Part 28

2.8K 176 2
                                    


မြူခိုးမှိုင်းဝေ
အပိုင်း (၂၈)
1802-01-34
#မြူခိုးမှိုင်းဝေ

"ပီပီ…"
"အင်…"
"ထတော့လေ….မိုးလင်းနေပြီ…."
"မိုးလင်းတိုင်း ထရမှာလား…"
"အဟွင်း…မထချင်လို့လား…"
"အွင်း….ညတုန်းက နင်လုပ်တာ ငါ့လက်မောင်းနာနေပြီ…"
"အာ….ဘာမှလည်း မလုပ်မိပါဘူးဗျာ….ထတော့ဆို…"
"ဟင့်အင်း…"
မျက်လုံးမဖွင့်သေးပဲ ကလေး တစ်ယောက်လို ပြောနေတဲ့ ပီပီ့ကို အသည်းယားလို့ လိုက်ကာကို ဆွဲဖွင့်လိုက်သည်.။
နေရောင်စူးစူးတွေ ဝင်လာတော့ မျက်ခုံးလေး တွန့်ပြီး ကျောခိုင်းသွားသည်..။
တီရှပ် အောက်မှာ လစ်လပ်သွားတဲ့ ခါးနေရာကို လက်ဝါးနဲ့ ပွတ်လိုက်တော့ တစ်ကိုယ်လုံးတွန့်ပြီး ထထိုင်တော့သည်..။
"အဟား..ဟား…"
"အို…ဘယ်လိုကြီးလဲ…"
"ဘာဖြစ်လို့လဲ…"
"အဝတ်တွေ ဝတ်စမ်းဟယ်…."
အိပ်ရာနိုးစလေးမှာ မျက်နာလေး ရဲခနဲ့  ဖြစ်သွားတော့ နေရှင်းသန့် ကြည့်ကောင်းကောင်းဖြင့် ငေးကြည့်နေမိသည်..။
အပေါ်ပိုင်း ဗလာနဲ့ ပေါင်လည်ဘောင်းဘီတိုလေး ဝတ်ထားတာကို ရှက်နေလိုက်တာ..။
တကယ့်ကို အပျိုကြီး မမ…။
ပြောလိုက်ရင် ဘာကိုမှ ဂရုမစိုက်သလိုလိုနဲ့..။
တစ်ယောက်အိပ်ခုတင်ပေါ်မှာ နေရှင်းသန့် လှဲအိပ်လိုက်ပြီး ပီပီ့ ခါးကို ဖက်ကာရင်ခွင်ထဲ မျက်နှာ ထည့်လိုက်သည်..။
"……….."
"မောနင်း….ကစ်ပေး…"
"…………"
မျက်နှာမော့ပေးလိုက်တော့ ပြုံးစေ့စေ့ ဖြင့် နှာခေါင်းရှုံ့ပြသည်..။
"ပီပီနော်…..ညတုန်းက အပြောမခံနိုင်လို့ လွှတ်ပေးလိုက်ပြီးပြီ….ကစ်လောက်တော့ မတွန့်တိုသင့်ဘူး ထင်တယ်…"
"…………."
နေရှင်းသန့် မျက်နှာ စူပုတ်ပုတ်ဖြင့် စိတ်ဆိုးဟန် ဆောင်လိုက်တော့မှ ပါးပေါ်သို့ ဖျတ်ခနဲ့ အနမ်း တစ်ပွင့် လက်ဆောင်ရတော့သည်..။
"ချစ်လိုက်တာ…မိန်းမ…."
"အို….ဘာတွေ….အွမ်…"
စကားတွေ ပြောနေရင်း တိတ်ကျသွားတော့ ကျောလေးကို သိုင်းဖက်ပြီး အနမ်းရဲ့ ချိုမြိန်မှုတွေ ရှာဖွေမိသည်..။
ရင်ခုန်သံတွေက ငယ်ငယ်တုန်းက အတိုင်း..။
ပီပီ့ ရင်ဘတ်ပေါ်မှာ ပါးအပ်၍ ငြိမ်သက်နေချိန် ဆံပင်တွေကို ထိုးဖွ ဆော့နေသည်..။
လက်တွေကို ဆွဲယူပြီး နမ်းလိုက်တော့ ပါးကို ဖျစ်သေးသည်..။
"ငါ ကလေး မဟုတ်ဘူးနော်…"
"သြော်…ဟုတ်လား….ကြီးပြီပေါ့…"
"အမ်း…"
"အဟွင်း…"
"ဟာ…ဘာလဲ…."
"သြော်…ကလေး မဟုတ်တော့ဘူးဆိုတော့ လူကြီး ဖြစ်ပြီပေါ့လို့.."
"ဟွန့်…အဘွားကြီးနော်…."
"အဘွားကြီးဆို…မချစ်နဲ့လေ…"
"ငါ လည်း မချစ်ချင်ပါဘူးနော်…..သူ့ဟာသူ ငယ်ငယ်ကတည်းက ချစ်မိသွားတာ မတက်နိုင်ဘူး…"
"……..…"
မျက်လုံးပြူး အံသြ ၍ ငုံ့ကြည့်နေတဲ့ ပီပီ့ရဲ့ ပါးကို ဖျစ်လိုက်တော့ နှာခေါင်းရှုံ့ပြသည်..။
နှာခေါင်းကို ထပ်ဖျစ်လိုက်တော့မှ လက်ကိုရိုက်တော့သည်..။
"ချစ်လိုက်တာ…..ငါ အများကြီး ကြိုးစားခဲ့တာ သလား…ဒီလို နေချင်လို့လေ…."
"ဟမ်…."
"အဟွင်း…"
ပီပီ က နေရှင်းသန့် ရဲ့ ရင်ဘတ်ကို လက်ဖဝါးနဲ့ ဖွဖွတွန်းရင်း မေးငေါ့ ပြတော့ လက်ကို ကိုင်ထားရသည်..။
"ပီပီ…ငါ က နင့်ရဲ့ ယောက်ျားနော်….နောက်ပြီး ချစ်သူ ဖြစ်နေပြီ…"
"ဟုတ်လို့လား.."
"မဟုတ်ရင်….မပြောပြဘူးကွာ…."
နေရှင်းသန့် ထထိုင်ဖို့ လုပ်တော့ ရင်ဘတ်ကို လက်ဝါးနဲ့ ဖိပြီး နှာခေါင်းရှုံပြ သည်..။
"ပြောပါဆို…"
"ပီပီ...မဆူရဘူးနော်…"
"ဟား..ဟား….နင် မကြောက်တက်ပါဘူးနော်….ဘာပဲ ဖြစ်ဖြစ် စကြာဝဋ္ဌာရဲ့ အမှုန့်အမွှားဆိုတဲ့ ကောင်လေး.."
"ပီပီ  ကလွဲရင် အားလုံးက အမှုန့်အမွှားပါ…."
"ဟား..ဟား…"
ခေါင်းလေး မော့ပြီး လှောင်ရယ်လိုက်တဲ့ ပီပီ့ ကို ငေးရင်း နေရှင်းသန့်လည်း ပြုံးမိသည်..။
သူ့လက်ကို ပါးပေါ် တင်၍ အုပ်ကိုင်ထားရင်း
"အဟွင်း…နှုတ်ခမ်းဆောင့်တာ မှတ်မိလား…"
"အင်း.."
"နောက်ပိုင်းကျတာ့ နင်က ဆေးမထည့်ဘူးလေ….မနက်ဆို အနာသစ်လို သွေးပြန်ထွက်တယ်…ဆေးထည့်ဖို့ မေ့တော့ ငါပဲ သတိလုပ်ထည့်ပေးရတယ်…ဂိမ်းဆော့တာ တစ်နာရီလောက်မှ အိပ်တော့ ပီပီ အိပ်ပျော်နေချိန် ဆို အရမ်း ရင်ခုန်တာပဲ….နောက်တစ်နေ့ကျတော့ …ငါ…ငါ….ခိုးနမ်းမိသွားရော….ဟား…ဟား…"
"အယ်…."
