မြူခိုးမှိုင်းဝေ
အပိုင်း (၂၅)(၂)
#မြူခိုးမှိုင်းဝေ"ဒေါက်….ဒေါက်…"
"ဟော…"
စိုးစိုး စာအုပ်ထဲက မှတ်ထားတဲ့ နုတ်တွေကို ပြန်ကြည့်နေချိန် တံခါး ခေါက် သံ ထွက်လာတော့ အံသြမိသည်..။
နာရီ ကြည့်လိုက်တော့ ကိုးနာရီဖြစ်နေပြီ..။
ဘယ်သူလာတယ်ဆိုတာ သိနေတော့ နှုတ်ခမ်းက အလိုလို ပြုံးသွားသည်..။
ဘာတွေ မှာကြားစရာ ရှိပြန်တာပါလိမ့်..။
စိုးစိုး တံခါးဖွင့်လိုက်တော့ ထင်တဲ့အတိုင်း ကိုယ်တော်ချောက ရယ်ပြပြီး လက်ထဲက အထုတ်တွေကို မြှောက်ပြသည်..။
"ဘာတွေလဲ…"
"မုန့်…"
"ငါ ထမင်းစားပြီးပြီ…"
"စားပြီးတာကြာပြီမလား…"
"အင်း.."
ဧည့်ခန်းလိုဖြစ်နေတဲ့ နေရာလွတ် ကြမ်းပြင် မှာ ထိုင်ချလိုက်ပြီး မုန့်ထုတ်တွေကို ဘေးကို တွန်းပို့သည်..။
စိုးစိုး လည်း ထိုင်လိုက်ပြီး ဘာပြောမလဲ စောင့်နေမိသည်..။
"ပီပီ…"
"အင်း…"
"ငါ ဗိုက်ဆာတယ်…"
"ဟော….အခုချိန် ထမင်းဆိုင် ပိတ်ပြီ…"
"အမ်း…သိတယ်….နင် ချက်ကျွေးပေါ့…"
"ဟယ်…ငါ မှ မချက်တက်တာ…"
"အိုး…ညံ့လိုက်တာ…ခေါက်ဆွဲတော့ ပြုတ်တက်လား.."
"အင်း…ပြုတ်တက်တယ်….ခဏစောင့်…."
သူဝယ်လာတဲ့ မုန့်ထုတ်တွေထဲမှာ ခေါက်ဆွဲဘူးတွေ့တော့ ခေါင်းညိတ်ပြီး မုန့်အိတ်ကို ဆွဲယူလိုက်သည်..။
ခေါက်ဆွဲဘူးထုတ်ပြီး မုန့်အိတ်ကို ထားခဲ့သည်..။
ဟူး…..ထမင်းအိုး မရှိ ဟင်းအိုး မရှိ တဲ့ အခန်းမှာ ညအချိန်ကြီး ထမင်းစားလာတဲ့ ဧည့်သည်က တမျိုး..။
စိုးစိုး ကော်ဖီ ဖျော်ဖို့ အတွက် ဝယ်ထားတဲ့ ရေနွေးအိုးကို တည်လိုက်သည်..။
ဒယ်အိုးနီ ကို ရေဆေးပြီး ခေါက်ဆွဲခြောက်တွေ လောင်းထည့်ရသည်..။
"ဒုတ်…"
"အ…"
"အိုး….ဒါတောင် မမြင်ဘူးလား…နေရှင်းသန့်ရယ်…"
မီးဖိုခန်း ကျဉ်းကျဉ်းလေးထဲ ကို ဝင်လာပြီး ခေါက်ထားတဲ့ စားပွဲကို ဝင်တိုက်သေးသည်..။
သူ့ မျက်လုံးတွေ ကြည့်ရတာ ပုံမှန် မဟုတ်သလိုပင်…။
"ခေါက်ဆွဲကို ပျော့အောင် လုပ်ပေးနော်….ပီပီ.."
"ဟင်း…အမှန်အတိုင်း ပြောရရင် ငါ သိပ်မပြုတ်တက်ဘူး…"
"အေး…အေး…လုပ်တက်သလိုသာ လုပ်..စားလို့ရရင် ပြီးရောပေါ့…"
သူ့ရဲ့ စကားကြောင့် စိုးစိုး ပြုံးမိသွားသည်..။
ကလေး တစ်ယောက်လို လာချွဲချင်နေတာလား..။
သူ့မှာ ချစ်သူ ရှိနေရင် သူ့ချစ်သူက ညနက်ပိုင်း အခုလို လာနေတာ ကြိုက်ပါ့မလား.။
စိုးစိုး စိတ်မကောင်းစွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်သည်…။
"ကြက်ဥ ထည့်ပါလား.."
"အင်း…"
ပန်းကန်ထားတဲ့ စင်လေးမှာ ချိတ်ထားတဲ့ ကြက်ဥ အိတ်ထဲက ကြက်ဥ တစ်လုံး ယူလာပြီး ပေးတော့ ခေါင်းညိတ်ယူလိုက်သည်..။
"အိုး…ဟား..ဟား…"
ခေါက်ဆွဲ ပေါ်ကို ဖောက်ထည့်လိုက်ချိန် ခါးထောက်ပြီး အော်ရယ်လို့ လန့်တောင်သွားသည်..။
"ဘာဖြစ်တာလဲ.."
'ဟား…ဟား….ငါက ပုံထဲကအတိုင်း လုပ်ခိုင်းတာဟ.."
"အိုး..အလုပ်တွေ ရှုပ်လို့…ဒါလည်း ကြက်ဥပဲ ဟိုလို လည်း ကြက်ဥပဲ…"
"ဟာ…မတူပါဘူး…ဒါကြီးက အန်ဖက်တွေနဲ့ တူတယ်…ဟိုက စားချင်စရာ လှလှလေး.."
"ဟား..ဟား…လှတာ မက်တယ်ပေါ့…ညစာ ခက်မယ်နော်…."
ကလေး တစ်ယောက် အစားရွေးသလို နှာခေါင်းရှုံ့ နှုတ်ခမ်းစူပြီး မှ ပြောတော့ စိုးစိုး ရယ်ပြီး ဝေဖန်ချက် ပေးလိုက်သည်..။
လူကို စိုက်ကြည့်ပြီး နှုတ်ခမ်း ကိုက်၍ သက်ပြင်းချကာ ထွက်သွားတော့ စိုးစိုး လည်း ဘာမှန်း မသိမောသွားသည်..။
ခေါက်ဆွဲကို ကိုင်ကြည့်ပြီး ပျော့တော့မှ ခေါက်ဆွဲဘူးထဲ ပြန်လောင်းထည့်လိုက်သည်..။
အိုးကို မဆေးတော့ပဲ ထားခဲ့ကာ အိမ်ရှေ့ခန်းလေးကို ပြန်ရောက်လာတော့ မျက်လုံးပြူးသွားရသည်..။
"ဟယ်…နေရှင်းသန့်…အဲဒါ ဘာလုပ်တာလဲ…"
"ကြမ်းတိုက်နေတာလေ…ညစ်ပတ်နေလို့…"
"အိုး…ဒုက္ခပါပဲ…."
တစ်ရှူး လိတ် ကခုတော့ ပွစာကြဲလို့…။
သူ ကြမ်းတိုက်တယ် ဆိုကာမှ ပို၍ ပင် ရှုပ်ပွနေပြီ…။
စိုးစိုး ခေါင်းရမ်းလိုက်ရင်း တံမြတ်စည်း ယူဖို့ လုပ်ချိန်..။
"အာ….နေ…နေ…ငါ လုပ်မယ်…."
"အင့်…ရပြီ….ငြိမ်ငြိမ်ထိုင်စား."
"အား….မရဘူး…မရဘူးဟာ…သားပဲ လုပ်မယ်…"
မျက်လုံးစုံမှိတ်ပြီး တံမြတ်စည်းကို ဆွဲရင်း အော်နေတော့ စိုးစိုးရယ်မိသည်..။
မူးနေတော့လည်း ချစ်စရာကောင်းတာပါပဲလား..။
"ဟုတ်ပြီ…ဟုတ်ပြီ….လုပ်လိုက်….တစ်ရှူးတွေ အမှိုက်ခြင်းထဲ ထည့်ဦးနော်…"
"ဟုတ်…"
"အဟွင်း….အရူးလေး.."
