Part 32

2.6K 150 2
                                    


မြူခိုးမှိုင်းဝေ
အပိုင်း (၃၂)
0222-0211
#မြူခိုးမှိုင်းဝေ

"ပီပီ…လာလေ…"
"ဟင်…အင်း…"
စိုးစိုး လက်ထဲက ဆေးပြားကို ပါးစပ်ထဲ ပစ်ထည့်ပြီး မြိုချလိုက်သည်…။
ပိုက်ဆံအိတ်ကို ကောက်ယူပြီး ထွက်လာတော့ တံခါးကို ကိုင်ပြီး စောင့်နေပြီ..။
စိုးစိုး ပြုံးပြလိုက်ကာ တံခါးသော့ကို လှမ်းပေးလိုက်သည်…။
"မိတ်ကပ်မလိမ်းဘူးမလား…"
စိုးစိုး လက်ကို ကိုင်ပြီး မျက်နှာကို စေ့စေ့ကြည့်ကာ အကဲခတ်နေတော့ ခေါင်းရမ်းလိုက်သည်.။
"ပေါင်ဒါပုတ်ထားတယ်…"
"ဟွန့်…မျက်လုံးတွေ အစ်နေတာပဲ…ငိုလိုက်တာ…ကလေးကျနေရော…"
စိုးစိုး နဖူးကို လက်သီးနဲ့ ဖွဖွ ထုပြီး နှာခေါင်းရှုံ့တော့ မသက်သာစွာဖြင့် ပြုံးပြလိုက်ရသည်..။
လက်ကို ကိုင်ပြီး လမ်းမပေါ် ရောက်ခဲ့ပေမဲ့ စိတ်တွေက ထွေပြားနေသည်..။
နွယ်စိုးက သူ့ကို ဘာမှ မပြောသေးဘူးနဲ့ တူပါရဲ့..။
မတော်မဆ ပြောလိုက်ရင် ဘယ်လို လုပ်မလဲ..။
စိုးစိုးရဲ့ အတိတ်ဆိုးတွေကိုသိရင် သူ ဘယ်လို တုန့်ပြန်မလဲ.။
အခုနောက်ပိုင်း ပိုဆိုးလာတဲ့ စိုးစိုးရဲ့ စိတ်တွေ အကြောင်းကော အမှန်အတိုင်း ပြောပြရမှာလား..။
စိုးစိုး စိတ်က ငြင်းဆန်နေတော့ ငိုချင်လာပြန်သည်..။
သူနဲ့ ပတ်သက်ရင် ဒေါသကြီးလိုက် သိမ်ငယ်လိုက် အားနာလိုက်ဖြင့် တစ်ယောက်တည်း ကြိတ်မှိတ်ခံစားရတာ များလှပြီ..။
စိတ်တွေ ပေါက်ကွဲထွက်လာချိန် သူ့အပေါ် အမှားလုပ်မိမှာ
စိုးရိမ်ပါသည်..။
သူ မုန်းသွားနိုင်သည်.။
"အိမ်မှာ အိုး မရှိဘူးမလား…အိုးလေး တစ်ခုလောက် ဝယ်မယ်…."
"ဟမ်….ထမင်းဟင်းပဲ ဝယ်သွားလိုက်မယ်လေ…"
"ချက်စားကြမယ်လေ….ပီပီ စားချင်တာဝယ်…ငါ…အဲ….ကျွန်တော် လည်း ကြိုက်တာဝယ်မယ်…"
သူ့ကိုယ်သူ ကျွန်တော် လို့ ပြောင်းသုံးလိုက်တော့ စိတ်ထဲ တမျိုး ခံစားရသည်..။
နင် ငါ ပြောနေတာ ရိုင်းတယ်ဆိုပေမဲ့ စိုးစိုး ရင်ထဲ ရင်းနှီးသလို ခံစားရပါသည်..။
ကျွန်တေ်ာဆိုတော့ ဟန်ဆောင်မှုတွေ ပါလာသလိုပါပဲ…။
စိုးစိုး ရင်ထဲမှာ သူနဲ့ ပတ်သက်ရင် အမှုန့်အမွှားတွေ ပေါင်းပြီးအစိုင်အခဲ ဖြစ်လာပြီ ထင်ပါရဲ့..။
"ဘာလို့ ကျွန်တော်သုံးတာလဲ…"
"နင်..ငါ ကြီးက မကောင်းဘူးလေ…."
"ဘာကို မကောင်းတာလဲ…"
"ဟော….လူတွေရှေ့ စကားပြောတဲ့ အခါ မကောင်းဘူး.."
"အဟွန်း…. ပတ်ဝန်းကျင်ကို ဂရုစိုက်တက်လာပြီ….ဘာလဲ….ရှက်လို့လား…"
"ငါ က ဘာကို ရှက်ရမှာလဲ…."
လမ်းလျှောက်နေရင်း တုန့်ခနဲ့ရပ်လိုက်မှန်း သိပေမဲ့ စိုးစိုး ခြေလှမ်းက မရပ်တော့ လက်ကို ဆွဲထားသည်..။
လမ်းမ ဘေးမှာ မို့ သူ့ကို ငှဲ့ကြည့်လိုက်တော့ မျက်မှောင်ကြုတ်ထားသည်..။
"ပြောလေ…"
"မသိဘူးလေ..ငါက အသက်ကြီးတယ်…ရုပ်ဆိုးတယ်….လူမှုရေး မရှိဘူး..အဲဒါတွေ ရှက်နေမှာပေါ့…."
"ကျစ်….ပီပီကွာ….ဘာလဲ….ကလဲ့စားချေနေတာလား…ဟမ်….ဖုန်းထဲမှာ ငါ ရစ်သမျှ မှတ်ထားပြီး ပြန်ရစ်နေတာလား..ဟမ်…."
"ရစ်တာ မဟုတ်ပါဘူး….ငါ့စိတ်ထဲ အဆင်မပြေလို့….ဖွင့်ပြောတာလေ..မကြိုက်ရင်လည်းမပြောဘူး…ငါ က အားနည်းချက်တွေ အများကြီးပဲ…..အင့်…."
"အိုး…."
စိုးစိုး စိတ်မကောင်းဖြစ်ကာ ငိုချင်လာလို့ မျက်လုံးကို လက်နဲ့ အုပ်ပြီး ကွယ်ထားမိသည်..။
စိတ်တွေကို ဘယ်လောက်ပဲ ကြိုးစားပြောင်းပြောင်း အားငယ်စိတ်နဲ့ငိုချင်တာပဲ ရှိသည်..။
"ငါ…ငါ ပြန်တော့မယ်….နင့်ဟာနင် ပဲ ဝယ်ခဲ့…"
"ကျစ်….ပီပီ….လာကွာ….မငိုနဲ့တော့…."
စိုးစိုး လက်ကို ဆွဲပြီး အတင်းခေါ်ပေမဲ့ ခေါင်းရမ်း ငြင်းဆန်ကာ လက်ကို ပြန်ဖြုတ်လိုက်သည်..။
ဒီလို စိတ်အခြေအနေနဲ့ ဈေးထဲ ရောက်သွားရင် ပိုပြီး အရှက်ကွဲရလိမ့်မည်..။
သူ့အတွက် စဉ်းစားမိပြီး စိုးစိုး နာကျင်စွာဖြင့်နောက်လှည့်ပြန်ခဲ့ရသည်..။
အခန်းကို ပြန်ရောက်တော့မှ အားရအောင် ငိုမိသည်..။
ကိုယ့်ဘက်မှာ အားနည်းချက်တွေနဲ့ ချစ်နေရသူမို့ အစစ အရာရာ သိမ်ငယ်ပါသည်..။
လောက ကြီးမှာ ရှင်သန်ရတာ ကိုက မျက်နှာငယ်စရာ ဖြစ်နေတော့ အသက်ရှင်ရတာ ပင်ပန်းလာပါပြီ..။
ပုံမှန်မဟုတ်တဲ့ စိတ်အခြေအနေ ကို သိပြီးသားမို့ အိပ်ရာပေါ် လှဲချလိုက်သည်..။
အိပ်ရာနိုးလာရင် အားလုံးကောင်းသွားပါလိမ့်မည်..။
.