"ဘယ်လိုလေးလဲ…မသိဘူး…ရင်လည်းခုန်တယ်….ကြောက်လည်း ကြောက်တယ်….."
"ဟယ်…"
"နောက်ပိုင်း ကျ ထိန်းပေမဲ့ ညတိုင်း ခိုးနမ်းပစ်တာပဲ…နောက်ဆုံးနမ်းတဲ့နေ့က  ရူးရူးမူးမူးပဲ….ပီပီကလည်း အိပ်နေရင်း…"
"အို…တော်…"
စိုးစိုး မျက်နှာရဲကာ မကြားဝံ့တော့လို့ သူ့ပါးစပ်ကို လက်ဝါးနဲ့ အုပ်၍ တားဆီလိုက်ရသည်..။
အိပ်မက်…အိပ်မက်ဆိုပြီး ကိုယ့်မှာ ဘယ်လောက် စိတ်ဒုက္ခရောက်ခဲ့ရသလဲ..။
တကယ့် လူဆိုး…လူယုတ်လေး…။
ကလေးလို့ ကိုယ်ထင်နေပေမဲ့ ဒင်းက ကလေးစိတ်မှ မဟုတ်ခဲ့ပဲ..။
"ဒါပေမဲ့ နောက်နေ့ ငါ မနမ်းဖြစ်တော့ဘူး….နင် က ဆရာ့ကို ချစ်နေတာတဲ့….ငါ့ကို အစားထိုးခဲ့တာတဲ့လေ…ငါ တော်တော် ခံစားရတယ်….ငိုလည်း ငိုခဲ့သေးတယ်…..နင် အထောက်အပံ့ က လွတ်လောက်တဲ့အထိ ကြိုးစားခဲ့ရတာ လည်း အဲဒါကြောင့်ပဲ…နင် ထောက်ပံ့ပေးထာတဲ့ ကောင်လေး တစ်ယောက်ကို နင် ဘယ်တော့မှ  ချစ်နိုင်မှာ မဟုတ်ဘူး….."
"အို…"
သူ့ဘက်က အထင်လွဲနေတာကို သိလိုက်ရတော့ စိုးစိုး ခေါင်းရမ်းမိသည်..။
သူကလည်း ခေါင်းရမ်းပြီး စိုးစိုး ခါးကို ဖက်ကာ ရင်ဘတ်ပေါ်မှာ မျက်နှာဝှက်ထားသည်..။
"အဲလို မဟုတ်ဘူး..နေရှင်းသန့်…"
"ဆရာလည်း ကလေးတောင် ရနေပြီပဲ…ပီပီ က ချစ်နေတုန်းလား…"
"မဟုတ်ပါဘူး…နေရှင်းသန့်ရယ်…"
"ငါ နားလည်ပါတယ်….ထားလိုက်ပါ…..ငါ ဝန်ခံတာ…နင့်ကို ငါ အဲဒီ့အချိန်ကတည်းက ချစ်နေတာပဲ….ငါ ရန်ကုန်လာမဲ့နေ့က နင့်ဓာတ်ပုံလေး ရိုက်ယူခဲ့တယ်….ငါ ညတိုင်း နမ်းတယ်…နင် အိပ်မက်သေးလား…"
စိုးစိုး မရှက်ဟန်ဖြင့် ပခုံးတွန့်ပြလိုက်ပေမဲ့ ရင်ခုန်ကြည်နူးစိတ်ဖြင့် နည်းနည်းလေးတော့ ရှက်မိသေးသည်..။
နင့်ကိုလည်း အဲဒီ့အချိန်ကတည်းက ချစ်နေတာပါလို့ ဝန်ခံရမှာလား..။
အို…မဖြစ်ဘူး..။
အဲဒီ့ အချိန်တုန်းက သူက ကလေး တစ်ယောက် လူငယ်လေး တစ်ယောက်..။
စူးစမ်းချင်တဲ့ ရင်ခုန်ချင်တဲ့ စိတ်နဲ့ လုပ်ခဲ့တဲ့ အမှားတစ်ခု..။
ကိုယ်ကတော့ အရာရာ စဉ်းစားချင့်ချိန် နိုင်တဲ့ အရွယ်မှာ ကလေး တစ်ယောက်ကို ရင်ခုန်မိတယ်ဆိုတာ ဘယ်လောက်တောင် ရှက်စရာကောင်းလိုက်သလဲ…။
"ပီပီ…."
"ဟင်…"
သူ ခေါ်လိုက်တာကြောင့် စိုးစိုး ရှက်လန့်တကြားဖြင့် ငုံ့ကြည့်လိုက်ချိန် စိမ်းညိုမှောင်နေတဲ့ မျက်ခုံးတန်း နှစ်ဖက်က တွန့်၍ မျက်ထောင်တွေ ထင်ရှားအောင် မျက်လုံးလှန်ကြည့်သည်.။
"ငါ့ကို အထင်မကြီးတောင်…အထင်မသေးစမ်းပါနဲ့….ငါ ဘယ်မိန်းကလေးနဲ့မှ မပတ်သတ်ခဲ့ဘူး….ဘာဖြစ်လို့လဲ သိလား…"
စိုးစိုး ရင်ခုန်ကြည်နူးစွာဖြင့် ခေါင်းရမ်းပြလိုက်သည်..။
ဘာပြောမလဲ သိနေသော်လည်း..ဝန်ခံချက်လေးကို အရသာခံ၍ ကြားနေချင်သေးသည်ကိုး..။
"တုံးလိုက်တာ….နင့်ကို ချစ်လို့ပေါ့ဟ…."
"………."
စိုးစိုး ပြုံးလိုက်တော့ သူ့လက်ချောင်းတွေက စိုးစိုး လက်ချောင်းတွေကို ထပ်ကိုင်ပြီး ဆုပ်လိုက်သည်..။
ပြတင်းပေါက် က ဝင်လာတဲ့ အလင်းတန်း အောက်မှာ လက်ကို ထောင်ကြည့်နေသေးသည်..။
ဖြူဖတ်နေသည့် သူ့လက်တွေကို ကြည့်ရင်း တချိန်တုန်းက ပေတေတေ ကောင်လေး ကို သတိရပြန်သည်..။
"နင် ပိန်လိုက်တာနော်…နေကောင်းရဲ့လား.."
စိုးစိုး ခေါင်းညိတ်လိုက်ပေမဲ့ စိတ်မကောင်းတော့ ဖြစ်သွားသည်..။
သူ နဲ့ အဆက်အသွယ်မရှိချိန် ဆေးရုံတက်လိုက်ရတာ ကိုလည်း မပြောဖြစ်တော့ပါ..။
ချစ်သူချင်း ပွင့်လင်းသင့်တာ သိပေမဲ့ စိတ်ရောဂါ ကုဆေးရုံကို သွားခိုင်းတယ်ဆိုတဲ့ ဆေးစစ်ချက်တွေကိုလည်း မပြချင်ပါ…။
ဆေးသောက်ရင်း ရောဂါက သက်သာလာလိုက် ပျောက်သွားလိုက် ပြန်ဖြစ်ချင်လိုက် သံသရာ လည်နေဆဲပါပဲ..။
စိတ်ထောင်းရင် ကိုယ်ကြေ တယ်ဆိုတဲ့ စကားအတိုင်းပေါ့လေ…။
"………"
ငယ်ငယ်တုန်းက ညစ်ထပ်ထပ် ဝက်ခြံပြည့်နေတဲ့ မျက်နှာသေးသေးလေးနဲ့ သွားကျိုးနေတဲ့ ကောင်လေး ကို မြင်ယောင်ရင်း စိုးစိုး ပြုံးလိုက်သည်..။
အဲဒီ့အချိန်ကတည်းက ရည်းစားမရှိလို့ ကဲ့ရဲ့တက်သည်လေ..။
ရင်ဘတ်က ကြွက်သား တွေကြောင့်သာ လူကြီး ဖြစ်သွားတာပါ..။
ဒီရင်ဘတ်အောက်မှာ ရှိနေတဲ့ နှလုံးသားကတော့ ကလေးဆန်နေတုန်းပါပဲလား..။
ပါးရိုးပေါ်ကို လက်နဲ့ကိုင်ရင်း မြတ်မြတ်နိုးနိုး ငေးနေမိသည်..။
ဝက်ခြံတစ်ဖုတောင် မရှိတော့တဲ့ ရှင်းသန့်နေတဲ့ မျက်နှာလေး..။
မျက်ခုံးနဲ့ နှာတံအချိုးကျကျ ဖော်ထားတဲ့ မျက်နှာလေး…။
ရယ်လိုက်တိုင်း သွားစွယ်လေး တစ်ခု ထပ်နေတဲ့ အပြုံးလေး..။
နားသယ်တလျှောက် စိမ်းမြမြ ရှိနေတဲ့ အမွှေးလေးတွေကို လည်း တို့ထိ မိသည်..။
မျက်ဝန်း တွေနဲ့ အကြည့်ချင်းဆုံမှ သတိဝင်ပြီး ပြုံးပြလိုက်ရသည်..။
"အဟွင်း….ဟား…ဟား…."