တစ်ရှူးတွေကို လေးဘက်ထောက်ပြီး တစ်ခုစီ လိုက်ကောက် ကာ အမှိုက်တောင်းထဲ ထည့်နေတော့ စိုးစိုး ရယ်နေမိသည်..။
ဘာတွေ ဖြစ်လို့ ဒီလောက် မူးလာတာပါလိမ့်..။
"ပီပီ…"
"အမ်…"
"မနက်ဖြန် မပြန်ပါနဲ့ဦးလား…"
"မဖြစ်ဘူး…ပစ္စည်းတွေ ကားတင်ရဦးမယ်…."
"အာ…တစ်ရက်လေးကို လုပ်ပါဟာ…"
"ငါ မပြန်ရင် ဒီ မှာ တစ်ရက်လုံး ဘာတွေ လုပ်ရမှာလဲ…ငါ အသုံးမဝင်တဲ့ နေရာမှာ အချိန်မဖြုန်းချင်ဘူး…"
"ငါနဲ့ နေပေါ့…."
"နင် က ငါ့ကို လိုအပ်လို့လား…"
"လိုအပ်တာပေါ့…"
"အဟွင်း..မထင်ပါဘူး…"
"အား…ပီပီ မတရားဘူး…လုံး၀ မတရားဘူး…ပီပီ က ငါ့ကို ဆို ဘယ်တော့မှ အလိုမလိုက်ဘူး…မာချယ့်တို့ကိုပဲ ချစ်တယ်…မာချယ်တို့ စကားပဲ နားထောင်တယ်…."
ကလေး တစ်ယောက်လို ကြမ်းပြင်ကို လက်ဝါးနဲ့ ရိုက်ပြီး ပြောတော့ အနားကို သွား၍ နားရွက်ကို ဆွဲလိုက်ရသည်…။
"အား…"
"လူဆိုးလို လုပ်မနေနဲ့…."
"နော်…နော်…မပြန်ပါနဲ့ဦး…"
စိုးစိုး ဘောင်းဘီ ကို ဆွဲပြီး မော့ကြည့်ကာ နှုတ်ခမ်းမဲ့ပြ၍ ပြောတော့ မူးနေတာသိရဲ့ စိတ်မကောင်း ဖြစ်လာသည်..။
"ဟင်း…ဘာလို့လဲ….ဘာလုပ်စရာ ရှိလို့လဲ.."
"ငါနဲ့ လျှောက်လည်မယ်…သူငယ်ချင်းတွေနဲ့ တွေ့မယ်…မုန့်တွေစားမယ်လေ…"
"လူရှုပ်ရင် ငါ မကြိုက်ဘူး…ဟူး…ဟိုတစ်ခါ တုန်းကလည်း နင် စိတ်ညစ်ရပြီးပြီလေ…."
"ဒါဆို သား တို့ နှစ်ယောက်တည်း သွားမယ်…"
"……."
"………"
သူ့ ကိုယ်သူ သားလို့ ချည်း သုံးနေတော့ ကိုယ့်အသက်အရွယ်ကိုတောင် သတိထားနေရသည်..။
အဲလို အနေအထား ရောက်နေပြီလား..။
ဆယ်နှစ်လေးပဲ အသက်ကွာတာပါ နေရှင်းသန့်ရယ်…။
နင် မမူးတုန်းကတော့ ဒေါ်ပွစိ..။
ခုတော့ သားနဲ့ အမေ ဖြစ်ကုန်ပြီလား..။
စိုးစိုး ခေါင်းရမ်းရင်း ပြုံးမိသည်..။
"မရဘူးလား…တစ်ရက်လေးတောင် မနေနိုင်တော့ဘူးလား….စိုးမင်း စောင့်နေလို့လား…"
”………”
"အ….အ…..အ…..နာတယ်…နာတယ်…ပီပီ….ငိုမှာနော်…"
နားရွက်ကို လက်နဲ့ အုပ်ပြီး အော်နေတော့မှ စိုးစိုး လွှတ်ပေးလိုက်သည်..။
"ပေါက်ကရ လျှောက်ပြောနေတာ ရပ်…..ဗိုက်ဆာလို့ ဆို ….စားလိုက်..အေးကုန်လိမ့်မယ်…"
"………."
"ကျေးဇူးတင်ပါတယ်ခင်ဗျာ…"
စိုးစိုး လက်ထဲက ခေါက်ဆွဲဘူးကို ခါးညွန်၍ လှမ်းယူရင်း ပြောတော့ မျက်ခုံးပင့်သွားသည်..။
ခေါက်ဆွဲ ပူပူကို နှုတ်ခမ်းချွန်မှုတ်ပြီး စားနေတော့ စိုးစိုး ငေးနေရင်း ပြုံးမိပြန်သည်..။
တော်တော်လေး ဗိုက်ဆာနေသည့်ပုံ…။
ဖေ့ဘွတ်ပေါ်မှာ ညပိုင်း အပြင်သွားတဲ့ ပုံတွေ တက်လာတက်သည်..။
ဒီနေ့တော့ ဘယ်လို ဖြစ်ပြီး ရောက်လာသလဲ မသိ..။
ခေါက်ဆွဲပြုတ် ခိုင်းရုံ သပ်သပ်ပဲလား..။
"နင့် ခေါက်ဆွဲက ရေများလိုက်တာနော်…"
"ဟုတ်လား….မော့သောက်လိုက်လေ…"
"အွင်း.."
ခေါက်ဆွဲဘူးကို တကယ်မော့သောက်တော့ စိုးစိုး ရယ်မိသည်..။
ပုံမှန် မဟုတ်လေ ပိုချစ်စရာကောင်းလေပါပဲ..။
ပုံမှန် ဆို သူက လူဆိုးလေး…။
စကားနားမထောင်တက်ဘူးလေ..။
"အိုး…ဘာလုပ်တာလဲ…"
"ခဏလေးပါ…"
"ခုမှ စားပြီး သောက်ပြီး…ထစမ်း နေရှင်းသန့်…"
စိုးစိုး ပေါင်ပေါ်ကို ခေါင်းလှဲချပြီး အိပ်တော့ အလန့်တကြား ပြောမိပေမဲ့ ခေါင်းရမ်းနေသည်..။
"အိုး…ပီပီ က ခုလို ကြည့်တော့ ချောသား.."
စိုးစိုး ကို အောက်ကနေ မော့ကြည့်ပြီး ရယ်နေတော့ မျက်ခုံးတွန့် ၍ ငုံ့ကြည့်မိသည်..။
"ပီပီ…"
"ပြော…"
"ငါ့ကို သတိမရဘူးလား…"
"တစ်ခါတလေပေါ့…"
"ဟွန့်…"
နှာခေါင်းရှုံ့ပြီး တစ်ဖက်ကို မျက်နှာလွဲသွားတော့ သူ့ဆံပင်တွေကို ဖွဖွ ကိုင်ကြည့်မိသည်.။
ငယ်ငယ်တုန်းကလို ကြမ်း နေတာ မျိုး မဟုတ်တော့…။
စိုးစိုး လက်ကို ယူပြီး ပါးအောက်ကို ထည့်အိပ်တော့ သက်ပြင်းချလိုက်သည်..။
မနက်ဖြန် မပြန်ရင်တောင် သဘက်ခါ ပြန်ရဦးမှာပါပဲ..။
အမှတ်တရတွေက လုံလောက်သွားပေမဲ့ သူနဲ့ မခွဲချင်သေး..။
သူကတော့ အစ်မကြီး တစ်ယောက် ပြန်မှာ စိုးတဲ့ ကလေး တစ်ယောက်ပုံစံ ထပ် မပိုပါဘူး..။
"ငါ မုန့်ပါသေးတယ်…"
အိပ်နေရာက ထထိုင်လိုက်ပြီး မုန့်တစ်ထုတ်ကို ကိုက်ဖောက်သည်..။
အစပ်ချောင်းလို့ ထင်ရတဲ့ အနီရောင်မုန့်တွေကို ယူစားပြန်သည်..။
"အင့်…"
"ဟင့်အင်း..အိုး….ကလေး ကျနေတာပဲ နေရှင်းသန့်ရယ်….အကျီ ၤတောင် ပေကုန်ပြီ…"
"ကလေးပဲ ဆို…"
"ခုမဟုတ်တော့ဘူး.."