"ဟင်…"
နေရှင်းသန့် စိတ်တိုတိုဖြင့် ဈေးထဲမှာ အကြာကြီး လျှောက်သွားသည်..။
ကိုယ့်မှာ အလုပ်တွေ ကျောင်းစာ တွေ ပစ်ပြီး ရောက်လာပေမဲ့ ခုချိန်ထိ အဆင်ပြေပြေ မပျေ်ာရသေး..။
စိတ်ကို တင်းထားပေမဲ့ တစ်ခါတလေ တွေ့ရချိန်မှာ အတူတူ ပျော်ချင်တာကြောင့် အိုးလေး နဲ့ ချက်ပြုတ်စားဖို့ ပစ္စည်းအတော်များများ ဝယ်ခဲ့သည်..။
အခန်းတံခါး ဖွင့်ပြီး ဝင်လာတော့ အိပ်ပျော်နေတဲ့ ပီပီ့ကြောင့် အံသြသွားသည်..။
နေများ မကောင်းလို့လား..။
နာဖျားလေးတွေ နီနေတော့ မအိပ်ခင် ငိုထားသေးတာပဲ..။
နေရှင်းသန့် သက်ပြင်းချလိုက်မိသည်.။
ခြေဖျားထောက်ပြီး လျှောက်ကာ မကျယ်လှသည့် အခန်းလေးရဲ့ ထောင့်ဘက်ကို ရောက်လာသည်…။
ပူလောင် အိုက်စပ်နေသည့် နေ့ခင်း အချိန်မို့ ပြတင်းပေါက် ကို ဖွင့်လိုက်ရသည်..။
နေရှင်းသန့် အပေါ်က ရှပ်ကို ချွတ်ပြီး တီရှပ်ကိုလည်း ချွတ်ပစ်တာတောင် ပူအိုက်နေဆဲ..။
အခုမှ ဝယ်လာတဲ့ လျှပ်စစ်ဒယ်အိုးလေးကို အခန်းထောင့်မှာ နေရာချပြီး ရေလောင်းထည့်ကာ ဝယ်လာတဲ့ ကြက်ဥတွေ ထည့်ပြုတ်ထားလိုက်သည်..။
ဒီလောက် ပူအိုက်နေတာတောင် ကွေးကွေးလေး အိပ်ပျော်နေနိုင်တဲ့ ပီပီ့ကို ငေးကြည့်ရင်း ပြုံးမိသည်..။
ဘာဖြစ်လို့များ ခြေဆန့်လက်ဆန့် မအိပ်တက်တာလဲ မသိ…။
နားထင်စပ်နဲ့ နဖူးစပ်နေရာတွေမှာ ချွေးသီးလေးတွေ ဖြစ်နေတော့ နေရှင်းသန့် အနားကို ရောက်သွားသည်..။
ယပ်တောင်လည်း မရှိတော့ ချွတ်ချထားတဲ့ တီရှပ်ဖြင့် သာ လေရအောင် ယပ်ခပ် ပေးရသည်..။
"ယူလိုက်ပါ….ငါကို ယူလိုက်….နင်ခိုင်းတာ အကုန် ငါလုပ်ပေးမယ်လေ…."
နေရှင်းသန့် ငယ်ငယ်တုန်းက ပြောခဲ့တဲ့ စကားကို ပြန်တွေးမိတော့ စိတ်ပျက်စွာဖြင့် ပြုံးမိသည်..။
ဘယ်လောက်များ တုံးလိုက်သလဲ..။
ကိုယ်ကတော့ ကလေးမို့ တုံးခဲ့တာပါ…။
လက်ထပ်တာကို အလွယ်လေး ထင်ခဲ့မိသည်..။
ပီပီ နဲ့ နေရရင် အိမ်မှာထက် ပိုပျေ်ာစရာကောင်းမည်လို့ မျှော်လင့်ခဲ့သည်..။
နောက်ပြီး ကြင်နာတက်တဲ့ ပီပီ့ မျက်ဝန်းတွေကို ချစ်လို့ ပိုယုံမိသည်..။
ပီပီကကော ကလေး တစ်ယောက်နဲ့ ဘာလို့ လက်ထပ်ခဲ့တာလဲ..။
ဆရာ့ကို မေ့ချင်လို့ အစားထိုးခဲ့ရုံသပ်သပ်လား..။
နေရှင်းသန့် သက်ပြင်းချလိုက်သည်..။
ဘာပဲ ဖြစ်ဖြစ် ပီပီ့ကို ချစ်ပါသည်…။
လက်လွှတ် ဆုံးရှုံး မခံနိုင်အောင် ချစ်သည်..။
ဘယ်သူမှ   အစားထိုးမရအောင်ကို ချစ်သည်…။
ပီပီ လည်း ဆရာ့ကို ချစ်ခဲ့သလောက်နီးနီး ပြန်ချစ်နေပြီ ထင်သည်…။
နေရှင်းသန့် ကိုယ့်ကိုယ်ကို အပိုင်တွက်လိုက်ကာ တီရှပ်ကို လေထဲ ဝဲပျံအောင်ကို ခပ်ပေးနေမိသည်..။
"အင်…"
"…………"
"နိုးပလား…"
စိုးစိုး မျက်လုံးတွေကို မှိတ်လိုက်ပွင့်လိုက် ဖြင့် အလုပ်များနေချိန် အနားမှာ  ဒူးထောက်လျက် ငုံ့မိုးကြည့်နေတဲ့ သူ့ကို တွေ့တော့ ကြောင်သွားသည်..။
ကိုယ်ဗလာနဲ့ ဘာလုပ်နေတာပါလိမ့်..။
စိုးစိုး ခေါင်းကို သပ်ရင်း ထထိုင်လိုက်သည်..။
လက်ထဲက တီရှပ်ကိုတွေ့တော့ မှ တစ်ချက် တစ်ချက် အေးသွားတာကို သဘောပေါက်၍ ပြုံးမိသည်..။
ခေါင်းထဲမှာ ကြည်လင်နေတော့ စိတ်ကလည်း ပျော်သလို ခံစားရပြန်သည်..။
"ဘာလုပ်နေတာလဲ…"
"ဟူး…အခန်းက ပူအိုက်နေတာပဲ….ပီပီ အိပ်ပျော်နိုင်တာ အံသြတယ်…"
"အင်း….အိပ်ချင်လို့….ကြာပြီလား…."
"အမ်း….အင့်…ငါ့ကို ပြန်ခပ်ပေး…"
"ဟောတော့…."
စိုးစိုး လက်ထဲရောက်လာတဲ့ တီရှပ်ကို ကြောင်ကြည့်နေပေမဲ့ ကျောဖြူဖြူ က မျက်နှာရှေ့ တိုးကပ်လာပြီ.။
မျက်နှာ နောက်တွန့်၍ သူ့ကျောကို တွန်းထားလိုက်ရသည်..။
"ဟူး….ဘာလို့ အဲလောက်ပူတာလဲ…ရန်ကုန် ထက် ပိုပူတယ်နော်…"
"…………."
"ပီပီ….လုပ်လေ….သူများ လုပ်ပေးတုန်းကတော့ ဇိမ်ခံနေပြီး…"
"ဘယ်သူမှ မလုပ်ခိုင်းပဲ…"
စိုးစိုး နှုတ်ခမ်းစူပွပွဖြင့် ပြောလိုက်ကာ လက်ကတော့ အမိန့်စေခိုင်းချက် အတိုင်း တီရှပ်ကို လွှဲ၍ ခပ်ပေးနေရသည်..။
ကျောပြောင်ဖြူဖြူမှာ စီးကျနေတဲ့ ချွေးတွေကို တွေ့တော့မှ ဘယ်လောက် ပူနေသလဲ ခန့်မှန်းမိတော့သည်..။
စိုးစိုး ရှေ့က တံခါး မကြီး ထ ဖွင့်ဖို့ စဉ်းစာမိပေမဲ့ သူ အေးသွားအောင် ယပ်ခတ်ပေးရင်း မထ နိုင် ဖြစ်နေသည်…။
"ငါ ကြက်ဥ ပြုတ်ထားတယ်…."
"ဟင်…ဘာလုပ်ဖို့လဲ…"
"ချက်စားဖို့ပေါ့…."
"သြော်….ငါ မချက်တက်ဘူးနော်…"
"သိတယ်…ငါ ချက်တက်ပါတယ်…"
"ပြီးရော….ခု အေးပြီလား.."
"ဟွန့်…စေတနာကို မပါဘူး…"
လူကို စွပ်စွဲပြီး ထသွားတော့ စိုးစိုး ဆံပင်တွေကို သပ်တင်ပြီး တီရှပ် ကို ခေါက်လိုက်သည်..။
အိမ်ရှေ့ တံခါးမကြီး ကို ဖွင့်လိုက်တော့ နေပူပူ အလင်းရောင်နဲ့ လေနည်းနည်းဝင်လာသည်…။
မီးဖိုခန်းဆိုပြီး သပ်သပ် မရှိတော့ အခန်းထောင့်မှာ အိုး တစ်လုံးချထားသည်..။
အိတ် တစ်ခုထဲမှာ အသီးအရွက်တွေ တွေ့တော့ ဘာတွေ ချက်ဦးမလဲ မသိ…။
ပြတင်းပေါက်မှာ လွှားထားတဲ့ လိုက်ကာ ကို ဖြုတ်ချလိုက်တော့ အလင်းရောင်လည်း ပိုဝင်သည်..။
အိုးထဲက ကြက်ဥတွေကို တူနဲ့ လိုက်ဖမ်းနေတဲ့ သူ့ကို ကြည့်ရင်း ခိုး၍ ပြုံးမိသည်..။
"ဟာ…ပန်းကန်မေ့သွားတယ်….ပန်းကန်လည်း မရှိဘူးနော်…"
"အင်း.."
