Part 29

2.6K 161 4
                                    




မြူခိုးမှိုင်းဝေ
အပိုင်း(၂၉)
#မြူခိုးမှိုင်းဝေ

"နေရှင်းသန့်…"
"အင်း.."
"လက်ဖြုတ်လေ…"
"မဖြုတ်ပါဘူး…ဒီကို အတွဲတွေပဲ လာတာ…လက်ဖြုတ်လည်း တူတူပဲ…"
"ဟွန့်…."
"အွင့်…ရှက်ရင် ကွယ်ထား…"
ဝယ်ထားတာ မကြာသေးသည့် ထီးကို ကွယ်ပေးလိုက်တော့ စိုးစိုး မော့ကြည့်ပြီး မျက်မှောင်ကြုတ်မိသည်..။
ကလေးလို နှာခေါင်းရှုံ့ပြလိုက်တော့ ရယ်ပြီး အကြည့်လွဲလိုက်သည်..။
"ကိုနေကြီး…"
"ဟမ်….သြော်…နိုင်ဦး…."
"……….."
အနားကို ရောက်လာသည့် ကောင်လေး ကြောင့် စိုးစိုး လက်ကို ရုန်းမိသည်..။
မဖြုတ်ပေးပဲ ပိုဖိထားတော့ စိတ်ထဲ ပင်ပန်းသွားသည်..။
သူ့ အသိတွေကို မသိစေချင်ပါဘူး..။
"မင်း တစ်ယောက်တည်းလား…"
"ဟဲ..ဟဲ…တစ်ယောက်တည်းလေ…ကိုနေကြီးလို မဟုတ်ဘူး…ရှာဖွေဆဲပဲ...."
"ဟား..ဟား…အေးပါကွာ….အချိန်တွေ ရှိပါသေးတယ်…စိတ်ဓာတ်မကျနဲ့…"
"ဟုတ်ကဲ့…….သွားဦးမယ်…မမ…."
"ဟုတ်ကဲ့…"
စိုးစိုး ခေါင်းညိတ်နှုတ်ဆက်လိုက်ပြီး တစ်ဆက်တည်း မော့ကြည့်မိသည်..။
မျက်ခုံးပင့်ပြီး ပခုံးတွန့်ပြတော့ ဘာမှ မပြောတော့ ပဲ သက်ပြင်းသာ ခိုးချရသည်..။
"ဘာလို့ အတင်းရုန်းတာလဲ…"
"အသက်ကြီးကြီး မိန်းမ နဲ့ တွဲနေတာ မရှက်ဘူးလား…"
"ပီပီနော်….အဲလို ထပ်မပြောနဲ့….ငါ တကယ်မကြိုက်ဘူး…"
"ဒါပေမဲ့…"
စိုးစိုး ဆက်ပြောချင်တဲ့ စကားတွေကို ရပ်တန့်လိုက်သည်..။
ပုံစံ တုံးတုံး ရုပ်မချောတဲ့ မိန်းမကြီး တစ်ယောက်နဲ့ သူ့အသိတွေ တွဲမြင်ရင် ဘယ်လို ထင်သွားမလဲ..။
သူ့ သူငယ်ချင်းတွေကလည်း သူ့ဘက်က နာကြသည်..။
ရုပ်ရည်ချောသလို ပညာလည်းတော် အလုပ်အကိုင်လည်း ရှိနေသည့် သူ့မှာ လိုက်ဖက်တဲ့သူ တစ်ယောက်တော့ ရှိသင့်သည်.။
သူ တိုးတက်နေတာကို မနာလိုတဲ့ ပတ်ဝန်းကျင် က အသက်ကြီးကြီး မိန်းမနဲ့ တွဲနေတယ် ဆိုပြီး ပြောစရာဖြစ်လာမှာ စိုးရိမ်ပါသည်..။
ကိုယ်က ဒီမှာနေတာ မဟုတ်ပေမဲ့…ဒါက သူ့ပတ်ဝန်းကျင်လေ..။
သူ့သိက္ခာ…သူ့အဆင့်အတန်း ကို ဂရုစိုက်ပေးသင့်တယ်လို့ ထင်သည်..။
"ပီပီ."
"ဟင်…"
"အမှုန့်အမွှားတွေချည်း လိုက်ကြည့် တွေးမနေနဲ့….ငါ့ရင်ဘတ်ကြီးက ဒီမှာသလား…"
"အို…"
စိုးစိုး လက်ကို ဆွဲယူပြီး ရင်ဘတ်ပေါ် တင်ပြတော့ ပတ်ဝန်းကျင်ကို အလန့်တကြားလိုက်ကြည့်ပြီး လက်ကိုရုန်းရသည်.။
"ရှက်နေတာ….အဟွင်း.."
စိုးစိုး ကို ကြည့်ပြီ ရယ်ရင်း လက်ကို တွဲ၍ လွဲကာ လမ်းလျှောက်နေတော့ ဘာမှ မတုန့်ပြန် ပဲ ငြိမ်၍သာ နေလိုက်ရတော့သည်..။
သူလိုက်ပို့တဲ့ ပန်းခြံက ထွက်လာတော့ ကားက အခန်းနဲ့ ဆန့်ကျင်ဘက် ကို သွားနေသည်..။
"ဘယ်ကိုလဲ..နေရှင်းသန့်…"
"ပြန်မယ်မလား…"
"ဟမ်…"
"မပြန်လို့မရဘူးဆို…"
"အင်း…ဟိူ…"
စိုးစိုး အိမ်ပြန်ရမဲ့ အကြောင်းတွေးမိတော့ စိတ်မကောင်း ဖြစ်လာပြန်သည်..။
အလုပ်ကိစ္စ ကြောင့် ပြန်ရမှာ သိပေမဲ့ ညပိုင်းကျမှ ပြန်ချင်သည်..။
နေ့လည် နေပူသလို အချိန်လည်း ကုန်သည်..။
တစ်နေ့လုံး အတူတူ ရှိနေနိုင်ရဲ့သားနဲ့ ပြန်ရတော့မယ်ဆိုတော့ ငြင်းချင်သည်..။
"အခန်းသော့.."
"ဘာမှ မကျန်ခဲ့ဘူး…ဒီအိတ်တစ်လုံးနဲ့ ဆင်းလာတာလေ….."
"နေ့ခင်းဆိုတော့…"
"နေမဝင်ခင် ရောက်မှာပေါ့…"
"အမ်း…"
"ညမှ သွားတော့ …ဒီကောင်က စိတ်ပူရဦးမယ်…"
"…………."
စိုးစိုး ဘာမှ မပြောတော့ပဲ ခေါင်းညိတ်လိုက်ရသည်.။
"နောက်တစ်ခေါက်လာရင်လည်း နေ့ခင်းပဲလာနော်…."
"ဟင်…အင်း…"
"ဖုန်းလည်း မပိတ်တော့ဘူး….အမြဲဖွင့်ထားမယ်…ဘာပဲ ဖြစ်ဖြစ် ဘယ်အချိန်ဖြစ်ဖြစ် ဖုန်းဆက်…"
"အင်းပါ…"
"မနက်  နဲ့ ညပဲ မဟုတ်ဘူးနော်…ပီပီ ဘာလုပ်လုပ် ဖုန်းဆက်…"
"ဟင်…"
"ဟုတ်တယ်….မပြောကောင်း မဆိုကောင်း ခလုတ်တိုက် လို့ ခြေသန်းနာသွားလည်း ဆက် …ည အိပ်မရရင်လည်းဆက်….ထမင်းစားရင်း နင်ရင်လည်း ဆက်…အိမ်ရှေ့က ပန်းတွေပွင့်တာတွေကလည်းဆက်….မနက်ပိုင်း.."
"အို..တော်ပါတော့…အဟွင်း…"
"တကယ်ပြောတာ….ဆက်မယ်မလား..အဲလိုမဆက်နိုင်ရင်  ပြန်မနေနဲ့တော့ …အတူတူနေလိုက်မယ်….ငါ့လခနဲ့ နှစ်ယောက်စာ လောက်တယ်…."
"အင်းပါ…အင်းပါ…ဆက်ပါ့မယ်…ရပလား…."
"လိမ်မာတယ်….ငါ..ဒီလထဲ စာမေးပွဲ ရှိတယ်…ပြီးတော့ နှစ်ကုန်ပိုင်းလောက် ကျရင် ဂျပန်  ခဏသွားရမယ်……"
"ဟင်…"
စိုးစိုး မျက်လုံးပြူးသွားတော့ သွားစွယ်လေး ပေါ်အောင် ရယ်ပြီး လက်ကို ကိုင်၍ ဖွဖွ ဖျစ်နေသည်..။
"အဲဒါက နောက်မှပါ…တကယ်ဆို လိုက်ပို့ချင်တာ…."
"မလိုပါဘူး…ငါ တစ်ယောက်တည်း သွားတက်လာတက်ပါတယ်…."
"ဒါပေမဲ့…စိတ်မချဘူးလေ…."
