Part 3

3.9K 194 10
                                    

မြူခိုးမှိုင်းဝေ
အပိုင်း(၃)
1-21-04-19
#မြူခိုးမှိုင်းဝေ

"တစ်…နှစ်…သုံး…."
"ရေး….ငါ နိုင်ပြီ….ငါ နိုင်ပြီ….သီချင်းပါတဲ့ ပုံတွေ ပြန်မလဲနဲ့နော်…"
"အေးပါ…"
ကောင်းထက် လက်ထဲက ပုံတွေကို အပိုင်သိမ်းပြီး စိုးစိုး လက်မှာ စွပ်ထားတဲ့ ပလတ်စတစ်အိတ်ထဲ ထည့်လိုက်သည်.။
မျက်နှာကြီး ရှုံ့မဲ့နေတဲ့ ကောင်းထက် ကို ပါးဖျစ် စလိုက်ကာ သုံးပုံတော့ ပြန်ပေးလိုက်ပါသည်..။
"ဟဲ…ဟဲ….ငါနိုင်ရင်လည်း နင့်ကို ပြန်ပေးပါ့မယ်ဟာ…"
ကောင်းထက် က ပုံသုံးပုံရတော့မှ မျက်နှာကြီး ဖြီးပြတော့သည်.။
"စုစုရေ…ငါ နိုင်ပြီ…သိလား…ညီမလေး….လာ….စုစု ကြီးလာရင်…မမနဲ့ ဆော့ကြမယ်နော်…"
"…………."
သဲတွေကို လက်ထောက်ပြီး ထိုင်နေတဲ့စုစုကို ကောက်ချီပြီး လက်က သဲတွေကို ခါပေးလိုက်သည်..။
"ဟေ့….ဝကြီး…ပုံဝယ်မလား.."
"အကြီးလား..အသေးလား.."
"အကြီးပေါ့….ငါ ခုပဲ နိုင်လာတာ…."
"ဘယ်လောက်လဲ…"
"နှစ်ဆယ်ကို ငါးဆယ်…"
"နင့်မှာ နှစ်ဆယ် မရှိပါဘူး.."
"ရှိတယ်…"
"ငါကြိုက်တာ ရွေးမှာနော်…."
စိုးစိုး တစ်ချက် စဉ်းစားလိုက်သည်..။
ကောင်းထက် ဆီက ပုံတွေက မနေ့ကမှ သူ့အမေဝယ်ပေးသည့် ပုံသစ်တွေ..။
ပုံတွေကို တစ်ခါတည်း ခွဲပြီး ဖွက်ခဲ့ရမှာ..။
"နေဦး….ငါ အိမ်မှာ ကျန်တာတွေ သွားယူလိုက်ဦးမယ်…"
"ဟွန့်..နင့်ဆီမှာ နှစ်ဆယ် မရှိပါဘူး.."
"ရိ့ှပါတယ်ဆို…ခဏစောင့်"
စိုးစိုုး ခပ်လှမ်းလှမ်းမှာ ရှိတဲ့ မန်ကျည်းပင် အောက်ကို ပြေးဝင်သွားလိုက်သည်..။
စုစု ကို ခဏချပြီး စိုးစိုး လက်ထဲက အိတ်ကို ကပျာကယာ ချွတ်ရသည်..။
အထဲက ပုံအသစ် ခြောက်ပုံကို ထုတ်ပြီး ဘောင်းဘီ သရေကြိုးထဲ ထည့်လိမ်ထားလိုက်သည်..။
ပုံတွေကို ပြန်ဖွပြီး လက်ကို အိတ်စွပ်ကာ စုစုကို ကောက်ချီလိုက်သည်…။
"…………"
"နှစ်ဆယ် ကို ငါးဆယ် များတယ်ဟ…"
"နှစ်ပုံတိုးတွေနော်…"
"ဟုတ်တယ်…ငါးဆယ် များတယ်…"
"နင် ရွေးယူရမှာလေ….မများဘူး.."
"လာ…ငါကြည့်ဦးမယ်…"
ဝကြီးက ထိုင်လိုက်တော့ စိုးစိုးလည်း ထိုင်ပြီး လက်က အိတ်ကို ချွတ်ပေးလိုက်သည်..။
"တစ်ပုံ….နှစ်ပုံ….သုံးပုံ…ဒါကြီးက စုတ်တယ်…ဖယ်လိုက်…သုံးပုံ…လေးပုံ…."
"……….."
"ရော့….ငါးဆယ်…"
"ဟွန့်…ငါ့ပုံကျတော့အသစ်တွေရွေးယူတယ်..နင့် နှစ်ဆယ်တန်ကြီးက စုတ်နေတယ်…လဲပေး…"
"ငါ့မှာ အဲဒါပဲ ရှိတယ်…"
"ဒေါ်ဘူးသီးက ပြောဦးမယ်…ရတယ်လေ….လျော့ပေးလိုက်မယ်…"
"ဒါလေး…ငါ အပိုယူသွားမယ်…"
"ဟဲ့…"
စိုးစိုး ဘေးမှာ ချထားတဲ့ ပုံသေး အသစ်ကလေး ငါးပုံကို ကြုံးယူပြီး ပြေးတော့ စုစုကို ပစ်ချပြီး ပြေးလိုက်သွားသည်..။
"အား…"
"ပေးစမ်း…ငါ့ပုံတွေ…"
"ခွေးမ…ငါ့ကို ကိုက်တယ်…"
"ဟွန့်…စိုးစိုး ကို ဒီလို လာလုပ်လို့ရမလား….အမေမွေးကတည်းက ပါလာတဲ့သွား…အလကားမဟုတ်ဘူး.."
စိုးစိုး သွားစေ့ပြီး လက်ညိုးထိုးပြ ကျိန်းလိုက်သည်..။
ဝကြီး လက်ထဲက ပြုတ်ကျလာတဲ့ ပုံသေးတွေကို ကောက်ပြီး ပြန်ပြေးလာတော့ စုစု က မြေကြီးပေါ်မှာ မှောက်ပြီး အာဗြဲ ငိုနေပြီ..။
"ဟီး…မမ မေ့သွားလို့..တိတ်…တိတ်…..ဝကြီးက ညစ်ပတ်လို့ ပြေးလိုက်သွားတာ…ငါ့ညီမလေး နာသွားပြီ….အေး…အေး…တိတ်ပါ…တိတ်ပါ…..မုန့်ဝယ်ကျွေးမယ်လေ….ဝှီး.."
စုစု ကို ကျောပေါ်တင်ပြီး လှုပ်တော့ ငိုတာ တိတ်သွားသည်..။
ပါးစပ်မှာ ပေနေတဲ့ သဲတွေကို သုတ်ပေးလိုက်ပြီး ဒေါ်ဘူးသီး ဆိုင်ကို ချီတက်ခဲ့သည်..။
စိုးစိုး အကြိုက် ထန်းလျက်ချောင်း သုံးချောင်း ရတော့ စုစု ကို တစ်ချောင်း လက်ထဲ ထည့်ပေးလိုက်သည်..။
"ဟဲ့…စိုးစိုး…လာပါဦး.."
"……."
"ထိုင်….စပ်စုမ…"
"အမလေး…ကလေးကလည်း ပေတူးနေတာပဲ…မျက်နှာမှာလည်း သဲတွေနဲ့..နင့်အမေသိရင် နင့်ကို သတ်လိမ့်မယ်.."
"………."
စိုးစိုး ဂါဝန်မပြီး စုစု မျက်နှာကို သုတ်ပေးလိုက်တော့ ထန်းလျက်ချောင်း ပြုတ်ကျသွားလို့ ငိုပြန်ပြီ..။
ဒီကောင်မလေးကလေ…အာကိုဗြဲတယ်..။
ငါ ငယ်ငယ်ကသူ့လောက် မငိုပါဘူး..။
"ဟဲ့…နင့်ကို နင့်ဘကြီးက ဘာလုပ်တာလဲ…"
"ဟမ်…"
စိုးစိုး ထန်းလျက်ချောင်းစုတ်ရင်း မျက်လုံးပြူးကာ ပြန်ကြည့်တော့ မမဖြူက အနားကို တိုးလာသည်.။
မလေးစံပယ် ဘေးနားမှာ မမိတုတ်  ကလည်း ထိုင်လိုက်ပြန်သည်..။
ရွာက အပျိုဝိုင်း က စိုးစိုး ပတ်လည်မှာ ထိုင်နေတော့ နည်းနည်း တောင် ပျော်သွားသည်..။
သူတို့ အနားသွားရင် ကလေး မလာနဲ့ ဆိုပြီး ခဏခဏ မောင်းလွှတ်တက်တာလေ..။