"သေချာလို့လား…"
စိုးစိုး မျက်နှာနားကို ကပ်ပြီး မျက်ခုံးပင့်ပြရင်း မေးတော့ ရုတ်တရက်မို့ နောက်တွန့်သွားသည်…။
အနားကတစ်ရှူး ကို ယူပြီး ပါးစပ်ကို ဖိလိုက်တော့မှ ရယ်၍ နောက်ဆုတ်လိုက်သည်..။
"ပေပြီ…ပေပြီ….ကျစ်…"
အနီရောင် အနစ်တွေ ရင်ဘတ်ပေါ် ပြုတ်ကျကုန်တော့ စိုးစိုး ကပျာကယာ သုတ်ပေးရသည်..။
ဟူး…တော်တော်လေးကို ဒုက္ခပေးတဲ့ သတ္တဝါ..။
အချိန်တိုင်းပါပဲ…။
ခုလည်း မူးနေလို့ ရောက်လာပြီး သောင်းကျန်းပြန်သည်…။
စိုးစိုး က သူ့အတွက်ဆို ဘာလို့များ အမြဲအဆင်သင့် ဖြစ်နေရတာလဲ…။
ကိုယ့်ကိုယ်ကို အားမလို အားမရ ဖြစ်ပြီး ရင်ဘတ်ကို တစ်ချက် ထုလိုက်တော့ အော်ပြန်သည်..။
"ပီပီ….သားကိုချစ်လား…"
"အမ်…"
"ချစ်တယ်မလား..ချစ်လို့ မွေးစားလိုက်တာပေါ့..ဟုတ်တယ်မလား…ဟင်…"
"သွပ်…သွပ်….လူငယ်တွေများ..မူးပြီးရင် တကယ်ကို ရူးတာပဲ…နေရှင်းသန့်….အပြင်မှာ မိုးချုပ်နေပြီ..ပြန်တော့လေ…"
"ဟင့်အင်း…မပြန်ဘူး…ပီပီ လည်း မပြန်ရဘူး…."
"………"
စိုးစိုး လက်မောင်းကို လက်တစ်ဖက်နဲ့ ချိတ်ဖက်ပြီး ကျန်တဲ့ တစ်ဖက်က မုန့်ထုတ်ကို လှမ်းဆွဲပြန်သည်..။
"အင့်…"
"ဘာလဲ…"
"အချိုရည်…"
စိုးစိုး ကို ပုလင်း အနက်ရောင် လှမ်းပေးနေရင်း သူ့ဟာသူ အဖုံးဖွင့်ပြီး မော့သောက်လိုက်သည်..။
နောက်တစ်ပုလင်း ထပ်ပေးတော့ အနံ့ကြောင့် ခေါင်းရမ်းလိုက်ရသည်..။
"နင်..မူးနေတာလား.."
"မမူးပါဘူးဟာ…အကောင်းဟ…"
"ဆယ်နာရီ ဖြစ်တော့မယ်…နောက်ကျနေပြီ…"
"နောက်မကျသေးပါဘူး…ဘာလဲ… နှင်နေတာလား…"
"………."
"….ငါက လိုသုံးပဲ….ဟုတ်တယ်နော်….ကြိုပို့လုပ်ပေးပြီးတော့မလိုတော့ ဘူးမလား..မနက်ဖြန် ပြန်တော့မယ် ဆိုတော့ မလိုတော့ဘူးမလား.."
"နေရှင်းသန့်…"
စေတနာ ကို စော်ကားနေတော့ မခံနိုင်လို့ နာမည်ခေါ်လိုက်ရသည်..။
ခေါ်သံမှာ အားပါသွားတော့ နှုတ်ခမ်းစူပြီး ငိုမဲ့မဲ့လုပ်ပြတာ ဘယ်လို ပုံစံတွေဖြစ်နေမှန်းကို မသိ..။
စိုးစိုး ရယ်မိပြန်သည်..။
တကယ် မူးနေတာပါ..။
ဒါကြောင့် ဒီကို ဒီအချိန်ကြီး ရောက်လာတာ နေမှာပေါ့..။
"ဘာဖြစ်လာတာလဲ…"
စိုးစိုး ကို ငေးကြည့်ပြီး ကြောင်တောင်တောင် ဖြစ်နေတဲ့ သူ့ပုံစံကို ပြန် စိုက်ကြည့်နေမိသည်..။
ဘာတွေ ခံစားနေရတာလည်း သိခွင့်ရရင် သိချင်ပါသည်..။
"ဘာမှ မဖြစ်ပါဘူး…မထူးဆန်းပါဘူး….ငါ က လိုသုံးပဲ….မိဘ မရှိဘူး….အဘိုး အဘွားက မတက်သာလို့ မွေးစားထားတယ်…သူတို့လည်း ငါ့ကို ခိုင်းလို့ရလို့ ခေါ်ထားတာလေ…ဆယ်တန်းအရွယ်မှာ နင်ကလည်း ထပ်ခေါ်တယ်…"
"ငါ နင့်ကို ဘာမှ မခိုင်းခဲ့ဘူးနော်…"
"မခိုင်းပေမဲ့ လိုလို့ သုံးတာမလား…"
စိုးစိုး စေတနာထားခဲ့ပေမဲ့ မတူတော့တဲ့ အနေအထား ကြောင့် နှုတ်ဆိတ်နေလိုက်ရသည်..။
သူက ခပ်လှောင်လှောင်ရယ်ပြီး လက်ထဲက ပုလင်းကို မော့သောက်သည်.။.
ပုလင်းကို ပြန်ချပြီး မုန့်ထုတ်ကိုဖောက်စားသေးသည်..။
"မစားဘူး.."
"……"
စိုးစိုး ကို ကမ်းပေးနေချိန် ငြင်းလိုက်တော့ ခေါင်းညိတ်ပြီး မုန့်ထုတ်ကို ပစ်ချပြန်သည်..။
"ငါ…ငါ့ဘ၀ က အဲလိုပဲ….လိုအပ်ရင် ဘာပဲ ဖြစ်ဖြစ် ဆွဲဆုတ်ပစ်လိုက်ကြတယ်….မလိုအပ်တော့တဲ့ အချိန် …အမ်း…မလိုအပ်ဘူးပေါ့လေ……"
"အဟား…နင့်ကိုယ်နင် အာလူးကြော်ထုတ်ကြီးနဲ့ နှိုင်းနေတာလား.."
အာလူးကြော်ထုတ်ကြီးကိုင်ပြီး ကြည့်ကာ ဆွေးဆွေးမြေ့မြေ့ ပြောနေတော့ စိုးစိုး ရယ်မိတော့သည်.။
"အကုန်လုံး အတူတူ ပဲ…"
"အဟွင်း…နင့်ဘ၀ ခုလို ဖြစ်ရတာ ငါ့ကြောင့်လား…."
"…………"
သူ့ဘက်က ခေါင်းရမ်းဖြေပေမဲ့ စိုးစိုးမှာတော့ အပြစ်မကင်းသလို ခံစားရသည်..။
သူ့ကို ချစ်တယ်ဆိုရင်တောင် မဖြစ်နိုင်တာ သိပြီးသားပါ..။
စေတနာတွေကို အထင်လွဲသွားမှာ စိုးရိမ်လို့ ဘယ်လို အခြေအနေဖြစ်ဖြစ် မြိုသိပ်ခံစားဖို့သာ ဆုံးဖြတ်ထားပါသည်.။
ဘယ်သူနဲ့ပဲ ချစ်ချစ်….ဘယ်သူနဲ့ပဲ လက်ထပ်ပါစေ ခွင့်ပြုပေးရမှာပဲလေ..။
သူ့ ဘ၀ မှာ ကိုယ်က ကြိုးတစ်ချောင်း မဖြစ်လို…။
"နင် ဖြစ်နေတာတွေ…..ငါ ကူညီပေးလို့ရမလား.."
"………"
ကြမ်းပြင်ပေါ်လဲှအိပ်ပြီး လက်မောင်း ဆန့်တန်း ၍ ခေါင်းရမ်းနေတော့ စိုးစိုး စိတ်မကောင်းဖြစ်ရသည်..။
ပျော်ရွှင်စေချင်သော်လည်း..။
"သူ က အခု သူဌေးတစ်ယောက်နဲ့ စေ့စပ်တော့မယ်…"
"ဟင်…နင့်ကောင်မလေးလား.."
"ဟင့်အင်း..သူနဲ့ ငါက သူငယ်ချင်း အဆင့်ပဲ….လုံး၀ မတက်ဘူး…ငါ က လူကောင်းလေ…လုံး၀ မတက်ခဲ့ဘူး…"
",………."
