မြူခိုးမှိုင်းဝေ
အပိုင်း (၂)
#မြူခိုးမှိုင်းဝေ"ငါ မတက်တက်ဘူးဟ…"
"ငါ တက်မယ်…."
"ဟဲ့…စိုးစိုး….မိန်းကလေး က အပင်မတက်ရဘူးလေ…"
"ဟဲ့…..ကြီးမှ မတက်ရတာ..ငါက ငယ်သေးတယ်….အင့် ကိုင်ထား….သူရ ငါ့ဒိုးတွေ မခိုးနဲ့နော်…"
"အေးပါ…."
စိုးစိုးတို့ သူငယ်ချင်း ငါးယောက် စလုံး သရက်ပင်အောက်မှာ ရပ်ရင်း မမှီတဲ့သရက်သီး ကို ခဲနဲ့ ပစ်ချသည်..။
ခဲလုံးတွေသာ မြောက်သွားတာ သရက်သီးက ပြုတ်မကျ..။
တုတ်နဲ့ ခူးရင်လည်း ဒေါ်ကြီးနု သိမှာ စိုးလို့ အပင်နောက်ဘက်မှာ ပုန်းရင်း အကြံထုတ်သည်..။
အပင်ကိုင်းတွေကို ကြည့်တော့ နှစ်ကိုင်း သုံးကိုင်းတက်ရင် တစ်ခိုင်ရပြီ..။
ယောက်ျားလေး သုံးယောက် စလုံး မတက်ရဲတော့ စိုးစိုး ပဲ ဂါဝန်ကို လိမ်၍ ဘောင်းဘီထဲ ထိုးထည့်လိုက်သည်…။
ဖိနပ်ကို လက်မှာ စွပ်၍ သရက်ပင်ကို ဖက်ကာ ခြေထောက်နဲ့ လည်း ကန်လိုက်သည်..။
"ရောက်ပြီလား…"
"ဟာ….ခုမှ အောက်ပဲ ရှိသေးတယ်…"
"ရောက်ရင် ပြောနော်….ငါ မမြင်ရဘူး…"
"အေးပါ…တက်ဦး….ဘေးက ကိုင်းဘက်ကို တက်…."
"အင်း…"
စိုးစိုး ခက်ခက်ခဲခဲ ဖက်တွယ်ပြီး တက်လိုက်တော့ ပထမကိုင်းပေါ်ကို ရောက်သည်..။
နောက်ထပ် တစ်ကိုင်း ပေါ် ရောက်တော့ လက်တွေ ခြေထောက်တွေ နာပြီး မောနေပြီ..။
သုံးကိုင်းရောက်တော့မှ သရက်သီး ခိုင်ကို လက်တစ်ဖက်နဲ့ ဆွဲချလိုက်သည်..။
"ဟေး…..ရပြီ…စိုးစိုးကွ…"
"အဲဒါ ကြောင့် ငါတို့ က နင့်ကို ချစ်တာပေါ့….."
"ကိုးလုံးတောင်….ပွပြီဟေ့…"
"အေး…အေး….ငါ့ကို ကျေးဇူးတင်….ခေါ်လိုက်စမ်း..ဆရာ…."
"ဆရာကြီး….စိုးစိုး….ဆရာကြီး….စိုးစိုး…"
အောက်ကို ပြန်ဆင်းတော့ ကိုင်းပေါ်ကို ခြေထောက်နင်း၍ ဖြည်းဖြည်း ပြန်ဆင်းရသည်..။
နှစ်ကိုင်း ကို ရောက်တော့ စိတ်မရှည်တော့လို့ အောက်ကို ကြည့်ပြီး ခုန်ချလိုက်သည်..။
"ဟာ…အမြင့်ကြီး ခုန်ချတယ်…"
"နင် ခြေထောက် နာသွားလား…"
"ဟင့်အင်း….ကိုယ်ကို ဖော့ပြီး ခုန်ချလိုက်တာလေ…"
"တော်လိုက်တာ….နင်ကလည်း မျောက်ကျနေတာပဲ…ဟီး..ဟီး…"
"မျောက်မ လို့ အမေ ငါ့ကို ခေါ်တယ်လေ…."
"လာ…လာ…မြန်မြန်သွားမယ်……စိုးစိုး နှစ် က အိမ်က ငရုတ်သီးဆား ပြန်ယူ…ငါတို့ တမာပင်ကြီး အောက်မှာ စောင့်နေမယ်…"
"အေး….အေး…"
"ဟဲ့…ဓားလည်း ယူလာနော်…."
"အေးပါဟ…"
စိုးစိုးနှစ် က အိမ်ကို ပြန်ပြေးတော့ စိုးစိုး တို့ သရက်သီးတွေ ပိုက်ပြီး တမာပင် ကြီး အောက်ကို ထွက်လာခဲ့လိုက်သည်…။
သရက်သီးစိမ်းတွေကို ငရုတ်သီးဆားနှယ်နဲ့ တို့စားလိုက် ရေအိုးစင် က ရေကို သောက်လိုက်နဲ့ ပျော်ဖို့ကောင်းပါသည်..။
.
"မိငယ် တစ်ယောက် လင်နောက် လိုက်သွားပြန်ပြီ…"
"အေးလေ….ပူစူးမလို ဗိုက်ကြီးပြီး ပြန်လာဦးမယ်…"
"မလေး..လင်နောက် လိုက်ရင် ဗိုက်ကြီးကောလား…"
"ဟား…ဟား….အေးပေါ့.."
စိုးစိုး ကျောကိုရိုက်ပြီး မလေးတို့က ရယ်နေပေမဲ့ စိုးစိုး စိတ်ထဲမှာတော့ ရှေ့က လက်ဖက် ပန်းကန်ကိုပဲ တွေးနေမိသည်..။
ကျောင်းမတက်တော့ပဲ အိမ်မှာ ထမင်းချက် ဟင်းချက် ရေခပ်တဲ့ အရွယ်ဆိုရင် အပျိုဖြစ်ပြီ..။
မလေး တို့ က အပျိုအဖွဲ့ပေါ့.။
အမေ က စိုးစိုး ကို အပျိုတစ်သိုက်နဲ့ မပေါင်းဖို့ မှာထားသည်..။
ငယ်ငယ်လေးနဲ့ မဟုတ်မဟက်တွေ စိတ်ဝင်စားမှာ စိုးလို့တဲ့လေ..။
စိုးစိုးကတော့ အားတိုင်း သူတို့ဆီ သွားပြီး စပ်စုသည်..။
သူတို့ စကားပြောနေတာတွေ ရယ်တာတွေကို ကြည့်ပြီး စိုးစိုးလည်း ပျော်သည်..။
ပါးကွက်ညီညီလေးလိမ်းနည်းလည်း သူတို့က သင်ပေးသည်လေ..။
စိုးစိုးကတော့ ညီညီလေး လိမ်းတက်သွားပေမဲ့ စိတ်မရှည်လို့ ဝလုံးပဲ ဝိုင်းသည်..။
သူတို့က စိုးစိုးတို့လို မြေကြီးပေါ်မှာ မကစားတော့ပဲ သူငယ်ချင်းတွေ စုပြီး အိမ်ရှေ့ ကွပ်ပျစ်မှာ စကားပြောကြသည်..။
ညနေဆို အတူတူ ရေခပ်ဆင်းကြသည်..။
အပိျိုတွေကို လူပျိုတွေက ပိုးကြပန်းကြသည်တဲ့..။
ချစ်တယ်….ကြိုက်တယ်ပေါ့…။
စိုးစိုး တော့ နားမလည်ပါဘူး..။
"ဟဲ့….စိုးစိုး…ကြည့်စမ်း…လက်ဖက်ကို အဲလောက် ခပ်စားရလားဟဲ့…"
"ဟီး……"
"………."