ခုတော့ စိုးစိုး အနားမှာ ဝိုင်းလို့..။
"ဟဲ့..စိုးစိုး…ပြောလေဟာ…"
"ဟို….ရင်ဘတ်ကို ဖျစ်လို့…မလေးကို ဘယ်သူပြောလဲ…"
"မယ်….နင်…ကြီးတော် ကို လာတိုင်တာပဲ….ကျုပ်တို့ကြားတာပေါ့…"
"ဟုတ်တယ်…."
"အေးလေ…ရင်ဘတ်ကို ဖျစ်တာပဲ လာတိုင်ရတယ်လို့..နင့်ဘကြီးထောင်ကျသွားရင် ဘယ်နဲ့ လုပ်မလဲ…"
"အိုး…သား နာတာကိုး.."
"ဟုတ်လား…ဘယ်နေရာလဲ..သူက ဘယ်လို လုပ်တာလဲ…"
"ဒီနေရာကို ဒီလို …ဒီလို…ဖျစ်တာ…"
စိုးစိုး ကို ဝိုင်းစပ်စုနေတာ စိတ်မရှည်တော့လို့ ထန်းလျက်ချောင်းကိုက်ရင်း ရင်ဘတ်ကို ဖျစ်ပြလိုက်သည်..။
"အိုး…ဟား..ဟား…"
"ခစ်…ခစ်…"
"ကောင်မကလဲ…ပြောတက်တယ်တော့…"
"အဲ…အဲ….ပြောပါဦး…နင့်ကို အဲလို လုပ်တော့ ဘယ်လို နေလဲ…"
"နာတာပေါ့….ဒီဘက်က အားကြီးနာတာပဲ…"
"အေးပေါ့…သူက ငယ်ငယ်လေး ရှိသေးတာ…."
"မိတုတ်…ဆိုရင်တော့ ဘယ်နာမလဲနော်.."
"ကောင်မ…"
"ဟား..ဟား..ဟုတ်တယ်…သူဆိုရင် နာမှာ မဟုတ်ဘူး..ဒီလို…ဒီလို…"
"ခွေးမနော်…ငါလုပ်လိုက်ရ…"
သူငယ်ချင်းတွေ တစ်ယောက်နဲ့ တစ်ယောက် စပြီး ရယ်နေတော့ စိုးစိုးလည်း ထန်းလျက်ချောင်း ကိုက်ရင်း လိုက်ရယ်မိသည်..။
"အဲဒါ…အဲလို ဖြစ်ပြီးတော့….ဘာလုပ်သေးလဲ…"
"………."
စိုးစိုး မေ့နေပြီမို့ သေချာ ပြန်စဉ်းစား ယူရသည်..။
ဘာလုပ်တာပါလိမ့်…။
"သြော်….တွန်းလှဲပြီး လက်နဲ့ဖိထားတယ်…"
"ဟယ်…..ပြီးတော့…"
"ပြီးတော့….သားအကျီ ၤကို ဆွဲချွတ်ပြီး လွင့်ပစ်တယ်…."
"နောက်ပြီးတော့ကော…."
"ဒေါက်…"
"အား…"
မလေးဖြူက ခေါင်းကို လက်နဲ့အုပ်ပြီး နောက်လှည့်ကြည့်တော့ နွယ်စိုးရဲ့ အမေ ဒေါ်လေးဥမ္မာဖြစ်နေသည်..။
"နင်တို့ တယ်လည်း စပ်စုပါလား…"
"ဟီး…မမဥမ္မာကလည်း….မေးကြည့်တာပါ…"
"ကလေး ကို ပေါက်ကရလျှောက်မေးနေတယ်….နင်တို့နော်….တချက်မှကို အိနြေ္ဒမရဘူး….သမီး စိုးစိုး ကော အိမ်မပြန်သေးဘူးလား..လာ….ဒေါ်လေး နဲ့ ပြန်မယ်…"
စိုးစိုး မထချင် ထချင်ဖြင့် ကွပ်ပျစ်ပေါ်ကနေ ဆင်းလာခဲ့ရသည်..။
စုစု ကို ကုန်းပိုးရင်း ပုံအိတ်ကိုလည်း တစ်ဖက်က လက်ကို စွပ်လိုက်သည်..။
"သမီး က ဘာလို့ အဲလို လျှောက်ပြောတာလဲ…"
"ဟင်….သူတို့ မေးလို့လေ…"
"သူတို့ မေးလည်း မပြောရဘူး…"
"ဘာဖြစ်လို့လဲ…"
ဒေါ်လေး ဥမ္မာက စိုးစိုး ခေါင်းကို သပ်ပေးတော့ စိတ်ထဲ ပျော်သွားကာ ပြုံးပြလိုက်သည်..။
"ဟင်း…မိန်းကလးဆိုတာ အရှက်နဲ့ လူလုပ်ရတာ သမီးရဲ့….ဒါတွေ သမီး နားမလည်သေးပါဘူး….သမီးက အခု ဘာရယ် မဟုတ်ပဲ ပြောလိုက်ပေမဲ့ သမီး ကြီးလာတဲ့ အခါ သူတို့က လက်ညိုးထိုး ဝေဖန်ကြလိမ့်မယ်..ကဲ့ရဲ့ကြလိမ့်မယ်…သမီး ရဲ့ အားနည်းချက်ကို လူတွေကို မပြောပြရဘူး..ကြားလား…"
"အဲဒါ…အားနည်းချက်လား…"
"အေးလေ…ရှက်စရာကြီး မဟုတ်ဘူးလား…."
"သား က ရှက်စရာမလိုဘူးလေ…အပြစ်ရှိတဲ့ ဘကြီးက ရှက်ရမှာလေ…"
"သြော်…ကလေးရယ်….ကလေးက မိန်းမသားလေ….မိန်းကလေး ဆိုတာ ဆူးပေါ်ဖက်ကျလည်း ဖက်…ဖက်ပေါ် ဆူးကျလည်း ဖက် ပဲ နစ်နာတယ်…."
"…………"
စိုးစိုး နားမလည်ပေမဲ့ ခေါင်းညိတ်ရင်း နားထောင်မိသည်..။
"နောက်တစ်ခါ ဘကြီး ဖြစ်ဖြစ်…တခြား ယောက်ျား ဖြစ်ဖြစ် အဲလို လုပ်လာရင် အမေ့ကို ပဲ ပြော…ကြားလား…တခြားသူတွေကို သွားမပြောနဲ့…"
"ဟုတ်…"
"ပြီးတော့…သမီးက ကလေးပဲ ရှိသေးတာ….မဟုတ်မတက်တွေ မတွေးရဘူး..မပြောရဘူး…သူများတွေ ပြောနေတာ ကြားလည်း နားမထောင်ရဘူး …ကြားလား.."
"ဟုတ်…"
"ဖြူဖြူတို့ မြင့်မြင့် ဆီကတော့ ဘာမှ ကို နားမထောင်နဲ့….သူတို့ဆီလည်း မသွားနဲ့…"
"ဟိုနေ့က မလေးပန်းနုပြောတယ်…ဘကြီးက သမီးကို မုဒိမ်းကျင့်ဖို့ လုပ်တာတဲ့…အဲဒါ ဘာလုပ်တာလဲ…"
"အို…အဲဒါ မပြောရဘူး….အဲလို မပြောရဘူး သမီးရဲ့….အဲဒါ ရှက်စရာကြီး…"
"ဘကြီး …လုပ်တာရှက်စရာကြီးပေါ့နော်…"
"အေးပေါ့…သမီးအခု အဝတ်အစားတွေ ချွတ်ပြီး ရွာထဲ ပတ်သွားရဲလား.."
"ဟင့်အင်း…"
"အဲလိုပဲ ရှက်စရာကောင်းတယ်…အဲတော့ သမီးရဲ့ ကိုယ်ကို တစ်ယောက်တစ်ယောက်က အဲလို လုပ်တယ် ဆိုတာ လျှောက်မပြောရဘူး…ရွာထဲမှာ လူကောင်းရှိသလို လူဆိုးလည်း ရှိတယ်….သမီးက အဲလိုတွေ လျှောက်ပြောထားတော့….လူဆိုးတွေက ကြားသွားရင်…သူ့ဘကြီးတောင် ဒီလို လုပ်တာ…ငါတို့လည်း လုပ်မယ်ဆိုပြီး သမီးကို အနိုင်ကျင့်လိမ့်မယ်..."
"ဟင်.."
စိုးစိုး ကြောက်လို့ မျက်လုံးလည်း ပြူးသွားသည်…။
