မြူခိုးမှိုင်းဝေအပိုင်း (၃၃)
0223-1240
#မြူခိုးမှိုင်းဝေ
"ဟူး..."
"........."
နေရှင်းသန့် အိပ်နေရင်းက ပါးနှစ်ဖက် ဖောင်းအောင် သက်ပြင်းချ၍ နာရီကို တစ်ချက်ကြည့်လိုက်သည်..။
ခြောက်နာရီ ပြန်ရောက်မယ်ဆိုပြီး ခုနှစ်နာရီ ဖြစ်နေပြီ...။
အနားမှာ ချထားတဲ့ ဖုန်းကို ကောက်ယူပြီး ဖုန်းခေါ်ဖို့ တွေးမိသည်..။
"တူ.....တူ.....တူ....."
ဖုန်းခေါ်နေရင်းက အလုပ်များနေမလားလို့ အတွေးဝင်လာတော့ ဖုန်းကို ပြန်ချလိုက်မိပြန်သည်..။
"ပီပီ...ကြာဦးမှာလား..."
"အင်း..."
ချက်ချင်းစာပြန်တော့ နေရှင်းသန့် နှာခေါင်းရှုံ့မိသည်..။
ဘယ်လောက်တောင်ကြာဦးမှာလဲ...။
လွမ်းနေပြီလို့ စာပို့ချင်ပေမဲ့ အနားက တစ်စုံတစ်ယောက် တွေ့သွားမှာစိုးသည်..။
နေရှင်းသန့် အခန်းထဲက ထွက်ပြီး ဝရန်တာလေးမှာ ခဏရပ်သည်..။
အသွားအလာ ရှင်းနေသည့် လမ်းမကြီးကို စီးမိုးကြည့်ရင်း အတွေးနယ်ချဲ့နေမိသည်...။
ညကျရင်လည်း လက်ကို ခေါင်းအုံး အိပ်ရဦးမှာလား..။
နေရှင်းသန့် သတိရတော့ လမ်းပေါ် ဆင်းလာခဲ့လိုက်သည်..။
တစ်လမ်းကျော်မှာ အိမ်သုံးပစ္စည်းဆိုင်တစ်ခုတွေ့တော့ ဝင်မေးရသည်..။
"အစ်မ...ခေါင်းအုံးတွေ ဘာတွေရလား.."
"ရပါတယ်..မောင်လေး...ဒီဘက်မှာပါ..."
"ဟုတ်ကဲ့..."
"............"
နေရှင်းသန့် ဝင်သွားချိန် ဈေးဝယ်သူ တချို့လည်း ရှိနေသည်.။
တစ်ဖက်က ဆိုင်ခန်းက ထင်ထားတာထက် ပိုပြီး ကျယ်ဝန်းသည်...။
အိပ်ခန်းပစ္စည်း အစုံအလင်တွေ ရှိသည်..။
မွေ့ယာထူထူ တွေကို ထောင်ထားတော့ နေရှင်းသန့် ပြုံးမိသည်..။
YOU ARE READING
မြူခိုးမှိုင်းဝေ
Romance◇◆◇◆◇◆◇◆◇◆◇◇◆◇◆◇◆◇◆◇◆◇ "ဘာကို စိုးရိမ်နေတာလဲ... ငါ့ရဲ့ ခံစားချက်ကို သိအောင် မကြိုးစားစမ်းပါနဲ့...လူလောကမှာ နေတာ ကြာလေ....အမှား ပိုလုပ်မိလေပဲ..အဲတော့...နင့်ထက်ပိုများတဲ့ အမှားတွေလည်း လုပ်ခဲ့ဖူးပြီးပြီ......အမှားပေါင်းများစွာကို ဖြတ်ကျော် ဖြတ်လျှောက်ခ...