မဖြူလေး က စိုးစိုး လက်ကို ရိုက်ပြီး လက်ဖက် ပန်းကန် ရွေ့လိုက်တော့ နှာခေါင်း ရှုံ့မိသည်..။
လက်ဖက်စားတာကိုပဲ ခပ်စားလိုက်ပြီးတာကို…။
ဇွန်းသေးသေးလေးနဲ့ တစ်ဝက်လောက်စားရင် ဘယ်၀ လိမ့်မလဲ..။
ဘကြီး လာမှ လက်ဖက် သုတ်ကျွေးဖို့ ပူဆာဦးမည်..။
"ဟိုဘက်ရွာ က ငကျော်လေ….ထောင်ကျသွားပြီ…"
"ဟမ်..ဘာလို့တုန်း…"
"ဟော….ကွမ်းတောင်ကိုင် မိလှ ကို မတော်မတရားကြံလို့တဲ့လေ…"
"ဟယ်…"
"နင်သိပါတယ်…ဟိုကောင်မကလည်း စပ်စပ်လူး….မသိတဲ့ ကာလသားလည်း မရှိပါဘူး…ဖြစ်ကြပြီးမှ ဘာပြဿနာတက်လို့လည်း မသိဘူး..လူကြီးသွားတိုင်တယ်…..ဟွန့်…မသိရင် ခက်မယ်…ဗိုက်တောင် ပေါ်နေပြီ…သူ အလိုတူ လို့ အလိုပါတာ အသိသာကြီး…"
"တိုင်လိုက်တော့ကော..ဘာဖြစ်သေးတုန်း…ထောင်က ထွက်လာရင် ပြန်ပေါင်းမှာပဲ."
"အေ့လေ…."
စိုးစိုး မသိမသာ ရွေ့ပြီး ထောင့်ဘက်ရောက်နေတဲ့ လက်ဖက် ပန်းကန် နားကို တိုးသွားသည်..။
လက်ဖက်တစ်ဇွန်း ကပျာကယာ နှိုက်စားပြီး နောက်ကို မြန်မြန် ပြန်ဆုတ်ရသည်..။
"အကောင်တွေကလည်း လွန်တယ်နော်….ချောပေ့ လှပေ့ ဆို ကြံရော….တော်ပါသေးရဲ့ ငါ မလှပေလို့ ခစ်ခစ်…"
"ဟီး…ဟီး…ဟုတ်ပ….မိတုတ်….ညည်း သတိထားနော်…"
"ဟယ်တော့…ကျုပ်က ဘယ်မှာ လှလို့တုန်း….အသားက မဲသေး…တော်တို့လောက်တောင် ရုပ်မရှိပါဘူး…"
"ညည်းက လုံးကြီးပေါက်လှလေတော်….ခစ်ခစ်…."
"ခွေးမတွေ…"
"ဟား…ဟား….ရေခပ်ချိန်ဆို သိပ်လှတာပဲ သိလား…."
"ဟုတ်ပ….ခါးသေး ရင်ချီ ဆိုရင် ရုပ်မလှပေမဲ့ လှတာပါပဲ…ခစ်ခစ်…."
"ကောင်မတွေနော်…"
"မလေးပန်းနု ….လုံးကြီး ပေါက်လှ ဆိုတာ ဘာလည်း ဟင်…"
"ပါလာပြန်ပြီ…"
"သား မသိလို့ မေးတာပဲ…"
စိုးစိုး ကို မျက်စောင်းထိုးပြီး ပြောတော့ နှုတ်ခမ်းစူပြီး ပြန်ပြောလိုက်သည်..။
မမဖြူက ရယ်ပြီး မမိတုတ် ရဲ့ ပေါင်ကို လက်နဲ့ ရိုက်သည်.။
"ဟဲ့…မိတုတ်….ထ ပြ လိုက်စမ်းပါအေ…စပ်စု မ က သိချင်လို့တဲ့…"
"အမလေး….ဒီကောင်မလေး တော့ မသိပါစေနဲ့အေ…..ရွာရဲ့ ရေဒီယို ဘီဘီစီလေး…."
"ဟီး…ဟီး….."
"ဟွန့်….သား က ဘီဘီစီ မဟုတ်ပါဘူး….အက်စ်အက်စ်အန်….အက်စ်အက်စ်အန်…"
"အောင်မယ်…"
"ဟုတ်တယ်လေ….ဆရာမ က သား နာမည်ကို အင်္ဂလိပ်လို ပေါင်းပြထားတယ်…."
"လူတက်မ…"
"သြော်…သိပြီ….မမိတုတ်က ပေါင်ကြီးလို့ ပေါက်လှလို့ ပြောတာလား…."
"ဟား…ဟား….ဟား…"
"ခွေးသတ္တဝါ မလေး….ငါ့ကို များ ပေါင်ကြီးသလေး ဘာလေး နဲ့…ဖင်ကောက်လို့ဟေ့….ဖင်ကြီးလို့…ရပလား…"
"သြော်….ဟီး…ဟီး….သား အမေလည်း ကြီးတာပဲ…"
"နင့် အမေ က အအိုကိုးဟဲ့….မိတုတ်က အပျို….ပိုလှတယ်…"
"ဟုတ်တယ်…..သြော်…ဒါနဲ့ မအေးကိုလည်း သူ့ယောက်ျားက ခြေတော်တင်ပြီးမှ ယူတာနော်…"
"အေ့လေ…..ရွာကို ပြန်လာတော့ ဘီဘီစီမလေး ကို လေးလ ဖြစ်နေပြီ….ရွာလူကြီးတွေက မခံနိုင်လို့ တိုင်မယ် တောမယ် လုပ်မှ သူဌေးသားကိုပါ သူတို့ အိမ်က အမွေဖြတ်လိုက်တာလေ….ဟဲ့….စိုးစိုး နင်တို့ အမျိုးတွေက သူဌေးတွေဟ….နင် သိလား…"
"ဟင့်အင်း…"
စိုးစိုး မသိလို့ ခေါင်းရမ်းလိုက်သည်..။
သူဌေးသာ ဆိုတယ်….စိုးစိုး တို့က ဘာလို့ ဆင်းရဲနေသေးလဲ.။
"ဟွန့်…နင့်အဖေ က သူဌေးသား…နင့်အမေက နင့်အဖေ အိမ်မှာ အလုပ်လုပ်ရတဲ့ အလုပ်သမားဟ….ငယ်ငယ်လေးကတည်း သွားလုပ်တာ….မအေး နင့်ကို မွေးတော့ ဆယ်ခြောက်ကျော်လောက်ပဲ ရှိဦးမယ်…"
"ဟုတ်တယ်နော်…..မအေး ခုဆို နှစ်ဆယ်ကျော်လေးရှိသေးတယ်….ရုပ်ခံလေးလည်း ရှိတယ်…သနားပါတယ်…."