"ထားလိုက်ပါ…အိုးနဲ့ စားကြတာပေါ့…"
"စားလို့ရပြီလား.."
စိုးစိုး တမင်မေးလိုက်တော့ မျက်မှောင်ကြုတ်၍ ခေါင်းငှဲ့ကြည့်သည်..။
"မမြင်ဘူးလား….ကြက်ဥပဲ ပြုတ်လို့ ပြီးသေးတယ်…ဗိုက်ဆာရင် အဲဒါစား.."
"ဟွန့်….ကြာလိုက်တာ….အဲဒါကြောင့် ဝယ်လိုက်ပါဆို…"
"မဝယ်ဘူး….ရော့…ဒါ ခွာပေး…"
"မခွာတက်ဘူး…"
စိုးစိုး တကယ်မခွာတက်လို့ ပြောလိုက်ပေမဲ့ နှုတ်ခမ်းကိုက်ပြသည်…။
ဆံပင်တွေကို သပ်တင်ပြီး ကြက်ဥကို ကြမ်းပြင်နဲ့ ရိုက်၍ ခွာတော့ သူလုပ်တဲ့ အတိုင်း လုပ်လိုက်ရတော့သည်..။
"အ…ပီပီ….အသားမပါစေနဲ့…"
"ဆောရီး…ခွာလို့ မရဘူး…ပါတာပဲ…"
"ဟွန့်…တော်ပြီ…ပေးတော့…"
"အရွက်တွေ လှီးပေးရမှာလား…"
"အမ်း…."
သူ့အနားမှာ ထိုင်မနေချင်တာနဲ့ အိတ်ကို ဆွဲယူပြီး အရွက်တွေကို ဆွဲထုတ်လိုက်သည်..။
တေ်ာပါသေးရဲ့ ဓားပါးလေး ပါလာပေလို့..။
အရွက်တွေကို စားတဲ့ အရွယ်အတိုင်း လှီးဖို့ တွေးမိသည်..။
"ဟ….ပီပီ…ချစမ်း…"
"ဟမ်….ဘာလို့…"
"လက် ညိုးပေါ် တင်လှီးစရာလား….ကလေး မဟုတ် ဘာမဟုတ်…"
"မထိအောင် လှီးတက်ပါတယ်…"
"တော်ပြီ…ထားလိုက်…ကျစ်….ဘယ်လို ကလေး မှန်းကို မသိဘူး…လေတယ်…"
လက်ရွယ်လိုက် နှုတ်ခမ်းကိုက်လိုက်ဖြင့် အားမလို အားမရ ဖြစ်နေတဲ့ လူကြီးကို ကြောက်လို့ စိုးစိုး နောက်ဆုတ်လိုက်ရသည်..။
ကြက်ဥတွေ အခွံခွာပြီး အိတ်ထဲ ပြန်ထည့်ထားကာ အရွက်တွေကို ကောက်ယူသည်..။
မုန့်ညှင်းတွေ ခရမ်းချည်သီးတွေနဲ့ ဘာချက်မလို့ပါလိမ့်..။
သူ့ကို ဈေးထဲမှာ ထားခဲ့တာ သတိရတော့ စိတ်မကောင်းဖြစ်မိသည်..။
အဖြစ်မှန် မသိသည့် သူ့အတွက်တော့ စိုးစိုး ရဲ့ လုပ်ရပ်က စိတ်ပျက်ဒေါသ ထွက်စရာ ဖြစ်နေမှာပါ….။
အခုလို ဘာမေးခွန်းမှ မမေးပဲ နေတော့ စိတ်ထဲက သနားမိသည်…။
တကယ်ဆို စိုးစိုး နဲ့ ပတ်သက် မိ ကတည်းက သူက နစ်နာနေပါြ့ပီ…။
သူ့နေရာမှာ တခြားသူ ဆိုရင် သည်းခံပါ့မလား..။
စိုးစိုးသက်ပြင်းချ၍ အနားကို ရောက်သွားသည်..။
"တို့ ဘာလုပ်ပေးရမလဲ…"
"ဘာမှ မလုပ်နဲ့…ထိုင်သာနေ…."
"အားနာစရာကြီး…"
"အရမ်း အားနာနေရင် ယပ်ခတ်ပေး…."
"ဟွန့်…"
ကျောပြင် ဖြူဖြူ ကို ကြည့်ရင်း  ပြုံးမိသည်.။
သူ့ကြောင့် ကိုယ့်မှာ အတော်လေး ပြောင်းလဲသွားပြီ..။
ယောက်ျားဆို စေ့စေ့ မကြည့်ရဲပေမဲ့ အဝတ်မကပ်တက်သည့် ကိုယ် အပေါ်ပိုင်း ဗလာနဲ့ ကောင်လေး ကိုမြင်ရပါ များတော့ မထူးဆန်းတော့ပါဘူးလေ..။
ရှက်လို့မရအောင် နေသားကျနေပါပြီ..။
တီရှပ်ကို ကောက်ယူပြီး သူ့နောက်ကျောကို ယပ်ခပ်ပေးရင်း လုပ်သမျှ ကို လိုက်ကြည့်နေမိသည်..။
စိုးစိုး အိမ် မှာ ချက်မစား ဖူးပေမဲ့ ချက်တာ ပြုတ်တာတော့ နည်းနည်း မြင်ဖူးသည်..။
အိုးတစ်အိုးတည်းနဲ့ အကုန်ချက်လို့ရပါ့မလား..။
"သြော်….အရွက်ေြက်ာတာလား…"
"အမ်း…"
"……….."
အရွက်တွေကို ရေဆေးပြီး အိုးထဲ ထည့်တော့ စိုးစိုး မေးလိုက်တာ ခေါင်းညိတ်သည်..။
ခရမ်းချည်သီးတွေလည်း လှီးထည့်ပြီး ကောင်းကောင်းမွှေနေပြန်သည်..။
ဂေါ်ဖီပန်းတွေလည်း ခြွေထည့်ပြီး အသားတုတွေ ကြက်သားတွေလည်း ထည့်ပြန်သည်..။
ရန်ကုန်စာ ဆိုတော့ အသီးစုံ ကြော်များလား..။
ရေတွေ လောင်းထည့်ပြီး အဖုံးပိတ်ထားရင်း ကြက်သွန်မြိတ်လှီးပြန်သည်..။
ပဲတီပင်ပေါက်နဲ့ ပဲပြားတွေလည်း ထည့်သေးသည်..။
ဘာဟင်းမှန်း မသိပေမဲ့ သူချက်နေတာကို စိတ်ဝင်တစားလေ့လာမိသည်..။
ငရုတ်သီးစိမ်းကိုပါးပါးလေးတွေ လှီးပြီး အိုးထဲ ထည့်လိုက်သည်..။
အားလူးကြီး တစ်လုံးကိုလည်း ရေဆေးပြီး အခွံမခွာပဲ ပလုံခနဲ့ ထည့်ပြန်သည်..။
ပဲထောင့်ရှည်နဲ့ သခွားသီးတွေလည်း လှီးထည့်တော့ စိုးစိုးမနေနိုင်တော့ပါ..။
"နေရှင်းသန့်…"
"အမ်…"
"ဘာဟင်းလည်း ဟင်…တော်တော်စုံနေပြီ…."
"ငါသိတယ်…..ဟူး…ပင်ပန်းတဲ့ကြားထဲ..ဒီမိန်းမက တစ်မျိုး…နင်စားဖို့ ချက်နေရတာ….ပူလို့ ခပ်…"
"အမ်း…အမ်း…"
စိုးစိုး ခေါင်းညိတ်ပြီး တီရှပ်ကို လေခပ်ရင်း ဘာတွေ ထည့်ဦးမလဲ စောင့်ကြည့်နေမိသည်..။
ကြက်ဥ ပြုတ်ပြီးသားတွေကိုလည်း လှီးပြီး ထည့်ကာ မီးခလုတ်ပိတ်လိုက်သည်…။
"ဟောဟဲ…သေပါပြီ…..ပူလပ်တာ…"
"ချွေးတွေ ချည်းပဲ…"
"အမ်း…."
စိုးစိုး ဘက်ကို လှည့်လာတော့မှ ရင်ဘတ်မှာလည်း ချွေးတွေ စီးကျနေသည်..။
အတော်လေး ပူလောင်နေတာ သတိထားမိတော့ ပန်ကာလေးတောင်  ဝယ်မထားမိတာ နောင်တရသည်..။
"ငါ ရေချိုးလိုက်ဦးမယ်…ပီပီ "
"မလုပ်နဲ့….ခဏနားဦးလေ…"
"ဟုတ်တယ်….စားပြီးမှ ချိုးတော့မယ်…လာ….ဆွဲမယ်…"
"ဟမ်…"
အိုးကို နေရာရွေ့ပြီး စိုးစိုး လက်ထဲ တူတစ်စုံလှမ်းပေးတော့ ကြောင်တောင်တောင် ဖြင့် ယူလိုက်မိသည်..။
အိုးအဖုံးနဲ့ ယပ်ခပ်ရင်း တစ်ခုတည်းရှိသောဇွန်းဖြင့် ခပ်ကာ နှုတ်ခမ်းချွန်ပြီး လေမှုတ်နေသေးသည်..။
"အင့်…သောက်ကြည့်…."
