင်းပြန်ခါနီး ဖုန်းဆက်ပါဆို မဆက်ဘူး..။
သင်တန်း နဲ့ အလုပ်မှာ ခွင့်တင်ပြီး ရေချိုး အဝတ်အစားလဲပြီး ပြန်ထွက်လာတော့ နေ့ခင်းရှိသေးသည်..။
သူ့အခန်းက သော့ပိတ်ထားပြီ..။
ဘယ်အချိန်က ထွက်သွားလဲ မသိ…။
ဖုန်းဆက်တော့ အဝေးကြီးတောင် ရောက်နေပြီ..။
နေရှင်းသန့် ကားငှားတော့လည်း အဆင်မပြေ..။
လမ်းပေါ်က ကားကို တား၍ စီးခဲ့ရတာ ရောက်လာပြန်တော့လည်း ပြေးရပြန်ပါပြီ..။
လမ်းဘေးမှာ ချထားတဲ့ ကားခဲရောင်ကို တွေ့တော့မှ နေရှင်းသန့် ပိုမောလာသည်..။
မပြေးနိုင်တော့လို့ ခြေလှမ်းဖြည်းဖြည်း လျှောက်ရသည်..။
"………….."
ကားနဲ့ ခပ်လှမ်းလှမ်းကို ရောက်တော့မှ ကားတံခါး ဖွင့်ပြီး ထွက်လာသည်…။
"အိုး…နေရှင်းသန့်…."
"…………"
"………….."
"အို…."
နေရှင်းသန့် ဖက်လိုက်တာ အားပါသွားတော့ မြှောက်ချီ သလို ဖြစ်သွားသည်..။
ပီပီ့ ကိုယ်ကိုပြန်ချပြီး ကားကို လက်တင် မှီထားရသည်…။
"……….."
"ဟူး……ငါမောလို့ သေတော့မယ်….သေတော့မယ်….ဟူး…."
"ဘာဖြစ်လို့လဲ….ဘာကျန်ခဲ့လို့လဲ…"
"နင်…နင်….ဘာလို့ ဖုန်းမဆက်တာလဲ…"
"အမ်…"
"တော်ပြီ…..တော်ပြီ…."
နေရှင်းသန့် လက်ပြရင်း ကားနောက်ခန်း တံခါး ဖွင့်ပြီး ပစ်လှဲ အိပ်ပစ်လိုက်သည်..။
ခြေထောက်ကို တွန်းထည့်ပြီး ကားတံခါး ပိတ်ပေးဖော်ရတာ ကျေးဇူးတင်ရမည်..။
ကားရှေ့ခန်းကို ဝင်ထိုင်ပြီး နောက်ကို လှည့်ကြည့်တော့ လက်ပြပြီး မောင်းခိုင်းလိုက်ရသည်..။
"ဟူး…..ငါ အဆုတ် မကောင်းဘူး ထင်တယ်…နှလုံးရောပဲ…မောလိုက်တာ…."
"…………"
"………….."
"………….."
ဆယ်ငါးမိနစ် လောက်ကြာတော့မှ ထထိုင်လို့ရတော့သည်..။
လက်ဝှေ့  ပြန်ဆော့သင့်နေပြီ..။
"ရေသောက်မလား…"
"အွင်း.."
"……………"
ကား မောင်းရင်း ဘာမှမလုပ်တက်တဲ့ အကျင့်ကြောင့် ရေဘူး တစ်ခါယူဖို့အရေးလမ်းဘေး ချရပ်သေးသည်..။
"သိပ်တော့ မအေးဘူး.."
"ပူနေတာပါ…"
"…………"
"ဘာဖြစ်လို့ လိုက်လာတာလဲ…."
"ငါလည်း  မန္တလေး သွားစရာ ရှိ့လို့…"
"သြော်….စောစောက ပြောမထားဘူး.."
နေရှင်းသန့် စိတ်ထဲက စကားလုံးတွေ ထွက်မလာပဲ အစားထိုး တစ်စုံတစ်ခု နေရာယူသွားသည်..။
နေဝင်တော့မှာမို့လို့ ကားနောက်ခန်းကနေ ထွက်လိုက်သည်..။
"ဖယ်…"
"ဟင်…"
"ငါမောင်းမယ်….တုန်ချိတုန်ချိနဲ့ဆို မိုးလင်းသွားလိမ့်မယ်…"
"အိုး….အမြန်မမောင်းနဲ့နော်…"
"အေးပါ….ထွက်…"
လက်ကိုဆွဲပြီး ထုတ်လိုက်တော့မှာ ကားထဲက ထွက်လာပြီး နေရာပြောင်းပေးတော့သည်..။
ဘေးကို တစ်ချက်ကြည့်ပြီး ပြုံးပြလိုက်တော့ မယုံသလို မျက်ခုံးတွန့်သည်…။
"အဟဲ.."
"နေရှင်းသန့်နော်….ဖြည်းဖြည်းပဲ…အို…"
ရှစ်ဆယ်ကို မျက်လုံးပြူးနေတော့ နေရှင်းသန့် ရယ်မိသည်..။
ဒေါ်ပွစိ ကလည်း အဘွားကြီး ပြောရင် မကြိုက်ဘူး..။
"အရှိန်လျော့စမ်း…နေရှင်းသန့်…"
"မှောင်ရင် လျော့မယ်…"
"ဟယ်..အိုး..တစ်ရာ…"
"ဘာမှ မဖြစ်ပါဘူး…မကြောက်နဲ့…"
"အိုး…သေချာ ကိုင်…"
နေရှင်းသန့်ကားကို ထိန်းရင်း ရေဘူး လှမ်းယူတော့ လက်ကို ရိုက်ပြီး သတိပေးသည်.။
ရေဘူးကို ကပျာကယာ ဖွင့်ပေးပြီး ပိုက်တပ်ပေးတော့ နှာခေါင်းရှုံ့၍ ရယ်မိသည်..။
အခုလိုကျတော့ ဇိမ်ကျသေး..။
"ဟိုဟာ..ဘာလဲ…."
"ဟမ်…ဘယ်ဟာလဲ…"
"မုန့်လား.."
"အိုး….ငါးမုန့်တွေ…"
"အင်း…အထုတ်ပေးပါလား…"
"ဘာလုပ်ဦးမလို့လဲ…"
"စားမလို့လေ…ဗိုက်ဆာနေတာ…ပီပီ့ကြောင့် မနက်စာလည်း မစားရဘူး…အပြေးအလွှားပဲ…ဖုန်းလည်း အားကုန်နေပြီ…"
"အို…မကိုင်နဲ့လေ…သေချာမောင်းစမ်းဟယ်…"
"ဗိုက်ဆာလို့ပါဆို…"
"အေး…အေး….လမ်းဘေးရပ်လိုက်.."