"အေးလေ…"
"သား အမေ က ငယ်ငယ်က ချောတယ်တဲ့…ဘကြီး ပြောတာ…"
"ဟုတ်တယ်…နင့်အဖေ ယုတ်မာလို့…သူ့ခမျာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒုက္ခရောက်ရတာပေါ့…"
"အဖေ က မယုတ်မာပါဘူး…"
စိုးစိုး အဖေ့ကို ပြောတာ မကျေနပ်လို့ နှုတ်ခမ်းချွန်ပြီး ပြန်ပြောလိုက်ချိန် မလေးပန်းနု က နားရွက်ကို လိမ်သည်..။
"နင့်အမေက ကလေး သာသာလေး ကို နင့်အဖေ သုံးဆယ်ကျော်ကြီးက အပိုင်ကြံလိုက်တာလေ…"
"ဘာ အပိုင်ကြံလို့လဲ…"
"မုဒိမ်းကျင့်တာဟေ့…မုဒိမ်းကျင့်လို့ နင်ထွက်လာတာ….ရှင်းပလား…."
"ဟား..ဟား…မိတုတ်ကလည်း စိတ်ချည်းပဲ….အားနဲ့ မာန်နဲ့ကို ပြောချပစ်လိုက်တာ.."
"ဒါပေမဲ့…."
"ကဲပြော…ဘာစပ်စုဦးမလဲ…"
"မုဒိမ်းကျင့်တယ်ဆိုတာ ဘာလဲ…."
"ဟာ..ဒုက္ခပါပဲ…."
"သွားတော့….သွားတော့…..ဟိုမှာ နင့်အမေ ပြန်လာပြီ…."
အမေ က ခေါင်းပေါ်ကို ဆွဲခြင်းရွက်ပြီး ပြန်လာတာ တွေ့တော့ စိုးစိုး ဖိနပ်ကိုင်ပြီး အိမ်ကို အမြန် ပြန်ပြေးရသည်..။
အိမ်ပေါ်ရောက်တာနဲ့ ငိုနေတဲ့ စုစု ကို ပုခက်ထဲက ထုတ်ပြီး ချီထားလိုက်သည်..။
ခဏကြာတော့မှ အမေ ရောက်လာသည်..။
"ဟူး…အမလေး…ငိုလိုက်တာ..စုစုရယ်….ဟဲ့..စိုးစိုး…ကလေးကို နို့မတိုက်ဘူးလား.."
"သားတိုက်တယ်….ငိုတာပဲ…"
"ခေါ်လာ…ခေါ်လာ…."
အမေ က ခေါင်းပေါ်က ပုဆိုးကို ဖြည်၍ ယပ်ခပ်ရင်း ကလေးကို ပေါင်ပေါ်တင်၍ နို့တိုက်သည်..။
တကယ်တော့ စုစု ကို နို့ဘူးဖျော်တိုက်ဖို့ စိုးစိုးမေ့နေတာလေ…။
အမေ့နို့စို့ရင်း စုစု တိတ်သွားတော့ စိုးစိုး ရေတစ်ခွက် ခပ်ပြီး အမေ့ကို ပေးလိုက်သည်..။
"ဟင်း…ရေထဲမှာလည်း သဲချည်းပဲ…ညနေကျ ရေခပ်ရဦးမယ်…"
"သား သွားခပ်မယ်လေ…"
"အောင်မလေး…မယ်မင်းကြီးမရယ်….မသွားပါနဲ့….အပျို အုပ်စု ဆီကို မသွားရဘူးလို့ ငါမှာထားတယ်နော်…"
"ဟုတ်…"
"…………"
"သွား….ဆန်ဆေးထားချေ….ညီမလေး အိပ်ရင် အမေ ထမင်းတည်ရမယ်.."
"ဟုတ်…"
စိုးစိုး ဝတ်ထားတဲ့ ဂါဝန် ညစ်ညစ်ကို ဘောင်းဘီတိုထဲ လုံးထွေး ထည့်ပြီး ရေကပြင်ကို ဆင်းလာခဲ့သည်..။
ထမင်းအိုး မဲမဲ ထဲ ဆန်ထည့်ပြီး ထိုင်ဆေးနေရင်း မမဖြူတို့ ပြောတာ ကို သတိရသည်..။
"အမေ့…."
"ဘာတုန်း…"
"မုဒိမ်း ကျင့်တယ်ဆိုတာ ဘာလုပ်တာလဲ…"
"ဘာပြောတာလဲ….."
"ဘာမှ မဟုတ်ဘူး…."
"………."
စိုးစိုး ကပျာကယာ ငြင်းပြီး ဆန်ကို မြန်မြန် ဆေးကာ ထင်းချောင်းတွေလည်း နေရာရွေ့ပေးထားလိုက်သည်..။
စိုးစိုး တစ်ခုခု မေးတိုင်း အမေက မလေးတ့်ုဆီသွားလားလို့ မေးတော့မည်လေ။
အမေ က တစ်ခါတလေ ကျ အလုပ်အကုန် သူလုပ်သည်..။
တစ်ခါတလေ ကျတော့ စိုးစိုး ကို အလုပ်မလုပ်ဘူးဆိုပြီး ဆူတက်သည်..။
ညနေကျရင် သူရတို့နဲ့ ဘောလုံးကန်ဦးမည်..။
ပုံတွေလည်း ပစ်ရဦးမည်..။
အရီးမြတို့ ခြံထဲက မရမ်းသီးတွေ မှည့်နေပြီ..။
ဘကြီးဥသြတို့ ခြံထဲမှာလည်း သရက်သီးသွားခိုးဦးမည်..။
စိုးစိုး လျှာနဲ့ နှုတ်ခမ်းကို သပ်ရင်း ညနေ အတွက် အစီအစဉ်ချထားလိုက်သည်…။
.
"ဟာ….ဘကြီးလာတယ်…"
"…………."
