မြူခိုးမှိုင်းဝေ
အပိုင်း (၃၅)
0225-1050
#မြူခိုးမှိုင်းဝေ
"ဖြူလေး..."
"ရှင်..."
"ညနေ ငါမလာဘူး....ကားတင်ပြီးရင် ဘောက်ချာသိမ်းထားလိုက်.."
"ဟုတ်ကဲ့..."
စိုးစိုး ကားကို ကွေ့ပြီးမှ စာရေးမလေးကို မှာကြားပြီး ကားကို မောင်း၍ ထွက်လာခဲ့လိုက်သည်..။
ညတုန်းက အိပ်ရေးပျက်ခံပြီး သေချာတွေးပြီးပြီ.။
စိုးစိုး တို့ရဲ့ချစ်ခြင်းမှာ လိုက်ဖက်မှုပဲ လိုအပ်သည်.။
သူ့ပတ်ဝန်းကျင်က ကောင်မလေးတွေကို တွေ့တိုင်း သိမ်ငယ်အားနာနေရတာ ပင်ပန်းလှပြီ..။
သူ့ကိုလည်း သနားသည်..။
စိုးစိုး ဆုံးဖြတ်လိုက်သည်.။
အရာအားလုံးကနေ ရုန်းထွက်သွားမည်...။
ကားကို ရပ်ပြီး မှန်ထဲမှာ ပေါ်နေတဲ့ ပုံရိပ်ကို တစ်ချက်ကြည့်သည်..။
ငိုရလွန်းလို့ ညှပ်ပစ်ခဲ့ရတဲ့ဆံပင်ကလည်း ဂုတ်ထောက်ရုံသာ ရှိတော့သည်..။
ဆံပင်တိုတို နဲ့ မျက်ကွင်းနက်နက် အရေးကြောင်းပေါ်နေတဲ့ မျက်နှာက ရှိရင်းစွဲ အသက်ထက် ပိုလို့ အိုနေသည်..။
ဒီလိုမိန်းမ ကိုလက်တွဲပြီး လျှောက်ရဲပေမဲ့ သူ့ကို အားနာသည်..။
စိုးစိုး သက်ပြင်းချလိုက်ကာ တံခါးဖွင့်၍ ဆင်းလာခဲ့သည်..။
သူ့အတွက် ပြောင်းလဲတော့မည်.။
"မင်္ဂလာပါ.."
"ဟုတ်ကဲ့.."
"............"
ဆိုဖာကို လက်ညွှန်ပြတော့ ခေါင်းညိတ်၍ ဝင်ထိုင်လိုက်သည်.။
အနောက်မှာ နေရှင်းသန့် အရွယ်ကောင်လေး သုံးယောက်လောက် ရှိသည်..။
"ဟိုလေ...ဖုန်းဆက်ထားပါတယ်...စိုးစန္ဒာဆိုတာ ကျွန်မပါ..."
"ဟုတ်ကဲ့.....အစ်မရဲ့ အချက်အလက်လေးတွေ ဖြည့်ပေးပါနော်..."
YOU ARE READING
မြူခိုးမှိုင်းဝေ
Romance◇◆◇◆◇◆◇◆◇◆◇◇◆◇◆◇◆◇◆◇◆◇ "ဘာကို စိုးရိမ်နေတာလဲ... ငါ့ရဲ့ ခံစားချက်ကို သိအောင် မကြိုးစားစမ်းပါနဲ့...လူလောကမှာ နေတာ ကြာလေ....အမှား ပိုလုပ်မိလေပဲ..အဲတော့...နင့်ထက်ပိုများတဲ့ အမှားတွေလည်း လုပ်ခဲ့ဖူးပြီးပြီ......အမှားပေါင်းများစွာကို ဖြတ်ကျော် ဖြတ်လျှောက်ခ...