"မိုးချုပ်တော့မယ်…ရပါတယ်….ငါ စားတက်တယ်…အထုတ်ပဲပေး…"
"အိုး….နေရှင်းသန့်…"
ပီပီ တစ်ယောက် အော်ဟစ်ပြီး မုန့်ထုတ်ဖောက်က တစ်ခုကို ပါးစပ်နားကပ်ပေးတော့ ကိုက်စားလိုက်သည်..။
ဟား..ဟား…ကောင်းလိုက်တာ…။
နေရှင်းသန့် မျက်နှာပိုးသတ်ထားရင်း ကားကို အာရုံစိုက်မောင်းပြရသည်..။
"အချိုရည် မရှိဘူးလား…"
"မရှိဘူး…ရေပဲ ရှိတယ်…"
"ဟိုနားက ဘာလဲ…"
နေရှင်းသန့် ဘေးမှာ ချထားတဲ့အိတ်ကို ကြည့်ပြီး ပြောတော့ လက်မောင်းကို ရိုက်တော့သည်..။
"အ…"
"ရှေ့ကြည့်ပါဆို…ဘယ်လို ဖြစ်နေတာလဲ….တော်ပြီ…ငါ မောင်းတော့မယ်.."
"မောင်းလေ…လာ…"
"အိုး…"
နေရှင်းသန့် လက်နှစ်ဖက် လွတ်ပြလိုက်တော့ မျက်လုံးပြူးပြီး နှုတ်ခမ်းကိုက်၍ ရိုက်ပြန်သည်..။
"ဟိုဟာ…ဘာလဲလို့…"
"ကားရပ်ပြီးမှ စားပါဟယ်….ငါ တောင်းပန်ပါတယ်…."
"ကားမောင်းရင်း မုန့်စားတာ ဘာဖြစ်လို့လဲ….ပီပီ ကလည်း စမာစမတ် မရှိလိုက်တာ…သူများတွေ ကော်ဖီသောက်ရင်း ကားမောင်းတာ ရုပ်ရှင်ထဲ မတွေ့ဘူးလား.."
"စမာစမတ်…မဟုတ်ဘူး…သေမှာ…သေမှာ…သိလား…"
"ဟား…ဟား….မကြောက်ပါနဲ့…စကြာဝဋ္ဌာက အမှုန့်အမွှားလေးပါဗျာ….လုပ်ပါ…ဟိုမုန့် ဖောက်လိုက်….ကပ်စေးမနှဲပါနဲ့….ပီပီရာ…နင့်ကားကို အခမဲ့ မောင်းပေးနေတာပါနော်…"
"ဟူး…."
ရန်တွေ့နေပုံက အသည်းယားစရာလေး…။
မျက်နှာစူပုတ်ပုတ်နဲ့ မုန့်ထုတ်ဖောက်ပြီး မုန့်ချောင်း တစ်ခုယူကာ ပါးစပ်နား ကပ်ပေးသည်..။
နေရှင်းသန့် ဗိုက်မဆာပေမဲ့အခုလို ရန်စ နေရတာ ကို ပျော်သည်..။
ပီပီရဲ့ စူပုတ်ပုတ် နဲ့ စိတ်ရှုပ်နေတဲ့ မျက်နှာကို ငယ်ငယ်ကတည်းက သဘောကျသည်လေ..။
"ရေ…"
"ရေသောက်လိုက်…မုန့်စားလိုက်…နင်တော့…"
"စပ်လို့…"
"………….."
"အဟွတ်…."
"အိုး…."
"အ…တအားမထုနဲ့…"
"……….."
"အ….ပီပီ နော်…."
နေရှင်းသန့် ကျောပေါ်ကို ရောက်လာတဲ့ လက်သီးဆုပ်ကို ရှောင်တော့မှ ရပ်တော့သည်..။
ကားကို လမ်းဘေးထိုးချရပ်လိုက်တော့ နေရှင်းသန့်ကို တစ်ချက်ကြည့်ပြီး ရေဘူးကို အဖုံးပိတ်နေသည်..။
"ပီပီ…"
"…………."
"မနေ့ညက ကိစ္စက… ဟို…."
"နင်…အဲဒါကြောင့် လိုက်လာတာလား…"
နေရှင်းသန့် အသက်အရွယ် နဲ့ အနေအထား တွေကို မေ့ပြီး အရင်တုန်းက အတိုင်း အပြစ်သား တစ်ယောက်လို မဝံ့မရဲ ခေါင်းညိတ်လိုက်မိသည်..။
မျက်လွှာ ပင့်ကြည့်တော့ ပီပီ က နှုတ်ခမ်းမဲ့ ပြုံးသည်..။
စိတ်ပျက်ခြင်း တစ်စွန်းတစ်စ ပါဝင်နေတာသိတော့ တုန်လှုပ်သွားသည်..။
"ပီပီ…"
"မနေ့ညက အကြောင်းကို မှတ်မိရင် ငါပြောတာလည်း နင်သတိရမှာပဲ….ဖြစ်ခဲ့သမျှ တွေက ငါ့စိတ်ကနေ လက်ခံခဲ့တာပဲ…မိန်းကလေးမို့ဆိုတာ မတွေးပါနဲ့….နှစ်ဘက် သဘောတွေပါ…"
"ငါက ဘာပြောနေလို့လဲ…."
"နင် အားနာပြီး အရူးလို လိုက်လာတာလေ…"
"ဟွန့်….နိုးပါ…"
"ဟမ်…"
"နင်က ငါ့ရည်းစားပဲ…တစ်ယောက်တည်း ပြန်တာ ဘယ်စိတ်ချမလဲ….လိုက်ပို့ပေးရမှာပေါ့…အဟွင်း…."
"ဘာ…ရည်းစား…"
"အွင်း…"
"ဟား..ဟား….ဒါက နင့်အတွေးလေ…."
"…………"
နေရှင်းသန့် မျက်ခုံးတွန့်သွားသည်..။
ခံစားချက်မရှိတဲ့သူ တစ်ယောက်လို ပြောနေတာလည်း ခံပြင်းသည်..။
ကိုယ့်ဘက် ရင်ခုန် စိတ်လှုပ်ရှားခဲ့ရသမျှ သူက အေးအေဆေးဆေး တွေးနိုင်တာ မကျေနပ်ပါ…။
"………."
ပီပီ့ရဲ့  အဝေးကိုပဲ ငေးနေတဲ့ မျက်ဝန်းတွေမှာ အေးစက်မှုတွေ ပါနေတော့ နေရှင်းသန့် သက်ပြင်းခိုးချလိုက်သည်..။
"မနက်တုန်းက မသိချင်ယောင်ဆောင်နေလို့ နင် စိတ်ဆိုးနေတာလား…ဆောရီး…စိတ်မဆိုးနဲ့တော့နော်….စိတ်ဆိုးတုန်းလား….စိတ်ကောက်တာလား….."
နေရှင်းသန့် ခါးကိုင်းကြည့်ရင်း စလိုက်တော့ သက်ပြင်းချပြီး တစ်ချက်ကြည့်သည်..။
မျက်ဝန်းတွေက အလေးအနက် ဖြစ်နေတော့ နေရှင်းသန့် စနေရင်းက စိတ်ထဲ ထင့်သွားသည်.။
"ပီပီ.."
"ပြော…"
"ငါ့ကို ကြည့်…"
"……….."
"ငါ..ငါ နဲ့ အဆက်အသွယ် မလုပ်ချိန်…နင် တစ်ယောက်ယောက်နဲ့…."
"ဘာဖြစ်လဲ…."