"……….."
စိုးစိုး နှုတ်ခမ်းရှေ့ ရောက်လာတဲ့ ဇွန်းထဲက ဟင်းရည်ကို သောက်ကြည့်လိုက်သည်..။
"စပ်..အဲ…ကောင်းတယ်…."
ငရုတ်သီးစိမ်းတွေ လှီးထည့်ထားလို့ ပူထူနေပေမဲ့ မျက်ထောင်မခပ် စောင့်ကြည့်နေတဲ့ သူကို အားနာလို့ ကောင်းပါတယ်လို့ မုသားသုံးလိုက်ရသည်..။
"ဟွန့်….ငါသိသားပဲ….စား….စား…"
"ထမင်းကော…"
"ဟမ်…"
"ထမင်းနဲ့ ဟင်းချက်မှာဆို…ဒါက ဟင်းချိုလေ…"
"ကျစ်…ဒါပဲ ပြီးတယ်…စား…"
"ဟယ်…."
"ပီပီနော်…..မချက်တက်ပဲ ရွေးမနေနဲ့…ချက်ကျွေးတာစား…."
"အိုး..အသီးပြုတ်ကြီး…"
"……….."
စိုးစိုး နှာခေါင်းရှုံ့နေမိပေမဲ့ နှုတ်ခမ်းရှေ့ရောက်လာတဲ့ ကြက်ဥလေးကြောင့် ဝေဖန်သံတွေ တိတ်ကျသွားရသည်.။
အိုးထဲမှာ ပူပူလောင်လောင်ကို စားနေရတော့ အရသာ အစစ်ကို မမြည်းနိုင်ပဲ နှာခေါင်း တရှုံ့ရှုံ့ ဖြစ်လာသည်..။
သူ နဲ့ မျက်နှာချင်းဆိုင် ၍ အိုးတစ်အိုးထဲ နှိုက်စားရတာကို ကြည်နူးရပါသည်.။
ရာသီဥတု အပူ ဟင်းအပူ နဲ့ ငရုတ်သီးအစပ်တွေကြောင့် နှုတ်ခမ်းတွေက မပိတ်နိုင်..။
မျက်နာမှာလည်း ချွေးပြန်နေပြီ..။
"စပ်တယ်နော်.."
"အင်း…စပ်ပေမဲ့ ကောင်းတယ်…"
"သူ ချက်တာကို ကောင်းတယ်တဲ့…ဟွန့်.."
"မကောင်း.. မစားနဲ့…"
"ခုတော့ ဒါပဲ စားရတော့မှာပေါ့….မစားဖူးတော့ ကောင်းပါတယ်….."
"အင့်…"
စိုးစိုး ပါးစပ်ရှေ့ရောက်လာတဲ့ ကြက်သားဖက် ကို ကိုက်စားရင်း အရသာစုံတဲ့ ဟင်းနာမည်ကို စိတ်ဝင်စားသွားသည်..။
"ဒါ…ဘာဟင်းချိုလည်း ဟင်…"
"မန္တလေးရောက် လူချော တစ်ယောက်ရဲ့ ရွှေလက်ရာ ဟင်း…"
"ဟမ်…."
"ကောင်းတယ်မလား…"
"ကောင်းတော့ ကောင်းပါတယ်…ရန်ကုန်မှာ ရောင်းတာလား…တစ်ခါမှတော့ မစားဖူးဘူး…"
အားလူးကို တူနဲ့ ထိုးချေပြီး အားလူးတုံးလေး ကောက်ကာ ခွံတော့ စိုးစိုး စားလိုက်ရပြန်သည်..။
ဟင်းရည်က နည်းနည်း အေးသွားပြီမို့ ငန်သလိုစပ်သလို အရသာ ပြောင်းလာသည်..။
"ဟား..ဟား….ဘယ်စားဖူးမလဲ….ငါလည်း မသိဘူး…"
"အမ်…"
"ဟုတ်တယ်…အစတုန်းက ကြက်ဥ ဟင်းချက်ကြည့်မလို့….အရွက်ကြော်တွေ ဘာတွေနဲ့ ချက်မလို့ပဲ…ငါလည်း သေချာ မချက်တက်ဘူး..ထမင်းလည်း မရှိတော့ တစ်ခုချင်းစီး ထည့်ပြုတ်ရင်း အဲဒီ့ဟင်း ဖြစ်သွားတာပဲ…ဆီလွတ်ထမင်းလွတ် ဟင်းချိုနော်…"
"အို…."
"ကောင်းတယ်မလား…"
"မကောင်း…အေ့…"
စိုးစိုး ငြင်းမယ်တွေးပေမဲ့ ဗိုက်ထဲ က လေတွေသက်သေ ဖြစ်သွားပြီမို့ လက်ကွယ်လိုက်ရသည်…။
သူ ကတော့ လက်ညိုးထိုးပြီး အော်ရယ်နေပြီလေ.။
အခုလို အစုံဟင်း တစ်ခါမှ မစားဖူးပေမဲ့ ချစ်သူ့လက်ရာကြောင့် ဗိုက်ပြည့်သွားသည်…။
"အဟွင်း…သေချာချက်တောင် တူမှာ မဟုတ်ဘူး…အစုံပဲနော်…ပဲပြားလည်း ပါသေးတယ်…"
"ဟီး….ငါက တော်တယ်လေ…"
နှာခေါင်းရှုံ့ သွားကြဲ ရယ်ပြနေတဲ့ ကောင်လေး ရဲ့ ပါးကို ဖွဖွ ဖျစ်ပြီး လက်ထဲက တူကို အိုးထဲ ထည့်လိုက်သည်..။
အိုးဆေး ဖို့ ထရပ်လိုက်တော့ သူက ကြမ်းပြင်ကို သန့်ရှင်းရေး လုပ်သည်.။
"ဟူး…ခုချိန် အပြင်သွားလည်း သေမှာပဲ….ပီပီ ဘာလို့ ကားမယူလာလဲ…"
"အဖွဲ့နဲ့ လာတာ ဆိုတော့ မယူခဲ့ဘူးလေ…"
"ညနေ ကျ သူတို့ လာခေါ်တာလား…"
"ခေါ်ခိုင်းရင်တော့ ခေါ်တာပေါ့…ဒါပေမဲ့ တို့ဟာတို့ ပဲသွားတယ်…"
"ပီပီ သွားနေချိန် ငါက ဘာလုပ်ရမှာလဲ…."
"မသိဘူးလေ….အပြင်လျှောက်လည်ပေါ့…"
"ငါက မန္တလေး ကိုကြည့်ဖို့လာတာ မဟုတ်ဘူး….ချစ်သူ မျက်နှာကို ကြည့်ချင်လို့ လာခဲ့တာနော်…."