တစ်ဖက် သတ် ခံစားချက် ကို သိလိုက်တော့ စိတ်ထဲကနေ နာကျင်သော်လည်း သနားမိသည်..။
သူ နဲ့ ကိုယ် ဘဝတွေ တူနေတာလား…။
ခံစားချက်တွေ တူနေတာလား..။
တစ်ဖက်သတ် အဖြစ်အပျက် တွေက ရင်နာစရာ ကောင်းလိုက်တာ..။
"အင့်…."
သူ ချလိုက်တဲ့ ပုလင်းကို ကောက်ယူပြီး သောက်လိုက်တော့ အနံ့ကော အရသာကော မနှစ်သက်ပေမဲ့ မြိုချလိုက်မိသည်..။
မူးရင် ရင်ဘတ်ထဲက ဝေဒနာတွေ သက်သာသွားမှာလား..။
မထင်ပါဘူး..။
စိုးစိုး မီးဖိုခန်းထဲ ပြေးဝင်ပြီး အန်ဖို့ ကြိုးစားပေမဲ့ အရာမထင်..။
ဘဝမှာ ပထမဆုံး အကြိမ် အရက်ကို မြိုချမိတာ မို့ စိတ်တွေ ရှုပ်ထွေးသွားသည်..။
"ပီပီ…"
"ဟင်…"
စိုးစိုး နောက်ကို လိုက်လာပြီး ခေါ်တော့ လှည့်ကြည့်မိသည်…။
မျက်လုံးချင်း ဆုံချိန် ဘာမှန်း မသိတဲ့ ခံစားချက် တချို့ကြောင့် အကြည့်လွဲ ပစ်လိုက်ရသည်..။
"နင့်ရဲ့ အမြင်မှာ ငါက ဘာလဲ…"
"ဘာကိုလဲ…"
"နင် ဘယ်လို မြင်လဲ…"
"နေရှင်းသန့်ပဲပေါ့."
"အဟွင်း….အဲဒါ ကောင်းပါတယ်…."
"အို…"
စိုးစိုး ကို ဖက်လိုက်တော့ တစ်ကိုယ်လုံး ပူထူ ရှိန်းသွားသည်..။
သူ့ရင်ဘတ်ကို တွန်းလိုက်ပေမဲ့ ပိုတိုး ဖက်လိုက်တော့ အသက်ရှုမ၀ ဖြစ်လာသည်..။
သူ မူးနေတာ သတိရတော့ ကိုယ့်အဖြစ် ကိုယ် ပြုံးမိသေးသည်..။
ဒီလက်တွေ က အခုကျတော့ အလိုအလျောက် ဘာလို့မတုန့်ပြန်တာလဲ..။
သူ့နေရာမှာ တခြားသူသာဆိုရင် တစ်ခုခု ဖြစ်နေလောက်ပြီ ..။
အခုတော့ တစ်ကိုယ်လုံး သိမ်းကျုံး အဖက်ခံထားရပေမဲ့စိတ်လှုပ်ရှား ရင်ခုန်ရုံက လွဲလို့ အားလုံး အဆင်ပြေနေသည်..။
"လူ တစ်ယောက်ကို ဘယ်လောက်ကြာအောင် ချစ်နေမှာလဲ…..ဘယ်အချိန်ထိလဲ…ဘာလို့ မပြောင်းလဲ နိုင်ရတာလဲ…"
"ဘယ်သူလဲ…"
"……….."
"……………."
"…………….."
စိုးစိုး နောက်ကနေသိုင်းဖက်ပြီး ပခုံးပေါ် မေးတင်၍ မှန်ထဲကို ကြည့်နေတဲ့ သူ့မျက်လုံးတွေနဲ့ အကြည့်ချင်း ဆုံမိသည်..။
အချိန်ကြာအောင် အကြည့်ချင်းဆုံမိနေတော့ သူ့ဘက်က အရင်လှုပ်ရှားပြီး ပခုံး ကို ငုံ့နမ်းသည်..။
မဖြစ်နိုင်ဘူး….မဖြစ်သင့်ဘူး…။
နာကျင်ရလိမ့်မယ်…။
စိုးစိုး ငြင်းဖို့ စဉ်းစားပေမဲ့ မှန်ထဲက ပုံရိပ်ကို ကြည့်ရင်း ငြိမ်သက်နေမိသည်..။
လည်တိုင်ဆီ ရောက်လာတဲ့ သူ့မျက်နှာကြောင့် သက်ပြင်းခိုးချလိုက်သည်..။
နှစ်ယောက် မျက်နှာချင်း ဆိုင်ချိန်မှာတော့ မှန်ထဲက မြင်ကွင်းပျောက်ဆုံးသွားသည်..။
"…………."
"…………."
"နေ…နေရှင်းသန့်…"
"…….."
"နင်…မူးနေပြီ…."
"အဟွင်း……"
မျက်နှာကို နောက်ဆုတ်ပြီး သတိပေးလိုက်တော့ ပြုံး၍ ခေါင်းညိတ်ကာ လည်ဂုတ်ကို သူ့လက်နဲ့ ဆွဲယူပြီး နှုတ်ခမ်းကို အပိုင်သိမ်းလိုက်သည်..။
သူ့ အနမ်းတွေက အိပ်မက်ထဲက အတိုင်း နူးညံ့သက်ဝင်လွန်းပါသည်…။
"…………."
"………….."
ဘဝမှာ ပထမဆုံး ခံစားရတဲ့ နူးညံ့ရင်ခုန်စရာ အထိအတွေ့မှာ စိုးစိုးနစ်မျောလာသည်..။
စိုးစိုး ခြေဖျား ထောက်၍ ခေါင်းငုံ့ထားသည့် သူ့ လည်ပင်း ကို သိုင်းဖက်လိုက်ကာ သူ့ရဲ့ မှားယွင်းသော အစားထိုး တွှေ့ဆုံမှု ကို သိသိရဲ့ဖြင့် ရင်ခုန်စိတ်လှုပ်ရှားစွာ ပျေ်ာရွှင်မိသည်..။
တကယ်တော့ သူ့အသိထဲမှာ ကိုယ်က သူ့တိတ်တခိုး ချစ်ရတဲ့ ကောင်မလေးလို့ မြင်နေတာလည်း ဖြစ်နိုင်ပါသည်…။
ရုန်းကန် သင့်တဲ့ စည်းမျဉ်း တစ်ခု ကို အသိရှိနေပေမဲ့ စိုးစိုး လက်တွေ က လေးကန်နေသည်.။
ကိုယ် မြတ်နိုးသူ ရဲ့ အထိအတွေ့ အပွေ့အဖက်ကို ကြည်နူး မက်မော ပါသည်..။
တစ်စုံတစ်ယောက်နဲ့ မှားပြီး အစားထိုး ခံစားနေတယ်ဆိုတာ သိတော့ မျက်ရည်တွေကို မျက်တောင်ပုတ်ခတ် ဖယ်ရှားလိုက်ရသည်..။
"………….."
"………………"
"…………."
"နေဦး…"
စိုးစိုး အပေါ်မှာ အုပ်မိုးနေတဲ့ သူ့ရင်ဘတ် ကို တွန်းလိုက်တော့ တစ်ချက် တွန့်သွားပြီးမှ ငြိမ်သက်သွားသည်..။
"ငါတို့ မှားတော့မှာနော်….နင်သိရဲ့လား…"
"အဟက်….မမှားပါဘူး…"
"…………"
စိုးစိုး ကိုယ်လေး ကို ပွေ့ချီပြီး အခန်းထဲ ခေါ်လာကာ ခပ်ပါးပါး မွေ့ယာပေါ် ဖြည်းဖြည်း ချသည်..။
တီရှပ်ကို ဆွဲချွတ်ပြီး ငုံ့လာတော့ ဗလာကျင်းနေတဲ့ သူ့ရင်ဘတ်ကို ငေးရင်း သက်ပြင်းချလိုက်သည်..။
မူးပြီးမှားခဲ့ရင်တောင် မမူးတဲ့ကိုယ်ကို သူမုန်းသွားလေမလား..။
ကျေးဇူးတရားတွေကို ဗန်းပြပြီး..။
အို….။
စိုးစိုး ခေါင်းရမ်းပစ်လိုက်သည်…။
"နေရှင်းသန့်…"
"အင်…"
လည်တိုင်ပေါ် မျက်နှာအပ်ထားတဲ့ သူ့ ကို ဖယ်လို့လည်း မရအောင် ဖြစ်နေတော့ အားနဲ့ ပိုတွန်းရသည်..။
"ဘယ်လို ဖြစ်နေတာလဲ..နင် ပုံစံက သခင်ပြန်တွေ့တဲ့ ခွေးလေး ကျနေတာပဲ…"
"အဟက်…"
သူ့ကိုယ်ကို တွန်းဖယ် ဖို့ အား မမျှတော့ စိတ်ထဲ နာပြီး တစ်ခုခု အသိဝင်အောင် ရည်ရွယ်လိုက်ပေမဲ့ သူကတော့ ခေါင်းမော့ ရယ်သည်..။
စိတ်မဆိုးပဲ နှာခေါင်းရှုံ့ပြပြီး ရယ်နေတော့ စိုးစိုးလည်း အသိစိတ်ဖြင့် မထိန်းချုပ်နိုင်ပဲ ပြုံးမိသည်..။
သူ့ ရင်ဘတ် ဖြူဖြူ ကို တွန်း၍ မျက်နှာကိုလည်း လွဲပစ် လိုက်ရသည်..။
"ပီပီ…"
"တော်ပြီ….."