ဒေါ်လေး ဥမ္မာက ပြုံးပြီး ခေါင်းကို ပုတ်ပေးပေမဲ့ စိုးစိုး မနက်ဖြန် ကျောင်းသွားဖို့တောင် ကြောက်လာသည်..။
"မိန်းကလေး ဘ၀ ဆိုတာ ပန်းလေးလိုပဲ….လူတိုင်းက လိုချင်ခူးချင်ကြတယ်….ဟင်း…သမီး နားလည်အောင် ပြောရရင် သမီး ဘေးနားမှာ ယောက်ျား လူဆိုးတွေ အများကြီးပဲ….အဲတော့ နောက်တခါ သူများတွေကို ဒီအကြောင်း ထပ်မပြောပြနဲ့တော့နော်…သမီးကငယ်သေးတော့ အထင်လွဲတာလည်း ဖြစ်နိုင်တယ်….နောက်ဆို ဘာဖြစ်ဖြစ် မေမေ ကလွဲလို့ ဘယ်သူ့ကိုမှ မပြောနဲ့ကြားလား..လူဆိုးတွေ သိသွားရင် အဲဒါမျိုး ထပ်လုပ်လိမ့်မယ်.."
"ဟုတ်…"
"ကဲ…ပြန်တော့….နေပူနေပြီ…"
"…………"
စိုးစိုး အိမ်ကို ပြန်လာရင်း လမ်းပေါ်က ကိုကြီးသာအေးကို တစ်ချက်ကြည့်လိုက်သည်..။
ပြီးတော့ ခြေလှမ်းတွေကို ခပ်မြန်မြန် ဖြစ်အောင် လျှောက်မိသည်..။
ဘကြီး တစ်ယောက်တည်းတောင် နာလှပြီ..။
ယောက်ျား လူဆိုးတွေတဲ့..။
စိုးစိုး အိမ်ပေါ် ရောက်တော့ စုစု ကို ကြိုးချည်လိုက်ကာ ထမင်း အိုးကို ဖွင့်၍ ပန်းကန်ထဲ ထည့်လိုက်သည်.။
အမေ တော့ ဒီနေ့လည်း အလုပ်မပြီးလို့ နေ့ခင်းမပြန်လာဘူးနဲ့ တူတယ်..။
ကောင်းတာပဲ..။
အမေ ပြန်မလာတော့ သက်သာတာပေါ့..။
.
"စိုးစိုး…"
"ဟင်…"
"သီတင်းကျွတ် ကျောင်းပိတ်ထားတာပဲ အန်တီတို့ဆီ လိုက်မလား…"
"ဟုတ်…"
"ဟုတ်တယ်….အေးအေးရယ်….တစ်ခါလောက် လိုက်ခဲ့စမ်းပါ…"
"မလုပ်ပါနဲ့….မမလေးရယ်…အငယ်လေးက ငယ်သေးလို့ပါ…"
"သား လိုက်ချင်တယ်….အမေ…"
"အေးအေး..မလိုက်လည်း…စိုးစိုးကိုတော့ ထည့်လိုက်…ဆွေပြမျိုးပြပေါ့…"
"………."
အမေ က စိုးစိုးကို တစ်ချက်ကြည့်တော့ အတက်နိုင်ဆုံး ပြုံးပြလိုက်သည်..။
အန်တီဆိုတာ ဖေဖေ့ရဲ့ ညီမ အငယ်ဆုံးတဲ့လေ..။
အန်တီ နဲ့ လိုက်သွားရင် ဖေဖေ နဲ့ တွေ့ချင်ဗတွ့ဦးမှာပဲ..။
အမေ က မတွေ့ချင်ပေမဲ့ စိုးစိုးက တွေ့ချင်သည်..။
ကျောင်းပိတ်ရက် မှာ မြို့ပေါ်လည်း လျှောက်လည်ချင်သည်..။
စိုးစိုးနှစ်က အမြဲလိုလို မြို့ပေါ်ကို သွားပေမဲ့ စိုးစိုးကတော့ တစ်ခါမှ မရောက်ဖူးသေး..။
ရောက်ဖူးချင်သည်..။
တွေ့ဖူးချင်သည်..။
ငါးတန်းဆို စာတွေ များလာရင် မလွယ်ဘူး..။
လေးတန်းတောင် စာက များလာပြီ..။
"သူကတော့ ရောက်လေရာ နေရာမှာ ပျော်နေတာပါပဲ….မမလေးကို အားနာလို့ပါ…"
"ဘာမှ အားမနာနဲ့..စိတ်ချပါ…ငါတူမလေး က ဖြူချောလေး မေမေတို့လည်း ချစ်ကြမှာပါ…ကိုကိုကြီး ရုပ်ပဲ..."
"………"
အမေ က ဘာကြောင့်မှန်း မသိ ငိုတော့ စိုးစိုးလည်း ငိုချင်လာပြန်ပြီ..။
အမေကလည်း လိုက်ပါဆိုတော့ မလိုက်ဘူး..။
စိုးစိုး သွားခါနီးကျတော့ ငိုနေပြန်ပါပြီ..။
စုစုက ပုခက်ထဲမှာ ငိုနေပေမဲ့ စိုးစိုး က တော့အန်တီလေး လက်ကို ကိုင်ပြီး အိတ်ကလေး တစ်ဖက် ကိုင်ကာ လိုက်လာခဲ့သည်..။
.
"မြင်းလှည်းကြီး.."
"ဟုတ်တယ်….အန်တီလေးတို့ဆီမှာ မြင်းလှည်းပဲ စီးတယ်…လာ…"
အန်တီလေးက မြင်းလှည်းပေါ် တင်ပေးတော့ စိုးစိုး ခေါင်းလည်၍ လိုက်ကြည့်နေမိသည်..။
ဘကြီး ဝယ်ပေးထားတဲ့ ထဘီ အကျီ ၤ က နည်းနည်း ကြပ်သွားပေမဲ့အသစ်ဆိုလို့ သုံးလေး ထည်ပဲ ရှိသည်..။
ဗိုက်ခေါက်နေရာ အလုံးလေး ဖြစ်နေပေမဲ့ စိုးစိုး က အကျီ ၤကို ဆွဲချဖုံးလိုက်ကာ ဗိုက်အင့်နေတာကို သက်သာအောင် လုပ်ရသည်..။
"အန်တီလေး…သား အဖေကော ရှိလား.."
"……."
အန်တီလေးက မျက်ရည်တွေသုတ်ပြီး ခေါင်းရမ်းတော့ စိုးစိုး စိတ်ညစ်သွားသည်..။
အဖေ မရှိတော့ လိုက်လာရတာ တစ်ခုလျော့သွားသလိုပဲ…။
ဘာပဲဖြစ်ဖြစ် မြို့ကို ရောက်ဖူးတာပေါ့..။
ကောင်းထက် တို့လည်း ရောက်ဖူးပေမဲ့ မြင်းလှည်းမစီးဖူးဘူး..။
ဘယ်လို မောင်းလည်းဆိုတာ သေချာ ပြောပြရမယ်..။
စိုးစိုး ကိုယ့်အတွေးနဲ့ ကို မြင်းလှည်းဆရာကြီး ရဲ့ လက်ကို ကြည့်နေမိသည်..။
"ကဲ…ရောက်ပြီ…"
အန်တီ လေး က ခေါ်တော့ အိမ်အမဲကြီး ကို မော့ကြည့်ရင်း စိုးစိုး အံသြသွားသည်.။
ရွာထဲက  ဒေါ်ပူစူးတို့ အိမ်တောင် ဒီလောက် မကြီးပါဘူး..။
မြင်းလှည်းပြန်သွားတော့ အန်တီလေးက စိုးစိုး လက်ကို ကိုင်ပြီး အိမ်ကြီးထဲကို ဝင်လာခဲ့သည်….။
"ဒုန်း…ဒုန်း….ဒုန်း…"
"ဟဲ့….သားကြီး….ဘာလို့ ခုန်နေတာလဲ…ဖိုးဖိုး အိပ်နေတယ် မလား…."
"မအိပ်ဘူး….ခြံထဲ သွားပြီ…"
"မအိပ်လည်း ခုန်မနေနဲ့…"
"အန်တီလေး…အကြောင်းမဆိုင်ပါဘူး…"
"ဘာ…."
"………."
"ကဲကဲ…..လာ…သမီး…သူတို့ကြည့်မနေနဲ့…"
အန်တီလေး က လက်ဆွဲပြီး ခေါ်သွားတော့ စိုးစိုးလည်း လိုက်သွားသည်..။
အခန်းတစ်ခုရှေ့မှာ မတ်တက်ရပ်ပြီး တံခါးခေါက်တော့ အထဲက ပြန်ထူးသည်.။