စိုးစိုး နှာခေါင်းရှုံ့ပစ်လိုက်သည်..။
ပိုနေပါပြီနော်..။
"ဖုန်းဆက်နော်…"
"အမ်း…"
"နားကြပ် ဝယ်ပြီးပြီလား.."
"ဟင့်အင်း.."
"……….."
သူ့ဘောင်းဘီ အိတ်ထဲက ဘူးလေး ထုတ်ပြီး စိုးစိုး  ပိုက်ဆံအိတ်ကို ဆွဲယူကာ ထည့်ပေးသည်..။
"ဟယ်….ငါ့ဟာငါ့ဝယ်ပါ့မယ်…"
"မေ့ဦးမှာပဲ…"
"……….."
"ကားရပ်တိုင်း ဖုန်းဆက်နော်…"
"အင်းပါ…."
စိုးစိုး စိတ်ထဲမှာ တခြား အကြောင်းအရာ ကြီးစိုးလာသည်..။
သူ့သူငယ်ချင်းတွေ..။
"နေရှင်းသန့်…"
"ဟမ်…"
"နင်…ရှက်လို့လားဟင်…"
"ဘာကိုလဲ…"
မျက်မှောင်ကြုတ်ပြီး မေးတော့ ဖြေဖို့ နည်းနည်း တွန့်ဆုတ်သွားသည်..။
သူ မကြိုက်ပါဘူးဆိုတာ ကို ဘာလို့ ပြောမိပါလိမ့်..။
"ဟိုလေ…..သူငယ်ချင်းတွေ့သွားလို့ ပြန်ခိုင်းနေတာလား…."
"ဘာလို့ အဲလို ထင်ရတာလဲ….ဟင်…"
"ဟို…"
"ငါ့စေတနာတွေ….ငါ့အချစ်တွေကို…ပီပီ ခံစားလို့မရသေးဘူးပဲ…"
"အဲလို…မဟုတ်ပါဘူး…"
"ကျစ်…."
လက်ကို ဖြုတ်ပြီး တစ်ဖက်ကို မျက်နှာ လွဲသွားတော့ စိုးစိုး ဘာပြောရမှန်း မသိဖြစ်ကာ စိတ်ပူသွားသည်..။
စိတ်ကောက်နေလို့ လာချော့တာ..ပြန်မယ်ဆိုကာမှ ပြန်ကောက်သွားပြန်ပါပြီ…။
"နေရှင်းသန့်…."
"…………."
"ကောက်ပြန်ပြီလား…ဒါဆို တစ်ညထပ်အိပ်ရမယ် ထင်တယ်…"
"………"
စိုးစိုး ဘေးကို ကိုယ်ကိုင်းပြီး တိုးတိုး ပြောလိုက်တော့ ပြုံးပြီး လှည့်ကြည့်လာသည်..။
လက်ကို ကိုင်ပြီး သက်ပြင်းလည်း ချသေးသည်..။
အခုတော့ ကလေး မဟုတ်တော့ပြန်ဘူး..။
"ပီပီ….ငါ့ကြောင့် ပင်ပန်းသွားပြီ….အဟွင်း….ငါလည်း စိတ်ကို ဘယ်လောက်ပြင်ပြင် ပီပီ နဲ့ တွေ့ရင် ကလေးလိုပါပဲ…"
"ဝန်ခံပြီပေါ့…"
"အွင်း….ရွာအရောက်ကားသိလား…..တစ်ခါတည်း စီးသွားနော်….ခြံရှေ့ကျမှ ဆင်း…"
"အင်း…"
"အခုထွက်ရင် ခြောက်နာရီလောက်ဆို ရောက်လိမ့်မယ်…"
"အွင်း…"
"လမ်းမှာလည်း ဖုန်းဆက်ဖို့ မမေ့နဲ့နော်…"
စိုးစိုး ခေါင်းညိတ်နေရပေမဲ့ သူကတော့  ကားဂိတ် ရောက်သည် အထိ လက်ကို ကိုင်ကာ  မှာကြားလို့ မပြီးနိုင် ဖြစ်နေသည်..။
လက်မှတ်ဘယ်တုန်းက ဝယ်လိုက်လဲ မသိ..။
"လာ…ပီပီ…."
ကားပေါ်အထိ နေရာချပေးတော့ ကားက ငါးမိနစ် အတွင်း ထွက်မည်တဲ့..။
တစ်လမ်းလုံး အေးဆေး တည်ငြိမ်နေတဲ့ သူ့ရဲ့အချိန်တိကျမှုကို လေးစားသွားသည်..။
ငယ်ငယ်တုန်းကလို မဟုတ်တော့ဘူးပေါ့…။
"နှစ်ခုံတွဲနော်….ဘယ်ကောင်မှ မထိုင်စေနဲ့.."
"ဟင်…"
"ယောက်ျားလေးဆို ကလေး လူကြီး လက်မခံနဲ့…မသနားနဲ့နော်…"
"အဟွင်း…အင်းပါ…."
သူ ပြောတာကို တဖြည်းဖြည်း သဘောပေါက်လာတော့ စိုးစိုး ကြည်နူးစိတ်ဖြင့် ပြုံးမိသည်..။
ကားပေါ်က ဆင်းသွားတဲ့သူ့ကို လိုက်ကြည့်ရင်း အသက်အရွယ်ကြီးနေပေမဲ့ နှလုံးသားက နုနယ်နေသေးတာ သတိထားလိုက်မိသည်..။
မျက်တောင်တွေကို ပုတ်ခတ်လိုက်ပြီး မငိုမိအောင် ချုပ်ထိန်းထားရသည်..။
"ဟေ့…ပီပီ…"
"အင်…"
အရပ်ရှည်ပေမဲ့ ကားအမြင့်မို့ ခုန်ပြီး ပုတ်ချိတ် မှန်တံခါးလေး ဆွဲဖွင့်လိုက်သည်..။
"ဖုန်းအားရှိတယ်မလား…"
"အင်း…."
"ခေါင်းထုတ်ဦး…"
"ဟင်…"
စိုးစိုး မှန်တံခါးနားကပ်ပြီး  ခေါင်းထုတ်ကာ ခါးကိုင်းလိုက်တော့ သူ့နှုတ်ခမ်းပေါ် လက်နှစ်ချောင်းတင်ပြသည်..။
ဘာလုပ်တာပါလိမ့်…။
လူငယ်စုံတွဲတွေရဲ့ နှုတ်ဆက်ခြင်းမျိုးလား..။
"အို…"
အရပ်ရှည်ရှည်နဲ့ ကိုယ်ခန္ဓာကိုမှ မသက်ညှာပဲ ခုန်လိုက်တော့ မျက်လုံးပြူးအံသြချိန် ပါးကို လက်ချောင်းနှစ်ချောင်းဖြင့် ထိပုတ်သွားသည်..။
"အဟား….တာ့တာ…ပီပီ…"
စိုးစိုး မှာ ရင်ခုန် စိတ်လှုပ်ရှား ပျော်ရွှင်ရသလို ဘယ်သူတွေများ မြင်သွားသေးလဲ တွေးရင်း ပတ်ဝန်းကျင်ကို မျက်နှာပူမိသည်..။
"ကားရပ်တိုင်း ဖုန်းဆက်နော်…"
"အင်းပါ…နောက်ဆုတ်ဦး…"
"………"
"………."
ခေါင်းညိတ်ပြီး နောက်ကို တစ်လှမ်းချင်းဆုတ်ကာ ရင်ဘတ်ကို လက်နဲ့ပုတ်ပြသည်..။
ခပ်လှမ်းလှမ်းက ကောင်မလေးတွေကတော့ ကားပေါ်ကို မျက်လုံးပြူးလေးများဖြင့် လိုက်ရှာနေကြသည်..။
ဒီလို ရှင်းသန့်နေတဲ့ ကောင်လေးရဲ့ ချစ်သူကို အားကျဂုဏ်ပြုတဲ့ မျက်ဝန်းများဖြင့်ပေါ့..။
အသက်ကြီးကြီး ပုံတုံးတုံး မိန်းမကိုတော့ မထင်ထားဘူးနဲ့ တူပါရဲ့..။
ကား က သူ့ဘေးက ဖြတ်လာချိန် လက်ပြပေမဲ့ မျက်ဝန်းထဲက ကြည်လဲ့နေသည့် အရာကို မြင်ရတော့ ရင်ထဲစို့သွားသည်..။
လက်ပြပြီး ထိုင်လိုက်ပေမဲ့ နောက်ကျောကို ခေါင်းငှဲ့ မကြည့်ရက်.။
စိုးစိုး သက်ပြင်းချလိုက်ရင်း ခေါင်းမှီကာ  မျက်လုံးမှိတ်လိုက်ပေမဲ့ ပါးနှစ်ဖက်မှာ စွပ်စို ပူနွေးသွားသည်..။
သူတစ်ပါးကို ဆိုရင် ဒီအသက်အရွယ်မှ ကလေးဆန်လိုက်တာလို့ ဝေဖန် မိမှာပါပဲ..။
ကိုယ့်အဖြစ်က လူသာ အသက်ကြီးပေမဲ့ နှလုံးသားက နုသစ်စ မျှသာ…။
1802-0444
.