"အာ…..ပီပီကလည်းဟာ…."
"……….."
စိုးစိုး ထထိုင်လိုက်တော့ ပခုံးကို ဖမ်းချုပ်သလို ဖက်ထားသည်..။
သူ့လက်တွေကို ဖယ်ချပေမဲ့ မရတော့ တစ်ချက်ကြည့်လိုက်သည်.။
"အဟွင်း…."
"နင်..ချစ်တဲ့ ကောင်မလေးနဲ့ အစားထိုး စိတ်ကူးယဉ်နေတာမလား…"
"ယဉ်စရာလား….အကွာကြီး…."
"ဘာ…"
"ဟုတ်တယ်လေ…..ငါ အခုချိန် ဘာမှ မသိဘူး….ရင်တွေ ခုန်နေတာပဲ သိတယ်….နင်လည်း အတူတူပဲမလား.."
စိုးစိုး ပခုံးကို ဖက်ထားရင်း နားသယ်စပ်ကို ဖွဖွ နမ်းနေတော့ အရိုင်းဆန်တဲ့ ရင်ခုန်သံကြောင့် မှားပြီး ခေါင်းညိတ်မိသွားသည်.။
"……….."
စိုးစိုး ဝန်ခံလိုက်တာနဲ့ လက်ကို ဆွဲချတော့ သူ့ကိုယ်ပေါ် ပြုတ်ကျသွားချိန် ခါးကို လက်နှစ်ဖက်နဲ့ ချုပ်ဖက်ပြီး မော့နမ်းပြန်သည်..။
အခိုက်အတန့် တစ်ခုမှာ ၇င်ခုန်စိတ်လှုပ်ရှားနေရပေမဲ့ ကိုယ့်မှာ အသိနဲ့ သတိတော့ ရှိသည်..။
"နင် အတွက် ငါက တန်ဖိုး မရှိဘူးမလား…"
"အိုး….ဘာလဲ…."
စိုးစိုး စိတ်တင်း၍ ပြောလိုက်ပေမဲ့ မေးစေ့ ကို တစ်ချက်နမ်းပြီး မှ မျက်မှောင်ကြုတ်ကာ ပြန်မေးခွန်းထုတ်နေသည်..။
"နင် မူးနေတယ်…နင် ချစ်တဲ့သူ နဲ့ မှားနေတာပါ…..မနက်ကျရင် နင် ဘာမှ မမှတ်မိဘူးဆို ငါ ဘယ်လို လုပ်ရမလဲ…ဟင်…"
"အဟွင်း.."
သွားစွယ်လေးတွေ ပေါ်အောင် တစ်ချက်ပြုံး၍ စိုးစိုး လက်ကို ဆွဲခါ သူ့ ပခုံးပေါ် တင်ပေးသည်…။
မျက်ဝန်း တွေကို ငေးရင်း စိုးစိုး စိတ်တွေ ဝေခွဲရခက်လာသည်..။
သူ့ လည်ပင်းကို ပြန်ဖက်ထားရင်း..။
"ကိစ္စ မရှိပါဘူး….ငါလည်း ငါ့တန်ဖိုး ထည့်မတွက်ပါဘူး…ဒီလို ကိစ္စ မှာ မိန်းမ ယောက်ျား နစ်နာတယ် မတွေးထားဘူး…ငါ့စိတ်နဲ့ ငါ့ဆုံးဖြတ်ချက်ပဲ အဓိက…"
"ဟား..ဟား…ဆရာကြီးပဲကွ…"
စိုးစိုး နဖူးပေါ်က ဆံပင်တွေကို နားနောက်ပို့ သိမ်းပေးရင်း ချီးကျူးစကားလား လှောင်တဲ့စကားလား မသေချာသည့်စကားတစ်ခု ပြောပေမဲ့ သူ့လက်ကို ဖယ်လိုက်သည်.။
"ပီပီ…."
"အဟွင်း..ငါ့စိတ် ငါ့ကိုယ် ငါ့ သဘောပဲ…ဒါပေမဲ့…ငါကလေး မမွေးချင်ဘူး…"
"ဆေးတွေရှိပါတယ်…"
" အကာအကွယ် မရှိရင် တော်သင့်ပြီ…အမှန်အတိုင်း ပြောရရင် နင့်ကိုလည်း မယုံဘူး…."
"ဟာ…."
မျက်နှာကြီး ရှုံ့မဲ့ပြီး စိုးစိုး ခါးပေါ်က လက်ကိုလွှတ်ကာ ခါးမတ်၍ ထထိုင်လိုက်တော့ စိုးစိုး လည်း အခွင့်အရေး ရပြီမို့ မြန်မြန် ထိုင်လိုက်သည်..။
မဆိုးပါဘူး..အသိလေး ရှိနေသေးသည်..။
ဒီလို အခြေအနေ အခိုက်အတန့်လေးကို မှ မရုန်းထွက်နိုင်ရင် ရှေ့ဆက်နေ့ရက်တွေမှာ စိုးစိုးလောက် သနားစရာကောင်းသူ ရှိမယ် မထင်…။
ပခုံးလျောကျ နေတဲ့ တီရှပ်ကို ဆွဲတင်ရင်း သူ့ဘက်ကို ကြည်တော့ ရီဝေေ၀ အကြည့်တွေ ရှိနေဆဲ…။
ကိုယ့်စိတ်စေရာ နဲ့ နှလုံးသား ပျော်မွေ့မှု ကိုလည်း တစ်ဖက်က လွန်ဆွဲနေရသည်..။
အမှတ် အငြိုးကြီးသည့် သူ့ကို စကားလုံးတွေနဲ့ တိုးနှက်လို့ ရတာကို သိပါသည်..။
အခုလို ချိန် မှာ သူ နာကျင်စေမယ့် စကားမျိုးကိုပဲ ရွေးချယ်ရမည်..။
သူ့မာနကို ခပ်ပြင်းပြင်း ထိခိုက်စေမည့် စကားမျိုး ကို စဉ်းစားရင်း ဦးနှောက်က အလုပ်များနေသည်.။
"ပီပီ…"
"အို….မထိနဲ့…နင့်ကို မယုံပါဘူးဆို..…."
"ဘာ…."
"ငါစိတ်ထဲကအတိုင်းပြောတာပဲ…နင်က ဒီလိုမြို့ကြီးမှာနေတာ…ပြီးတော့ လူငယ်…ဘာရောဂါ ရှိမလဲ ငါမသိဘူး… နှစ်ဦးနှစ်ဖက် ခံစားချက်တွေ ပြင်းထန်နေတဲ့ ဆယ်မိနစ် က ဘာမှ မဟုတ်ပေမဲ့….နှစ်ယောက်စလုံးအတွက် ဆိုးကျိုးတွေ မှ အများကြီး….နောက်ဆက်တွဲ ဆိုးကျိုးတွေကို သိရဲ့သားနဲ့ ငါ စိတ့်ငါ အလို မလိုက်နိုင်ဘူး….ငါ အဲလောက် မမိုက်မဲဘူး…"
"အိုး…."
" မထိနဲ့လို့ ပြောနေတယ်…နေရှင်းသန့်…."