"မေမေ…..ဒီမှာ…အေးအေးရဲ့ သမီးကြီး…"
"အို….လာ..လာပါဦး….သမီးရယ်…"
အဘွားကြီး တစ်ယောက်က လက်ဆန့်တန်းပြီး ခေါ်တော့ စိုးစိုး မဝံ့မရဲဖြင့် ဝင်သွားလိုက်သည်..။
စိုးစိုးကို ဖက်၍ နမ်းတော့ မကြိုက်ပေမဲ့ ငြိမ်နေရသည်..။
"သူ့အဖေရုပ်ပဲအေ…"
"ဟုတ်တယ်….ကိုကိုကြီးကို အရမ်းသတိရတာပဲ..မေမေရယ်….ဟင့်…"
"ကဲ…ကဲ…ကလေးရှေ့မှာ ငိုမနေနဲ့…သမီးနာမည် ဘယ်လို ခေါ်လဲ.."
"စိုးစိုးတစ်…"
"ဟမ်…"
"အဟွင်း….စိုးစန္ဒာပါ…စိုးစိုးလို့ပဲ ခေါ်တာ သူတို့ရွာမှာ နှစ်ယောက်ဖြစ်နေလို့တဲ့လေ…"
"သြော်…ဟား..ဟား…ဖြစ်ရလေ….သမီးညီမလေးကော ဘယ်အရွယ်လည်း.."
"နှစ်နှစ်ခွဲပြီ…"
"အေးပေါ့….ရှိလောက်ရောပေါ့…"
"ကလေး ကို ထမင်းကျွေးလိုက်ဦးမယ် မေမေ…"
"အေး…အေး….ခေါ်သွားချေ…"
စိုးစိုးရဲ့ အဘွားလို့ ပြောပေမဲ့ စကားလည်း မပြောရဲ..။
အဘွားဆိုတော့ အဖေ့ရဲ့ အမေပေါ့…။
အခန်းကြီးတွေကို ကျော်ဖြတ်ပြီး မှ ထမင်းစားခန်းဆီကို ရောက်သွားတော့ စိုးစိုး အိမ်ကြီးကို လိုက်ငေးနေရင်း ခလုတ်တိုက်မိသေးသည်..။
အိမ်ရဲ့အထဲမှာလည်း အခန်းတွေနဲ့လား..။
အိမ် ထဲကိုလည်း ရေနံ့ကြီး သုတ်ထားတာပေါ့…။
အန်တီလေးတို့က တကယ် ချမ်းသာတာ..။
အန်တီလေးတို့ ဆီက ပြန်ရင် အဝတ်အစားတွေ ရရင်ကောင်းမှာပဲ..။
ဒါဆို ကြွားလို့ရပြီ..။
"လာ…ထိုင်…သမီး…"
အန်တီလေး က ခုံတစ်လုံးပေါ် တင်ပေးပြီး ထမင်းပန်းကန်တွေ ချပေးသည်..။
အုပ်ခြင်းလှလှလေး  ဖွင့်လိုက်တော့ အထဲမှာ ဟင်းပန်းကန်တွေ များလွန်းလို့ မျက်လုံးပြူးသွားသည်..။
"ကြက်သားစားနော်…"
"ဟုတ်…"
စိုးစိုး မစားခဲ့ဖူးသည့်ကြက်သားတုံးကြီးကြီး ပန်းကန်ထဲ ရောက်လာတော့ အားပါးတရ စားမိသည်..။
လက်တွေ ပေကျံနေပေမဲ့ အန်တီလေးက ပြုံး၍ ပန်းကန်တွေ ကို ဇွန်းနဲ့ သိမ်းပေးသည်..။
ထမင်းစားပြီးတော့ အမေ့ကိုသတိရသည်..။
ဟင်းတွေလည်း အိမ်ပြန် ထည့်သွားလို့ရရင် ကောင်းမှာပဲ..။
.
"တီ…တီ…တီ…."
"ပွမ်….ပွမ်….."
"အဲဒါ သမီးရဲ့ အစ်ကိုတွေပေါ့….အာကာ နဲ့ မိုးကျော်….ဝဏစိုး…လာဦး…"
"……….."
အန်တီလေး နောက်တစ်ယောက် က ညနေ အလုပ်က ပြန်လာပြီးမှ စိုးစိုး ကို လက်ကိုင်ပြီး ခေါ်ပြန်သည်..။
အနားကို ရောက်လာတဲ့ စိုးစိုးရဲ့ အစ်ကိုဖြစ်သူတွေကို ရယ်ပြလိုက်သည်..။
"သူက သားတို့ရဲ့ညီမလေး စိုးစိုးတဲ့…"
"တောသူမလား…"
"သား…မာမီမကြိုက်ဘူးနော်…"
"သွား……ညီမလေးနဲ့ တူတူဆော့ကြ…."
"သူက မိန်းကလေး…ဘယ်လိုဆော့လို့ရမလဲ မာမီရ…"
"သား ရွာမှာလည်း ဘောလုံးကန်ပါတယ်…"
"ကဲ…ကဲ….ခေါ်သွား…ညီမလေး တစ်ယောက်တည်းဖြစ်နေပြီ…."
ဘယ်သူမှ မခေါ်ပေမဲ့ စိုးစိုးရဲ့ အစ်ကို ဖြစ်သူ သုံးယောက်နောက်ကို ပြေးလိုက်သွားလိုက်သည်..။
ခြံထဲက ပန်းပင်လှလှလေးတွေ ကြားထဲမှာ ဘောလုံးကန်ဖို့ မြက်စိမ်းလေးတွေ ရှိတော့ ရွာမှာလို ဖုန်မပေဘူး…။
စိုးစိုး ဖိနပ်ချွတ်လိုက်ပြီး ဘောလုံးအတူတူ ကန်ဖို့သွားပေမဲ့ သူတို့ဟာ သူတို့ပဲ ကန်နေကြသည်..။
"ဟဲ့…တောသူမ…"
"ဟင်…"
"ဘောလုံးသွားကောက်စမ်း…"
"ဟုတ်…"
ပန်းခြုံထဲရောက်သွားသည့်ဘောလုံးကို လေးဘက်ထောက် ဝင်ကောက်ပြီး ပြန်ပေးလိုက်တော့ စိုးစိုးကို မခေါ်ပဲ သူတို့ဟာ သူတို့ ကန်နေကြပြန်သည်.။
"ဟာကွာ…ဝဏကလည်း…"
"သား…သွားကောက်ပေးမယ်…"
"…………"
ဘောလုံးကိုပြေးကောက်ပေးနေပေမဲ့ စိုးစိုးကို ခေါ်မဆော့ ခြေထောက်ညောင်းတာသာ အဖက်တင်သည်..။
အစ်ကို တွေ ရှိနေတယ်ဆိုတော့ စိုးစိုး စိတ်ထဲ ပျော်သွားသည်..။
သူငယ်ချင်းတွေပဲ ရှိနေတာ အခုဆို ချမ်းသာတဲ့ အစ်ကို သုံးယောက်တောင် ရှိနေပြီ..။
ဘောလုံးကန်ပြီးတော့ ဖိနပ်တွေကို ကြိုးဖြုတ်ပြီး ကန်ချွတ်ကာ အိမ်ထဲ ဝင်သွားကြသည်..။
မနက်ဖြန်ကျရင်တော့ အတူတူ ဆော့ရမှာပါ…။
.
"အန်တီလေး နဲ့ အိပ်နော်…"
စိုးစိုး ခေါင်းညိတ်ပြီး ခုတင်ကြီးပေါ် တက်လိုက်ရပေမဲ့ အမေ့ကို သတိရသည်..။
စုစုရဲ့ အာဗြဲနေတဲ့ ငိုသံကိုလည်း သတိရသည်..။
ပြီးတော့ ငိုချင်လာသည်..။
အန်တီလေး မသိအောင် ငိုမိသည်..။
ဘယ်အချိန် အိပ်ပျော်သွားလည်း မမှတ်မိ..။
မနက်အိပ်ရာနိုးတော့ အန်တီလေးက သနပ်ခါးသွေးနေပြီ..။
အသားဖြူနုနေသည့် အန်တီလေးကို ငေးကြည့်ရင်း စိုးစိုး လက်တွေကို ပြန်ကြည့်ကာ နှာခေါင်းရှုံ့မိသည်..။
"နိုးပြိလား သမီး.."
"ဟုတ်…"
"ရေချိုးတဲ့နေရာကို သိတယ်မလား…"
"ဟုတ်…"