"နေကြီး…"
"ဟမ်…"
"မင်း ကို ဖိုတိုမော်ဒယ် လုပ်ဖို့ ခေါ်တယ်ဆို…ဟလား…"
"အမ်း…"
"ဘယ်တော့လဲ…"
"ရှေ့အပတ်…ငပလီ မှာသွားရိုက်မယ် ပြောတယ်…စရိတ်ငြိမ်းခေါ်တာ…"
"ဟာ..မိုက်တာပေါ့…မင်းသွားရင် တို့လည်း လိုက်ခဲ့မယ်.."
"ငါ မလုပ်ဘူးလို့ ပြောလိုက်ပြီ…"
"ဘာ…"
နေရှင်းသန့် အနားကို ချက်ချင်း ရောက်လာတဲ့ အောင်ကျော်ဦးကြောင့် ရယ်မိသည်..။
ပြဿနာတွေ တစ်ခုချင်းစီ ရှာနေတော့မှာပဲ…။
ပီပီ ကြောင့်သာ လို့ ပြောလိုက်ရင် ပိုဆိုးမည်.။
နေရှင်းသန့်လည်း နွားဘ၀ ကို အလိုလို ရောက်ဦးမည်..
"ဘာဖြစ်လို့လဲကွ…"
"ကမ့် အတွက် ငါ အလုပ်တွေ ရှိတယ်လေကွာ…"
"နားစမ်းပါ…သွားစမ်းပါ…အဝေကြီး လိုသေးတယ်…တစ်ပတ်လောက် ခရီးထွက်ရဖို့ ကို မင်းကွာ…တုံးလိုက်တာ…"
"ငါ မော်ဒယ် အလုပ် မလုပ်ချင်တော့ဘူး..စာကိုပဲ အာရုံစိုက်ချင်တယ်…အနုပညာ အလုပ်လည်း ငါ ဝါသနာ မပါဘူးကွာ…"
"ဘာလဲ….ဟိုအဘွားကြီးက မလုပ်ခိုင်းတာလား…"
"ဟား..ဟား..မဟုတ်ပါဘူးကွာ…."
"မဟုတ်သေးဘူး….မင့်…"
"ကိုကိုရေ…"
"လာပြီ…လာပြီ…မင့်နဲ့ ည မှ ဆက်ဆွေးနွေးမယ်…."
နေရှင်းသန့် စိတ်ထဲကနေ အောင်ကျော်ဦး ကောင်မလေး ကို ကျေးဇူးတင်မိသည်..
မဟုတ်လို့ကတော့ တစ်နေ့ကုန် ရစ်လို့ ကုန်မယ် မထင်..။
အတန်း မသွားခင် နာရီ ကြည့်လိုက်တော့ နေ့ခင်း ဖြစ်နေသည်.။
နေရှင်းသန့် ဖုန်း မခေါ် ခင် မက်ဆေ့ အရင်ပို့ရသည်..။
ခဏကြာတော့ ဖုန်းဝင်လာသည်..။
"ဟလို…"
"………"
"ဟလို…."
"……….."
"နေရှင်းသန့်…."
"…………."
"ဟော….ဖုန်းခေါ်ပြီး…"
"မောင်လို့ ခေါ်ကြည့်ပါဆို…"
"မခေါ်တက်ပါဘူး….ဘာလုပ်နေလဲ…ထမင်း စားပြီးပြီလား…"
"မစားသေးဘူး…ပီပီကော…"
"အင်း…ပြီးပြီ..ခဏနော်….ဘောက်ချာ ရေးပေးရမယ်…."
ဖုန်းကိုင်ထားရင်း သက်ပြင်း တစ်ချက် ချလိုက်သည်.။
ဘာဖြစ်လို့များ ကိုယ့် ချစ်သူက အလုပ်တွေ များနေတာလဲ…။
"ဟလို.."
"အင်း…..ပြီးပြီလား….အလုပ်များနေတယ်မလား.. …ထမင်း စားပြီးပြီလားလို့ မေးကြည့်တာ….ဒါပဲလေ…"
"အမ်း…ဒါဆို ညမှ ပြောမယ်နော်…"
တစ်ဖက်က ဖုန်းချသွားတော့ နေရှင်းသန့် ခေါင်းရမ်းလိုက်မိသည်..။
အမြဲတမ်း ဒီလိုချည်းပဲ…။
ဖုန်းချမယ် ပြောပြီးတာနဲ့ ချပစ်လိုက်တာပဲ…။
ဟူး….အသက်အရွယ်အရပေါ့လေ..။
နေရှင်းသန့် ပြုံး၍ ဖုန်းကို အိတ်ထဲ ထည့်လိုက်သည်.။
.
"ပီပီ…"
"ပြောလေ…."
"ငါ့သူငယ်ချင်းတွေလည်း ရှိတယ်…သူတို့နဲ့ ပြောကြည့်ပါလား.."
"အို…မပြောချင်ပါဘူး.."
စိုးစိုး ပျာပျာသလဲ ငြင်းလိုက်ရင်း စိတ်တွေ လှုပ်ရှားလာသည်…။
"ပီပီကလည်း…ပီပီရောဂါက လူမှုဆက်ဆံရေး ပြန်လုပ်ရင် အလိုလို ကောင်းတယ်တဲ့….ငါ့သူငယ်ချင်းက ပီပီ့ သူငယ်ချင်းပဲပေါ့…စကားမှားမှာ စိတ်မပူနဲ့….အေးဆေးပါ….ဘာမှ မဖြစ်ဘူး…."
"ဟင့်အင်း…မပြောချင်ဘူး…"
"ကျစ်…ကဲ..ဟုတ်ပါပြီ…လူခေါ်ခိုင်းတာကော ရပလား…"
"အင်း….ညိုညို  လာနေလိမ့်မယ်…"
"ဒါဆို ခု ဘယ်သူမှ မရှိဘူးပေါ့.."
"အင်း…"
"ဟူး….စိတ်မချဘူး…"
ပါးနှစ်ဖက်ဖောင်းအောင် သက်ပြင်းချပြီး စိတ်ပူနေတဲ့ နေရှင်းသန့် ပုံရိပ်ကို ကြည့်ရင်း စိုးစိုး ပြုံးမိသည်..။
အခုလို စိတ်ပူပေးဖော်ရတာ ကျေးဇူးတင်ရမည်…။
မီးရောင်မှိန်မှိန်တွေကြောင့် သူရောက်နေတဲ့ နေရာကို စိတ်ထဲ ထင့်သွားသည်..။
သူ့ သူငယ်ချင်းတွေက အမြဲတမ်း အဲဒီ့လို နေရာကို သွားနေတာပဲ..။
အရက်လည်း သောက်လို့ရသည်..။
မီးရောင် ခပ်မှိန်မှိန် ကြားထဲ ကောင်မလေးတွေနဲ့လည်း ရင်းရင်းနှီးနှီး နေလို့ရသည့် နေရာ…။
အပေါင်းအသင်းကြောင့် ပျက်စီးတော့မှာ စိုးရိမ်သည်..။
စိုးစိုး ပြောလိုက်ချင်ပေမဲ့ စိတ်ခုသွားမှာ စိုးလို့ မြိုသိပ်ထားလိုက်သည်..။
"ဟလို….ဟေ့…"
"ဟမ်….သြော်..ဒါပဲလေ…သူငယ်ချင်းတွေစောင့်နြေ့ပီမလား…"
"အဟွင်း…စိတ်မပူနဲ့နော်…ဘယ်ကောင်မလေး မှ မကြည့်ဘူး သိလား…"
"ကြည့်လည်း ဘာမှ မဖြစ်ပါဘူး.."
"အမယ်…"
"နင့် ကို ယုံတယ်…"
"ငါတော့ ယုံတယ်လို့ မထင်ဘူး…"
"ဟမ်…."
"ဂရုမစိုက်တာလေ…"
"ဟယ်…"
စိုးစိုး ရဲ့ ခံစားချက်ကို စွပ်စွဲလိုက်တော့ မျက်လုံးပြူးသွားသည်..။
နှာခေါင်းရှုံ့ ခေါင်းရမ်းပြပြီး သွားစွယ်တွေ ပေါ်အောင် ရယ်ပြတော့မှ သက်မ ချလိုက်နိုင်တော့သည်…။
"တာ့တာနော်….ချစ်တယ်…"
"အင်း…"
သူ အရင် ဖုန်းချသွားတော့ စိုးစိုး မှာ သက်ပြင်း တစ်ချက် ချလိုက်သည်..။
သူ့သူငယ်ချင်းတွေက ကောင်လေး ကောင်မလေးတွေ ရောထွေး ခုန်ပေါက်နေတဲ့ နေရာမျိုးကိုမှ ဘာလို့ ခဏခဏ သွားနေရတာလည်း နားမလည်..။
သူ့ရဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့်ကို ထိန်းချုပ် သလို မဖြစ်စေချင်လို့ အသိပေးလာတိုင်း ခေါင်းညိတ် လက်ခံမိသည်…..။
အခုကျတော့ သူ့ကို ဂရုမစိုက်တာလို့ စွပ်စွဲပြန်သည်..။
အစစ လိုက်ပြောနေရင်လည်း ချုပ်ခြယ် သည်ဆိုပြီး စွပ်စွဲ လိမ့်ဦးမည်..။
နားလည်ရခက်လိုက်တာ….နေရှင်းသန့်ရယ်..။
ငါက ပဲအသက်ကြီးသွားလို့ လိုက်မမှီတော့တာလား..။
ဟူး….အိုနေပါြ့ပီလေ…။
0221-1150
.