အားပါးတရ အော်ရယ်တော့ စိုးစိုး ရှက်လန့်တကြားဖြင့် မျက်နှာကို အုပ်ပစ်လိုက်သည်..။
လက်ကို ဖယ်ပြီး ရယ်နေတော့ ရင်ဘတ်ပေါ်မှာ  မျက်နှာမော့ပြီး ချွဲနေတဲ့ သူ့ခေါင်းကို တွန်းချပစ်လိုက်သည်..။
"ဟား..ဟား…ဟား……"
"အို…ဘာဖြစ်တာလဲ…"
"ပီပီ….နင်…..နင်လေ…"
"ဟမ်…."
စိုးစိုး မျက်လုံးပြူးပြီး မေးပေမဲ့ ပေါင်ပေါ်မှာ ခေါင်းတင်အိပ်ရင်း ရယ်ချင်စိတ်ကို မျက်နှာပိုးသတ်၍ ထိန်းသိမ်းနေရသည့်ပုံ…။
"ဟား….မိုက်တယ်ကွာ…"
"ဘာကိုလဲလို့…"
"မပြောဘူး…မပြောဘူး….ငါ ပျော်လိုက်တာ….."
"အို….ဘာလဲ…နေရှင်းသန့်ရဲ့…."
"မပြောဘူး….တော်ပြီကွာ….ရေချိုးဦးမယ်….ဒီနေ့ အလုပ်မရှိဘူးမလား….ရှိလည်း မလုပ်ရဘူး…ငါနဲ့ လျှောက်သွားမယ်…."
"…………"
သူ ပြောချင်ရာ ပြောပြီး ထသွားတော့ စိုးစိုး မှာ ကြောင်တောင်တောင်ဖြင့်သာ ကျန်ခဲ့ရသည်..။
ဘာတွေကို ဘယ်လိုထင်သွားတာလဲ..။
ကိုယ်ကလည်း သူ့မျက်နှာကို ကိုင်ပြီး တမေ့တမော ငေးနေမိတာ ဆိုတဲ့ အတွေးဖြင့်ရှက်ကာ မျက်နှာလည်း ပူသွားသည်.။
ဒုက္ခပါပဲ…ကောင်စုတ်လေး မဟုတ်တာတွေ လျှောက်တွေးနေပြန်ပြီလား..။
"အဘွားကြီးပီပီလေးရေ….ငါ့အဝတ်တွေ ကြေကုန်ပြီလား မသိဘူး…နေပူထဲ လွှားထားလိုက်နော်…."
"…………."
သူသာအနားမှာ ရှိရင် မကြိုက်ဟန်ဆောင်ပြီး မျက်မှောင်ကြုတ်မိမှာပါ…။
ခုတော့ တစ်ယောက်တည်း ကျေနပ်စွာ ပြုံးရင်း ဂျင်းဘောင်းဘီနဲ့ တီရှပ်ကို ပြတင်းဘောင်ပေါ် လွှားတင်လိုက်သည်..။
အခန်းပြင် ထွက်လာပြီး မီးဖိုခန်း ရောက်သွားတော့ ရေချိုးခန်း တံခါးဖွင့်ပြီး  ဘောင်းဘီတိုနဲ့ ရေချိုးနေလို့ မျက်နှာလွဲရသည်..။
အသက်ကြီးကြီး မိန်းမမို့လို့ မရှက်ရတော့ဘူးတဲ့လား..။
မရှက်ဟန်ဆောင်နေတာလေဟယ်…။
လူဆိုးလေး..။
"ပီပီ…."
"ဟင်…"
"ငါ့ အဝတ်တွေကော…"
စိုးစိုး ခေါင်းဖြီးနေရင်း အခန်းထဲ ကို ရောက်သွားချိန် ရေစိုစို ဘောင်းဘီတိုလေး ဖြင့် မေးရိုက်သလို နှုတ်ခမ်းတုန်ပြရင်း မေးငေါ့မေးသည်..။
"လှမ်း….အဲ…"
ပြတင်းပေါက်ဆီကို အကြည့်ရောက်သွားပြီးနောက် စိုးစိုး မျက်လုံး ပြူးသွားသည်.။
သွားပြီ…။
ပြတင်းပေါက်ဆီ အပြေးရောက်သွားကာ ငုံ့ကြည့်လိုက်တော့ ကား အဖြူရောင်ရဲ့ အမိုးပေါ်မှာ ဂျင်းဘောင်းဘီက အခန့်သားလေး..။
ဟူး…..တီရှပ်…တီရှပ်…။
မျက်စိကို အလျှင်အမြန် ကစားပြီး ရှာဖွေ လိုက်တော့ လမ်းဘေး ကွမ်းယာဆိုင်လေးရဲ့ အမိုးပေါ် ရောက်နေသည်..။
သေပါလေရော…။
"ကျကုန်တာလား…"
စိုးစိုး မျက်နှာမသာမယာဖြင့် လေပြည်တိုးသလို ရယ်ပြလိုက်တော့ သူ့ နဖူးကို လက်ဝါးဖြင့် ရိုက်ကာ မျက်နှာ ကြီး ရှုံ့မဲ့သွားသည်..။
"သေပါတော့ကွာ….ဘယ်လို လုပ်ကြမလဲ…ပီပီရဲ့….အေးနေပြီ…"
"အို…ရေချိုးတာလည်း အကြာကြီးပဲ….လာ..လာ…ဒီမှာ ထိုင်နေ…"
"အိပ်ရာတွေ စိုကုန်မှာပေါ့…"
ခုတင်ကို မှီပြီး ဒူးပိုက်ထိုင်လိုက်ရင်း ပြောတော့ စိုးစိုး ခေါင်းညိတ်ကာ အခန်းထဲက ကပျာကယာ ထွက်လာရသည်..။
လမ်းပေါ်ရောက်တော့ မနားနိုင်ပဲ ကားအဖြူပေါင်းများစွာရဲ့ အမိုးတွေကို ရှာဖွေရသည်..။
ဂျင်းဘောင်းဘီအစွန်းလေး ကို တွေ့တော့မှာ အပြေးအလွှားသွား၍ ယူရသည်..။
ကော်ဖီဆိုင်က ကောင်မလေး နှစ်ယောက်က ပြူံးစေ့စေ့ဖြင့် ကြည့်တော့ မလုံမလဲဖြင့် ဘောင်းဘီကို ကပျာကယာ ခေါက်လိုက်သည်..။
"ဟို….ဟိုမှာ…ပီပီ…"
"အမလေး…ဒုက္ခပါပဲ…"
တိုက်ခန်းတွေချည်း ရှိနေတဲ့ လမ်းထဲမှာ ခပ်ကျဉ်းကျဉ်း တိုက်ရဲ့ သုံးလွှာမြောက် ပြတင်းပေါက်က ခေါင်းထွက်ပြီး အော်လိုက်တဲ့ သူ့အသံကြောင့် လူအတော်များများ မော့ကြည့်သည်..။
"ဟိုဆိုင်ပေါ်မှာ…လမ်းကူးလိုက်…."