စိုးစိုး ခြံ၀ အထိပြေးဆင်းကာ အထုတ်တွေကို ကူသယ်ပေးလိုက်သည်..။
ဘကြီးလာရင် စိုးစိုး တို့အတွက် တစ်ခုခုတော့ အမြဲပါသည်လေ.။
ဘကြီးကို နေ့တိုင်းလာစေချင်ပေမဲ့ နှစ်လတစ်ခါလောက်ပဲ လာသည်..။
အမေက စုစု ကို ရေချိုးပေးနေရင်း က ဘကြီးကို လှမ်းနှုတ်ဆက်နေသည်..။
"မသိန်းတို့လည်း တစ်ခါမှ မလာပါလား…"
"အေးလေ…ငါက အရောင်းအဝယ်ကြောင့် လမ်းကြုံနေတာ သူတို့ ကျတော့ တကူးတကန့်လေ…"
"ဟေ့….ဖင်ကောက်မလေး…ရော့…"
စိုးစိုး တင်ပါးကို ဖြန်းခနဲ့ ရိုက်တော့ အရင်လို ရယ်မပြနိုင်ပဲ ငိုမဲ့မဲ့လေးတောင် ဖြစ်သွားရသည်..။
စပ်လိုက်တာ…..ဘာမှ မလုပ်ပဲ ရိုက်တယ်…။
အမေကို လှမ်းကြည့်တော့စုစုကို ရေသုတ်ပေးနေပြီမို့ စိုးစိုး တင်ပါးကို ပွတ်ရင်း ဘကြီး ပေးတဲ့ ဇီးသီးထုတ်ကို လှမ်းယူလိုက်သည်..။
ဆီးသီးထုတ်ကို ထိုင်စားရင်း နာတာ ပျောက်သွားတော့မှ ဘကြီးအနားကို မသိမသာ ကပ်သွားသည်..။
"ဘကြီး…"
"ဟဲ့…စကားပြောနေတာဘယ်လို ဖြစ်နေတာလဲ…"
"အိုးပုတ်ပါလား…"
"မေ့လာတယ်….အဲဒါ ဆက်ပြောပါဦး…"
"အမလေး…အကိုကြီးကလည်းနော်…အပုအကြောင်းဆို သိပ်စိတ်ဝင်စားတာပဲ…ကျုပ်တော့ အောင်သွယ်မလုပ်ဘူးနော်….မသိန်းကို သနားတယ်…မိန်းမချင်း ကိုယ်ချင်းလည်း စာတယ်…"
"ဟဲ့…တိုးတိုးပြောစမ်းပါ…"
"………"
စိုးစိုး ဆီးသီးထုတ်ကို ဆွဲယူပြီး လူကြီးတွေ စကားပြောနေတာ ကို အခွင့်ကောင်းယူကာ ရွာလယ်ပိုင်းကို ထွက်လာခဲ့လိုက်သည်.။
သူတို့ စကားပြောနေရင် စိုးစိုးလည်း ကောင်းကောင်းဆော့လို့ရသည်လေ..။
"ဟဲ့…ကောင်းထက်…ရော့….သူရလည်း နှစ်လုံးယူ….ဒါက စိုးစိုး နှစ်ဖို့…မင်းခန့်မရှိတာ နာတာပဲ….ဆီးသီးကြီးကြီး မစားရတော့ဘူး…."
"အေးလေ…ဆီးသီးက အကြီးကြီးပဲနော်…ချိုလိုက်တာ….ငါ့ကို အမှုန့်နည်းနည်းပေးပါလား…"
"ဒါက ဒီက မဟုတ်ဘူး…နည်းနည်းပဲ စားနော်…"
"အေးပါ…"
အစပ်ထုတ်လေးကို ကိုက်ဖောက်ပြီး ဆီးသီးပေါ် နည်းနည်း ဖြူးပေးလိုက်သည်..။
ဆီးသီး တစ်ထုတ်လုံးမှ အမှုန့်ထုတ်က သေးသေးလေး ပါတာမို့ စိုးစိုး ခြွေတာ စားရသည်..။
.
"အမေ…"
"ဟမ်…"
အမေ က ထမင်းအိုးမွှေနေရင်း ထူးတော့ စုစု ကို ပုခက်လွဲနေတာ ထားခဲ့ပြီး အမေ့အနားကို ရောက်သွားသည်..။
အမေ့ကို ပြောလိုက်ရင်ကောင်းမလား စဉ်းစားနေရသေးသည်..။
ရင်ဘတ်က နာပေမဲ့ အမေ့ကို ပြောလိုက်ရင် ဘာပဲ ဖြစ်ဖြစ် စိုးစိုး အပြစ်ဖြစ်ကာ ထ ရိုက်တဲ့ အခါက များတော့ ပြောဖို့ ကြောက်နေသည်.။
"ဟဲ့…ဘာလဲ….ဘာလုပ်ခဲ့ပြန်ပြီလဲ…"
"သား ရင်ဘတ်နာလို့…"
"ဟမ်….ဘာတွေ စားလို့လဲ…"
"မစားပါဘူး….နာနေတယ်…."
"ဘယ်တုန်းက စ ဖြစ်တာတုန်း…တစ်ခုခု နဲ့ ဆောင့်မိတာလား…."
"ဟုတ်ဘူး….ညနေက ဘကြီးပေါ်မှာ ထိုင်နေတုန်း သား…ရင်ဘတ်ကို ဆိတ်ဆွဲတယ်…"
"ဘာ…."
"ဟုတ်တယ်…ဒီဘက် နို့သီးကို ဆိတ်တယ်.."
"ဟဲ့….အမလေး….ဘယ်လိုတွေ ပြောလိုက်တာလဲ…စိုးစိုး…"
"………"
အမေ့ရဲ့ အော်သံကြောင့် စိုးစိုး ပြောမိတာ နောင်တရရင်း ခေါင်းကို ကုတ်လိုက်သည်..။
သိတယ်…အမေက အမြဲတမ်း စိုးစိုး ဆူနေတာပဲ..။
"နင်ဟာလေ….ရပ်ထဲရွာထဲ လှည့်…ပေါက်ကရစကား အကုန်ပြောတယ်…ငါ့ရှေ့မှာ ထိုင်နေတာ ငါ တွေ့သားပဲ..ပြောပါဦး…ဘယ်အချိန်လုပ်လိုက်တာလဲ…အဲတုန်းက ငါ ဘာလုပ်နေလဲ…ဟမ်…."
"ဟို….ဟို…မနက်က လုပ်တာ…"
"တော်ကြာညနေ…တော်ကြာ မနက်နဲ့….မိစိုး….ညည်းနော်…အတန်းလေး တစ်တန်းတက်တာနဲ့ တော်တော်တက်နေတယ်ဟလား…အဲဒီ့ပါးစပ်ပေါက်ကို သတိထားသလား….ဟိုက နင့်ဘကြီး အရင်းခေါက်ခေါက် ….ပလီပလာ ပြောတိုင်း ကောင်းတာ မဟုတ်ဘူးနော်….စိုးစိုး…အလုပ်မလုပ်ချင်တိုင်း အကြောင်း အမျိုးမျိုး ပြနေတယ်…သွား ပုခက်လွဲ…ငါ လက်မအားလို့ သက်သာသွားတယ် မှတ် ..."