"ပီပီ…."
"အင်.."
"ဘယ်လိုပုံကြီးလဲကွာ…"
"ဟမ်…ဘာဖြစ်လို့လဲ…"
နဖူးမှာက ဝက်ခြံ နီနီရဲရဲ တစ်လုံး..။
မေးစေ့မှာလည်း သုံးလေးလုံး..။
မသိရင် မိတ်ကပ်ပြင်ပေးမဲ့ ဆရာရှေ့မှာ ထိုင်ပြီး ပြုံးပြနေသလိုလို..။
"မှုန်ကြုတ်နေတာပဲ…ဘာဖြစ်တယ် ပြောလေ…"
"ညပိုင်း Vc ခေါ်မှာ သိရဲ့နဲ့….အလှလေး ဘာလေးတောင် ပြင်မထားဘူး.."
"သြော်…ဟား.ဟား…မသိဘူးလေ…မလိုဘူး ထင်လို့ပေါ့…ဝက်ခြံတွေကြောင့်ရွံစရာကြီး ဖြစ်နေလား…ခုတလော ဘာဖြစ်လို့လဲ မသိဘူး.."
"လက်နဲ့ လျှောက်မထိနဲ့ ပိုဆိုးမယ်.."
နဖူးကို ကုတ်နေတော့ နေရှင်းသန့် အလိုမကျစွာဖြင့် တားဆီးလိုက်ရသည်..။
ငယ်ငယ်တုန်းက သူပဲ ပြောပြီး..။
အခုကျတော့ နေရှင်းသန့် က ပြန်ဆုံးမ နေရပြန်သည်..။
သူများစုံတွဲတော့ ဗီဒီယိုပြောချိန် ပုံရိုက်ပြီး တင်ထားရင် လှလှ ပပလေး..။
သူ့ပုံ ရိုက်လို့ကတော့ ဝက်ခြံကုတ်လိုက်…။
နဖူးပြောင်ပြောင်နဲ့…ဘာပုံတွေမှန်းကို မသိဘူး..။
"ဟေ့…မကြိုက်ရင် ပြောလေ…နောက်နေ့ ပြင်ထားပါ့မယ်…ငါ က နင်နဲ့ ဆိုရင် ဟန်ဆောင်စရာ မလိုဘူး ထင်လို့ပါ…"
"မကြိုက်ဘူးလည်း မဟုတ်ပါဘူး…ပုံလေး တင်ချင်လို့ပါ…"
နေရှင်းသန့် စိတ်ထဲ အားနာမိပြန်တော့ လေသံ က ပြန်ပျော့သွားသည်..။
"အဟွင်း…ကလေးဆိုးလေး…"
နေရှင်းသန့် စိတ်ကောင်းဝင်ပြန်တော့ စပြန်ပါပြီ..။
ကလေးဆိုးလေး ဆိုတိုင်း ကလေးလို သဘောထားမှန်းသိတော့ စိတ်တိုရသည်.။
မျက်မှောင်ကြုတ်ပြီး ကြည့်တော့ ရယ်ပြီး ဆောရီးလို့ ပြောသည်..။
"အိပ်တော့မလို့လား.."
"မအိပ်သေးပါဘူး…ဂိမ်းဆော့မလို့…"
"နောက်တောင်ကျနေပြီ.."
"ဘာလဲ…ဖုန်းချချင်ပြန်ပြီလား.."
"မဟုတ်ပါဘူး…မဟုတ်ပါဘူး..ဆရာရယ်…ကြောက်နေရတယ်…."
"………."
နေရှင်းသန့် ကျေနပ်စွာ ပြုံးပြီး ဖုန်းကို ထောင်ထားခါ တီရှပ်ကို ဆွဲချွတ်လိုက်သည်..။
"ဟဲ့…"
"ဘာလဲ….ပူလို့…."
"…….."
"အဟား…ပီပီ က ဘာလုပ်မယ်ထင်လို့လဲ…"
"မသိဘူး.."
"ဟူး….ပီပီသိလား…"
"ဘာလဲ…"
"လွမ်းတယ်…"
နေရှင်းသန့် စိတ်မောစွာ ပြောလိုက်တော့ ခေါင်းညိတ်ပြသည်..။
အတူတူ လွမ်းတယ်လို့ ပြောချင်တာလား..။
နေရှင်းသန့် ခံစားချက်ကို ထောက်ခံလိုက်တာ လားတော့ မဝေခွဲတက်ပါ..။
ပီပီ က ဖြစ်သမျှ ကို နှုတ်က ထုတ်မပြောတက်တော့ တော်တော် များများကို အကဲခတ်ရင်းသာ အချိန်ကုန်ရသည်..။
ချစ်တယ်လို့ ဖွင့်ပြောတုန်းကလည်း မျက်နှာရိပ်ကို အကဲခတ်ရင်းဖြင့်သာ အရဲစွန့်ပြောလိုက်ရတာပါ..။
"နောက်လကုန်မှ လာခဲ့မယ်လေ…နော်…"
"အမ်း….တစ်ပတ်တော့ နေကွာ…နော်…"
"အို…နေရှင်းသန့်ရယ်….ပန်းတွေ ခူးချိန် ရောက်တော့မယ်လေ….တစ်ပတ်ကြီးဆိုတော့ ကျွန်မပန်းတွေ ဘယ်လို လုပ်မလဲ.."
" အချိန်လွန်ပြီး မနွမ်းအောင် မောင် ခူးပေးမယ်…"
"အို….ဟား..ဟား…..ဟား…."
နေရှင်းသန့်မှာ အနုအလှလေးနဲ့ ကဗျာ ဆန်ဆန် ပြောလိုက်ပေမဲ့ ခွက်ထိုးခွက်လန် အောင် အော်ရယ်တော့ စိတ်ဆိုးချင်သည်..။
ဖြူစင် ရိုးသားလွန်းသည့် အပြုံးကြောင့် နှုတ်ခမ်းက အလိုလို ပြုံးသွားသည်..။
ပီပီ့ ကိုတော့ ချွင်းချက်အနေနဲ့ တကယ်မနိုင်ပါဘူးလေ..။
"ပီပီ…"
"အမ်…"
"အကောင့်စစ် သုံးဟာ…"
"ဘာလဲ…."
"ဖေ့ဘွတ် အကောင့်စစ် သုံးလို့….ငါ့လိုမျိုး နာမည် အမှန်  လူပုံ အစစ်တွေ သုံးခိုင်းတာဟ…."
"ဘာဖြစ်လို့လဲ…ဒီ အကောင့်တောင် မသုံးဖြစ်ပါဘူး…တစ်ခါတလေ….စပ်စုချင်လာမှ သုံးဖြစ်တယ်…"
"ဟဲ..ဟဲ….ငါ့အကြောင်းမလား…"
"အဟွင်း…ဟုတ်တယ်…."
"ဘာတွေ တွေ့လဲ.."
"ကောင်မလေး တစ်ယောက်နဲ့ တွဲရိုက်ထားတာလေ…"
နေရှင်းသန့် ခေါင်းကြီးပြီး မျက်လုံး ပြူးသွားသည်…။
အကောင့်ထဲ ဝင်မကြည့်တာတောင် သုံးရက်လောက် ရှိနေပြီ..။
"ဘာလဲ…ဘယ်မှာလဲ…"
"……….."
နေရှင်းသန့် မေးတာ မဖြေပဲ ပခုံးတွန့်ပြတော့ အနားက လပ်တော့ကို ယူပြီး အကောင့် ထဲ ဝင်ကြည့်ရသည်..။
"သြော်…အဲဒါ ငါတင်တာ မဟုတ်ဘူးလေ…ကျောင်းက ကောင်မလေး တင်ပြီး မန်းရှင်းခေါ်ထားလို့ပါ…."
"မသိဘူးလေ…ချောတယ်နော်…နင်တို့ လိုက်တယ်…"
"ဟာ….ပီပီ…."
"………."