"ညတုန်းက နင် မတက်သာ လို့….ဖြစ်သွားတာဆို….နင့် မှာ သက်ဆိုင်သူ ရှိနေရင်…"
"သက်ဆိုင်သူ…အဟွင်း.."
နေရှင်းသန့် စိတ်မရှည်တော့လို့ ပီပီ ပခုံးကို လက်နဲ့ ကိုင်၍ မျက်နှာချင်းဆိုင် ဖြစ်အောင် ဆွဲလှည့်လိုက်သည်…။
မျက်ခုံး နှစ်ခု တွန့်သွားပေမဲ့ ခဏကြာတော့ ခပ်ဖွဖွ လေး ပြုံးသည်..။
နေရှင်းသန့် စိတ်ထဲ က မရေရာတဲ့ အဖြေ တစ်ခု အတွက် စိတ်ပူလာသည်..။
"ပီပီ…."
"ဘာလဲ…"
"ပြောလေ….ဟင်….ပီပီ……ငါ သိချင်တယ်….."
"ဘာကို စိုးရိမ်နေတာလဲ... ငါ့ရဲ့ ခံစားချက်ကို သိအောင် မကြိုးစားစမ်းပါနဲ့….လူလောကမှာ နေတာ ကြာလေ….အမှား ပိုလုပ်မိလေပဲ..အဲတော့….နင့်ထက်ပိုများတဲ့ အမှားတွေလည်း လုပ်ခဲ့ဖူးပြီးပြီ….အမှားပေါင်းများစွာကို ဖြတ်ကျော် ဖြတ်လျှောက်ခဲ့ပြီးပြီ….အမှားတစ်ခု အတွက် ထိခိုက်ကြေကွဲ ခံစားမနေဘူး…အမှားကို အမှားအတိုင်းပဲ ထားခဲ့မယ်…..ငါတို့ ဘဝက တိုတယ်…အချိန်က ရွေ့နေတယ်လေ….ဖြစ်ပြီးသွားတဲ့ အမှားမှန်သမျှက ဘဝနဲ့ ယှဉ်ရင် အချိန်အကြာကြီး ထိခိုက် ကြေကွဲနေစရာ မလိုတဲ့…နောက်မှာ ကျန်ခဲ့ပြီဖြစ်တဲ့…အမှုန့်အမွှား ကိစ္စလေးတွေပါ…"
"ငါ နဲ့ ပတ်သက်မိသမျှ တွေကလည်း  …..နင့် မှားခဲ့တဲ့  အမှုန့်အမွှား ခံစားချက်တွေလား…"
"နင် မူးနေလို့ မသိရင် ပြောပြမယ်….ညတုန်းက ငါတို့ ဘာမှ မလွန်ကျူးပါဘူး…"
"'မလွန်ကျူးဘူး….ဟုတ်လား…..ဒါဖြင့်….ငါတို့ ရင်ခုန်ခဲ့ရတဲ့ အခိုက်အတန့် ….နှလုံးသားထဲက စကားတွေက အမှုန့်အမွှားပဲလား…."
"………."
နေရှင်းသန့်ကို ဘာမှ နားမလည်တဲ့ ကလေး တစ်ယောက်ကို ကြည့်သလို ကြည့်နေတော့ လက်ကို ဖြုတ်ပစ်လိုက်သည်..။
"ငါ့ကို အဲလို မကြည့်နဲ့….မူးနေတုန်းမို့ မှားခဲ့တယ်လို့ ထင်နေတာမလား….မဟုတ်ဘူး…."
"အထင်မှားပြီး မှားခဲ့တယ် ဆိုရင်တောင် လက်ခံနိုင်တယ်….အခု က နင် လိမ်နေတယ်….."
"…………."
နေရှင်းသန့် တံတွေး တစ်ချက် မြိုချလိုက်ပြီး အကြည့်လွဲကာ ကားအပြင် ဘက်ကို ငေးကြည့်နေမိသည်..။
ဟန်ဆောင်ပြီး လိမ်ညာပြောနေတာတဲ့လား..။
အခန်းမှာသူ့ကို မတွေ့တော့ ပူထူစိုးရိမ်သွားတဲ့ ခံစားချက်တွေက ဟန်ဆောင်တာ မဟုတ်ဘူး..။
အဖြစ်အပျက်တွေကို ပြန်တွေးတိုင်း စိတ်လှုပ်ရှား ရင်ခုန်တာလည်း အလိမ်အညာ မဟုတ်ဘူး..။
အချိန်တွေ အများကြီးစတေးပြီး အထင်ကြီးနိုင် တဲ့အခြေအနေ ထိ ရောက်အောင် ကြိုးစား စောင့်ခဲ့ရတာ သိရဲ့လား..။
ဘယ်လောက်တောင် ကြာခဲ့ပြီလဲ…။
မြိုသိပ်ဖုံးကွယ်ထားခဲ့ရသမျှ ဝန်ခံလိုက်ဖို့ အချိန်ကျလာပြီလို့ ယူဆမိပေမဲ့…။
နေရှင်းသန့် ပြုံးမိသည်…။
ကိုယ်ချစ်တယ်လို့ ဝန်ခံရင်တောင် သူက လက်ခံပါ့မလား..။
ကိုယ် က အသုံးချခံလေ…။
ဆရာ့ နေရာ စိုးမင်းနေရာ…….ငါ က နင့်အတွက် ဘာမှ မဟုတ်ခဲ့ဘူး…။
ဘယ်အချိန်ဖြစ်ဖြစ်ပေါ့..။
"နေရှင်းသန့်…မမောင်းရင်ဖယ်….မိုးချုပ်တော့မယ်…"
"နင်….ဘာမှ မခံစားရဘူးလား…..ယောက်ျားမိန်းမ နိယာမ အရပဲ တုန့်ပြန်ခဲ့တာလား….ငါ့က နင့်အတွက် အမှုန့်အမွှားပဲလား…"
"……….."
"အဟွင်း….ငါက နင့်အတွက် လိုသုံးမလား…..ငါ…စိတ်ကူးယဉ်မိတာပဲ….. ကျစ်….ငါ ပြန်မယ်…အရင်အတိုင်းပဲ…တစ်ခုခု လိုအပ်ရင် ..ခေါ်လိုက်လေ…ငါ ပြေးလာခဲ့ပါမယ်….."
"……….."
"………….."
နေရှင်းသန့် ကားတံခါး ဖွင့်၍ ဆင်းလာခဲ့လိုက်သည်..။
ဒေါသနဲ့ စိတ်မကောင်း ဖြစ်ခြင်းကို အတူတကွ ခံစားရချိန် လည်ချောင်းတွေ အက်ကွဲလာသလိုပါပဲ..။
"အိုး…နေရှင်းသန့်…ဘာလုပ်တာလဲ…"
"………….."
"နင်….ကလေးလား…ဟမ်…."
"ငါ့ကို ကြည့်စမ်း…ပီပီ…."