"အဟွင်း…"
"………"
စာအုပ်ထဲမှာ ရေးထားတဲ့ စာရင်းတွေကို ပြန်ဖတ်နေရင်း သူ့စကားကြောင့် ပြုံးမိချိန်အနားကို ရောက်လာကာ ပေါင်ပေါ် လှဲအိပ်သည်..။
စိုးစိုး ဖုန်းထဲ ရောက်လာသည့် ဘောက်ချာတွေကို စာအုပ်ပေါ် ကူးရေးရသည်..။
ညနေ ထွက်မဲ့ ကားတွေရဲ့ စာရင်းကိုလည်း တိုက်ကြည့်စစ်ဆေးရသေးသည်…။
ဘောက်ချာတွေ ကူးလို့ ပြီးသွားတော့  သူ့ဆီက ဟောက်သံလေးတောင် ထွက်နေပြီ..။
စိုးစိုး လက်ထဲ့ ဖုန်းကို ချပြီး အိပ်ပျော်နေတဲ့ သူ့မျက်နှာကို ငေးကြည့်နေမိသည်…။
သူ့ရဲ့ ယောက်ျားပီပီသသ ချောမွေ့လွန်းသည့် မျက်နှာလေးကို ကြည့်ရတိုင်း အတိတ်က ပုံရိပ်လေးကိုသာ သတိရမိသည်..။
ဘာဖြစ်လို့များ ပြောင်းလဲပေးခဲ့မိပါလိမ့်..။
အသားအရည်ထိန်းသိမ်းဖို့ သပ်သပ်ရပ်ရပ်နေတက်ဖို့ သန့်သန့်ပြန့်ပြန့် လှလှပပ နေဖို့ အမုန်းခံပြီး သွန်သင်ပေးခဲ့သည်..။
အခုတော့ ကိုယ့်အတွက် ပူလောင်ခြင်းကို မွေးမြူခဲ့မိသလိုပါပဲ..။
စိုးစိုး စိတ်တိုင်းကျ ပြောင်းလဲပေးခဲ့တဲ့သူ့ပုံစံက မိန်းကလေး တိုင်း အတွက် ဖြစ်နေတာကို မနာလိုလည်း ဖြစ်သည်..။
စိတ်မကောင်းလည်း ဖြစ်သည်..။
စိတ်အားလည်း ငယ်ရပါသည်…။
သူသာ တစ်ချိန်တုန်းက အတိုင်း ပေစုပ်စုပ် သွားကျိုးလေးဆိုရင် ဘယ်မိန်းကလေး က စိတ်ဝင်စားပါ့မလဲ..။
သူရဲ့ ဖြစ်တည်မှုက စိုးစိုး တစ်ယောက်တည်း အတွက် ဖြစ်ခဲ့မှာပါ…။
အခုတော့….။
ဆံပင်တွေသပ်တင်ထားတဲ့ နဖူးစပ်လေးကို ဖွဖွ နမ်းလိုက်သည်..။
မျက်တောင်တွေ တစ်ချက် ခပ်ကာ ပြုံး၍ မျက်လုံး ပြန်မှိတ်သွားတော့ စိုးစိုးလည်း ပြုံးမိသည်..။
အတော်လေး ကို အိပ်ချင်နေသည့်ပုံ..။
တိုက်ခန်းကျဉ်းလေးထဲမှာ ပူအိုက်တဲ့ ရာသီဥတုကို အံတုရင်း  အိပ်နေရုံသာ ရှိသည်။
စိုးစိုး မနက်က စိတ်နှလုံးပူလောင်ခဲ့ရသမျှတွေကို မေ့ပြီး သူနဲ့ နှစ်ယောက်တည်း ရှိနေခွင့်ရတဲ့ အခိုက်အတန့်လေးကို ပျော်ရွှင် ကြည်နူးမိပါသည်..။
ဖုန်းနဲ့ အဆက်အသွယ် လုပ်နေချိန်မှာ ထိတွေ့ခွင့်လေး ကို အကြိမ်ကြိမ် တောင့်တ စိတ်ကူးယဉ်ခဲ့သည်..။
သူ့ရဲ့ အငွေ့အသက်လေးကိုတောင် တမ်းတ လွမ်းမော မိပါသည်…။
အနီးကပ်နေခွင့်ရတဲ့ အချိန်မှာ နစ်ယောက်စလုံး စိတ်မညစ်ရရင် ကောင်းမှာပဲ..။
စိုးစိုး စိတ်ကို ပြင်ဆင်ဖို့ပဲ လိုအပ်တာပါလေ…။
သူ့အပေါ်ထားတဲ့ ကိုယ့်ရဲ့ မေတ္တာထက် မလျော့မနည်း သူလည်း ချစ်ပါသည်လို့ တွေးထားလိုက်သည်…။
ချစ်ရသူ ရဲ့ ဖြူစင်စွာ အိပ်ပျော်နေသည့် မျက်နှာကို  မြတ်နိုးစိတ်ဖြင့် တစိမ့်စိမ့် ကြည့်ရင်း မေတ္တာရိပ်ကြောင့် အေးချမ်းလာသည်..။
မောင့်ကို ချစ်ခွင့်မရှိတော့တဲ့အခါ….လောကကြီးက ပျောက်ကွယ်သွားမည်ထင်..။
.
"အင်….ပီပီ ဘာလို့မနှိုးလဲ…"
"စာရင်းလုပ်နေရင်း မေ့သွားလို့….လည်ပင်းနာနေပြီလား.."
"ငါက မနာပါဘူး…ပေါင်တွေ နာနေပြီမလား.."
နေရှင်းသန့် ထ ထိုင်လိုက်ပြီး ပေါင်ကို လက်နဲ့ ကိုင်တော့ တွန့်သွားသည်..။
ဘာဖြစ်မှန်း မတွေးမိချိန် အံသြသွားပေမဲ့ သတိဝင်တော့မှ ရယ်မိတော့သည်..။
တစ်ခါတလေ…ပီပီ နဲ့ ရင်းနှီးတာထက် ပိုသည်လို့ ခံစားနေမိတာ ဘာရယ်ကြောင့်မှန်းကို မသိ.။
"နေကျသွားလို့ဖြစ်မယ်….သိပ်မပူတော့ဘူး….ဝါး….ချွေးနဲ့ အေးသွားတာပဲ….ရေချိုးဦးမယ်…"
"အဝတ်အစား အပိုပါလို့လား.."
"တစ်ထည်ပါတယ်လေ…"
"အိတ်လည်း မတွေ့ပါဘူး…"
"ဟော…ပီပီ ညအိပ်ဖို့ တီရှပ်ထည့်လာတယ်မလား…"
"အွင်းလေ…"
"အဲဒါပေါ့…"
"………."
နေရှင်းသန့် ကို နှာခေါင်းရှုံ့ပြတော့ နှာခေါင်းကို ဖျစ်ခဲ့ပြီး ရေချိုးခန်းထဲကို ရောက်လာသည်..။
အခန်းကျဉ်းသလို ရေချိုးခန်းကလည်း ကျဉ်းကျဉ်း…။
ရေမချိုးခင် လေ့ကျင့်ခန်းလုပ်နေကျမို့ ပြန်ထွက်လာခဲ့ရသည်..။
"ဘာလို လို့လဲ…"
"လေ့ကျင့်ခန်း လုပ်မလို့…."
"သြော်….သြော်…ဒါကြောင့် ဗလကြီး ဖြစ်နေတာကိုး…"
"ဒါပေါ့…ပီပီ့ လို အပျင်းထူရင် ခါးကုန်းနေမှာပေါ့…"
"ဟွန့်…"
"ပီပီ…ပြီးပြီလား…"
"အင်း…"
"လာ…ကိုင်ပေး…"
"ဟမ်…"
"ခြေထောက်ကို ဖိထားပေး….အိပ်ထမတင် လုပ်မလို့…"
"……….."
စာအုပ်ကို ချပြီး ထ လာကာ နေရှင်းသန့် ခြေထောက်နားမှာ ထိုင်လိုက်သည်…။
"ဘယ်လို ကိုင်ရမလဲ…"
"ခြေခုံကို မရွေ့အောင် ထိန်းထားနော်…"
"အမ်း…"
"………."
"တစ်….နှစ်….သုံး…..လေး….ငါး….ခြောက်…..ခုနှစ်….အိုး…ပီပီ…မလျော့နဲ့လေ..ဖိထား…"
"သြော်….အမ်း…."
"ကိုး….တစ်ဆယ်….ဆယ့်တစ်…"
"……….."
ခြေထောက်ကို လက်နဲ့ ဖိရင်း တဖြည်းဖြည်း ရှေ့ရောက်လာတော့ နေရှင်းသန့် ရယ်ချင်ပေမဲ့ မြိုသိပ်ထားရသည်..။
တော်တော်တုံးတဲ့ အဘွားကြီးပဲ..။
ခြေခုံကိုင်ပါဆိုတာ ခြေသလုံးကို တဖြည်းဖြည်း ရောက်လာပြီ..။
"ဆယ့်နှစ်…ဆယ်ကိုး…"
"ဟယ်…ဆယ့်နှစ်ပဲ ရှိသေးတယ်…"
"ဟုတ်လို့လား.."
"အင်း…တို့ ရေထားတယ်…"
"သြော်…ဆယ်နှစ်…."
"ဆယ်သုံး…."
"ဆယ်လေး…"
"ဆယ်ငါး….ချစ်တယ်…"
"အို…"
"ချစ်တယ်…."
"အွင်…."
"နှစ်ဆယ်….ချစ်တယ်…."
နေရှင်းသန့် ထလိုက်တိုင်း မိရာ ထိရာ ဇွတ်နမ်းတော့ လက်က ကိုင်ထားပေမဲ့ မျက်နှာလေး နောက်တွန့်နေသည်..။
"အား….ပုံမှန်ဆို တစ်ရာလောက် လုပ်တယ်….ပီပီက ကောင်းကောင်းမှ မနေတာ…"
နေရှင်းသန့် ပက်လက်လှန် ရင်း ပြောလိုက်တော့ မျက်လုံးပြူးှု အံသြနေသည်…။
"ဘယ်လို လုပ်ရမှန်းမှ မသိတာပဲ…."
"'ဒိုက်ထိုးရဦးမယ်…ဖယ်….အဘွားကြီး…ဘာမှ အားမကိုးရဘူး…"
"…………."