စိုးစိုး လည်တိုင်ပေါ် က သူ့မျက်နှာကို တွန်းပစ်ရင်း ပြောတော့ အနားကို တိုးကပ်ကာ ဖက်ထားပြန်သည်..။
"ပီပီကွာ…ဆေးဝယ်ပေးမယ်လေ…."
"မသောက်နိုင်ဘူး..နင့်ကို မယုံတာပါဆို….ယောက်ျားလေး…ဖြစ်ပြီး…နင့်ဘက်က အဆင်သင့် မရှိတာလေ…"
"ဟုတ်တယ်….ငါ က မိန်းမ တကာ နဲ့ ပတ်အိပ်နေတဲ့ကောင်မို့လို့ အဆင်သင့် ဆောင်ထားရမှာလား…ကျစ်…နေတော့…အလကား ရူးအောင် ပြုစားနေတာ….သပ်သပ် ဒုက္ခပေးတာ…"
လူကို အမျိုးမျိုးစွပ်စွဲ၍ ပွစိပွစိ ပြောရင်း ခုတင်ပေါ် ကဆင်းသွားတော့မှ သက်ပြင်းချနိုင်သည်..။
ခုတင်ဘေးက အကျီ ၤကိုပြန်ကောက်ဝတ်ရင်း မျက်နှာစူပုတ်ပုတ်ကြီး ဖြစ်နေပေမဲ့ အလိုမလိုက်နိုင်ပါ..။
သူ့ကို ချစ်ပေမဲ့လည်း အလိုမလိုက်နိုင်သလို ကိုယ့်စိတ်ကိုလည်း အလို မလိုက်နိုင်ပါ..။
မနက်ကျရင် မူးနေတဲ့သူက ဘာမှ မမှတ်တဲ့အခါ "ငါ့ဘ၀ ကို နင့်ကို ပေးခဲ့ပြီ"လို့ ဘယ်လို မျက်နှာနဲ့ ပြောပြရမှာလဲ..။
သူက မူးနေပေမဲ့ ကိုယ်က မမူးဘုး..။
သူက စိတ်ကစားတက်တဲ့ လူငယ်တစ်ယောက်ပေမဲ့ ကိုယ်က ရင့်ကျက်တည်ငြိမ်ရမဲ့ လူကြီး တစ်ယောက်လေ..။
ဖြစ်ခဲ့သမျှ ပြောပြခဲ့ရင်တောင် သူက ယုံမှာလား..။
မယုံတဲ့ အခါ စိုးစိုးပဲ ခံစားရမည်.။
တကယ်လို့ ယုံခဲ့ရင်တောင် သူ့ကိုယ်သူ လည်း မုန်း စိုးစိုးကိုလည်း မုန်းသွားနိုင်သေးသည်..။
စိုးစိုး သက်ပြင်းချလိုက်သည်..။
ကိုယ်တိုင် စိတ်လှုပ်ရှား ပျော်ရွှင်နေတာ မှန်သော်လည်း..။
ဒီလို အဖြစ်အပျက်တွေက လူသားတိုင်း မကင်းပေမဲ့ နောက်ဆက်တွဲ ပြဿနာတွေကို မကွာကွယ်နိုင်မှာလည်း ကြောက်ပါသည်..။
အထူးသဖြင့်ကိုယ်လို့ စိတ်ရောဂါ ခံ ရှိနေသူ တစ်ယောက်အနေ နဲ့ပိုစိုးရိမ်ရသည်လေ..။
"…………."
"ပီပီ…"
ကလေးတစ်ယောက် ပုံစံ ဖြင့် နှုတ်ခမ်းစူ၍ ချွဲသလို ခေါ်တော့ စိုးစိုး မေးငေါ့ထူးလိုက်သည်..။
စိုးစိုး ရှေ့မှာနေ၍ ခါးကိုင်း ကာ လည်ဂုတ် ကို တစ်ချက်နမ်းသည်.။
"နင်…မရယ်နဲ့…."
"ဘာလဲ…"
"ငါ….ငါ…နင့်ကို ချစ်တယ်…"
"အဟွင်း…နိုးပါ…."
"အာကွာ….."
ကလေးဆိုး တစ်ယောက်ရဲ့ အလိုမကျတဲ့ မျက်နှာမျိုးဖြင့် ခုတင်ပေါ် ပစ်လှဲအိပ်တော့ စိုးစိုး ရယ်မိသည်..။
သြော်….သူတို့ ယောက်ျားတွေရဲ့ ချစ်ခြင်း က နှစ်မျိုးပါလားနော်…။
ကြင်နာ ယုယပြီး နှလုံးသားနဲ့ ချစ်တက်တဲ့ ချစ်ခြင်းက တမျိုး…။
စိတ်ခံစားချက်ကြောင့် ဦးနှောက်နဲ့ အချိန်ပိုင်း ချစ်ပြတက်တာ တမျိုး..။
ကိုယ့်အဖြစ်ကိုယ်တွေးရင်း ဝမ်းနည်းသလို ခံစားရတော့ အသံထွက်အောင် ရယ်မိသည်..။
"မရယ်နဲ့…"
"ကလေးဆိုးလို လုပ်မနေနဲ့….ဆယ်တစ်နာရီ ဖြစ်နေပြီ….ပြန်တော့လေ….သြော်…ပြီးတော့ ကလေး မဟုတ်တော့ဘူးဆိုတာ ကိုယ့်ကိုယ်ကို သိရင် ဆောင်ထားတော့လေ…"
"အား…."
"ပညာတက်ဖြစ်ပြီး ညံ့လိုက်တာကွာ….ဆယ်မိနစ်ကြောင့် ဘဝပျက်ပြီး သေရတဲ့ ယောက်ျားတွေလည်း ကမ္ဘာမှာ ရှိတယ်နော်…."
"အာ….တော်တော့…..မပြောနဲ့….အားကြီးရိုင်းတယ်…. ပီပီကွာ…"
မျက်နှာ မထားတက်လောက်အောင်ကို သူက ရှက်နေတော့စိုးစိုး ပြုံး၍ နှာခေါင်းရှုံ့မိသည်..။
"အို…"
စိုးစိုး ခါးကို ဖက်ပြီး ဆွဲလှဲတော့ သူ့ရင်ခွင်ပေါ် မျက်နှာမှောက် ၍ ပြုတ်ကျသွားသည်..။
သူ့လက်က စိုးစိုး ပါးကို ပွတ်သပ်နေတော့ မျက်လုံးလှန်၍့ကြည့်မိသည်..။
မျက်လုံးတွေက ပကတိဖြူစင်နေတာ တွေ့တော့မှ နည်းနည်း စိတ်သက်သာသွားသည်..။
"………."
"…….."
"……….."
သူ့ ရင်ခွင်ထဲမှာ အခုလို ရိုးသားဖြူစင်စွာ ငြိမ်သက်နေခွင့် ဘယ်လောက်ရမှာလဲ…။
ဘယ်လောက် ကြာကြာဖြစ်ဖြစ် စိုးစိုး ငြိမ်သက်နေနိုင်ပါသည်.။
"ပီပီ…"
"အင်…"
"အမှန်အတိုင်းဖြေ…အပျိုကြီး ဖြစ်ပြီး ဘာလို့ ဒီလောက်သိနေတာလဲ…….ရည်းစားရှိခဲ့လို့လား…"
"ရည်းစားလည်း မရှိဘူး…ငါက ယောက်ျားတွေ အထိတောင် မခံဘူး..ရှင်းပြီလား…"
"အမ်…."
သူ့ မျက်ဝန်း ရီဝေေ၀ ကို ငေးကြည့်ရင်း မြတ်နိုး ကြင်နာစိတ်ကြောင့်နှာဖျားလေးကို ဖွဖွ ဖျစ်မိသည်.။
စိုးစိုး လက်ကို ဆွဲချပြီး ဆံပင်တွေကို ဖွပြန်သည်..။
မူးမူး ရူးရူးလေးမို့ ခုလို လုပ်ခွင့်ပေးထားတာပေါ့လေ..။
မဟုတ်ရင် နားရွက် လိမ်ပစ်ပြီးပြီ..။
"ပီပီ…..ဘယ်လိုသိလဲ…..ဟမ်…..အရင် ယောက်ျား ရှိတယ် မလား…"
"ဘာ….."