အသားဖြူဖြူ ကြောင့် ဘာမှ ဝတ်မထားတာ ရင်ဘတ်အထိ မြင်နေရသည့် အဖြစ်မှာ စိုးစိုးမျက်နှာပူသည်..။
"ဟိုဆိုင်လေ…"
စိုးစိုး မော့ကြည့်ပြီး လက်ညိုးကို ပါးစပ်မှာ ကပ်ပြလိုက်ပေမဲ့ ကလေး တစ်ယောက်လိုပဲ လက်ညိုးထိုး မေးငေါ့ ပြနေသည်..။
"အစ်ကို….ဒီ..ဒီ…ဝါးလုံးလေး ခဏလောက်နော်…"
"ခင်ဗျာ…"
"အကျီ ၤ လွှားထားတာ ကျသွားလို့…"
"သြော်…ယူပါ….ဘယ်မှာလဲ…"
"ဟို….အစ်ကိုဆိုင် အမိုးပေါ်မှာပါ…"
"ဗျာ…"
ကွမ်းယာဆိုင်ပေါ်က လူက မျက်လုံးပြူးသွားတော့ မသက်သာစွာဖြင့်ရယ်ပြလိုက်ရသည်..။
ဝါးလုံးကို ကိုင်ရင်း ဟိုရွေ့ ဒီရွေ့ လုပ်နေရပေမဲ့ အမိုးပေါ်ကို မမြင်ရတော့ ခက်ခဲသည်..။
"ညာဘက်…ညာဘက်…..ဟာ…ညာဘက်ပါဆို…..အဲဒါ ဘယ်ဘက်ကြီးဟ…"
ဒင်းရဲ့ အသံကြောင့် တစ်လမ်းလုံး ထွက်ကြည့်တော့မည်..။
ကွမ်းယာဆိုင်ပေါ်က လူကလည်း အောက်ဆင်းလာပြီး မော့ကြည့်တော့  စိုးစိုး မျက်နှာပူစွာဖြင့် ခေါင်းငုံ့ကာ ဝါးကို ရမ်းနေရသည်.။
"ညာဘက်…နည်းနည်းတိုး….လွဲပြန်ပြီ….ဟာ…နည်းနည်းပဲ လိုတော့တယ်…ထိုးလိုက်လေ….ပြန်ချ….မဟုတ်ဘူး.ဟ…"
"ခွီး…အဟွင်း…အဟမ်း…"
ကွမ်းယာဆိုင်က လူအပြင် လူငယ်သုံးလေး ယောက်က လည်း ပြုံးစေ့စေ့ဖြင့် အပေါ်မော့ကြည့်လိုက် စိုးစိုးကို ကြည့်လိုက် ဖြင့်  ဟာသ တစ်ပိုဒ်ကြည့်နေသလိုလို..။
"ဖယ်….ဖယ်….ကျွန်တေ်ာလုပ်ပေးမယ်…"
"အဟွင်း….ခစ်….."
မုန့်ဆိုင်လေး က ကောင်မလေး နှစ်ယောက်လည်း ပွဲကြည့်သလို အပြင်ထွက် မော့ကြည့်ပြီး ရယ်ကြသည်..။
လူဆိုးကောင်လေး..။
ဒင်းသာ ထွက်မကြည့်ရင် အဲလောက် အခြေအနေ မဆိုးဘူး..။
အခုတော့ ဘယ်လို သဘောတွေ ရောက်ကုန်ပြီလဲ…။
စိုးစိုး အတွေးဖြင့်ပင် မျက်နှာက ရဲတက်လာတော့သည်..။
ဘာကိုမှ ဂရုမစိုက်ဘူးဆိုပေမဲ့….မိန်းကလေးမို့ သဘာဝအရ အတော်လေးကို ရှက်နေပါပြီ.…။
"ရပြီ…ရပြီ…ဆရာ…ဆွဲလိုက်…."
"………"
"အဟား…ရပြီး…ကျေးဇူးပဲ ဗျ…."
"ကျေး…ကျေးဇူးပါနော်…"
စိုးစိုး အထစ်အငေါ့ဖြင့် ကျေးဇူးတင်ရင်း ပြုတ်ကျလာတဲ့ တီရှပ်ကို ဆွဲကောက်လိုက်ကာ တစ်ဖက်လမ်းကို အပြေးအလွှား ပြန်ကူးခဲ့သည်..။
ရှက်ရှက် ဖြင့် လှေကားတွေကို ပြေးတက်လာခဲ့တာ ဘယ်လို ရောက်လာမှန်း တောင်မသိ…။
"အို…"
စိုးစိုး ကိုယ်လေးကို ခါးကနောက် မြှောက်ပင့်ချီလိုက်တာ့ အံသြတုန်လှုပ်သွားသည်.။
ရင်ခွင်မှာ ပိုက်ထားတဲ့ သူ့အဝတ်တွေလည်း ပြုတ်ကျကုန်ပြီ..။
"ချစ်လိုက်တာ….ချစ်လိုက်တာကွာ….."
စိုးစိုးခါးကို တင်းနေအောင် ဖက်ပြီး မျက်ဝန်းနဲ့ နှုတ်ခမ်းထပ်တူကျတဲ့ အပြုံးကြောင့် ရှက်မျက်စောင်းလေး ဝဲချင်သည်..။
"တော်…ချ….."
"………"
"ချပါဆို…"
"ပီပီ…"
"ဟင်…"
"အရမ်းချစ်တာပဲ…သလား…"
"ဘာထဖြစ်တာလဲ….ကိုယ်တွေ အေးစက်နေပြီ…အဝတ်မြန်မြန်ဝတ်စမ်းပါ…"
"အား…ချစ်လိုက်တာ….မလွှတ်ချင်တော့ဘူး…"
"………….."
စိုးစိုး ကိုယ်လေး ကို ဖြည်းဖြည်း ပြန်ချပြီး တီရှပ်ကို ကောက်ယူကာ ခေါင်းပေါ်က စွပ်ချသည်..။
ဘောင်းဘီကို ခုတင်ပေါ် တင်ပေးလိုက်ပြီး ပြန်ထွက်ဖို့ ပြင်တော့ ပြုံးစေ့စေ့ဖြင့် အနားတိုးလာပြန်သည်..။
"ဘာလဲ…"
"ဝတ်ပေး…"
"အမ်….အို….မသိဘူး..နေရှင်းသန့်..နင်နော်….ငါ့ကို အငြိုးနဲ့ကလဲ့စားချေနေတာလား…"
"လုပ်ပါ….မွေးစားသားကို အဝတ်ဝတ်ပေးတာ ဘာဆန်းလို့လဲ…"
"ဟွန့်…"
ကလေး တစ်ယောက်လို ဆံပင်တွေကို ခါရင်း ပူဆာတော့ စိုးစိုး နှာခေါင်းရှုံ့ပြီး  လက်သွင်းလို့ရအောင် ကူပေးရသည်..။
အိမ်ကလည်း ကျဉ်းလိုက်လေခြင်း..။
မဟုတ်ရင်တော့ လွှတ်ရာကို ပြေးပြီ..။
ရင်ခုန်တာ တမျိုး..စိတ်လှုပ်ရှားရတာ တမျိုး…နောက်ပြီး ရှက်လည်း ရှက်သည်..။
မျက်နှာကြီးကို တင်းမာထားပေမဲ့ ကြည့်တာနဲ့ သိသာနေတော့ သူပိုစလို့ ရနေသည်..။
"ဘောင်းဘီ…"
"တော်တော့…"
စိုးစိုး မကျေနပ်လို့ ရင်ဘတ်ကို လက်သီးနဲ့ ဖွဖွ ထိုးပြီး မီးဖိုခန်းဘက်ကို ထွက်လာခဲ့လိုက်သည်..။
မနက်စာအတွက်လည်း မပြင်ဆင်ရသေးဘူး..။
ဆယ်တစ်နာရီတောင် ဖြစ်နေပြီ..။
"ပီပီ…အဝတ်လဲလေ.."