"အဲဒီမှာ မျက်နှာသစ်ပြီး ထမင်းစားခန်းမှာ မုန့်သွားစားနော်….သမီး အစ်ကိုတွေလည်း စားနေပြီ…"
"ဟုတ်…"
စိုးစိုး လှေကားကြီး ကို ကပျာကယာ ပြေးဆင်းပြီး ရေချိုးကန်ကြီး ရှိတဲ့နေရာမှာ မျက်နှာသစ်လိုက်သည်.။
စိုးစိုး ရဲ့ အစ်ကိုတွေကို ခင်ပါသည်..။
သူတို့နဲ့ အတူတူ မုန့်စားပြီး ဆော့ချင်သည်..။
စိုးစိုး ရောက်သွားတော့ အစ်ကို အာကာ က မုန့်စားနေသည်..။
"ဘာလဲ…တောသူမ…"
"မုန့်စားတဲ့…"
"သွား…သွား…ငါတို့နဲ့ တူတူ မစားနဲ့…"
"ဟုတ်တယ်….ငါတို့စားပြီးမှ နင်စားရမယ်….အဲဒီမှာ ထိုင်စောင့်နေ…"
စိုးစိုးကို လက်ညိုးထိုးပြီး ထိုင်စောင့်ခိုင်းတော့ ကြမ်းပြင်ပေါ်မှာ ထိုင်စောင့်နေရသည်..။
"ဝဏ…သွားကျွေးလိုက်ကွာ…သနားပါတယ်…ဟား..ဟား…"
"……….."
ပေါင်မုန့်ပန်းကန် ချပေးတော့ စိုးစိုး ကောက်ယူစားလိုက်သည်..။
"ဟယ်….ဘာလုပ်နေတာလဲ…သမီး….ဝဏ ဘာလုပ်တာလဲ…"
"မာမီ က သမီးသမီးနဲ့ အမြင်ကပ်လို့…"
"ကျစ်….ထ…ထ….လာ…ဒီမှာထိုင်စား..…သားတို့ကလည်း….ဒါ သားတို့ရဲ့ ညီမလေးပဲလေ…"
"ဘာ ညီမလေး မှ မဟုတ်ဘူး….အန်ကယ် က သေပြီ…"
"ဝဏ…."
"ကဲပါ…မမကြီး ရယ်….ဖေဖေ နှိုးသွားဦးမယ်….လာ…."
ထမင်းစားပွဲမှာ အတူတူ ထိုင်စားရတော့ မှ စိုးစိုး ငိုချင်နေတဲ့ စိတ်ပျောက်သွားသည်..။
စိုးစိုးက သူငယ်ချင်း လုပ်ချင်ပေမဲ့ အစ်ကိုတွေက ဘာဖြစ်လို့ စိုးစိုးကို ကြည့်မရကြတာလဲ..။
.
"သမီး…စိုးစိုးရေ…"
"ရှင်…"
"အိုး…လာပါဦး..ကလေးရဲ့..မွှေးလိုက်တာ…"
ဘွားဘွား က စိုးစိုး ပါးကို နမ်းတော့ စိုးစိုး ရယ်ပြလိုက်သည်..။
ဒီအိမ်ကြီး မှာနေရတာ ပျော်ပါသည်..။
စိုးစိုး ကို ဂရုစိုက်တဲ့ အန်တီလေးတွေ နဲ့ ဘွားဘွားရှိသည်..။
ဘိုးဘိုးကတော့ စိုးစိုးကို စကားမပြောလို့ နည်းနည်းကြောက်သည်..။
မနက်ကတော့ စိုးစိုး အတွက်ဆိုပြီး ဘိုးဘိုးက ဖိနပ်ကလေး ပေးသေးသည်..။
ဘိုးဘိုးက သဘောတော့ကောင်းသည်..။
"သား…အစ်ကိုတွေနဲ့ သွားဆော့ချင်တယ်…"
"ဆော့ပေါ့ကလေးရဲ့…အဟွင်း..အဖော်ကလည်း မက်ပါ့…ကဲသွား….အစ်ကိုတွေနဲ့ တအားမဆော့နဲ့နော်…သူတို့က ယောက်ျားလေးဆိုတော့ တွန်းမိတိုက်မိမယ်.."
"ဟုတ်…"
"………."
စိုးစိုး ကို အန်တီလေး ဝယ်ပေးထားတဲ့ ဂါဝန်အဖြူ အရှည်လေးကို မပြီး လှေကားကို ဆင်းခဲ့သည်..။
ခြံထဲမှာလည်း မရှိကြဘူး..။
"မမ….အစ်ကိုတွေကော…"
"ဘယ်မှာ ဆော့နေပါလိမ့်….သြော်….နင့်ဘိုးဘိုး အခန်းမှာ ဖြစ်မယ်…"
"ဟုတ်…"
"ဟဲ့…စိုးစိုး…သူတို့က အရမ်းရမ်းဆော့တာ…ထိနေဦးမယ်….လာ….မီးဖိုခန်းမှာ အိုးပုတ်နဲ့ဆော့ပါလား…"
"ဟင့်အင်း….အစ်ကိုတွေနဲ့ ဆော့ချင်လို့ပါ….မမ ဟင်းချက်နေတုန်း…သား တစ်ယောက်တည်းပျင်းတယ်…"
"ကဲ..ကဲ…သွား…."
စိုးစိုး ခေါင်းညိတ်လိုက်သည်..။
ရွာမှာဆိုရင်သူငယ်ချင်းတွေ အများကြီး နဲ့ ဆော့နေကျ။
တစ်ယောက်တည်း ဆော့ရတာ ပျော်ဖို့မကောင်းဘူး..။
ယောက်ျားလေးတွေနဲ့လည်း စိုးစိုး ဆော့တက်ပါတယ်..။
ဘိုးဘိုး အခန်းကို တံခါးတွန်းဖွင့်ပြီး ဝင်သွားတော့ ဘယ်သူမှ မရှိ…။
ခုတင်အောက် မှာ မီးရောင်တွေ့တော့ စိုးစိုး ငုံ့ကြည့်လိုက်သည်..။
"ကိုကြီး….အာကာ…"
"ဟမ်….နင်ဘာလာလုပ်တာလဲ…"
"သားလည်း ဆော့ချင်လို့…"
"ဟား…ဟား…သားတဲ့…"
"ငါတို့က ဒီအောက်မှာ ဆော့တာ…နင် လာလို့မရဘူး…"
"ဘာဆော့တာလဲ….သားကို သင်ပေးရင် သားဆော့တက်ပါတယ်…"
ဘိုးဘိုး က မနက်ကတည်းက ကားနဲ့ ထွက်သွားတော့ ဘိုးဘိုးအခန်းထဲက ခုတင်အောက်မှာ ဝင်ပြီး ဆော့နေကြသည်..။
"တကယ်နော်…နင် တကယ်ဆော့မှာလား…"
"အင်း…"
"ဒါဆို…လာ…"
ခုတင်အောက်ကို စိုးစိုး ဝမ်းလျားမှောက်ဝင်ပြီး သူတို့ ဆော့နေတဲ့ သေနတ် နဲ့ ဘောလုံးကို လှမ်းကြည့်လိုက်သည်..။
အိမ်လုပ်တမ်းဆော့နေကြတာလား..။
"ဘာဆော့နေကြတာလဲ…"
"………"
"လင်မယားလုပ်တမ်းဆော့တာလေ…"
"ငါ က ယောက်ျားဆိုတော့….နင်က မိန်းမလုပ်…"
"ဟုတ်…"
"……….."
"ဒါဆို….ကျွန်မ ဈေးသွားဝယ်လိုက်ဦးမယ်နော်…."
"ဟား..ဟား…."
စိုးစိုး ဆော့နေကြအတိုင်း ဟန်လုပ်ပြီး ပြောတော့ ဝိုင်းရယ်ကြသည်..။
"မဝယ်ပါနဲ့…အစ်မရယ်…."
"ဟင်…ဒါဆို…သား က ဘာလုပ်ရမှာလဲ…"
"…လာ..အိပ်…"
အစ်ကို သုံးယောက်ရဲ့ အလယ်ကို ခေါင်းရွေ့ပြီး  စိုးစိုး လဲှအိပ်လိုက်သည်..။
အစ်ကို အာကာ က စိုးစိုး အပေါ် တက်ဖိတော့ လက်ဝါးနဲ့ တွန်းထားရသည်..။
"အ…. …"
"အ….မလုပ်နဲ့…"
စိုးစိုး အနားမှာ ကပ်နေတဲ့ မျက်နှာကြီး ကို လက်နဲ့တွန်းရင်း ထထိုင်ဖို့ ကြိုးစားသည်..။
"ဖိထား.."