"တစ်….နှစ်…..သုံး….ဟား..ဟား…သေတော့မှာပဲ….စကြာဝဋ္ဌာကြီးရယ်….ဟား…ဟား…"
"ဟင်…"
နေရှင်းသန့် ဒိုက်ထိုးနေချိန် ခြေသလုံးကို ကိုင်ထားပေးတော့ အော်ရယ်မိတော့သည်..။
ဘာဖြစ်လို့များ ချစ်စရာကောင်းအောင် တုံးနေရတာလဲ မသိ…။
"မလိုဘူး….ဖယ်….အခုက ကျောပေါ်ကို …"
"ကိုင်ရမှာလား…"
"မဟုတ်ဘူး…ထိုင်ရမှာ…"
"ဟမ်.."
"ဟုတ်တယ်…အပေါ်က အလေးရှိမှ ဒိုက်ထိုးလို့ကောင်းတာ…..ငါ မ နေကျ ဝိတ်ပြားအနေက ဒီမှာ ဆို ပီပီပဲ ရှိတယ်…"
"အိုး…တို့ က အဲလောက် သေးပါ့မလား…"
"ဟွန့်…စမ်းကြည့်လေ….တက်ပါဆို…."
"ဘယ်လိုတက်ရမလဲ."
"ထိုင်လိုက်…."
"အာ…မလုပ်ချင်ပါဘူးဟယ်…."
"ဘာလို့လဲ…ပီပီ က လည်း ဝေးလိုက်တာ….အင်တာနက်မှာ မမြင်ဘူးလား….ကောင်မလေးတွေ တက်ထိုင်တာလေ…"
"ဟင့်အင်း…ထိုင်လည်း မထိုင်ချင်ပါဘူး…အားနာစရာကြီး.."
"အမ်….ဘာလို့လဲ…"
နေရှင်းသန့် စကားပြောရင်း ဆက်၍ ဒိုက်ထိုးနေလိုက်သည်..။
စိတ်ထဲမှာ ရေတွက်ရင်း အဖြေကို စောင့်နေပေမဲ့ စကားသံ ထွက်မလာ..။
"ပီပီ…."
"အားနာတာပေါ့ဟ…."
"ဘယ်သူ့ကိုလည်း…"
"နေရှင်းသန့် အမေကို…"
"အမ်…."
"ဟုတ်တယ်လေ…..အမေက မရှိတော့ဘူးဆိုပေမဲ့…သူ့အသက်နဲ့ရင်းပြီး မွေးထားရတဲ့ သားကို အရမ်းချစ်ပြီး တန်ဖိုးထားမှာပဲ… မတွေ့ရပေမဲ့ ကိုယ့်သားပေါ်မှာ မိန်းမ တစ်ယောက်က ကျောပေါ်တက်ထိုင်နေတာ ဘယ်ခံနိုင်ပါ့မလဲ….တို့သားဆိုလည်း တို့ မကြိုက်ပါဘူး….အခက်အခဲရှိလို့ ယောက်ျားတစ်ယောက်ကို အားကိုးရတာ က တမျိုးလေ…ခုက အပျော်သဘောဆိုတော့ စိတ်မရဲဘူး….ရှေးရိုးဆန်တယ်ပဲ ပြောပြောပါ…အမေ က သားတစ်ယောက် အနေနဲ့ တန်ဖိုးထားသလို….တို့လည်း တို့ချစ်သူ အနေနဲ့ တန်ဖိုးထားချင်တယ်….အမေ လောက် မေတ္တာတွေ မပေးနိုင်ပေမဲ့ တက်နိုင်သလောက်ပေါ့လေ ….ချစ်သူ ကျောပေါ်မှာ ဘယ်မိန်းကလေး ထိုင်တာမှ မကြိုက်ဘူး…တို့လည်း မထိုင်ချင်ဘူး…ဟုတ်ပလား…."
"အဟွင်း….ခုလိုကျတော့…."
နေရှင်းသန့် လက်ကို ဆွဲပြီး လှန်ချလိုက်တော့ ရင်ဘတ်ပေါ်ကို ပြုတ်ကျလာသည်..။
ရင်ဘတ်မှာ မျက်နှာအပ်၍ လည်ပင်းကို ဖက်ထားတော့ အသည်းယားစိတ်ဖြင့် ဆံပင်တွေကို ဖွပစ်မိသည်..။
တော်တော်ဆိုးတဲ့ ကလေး…။
အောင်ကျော်ပြောတဲ့ အဘွားကြီးတွေ တော်ကီကြွယ်တယ်ဆိုတာ ဒါမျိုးလား..။
အိုး….ဒီလို တော်ကီ တွေကြောင့် နွားဖြစ်ရတာ ဂုဏ်ယူစရာကောင်းကြောင်း ပြောပြရဦးမည်..။
"ထတော့လေ…."
"ပီပီ…"
"ဟင်…"
သူ့ကျောကို ဖက်ထားရင်း အကြံ တစ်ခုဝင်လာသည်..။
"လာ..လေ့ကျင့်ခန်း လုပ်ကြည့်ပါလား…"
"အာ…မလုပ်ချင်ပါဘူး…"
"လုပ်ကြည့်….နင် ကုန်းနေတာ ပျောက်သွားလိမ့်မယ်…"
"ဒီအရွယ်မှ လုပ်ရင် ကျိုးကုန်မှာပေါ့…"
"ကျစ်….ငါ ရှိပါတယ်…ဖြည်းဖြည်းလုပ်ပေါ့…"
"ဘယ်လိုလဲ…"
"မှောက်အိပ်……."
"……………"
"ထ….."
"အား…သေတော့မယ်…လွတ်…နေရှင်းသန့်…"
"ခါးကို ဆန့်လေ…"
"ကျိုးပြီ….ကျိုးပြီ…."
"မကျိုးပါဘူး…လက်နဲ့ ခြေထောက် ကို ထိအောင်ကိုင်…"
"အား….မရဘူး….အ…."
လေသံလေးနဲ့ ညီးတွားနေတော့ နေရှင်းသန့် လျော့ပေးလိုက်သည်..။
"တော်တော် နာလို့လား…"
"အင်း….လက်ရိုး…"
"အေးလေ…..ပီပီ ကျောရိုးက ပုံပျက်နေပြီ ထင်တယ်….တအားနာသွားလား…."
"အင်း..ဒီနောက်…"
ကျောဘက်ကို လက်နဲ့ စမ်းရင်း ပြောတော့ စိတ်မကောင်း ဖြစ်ရပြန်သည်..။
ပုံမှန် မရှိတော့တဲ့ အနေအထားကို လေ့ကျင့်ခန်းလုပ်ခိုင်းမိတော့ အရိုးတွေ သာ ထိသွားရင် ခက်ပြီ..။
"ရတယ်…"
"နာသေးလား…"
နေရှင်းသန့် ဖြည်းဖြည်း ပြန်ပွတ်ပေးတော့ ခေါင်းရမ်းပြီး လက်တွေကို ဆွဲချသည်..။
"တို့…စိတ်မကောင်းပါဘူး…"
"ဟမ်…"
"တို့က ပုံမှန် မဟုတ်ဘူးလေ…"
"အိုး…ဘာလဲ….ငါက ရှက်လို့အတင်းလုပ်တယ် ထင်နေတာလား….ပုံမှန် ပြန်ဖြစ်အောင် လုပ်ပေးချင်တာနော်….နင် နဲ့ ပတ်သက်ပြီး ငါ့မှာ ဘယ်တုန်းကမှ ရှက်စိတ်မရှိခဲ့ဘူး…."
မျက်လွှာချရင်း ခေါင်းငုံ့ထားတဲ့ မျက်နှာလေးကို မော့ယူလိုက်တော့ မျက်ဝန်းစိုလဲ့လဲ့လေးတွေဖြင့် ကြည့်သည်..။
မျက်တောင်လေးကို ငုံ့နမ်းတော့ မျက်လုံးလေး ပိတ်သွားချိန် မျက်ရည်စက်က လှိမ့်ဆင်းလာသည်..။
"ပီပီ…"
"အင်…"
"တလောက လုံးက ငါ့အတွက် အမှုန့်အမွှားပါ….ဒါပေမဲ့…"
"…….."
"နင်က ငါ့ရဲ့ စကြာဝဋ္ဌာ….အရမ်းအရေးပါတယ်….နောက်ဆို ပေါက်ကရ အတွေးတွေကြောင့် မငိုနဲ့တော့နော်….နင့် မျက်ရည်က ငါ့အတွက် အမှုန့်အမွှား မဟုတ်ဘူး….ရင်ဘတ်ကြီးကို တိုက်ရိုက်မှန်တယ်…."