"ဟင်…ဘာလို့လဲ…"
"ဟာ..ဒီနေ့ လျှောက်လည်ပါမယ်ဆို…"
"မ….မလည်ချင်ဘူူးဟာ….ညနေ….ငါ ပြန်မယ်…"
"ဟမ်…..မပြန်ရပါဘူး.."
ဆံပင်တွေကို နောက်လှန်ဖြီးရင်း အနားရောက်လာတော့ အလုပ်ရှာရင်း ရေခွက်တွေကို ဆေးလိုက်သည်..။
"မပြန်လို့မရဘူးလေ…မနက်ဖြန် ကော်ဖီ ပျိုးပင်တွေ ရောက်လိမ့်မယ်…."
"ဟာ….ပီပီက…လုပ်ပြီ….ဟာကွာ…မရဘူးဟာ….မပြန်ရဘူးကွာ…."
ကလေး တစ်ယောက်ရဲ့ အလိုမကျတဲ့ မျက်နှာမျိုးဖြင့် ခေါင်းမော့ကာ မျက်နှာကြီး ရှုံ့မဲ့နေတော့ စိုးစိုး ရယ်မိသည်..။
ပြောလိုက်ရင် ကလေးမဟုတ်ဘူး..။
ကိုယ့်အပေါ် ဆိုးနေတဲ့ ပုံစံက ကလေး တစ်ယောက်လို  မဟုတ်ဘူးလား.။
"ဟူး…ဘယ်လို လုပ်မလဲ….တစ်ယောက်ယောက်ကို မပြောင်းချင်ဘူးလား…"
"ငါ့ ရင်ဘတ်ကြီးက စမာစမတ် မရှိ မာနကြီးကြီးနဲ့ အလုပ်များတက်တဲ့ အဘွားကြီးကိုပဲ ကြွေနေတာလေ….."
"အဟွင်း…သင်တန်းသွားရမယ်မလား…သွားလေ…"
"သွားစရာလား…ညနေ ကိစ္စ ညနေ ထားလိုက် အမှုန်ှုအမွှားပဲ….ခု ဒိုးမယ်…"
"ဘယ်လဲ…မသွားပါဘူးဆို…."
"ဟာ..ဗိုက်ဆာတယ်လေ….တစ်ခုခု သွားစားမယ်…"
"ငါ….ငါ မသွားရဲတော့ဘူး.."
"ဘာလို့လဲ…"
"အိုး…နင်ဘာလို့ အာဗြဲကြီး အော်တာလဲ…ပြီးတော့ အဝတ်လည်း မပါဘူး…အကုန်လုံးရယ်နေတာ သိလား…ရှက်ဖို့ကောင်းလိုက်တာဟာ…"
စိုးစိုး ပြန်တွေးရင်း မျက်ခုံးတွန့်ပြီး နှုတ်ခမ်းမဲ့သွားတော့ ပါးကို ဖွဖွ ဖျစ်ခံရကာ ဒင်းက ရယ်နေပြန်သည်..။
သူကတော့ ယောက်ျားလေးကိုး..။
"မရှက်ပါနဲ့…..ငါတို့ လင်မယားတွေဆိုတာ လူတိုင်းသိသွားတာပေါ့…"
"အိုး…နင်..ဒီအဝတ်အစားတွေ ဝတ်သွားရင်….အို…ပိုဆိုးပြီ…"
"ပီပီကလည်း ပတ်ဝန်းကျင်ကို ဂရုစိုက်မနေနဲ့လေ….အမှုန့်အမွှားတွေပါဟ…"
"နင့်ဘိုးအေ…အမှုန့်အမွှား.."
စိုးစိုး စိတ်တိုတိုဖြင့် ပြောလိုက်တော့ အော်ရယ်ပြီး ပခုံးကို ဆွဲ၍ ဖက်သည်.။
"အသည်းယားအောင် မလုပ်စမ်းနဲ့….ချစ်လို့ သေတော့မယ်…မနေ့က အဘွားကြီး အကျီ ၤကြီးပဲ ပါတာလား.."
"အမ်း…"
"ဟွန့်…"
"ရှက်ရင် တစ်ယောက်တည်းသွားလိုက်လေ….နော်…."
"…………."
စိုးစိုး ပခုံးကို ကိုင်ပြီး မှုန်ကြုတ်ကြုတ်ဖြင့် စူးစိုက်ကြည့်နေတော့ မလုံမလဲဖြင့် မျက်လုံးဝင့်ကြည့်မိသည်..။
"နော်လို့…."
"ပီပီ…"
"အမ်း…"
"နင်…ဘာကို အကြောက်ဆုံးလဲ…"
"ဖား…အမလေး…ပျော့စိစိ…"
"ဟုတ်ပြီ…နောက်တစ်ခါ ဖားတစ်ကောင် ယူလာခဲ့မယ်….အဲလို စကားမျိုး ထပ်ပြောရင် ပါးစပ်ထဲ ထည့်ပေးမယ်…သလား.."
"အိုး…အော့…"
"ဟား…ဟား….သွားကွာ…မြန်မြန်…."
"လဲမယ်…ထွက်လေ…"
"အမယ်…ဘာလို့ ထွက်ရမှာလဲ…နင်ရေချိုးတာ ငါတွေ့သားပဲ...ဘာမှ မဆန်းဘူး…ပြားကပ်ကပ်ပါပဲ…."
"ဟား..ဟား….ဟုတ်ပါပြီ…ခုတော့ ထွက်…"
"ကျောလေးပဲ ကြည့်မယ်လေ….ခါးလေး က ဖြူတယ်နော်…."
"အို…သွားနော်..မသွားရင်…"
"သွားပြီ…သွားပြီ…"
စိုးစိုး လက်ရွယ်လိုက်တော့ လက်ကာ ရင်း ကြောက်ချင်ဟန်ဆောင်ကာ အခန်းထဲ က ပြေးထွက်သွားသည်..။
ရင်ခုန်ကြည်နူးမှုကြောင့် တစ်ယောက်တည်း ပြုံးရင်း အကျီ ၤလဲ လိုက်သည်..။
ဟုတ်ပါရဲ့ ဘာလို့ ရင်စေ့ အကျီ ၤ ကြီး ဝတ်လာမိပါလိမ့်..။
ကားကြီးနဲ့ တစ်ယောက်တည်း ခရီးထွက်လာရတော့ အသက်ကြီးတဲ့ ပုံစံဖြင့်အောင် ပိုပိုသာသာ ပြင်ဆင်ခဲ့ရသည်လေ..။
ဒါလည်း ဒင်းလေးကြောင့်ပဲ..။
"ပြီးပြီလား….အဘွား…"
"ပြီးပြီ…မြေးလေးရဲ့…"
"ဟား..ဟား…အောက်ကို ရောက်ရင် မြန်မြန်လျှောက်ကြမယ်သလား.."
"အိုး…."
စိုးစိုး မျက်နှာ ရှုံ့မဲ့သွားတော့ အတေ်ာလေး သဘောကျပြီး ရယ်နေနိုင်သည်..။
"ပီပီကလည်း…ခါးကို မတ်စမ်းပါ…စမာစမတ် မရှိရတဲ့ ကြားထဲ ကုန်းနေတာ မြင်မကောင်းဘူး.."
"ငါ့ လက်ပြင်ကုန်းနေတာ နင်မသိဘူးလား…"
"သိလို့ ပြင်ခိုင်းနေတာပေါ့….ငယ်ငယ်တုန်းက ဖြစ်တာလား…."