"ဟုတ်တယ်လေ….အပျို တစ်ယောက်က ခုလို ကိစ္စ တွေကို ဘယ်လိုမှ မသိနိုင်ဘူး…"
"ဟား..ငတုံးလေး…ငါ စာဖတ်တက်သားပဲ….ကျန်းမာရေးစာအုပ်တွေက တစ်ဆင့်သိသင့်သလောက်ကို လေ့လာထားတာပေါ့…."
"ဒါပေမဲ့…ရှက်စရာကြီး…."
"ကျန်းမာရေး အသိပညာ ရှိနေတာ ရှက်စရာမှ မဟုတ်တာ….ရှက်စရာ ဖြစ်လာမဲ့ ကိစ္စ တွေ အများကြီးကို အသိပညာ နဲ့ ကာကွယ်လို့ရတယ်လေ…."
"အေလေ…ပီပီ က လူကြီးမို့ လို့ အဲလို တွေးတာ နေမှာပေါ့..အတွေ့အကြုံမရှိတာ သေချာတယ်နော်…ဟွန့်…ငါ့မှာ ဂျို မရှိချင်ဘူး…ငါ က ငယ်ငယ်ရွယ်ရွယ် ပျိုပျိုနုနုလေး…သိရဲ့လား…"
"အဟွင်း…ငါ့ကိုအခုလို ဖက်လို့ရတာ ဆိုလို့ နင် တစ်ယောက်ပဲ ရှိဖူးသေးတယ်…"
"ဟွန့်…"
မယုံဘူးဆိုတဲ့ ပုံစံဖြင့် နှုတ်ခမ်းမဲ့၍ နှာခေါင်းရှုံ့တော့ စိုးစိုး ပြုံးမိသည်..။
"နင် ယုံအောင် ပြောပြမှာ မဟုတ်ဘူး…ဒါပေမဲ့တကယ်ပဲ…."
"ငါက ပထမဆုံး ထိခွင့်ရတဲ့ လူသားယောက်ျားလေးပေါ့နော်…."
"ကြည့်စမ်း…မှတ်ထားတယ်…"
စိုးစိုး အံသြရင်း မျက်ခုံးပင့် ကြည့်တော့ ပါးကို လက်ညိုးနဲ့ ပွတ်သပ်ရင်း ပြုံး၍ စိုက်ကြည့်နေသည်..။
"ပီပီ
"….ပြန်တော့လေ…"
"ငါ အခုပျော်နေတယ်…..ဒီမှာပဲ ပျော်နေရင်း အိပ်ပျော်လို့ မရဘူးလား…"
"ဒါဆိုလည်း သဘောပဲ….အိပ်တော့…"
စိုးစိုး ထဖို့ကြိုးစားချိန် ခါးကို ပြန်ဖက်ထားတော့ နားမလည်စွာဖြင့် မော့ကြည့်မိသည်..။
မျက်ခုံးတွန့်ပြီး နှာခေါင်းရှုံ့ပြတော့ ရင်ဘတ်ကို ထုပစ်လိုက်သည်..။
သူ မူးနေချိန်မို့ ကိုယ့်အိနြေ္ဒ သိက္ခာကို ငှဲ့ကွက်စရာ မလိုပဲ စိတ်ထဲ ရှိတဲ့ အတိုင်း ပြုမူ နိုင်သည်လေ..။
မနက်ကျရင်တော့ သူ့ နဲ့ အတူတူ နိုးထ လာလို့ မဖြစ်နိုင်..။
သူ အမူး ပြေသွားချိန် စိုးစိုးက သူ့ရဲ့ လေးစားရတဲ့ အစ်မကြီး တစ်ယောက် အဖြစ်သာ ရှိနေစေချင်သည်..။
"ဖယ်လေ…"
"ပီပီ…."
"ဘာလဲ….ငါ့ကိုအထင်သေးနေပြီလား.."
"အိုး…နင် မဟုတ်သလိုပဲ…"
"ဟမ်…"
"လူတွေရဲ့အထင်တွေ အမြင်တွေက နင့်အတွက် စကြာဝဋ္ဌာက အမှုန့်အမွှားပဲမလား….အဲဒါကြောင့် ငါ့ကို လက်ထပ်ပြီး နင် ကူညီပေးခဲ့တာမလား…အဟွင်း…ချစ်လိုက်တာ…."
"…………"
စိုးစိုး ကို ဆွဲ၍ ပိုတိုးကပ်ပြီး ဖက်လာပေမဲ့ နှုတ်ဆိတ်နေလိုက်သည်..။
လူတွေရဲ့ အထင်အမြင်ကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ပါဘူး..။
ဒါကြောင့်လည်း ပတ်ဝန်းကျင်အပြောကို ဂရုမစိုက်ပဲ ကလေး တစ်ယောက်နဲ့ လက်ထပ်ခဲ့တယ်..။
တစ်ယောက်တည်း နေရာဒေသ အချိန်အခါ မရွေး ခရီးတွေ ထွက်တယ်လေ…။
ဘယ်သူ ဘယ်လို ထင်ထင်ပေါ့..။
ဒါပေမဲ့ တစ်စုံတစ်ယောက်ရဲ့ အမြင်ကတော့ စိုးစိုးအတွက် အရေးပါသည်..။
"ငါ…ပြောချင်နေတာ ကြာပြီ..…"
"…………."
"တကယ်တော့……ငါ …အရမ်းချစ်နေရတဲ့ သူက ပီပီ ပဲ..…ပီပီ က ငါ့ဘဝရဲ့ အချစ်ဦး…အချစ်ဆုံးပဲ…"
"…………"
ရီဝေေ၀ မဟုတ်တော့သည့် သူ့မျက်ဝန်းတွေကို ငေးကြည့်ရင်း ရင်ခုန်စိတ်လှုပ်ရှားသွားသည်..။
မျက်လွှာချလိုက်ပေမဲ့ ပျော်တာလား ဝမ်းနည်းတာလား မသိတဲ့ ခံစားချက်ကြောင့် ငိုချင်လာသည်.။
"အဟွင်း…ပြန်ဖြေလေ…"
"ဘာလဲ…."
"နင်ကော ငါ့ကို ချစ်လား…."
"ဘယ်လိုထင်လို့လဲ…."
စိုးစိုး ရဲ့ ပါးပေါ် က သူ့ လက်ချောင်းတွေကို ဖယ်လိုက်ပြီး ပြုံး၍ သူ့မျက်နှာ ကို မော့ငေးနေမိသည်.။
"ချစ်လို့ အခုလို ထိခွင့်ရတာပေါ့…အဟွင်း…ဟုတ်တယ်မလား…."
စိုးစိုး ပြန်မဖြေပေမဲ့ ပြုံးလိုက်မိသည်…။
စိုးစိုး နဖူးပေါ် အနမ်း နွေးနွေးလေး ရောက်လာတော့ ရင်ခုန် အံသြစိတ်ဖြင့် မျက်လုံးပြူးသွားသည်..။
ဟူး…မဖြစ်သေးပါဘူး…။
"ထ….ဆို…"
"ငြိမ်ငြိမ်နေစမ်း….ဒီအဘွားကြီးတော့ နာတော့မယ်…"
"အာ…."
စိုးစိုး လက်ကို ဆွဲထူပြီး ပြတင်းပေါက် ဆီ ခေါ်သွားတော့ သူနောက်က ပါသွားသည်..။
ပြတင်းမှန် ဖွင့်ပြီး စိုးစိုး ကို နောက်က သိုင်းဖက်တော့ ပြုံးမိသည်..။
"ဘာလုပ်တာလဲ…."
"မလှဘူးလား…"
"ဟမ်…."