နေရှင်းသန့် လက်မောင်းကို ဆွဲကိုင် လှုပ်ရမ်းပြီး မေးနေတဲ့ ပီပီ့ရဲ့ ပခုံးနှစ်ဖက်ကို ပြန်ကိုင်ပြီး မျက်နှာချင်း ဆိုင်လိုက်သည်..။
မျက်လုံးတွေကို စိုက်ကြည့်ပြီး ပြောလိုက်တော့ မျက်လုံး တစ်ချက်ပင့်ကြည့်သည်.။
"တခြား အသိုင်းအဝိုင်း က ငါ့ကို ဂုဏ်တွေ အဆင့်အတန်းတွေ ခွဲခြားတာ ငါ ခံနိုင်တယ်….နင်….နင်လုပ်လို့မရဘူး သိလား….နင့်အမြင်မှာ ငါက ဘာလဲ… နင်သနားလို့ ကူညီကယ်တင်ထားတဲ့ လူတစ်ယောက်မလား..အဆင့်အတန်း မတူလို့ လုံးဝ နေရာမပေးဘူး..ခံစားချက်မထားဘူး……နင် ….မနီးစပ်နိုင်တော့တဲ့ ချစ်သူ တစ်ယောက် နေရာမှာ အစားထိုး ပြီး အပျင်းပြေ ကစားနေတဲ့ အရုပ်တစ်ရုပ်…စိတ်အပြောင်းအလဲ ပြောင်းအောင် အသုံးချရုံ သပ်သပ်ပဲ…ငါဘယ်လောက် ကြိုးစားပါစေ... နင့် အမြင် မပြောင်းဘူးမလား…..အသက်…ငယ်ငယ် ကြီးကြီး တစ်စုံတစ်ယောက် နေရာမှာ အစားထိုး အသုံးချ ခံရတဲ့ ယောက်ျားတစ်ယောက် ရဲ့ ခံစားချက် ဘယ်လိုနေလဲ သိရဲ့လား…ဟမ်…."
နေရှင်းသန့် အော်ငေါက်ရင်း ပခုံးကို လှုပ်ရမ်းကာ မေးမိတော့ မျက်ဝန်း တောက်တောက်တွေဖြင့် မော့ကြည့်သည်..။
"ငါ တစ်ခါမှ နင့်ကို အဲလို မတွေးဘူး.."
"ဒါဆို….နင့်အတွက် ငါက ဘာလဲ….ငါ မူးနေတယ်ဆိုတာ နင်သိတယ်မလား….ဘာလို့…….ငါ့ကို ဘာလို့ တုန့်ပြန်လဲ….နင် ခံစားချက် မပါပဲ ဘာအတွက်….တုန့်ပြန်တာလဲ…"
"…………."
"ဟွန့်…အောင်ကျော်ပြောသလို…ငါ က……လား…"
"အိုး…"
နေရှင်းသန့် ပြောလိုက်တဲ့ စကားရိုင်းရိုင်းကြောင့် ဒေါသ မျက်ဝန်းစူးစူးများဖြင့် ကြည့်သည်..။
ကားမီးရောင်ကြောင့် လိမ္မော်ရောင် ပြောင်းနေသည့် မျက်နှာကို ငုံ့ကြည့်နေမိသည်..။
စူးရှနေတဲ့ အကြည့်တွေ တဖြည်းဖြည်း အရောင်ဖျော့သွားကာ အကြည့်ချင်း ဆုံသည်…။
မျက်တောင်တွေအောက်မှာ ရင်းနှီးတဲ့ မျက်ဝန်းလေး အရောင်လက်သွားသည်..။
နာကျင်စရာ မျက်ရည်စက်ကို မတွေ့ချင်လို့ ဆွဲဖက်ပစ်လိုက်သည်..။
"ပီပီ….နင့်ကို ငါပိုင်တာ…..ငါ မရှိချိန်….ဘယ်သူနဲ့ပဲ ပတ်သက်သက် နင့်ကို ငါပိုင်တာနော်….ငါတို့က လက်ထပ်ပြီးသားပဲ….ငါ….ငါ….နင့်ကို အရမ်းချစ်တယ်….ပီပီ….ဒီ စကားကို ပြောဖို့ အချိန်အကြာကြီး စောင့်ခဲ့ရတယ်….အများကြီး…ကြိုးစားခဲ့ရတာပါ…ချစ်တယ်….."
နေရှင်းသန့် ရင်ချင်းအပ်၍ ဖက်ထားပေမဲ့ စိတ်ထဲက ခံစားချက် အတိုင်း ပိုတိုးလို့သာ ဖက်ထားမိသည်..။
"……………."
"…………."
နေရှင်းသန့် ကျောပေါ် ရောက်လာသည့် လက်လေးကြောင့် ပြုံးမိသည်..။
တစ်စုံတစ်ခု ပြန်ရှာတွေ့သလို ပျော်သည်..။
နှလုံးခုန်နှုန်း မမြန်ပဲ ကြည်နူး ပျော်ရွှင်နေတဲ့ အခိုက်အတန့်လေးမို့ လှိုက်လှိုက်လှဲလှဲ ပြုံးလိုက်သည်..။
ကိုယ် မြတ်နိုးတောင့်တ နေသည့် အရုပ်ကလေး တစ်ရုပ်ကို ပိုင်ဆိုင်လိုက်ရသလိုမျိုးပင်.။
0520/1102-1119
.
"အို…"
"ဟီး…"
စိုးစိုး နှုတ်ခမ်းကို ဖျတ်ခနဲ့ နမ်းပြီး မှ ကားတံခါး ပိတ်တော့ ရင်ခုန်စိတ်ဖြင့် လက်ဖျားများတောင် အေးကုန်သည်..။
ဒါဆို သူနဲ့ ကိုယ်  ဘာဖြစ်သွားပြီလဲ..။
အရင်လို မဟုတ်တော့ဘူးလား..။
သူ တကယ် ချစ်နေတာလား..။
ဘာလို့များ မရိပ်မိခဲ့တာပါလိမ့်.။
စိုးစိုး အတွေးတွေနဲ့ လုံးထွေးနေချိန် ပါးကို ဖွဖွ ဖျစ်တာ ခံလိုက်ရသည်..။
"အဟွင်း….ဘာလည်း….ရှက်နေတာလား….ဟမ်…."
"မဟုတ်ပါဘူး…."
စိုးစိုး မျက်နှာတည်လေးဖြင့် ငြင်းဆန်လိုက်ပေမဲ့ ရင်ခုန်နေတဲ့ ခံစားချက်တွေကတော့ လျော့ပါးမသွား..။
ကားမောင်းရင်း စိုးစိုး လက်ကို လည်း ကိုင်ထားတော့ စိတ်ထဲမှာ တမျိုး ခံစားရသည်..။
ဒီအသက်..ဒီအရွယ်ရောက်တော့မှ ဒီလောက်လေးတောင် ခံစားချက်ကို မြိုသိပ်ဖုံးကွယ်မထားနိုင်ဘူးလား..။
စိုးစိုး ကိုယ့်ကိုယ်ကို သာ အပြစ်တင်ရင်း သက်ပြင်းတစ်ချက် ခိုးချမိသည်..။
"ပီပီ…"
"ဟင်…"
"ငါ မတရားခံရသလိုပဲ…."
"ဟမ်…"
" ငါ ချစ်သလောက် အချစ်မခံရဘူး..…."
"…………."