စိုးစိုး ခြေထောက် ကို ဝဏ က တက်ဖိထားတော့ ကြောက်လာသည်..။
ဂါဝန် ကို ဆွဲမတော့ လက်နဲ့ ပြန်ဆွဲချရင်း ရုန်းပစ်နေသည်..။
"အား…မဆော့ဘူး…အဲလို မဆော့ဘူး…"
"မအော်နဲ့…နင်ပဲ ငါတို့နဲ့ ဆော့ချင်တာ…."
"………….."
"………."
"ဟီး…မဆော့တော့ဘူး…"
"……….."
"တိတ်တိတ်နေနော်…လည်ပင်းညှစ်သတ်ပစ်မယ်….ငါတို့က လူသတ်ပြီးရင် မြေမြုပ်လိုက်တာ…"
"………"
စိုးစိုး ရုန်းကန်ပြီး ခုတင်အောက်က ထွက်ပြေးလာခဲ့သည်..။
အခန်းထဲ ရောက်တော့မှ ဘွားဘွားကို ကြည့်တော့ အိပ်ပျော်နေသည်..။
အန်တီလေးနဲ့ အန်တီကြီးကလည်း အလုပ်သွားပြီ..။
ဟီး….အိမ်ပြန်ချင်တယ်..။
ဘွားဘွားခုတင်အောက်ကို ဝင်ပုန်းပြီး ငိုနေရသည်..။
.
"အန်တီလေး…"
"ဟင်….ပြော…သမီး…"
"အိမ်ပြန်ချင်လို့…"
"ကျောင်းမှ မဖွင့်သေးတာ သမီးရယ်…ဘာလဲ…အိမ်ကို သတိရလို့လား.."
"ဟုတ်…"
"ဒီမှာ မပျော်ဘူးလား…"
စိုးစိုး ခေါင်းညိတ်လိုက်တော့ အန်တီလေးနဲ့ ဘွားဘွားက ရယ်ကြသည်..။
"ဆယ်ရက်ပဲ ရှိသေးတယ်….ငါ့မြေးရယ်…တစ်ပတ်လောက်တော့ ထပ်နေပါဦးလား…."
"ဟုတ်တယ်…..အန်တီလေးတို့ ရုံးပိတ်ရက်ကျရင် သင်္မီးကို မန္တလေး ခေါ်သွားပြမယ်လေ…"
"……….."
စိုးစိုး ဘာမှ မပြောတော့ပဲ ခေါင်းညိတ်လိုက်သည်..။
ဘွားဘွားလိမ်းတဲ့ ဆေးပုလင်းတွေထဲမှာ စိုးစိုး ချော်လဲ ဒူးစုတ်တိုင်း အမေလိမ်းပေးတဲ့ ဆေးပုလင်းကို တွေ့သည်..။
အန်တီလေးနဲ့ ဘွားဘွား စကားပြောနေတုန်း ဆေးပုလင်းကို ဖွက်ယူခဲ့လိုက်သည်..။
"ဟီး….နာတယ်…."
"……….."
ဒူးစုတ်ပြီး ခြေထောက်လက်တွေ စုတ်လည်း ဘယ်လို မှ မနေပေမဲ့အခုတော့ အိမ်သာထဲ ရောက်တိုင်း စိုးစိုး ငိုနေရသည်..။
နာတဲ့နေရာတွေကို ဆေးယူပြီး လိမ်းလိုက်ကာ အိမ်သာထဲက ထွက်လာခဲ့လိုက်သည်..။
ဆေးပုလင်းကို မီးဖိုချောင်ထဲက ကြောင်အိမ်အောက်မှာ ဖွက်ထားခဲ့လိုက်သည်..။
.
"သမီး….ရေချိုးပြီးပြီလား…"
"………."
စိုးစိုး ရေချိုးဖို့လည်း ကြောက်နေပြီ..။
ရွာမှာဆိုရင် အဝတ်အစားတွေ ချွတ်ပြီး ရေချိုး သည်..။
အစ်ကိုကြီးတွေက တံခါးပေါက်က့ကြည့်ပြီး ရယ်လို့ စိုးစိုး ရှက်လာသည်..။
ပြီးတော့ ရေလည်း မချိုးချင်..။
"သွား ချိုးလေ…သမီးရဲ့….ပြီးရင် သနပ်ခါးလှလှလေး လူးပေးမယ်…"
စိုးစိုး မပျော်တော့ပေမဲ့ ခေါင်းညိတ်ပြီး ရေချိုးခန်းထဲကို ရောက်လာသည်..။
တံခါး မပိတ်ရဲလို့ ရေချိုးဖို့ ကို အဝတ်တွေ မချွတ်ချင်…။
ရွာမှာ ကောင်းထက် တို့နဲ့ အတူတူရေချိုးပေမဲ့ အခုကျတော့ အစ်ကိုကြီးတွေ ကြည့်ရယ်တာ ကို လုံး၀ မကြိုက်ဘူး..။
ပြီးတော့ သူတို့ မျက်လုံးတွေကို မုန်းသည်..။
"ဝုန်း.."
စိုးစိုး အဝတ်အစားတွေ မချွတ်ပဲ လောင်းချိုးလိုက်သည်..။
အမေ ထဘီ လဲသလို ထဘီကို ခေါင်းမှာ ခြုံပြီး အဝတ်တွေကို ချွတ်လိုက်သည်..။
ပြီးတော့  အန်တီလေး ထဘီကို မပတ်တက ်ပတ်တက် ဝတ်ပြီး  ရေချိုးခန်းထဲက ထွက်လာတော့ အစ်ကိုကြီး သုံးယောက်လုံးက ရယ်ကြသည်..။
"ဟဲ့…စိုးစိုး…"
"ဟင်…"
စိုးစိုး မျက်လုံးပြူးပြီး လှည့်ကြည့်သည်..။
"နင် က အဝတ်မချွတ်ပဲ ရေချိုးတာလား….ညစ်ပတ်လိုက်တာ…"
"ကိုကြီးတို့ ကြည့်နေတာကိုး…"
စိုးစိုး ဒေါသနဲ့ ပြောလိုက်တော့ လက်မောင်းကို လက်သီးနဲ့ ထိုးသည်..။
"ကြည့်တော့ဘာဖြစ်လဲ….နင်နေတာ ငါတို့ အိမ်မှာ……ကြည့်တော့ ဘာဖြစ်လဲ… ကြည့်တယ်……"
"…….."
"တောသူမ…."
"အညစ်ပတ်မ…"
"…………"
စိုးစိုး အိမ်ပေါ်ရောက်တော့ အန်တီလေးက ထဘီဝတ်ထားတာကိုကြည့်ပြီး ရယ်သေးသည်..။
ဒါဆို ဟိုနေ့က မမိုး ရေချိုးတာကိုလည်း ကိုကြီးတို့ ကြည့်နေတာပဲ..။
ရွာမှာဆိုလည်း ကြည့်ကြမှာပဲ…။
စိုးစိုး မျက်မှောင်လေး မသိမသာကြုံသွားသည်.။
ရေချိုးလို့ ဘောင်းဘီ ဝတ်ချိုးရင် အမေက အပျိုကြီး မလုပ်နဲ့ဆိုပြီး ရိုက်တက်သည်..။
လျှော်ရတာ အလုပ်လည်း ရှုပ်သည်တဲ့..။
စိုးစိုး ရဲ့ ရေချိုးတဲ့ မြင်ကွင်းကို ပြန်တွေးရင်း ရှက်သလို မုန်းသလို ခံစားလာရသည်.။
အဲလို ကြည့်ပြီး ရယ်နေကြသည်..။
"အန်င်္တလေး.."
"ဟင်…"
"အန်တီလေး…အားပြီလားဟင်.."
"အိမ်ကို လွမ်းနေပြီလား…"
"ဟုတ်…"
"သဘက်ခါ ပြန်ပို့ပေးမယ်နော်….သမီးက ဘာလို့ မပျော်တာလဲ…"
"အမေ့ကို သတိရလို့…"
"ဟင်း….သမီးသာ ဒီမှာပျော်ရင် ဒီမှာ ကျောင်းတက်ခိုင်းမလို့…အေးလေ…အတန်းကြီးမှ ခေါ်ထားရမယ်…"
"ဟင့်အင်း….သား မနေဘူး…"
"အေးပါ….အေးပါ…"
စိုးစိုး မျက်ရည်ကျပြီး ပြောတော့ အန်တီလေးက ခေါင်းညိတ်ပြီး မျက်ရည်တွေကို သုတ်ပေးသည်..။