မီးထွန်းထားတဲ့ အခန်း လေးတွေနဲ့ မှောင်နေတဲ့ မြင်ကွင်းက ဘယ်နားက လှနေတာပါလိမ့်.။
"နေရှင်းသန့်…နင် အိပ်သင့်နေပြိနော်…..ငါတော့ မှောင်မဲနေတာပဲ တွေ့တယ်…နင် တော်တော် မူးနေပြီ ထင်တယ်…"
"လှပါတယ်ဆို….အခုလိုလေး ပီပီ့ ကို ဖက်ပြီး ကြည့်လိုက်တော့ လှသွားတာ…"
စိုးစိုး ခေါင်းကို လက်နဲ့ဖိပြီး ပြောရင်း လက်ကို လည်း ထပ်၍ အုပ်ကိုင်ထားသည်..။
"နားထောင်နော်….ညပိုင်း ဘယ်မှ တစ်ယောက်တည်း မသွားရဘူး..တနေ့ နှစ်ခါ ဖုန်းခေါ်ရမယ်…နင်က ငါ့ရည်းစား ဖြစ်သွားပြီ…ငါ့ စကားတွေ နာထောင်ရတော့မယ်..နားမထောင်ရင် ရိုက်မှာပဲ…"
စိုးစိုး ပါးကို ဖွဖွဖျစ်ရင်း ပြောတော့ နောက်က သူ့ကို မျက်နှာမော့၍ ကြည့်လိုက်သည်..။
"ဟွန့်…ဘယ်တုန်းက ငါက နင့်ရည်းစားလုပ်မယ် ပြောလို့လဲ…"
"ဟာ…ရည်းစား မဖြစ်လို့မရဘူးလေ…နင့်ကို ငါနမ်းပြီးပြီ..နင်လည်း ငါ့ကို ပြန်နမ်းသားပဲ…"
"ဟား…ဟား…"
စိုးစိုး မျက်နှာမော့၍ ရယ်မိသည်..။
အမူးသမားလေး က ကလေးဆိုးလေး တစ်ယောက်လို ရစ်ြ့ပီး ချွဲနေတာပဲ…။
ဘုရားကျောင်းမှာ ကတိသစ္စာနဲ့ လက်ထပ်ထားတာကိုများမေ့နေရောလား..။
နမ်းလိုက်ရုံဖြင့်ရည်းစားဖြစ်ပြီဆိုတော့ စိုစိုးနဲ့ သူက ဘာတွေ မို့လို့လဲ..။
"မရယ်နဲ့…"
စိုးစိုး ပါးကို ဖျစ်၍ ရန်တွေ့တော့ သူ့လက်ကို ထပ်အုပ်ကိုင်ရင်း ပြုံးမိသည်..။
"တကယ်တော့ အနမ်းတစ်ချက် က ဘဝနဲ့ ယှဉ်ရင်…"
"စကြာဝဋ္ဌာရဲ့ အမှုန့်အမွှားတွေပါ…လို့ မပြောနဲ့နော်…လည်ပင်းညစ်သတ်မှာ…သလား…"
"ဟား..ဟား…"
"စောစော က ခုတင်ပေါ်မှာ ငါ့ တီရှပ် ချွတ်ပြီးသွားပြီ….အဲတော့ ပီပီ တာဝန်ယူရမယ်…ငါ့ချစ်သူ လုပ်ပြီး ငါ့ကို တာဝန်ယူရမယ်…မဟုတ်ရင် အမျိုးသား ရေးရာ ကို တိုင်မယ်…"
"အဟား..ဟား…ဘယ်တွေလဲ နေရှင်းသန့်ရယ်….ကလေး မဟုတ်…"
"ဘာပဲ ဖြစ်ဖြစ် နင့်ထက် ငယ်တယ်.."
"ဟုတ်ပါပြီ….ဒါပေမဲ့ နင့်အကျီ ၤကို ငါချွတ်တာ မဟုတ်ဘူး…ဘာလို့ တာဝန်ယူရမှာလဲ…"
" ….နမ်းနေချိန် မငြင်းပဲနဲ့ ငြိမ်ပြီး သွေးဆောင်ဖျားယောင်းတယ်…..အဲတော့ တီရှပ် ချွတ်မိသွားတယ်….ငါ့ ရင်ဘတ်ဗလာကို မြင်သွားတယ်….ကလေး တစ်ယောက်ကို ကိုယ်ဗလာဖြစ်တဲ့အထိ ကြံဆောင်မှု….ရင်ခုန်သံတွေ ဓာတ်လိုက်နေချိန် ပိုဆိုးအောင်ဆွဲဆောင်မှု… အငြင်းခံလိုက်ရလို့အရှက်တကွဲ ဖြစ်မှု….ငါ့ရဲ့ လျှိုဝှက်အပ်တဲ့ ရင်ဘတ်ဖြူဖြူ ကို ကြည့်မှု…ကလေးတစ်ယောက် မသိသင့်တဲ့ အသိပညာ ဖြန့်ဝေမှု….အာ….အများကြီးပဲ..ဘာအမှု ဖြစ်ဖြစ် အသက်ကြီးတဲ့ သူက အပြစ်ရှိတယ်….ဒါပဲ "
"ဟောတော့…."
တော်တော်လည်း တရားမျှတတဲ့ အမူးသမားလေး ဥပဒေပါလား…။
စိုးစိုး ရယ်ချင်စိတ်ကို မြိုသိပ်ရင်း မျက်လုံးပြူး၍ မော့ကြည့်တော့ နောက်ကနေ ပိုဖက်သည်…။
"ပီပီ…"
"………."
"နင်က ငါ့ဘဝကို ပြောင်းလဲပေးခဲ့သူပါ….ငါလည်း နင့်နှလုံးသားကိုပြောင်းလဲပေးချင်တယ်…အား…..ငါ ကလေး မဖြစ်ချင်တော့ဘူးကွာ…..နော်….ပီပီ…."
"………."
သူ့ ဦးနှောက်က မူးမူးနဲ့ အစားထိုးခိုင်းနေတာကို သိနေတော့ စိုးစိုး သက်ပြင်းချရင်း ခေါင်းညိတ်လက်ခံလိုက်သည်..။
မနက်ကျရင် အားလုံး ပုံမှန်အတိုင်း ဖြစ်သွားမှာပါလေ..။
သူ့ရင်ခွင်ထဲက ရုန်းထွက်ပြီး မော့ကြည့်မိသည်…။
"အိပ်လိုက်တော့…ညနက်နေပြီ…"
ခေါင်းညိတ်ပြီး ခုတင် ဆီ ရောက်သွားတော့ စိုးစိုး ပြတင်းပေါက် ပိတ်လိုက်သည်..။
အနားက စောင်တစ်ထည်ကို ဆွဲယူခြုံပေးလိုက်တော့ လက်ကို ဆွဲချသည်..။
"ဒီမှာအိပ်ရမယ်…"
စိုးစိုး ငြင်းမရအောင် လူကို ဆွဲ၍ ရင်ခွင်ထဲ ထည့်ကာ ဖက်ထားသည်..။
ဘဝမှာ တစ်ခါမှ အချစ်မခံရပေမဲ့ အခုလို လွဲမှားနေတဲ့ အယုအယ လေးကိုတောင် ကြည်နူးပျေ်ာရွှင်ရပါသည်..။
အစားထိုးခံ နှလုံးသားဆိုရင်တောင် ကိုယ့်အတွက်တော့ အဖိုးထိုက်တန်သည်လေ..။
စိုးစိုး ကြည်ဖြူခွင့်လွှတ်စိတ်ဖြင့် ဖွဖွ ပြုံးမိသည်.။
0902-0615(ရိုင်းတဲ့ စာလုံးများအတွက် အထူးတောင်းပန်ပါတယ်နော်)
စာအဆိပ် ဖြစ်သွားခဲ့ရင် စပိုက်ကာ့ ရဲ့ အထက်တန်းမကျတဲ့ အရေးအသားကြောင့် ခွင့်လွှတ်ပေးကြပါ။◇◆◇◆◇◆◇◆◇◆◇◇◆◇◆◇◆◇◆◇◆
စပိုက်ကာ မှာလည်း ဒီလို အပိုင်းတွေ ရေးတိုင်း မျက်နှာ ပူရပါတယ်…။
ဟူး…..ဘယ်သောမှ ပလုံဖိုင် မတင်ရဲတော့ပြီ…။
ဂယ်ပဲ..ဂယ်ပဲ….။😢✍🙏
Love U All ❤
࿇Sקicค Liຖ࿇
YOU ARE READING
မြူခိုးမှိုင်းဝေ
Romance◇◆◇◆◇◆◇◆◇◆◇◇◆◇◆◇◆◇◆◇◆◇ "ဘာကို စိုးရိမ်နေတာလဲ... ငါ့ရဲ့ ခံစားချက်ကို သိအောင် မကြိုးစားစမ်းပါနဲ့...လူလောကမှာ နေတာ ကြာလေ....အမှား ပိုလုပ်မိလေပဲ..အဲတော့...နင့်ထက်ပိုများတဲ့ အမှားတွေလည်း လုပ်ခဲ့ဖူးပြီးပြီ......အမှားပေါင်းများစွာကို ဖြတ်ကျော် ဖြတ်လျှောက်ခ...