"ဟွင်း…"
"မရယ်နဲ့..တကယ်ပြောတာ….ရေချိုးပြီးရင် တံတားကို သွားရအောင်လေ….ညနေ အမှီ ရောက်အောင် ပြန်ရမယ်…"
"အင်း…"
"……………"
နေရှင်းသန့် ရှေ့မှာ ထိုင်နေတဲ့ ချစ်သူကို နမ်း၍ ထ လာခဲ့လိုက်သည်..။
ပီပီ က အရာရာ မှာ မာကြောတယ်ထင်ရပေမဲ့ ဟန်ဆောင်ကောင်းခြင်းမျှသာ.။
သူ့နှလုံးသားထဲမှာ ဘာကြောင့်မှ မခံစားစေချင်…။
ရေချိုးခန်းထဲမှာ ရေချိုးရင်း သက်ပြင်းတစ်ချက် ရှိုက်မိသည်..။
"နေရှင်းသန့်ရေ…."
"ဟမ်…"
"ဖုန်းလာတယ်…."
"ထားလိုက်…."
"အမ်း…."
နေရှင်းသန့် ရေကပျာကယာ ချိုးပြီး ထွက်လာတော့ ပီပီ က မျက်ခုံးပေါ်က သနပ်ခါးတွေကို ခြစ်ရင်း လှမ်းကြည့်သည်..။
"အဝတ်တွေ ဝယ်ဦးနော်…"
"အမ်း….ဟို အရင်ဆိုင်ကို သွားမှာမလား…"
"အဲ့ဆိုင်က ပုံတုံးတယ်….နင် ကြိုက်မှာ မဟုတ်ဘူး…"
"ရပါတယ်…ငယ်ငယ်တုန်းက ကောင်းထားတဲ့သူကိုပဲ အားပေးရမှာပေါ့…နေပါဦး…ပီပီ….အစစ် ဟုတ်ရဲ့လား…"
"….…."
နေရှင်းသန့်ရဲ့ မေးခွန်းကို မဖြေသေးပဲ သူ့မျက်နှာကို ပေါင်ဒါဘူးက မှန်ထဲမှာ ပြန်ကြည့်သေးသည်..။
"ဘာဖြစ်လို့လဲဟင်…"
"ဖုန်းထဲမှာ ဆို…တို့ ပြောလိုက်….မောင် ပြောလိုက်နဲ့ ချိုအိနေတာပဲ…ခုကျတော့ …နင် ငါ ပြောင်းသုံးပြန်ပြီ.."
"အဟွင်း …."
"ဘာဖြစ်လို့လဲ…ပြောစမ်းပါ…"
"ပိုချစ်လို့ပေါ့…"
"အား…… သေလို့ရပြီ….."
"အဟွင်း…အို…နေရှင်းသန့်…..ဟာကွာ….ရေတွေစိုနေတာကို….သနပ်ခါးညီညီ လိမ်းရတာ ပင်ပန်းတယ်….ပျက်ကုန်ပြီတွေ့လား…ဒီကောင်လေးဟာလေ…"
"ဘာဖြစ်လဲ….ဆက်ပြော…"
စိုးစိုး ပါးပေါ်မှာ အေးခနဲ့ ဖြစ်သွားလို့ ပြောနေချိန်  နှာခေါင်း ကို ရှေ့တိုးပြီး ချိန်းခြောက်နေပြန်တော့ နှုတ်ခမ်းကိုက်၍ ရပ်တန့်ထားလိုက်ရသည်..။
"သွား…အိတ်ထဲမှာ….ရေသုတ်ပုဝါ ရှိတယ်….တီရှပ်က တကယ်ဝတ်မှာလား….ညက ဝတ်အိပ်ထားတယ်…."
"ဝတ်မှာပေါ့… …"
"အင်း…ပွတော့ပွတယ်..အဆင်ပြေပါ့မလား …"
"ရတယ်…လူက ချောနေတော့ ကိစ္စ မရှိဘူး.."
သူ့ကိုယ်သူ အမွှန်းတင်ရင်း အဝတ်အိတ်ဆီရောက်သွားတော့ စိုးစိုး ကြည်နူးစွာဖြင့် ပြူံးမိသည်..။
စကားပြောလိုက်ရင်လည်း  ကြီးကြီးကျယ်ကျယ်တွေ သုံးတက်သည်..။
ခေါင်းကို ရေသုတ်ရင်း အဝတ်အိတ်ကို ဖွနေတော့ သနပ်ခါးအနစ်တွေကို လက်ပေါ်လိမ်းနေရင်း မျက်လုံးပြူးသွားသည်..။
"ဟယ်……တီရှပ်က အပေါ်မှာပဲလေ…."
"ဒါဘာလဲ…ပီပီ…"
"………."
သူ့လက်ထဲက အတွင်းဝတ်ကို ဆွဲယူပြီး အိတ်ထဲ ပြန်ထိုးထည့်တော့ မျက်လုံးမှေးကာ နှုတ်ခမ်းကိုက်၍ ကြည့်သည်..။
"ပီပီ သူငယ်ပြန်နေတာလား…"
"ဟမ်…"
"ကလေးဝတ်တဲ့ ဟာကြီး ဝတ်တာလား…"
"………."
စိုးစိုး အကြည့်ချင်းမဆုံချင်လို့ အဝတ်အိတ်ကို ဆွဲယူပြီး အဝတ်တွေ ထည့်ရင်း အလုပ်ရှာနေမိသည်..။
ကိုယ့်ဘ၀ အခြေအနေ မှန်ကို သူမှ မသိသည်ပဲ..။
သိခွင့်မပေးသေးလို့ပါ…။
စိုးစိုး နဲ့ ပိုပြီး ရင်းနှီး ပတ်သက်လာရင် ဒီ အမှန်တရားတွေကို ဘယ်လို ရင်ဆိုင်ရပါ့မလဲ…။
သူ့ကို ချစ်တယ်..သူနဲ့ မဝေးချင်ပါဘူး..။
အမှန်တရားတွေကို ဖွင့်ပြောဖို့ကျတော့လည်း သိမ်ငယ်စိုးရွံ့နေသည်..။
"ဟို…..တို့…..တို့ ငယ်ငယ်ကတည်းက အဲဒါပဲ ဝတ်တာ…"
"သြော်…"
"လူကပိန်ပြီး..ခါးကိုင်းတော့ သိတယ်မလား…အဲဒါလေ…ဟို…"
"ဟား..ဟား….ရှက်နေတာ ကြည့်ဦး…တော်ပါပြီ….မြန်မြန်လုပ်….ငါက သိပ်မကြာဘူး…"
တီရှပ် ဝတ်ရင်း ရယ်မော ပြီး စကားပြောတော့မှ စိုးစိုး စိတ်သက်သာသွားသည်..။
သနပ်ခါး ဘူး ရှိတဲ့ နေရာကို ပြန်ရောက်လာပြီး ပျက်သွားတဲ့ ပါးတစ်ဖက်ကို သနပ်ခါးနှစ်လေး ထပ်ပုံလိုက်ရသည်.။
"ပီပီ ဘာလို့ သနပ်ခါးလိမ်းတာလဲ…."
"အေးတယ်လေ…နေလောက်ဒဏ်လည်းကာတယ်.."
"ဟုတ်လား….ငါလည်း လိမ်းမယ်…"
"ဟော…"
စိုးစိုး ရှေ့မှာ ကလေး တစ်ယောက်လို မျက်နှာမော့ပြီး ထိုင်တော့ ပါးက သနပ်ခါးကို ကပျာကယာ ခြစ်၍ ညှိလိုက်ရသည်..။
0222200444
"တကယ်လိမ်းပြီး သွားမှာလား…"
"အင်း…"
"ပြီးမှ မဖျက်နဲ့နော်…"
"အမ်းပါ…လိမ်း….မြန်မာ နိုင်ငံမှာ…သနပ်ခါးလိမ်းတာ ရှက်စရာမှ မဟုတ်တာ…."
"ဟုတ်ပါပြီ…"
"အဲ…ညီအောင်တော့ လိမ်းပေးနော်…."
မျက်နှာ အပ်ပြီးပေမဲ့ သေချာ မှာကြားနေတော့ စိုးစိုး ရယ်မိသည်..။
အတော်လေးကို အလှအပ ကြိုက်သွားတာ ဘဝများပြောင်းသွားလေပြီလား..။
စိုဆဆ ဖြစ်နေတဲ့ ဆံပင်တွေကို နဖူးပေါ် လှန်တင်ပြီး သနပ်ခါး အနစ်ကို ယူလိုက်သည်…။
သနပ်ခါးဘူးကိုလည်း ကိုင်ရတော့ အဆင်မပြေ…။
အနားမှာ ချထားတဲ့ ခေါင်းချည်ကွင်းလေးကိုတွေ့တော့ သူ့ဆံပင်တွေကို စု၍  ကြက်တောင်စည်းလိုက်သည်..။
"အဟွင်း….ချစ်ဖို့ကောင်းလိုက်တာ…."
"ဟင်…."
"ကြည့်ဦး…"
စိုးစိုး ပေါင်ဒါဘူးပေးလိုက်တော့ ကြည့်ပြီး နှုတ်ခမ်းမဲ့သည်..။
"တကယ်လား.."
"ဘာလဲ…"
"ဒီပုံက ချစ်စရာကောင်းတယ်ဆိုတာလေ…"
"အင်းပေါ့…ကလေးလိုပဲ…."