စိုးစိုး စူပုတ်ပုတ်ဖြင့် ပုခက် ပြန်လွဲ နေလိုက်သည်..။
အရင်တုန်းက အလုပ်မလုပ်ချင်ရင် ဗိုက်နာလို့ ခေါင်းမူးလို့ လိမ်ပြောခဲ့ပေမဲ့ အခုက တကယ်လေ..။
အမေကလည်း အမှန်ပြောတော့ကျ မယုံဘူး..။
ခေါင်းမူးတယ်ဆိုပြီး လိမ်တုန်းက ကျတော့ အိပ်ခိုင်းထားတယ်..။
အခုတော့ တကယ်နာတော့ လိမ်တာတဲ့…ဟွန့်…။
စိုးစိုး ပုခက်လွဲပြီး ခေါင်းကိုသာ ကုတ်နေမိသည်.။
ညနေ ဘကြီး ပြန်ခါနီးတော့ အိုးပုတ်ဝယ်လာဖို့ ပူဆာရင်း ဘကြီးပေါ်မှာ ထိုင်နေတာပဲ..။
စိုးစိုးရဲ့ ရင်ဘတ်ကို ဖျစ်ရင်းဖျစ်ရင်းနဲ့ နောက်ဆုံး ဆိတ်ပါ ဆွဲသွားသေးသည်..။
နာလိုက်တာ…ခုထိ နာနေတုန်း..။
စိုးစိုး ရင်ဘတ်ကို ပွတ်ပေမဲ့ နာတုန်းမို့ အကျီ ၤကို မ၍ အမေ့လိမ်းသည့် ဒဏ်ကြေလိမ်းဆေးကို လက်ညိုးနဲ့ တို့ကာ လိမ်းလိုက်သည်.။
ဖင်ကောက်တယ် ဆိုပြီး ရိုက်တာလည်း ခဏခဏပဲ..။
အရင်တုန်းက ဘကြီး ကို ချစ်ပေမဲ့ အခုတော့ ဘကြီးလာရင် တင်ပါးကို အရိုက်ခံရမှာ ကြောက်လာပြီ..။
စိုးစိုး ပုခက်လွဲရင်း တင်ပါးကို လက်နှစ်ဖက်နဲ့ ကိုင်ကြည့်မိသည်..။
ဖင်ကောက်တယ် ဆိုတာ ဘယ်လို ပါလိမ့်.။
မမိတုတ်လိုမျိုးလား…။
"အမေ့…"
"ဘာဖြစ်ပြန်ပြီလဲ…"
"သားက ဖင်ကောက်လား ဟင်…"
"ကော့လျှောက်ရင်တော့ ကောက်မှာပေါ့…"
"သား ကော့မလျှောက်ပါဘူး…ဒါပေမဲ့ ကောက်တယ်နော်…"
"စိုးစိုး…."
"ဟင်.."
"နင် အပျိုဝိုင်းထဲ သွားဆော့တယ် ဟလား…ခင်ဦးတို့ မြင်မြင့် တို့ အိမ်ကို သွားပြန်ပြီလား…"
"မသွားပါဘူး…သူတို့က ချစ်ကြောင်း ကြိုက်ကြောင်းတွေ ပြောလို့ မသွားရဘူးဆို…"
"အေး…ကလေး ကလေးလိုနေ….ကလေးက ကလေးလိုပဲ ဆော့…လူကြီး စကား နားမထောင်ရဘူး ကြားလား…အတုမြင်အတက်သင်နဲ့ ဒုက္ခများမယ်….ကလေး စကား ပဲ ပြော…"
"ဒါဆို…သား ဖင်က ကောက်တာပေါ့နော်…"
"လုပ်ပြန်ပြီ…"
"ဖင်မကောက်အောင် လုပ်လို့ရလား အမေ…"
"အေ…ရတယ်ဟေ့…ရတယ်…လှီးသာ ထုတ်လိုက်…."
"………"
အမေ ခေါင်းမခေါက်ခင် ပုခက် ပြေးလွဲပေးလိုက်သည်..။
ညနေကျမှ ဒေါ်ပုသွားမေးဦးမယ်..။
စိုးစိုး မှတ်ထားလိုက်၍ စုစု ကို အိပ်ပျော်အောင် ပုခက် လွဲပေးနေရသည်..။
.
"ကျွန်မ မသိဘူး….မသိန်းရဲ့…သိရင် ဒီလို နေပါ့မလား…"
"အေးအေး…နင် သိပါတယ်ဟယ်….ငါ ဘယ်လို အနစ်နာခံ.."
"သိပါတယ်….သိပါတယ်…အကိုကြီးကို က မိုက်တာပါ မသိန်းရယ်…."
"……….."
စိုးစိုး တစ်ခါမှ မတွေ့ဖူးသည့် ကြီးတော် က ငိုပြီး တိုင်နေတော့ စိုးစိုး လည်း စိတ်ညစ်ရသည်..။
ဒေါ်ပုဆီကို မေးမဲ့ အကြောင်းအရာလည်း မေ့နေပြီ..။
ခုလောလောဆယ်…ဒေါ်ပုနဲ့ ဘကြီးတို့ ခိုးပြေးကြလို့ ဒေါ်သိန်းက အိမ်မှာလာငိုနေသည်..။
အမေက ဧည့်သည် ရှိလို့ မဆူချင်ပေမဲ့ စိုးစိုးက အလိုက်တသိ ညီမလေးကို ထိန်းရသည်..။
ဒါဆို ဘကြီး မလာတော့ဘူးပေါ့…။
ကစားစရာနဲ့ အဝတ်တွေ မုန့်တွေ မရတော့ စိတ်မကောင်းဖြစ်သွားသည်..။
စိုးစိုး တင်ပါးကို စမ်းကြည့်ပြီး စိတ်ထဲ ပျော်သွားပြန်သည်..။
အရိုက် အလိမ်မခံရတော့ဘူးပေါ့…။
ကောင်းတာပဲ..။
စုစု က မတ်တက် သွားတက်ပြီဆိုတော့ ဝါးတိုင် မှာ ကြိုးတစ်ချောင်းလုပ်ထားရသည်..။
စိုးစိုး တစ်နေကုန် မဆော့ရသေးလို့ စုစု ကို ကောက်ချီပြီး လမ်းပေါ် မသိမသာဖြင့် ထွက်လာခဲ့လိုက်သည်..။
"ဟေ့….စိုးစိုး….နင့်ညီမလေးပါခေါ်လာတာာလား…"
"အေး…ဟုတ်တယ်…."
"နင် ဘာလို့ မနက်က မလာလည်း…ငါတို့ ဒိုး ငါးလုံး ရှုံးသွားတယ်…"
"ငါ့ကြီးတော် ရောက်နေတယ်…ဟဲ့….ငါတို့ဘကြီးနဲ့ ဒေါ်ပုရယ်…ခိုးပြေးပြီတဲ့…"
"ဟုတ်လား…"
"အေး….စုစု…..ဒီမှာထိုင်နော်….မမ..ချော့မလို့ ကြားလား…ငြိမ်ငြိမ်နေနော်….ကြိုးမချည်ဘူးနော်….ဟဲ့….လှိုင်ဦး…ငါ့ညီမလေး ကို တစ်ချက်ကြည့်ပေးထားဦး…"
"……….."
စုစု ကို ဘေးမှာ ချပြီး စိုးစိုး ဂါဝန်မကာ ဖိနပ်ကို သေချာ ချိန်၍ ပစ်လိုက်သည်..။
တန်းစီထားတဲ့ ဒိုးလုံးတွေ လွင့်ထွက်သွားတော့ ကောင်းထက် က ပြေးကောက်ပေးသည်..။
စိုးစိုး ရောက်လာရင် သူတို့ရဲ့ နိုင်ပွဲတွေ ဆက်နေပြီလေ..။
"ဟဲ့….နွယ်စိုး…ငါ့ဖင်ကောက်လား…"
"ဖြန်း…"
"အား…ကြီးကြီး…"
"ပေါက်ကရတွေ လျှောက်မပြောစမ်းနဲ့…"
ကြီးကြီးက ဈေးခြင်းထောင်း ကိုင်ပြီး ဈေးဝယ်သွားရင်း ရိုက်သွားတော့ စိုးစိုးပါးစပ်ပိတ်သွားသည်..။
ဒါက မပြောရတဲ့ စကားလား..။
အမေ နဲ့ကြီးကြီးရဲ့ ရိုက်ချက်ကို ခံထားဖူးပြီမို့ စိုးစိုး ထပ်မပြောတော့ပဲ ဖိနပ်ကိုသာ သေချာ ထပ်ချိန်၍ ပစ်လိုက်သည်..။
လွင့်စင်သွားသော ဒိုးတွေကို ပြေးကောက်နေတဲ့ ကောင်းထက် ပေါ်ကို ခွတက်ပြီး စိုးစိုး လက်သီးတန်းကာ အော်နေမိသည်..။
တစ်ပွဲထဲနဲ့ ဆယ်လုံးရပြီ..။
1-21-04-16-01-24-01-34
.