"ဟုတ်တယ်….ယောက်ျားတွေ အနားကပ်လာတိုင်း အလိုလို ကိုင်းသွားတာပဲ….နောက်ကျတော့ အပြီး ကိုင်းသွားတာ…"
"ဘယ်လို…ဘယ်လို…."
စိုးစိုး နှုတ်က ထွက်သွားတဲ့ စကားကို သူက အမိအရ မေးခွန်းထုတ်နေပြီ..။
ပြောမိတာ နောင်တရပေမဲ့ ဘာမှ မဟုတ်ဘူးလို့ ပြောရင် ပိုဆိုးလိမ့်မည်.။
သူ့ကို အထင်သေးလို့ မပြောတာ ဆိုရင် ဒုက္ခ..။
"ဒီလိုပဲ….အကျင့်ဖြစ်နေတာ…"
"တကယ်ကြီးလား…ဘယ်ယောက်ျားဖြစ်ဖြစ်လား…ဟမ်…"
"နင်တော့ မပါဘူး…"
"အမ်…."
"အဟွင်း…တကယ်ပြောတာ……ဘယ်ယောက်ျားဖြစ်ဖြစ် အနားကပ်လာရင် စိတ်မသာက်သာဘူး…ပြီးတော့….ငါ့ကို ထိလို့ရတာ နင် တစ်ယောက်ပဲ ရှိသေးတယ်…"
"မဖြစ်နိုင်တာ…"
နှာခေါင်းရှုံ့ပြီး နှုတ်ခမ်းမဲ့ပြတော့ စိုးစိုး ရယ်ရင်း ပါးကို ဖျစ်လိုက်မိသည်..။
" ထူးဆန်းတဲ့ လူသားယောက်ျားလေး…"
"ငါ့ကို ခြွေနေတာမလား…"
"မယုံလည်း မတက်နိုင်ဘူး….သွားမယ်…လာ….."
စိုးစိုး လက်ကိုကိုင်ပြီး သော့ပိတ်ကာ လှေကားတွေဆင်းတော့လည်း လက်ကို မလွှတ်..။
နည်းနည်းရုန်းရင် ပိုဖိဆုပ်ကိုင်တော့ မရုန်းတော့ပဲ မျက်လွှာ ချထားရသည်..။
ဒီအဝတ်အစားတွေ နဲ့ ဒီလမ်းကို လျှောက်ရတာ ရှက်လည်း ရှက်သလို မျက်နှာလည်း ပူလှပါသည်..။
"အစ်ကိုကြီး…ကျေးဇူးနော်…"
"ဟမ်…သြော်…ဟား..ဟား…အေးကွ…."
ကွမ်းယာသည်က မမှတ်မိတာတောင် နှုတ်ဆက်လိုက်တော့ ဟိုက သိသွားပြီး ရယ်ကျန်ခဲ့ပြီ..။
ကားငှားတော့လည်း စိုးစိုးမှာ မျက်နှာ မဖော်ရဲ..။
လူကြီးဖြစ်ချင်နေတဲ့ ကလေး တစ်ယောက် နဲ့ တွဲနေရသလိုပါပဲလား..။
.
"ဘယ်ကိုလဲ…"
"ဈေးထဲမှာလေ…လာလေ…"
နေရှင်းသန့် လက်ကို ကိုင်ပြီး ခေါ်လိုက်တော့မှ မျက်နှာမသာမယာဖြင့် ဆင်းလာသည်..။
လမ်းထဲမှာလည်း မုန့်ဆိုင်တွေ အများကြီး ရှိနေပေမဲ့ စမ်းသက်ချင်သည်..။
ပီပီ ပြောတာ တကယ်လား လိမ်တာလား..။
လက်ကား ဈေးဆိုတဲ့ အတိုင်း လူတွေ တိုးကြိတ်နေချိန် နေရှင်းသန့်လက်ကို ဆုပ်ကိုင်ပြီး အနားကို တိုးကပ်နေသည်..။
ဈေးအဝမှာကတည်းက လက်က ချွေးစေးပြန်နေတော့ ပြုံးပြလိုက်သည်..။
"အထဲမှာ…မုန့်ဆိုင်တွေ အများကြီးပဲ…"
"တခြား..တခြားဆိုင်မှာပဲ စားကြမယ်…"
"လုပ်ပြန်ပြီ….ပီပီ…ဟိုတစ်ခါလဲ…ကျစ်……"
"ဒါ..ဒါဆိုလည်း…သွားမယ်လေ…လူတွေ များတယ်နော်…."
နေရှင်းသန့် ပြန်ထွက်ဖို့လုပ်တော့ လက်ကို ဆွဲပြီး ရှေ့ဆက်တိုးသည်..။
ပီ့ပီ ဟန်ဆောင်နေတာလား…တကယ်လား သေချာ မသိသေးပေမဲ့ အတော်လေးတော့ စိုးရိမ်နေပုံရသည်..။
"အို…"
"မွန်းလိုက်တာ…နေရှင်းသန့်ရယ်…"
"ပီပီ ကလည်း ကြီးကျယ်ပြန်ပြီ…ဈေးမရောက်ဖူးဘူးလား.."
"အမ်း…လူတွေအရမ်းကြပ်တာပဲ…"
နေရှင်းသန့် လူများတာကို အကြောင်းပြပြီး လက်ကို ဖြုတ်လိုက်ကာ ရှေ့က သွားခိုင်းတော့ လှည့်ကြည့် လှည့်ကြည့်ဖြင့် လျှောက်သည်..။
အဘွားကြီး ပြောရင် မကြိုက်ဘူး..လမ်းလျှောက်တဲ့ ပုံစံက အစ အဘွားကြီး..။
"…….."
"………….."
"………………."
နေရှင်းသန့် မျက်ခုံးတွန့်တက်သွားသည်..။
ကုန်ထမ်းသမားတွေ အနားက ဖြတ်သွားတိုင်း ကျောကို ပိုကုန်းတာ တစ်ကြိမ်တည်းမဟုတ်…။
သူအနားကို တစ်ယောက်ယောက်ကပ်လာတိုင်း အကြိမ်ကြိမ်ကို တွန့်ဆုတ်ပြီး ခါးကိုင်းနေတာပဲ..။
အသက်ကြီး ဝါကြီးသူ တစ်ယောက် အနားရောက်လာလို့ အရိုအသေပေးရင်း ခါးကိုင်းသလိုပင်..။
နေရှင်းသန့် တွေ့နေရတဲ့ မြင်ကွင်းကြောင့် ပါးစပ်အဟောင်းသားဖြင့် ကြောင်တောင်တောင် ငေးကြည့်နေမိသည်..။
ပီပီ နဲ့ အတူတူ နေလာပေမဲ့ သူ့ပုံစံကိုသတိမထားခဲ့တာ နောင်တရသည်..။
ခပ်လှမ်းလှမ်း ရောက်သွားပြီးမှ လှည့်ကြည့်ပြီး မျက်လုံးပြူးကာ ပြန်လှည့်လာသည်..။
ကုန်ထမ်းသမားတွေ အနားကပ်တိုင်း ခါးကိုင်းပြီး ခြေလှမ်းသွက်သွက် လျှောက်သည်..။
သူ့ကို တမင် ဒုက္ခပေးမိတာ ကို နေရှင်းသန့် စိတ်မကောင်းဖြစ်သွားသည်..။
အနားကို ရောက်လာတော့  ပခုံးဖက် ကာကွယ်ပေးရင်း ဈေးထဲက ပြန်ထွက်လာခဲ့သည်..။
"အို…"
နေရှင်းသန့် လက်ကို ဆုပ်ကိုင်ပြီး  ရင်ခွင်ထဲ တိုးကပ်နေရင်း မျက်လုံးဝိုင်းနေတော့ သက်ပြင်းချမိသည်..။
ကြောက်တက်လိုက်တာ…။
ဒါကြောင့် အလုပ်ကိစ္စအားလုံး ကိုလှအုံး တစ်ယောက်ပဲ ထားတာလား.။
"အို…."