စိုးစိုး ဝန်ခံချင်စိတ် မရှိလို့ ဘာမှ မပြောပဲ နှုတ်ဆိတ်နေလိုက်သည်..။
သူ့ခံစားချက် သူ့အတွေးတွေကို ဝင်ရောက်စွတ်ဖက်ချင်စိတ်လည်း မရှိပါ..။
"သာတယ် နာတယ် မတွက်တော့ပါဘူး…..နင်လည်း…ငါ့ကို…ပြန်ချစ်နေပါပြီ…"
စိုးစိုး နှုတ်ခမ်းက ပြုံးရိပ်ထင်သွားတော့ သူ့ဆီက ၇ယ်သံ ထွက်လာသည်..။
သူ့လက်ထဲက လက်ကို ရုန်းထွက်ပြီး သူ့လက်ကို စီယာတိုင်ပေါ် တင်ပေးလိုက်သည်.။
"ဟုတ်တယ်မလား….နင်လည်း ငါ့ကို ချစ်တယ်မလား…ဟမ်.."
"……….."
"ချစ်လားလို့…"
"………."
"ချစ်တယ်…ထင်တယ်နော်…ဟုတ်လား…."
"…………"
"ဟာ…ဘာရယ်တာလဲ…."
သူ့အမေးကို မဖြေပဲ ပြုံးမိတော့ မျက်မှောင်ကြီးကြုတ်ပြီး ရန်တွေ့တော့သည်..။
နင်ချစ်သလို ငါလည်း နင့်ကို ချစ်ပါတယ်…။
အဲလို ပြောရမှာလား..။
တခြား မိန်းကလေးတွေ အတွက် လွယ်ကူ ဖွင့်ဟ ဝန်ခံနိုင်ပါသည်..။
စိုးစိုးကတော့..။
ကြည်နူး ပျော်ရွှင်နေတဲ့ စိတ်ကလေးတွေ လွင့်ပြယ်သွားကာ စိတ်ပြောင်းအောင်လို့ လမ်းမကြီးကိုသာ ငေးကြည့်နေမိသည်..။
ငါတို့ မချစ်ကြရင် ကောင်းမလား..နေရှင်းသန့်..။
နင် ဘာဖြစ်လို့များဝန်ခံလိုက်ရတာလဲ…။
ဟုတ်တယ်…တိုးတိတ်စွာ ရင်ခုန်ရတာပဲ ကောင်းပါတယ်..။
ငါ တို့ မချစ်သင့်ဘူးထင်တယ်..။
ယောက်ျား တစ်ယောက်ရဲ့ မေတ္တာနဲ့ မထိုက်တန်လောက်အောင် ဘဝဆိုးနေတဲ့ မိန်းမ တစ်ယောက်ကို နင်မချစ်သင့်ဘူး.။
သူများနဲ့ မတူတဲ့ ဘဝနဲ့ ခံစားချက်တွေ ပိုင်ဆိုင်ထားတဲ့ ငါ့လို မိန်းမ ကို နင်မချစ်သင့်ဘူး..။
အန္တရယ် များတယ် နေရှင်းသန့်ရယ်….။
"ဟာ…"
ကား ကို အရှိန်လျော့တော့ လက်ပြပြီး ဆက်မောင်းခိုင်းလိုက်သည်..။
မျက်ရည်တွေကို ကပျာကယာ သုတ်လိုက်ကာ တစ်ရှူးနဲ့ နှာခေါင်းကို သုတ်ပစ်ရသည်..။
"…………."
"………"
"နေရှင်းသန့်…"
"ဟင်…."
"နင် အဆင်ပြေတဲ့ အချိန်ထိ ချစ်လို့ ရပါတယ်…အဆင်မပြေတဲ့ အချိန် ထွက်သွားပေါ့…."
"အိုး….ငါ က နင့်ကို ခဏ ချစ်တာလို့ ထင်နေတာလား…"
"အဟွင်း…ထင်နေတာ မဟုတ်ဘူး..သိနေတာပါ…"
" နင့်ကို လူမှားပြီး ရင်ခုန်နေတယ် ထင်နေတာမလား…လုံး၀ မဟုတ်ဘူးနော်…"
"နင်က ကလေးလိုပဲ….ငါသိတယ်….နင့်အိတ်ထဲမှာ မိန်းကလေး အသုံးအဆောင်တွေ လည်း တွေ့တယ်လေ….ငါ နားလည်ပါတယ်…ငါ့ အတွက် မစိုးရိမ်ပါနဲ့….အားလည်း မနာပါနဲ့…ငါ အဆင်ပြေပါတယ်…."
"ဟာ…..အဲဒါ…သော်တာ ပစ္စည်းတွေလေ…ပြန်မပေးရသေးတာပါ…ငါ နဲ့ စာကျက်တိုင်း သူ ကျန်ခဲ့တယ်….နင် က အချိန်အကြာကြီး ငါ့နှလုံးသားထဲ နေရာယူထားတာပါ….အဆက်အသွယ် မရှိတဲ့ အချိန်တွေမှာလည်း နင် အမြဲရှိနေတယ် …သော်တာ မှ မဟုတ်ပါဘူး…သင်တန်းက တချို့ မိန်းကလေးတွေ ဆိုလည်း ငါနဲ့ ရင်းနှီးတယ်….ချစ်စရာလည်း ကောင်းတယ်….အခွင့်အရေးတွေလည်း ရှိတယ်..အမှန်အတိုင်း ပြောရရင်…ငါ သူတို့ အပေါ် ရင်ခုန်ခဲ့တယ်….. …ဘယ်လိုပြောရမလဲ….အရမ်းလှတဲ့ပန်းတစ်ပွင့်ကို သဘောကျတဲ့ စိတ်နဲ့ခဏငေးကြည့်သလိုပေါ့….မခုူးနိုင်ဘူးလေ.."
"ခူးနိုင်အောင် လုပ်လို့ရရင်ကော…"
"ငါ မခူးချင်ဘူး…"
"အိုး…ဘာလို့လည်း…"
စိုးစိုး ရယ်သံစွပ်ပြီး မေးလိုက်တော့ နေရှင်းသန့် က နှာခေါင်းရှုံ့ပြီး ပခုံးတွန့်သည်.။
တကယ်လို့များ လိုချင်တယ်ဆိုရင် ငါကိုယ်တိုင် ကြိုးစားပေးမှာပေါ့…နေရှင်းသန့်ရယ်..။
ကိုခိုင့်ကို ချစ်တုန်းက ပူလောင်ပြင်းရှကြောက်ရွံခဲ့ရတယ်..။
နင့်ကို ချစ်တော့ ပေးဆပ်စွန့်လွှတ်ချင်တယ်..။
ငါ့ကြောင့် နင် ဘာမှ မထိခိုက်စေချင်ဘူး..။
တစ်နှစ်ကျော် နှစ်နှစ်ဆိုတဲ့ အချိန်အတွင်း အဝေးက ကြည့်နေရရုံနဲ့ ပျော်တက်တာ ငါ အကျင့့်ဖြစ်နေပြီ..။
"သူတို့ အသိုင်းအဝိုင်းက ချမ်းသာလို့လား…နင် ကြိုးစားလို့ရတာပဲ…"
"…………."
"………….."