.
"စိုးစိုးရေ…"
"ညီမလေး…လာလေ…ဆော့ကြမယ်…"
"ဟင့်အင်း…"
"သွားဆော့လေ…သမီးရဲ့…."
ဘွားဘွား ဘေးနားမှာ အန်တီလေး ဝယ်ပေးထားတဲ့ အိုးပုတ်တွေ အရုပ်တွေ နဲ့ ဆော့နေချိန် သူတို့လာခေါ်တော့ အကြောက်အကန် ငြင်းသည်.။
"လာပါ…ညီမလေးရဲ့…ကိုကြီးတို့ အရုပ်သစ် ပြမလို့…"
"ဟင့်အင်း…မဆော့ဘူး….ဟီး.."
"ကဲ…ကဲ….ညီမလေးက မဆော့ချင်ဘူးတဲ့ သူ့အိမ်ကို သတိရနေရှာတာ…သားတို့ပဲ ဆော့တော့…"
"ဟွန့်…မဆော့လည်း နေပေါ့…"
"……….."
"………."
သူတို့ သုံးယောက်ထွက်သွားတော့မှ မျက်ရည်တွေ သုတ်လိုက်ပြီး အိုးပုတ်တွေကို ပြန်ဆော့နေမိသည်..။
.
"ဟဲ့…လာစမ်း.."
"မလာဘူး….လွှတ်….လွှတ်…"
"ငါ လည်ပင်းညှစ်သတ်လိုက်ရမလား…"
"………."
နေ့ခင်း ဘွားဘွားအိပ်နေချိန် စိုးစိုး လက်ကို ဆွဲပြီး အောက်ထပ်ကို အတင်းခေါ်သွားသည်..။
ဘိုးဘိုး အခန်းထဲကို ရောက်တော့ ခုတင်အောက်ကို ခေါ်လို့ ခြေကန်ပြီး ရုန်းသည်..။
မသွားချင်ဘူး…အဲဒီကိုရောက်သွားရင် နာအောင် လုပ်တော့မှာ…။
စိုးစိုး ဆံပင်ကို ဆွဲတော့ နာလို့ ခုတင်အောက်ကို ရောက်သွားသည်..။
"ဟီး……"
အလင်းရောင်မရှိတဲ့အခန်းကြီးထဲက ခုတင်အောက်ကို တွန်းထည့်တော့ လက်နှိပ်ဓာတ်မီး တစ်ခု ထွန်းထားသည်..။
"ငါ..ထုလိုက်လို့…."
စိုးစိုး ကြောက်လို့ မျက်လုံးမှိတ်၍ လက်ကာ လိုက်သည်..။
"အီ…..သား…အဲလို မဆော့ချင်ဘူး……တပြင်ဟာ ဆော့ကြမယ်လေ…"
"မရဘူး…."
အစ်ကိုတွေက တွန်းလှဲပြီး စိုးစိုး ကို ချုပ်ထားတော့သည်..။
"ဟင့်အင်း…"
ဒေါ်လေး ဥမ္မာ ပြောခဲ့တာ သတိရသည်..။
ဘကြီး လုပ်တာ ကို စိုးစိုး ပြောလိုက်လို့ သူတို့ကြားပြီး အဲဒီ့အတိုင်း စိုးစိုး ကို အနိုင်ကျင့်နေတာလား..။
"မဟုတ်ဘူး….မဟုတ်ဘူး….ဘကြီး လုပ်တာ …ဒီနေရာပါ…..သားနာလို့ပါ…ဒီကိုပဲ  လုပ်နော်……"
စိုးစိုး လက်ကို ရုန်းပြီး ရင်ဘတ်ကို ပုတ်ပြလိုက်သည်..။
ဘကြီး လုပ်တုန်းက အဲလို ကြီး မနာဘူး..။
"….…"
"အဲဒါ မဟုတ်ဘူး…အဲဒီ့နေရာက…သား..နာတယ်…မလုပ်ပါနဲ့…"
"…… …"
"မလုပ်နဲ့…ဟီး…နာတယ်…"
"ငြိမ်ငြိမ်နေ…."
"ငါတို့က ယောက်ျားလေး…"
"ဘွားဘွားကြီး က ငါနဲ့ ပေးစားမှာ….နင်က ငါ့မိန်းမ ဖြစ်မှာဟ.…"
"ဖယ်….ဖယ်…..အင့်ဟာ…"
စိုးစိုး ခြေထောက်နဲ့ ကန်တော့ ခြေထောက်ကိုလည်း ချုပ်ထားပြန်သည်..။
"ငါတို့ နင့်ကို…သတ်လိုက်ရမလား…"
"နင်….ငြိမ်ငြိမ်နေနော်…"
"နင်…လူကြီးတွေကို ပြောရင် အိမ်အပြင်က ကန်ကြီးထဲမှာ နစ်သတ်မှာနော်…..နင်သေသွားရင် ဘယ်သူမှ မသိတော့ဘူး…ပြောမှာလား…"
စိုးစိုး လည်ပင်းက နာလို့ မျက်ရည်များဖြင့် ခေါင်းရမ်းလိုက်သည်..။
"နောက်တစ်ခါ ငါတို့ခေါ်ရင် မဆော့ဘူး ပြောဦးမလား…"
စိုးစိုး တံတွေးတစ်ချက် မြိုချပြီး ခေါင်းရမ်းလိုက်တော့မှ လည်ပင်းအစ်နေတဲ့နေရာက ဝဏ္ဏရဲ့ လက်ကြီးဖယ်သွားသည်..။
"………."
"အား……အမေကြီး..…"
"အား….ခွေးမ…ငါ့လက်ကို ဆိတ်ဆွဲတယ်…"
"………."
စိုးစိုး ရဲ့ ဆံပင်ကို ဆွဲပြီး ခါတော့  ကြောက်သွားသည်..။
ဟင့်အင်း…ကြောက်တယ်….နာတယ်…..။
အိမ်ပြန်ချင်တယ်…။
အမေ….သား ကို လာခေါ်ပါ…။
သား နာလှပြီ..။
.
"ဘာဖြစ်လို့လဲ သမီးရဲ့..အန်တီလေးကို ပြောလေ"
"....."
စိုးစိုး မပြောရဲလို့ ငိုနေရင်း ခေါင်းရမ်းလိုက်သည်။
"ပြန်ရမယ်နော်…မငိုပါနဲ့….သမီးရယ်…"
"......"
"မနက်ကျရင် အန်တီလေး လိုက်ပို့ပါ့မယ်…တိတ်...တိတ်.."
"……….."
စိုးစိုး ငိုနေလို့ အန်တီလေးက ချော့ပေးပေမဲ့ ဒီအိမ်ကို ကြောက်သည်..။
ဒီအိမ်မှာ မနေချင်ဘူး..။
အိမ်ပြန်ချင်တယ်။
စိုးစိုး ကို ဝိုင်းချုပ်ပေးတဲ့ ဝဏ္ဏနဲ့ မိုးကျော်ရဲ့ လက်တွေကို ကြောက်တယ်..။
နာအောင် လုပ်တဲ့ အာကာ့ရဲ့ လက်ကိုလည်း ကြောက်တယ်..။
သူတို့ကို ကြောက်တယ်..။
စိုးစိုးကို သတ်ပြီး ရေကန်ထဲ ပစ်ချမှာ ကြောက်တယ်။
ဘိုးဘိုးအခန်းကို ကြောက်တယ်..။
မှောင်နေတဲ့ ခုတင်အောက်ကို ကြောက်တယ်..။
အိပ်မက်ထဲမှာ ခုတင်အောက်ကို ဆွဲခေါ်သွားရင် စိုးစိုးငိုပြီး နှိုးလာသည်..။
နောက်ပြီး ကြောက်နေပြန်သည်..။
လူကြီးတွေကို တိုင် ပြောရင် သူတို့က စိုးစိုးကို လည်ပင်း ညစ်သတ်ကြမှာတဲ့..။
စိုးစိုး ကိုလည်ပင်း ညစ်တာ သတိရတော့ အသက်ရှုမရ ဖြစ်သည်။
အန်တီလေး ပေးတဲ့ ရေခွက်ကို သောက်လိုက်တော့ မှ သက်သာသည်။
အန်တီလေး ချော့လို့ အိပ်ရာပေါ် ပြန်ရောက်သွားပေမဲ့ စိုးစိုး စောင်ခေါင်းမြီးခြုံပြီး ကြောက်နေသည်..။
.
01-21-06-27