ဈေးဆိုင်တန်းတွေ  အပြင်ဘက် လူပြတ်တဲ့ နေရာရောက်တော့ ခြေလှမ်းတွေကို ရပ်ပြီး ဖက်လိုက်သည်..။
"နေ..နေရှင်းသန့်.."
"ခဏလေး…ပီပီ.."
"…………"
နေရှင်းသန့် နောင်တတွေနဲ့အတူ တင်းကြပ်နေအောင် ပွေ့ဖက်ရင်း ရင်ထဲက စို့နစ်မှုကို ဖြေသိမ့်နေရသည်..။
ပီပီ ရဲ့ ပြဿနာကို မသိပဲ ကိုယ့်ဘက်က အထင်တွေ လွဲခဲ့မိသည်..။
နေရှင်းသန့် သက်ပြင်း တစ်ချက် ခိုးချမိသည်..။
ဒီလိုပုံစံနဲ့ ညပိုင်း တစ်ယောက်တည်း ပြန်ဖို့ ဘယ်လို စိတ်ချမလဲ ပီပီရယ်..။
နေရှင်းသန့် လိုက်ပို့ချင်ပေမဲ့  အလုပ်သစ် က ရက်ပျက်လို့ မဖြစ်သေး ။
ပီပီ့ လက်ကို ကိုင်ပြီး ဆိုင်တန်းတွေထဲက ပြန်ထွက်ရသည်။
ပီပီကတော့ စိတ်မသက်သာစွာဖြင့် အကြိမ်ကြိမ် သက်ပြင်းချရင်း ပါလာခဲ့သည်..။
"ဟူး….တော်ပါသေးရဲ့…မုန့်ဆိုင်ရောက်အောင်သွားရရင်တော့ မလွယ်ဘူး…"
"ဘယ်လောက်ကြာပြီလဲ…ပီပီ…"
"ဟမ်…"
"အဲလို ဖြစ်နေတာ…"
မျက်နာကို ငေးကြည့်ရင်း မေးလိုက်တော့ နားမလည်တဲ့ မျက်ဝန်းကနေ တဖြည်းဖြည်း မျက်မှောင်ကြုတ်လာသည်..။
"တမင်…"
"ဟုတ်တယ်….မဖြစ်နိုင်ဘူးလို့ ထင်ခဲ့တာလေ….ဘယ်လို ဖြစ်တာလဲဟင်…"
"……….."
နေရှင်းသန့် ကားတစ်စီးတားရင်း မေးလိုက်တော့ ဘာမှ မပြောပဲ ကားကို လိုက်ကြည့်နေသည်..။
နောက်ခန်းမှာ ဝင်ထိုင်လိုက်ပြီး ချိန် အထိ အကြည့်သေများဖြင့်သာ ငြိမ်နေသည်..။
"ဆောရီး….ငါတို့အဲလောက် မရင်းနီး သေးဘူးနော်…ဟုတ်လား….ပီပီ…."
"………."
"…………."
"…………"
"ကြာပြီ…ငယ်ငယ်ကတည်းကပဲ…."
"ဘာဖြစ်တာလဲ…."
"မသိဘူး…."
"စဖြစ်တုန်းက ဘယ်အချိန်လဲ….ဘယ်လို သတိထားမိတာလဲ…"
".ငါ….ငါ့တွဲခဲ့တဲ့ သူကိုတောင် ထိကိုင်ခွင့်မပေးခဲ့ဘူး…ပေးလို့လည်းမရဘူး…."
"ဆရာနဲ့ကော…"
"ဟုတ်တယ်…သူက ငါ ပတ်သက်ခဲ့တဲ့ တစ်ဦးတည်းသော ယောက်ျားပဲ….ချစ်သူ ဖြစ်ခဲ့ပေမဲ့ သူ့အနားသွားတိုင်း အဲလို ဖြစ်တယ်…လက်ကိုင်တာတောင် အဆင်မပြေလို့ လမ်းခွဲလိုက်တယ်…"
ရှေ့က ကားဆရာကို မေ့ပြီး နှစ်ယောက်သား ပြိုင်တူ သက်ပြင်းချလိုက်သည်..။
နေရှင်းသန့် မှာ ဒီလို အခွင့်အရေးတွေ ရနေတာ ကို ဝမ်းသာရမလား..။
ဒါမှမဟုတ်….ပီပီ ရဲ့ သာမာန်မဟုတ်တဲ့ ကိစ္စ တစ်ခုအတွက် စိတ်မကောင်း ဖြစ်ရမလား..။
နေရှင်းသန့် ဘေးမှာ ဆိုဖာကို ဖိဆုပ်ထားတဲ့ လက်ကလေးတွေကို ငေးကြည့်ရင်း နှုတ်ခမ်းကိုက်၍ စဉ်းစားမိသည်..။
လက်ကလေးတွေကို ကိုင်ပြီး ဖွဖွဆုပ်ထားတော့ တစ်ချက်လှည့်ကြည့်သည်..။
အကြည့်ပြန်လွဲသွားပေမဲ့ နှစ်ယောက်စလုံး ရင်ထဲမှာ အတွေးကိုယ်စီဆိုတာ သိပါသည်..။
စိုးမင်းတို့နဲ့ကျ ရင်းနီးနေပြီး.။
နေရှင်းသန့် အတွေးဖြင့် အလုပ်များနေသည်..။
ဘယ်လောက်ပဲ ရင်းနီးပါစေ နီးနီးကပ်ကပ်တော့ ဘယ်သူနဲ့မှ မနေတာ ကို သတိထားမိလာသည်.။
"ဟိုတလောက ငါ့သူငယ်ချင်းတွေနဲ့ လည်း အဲလိုပဲလား…ကြောက်နေလို့လား…ဟင်…"
"……….."
ကားလမ်းမ ဘက်ကို ငေးနေရင်း ခေါင်းညိတ်အဖြေပေးတော့ နေရှင်းသန့် စိတ်မကောင်းဖြစ်ရသည်..။
မုန့်ဆိုင်မှာလည်း ဒီလိုပါပဲ…။
ကိုယ်မသိပဲသူ့ကို စိတ်ဆိုးခဲ့သည်..။
စိတ်နာခဲ့သည်…။
ပြဿနာလည်း ရှာခဲ့သေးသည်..။
အဆက်အသွယ်လည်း ဖြတ်ပစ်ခဲ့သည်..။
အချိန်အကြာကြီး တိတ်တခိုး ချစ်ခဲ့ရပေမဲ့ ပီပီ့ ရဲ့ အကြောင်းတော်တော် များများ မသိသေးတာကို လက်ခံလိုက်ရတော့မည်..။
"ငါ မသိလို့ပါ…"
"နင် တစ်ယောက်တည်း မဟုတ်ပါဘူး….တော်တော် များများဘယ်သူမှ မသိဘူး…ငါ ဘာဖြစ်နေလဲ သိရအောင် ငါ့ ကိုဂရုတစိုက် စောင့်ကြည့်လေ့လာနေတဲ့သူမှ မရှိတာပဲ…"
"ဆောရီး…ငါသိသင့်တယ်…ဆေးမကုဘူးလား…ပီပီ…"
"ငါကော…ဒီဘဝမှာ ပျော်နေမယ်လို့ နင်ထင်လား…"
အေးစက် တင်းမာတဲ့ စကားလုံးများရဲ့ နောက်မှာ အနည်းငယ်လှုပ်ခတ်တုန်ယင်သွားတာ သတိထားမိတော့ အနားကို တိုးကပ်မိသည်..
လက်ကို ဆုပ်ကိုင်ပြီး ပူးကပ်ထိုင်နေတာကို ပီပီ က ရှေ့ကို တစ်ချက်ပြီး တွန်းသည်…။
တကယ်ဆို ထွေးပိုက် အားပေးချင်တာပါ…။
"……….."