အဖြေ မရှိတော့ စိုးစိုး ဆက်မမေးတော့ပဲ လမ်းဘေးက မီးရောင်တွေနဲ့ အမဲရောင် လယ်ကွင်းတွေကို ကြည့်မိသည်..။
ငါကတော့ နင့်ကို ဖွဲမီးလို ချစ်ချင်တယ်..။
နင်ကတော့ ငါ့ကို ကောက်ရိုးမီးလိုပဲ ချစ်စေချင်တယ်..။
ခဏတဖြုတ် လောက်ပဲ ချစ်ပါစေ။
ငါ့ဘ၀ ပြာကျလောင်မြိုက်သွားလည်း ကိစ္စ မရှိပါဘူး…။
အချိန်ခဏလေး အတွက်…ကျေနပ်ပျော်ရွှင်ပါပြီ.။
"ငါ ကူညီလို့ မရဘူးလား…"
"ငါ ပြောပြီးသားလေ……"
"ပိုက်ဆံချမ်းသာလို့လား…"
"ဟင့်အင်း.."
"ဘာလို့…"
"ငါ ကြိုးစားရင်ရမယ်ဆိုတာ သိသားပဲ..ဒါပေမဲ့ ငါ မခူးချင်ပါဘူးဆို…"
"………"
"ငါ့ မှာ ပိတောက်ပန်း ရှိတယ်…."
"ဟမ်…."
စိုးစိုး ကို လှည့်ကြည့်ချိန် အကြည့်ချင်းဆုံသွားပြီး နှာခေါင်းရှုံ့ပြသည်..။
ကလေးတစ်ယောက်လို သူ့ရဲ့ အပြုအမူကို တွေ့ရတော့ စိုးစိုး ပြုံးမိသွားသည်.။
"ပိတောက် ပန်း က အရောင်လည်း မလှဘူး.အပွင့်လည်း မလှဘူး….တစ်နှစ်တစ်ခါမှ ပွင့်တယ် ပြောတာပဲ…နင့်လိုပေါ့…"
"အဟွင်း….ကောင်းတယ်…ပြောတာလား..စော်ကားနေတာလား…"
"ပီပီ… ဘာပန်းကြိုက်လဲ…"
စိုးစိုး ကို မေးငေါ့ပြီး မေးတော့ ပြုံးလိုက်သည်..။
ပန်းတမျိုးတည်းကို သိပ်မနှစ်သက်ပါဘူး..။
ငယ်ငယ်တုန်းက အိမ်ရှေ့ပန်းခြံမှာ ပန်းတွေ ချိုးပစ်ခဲ့တာ သတိရသည်..။
ကိုယ်က ငယ်ငယ်ကတည်းက ပုံမှန်မှ မဟုတ်တာပဲ..။
ဒါပေမဲ့ ပန်းလို မွှေးတဲ့ ရနံ့ သေချာ မရှိတဲ့ ပန်း တမျိုး  ကိုတော့ နှစ်သက်ခဲ့ဖူးသည်.။
စိုးစိုး ငယ်ငယ်တုန်းက ဒေါ်ဘူးကြီး အိမ်ခေါင်းရင်းလေးမှာ မန်ကျည်းပင်လေး တစ်ပင်ရှိသည်..။
အဖူးက ပွင့်လာတဲ့ ပန်းလေးကို ကြိုက်သည်..။
လိမ်ချိုးပြီး ခေါင်းပေါ် တင်ပန်လို့ အမေ ရိုက်တာ ခံခဲ့ရသေးသည်..။
စိုးစိုး ရယ်မိသည်..။
သူက အံသြသလို တစ်ချက်ကြည့်တော့မှ ကိုယ့်အတွေးကို ကိုယ်စုစည်းရသည်.။
"လီလီပန်း…."
"ဟမ်.."
"အခုချိန် ဈေးကောင်းရတယ်…ငါတောင် စ စိုက်နေပြီ…."
"အိုး…"
"ငါ့အသက်ကိုလည်း ကြည့်ဦး….ပန်းကြိုက်ရမဲ့ အရွယ်လားလို့…"
"အဟွင်း…ပီပီ….ငါ က နင့်ချစ်သူဖြစ်သွားပြီနော်…"
"အဲတော့…"
"အရင်လို မွေးစားသား မဟုတ်တော့ဘူး…ရိုရိုသေသေ ဆက်ဆံကြားလား…"
"ဟား..ဟား…"
"ဘာလဲ…လှောင်နေတာလား…"
"မဟုတ်ပါဘူး…အသက် ဆယ်နှစ်ကြီးတဲ့သူကို ...နင် ငါ နဲ့ ပြောနေတဲ့ သူက ရိုရိုသေသေ ဆက်ဆံဆိုတော့ ရယ်စရာ ကြီးဖြစ်နေတယ်…"
"အိုး…ဒါက အကျင့် ဖြစ်နေလို့ပါ…"
"ကောင်းပါတယ်…"
"မဟုတ်ဘူးလေ….အရင်ကလို မဟုတ်တော့ဘူး…ပြင်ရမှာပေါ့..ဘယ်လို ခေါ်ရမလဲ…မမလို့လား…"
"ဟား..ဟား…"
သူ့ဆီက အထူအဆန်း စကားကြောင့်စိုးစိုး ဟန်မဆောင်နိုင်ပဲ ရယ်မိတော့သည်..။
မမ တဲ့..။
ရယ်စရာကြီး..။
"ဟုတ်တယ်လေ….အန်တီ အရွယ်ဆိုတော့ တီတီ လို့ ခေါ်ရမလား.."
"တီတီ ထက် စာရင် ပီပီ က ပိုကောင်းပါတယ်ဟယ်….အရင်အတိုင်းပဲ ပေါ့…"
"မကောင်းပါဘူး…ငါ့ကို လည်း မောင်လို့ ခေါ်ပေါ့…ဟီး..ဟီ…"
သူ့ဟာသူ ပြောပြီး သဘောကျရယ်နေတဲ့ စကားလုံးကို ဘယ်လို ခေါ်ရမှာလဲ..။
သေချာတာတော့ ခေါ်လိုက်တိုင်း  နှစ်ယောက်အတူတူ ရယ်နေမိတာ့မှာပါပဲ..။။
"နေရှင်းသန့်ပဲပေါ့…"
"မရဘူး..မရဘူး…နာမည် တစ်ခါတည်း စဉ်းစားစမ်းပါ…"
"ငါ ယောက်ျားလေး  ဆိုပြီး ပါဝါ ပြရင်တော့ ငါနဲ့ အဆင်မပြေဘူးနော်..ငါ့ အကြောင်း နင်သိတယ်မလား…"
"အိုး…ကြောက်စရာကြီး..ဟင်း…သားက ငယ်တဲ့သူပဲလေ..မမ ထားရာနေ စေရာသွား..မမ အမိန့် မှန်သမျှ နာခံတက်ဖို့ လေ့ကျင့်ပြီးသားပါပဲ…ရပါတယ်..သားပဲ သည်းခံပါ့မယ်…."