ဘယ်တုန်းက သိပြီး ဘယ်လောက်တောင် တွေးထားလဲ မသိ..။
စကားပြောနေရင်း မျက်တောင် ပုတ်ခတ်ပြီး အကြည့်လွဲသွားတော့ ရင်ထဲ စို့သွားသည်..။
တစ်ခုခု ဆို ပွင့်ပွင့်လင်းလင်း မေးပြီး ရစ်တာမျိုး မလုပ်တက်တော့ တခြားမိန်းကလေးနဲ့ မတူဘူးဆိုပြီး ဂုဏ်ဆာ ရတော့မလိုလို..။
တွေးချင်ရာ လျှောက်တွေးရင်း ခံစားနေမှာ သိတော့ စိတ်မကောင်း ဖြစ်ရတော့မလိုလို..လမ်းတွေ ပျောက်ကုန်ပါပြီ..။
"ပီပီ…ဒီကို ကြည့်ဆို…"
"………"
ဖုန်းကို ပြန်ကြည့်ပြီး မေးငေါ့ပြတော့ မျက်ဝန်းတွေက အေးစက်နေသည်..။
"ငါ…ချစ်တာ နင် တစ်ယောက်တည်းပါ…ဘာလို့ မယုံတာလဲ…ဟမ်…"
"နင်က ငယ်သေးတယ်…နေရှင်းသန့်….လူဆိုတာ အတွေးများတယ်…သစ္စာဆိုတာ ကမ္ဘာပေါ်မှာ တကယ် ရှိရင် လောက မှာ ဒုတိယ လူ ဆိုတာ မရှိဘူး….ဒီတစ်ယောက်တည်းပဲ အသက်ထွက်အောင် ချစ်တယ်ဆိုတာလည်း..ဒီအခိုက်အတန့်ကို ပြောတာ ပါ….ဒါက လူတွေ တက်နိုင်လောက်တဲ့ အချိန်အကန့်အသတ်နဲ့ သစ္စာတရားပဲ…ထာဝရ သစ္စာဆိုတာ…စိတ်ချမ်းသာစရာ မုသားတစ်ခုပါ….လောက မှာ တကယ်မရှိပါဘူး…"
"ပီပီ…"
နေရှင်းသန့် အော်လိုက်တော့ သက်ပြင်းချပြီး ပြုံးပြသည်..။
ဒီလို တရားပေါက်နေတဲ့ အမျိုးသမီးကို ဘာတွေ ဘယ်လို ရှင်းပြရမှာလဲ..။
"အဓိက ငါတို့ အသက်ကွာတယ်….ရုပ်ရည်ကွာတယ်….စိတ်ဓာတ်ကွာတယ်…နေထိုင်မှု ပုံစံ ကွာခြားတယ်….အဲတော့ အခုလို ချစ်နေတဲ့ အချိန်မှာ အရမ်းတွေ ချစ်ကြမယ်နော်….တခြားတစ်ယောက်ကို နင် ချစ်သွားရင်လည်း ငါ ခွင့်လွှတ်တယ်…"
"ဘာလို့….ငါပဲလည်း…နင်လည်း သစ္စာဖောက်သွားနိုင်တယ်မလား…ဘာလို့ ငါနဲ့ပဲ အမြဲ ဥပမာ ပြနေတာလဲ..ဟမ်…"
နေရှင်းသန့် ထိုင်ခုံကနေ ထရပ်ပြီး လက်ထဲက တီရှပ်ကို လုံးထွေးကာ နံရံကို ပစ်ပေါက်လိုက်သည်..။
အမြဲတမ်း ပြောနေတဲ့ စကားက ထားခဲ့ရင် ထားသွားရင် တခြားတစ်ယောက်ဆီ သွားရင် ဆိုတာချည်းပဲထပ်နေသည်..။
သူ့ စိတ်အားငယ်လို့ ပြောတဲ့ စကားပေမဲ့ ကိုယ့်ရဲ့ အချစ်တွေ သစ္စာတွေကို အမြဲတမ်း စော်ကားခံရသလို ခံပြင်းသည်..။
"ဆောရီး…နင့်ဘက်က အခွင့်အရေး ပိုများနေလို့ပါ…စိတ်မပြောင်းတောင် တစ်နေ့ကျ စိတ်ကုန်မှာပဲ…ငါသိတယ်…"
"အေး…ပီပီ အဲလိုတွေသာ ဆက်လုပ် ဆက်ပြောနေရင် ကုန်လိမ့်မယ်…ကုန်မှာပဲ …"
"…………."
"……………"
တစ်ဖက်က ဖုန်းချသွားပြီမို့ နေရှင်းသန့် တောက်ခတ်လိုက်သည်..။
ခုတင်ပေါ် ပစ်လှဲချလိုက်ပေမဲ့ စိတ်တွေ မွန်းကြပ်လှောင်အိုက်နေသည်..။
သူများတွေ ရည်းစားထားရတာ ပျော်စရာ ကောင်းသလောက်..။
ကိုယ့်ချစ်သူက အသက်ကြီးနေလို့များလား..။
အဝေးက ချစ်နေရလို့များလား..။
မျက်နှာတောင် မသစ်တော့ပဲ အိပ်ပျော်ဖို့ ကြိုးစားမိသည်..။
ကျစ်….အဲကွန်းကလည်း ပျက်နေပြန်ပြီလား..။
ဂျင်းဘောင်းဘီရှည်ကို ဆွဲချွတ်ပြီး ရီမုလှမ်းယူလိုက်သည်..။
ရင်ထဲက ပူနေတာ ပိုဆိုးသည်..။
"ကျစ်…."
နေရှင်းသန့် မျက်နှာကို လက်ဝါးနဲ့ သပ်ပြီး နာရီ တစ်ချက် ကြည့်လိုက်တော့ တစ်နာရီ ထိုးနေပြီ..။
သူ အိပ်နေမလား.။
မနက်ကျရင် အစောကြီး ပြန်ထရတာ သိတော့ ဖုန်းပြန်ခေါ်ဖို့ တွန့်ဆုတ်နေပြန်ပြီ..။
သူလား အိပ်မှာ…။
နေရှင်းသန့် နှာခေါင်းရှုံ့ပြီး ဖုန်းပြန်ခေါ်သည်.။
လိုင်းပိတ်ထားလို့ နံပါတ်ကို ခေါ်ရပြန်သည်..။
"ဟလို…"
"လိုင်းဖွင့်…"
"ဟင့်အင်း….အိပ်တော့မယ်…"
"ဖွင့်နော်…ပီပီ…"
နေရှင်းသန့် အသံမာမာဖြင့် အမိန့်ပေးလိုက်ပေမဲ့ ရင်ထဲမှာ ဆွေးသွားသည်..။
အသံတမျိုး ဖြစ်နေကတည်းက ငိုနေပြီ ဆိုတာ သိပါသည်..။
"ကင်မရာ လှည့်လေ…"
'ပြောလေ…ဘာပြောမို့လဲ…"
"ဘာမှ မပြောဘူး …လှည့်ဆိုလှည့်…"
"…………"
"………."
"ဆောရီး…ဆောရီးဟာ….ငါ မရင့်ကျက်သလို ဖြစ်သွားတယ်…..စိတ်တိုသွားလို့ပါ…နော်…မငိုပါနဲ့…ပီပီရယ်…"
"အင်း…ငါလည်း…ကလေးဆန်နေတယ်…."
"မငိုနဲ့တော့လေ…အို….နှပ်တွေ နဲ့ ညစ်ပတ်လိုက်တာကွာ…"
မျက်ရည်တွေကို ပွတ်ဆွဲသုတ်ရင်း ပြုံးတော့ နေရှင်းသန့်လည်း နာကျင်စွာဖြင့် ပြုံးပြလိုက်သည်..။
သူ့အပေါ်မှာ အရင်ထက် ပိုကောင်းမယ်လို့ အကြိမ်ကြိမ် ဆုံးဖြတ်ခဲ့ပေမဲ့ လည်း ထင်သလောက်မလွယ်ကူ…..။
ကိုယ့်ကြောင့်ခံစားသွားရတာ သိတိုင်း ကိုယ့်ကိုယ်ကိုသာ ဒေါသဖြစ်ရသည်..။
ဒါလည်း ပီပီ့ကြောင့်ပါပဲ..။
ပီပီ က ငါ့ကို အလိုလိုက်တာကိုး..။
"ပီပီ…"
"အင်…"
"ငါ့ကို စိတ်မဆိုးနဲ့နော်….ငါ ချစ်တာ နင် တစ်ယောက်တည်းပါ….ငါ့သူငယ်ချင်းတွေသိအောင် ပုံတင်လိုက်မယ်…"
"မတင်ပါနဲ့…"
"တင်မှာပဲ…RS လည်းချိတ်မယ်…နော်…."
"မသိတော့ဘူး…"
"နော်လို့…."
"အမ်း…"
"အကောင့်ဖွင့်ပေးမယ်နော်…"
"ဟာ….ခုအကောင့်ရှိသားပဲ…ဒီဟာ က ဘာဖြစ်လို့လဲလို့…"
"Relationship တင်ချင်လို့…"
"သြော်…တင်လေ…"
"ဟုတ်တယ်….အခုအကောင့်နဲ့ ငါ RS ချိတ်စရာလား….စိုးနိုင်ဆိုတဲ့ ယောက်ျား အကောင့်ကြီးကို ငါက တွဲလိုက်တော့ ဘာဖြစ်ကောလဲ…"
"အဟွင်း…အဟွင်း…."
"ဆောရီး….တစ်နာရီခွဲတော့မယ်…ဒါပဲနော်….အရမ်းချစ်တယ်…"
"အင်း….Good Night…."