"ဘကြီး…"
"အေး…လာဦး…ဖင်ကောက်မလေး…နင့်အမေကော…"
"အိမ်မှာပေါ့…"
"ရော့….ဘကြီးကို ဆေးလိပ် သွားဝယ်ပေးစမ်းပါ…"
"ဘကြီး မလာဘူးလား…"
"ဟအေး….သွား…ပိုတဲ့ တစ်ရာ မုန့်ဝယ်စားချေ…"
"ဟုတ်…"
စိုးစိုး ကျောင်းလွယ်အိတ်ကို နောက်ပစ် ပြီး ဒေါ်ဘူးသီး ဈေးဆိုင် ဆီကို ပြေးသွားသည်..။
ဆေးလိပ် ဝယ်ပြီး ပိုတဲ့ တစ်ရာကို မုန့်သုံးထုတ်ဝယ်ကာ အိတ်ထဲ ထည့်လိုက်သည်..။
လယ်ကွင်းစပ် မှာ ထိုင်နေတဲ့ ဘကြီး အနားကို ရောက်သွားကာ လွယ်အိတ်ထဲက ဆေးလိပ် ကို ထုတ်ပေးရသည်..။
"ဟာ…ဘယ်လို လုပ်တာလဲဟာ…ကျိုးကျေကုန်တော့မှာပဲ…"
"…………"
ဘကြီး ကို ဆေးလိပ်ပေးပြီး လွယ်အိတ်ကို ပြန်လွယ်တော့ စိုးစိုးကို ရိုက်ပြန်သည်..။
အဲဒါကြောင့် ဘကြီး ကို မတွေ့ချင်တာပေါ့..။
တင်ပါးကို လက်နဲ့ပွတ်ရင်း မှုန်ကြုတ်ကြုတ်လေး ပြန်ကြည့်တော့ အရက်ခွက်ကို ကောက်ယူသောက်ပြန်သည်..။
စိုးစိုး ကို ဆွဲပြီး ချီတော့ အရက်နံ့ကို မုန်းလို့ ရုန်းကန်ပြီး အောက်ဆင်းလိုက်သည်..။
"ငြိမ်ငြိမ်နေစမ်းပါ ဟယ်…."
စိုးစိုး ကို ရင်ခွင်ထဲ ပိုက်ထားပြီး လက်ဝါးကြီး က စိုးစိုး ကိုယ်ပေါ် ရောက်လာသည်..။
"အား…."
"နင် တောင် အပျိုပေါက် ဖြစ်လာပြီ…"
စိုးစိုး ရင်ဘတ်ပေါ်က လက်ဝါးကို ဖယ်ချလိုက်ပြီး ရုန်းထွက်သည်..။
ရင်ဘတ်က နာတော့ မျက်ရည်ဝဲလာသည်..။
"လာဦး…လာဦး…ဘကြီး ပြောစရာ ရှိလို့…"
"ဟင့်အင်း…"
"ရော်…ခက်ပြီ….ဒီမှာ….ဒိုးလုံး.. ပါလာတယ်…"
"မယူဘူး….သား ပြန်တော့မယ်…"
"ဟာ…ဖင်ကောက်သလို နားလည်း ကောက်တာပဲဟ….လာစမ်းပါဆို…"
"အား….မလာဘူး…လွှတ်…"
"……………."
စိုးစိုးရဲ့ ကျောင်းစိမ်းဂါဝန်ကို ဆွဲချွတ်တော့ လက်နဲ့ ပြန်ဆွဲထားသည်..။
"………….."
"………….."
"ဟီး….ဖေကြီးရေ…ဖေကြီး….သားကို ကယ်ပါ…..ဟီး…"
စိုးစိုး ကြောက်လန့်တကြား အော်ခေါ်နေမိတာမို့ ဘကြီးက စိုးစိုး ကို လက်နဲ့ ဖိထားရာကနေ နောက်ဆုတ်သွားသည်..။
"………….."
"………."
"ငါ…ငါ…..အိုး….ဘကြီး….ဘကြီး…မူးပြီး…"
"ဟီး…."
"လာ…လာ….ပြန်ဝတ်နော်…"
လယ်ကွင်းစပ်ကို ရောက်နေသည့် ဂါဝန်ကို ပြန်ကောက်ယူပြီး စိုးစိုး ကို သေချာ ပြန်ဝတ်ပေးသည်..။
စိုးစိုး ကို မျက်ရည်တွေ သုတ်ပေးပြီး ဆံပင်တွေကိုလည်း သပ်ပေးသည်..။
စိုးစိုး ဘေးမှာ ရွေ့ရပ်လိုက်ပြီး မျက်ရည်သုတ် ရင်း လျောကျနေတဲ့ ဘောင်းဘီကို မတင်လိုက်သည်။
"ဘယ်သူ့ကိုမှ မပြောနဲ့နော်…"
"……….."
"ရော့…..မုန့်ဘိုးယူသွားချေ…."
"…………"
စိုးစိုး လွယ်အိတ်ကို ကောက်လွယ်ပြီး ရွာထဲကို ပြန်ဝင်ပြေးလာခဲ့သည်..။
လမ်းလျှောက်ရင်ပိုနာသည့် ရင်ဘတ်ကို ကိုင်ရင်း စိတ်လည်းတိုသည်.။
မျက်ရည်တွေကို ဆွဲသုတ်ပစ်လိုက်သည်.။
ဒီတစ်ခါတော့ ဘကြီးကို တိုင်ကို ပစ်ဦးမယ်..။
အနိုင်ကျင့်တာ များလာပြီ…။
နောက် တစ်ခါ ဒါမျိုး မလုပ်ရဲအောင် တိုင်ရမယ်..။
မဟုတ်ရင် သူလာတိုင်း ငါ့ကို ရိုက်လိုက် ဖျစ်လိုက်နဲ့..။
စိုးစိုး လွယ်အိတ်ကို အိမ်မှာ ပြန်ထားပြီး အမေ့ကို တစ်ချက်ကြည့်သည်.။
အမေ မရောက်သေးဘူး..။
ရွာလူကြီး အိမ်ကို ကိုယ်တိုင်ပဲ သွားတိုင်ဖို့ ထွက်လာခဲ့လိုက်သည်..။
လူကြီးက ဘာဖြစ်ဖြစ် လာတိုင်ဖို့ မှာထားသည်။
.
"အမေ…ဒီမှာ..ရေ…"
"အေး…အေး…ထားခဲ့…"
"ဟဲ့..စိုးစိုး…သွား…အောက်မှာ သွားဆော့ချေ…"
"ဟုတ်…"
"…………."