◇◆◇◆◇◆◇◆◇◆◇◇◆◇◆◇◆◇◆◇◆

အရိုင်းဆန်ဆန်
စကားလုံး နဲ့ ဇာတ်လမ်း အတွက် အထူး တောင်းပန် အားနာပါတယ်နော်။

မျက်နှာလည်းပူနေပါပြီ 😭

စိတ်ညစ်စရာ များနေရင် ခွင့်လွှတ်ပါ။

စနေနေ့ကျ နောက်တပိုင်း တင်ပေးပါမည်။

စပိုက်ကာ ရေးသမျှ အထက်တန်းမကျ အဆင်မပြေတော့ စာဖတ်သူတွေကို အားနာနေပြီနော်။

အခုချိန်ထိ အားပေးခဲ့တဲ့ စာဖတ်သူလေးတွေ

အကြာကြီး ပျောက်သွားလည်း မမေ့တဲ့ စာဖတ်သူလေးတွေ

မကောင်းလည်း အချိန်ပေး ဖတ်ပေးတဲ့ စာဖတ်သူလေးတွေ

တစ်ယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်နော်။

အရေးအသားမကောင်း စာလုံးပေါင်း မမှန်တာ ခွင့်လွှတ်ကြပါ ။

Facebook Account (Zawgyi)

https://www.facebook.com/spica.alice.1

Facebook Page (Zawgyi)

https://www.facebook.com/Spica-Lin-စပိုက်ကာလင်း-1578142228989032/

Facebook Page (Unicode)

https://www.facebook.com/SpicaLin-စပိုက်ကာလင်း-Unicode-110111527107943/

Wattpad (Zawgyi)

Spica_s

https://my.w.tt/FLHrJ3aqw2

Wattpad (Unicode)

Spica-a

https://my.w.tt/74aCrATpw2

စာတွေဖတ်ပေးတာ ကျေးဇူး အထူးတင်ပါတယ်နော် 💪❤📕

Love U All

࿇Sקicค Liຖ࿇

#စပိုက်ကာ

မြူခိုးမှိုင်းဝေWhere stories live. Discover now