"ဖုန်းမချနဲ့နော်….အိပ်ယာဘေးမှာ တင်ထားပေး…"
"နောက်ကျနေပြီ…အိပ်လိုက်တော့လေ….ဂိမ်းလည်း မဆော့နဲ့နော်…."
"…………."
နေရှင်းသန့် ဘာမှ မပြောခင် ဖုန်းချသွားတော့ သက်ပြင်းချမိသည်..။
မငိုနေဖို့ပဲ မျှော်လင့်ပါသည်.။
အိပ်ရာပေါ် လှဲအိပ်ပြီး မျက်နှာကျက်ကို ငေးရင်း ပီပီ့ ပုံရိပ်တွေကို ပုံဖော်ကြည့်မိသည်..။
"ဟင်…ဟိုကောင်လေး…."
လွန်ခဲ့တဲ့ နှစ်တွေ တုန်းက ပထမဆုံး စတွေ့ချိန် နှုတ်ခမ်းလေး ပွင့်ဟ အံသြနေတဲ့ ပီပီ့ကို ချစ်သည်..။
အသက် အကွာကြီး မဟုတ်ပေမဲ့ဘာဖြစ်လို့များ အဘွားကြီး ပုံစံနေတာလဲ…။
အချိန်ရရင် ပြင်ပေးရဦးမည်..။
.
"အစ်မ…ပါဆယ် ရောက်တယ်…."
"အင်း….ယူလာ…"
ပါဆယ်ဘူး ပန်းရောင်လေးကို တွေ့တော့ စိုးစိုး ပြုံးမိသွားသည်…။
လူဆိုးလေးပါပဲ…။
စိုးစိုး ရှေ့ကို ရောက်လာသည့် ပါဆယ်ဘူးလေးကို တယုတယ ကိုင်ကြည့်မိသည်..။
"လွယ်တယ် ထင်နေတာလား…..ကားဂိတ်မပို့ခင် သင်တန်းကို ယူသွားမိရင် ဟိုလိုကိုင်ကြည့် ဒီလူကိုင်ကြည့် ဟိုလူ စပ်စု ဒီလူ စပ်စုနဲ့ အာညောင်းအောင် ဖြေနေရတာဗျ…"
"ဒါဆိုလည်း မပို့နဲ့တော့ပေါ့…"
"မပို့လို့…..သြော်…သြော်…ဟုတ်တာပေါ့….ပီပီ က သူဌေးဆိုတော့ ဒီချောကလက် ဘူးလေး က နင့်အတွက် အမှုန့်အမ့ွှားပါပဲ…"
"ဟယ်…မဟုတ်ဘူးလေ…"
"တော်ပြီ….ဒါပဲ.."
ပြီးခဲ့တဲ့ လတုန်းက ပါဆယ်ဘူးကြောင့် စကားများရသေးသည်..။
ပြောလိုက်ရင် ကလေး မဟုတ်ဘူး ဆိုပြီး..။
အမြဲ ကလေးလို ပြဿနာ ရှာနေတာကလည် သူချည်းပါပဲလေ..။
စိုးစိုး ခေါင်းရမ်းရင်း ရှေ့က ပါဆယ်ဘုံးကို တိတ်ကလေးတွေ ဖြုတ်လိုက်သည်..။
ဘူးကို ဖွင့်လိုက်တော့  ဘူးလေး နှစ်ဘူး ဖြစ်နေသည်..။
စိတ်လှုပ်ရှားသွားပေမဲ့ အပေါ်က သူ့လက်ရေးလှလှလေးတွေ ပါလာတက်သည့် ကဒ်လေးကို အရင်ဆွဲထုတ်လိုက်သည်.။
"သို့…..အဘွားကြီး….မှ အဘွားကြီး ယောက်ျား…"
"ဟား..ဟား…"
စိုးစိုး ခုံမှာ ကျေမှီချလိုက်ပြီး အသံထွက်အောင် အော်ရယ်မိသည်..။
ဘယ်လို ကလေးပါလိမ့်…။
ချစ်စရာ ကောင်းလိုက်တာ..။
စာ များများ မပါသည့် စာလုံးလေးတွေကို ချည်း ခဏခဏ ပြန်ဖတ်ပြီး ခဏခဏ ပြုံးနေမိသည်..။
စိုးစိုး လက်ထဲ က စာလေးကို ချပြီး ဘူးအသေးလေးကို အရင်ထုတ်ကြည့်လိုက်သည်…။
"ဟယ်…"
အဝါရောင် ကျောက်ကလေး ပါသည့် လော့ဂတ် နဲ့ ဆွဲကြိုးမျှင်လေးကို တွေ့တော့ အံသြသွားသည်..။
ဆွဲကြိုးလေး ကို မြှောက်ကြည့်ရင်း အထဲက စာရွက်ခေါက်လေး ပြုတ်ကျလာသည်.။
"ပီပီ က ငါ လက်ရေးလှသေးရဲ့လား မေးလို့ ရေးရတာ လက်ညောင်းတယ်…ဘောပင် နဲ့ စာရွက်တောင် မနည်း လိုက်ရှာလိုက်ရသေးတယ်……ဒီပစ္စည်းက ပီပီ အတွက် အမှုန့်အမွှားပဲ ဆိုတာ သိပါတယ်….ဒါပေမဲ့ ငါ အိပ်ရာဝင်တိုင်း စိတ်ပူတယ်….ပီပီ က အိပ်မက်တွေ မက်ပြီး နိုးလာတက်တယ်….မာမေ တို့လည်း မရှိဘူး ပီပီ တစ်ယောက်တည်း အိပ်တာဆိုတော့ အဲဒီ့အကြောင်းတွေးမိရင် ငါလည်း အိပ်မပျော်တော့ဘူး….ဆွဲကြိုးမှာ ပါတဲ့ လော့ဂတ်က လှည်းဘီးလို့ ထင်နေတာလား…."
"မဟုတ်လို့လား…"
စိုးစိုး စာရွက်ကိုင်ထားရင်း ဆွဲကြိုးကို ခဏမြှောက်ကြည့်မိသည်..။
လှည်းဘီးလို့ အဝိုင်းလေးမှာ သစ်ရွက်သေးသေးလေး သုံးရွက် တွဲလောင်းလေးလည်း ပါသေးသည်..။
လော့ဂတ်အနေအထား သေးသေးကွေးကွေးလေးနဲ့ လှလှ လေး ဖြစ်အောင် လုပ်ရတာ အတော် လက်ဝင်မှာပဲလို့ တွေးမိသည်..။
စိုးစိုး စာရွက်ကို ပြန်ကြည့်လိုက်သည်..။
"လှည်းဘီး မဟုတ်ဘူးဟ….Dream Catcher …အိပ်မက်ဖမ်းပိုက်ကွန်လို့ ခေါ်တယ်…သူက မကောင်းတဲ့ အိပ်မက်ဆိုးတွေကို ဖမ်းပေးတယ်တဲ့….အဲဒီ့ လော့ဂတ်မှာပါတဲ့ ကျောက်အဝါလေးတွေက အဆောင်ကျောက်ပဲ…ဥဿဖရားဆိုတဲ့ ကျောက်က မြန်မာ အယူဆို ကျန်းမာ စေတယ်…အနောက်တိုင်း အယူဆို အိပ်မက်ဆိုးကနေ ကာကွယ်ပေးတယ်တဲ့…တစ်ချက်ခုတ် လေးချက် ပြတ်အောင် တစ်ခါတည်း အပ်လိုက်တာ….လည်ပင်းမှာ ဆွဲထားရင် ပီပီ လည်း မမေ့တော့ဘူးပေါ့….အမြဲဆွဲထားနော်…မမေ့နဲ့ ဆွဲပြီး ဓာတ်ပုံ ရိုက်ပို့ဦး….ဆွဲကြိုးကို ပုံဆွဲပြီး ရိုက်ပို့ခိုင်းတာ မဟုတ်ဘူးနော်…"
"ဟွန့်…"
စိုးစိုး စာဖတ်နေရင်း နှုတ်ခမ်းမဲ့မိသွားသည်..။
ငါ က အဲလောက် တုံးမိလို့လား..။
"အိပ်မက်ဆိုး မမက်ချင်ရင် အိပ်မက်တွေကို ပြောင်းပြန်မက်ခိုင်းရမယ်တဲ့….မအိပ်ခင် အိပ်မက်ချင်တဲ့ အကြောင်းကို ခဏခဏ တွေးရမယ်…ဥပမာ နေရှင်းသန့် က အရမ်းချစ်ဖို့ကောင်းလို့  လုနေရတာမျိုး….ပီပီ တစ်ယောက် နေရှှုင်းသန့်  ကို ချစ်လွန်းလို့ ဖက်ချည်းနမ်းတာမျိုးပေါ့…ဟား.ဟား…ဒါပဲ…လက်ညောင်းနေပြီ….ဆွဲကြိုးရရင် ပုံပို့နော်…ချောကလက် စားဖို့လည်း မမေ့နဲ့…"
စိုးစိုး စာရွက်လေး ကို ချပြီး ဆွဲကြိုးလေး ကို မြှောက်ကာ လည်ပင်းမှာ ကပ်လိုက်သည်..။
ဆွဲကြိုး သေးသေးမျှင်မျှင်လေး ကို ဝတ်လိုက်တော့ လော့ဂတ်က အဝါရောင်ကျောက်ကလေး ပိုပေါ်သည်..။
စိုးစိုး အတွက် သူ စဉ်းစားပေးတာ သိတော့ ကြည်နူးပျော်ရွှင်ရပါသည်…။
ဖုန်းထုတ်ပြီး ဓာတ်ပုံ ရိုက်နေချိန် ကားတစ်စီး ဝင်လာလို့ မျက်လုံးပြူးသွားသည်..။
စိုးစိုး ရိုက်ပြီးသား လည်ပင်း ပုံကိုပဲ ကပျာကယာ ပို့ပေးလိုက်ရသည်..။
"ဟော…ကိုစိုးမင်း…လာ…"
စိုးစိုး စားပွဲက ထရပ်ပြီး ကြိုဆိုလိုက်ရင်း စိတ်ထဲမှာတော့ နေရှင်းသန့်ရဲ့ မှုန်ကြုတ်ကြုတ် ပုံရိပ်ကြီး ပေါ်လာသည်..။
အဝေးမှာ ဆိုပေမဲ့ စိတ်ထဲမှာတော့ မလုံမလဲ ဖြစ်ရသည်.။
ဖော်ရွေ ရင်းနှီးစွာ ပြုံးပြနေမိတဲ့ နှုတ်ခမ်းကလည်း အလိုလို ပုံပျက်သွားသည်..။
"ကော်ဖီတွေ ပိုးဝင်လို့ဆို…"
"ဟုတ်တယ်…ကိုစိုးမင်းရယ်…"
"အေးဗျာ….ကြားရတာ စိတ်မကောင်းပါဘူး..မဟုတ်ရင် ခုဆို မနည်းဖြစ်နေပြီနော်…"
"ဟုတ်တယ်…ကိုစိုးမင်း သေချာ မှာထားပေမဲ့ ကျွန်မ လူမှုရေး ကိစ္စလေး တချို့ကြောင့် နည်းနည်း လစ်ဟင်းသွားတယ်လေ….အလုပ်သမားတွေကျတော့လည်း ကိုယ့်လို မတိကျဘူး…"
"အတွေ့အကြုံ ရတယ်လို့ သဘောထားပေါ့ဗျာ..ဒီလိုပါပဲ…."