စိုးစိုး လက်ချောင်းတွေကို လှိမ်ပြီး အိမ်ပေါ်က ဆင်းလာကာ အိမ်အောက်ကို လေးဘက်ထောက် ၍ ဝင်လိုက်သည်..။
အမေ့ကို ပြောရင် အရိုက်ခံရမှာ စိုးလို့ ဒေါ်ကြီးပူစူးကို တိုင်ထားသည်..။
ဒေါ်ကြီး ပူစူးက ရွာလူကြီး မိန်းမ..။
ဘကြီးကို ထောင်ထဲ ထည့်လိုက်လည်း ကောင်းတာပဲ..။
ဒါမှ စိုးစိုး ကောင်းကောင်းနေရမှာ..။
"ဘာဖြစ်လို့လဲ…မပူစူး…"
"ဟင်း…ကျုပ်ဆီကို စိုးစိုး လာတယ်…"
"သြော်….ကျွန်မနေမကောင်းတာ လာပြောတာလား…မီးယပ်ရောဂါပါ အစ်မရယ်…တိုင်းရင်းဆေး နဲ့ ကုနေတယ်…ယောက်မ ကလည်း ငွေထောက်ပံ့ပါတယ်…"
"မဟုတ်ပါဘူး..အဲဒါ ငါသိတယ်…ခု က စိုးစိုး နဲ့ နင့်အစ်ကိုကြီး ကိစ္စ.."
"ဟမ်.."
"နင့်အစ်ကိုကြီးက စိုးစိုးကို မတော်မတရား လုပ်တယ်တဲ့…"
"ရှင်…ဘာ…ဘာလုပ်တာလဲဟင်…"
"ငါ သိရသလောက်တော့…မလွန်ကျူးရုံတမယ်ပဲ….နင့်ကို ပြောရင် ရိုက်မှာ စိုးလို့တဲ့ ငါ့ကို လာပြောတယ်…"
"မဖြစ်နိုင်တာ မပူစူးရယ်….သူ့ဘကြီး က သူငယ်ငယ်ကတည်းက ဘယ်လောက် ချစ်တက်လိုက်လဲ…"
"ဒါတော့..ဒါပေါ့အေ…ကလေးစကားဆိုပြီး အလေးမထားလို့လဲ မရဘူး…ယောက်ျားဆိုတဲ့အမျိုးက သိတယ်မလား…ကျောင်း အပြန် လယ်ကွင်းစပ်မှာ လုပ်တာတဲ့…ဒီလောက် သေချာ ပြောနေတာ…မဟုတ်ပဲ ရှိပါ့မလား…"
"'ဒီကောင်မ က လူကြီးစကား သိပ်ပြောတက်တာ မပူစူးရဲ့…ကာလသမီးတွေ နဲ့လည်း ပေါင်းတော့ သူများစကား ကြားပြီး ပြောတာ နေပါလိမ့်မယ်… မပုကိစ္စနဲ့ သူ့ဘကြီးက မလာတာတောင် ကြာလှပြီ… ရွာကို လာရင် အားလုံးတွေ့နေမှာပဲ…"
"အေး..ဒါလည်း ဟုတ်တာပဲ….ဒေါ်ပုနဲ့ လိုက်ပြေးကတည်းက မလာတော့တာနော်…"
"ဟုတ်တယ်…"
"ဟင်း….ဒီကောင်မလေး လုပ်တာနဲ့ ငါတောင် ကယောင်ခြောက်ခြား ဖြစ်သွားတယ်…စိတ်ပူတာပေါ့အေ….ကိုယ့်ရွာမှာ မဖြစ်သင့်တဲ့ ကိစ္စ တစ်ခုပဲ မလား…"
"ကလေးတွေလည်း ခက်တယ်…မပူစူးရယ်….ဘယ်က တက်သိလာလည်း မသိပါဘူး…သူ့ဘကြီးက ဖင်ကောက်မလေး ခေါ်ပြီး ရိုက်တာကိုတောင် အပျိုကြီးလို ရန်တွေ့နေသေးတယ်…ဟိုတလောကပဲ ကျွန်မ ရိုက်ရသေးတယ်…အပျိုစိတ်က ဝင်ချင်နေပြီ…"
"အေးလေ…သမီး မိန်းကလေး ဆိုတော့ သတိတော့ထားရတယ်….အရွယ်မရောက်ခင် အပျိုလုပ်ချင်တာလည်း ခက်ရဲ့..ဟိုတနေ့ကပဲ လှကြည် သမီး လင်နောက်လိုက်သွားတာ ကြားသေးတယ်မလား..အသက်ကလေးက ဆယ်နှစ်ကျော်လေးဟယ်…..ဖြစ်စရာလား…ခု အိမ်ပြန်ရောက်နေပြီ…ကိုယ်ဝန်နဲ့တဲ့…ကြားနေရတာ နားမသက်သာဘူးအေ….ကဲ….ဘာမဟုတ်တဲ့ ကိစ္စ ကြောင့် ငါ့မှာအလုပ်ဖျက်လာရတာ….ဒီလိုဆိုလည်း ငါပြန်လိုက်ဦးမယ်…."
"ဟုတ်ကဲ့…"
"………….."
"စိုးစိုး….လာစမ်း…"
စိုးစိုး ဂါဝန်ကိုပိုက်ပြီး အိမ်အောက် က ပြန်ထွက်လာကာ အိမ်ပေါ်သို့ မဝံ့မရဲ တက်လာခဲ့သည်..။
အမေ က မျက်လုံးပြူး နှုတ်ခမ်းကိုက်၍ ကြည့်နေတော့ စိုးစိုး ရပ်တန့်နေလိုက်သည်..။
"ငါ သေအောင် လုပ်နေတာလား ဟမ်…"
"………."
စိုးစိုး ဘာမှမပြောပဲ ငြိမ်နေသည်..။
"လာစမ်း…လာစမ်းပါဟဲ့….မတက်ကြီးရဲ့…"
အမေ ထပ်ခေါ်တော့ စိုးစိုး အနားကို ရောက်အောင် သွားရတော့သည်.။
"ပြော….ရပ်တကာ ရွာလှည့်ပြီး ငါ့အကိုကြီးကို အရှက်ခွဲရတာ ပျော်လားဟမ်…ဘယ်က တက်လာတာတွေလဲ….နင့်ဘကြီးကြောင့် နင်လူဖြစ်လာတာ သိရဲ့လား….. နင့်ကို ဖျက်ချဖို့ နင့်ဘကြီးက တာဝန်ယူပါတယ်ဆိုပြီး မွေးခိုင်းလို့ နင်လူဖြစ်လာတာ…..ခု ကောင်းကောင်း ကျေးဇူးဆပ်တက်နေပြီပေါ့လေ….ပြောစမ်း…ဟဲ့ ကောင်မ…"
စိုးစိုး ဆံပင်ကို ဆွဲတော့ မျက်ရည်ကျရင်း ထိုင်ချလိုက်သည်..။
အမေ က ပေါင်တွင်းကြော ကို ထပ်လိမ်တော့ စိုးစိုး တစ်ကိုယ်လုံး တွန့်တက်သွားသည်..။
"ဟီး…တကယ်လုပ်တာ….သား..နာလို့ သွားတိုင်ပစ်တာ…."