"ပြီးရော…လိမ်းတော့…"
မျက်လုံး ပြန်မှိတ်ထားတော့ သနပ်ခါး အနစ်ကို ယူပြီး နဖူးပေါ် ပုံလိုက်သည်..။
ကလေးလေး တစ်ယောက်လို မျက်နှာမော့ ငြိမ်သက်ပေးနေတော့ စိုးစိုး စိတ်ထဲမှာလည်း သနပ်ခါးကို ညီအောင် လိမ်းပေးဖို့သာ အာရုံကျနေသည်..။
နဖူးနဲ့ ပါးကို သနပ်ခါး ညှိပေးပြီး မေးစေ့မှာတော့ လက်နဲ့ သပ်ချလိုက်သည်..။
နှာခေါင်းရိုး တစ်လျောက် နှာတန်းလေး ချပေးပြီးမှ ကလေး မဟုတ်ဘူးဆိုတာ သတိရတော့ ဖျက်ရဦးမည်..။
"……….."
စိုးစိုး အကြံ တစ်ခု ဝင်သွားတော့ သနပ်ခါး ထပ်ယူကာ ပါးပေါ်မှာ ဝလုံးလေး ရေးမိသည်..။
ဝလုံးလေးနဲ့ ကြက်တောင်စည်းထားတဲ့ သူ့ကို အသည်းယားစွာဖြင့် ငေးကြည့်ရင်း ဖုန်းကပျာကယာထုတ်၍ မှတ်တမ်းတင်ထားရသည်..။
"ရပလား.."
"အမ်း…."
"………."
"ဟာ…ပီပီကလည်း…ကလေးလေးလို လိမ်းပေးတယ်…"
မှန်ကို ကြည့်ပြီး အလိုမကျစွာဖြင့် မျက်နှာ တွန့်သွားတဲ့ သူ့ကြောင့် စိုးစိုး ပြုံးမိသည်…။
"ဘာလို့လဲ..ချစ်စရာ ကောင်းပါတယ်…."
"ဟွန့်…."
"ကြက်တောင်စည်းလေးနဲ့ လိုက်သားပဲ…"
"ဝလုံးကြီးတော့ ပြန်ဖျက်…"
"အို…ဝလုံးလေးပါ….ခက်ခက်ခဲခဲ လိမ်းထားရတာကိုပဲ…ကဲ…ကိုယ်တော်လေး သဘော….."
စိုးစိုး ရေဘူး လှမ်းယူတော့ လက်ကို တားပြီး မှန်ကြည့်ပြန်သည်..။
"လှပါတယ်ဆို…"
"ထားလိုက်ပါတော့….ပီပီ ချစ်တယ်ဆိုလို့ ထားလိုက်တာနော်…."
"တကယ်ချစ်စရာလေး….သူများတွေတော့ မသိဘူး….တို့တော့ ချစ်တယ်…."
"ပြီးရော….ပြီးရော…."
စိုးစိုး တမင်တကာ ပြောလိုက် ပေမဲ့ သူကတော့ ထရပ်ပြီး ပိုက်ဆံအိတ်ကို ဘောင်းဘီအိတ်ထဲ ထည့်နေပြီ..။
စိုးစိုး အဝတ်အိတ်ဘေးက ရေမွှေးပုလင်းကို ကောက်ယူပြီး ဆွတ်ပြန်သည်..။
"တကယ်ကြီး အဲလို သွားမှာလား…"
"အင်းလေ…"
"ဟာ….တို့က တမင်စတာပါ…..ပြန်ဖျက်လိုက်…ခေါင်းလည်းဖြီး…"
"ဒီလို က ချစ်စရာကောင်းတယ်ဆိုတာ..တမင် ပြောတာလား…"
မျက်မှောင်ကြုတ်ပြီး ရန်တွေ့တော့ စိုးစိုး ခေါင်းရမ်းရပြန်သည်..။
"မဟုတ်ဘူးလေ…ဒီပုံစံလေး ကို တို့က ချစ်ပေမဲ့ အပြင်ထွက်သွားရင်…သူများတွေက…"
"အလကား အမှုန့်အမွှားတွေ….စကြာဝဋ္ဌာကြီးက ကြိုက်ရင် ပြီးပြီပေါ့…"
စိုးစိုး မျက်ခုံးပင့်တော့ နှုတ်ခမ်းကိုက် ပြီး အနားကို ရောက်လာသည်..။
ရေမွှေးကို ရင်ဘတ်ပေါ် တစ်ချက်ဖြန်းပေးပြီး နှာခေါင်းရှုံ့သည်.။
"ဟွန့်…ရေလည်း မချိုးဘူး…ရေမွှေးနဲ့ အုပ်ထားတယ်…"
"မနက်က ချိုးပါတယ်ဟယ်…ပြီးတော့ ရေမွှေးဖြန်းတာ ဘယ်သူလဲ…"
"ငါလေ….ငါ…."
"အို…"
ရေမွှေးဖြန်းတဲ့ နေရာကို နှာခေါင်းနဲ့ တိုက်တော့ခေါင်းကို တွန်းထားရသည်…။
သူ့လက်ထဲက ရေမွှေးပုလင်းကို လုပြီး ချလိုက်ကာ လက်ကိုဆွဲ၍ ထွက်လာခဲ့မှ အပြင်ရောက်တော့သည်..။
ကားငှားပြီး သမိုင်းဝင် ဦးပိန်တံတားကို ထွက်လာခဲ့ရပေမဲ့ရင်ခုန်နေမိသည်..။
အခုလို လူများတဲ့နေရာမှာ သူနဲ့ လက်တွဲသွားရရင်ဘာတွေ ဖြစ်လာဦးမလဲ..။
အရပ်ရှည်ပြီး အသားဖြူတဲ့ သူက သနပ်ခါးနဲ့ ကြက်တောင်စည်းထားတော့  နိုင်ငံခြားသားလို့ ထင်ပြီး စိုးစိုး ကို ဝေဖန်တဲ့ မျက်လုံးများဖြင့် ကြည့်လာနိုင်သည်..။
စိုးစိုးသိတဲ့ သူတွေနဲ့ ဖြစ်ဖြစ်…သူသိတဲ့ သူတွေနဲ့ ဖြစ်ဖြစ် တွေ့သွားရင် ကော ဘယ်လို လုပ်ကြမလဲ…။
ပတ်ဝန်းကျင်ကို လိုက်ငေးနေရင်း စိုးစိုး ကို တစ်ချက် လှည့်  ကြည့်ချိန် အကြည့်ချင်းဆုံပြီး ပြုံးပြသည်..။
သနပ်ခါးတွေနဲ့ ကောင်လေးကို မြတ်နိုးစွာဖြင့် ြ့ပုံးပြကာ သူ့လက်တွေကို ဆုပ်ကိုင်ထားမိသည်..။
ပတ်ဝန်းကျင် အမြင်ဆိုတာ သူ့ အပြုံးနဲ့  ယှဉ်လိုက်ရင် အမှုန့်အမွှား မျှသာ..။
0222-0506

◇◆◇◆◇◆◇◆◇◆◇◇◆◇◆◇◆◇◆◇◆

မနက်မှပဲ ဖတ်ကြတော့ ညနက်နေပြီ
အိပ်မက်လေးတွေ လှပါစေ
ပီပီ တို့လည်း ပြန်မနေနဲ့တော့ နေရှင်းသန့် နောက်သာ လိုက်သွားပေတော့ 😏
တင်းလာပြီ 😁
စာဖတ်သူတွေကြောင့် မတက်သာ သဖြင့် Roနေရပါသော FAတစ်ယောက်ရဲ့ ဝန်တိုသံ 😁

စာတွေကြောင့် စိတ်ညစ်ရရင် တောင်းပန်ပါတယ်နော်…။
ခုရက်ပိုင်း စာတွေ ပြန်မစစ်တော့ဘူးနော်
အချိန်မရ တော့လို့ပါ
အမှားအယွင်း အပိုအလို အလွဲအမှောက် စာလုံးမမှန် ဝါကျ မမှန် ပါရင် ဖြည့်ဖတ်ပေးပါ။
ဝတ္ထု တစ်ခုကို အဆုံးမသတ်ပဲ မထားခဲ့ချင်လို့ပါ။
အမြန်ဆုံးနဲ့ ပန်းကန်ပြားစီးပြီးရေးရပါ့မယ်။
စာဖတ်သူလေးတွေက အကြိုက်ပေါ့နော်…။
စာတွေဖတ်ဖို့ ဖိုက်တင်းပါ ✍💪❤📖

စာတွေဖတ်ပေးတာ ကျေးဇူး အထူးတင်ပါတယ် ❤💪📖

😢✍🙏

Love U All ❤

࿇Sקicค Liຖ࿇

မြူခိုးမှိုင်းဝေWhere stories live. Discover now