"ဟုတ်ကဲ့…ကိုစိုးမင်း…ရော်ဘာလုပ်နေတယ်ဆို…"
"ဟုတ်တယ်…နည်းနည်း စိတ်ဝင်စားလို့ပါ…အစမ်းသဘောပေါ့…"
"ကိုစိုးမင်း အစမ်းက အိတ်စ်စပို့အဆင့်အထိပါပဲ…"
"အဟား…အဲလိုလည်း မဟုတ်ပါဘူးခင်ဗျာ…..ပေါ့ပီ မှာလည်း…အဲလို အရည်အချင်းရှိပါတယ်…ဒီရွာအနီးတဝိုက်မှာပဲ ခြေချုပ်မိနေလို့ပါ..ဟုတ်တယ်မလား.."
"အဟွင်း..ဟုတ်တယ်…..လူခွဲလည်း မရှိတော့ သိပ်မလုပ်နိုင်ဘူးလေ…စိုက်ပျိုးရေးကို စနစ်တကျ စိုက်တာ စိတ်ဝင်စားပေမဲ့ လေ့လာနေဆဲပါပဲ…"
"သြော်….ခုလာတာ…သတင်းလာပေးတာဗျို့….ကျွန်တော့်စိုက်ခင်းမှာ ဂျပန်က စိုက်ပျိုးရေး ပညာရှင်တွေ ရောက်နေတယ်…လိမ္မော် မျိုးစပ် အသစ်တွေလည်း ပါတယ်…လိုက်ခဲ့ပါလား…"
"ရှင်…ဟို…"
"ဟော….စိုက်ခင်းကို စိတ်မချပြန်ဘူးလား.."
"မဟုတ်ပါဘူးရှင်….အားနာလိုက်တာ…ခဏစောင့်လို့ရမလား…."
"ရတာပေါ့…ရပါတယ်……"
စိုးစိုး မှာ ဖုန်းကို ကောက်ယူပြီးစိုက်ခင်းစောင့် တဲလေး ဆီကို ထွက်လာခဲ့ရသည်..။
ကိုယ့်ဆရာလေး ကို ဖုန်းဆက်ပြီး အသိပေးဖို့ ဖုန်းခေါ်ပေမဲ့ မကိုင်..။
စိုးစိုးကလည်း ပြောဖို့ မဝံ့မရဲ ဖြစ်နေတော့ ဖုန်းဆက်မခေါ်ပဲ ထားလိုက်သည်..။
သူ့ကို စာပို့လိုက်လို့ မသွားရဘူးဆိုရင် ဒုက္ခ…။
ဂျပန်က စိုက်ပျိုးရေး ပညာရှင်တွေ အများကြီး ရောက်နေတယ်ဆိုတဲ့ သတင်းရနေတာ ကြာပါပြီ..။
ကိုစိုးမင်းရဲ့အကူအညီသာ မပါရင် တွေ့နိုင်မယ်မထင်..။
မြေစမ်းသပ် စိုက်ပျိုး ဆင့်အထိ သူတို့ဘက်က အကူအညီတွေ ပေးသည်..။
သူတို့ ရွေးချယ်ပေးတဲ့ စိုက်ခင်းဆိုရင် အစိုးရဘက်ကလည်း အထောက်အပံ့အကူအညီပေးဦးမည်..။
စီးပွားရေးအရရ ဖြစ်ဖြစ် ဗဟုသုတ ဖြစ်ဖြစ် စိုးစိုးအတွက် အခွင့်ထူးဖြစ်နေသည်..။
ပန်းတွေ ကားတင်ဖို့ သေချာ မှာကြားပြီး ကိုစိုးမင်းနဲ့အတူတူ လိုက်သွားဖြစ်သည်..။
ကားတစ်စီးတည်း အတူတူ စီးရပေမဲ့ ကိုစိုးမင်းဘက်က စည်းစောင့်တာ သိထားတော့ စိတ်ထဲ ရဲရဲဝင့်ဝင့် နေနိုင်သည်.။
သူ့ စိုက်ခင်းကို ရောက်တော့ သြချရလောက်အောင် ပါးစပ်အဟောင်းသား ဖြစ်သွားသည်..။
ပျိုးပင်ထားတဲ့ စိုက်ခင်းမှာ နေရောင် မထိအောင် အိမ်လေးတွေ ဆောက်ပြီး တသီးတသန့်ထားသည်..။
စတော်ဘယ်ရီ ဘက်မှာလည်း…အလုံးရဲရဲ ညီညီလေးတွေ စီတန်းသီးနေပုံက အားကျချင်စရာ..။
"ကိုစိုးမင်း..စတော်ဘယ်ရီ လုပ်နေတာလား.."
"အေးဗျာ…..ပျိုးပင်တွေ ထုတ်လိုက်တော့ နေရာ အားနေတာနဲ့ စိုက်ဖြစ်သွားတယ်…"
"တော်တော် ဂရုစိုက်လို့ ဖြစ်မယ်…အလုံးတွေ ညီနေတာပဲနော်…"
"အချိုးအစား အားလုံး အတူတူ ဆိုတော့ အသီးလည်း ပုံစံတူပေါ့…ဟား..ဟား…"
"ကိုစိုးမင်းက စနစ်ကျတာကိုး..တကယ် လေးစားတယ်…."
"မဟုတ်တာဗျာ….အလုပ်သမားကို စိတ်တိုင်းမကျလို့ မြေစပ်တာနဲ့ ဆေးစပ်ဖို့ အတွက် စက်အသေးလေး ဂျပန်က မှာထားတယ်လေ….မဆိုးဘူးဗျ….မြေဖွပြီး ဆေးစပ် စိုက်တဲ့ အပင်တွေက သိသိသာသာ အထွက်တိုးတယ်….အလေအလွင့်လည်း သိပ်မရှိဘူး…အပင်ကလည်း ရာသီဥတုနဲ့ပိုးမွှား ဒဏ်ခံနိုင်တယ်….အပြင်ပိုင်းဆေးဖြန်းစိုက်တာထက် အန္တရယ်ကင်းပြီး ပိုအဆင်ပြေတယ်…."
"ဟုတ်လား….ဈေး ဘယ်လောက်လဲဟင်…"
"ဒီအရောက်တော့ သုံးရာဝန်းကျင်လောက်ပေါ့…"
"သြော်…ကြီးလား.."
"သေးသေးလေးပါဗျာ…လာ…."