"အဟွင်း…"
ကလေး တစ်ယောက်လို နှုတ်ခမ်းစြူပီး မျက်နှာငယ်နဲ့ ပြောတော့ စိုးစိုး ရယ်မိသည်..။
အမျိုးမျိုးပဲ တက်လည်း တက်နိုင်ပါရဲ့လေ..။
"မမ က သားကို မချစ်တာ သိပါတယ်….တဖြည်းဖြည်း သားကို ချစ်လာမှာပါနော်…"
"အိုး.အဲလို ပြောတော့ ငါ က သေရတော့မှာလား….သား..သားနဲ့…ငါလည်း အဘွားဖြစ်ကောပေါ့.."
"အဟွင်း….ဟူး…မြန်လိုက်တာ….ငါ မစောင့်နိုင်တော့ဘူး….တကယ်ဆို ကျောင်းပြီးမှ သေချာ ဖွင့်ပြောဖို့ စီစဉ်ထားခဲ့တာ….အဲဒါ ပီပီ့ကြောင့်…"
"ဟမ်…"
စိုးစိုး ကို မေးငေါ့ ပြီး ပြော တော့ မျက်ခုံးပင့်သွားရသည်..။
ကိုယ်လည်းဘာမှ မလုပ်မိခဲ့ပါဘူး.။
မရိုးမသား ပုံစံတောင် မပြောဖူးပါဘူး..။
"ပီပီ က ငါ့ရှေ့ ပေါ်လာရင် ငါ က တကယ် မနေနိုင်တော့ဘူး….ပထမ တစ်ခါတုန်းကလည်း အဲလိုပဲ…အခုတစ်ခါ ပိုဆိုးတယ်….အဆက်အသွယ် မလုပ်ပဲ နေတာ ငါ့စိတ်ကို ငါ ထိန်းချုပ်ထားရတယ်…"
"ဒါဆို….ကျွန်မက မှားတာပေါ့.."
"မှားတာပေါ့..လူကို စိတ်ပူအောင် အမြဲလုပ်တယ်…"
"အဟွင်း.."
စိုးစိုး စိတ်ထဲကြည်နူးပေမဲ့ နှာခေါင်းရှုံ့၍ ပြုံးမိသွားသည်..။
သူက ကိုယ့်ကို ချစ်နေခဲ့တယ် ဆိုတာ အိပ်မက်ဆိုရင်တောင် ကျေနပ်နေပါပြီ…။
လူတစ်ယောက်ကို ချစ်ရင် နီးစပ်အောင် ကြိုးစားရတာ မဟုတ်လား..။
သူနဲ့ စိုးစိုးကျတော့ ဝေးအောင် တမင် ဖန်တီးနေခဲ့ကြတာပဲ..။
အဆက်အသွယ်မရှိလည်း တစ်ယောက် ကို တစ်ယောက် ပူပန်နေခဲ့ကြတာလား…။
စိုးစိုး စိတ်ထဲ အတွေး တစ်ခု ရောက်လာသည်…။
"သြော်…မေးရဦးမယ်…နေရှင်းသန့်….ငါ့ဆီ ကိုလေ တစ်လ တစ်ခါ ချောကလက်တွေ ပို့နေတာ နင်လား…"
"ဟမ်…မဟုတ်ပါဘူး….ဘယ်ကောင်လဲ…"
"ဘယ်သိမလဲ…မာမေ့ကိုမေးတော့လည်း မဟုတ်ဘူးတဲ့…"
သရုပ်ဆောင် ကောင်းသော ကောင်လေးက ကားမောင်းရင်း ပခုံးတွန့်ပြသည်..။
သူ မသိဘူးဆိုတဲ့ ပုံစံမျိုး…။
တော်တော်လာတဲ့ ကောင်လေး..။
"ပီပီ လည်း စားနေရတာပဲ မလား…"
"အို…မသိတဲ့သူပေးတာ စားစရာလား…အလုပ်သမားတွေ ကျွေးပစ်တာပေါ့……"
တိတ်ဆိတ်ငြိမ်သက် သွားလိုက်တာများ..။
စိုးစိုး ကိုယ့်အတွေးနဲ့ ကိုယ် ပြုံးရင်း ကား အပြင်ဘက်ကို ငေးကြည့်နေမိသည်…။
အဆက်အသွယ် မလုပ်တဲ့ အချိန်တွေလည်း သူ သတိတရ ပုံမှန် ပို့ပေးနေတာလေး က ချစ်စရာကောင်းပါသည်..။
ငယ်ငယ်တုန်းကလို စိတ်မကောင်းဖြစ်ပြီး ငိုနေမလားလို့ လှည့်ကြည့်တော့ မျက်ရည် မကျသေးပဲ မျက်နှာက စူပုတ်ပုတ်လေး ဖြစ်နေပြီ..။
"ကျွေးစရာလား….မာမေ ပို့တယ် ထင်ပြီး….ငါ စားလိုက်တာပါ…"
"စားပေါ့…"
"ဘာဖြစ်လို့ လတိုင်း ပို့ပေးတာလည်း….ဟိုနေ့က ငါသိတော့ တော်တော် အံသြသွားတယ်…မထင်ထားဘူးလေ…"
"ချစ်လို့ပေါ့…."
စိုးစိုး ဘက်ကို လှည့်ကြည့်ပြီး မျက်လုံးချင်းဆုံ၍ ပြောတော့ ရင်ခုန်လို့ အကြည့်လွဲုလိုက်ရသည်..။
သူ နဲ့ ကိုယ် အဆက်အသွယ် မရှိချိန် သူပျော်နေသားပဲ…။
ကိုယ့်ကို သတိတရ အမြဲရှိနေတယ်လို့ ပြောချင်တာလား.။
ကားတွေ ဆိုင်ကယ်တွေ တွေ့လာရတော့ စိုးစိုး လှမ်းကြည့်မိသည်..။
အခုသာ ဆက်သွားရင် ည နက်လိမ့်မည်…။
"ငါတို့..မနက်မှ ဆက်သွားရင် ကောင်းမယ်နော်…"
"အင်း…မန္တလေးမှာ တစ်ညအိပ်လိုက်မယ်…ပီပီ့ အခန်း ရှိတယ်မလား…"
"ရှိပေမဲ့….မသွားတာ ကြာလှပြီ…..ဘယ်လိုတွေ ဖြစ်နေပြီလည်း မသိဘူး..."
"တစ်ညပဲ နေမှာ ဖြစ်သလို အိပ်လိုက်ပေါ့.."
"ကောင်းပါတယ်…"
"မနက်ကျ ပီပီ တစ်ယောက်တည်း ပြန်လို့ဖြစ်လား…"
"ဟင်.."
စိုးစိုး လှည့်ကြည့်တော့ မျက်နှာငယ် ဖြင့် ကြည့်ပြန်သည်..။
သူ့စိတ်ကို ခန့်မှန်းတက်နေတော့လည်း ခေါင်းသာ ညိတ်လိုက်ရသည်..။
"ငါ…မနက်ဖြန် စာမေးပွဲ တစ်ခု ရှိလို့လေ…"
"ဟယ်….အဲဒါ ဘာလို့ လိုက်လာတာလဲ….မှီပါ့မလား…"
"မှီပါတယ်…မနက်စောစော ထွက်လိုက်မယ်…ကားလက်မှတ်တောင် ဝယ်ပြီးပြီ…."