"ဘာလုပ်တာလဲ….ဘယ်တုန်းကလုပ်တာလဲ….ဟမ်.."
"သား ကို ဆိတ်တယ်….ပြီးတော့…လယ်ကွင်းထဲ မှာ တွန်းလှဲပြီး အကျီ ၤလည်း ချွတ်ပစ်တယ်…သား ငိုလို့ ပြန်လွှတ်လိုက်တာ….ဒီမှာ…သားရင်ဘတ်တွေ နာနေပြီ.."
စိုးစိုး စိတ်ပေါက်ပေါက်ဖြင့် အကျ ီ ၤ လှန်ပြလိုက်တော့ အမေ က လက်ကို ဆွဲပြီး အနားကိုခေါ်ကာ ကြည့်သည်..။
"နင်..ထ….အကျီ ၤ ချွတ်စမ်း."
စိုးစိုး အဝတ်အစားတွေ ချွတ်ပြီး အမေ့ရှေ့မှာ ရပ်နေလိုက်သည်..။
အမေ က စိုးစိုး တစ်ကိုယ်လုံးကို သေချာ စစ်ဆေးနေသည်..။
"နင့်ဘကြီးနဲ့ ဘယ်တုန်းက တွေ့တာလဲ.."
"မနေ့က…"
"မနေ့ကဟလား….ဘာလို့ အိမ်ကို မလာလဲ…"
"မသိဘူး…ရွာပြင်မှာ အရက်သောက်နေတယ်…သားကို ဆေးလိပ်ဝယ်ခိုင်းသေးတယ်…"
"အောင်မယ်….ငါ့ကိုတောင် ပြန်အော်နေသေး….နင့်ဘကြီး ကို ဘယ်သူတွေ့လဲ…"
"သားပဲ တွေ့တယ်…"
"သြော်….သြော်…..တစ်ရွာလုံးမှာ နင်တစ်ယောက်တည်း…..သြော်….အေး…"
စိုးစိုး ဘောင်းဘီ ပြန်ဝတ်ရင်း ပြောနေတော့ အမေ က ဝါးထရံ့ပေါ်က တုတ်ကို သွားယူနေပြီ..။
အမေ ရိုက်တော့မှာလား..။
"လိမ်ချင်ဦး….လိမ်ချင်ဦး…"
"အား….ဟီး…တကယ်ပြောတာ…ဟီး…."
"နင် တော်တော် အရှက်မရှိပါလား…အမေ တစ်ယောက်လုံး ရှိရဲ့ သားနဲ့ ဘာကိစ္စ အမေကျော် ဒွေးတော် လွမ်းရတာလဲဟမ်….ဒေါ်ပူစူးက နင့်အမေလား…ရွာထဲက ဘာတွေ ပြောလာမလဲ နင်သိရဲ့လား…ဟမ်…"
"အမေ့ပြောတော့ ရိုက်တာကိုး.."
စိုးစိုး ငိုနေတဲ့ ကြားကနေ အာခေါင်ခြစ်၍ ပြန်အော်ပစ်လိုက်သည်..။
အမေ က သုံးချက် ထပ်ရိုက်သည်..။
"ပိတ်ထား….နင် မဟုတ်တာ ပြောလို့ ရိုက်တာလေ…နင် မြေမြိုမယ် သိလား..ဟိုတစ်ခါလည်း ငါ ရိုက်ပြီးပြီ မမှတ်ဘူး…နင် ဘကြီးသာ နင့်ကို ကြံရင်လေ..ငါ ပြောလိုက်ရ…ကောင်မ…အပျိုသိပ်လုပ်ချင်နေတယ်…သိပ်တော် သိပ်တက်နေတယ်ပေါ့လေ…"
"အီး…."
"ဟီး…ဟီး…"
အမေ က လက်ထဲက တုတ်ကို ပစ်ချပြီး စုစု ကို ကောက်ချီတော့မှ စိုးစိုး ရှိုက်ရင်း ဝတ်လက်စ အကျီ ၤပြန်ဝတ်လိုက်သည်..။
တကယ် လုပ်တာပါဆို…အမေက မယုံဘူး..။
ခုတော့ စိုးစိုး မှာ ရင်ဘတ်လည်း နာတယ် ဒေါ်ပူစူး တိုင်တော့မှ အရိုက်လည်း ခံရသေးတယ်..။
တော်ပြီ…နောက်တစ်ခါဆို ဘယ်သူမှ ပြန်မတိုင်ဘူး..။
ကိုယ်ဟာ့ကိုပဲ ပြန်ဖက်ကိုက်တော့မယ်..။
.
◇◆◇◆◇◆◇◆◇◆◇◇◆◇◆◇◆◇◆◇◆စိတ်ညစ်ရတော့မည်။
တောင်းပန်ပါတယ်နော်။
ခုရက်ပိုင်း စိတ်ရှုပ်စရာ ရှိနေရင် မဖတ်ဖို့ အကြံပေးမယ်။
အားနာလွန်းလို့ပါ။စနေနေ့ကျ နောက်တပိုင်း တင်ပေးပါမည်။
အခုချိန်ထိ အားပေးခဲ့တဲ့ စာဖတ်သူလေးတွေ
အကြာကြီး ပျောက်သွားလည်း မမေ့တဲ့ စာဖတ်သူလေးတွေ
မကောင်းလည်း အချိန်ပေး ဖတ်ပေးတဲ့ စာဖတ်သူလေးတွေ
တစ်ယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်နော်။
အရေးအသားမကောင်း စာလုံးပေါင်း မမှန်တာ ခွင့်လွှတ်ကြပါ ။
စာလုံးရိုင်းတွေ အတွက်လည်း တောင်းပန်ပါတယ်နော်။Facebook Account (Zawgyi)
https://www.facebook.com/spica.alice.1
Facebook Page (Zawgyi)
https://www.facebook.com/Spica-Lin-စပိုက်ကာလင်း-1578142228989032/
Facebook Page (Unicode)
https://www.facebook.com/SpicaLin-စပိုက်ကာလင်း-Unicode-110111527107943/
Wattpad (Zawgyi)
Spica_s
https://my.w.tt/FLHrJ3aqw2
Wattpad (Unicode)
Spica-a
https://my.w.tt/74aCrATpw2
စာတွေဖတ်ပေးတာ ကျေးဇူး အထူးတင်ပါတယ်နော် 💪❤📕
✌
Love U All
࿇Sקicค Liຖ࿇
#စပိုက်ကာ
ESTÁS LEYENDO
မြူခိုးမှိုင်းဝေ
Romance◇◆◇◆◇◆◇◆◇◆◇◇◆◇◆◇◆◇◆◇◆◇ "ဘာကို စိုးရိမ်နေတာလဲ... ငါ့ရဲ့ ခံစားချက်ကို သိအောင် မကြိုးစားစမ်းပါနဲ့...လူလောကမှာ နေတာ ကြာလေ....အမှား ပိုလုပ်မိလေပဲ..အဲတော့...နင့်ထက်ပိုများတဲ့ အမှားတွေလည်း လုပ်ခဲ့ဖူးပြီးပြီ......အမှားပေါင်းများစွာကို ဖြတ်ကျော် ဖြတ်လျှောက်ခ...