ဂိုဒေါင်ပုံစံ အလုံပိတ်ထားတဲ့ နေရာကို ခေါ်သွားတော့ စိုးစိုး နောက်ကလိုက်သွားသည်…။
ကိုစိုးမင်း စိုက်ခင်းကို ရောက်ရင် လေ့လာစရာ များသည်..။
"သြော်…ဒါလေးလား.."
ဆယ်ပေပတ်လည်သာ ရှိသည့်  အစိမ်းရောင် စက်လေးကို ကြည့်ရင်း မေးတော့ ကိုစိုးမင်းက ခေါင်းညိတ်ပြီး အနားက မြေကြီးပုံးကိုပြသည်..။
"ဒါက မစပ်ရသေးဘူး…ဒီဘက်မှာ စပ်ပြီးသားကျတယ်…."
"သြော်…တစ်ခါထည့်ရင် များများမရဘူးထင်တယ်…"
"ဟုတ်တယ်ဗျ…သူ့အဓိက စက်က စိုက်ပျိုးရေး စက်ရုံတွေမှာ သုံးတာလေ….ဒါက တစ်နိုင်တစ်ပိုင်သုံး နမူနာ အဖြစ် ထုတ်တာ ဆိုတော့ သေးသေးပဲ…စိတ်မရှည်ချင်စရာပဲ….စတော်ဘယ်ရီ အတွက်ပဲ သုံးလို့ရသေးတယ်…ဒီမှာ…ယှဉ်ကြည့်….ရလဒ်ကတော့ အကွာကြီးပဲတွေ့လား…အရောင်က အစ…အမှိုက် ကျောက်ခဲ အားလုံး ဖယ်ပြီးသား…"
"သြော်….မြေသားက နူးညံ့နေတာပဲနော်…"
"ဟုတ်တယ်….ကျွန်တော်က ကိုယ့်ဟာကို ထွင်ပြီး.ဒီမှာ…ဆေးထည့်တဲ့ ခွက်လုပ်ထားတယ်…မိတ်အင် မြန်မာ ဦးနှောက်ပေါ့ဗျာ…ထုံးစံအတိုင်း အလွယ်သားရေပင်နဲ့ ပတ်ထားတယ်..ဒီကြိုးတွေ ပြတ်သွားမှ သံဘုံးလုပ်တော့မယ်….ဟား..ဟား…"
စက်ရဲ့ ဘေးဘက်မှာ တပ်ထားတဲ့ခွက်ကို ပြတော့ စိုးစိုး ကြည့်ရင်း ခေါင်းညိတ်ပြုံးမိသည်..။
နိုင်ငံခြားစက် မှာ အားလုံးသူ့နေရာနဲ့သူ အံကျနေပေမဲ့ ကိုစိုးမင်းထွင်ထားတဲ့ ခွက်ကတော့ ဘေးကိုထွက်ပြီး သားရေကြိုးတွေကလည်း မညီမညာဖြစ်နေသည်..။
ဒါတောင် ကိုစိုးမင်းက တိကျတဲ့ပညာရှင်ပါ..။
ဒါပေမဲ့ မြန်မာဓလေ့ မြန်မာ ပီသမှု အရပေါ့လေ…။
"တီ….တီ…တီ…."
"ဆောရီးနော်…"
"ရပါတယ်….ရပါတယ်…."
စိုးစိုး ဖုန်းနံပါတ်ကို ကြည့်လိုက်တာနဲ့ ကြက်သီးတောင် ထချင်သွားသည်..။
အစောကြီးပဲ ဘာဖြစ်ပြန်တာလဲ..။
ဖုန်းကို ချပြီး စာရိုက်ပို့လိုက်သည်..။
"ဧည့်သည်ရှိတယ်…"
"ပုံပို့…"
"……….."
စိုးစိုး စဉ်းစားရခက်သွားသည်..။
လူရှေ့သူရှေ့မှာ အလုပ်အကြောင်းပြောနေရင်း ဆယ်လ်ဖီ ဆွဲဖို့ဆိုတာ ဘယ်လောက်တောင် ရူးကြောင်ကြောင် နိုင်လိုက်သလဲ..။
ဖုန်းပြောသလိုနဲ့ ဂိုဒေါင်ရှေ့ဘက်ထွက်ပြီး ဖြစ်သလို ဓာတ်ပုံ ရိုက်ပို့လိုက်သည်..။
"တင်…"
"ခြံမှာ မဟုတ်ဘူးမလား.."
"အမ်း…ဧည့်သည်နဲ့…..ပြန်ရင် ဖုန်းဆက်မယ်နော်….စကားပြောနေတယ်…."
စိုးစိုး စာတွေကပျာကယာ ရိုက်ပြီး ပို့လိုက်ကာ ဂိုဒေါင်ထဲ ပြန်ရောက်သွားသည်..။
စက်ကို သေချာကြည့်ပြီး စိုးစိုးလည်း တစ်ခုလောက် ဝယ်ဖို့ ဆုံးဖြတ်လိုက်သည်..။
ဝယ်မယ်ပြောလိုက်ပေမဲ့ အစအဆုံး ကိုစိုးမင်းရဲ့ အကူအညီပဲ ယူရဦးမည်…။
ဂျပန်က ပညာရှင်တွေနဲ့လည်း ကိုစိုးမင်း အကူအညီကြောင့် တွေ့ခွင့်ရပြီး လိမ္မော် ပျိုးပင်လေးတွေ လက်ဆောင်ပေးသည်..။
သူတို့ဆီက နည်းပညာတွေကို လက်တွေ့ပြသနေတော့ စိုးစိုး စိတ်ဝင်တစားလေ့လာမိသည်..။
အပြန်ကို မိုးချုပ်သွားပေမဲ့ စိုးစိုး ခြံကို ကိုစိုးမင်းက ပြန်လိုက်ပို့ပေးသည်..။
ခြံထဲကနေ အိမ်ပြန်ရောက်တော့ ည ရှစ်နာရီ ဖြစ်နေပြီ..။
ရေချိုး အဝတ်အစားလဲပြီး ထမင်းမစားခင် ဖုန်းဆက်သည်.။
"ဟလို…."
"ငါ အပြင်မှာ…မဆက်နဲ့…"
"သြော်…အင်း…ဆောရီး…"
"………"
လေသံမာမာ နဲ့ပြောတော့ စိတ်မကောင်း ဖြစ်သွားသည်..။
သူလည်း သူ့ကိစ္စနဲ့ သူ စိတ်ရှုပ်စရာတွေ ရှိမှာပေါ့လေ..။
သူ ဖုန်းပြန်ဆက်တဲ့ အချိန် ကောင်းကောင်းမွန်မွန်လေး ပြောပေးရမည်.။
စိုးစိုး ဖုန်းအားသွင်းပြီး ထမင်းစားရင်း စက်ဝယ်ဖို့ကိစ္စ ခေါင်းထဲ ရောက်လာသည်..။
နိုင်ငံခြားက ပစ္စည်းသွင်းတဲ့ ကိစ္စ လွယ်မယ်မထင်..။
ဖုန်းကို ကောက်ယူပြီး စက်နဲ့ ပတ်သက်တဲ့ နာမည်တွေကို ရိုက်ရှာကြည့်မိသည်..။
စက်တွေအမျိုးမျိုးတက်လာပေမဲ့ သိပ်နားမလည်..။
"ကျွန်တော့်အကောင့်မှာ ကုမ္ပဏီ ကို ရှဲထားတယ်…ဝင်ကြည့်ပေါ့…"
စိုးစိုးသတိရပြီး ကိုစိုးမင်း အကောင့်ကို ရှာဖွေရတော့သည်..။
ညအိပ်ခါနီး မှ သတိရပြီး ဖုန်းဆက်တော့လည်း မကိုင်..။
သူ့ဘေးနားမှာ အများကြီးသာတဲ့ မိန်းကလေးတွေချည်းပါပဲလေ…။
စိုးစိုး သက်ပြင်းချရင်း အိပ်ရာဝင်ခဲ့ရသည်…။

◇◆◇◆◇◆◇◆◇◆◇◇◆◇◆◇◆◇◆◇◆

ခုရက်ပိုင်း စာတွေ ပြန်မစစ်တော့ဘူးနော်
အချိန်မရ တော့လို့ပါ
အမှားအယွင်း အပိုအလို အလွဲအမှောက် စာလုံးမမှန် ဝါကျ မမှန် ပါရင် ဖြည့်ဖတ်ပေးပါ။
ဝတ္ထု တစ်ခုကို အဆုံးမသတ်ပဲ မထားခဲ့ချင်လို့ပါ။
အမြန်ဆုံးနဲ့ ပန်းကန်ပြားစီးပြီးရေးရပါ့မယ်။
စာဖတ်သူလေးတွေက အကြိုက်ပေါ့နော်…။
စာတွေဖတ်ဖို့ ဖိုက်တင်းပါ ✍💪❤📖

စာတွေဖတ်ပေးတာ ကျေးဇူး အထူးတင်ပါတယ် ❤💪📖

😢✍🙏

Love U All ❤

࿇Sקicค Liຖ࿇

မြူခိုးမှိုင်းဝေWhere stories live. Discover now