"အမ်…"
"ပီပီ ငိုသေးလား.."
"ဟင်…"
"ငါ…အိမ်က ထွက်လာတော့လေ…မိုးလင်းတော့ ငါ့ကို မတွေ့တော့ ငိုလားလို့…"
"ငိုစရာလား…"
စိုးစိုး မျက်ခုံးတွန့်၍ ပြောလိုက်တော့ နှုတ်ခမ်းစူသွားပြန်ပြီ..။
"ငါတော့ အိမ်က ထွက်လာတာ မျက်ရည်နဲ့ မျက်ခွက်ချည်းပဲ…."
"ဟယ်…သူ့ဟာသူ ထွက်သွားပြီး…"
"ပီပီ လိုက်ပို့ရင် မခံစားနိုင်လို့လေ…ပီပီ တကယ်နေနိုင်တယ်…မုန်းဖို့ကောင်းတယ်…ရက်စက်တယ်….အကျင့်ပုတ်…"
"ကဲတော်ပါတော့….ပြောလိုက်တာ ရစရာကို မရှိဘူး…နေရှင်းသန့််ကို အရပ် ကြည့်ပြီး ဆုံးဖြတ်တဲ့သူဆို မှားမှာပဲ…"
"ဘာလို့…"
"လူသာ အကောင်ကြီးလာတာ ဦးနှောက် ဖွံဖြိုးမှု က ရပ်တန့်နေတယ်လေ….သုံးနှစ်….အဲ ငါးနှစ်လောက်မှာ ရပ်တန့်သွားတာ ဖြစ်မယ်…"
"အာ….ပီပီနော်…."
စိုးစိုး ပါးပေါ်က သူ့လက်ကို ပုတ်ချလိုက်တော့ လက်ကို ဆုပ်ကိုင်ပြီး ပြုံးပြသည်.။
သူ့ကို ပြန်ပြုံးပြ၍ အကြည့်လွဲကာ ရှေ့ကိုပဲ ငေးကြည့်နေမိသည်..။
အိပ်မက်များလား..။
စိတ်ကူးတောင် မယဉ်ဝံ့ခဲ့ပါဘူး…။
စိုးစိုး ဝယ်ထားတဲ့ အခန်းက သေးပေမဲ့ ခဏနေဖို့တော့ အဆင်ပြေပါသည်..။
ခဏခဏ လာနေရတော့ တည်ခိုခန်းတွေထက် စာရင် လွတ်လပ်လို့ မလိုအပ်ပဲ ဝယ်ထားမိတာ အခုလိုကျတော့ အသုံးဝင်သည်..။
"ဟူး…ပီပီ က လည်း ဝယ်သမျှတွေ က သေးသေးကျဉ်းကျဉ်းလေးပဲ….ကြည့်ဦး…"
"သြော်..ခဏပဲ နေရမှာ ဆိုတော့ အခုလို အနေအထား တော်ပြီပေါ့….ဆယ်သိန်းဆိုတာ ခုခေတ် မြေဖိုးပဲ ရှိတယ်…"
"ပီပီ က စီးပွားရေး တော်ပေမဲ့ အခုလို အရောင်းအဝယ်မှာ အလိမ်ခံရတာပဲမလား…ဒီလောက် ကျဉ်းကျဉ်းလေး ကို ဝယ်တာ သူတို့တော့ တော်တော် ကျေးဇူးတင်လိမ့်မယ်…"
"တေ်ာပါပြီ….သွား…ခြေလက်ဆေး…"
"သူများပြောပြီး သူကျတော့…"
စိုးစိုး ကို ပြန်ပြောပြီး မျက်စောင်းထိုးသွားတဲ့ သူ့ကို ကြည့်ရင်း ရယ်မိသည်..။
တက်လည်း တက်နိုင်ပါရဲ့..။
အခန်းမဖွဲ့ထားလို့ ကြမ်းပြင်ကို တံမြတ်စည်းလှဲပြီး တစ်ခုတည်းသော အခင်းကို ခင်းလိုက်သည်..။
"ဒီတိုင်းကြီးလား.."
"ဟုတ်တယ်….ဘာမှ မရှိဘူး..ခြင်ထောင်တောင်မှ အရင်ခဏနေသွားတဲ့ မာမေ့ ဧည့်သည် ကျန်ခဲ့တာ.."
"တော်သေးတယ်…"
စိုးစိုး လက်ကို ကွေးပြီး ခေါင်းအုံးလိုက်ကာ တစ်ဖက်ကို လှည့်၍ အိပ်လိုက်သည်..။
မီးမမှိတ်ရသေးတာ သိပေမဲ့ ဘာမှ လုပ်ချင်စိတ်မရှိအောင်ကို အိပ်ချင်နေပြီ..။
"လက်နာမှာပေါ့….."
"ရတယ်…"
"အင့်…..ဒီပေါ်မှာအိပ်…"
စိုးစိုး ရဲ့ အဝတ်အိတ် လေးကို နေရာချပေးတော့ နည်းနည်း အဆင်ပြေသွားသည်..။
"…………."
အနားကို အတင်းတိုးကပ်လာပြီး အိတ်ပေါ်မှာ ခေါင်းတင်တော့ သူ့ခေါင်းနဲ့ စိုးစိုးခေါင်းထိနေပြီး မနေတက်ဖြစ်ရသည်.။
"နင် ပဲ အိပ်တော့.."
"မရပါဘူး…"
စိုးစိုး ထဖို့လုပ်ပေးမဲ့  ပခုံးကို ကလေးတစ်ယောက်လို သိုင်းချုပ်ဖက်ထားတော့ မျက်လုံးသာ မှိတ်လိုက်ရတော့သည်..။
"…………….."
"……………"
ပြောတော့ဖြင့် လက်နာမှာ စိုးလို့တဲ့..။
အခုတော့ စိုးစိုး ပခုံးကို သူ့မျက်နှာကြီး ဖိထားတာ အတော်လေး နာနေပြီ..။
မီးလည်း မမှိတ်ပဲ အိပ်ပျော်နိုင်သည့် သူ့ကို အံသြရင်း သက်ပြင်းချလိုက်သည်..။
နင် ဘာမှ မပြောင်းပါလား နေရှင်းသန့်..။
ကလေး တစ်ယောက်လိုပါပဲ…။
မျက်တောင်ဖျားတွေ ဖိကပ်အိပ်ပျော်နေသည့် သူ့ကို ကြည့်ရင်း ပြုံး၍ မျက်လုံးတွေ ပြန်မှိတ်ထားလိုက်သည်..။
ရင်းနှီးခွင့်ရနေသည့် အခိုက်အတန့်လေးမှာ ပျော်ရွှင်ရပါသည်….။
0211-1250



◇◆◇◆◇◆◇◆◇◆◇◇◆◇◆◇◆◇◆◇◆

စာရှည်သွားတယ်…တချို့ ဖတ်လို့ရမှာ မဟုတ်ဘူး ဆောရီးပါ 😢🙏

😢✍🙏

Love U All ❤

࿇Sקicค Liຖ࿇

မြူခိုးမှိုင်းဝေWhere stories live. Discover now