"အဟွင်း..ကောင်းတာပေ့ါ….ငါ သဝန်တို စရာမလိုတော့ဘူး…ကောင်းတယ်..ဟီး.."
"ဘာ…"
"ဟုတ်တယ်လေ….တခြားတယောက်ျားတွေနဲ့ ဘယ်လိုမှ မပတ်သက်ဘူးဆိုတာ သေချာ သွားပြီ….ငါ စိတ်ချတယ်…ဟဲဟဲ…"
နေရှင်းသန့် ရယ်ပြလိုက်တော့မှ တစ်ချက်ကြည့်ပြီး ပြုံးကာ အကြည့်လွဲသွားသည်..။
သက်ပြင်းချချင်တဲ့ စိတ်ကို မြိုသိပ်လိုက်သည်..။
ပီပီ့ရဲ့ ပုံစံက ပုံမှန်မှ မဟုတ်တာပဲ…။
မလွဲမရှောင်နိုင်တဲ့  လူ့ပတ်ဝန်းကျင်မှာ သူ ဘယ်လောက်ပင်ပန်းပြီး ဖြတ်သန်းခဲ့ရလဲ..။
သူစိမ်း တစ်ယောက် အနားကပ်လာတိုင်း အလိုအလျောက် တုန့်ပြန်နေတက်သည့် သူ့ ကိုယ်ခန္ဓာကြီးကြောင့် ဘယ်လောက်တောင် စိတ်ဆင်းရဲခဲ့မလဲ..။
ဘယ်လောက်တောင် ထပ်ပင်ပန်းမလဲ..။
လူတစ်ယောက် ဘေးက ဖြတ်သွားတိုင်း ခါးကိုင်းသွားတက်တာ ဘေးက ကြည့်တဲ့ သူတောင် အဆင်မပြေတာ..။
သူကော….အဆင်ပြေပါ့မလား..။
"အဟွင်း….ရောက်ပြီ…ဆရာ…ကျေးဇူးပဲ…ဘယ်လောက်လဲ…"
"……….."
နေရှင်းသန့် ပိုက်ဆံအိတ်ထုတ်နေချိန်  ပီပီ က လှမ်းပေးလိုက်တော့ တစ်ချက်ကြည့်မိသည်..။
အပြစ်ရှိသလို ပြုံးပြတော့ နေရှင်းသန့်လည်း ပြုံးမိသည်..။
"………….."
"လာ….ဒီမှာ…စားကောင်းတယ်…"
လူရှင်းပြီး အေးဆေးသည့် ဆိုင်လေးထဲကို ခေါ်လာတော့မှ ပတ်ဝန်းကျင်ကို အကဲခတ်ပြီး သဘောကျနေသည်..။
"ပီဇာ…စားကြည့်ပါလား…"
"ဟင်….အင်း…."
"……….."
နေရှင်းသန့် မုန့်မှာဖို့ ထလာတော့ သူလည်း ထပြီး ဆိုင်နံရံမှာ ချိတ်ထားတဲ့ ပန်းချီကားတွေကို စပ်စုပြန်သည်..။
"ဘာလဲ…ဆွဲမလို့လား…"
"မဟုတ်ပါဘူး…လှတယ်နော်…."
"ငါ့မျက်လုံးထဲ ရှုပ်နေတာပဲ….ကလေးပုံဆွဲထားသလိုကြီး.."
နေရှင်းသန့် ခါးကိုင်းပြီး ပါးနားကို ကပ်ကာ ခပ်တိုးတိုးပြောလိုက်တော့ တစ်ပတ်လည်လိုက်ကြည့်ပြီး နှုတ်ခမ်းကိုက်ပြသည်..။
လက်ဆွဲပြီး ခုံမှာ ထိုင်ခိုင်းလိုက်တာတောင် ပန်းချီကားတွေ ဆီက အကြည့်မလွဲနိုင်သေး..။
" ဒီဆိုင်ကို သူငယ်ချင်းတွေနဲ့ လာသေးတယ်နော်…."
"ဟမ်…"
နေရှင်းသန့် အံသြပြီး မေးလိုက်တော့မှ မျက်ခုံးလေး တန်းသွားတဲ့ ပုံစံက သွားပြီ ဆိုတဲ့ အထာမျိုး..။
"လွန်ခဲ့တဲ့ လေးလက ပါ…ဓီဆိုင်ဖွင့်တုန်းကလေ….ပီပီ ဘယ်လို သိတာလဲ…."
"……….."
"ဟမ်…မေးနေတယ်လေ…"
"ဟို…ဟို..ဖေ့ဘွတ်ပေါ် တွေ့တာပေါ့…"
"………."
နေရှင်းသန့် တစ်ချက်ပြန်စဉ်းစားလိုက်သည်..။
ကိုယ့်ပတ်ဝန်းကျင်မှာ အားပေးတဲ့သူ တွေ ရှိသလို တိုက်ခိုက်တဲ့သူတွေလည်း ရှိနေသည်..။
မတုန့်ပြန်ချင်လို့ ပါဆင်နယ်ပုံတော်တော် များများကို သူငယ်ချင်း အနေနဲ့သာ တင်တက်သည်..။
ပီပီ က ပုံကို တွေ့တယ် ဆိုတော့ နေရှင်းသန့် နဲ့ သူငယ်ချင်း ဖြစ်နေလို့လား..။
"ပီပီ ဖေ့ဘွတ် ဘယ်တုန်းက သုံးလဲ…ငါ နဲ့ ဖရန့် ဖြစ်နေတာလား….ဘာ အကောင့်လဲ…"
"အရင်…အရင်က သုံးတာပါ…."
"အိုး…ကြည့်စမ်း…ထူထူအအ ပုံစံနဲ့ ငါမသိအောင် ဖေ့ဘွတ်တောင် သုံးတက်နေတာပဲ…ပြန်ရင် ဖားတစ်ကောင်ဝယ်သွားမယ်…."
"အဟွင်း…ကြာပါပြီ..ခုနောက်ပိုင်း မသုံးဖြစ်တော့ဘူး…"
"………….."
နေရှင်းသန့် ခေါင်းရမ်းပြီး လက်ဝါးဖြန့်ကာ တောင်းလိုက်တော့ ပတ်ဝန်းကျင်ကို လိုက်ကြည့်ပြီး  ရှေ့ကိုင်းလာသည်..။
"အဲ့ဖုန်းက အိမ်မှာ…"
"………….."
ကလေလိုပဲ သရုပ်ဆောင်နေပြန်ပြီ..။
အသည်းယားဖို့ကောင်းလိုက်တာ…။
နေရှင်းသန့် ရယ်ချင်စိတ်ကို မြိုသိပ်ပြီး မျက်နှာတည်တည်ဖြင့် လက်ဝါးကို ရှေ့တိုးလိုက်တော့ နှာခေါင်းရှုံ့ပြီး ပိုက်ဆံအိတ်ဖွင့်သည်..။
အဘွားကြီးကို တကယ်သနားတယ်…ဟွန့်..။
ဒါမျိုးလာလုပ်လို့ရလေမလား..။
နေရှင်းသန့် လက်ထဲကို ဖုန်းဆောင့်ထည့်ပေးတော့ ယူကြည့်သည်..။
ဖုန်းတောင် အသစ်လဲထားတာပဲ…။
မျက်ခုံးပင့်ရင်း ဖွင့်လိုက်တော့ လေါ့တောင် ခံထားသေး..။
"ပက်စ်ဝေါ့…"
"ငါး…လေးလုံး…"
"ဟား..ဟား.."
မျက်နှာကြီး မကြည်မလင်ဖြင့် ပြောတော့ နေရှင်းသန့် ခပ်တိုးတိုးရယ်ပြီး ဖွင့်လိုက်သည်..။
ခက်လိုက်တဲ့ ပက်စ်ဝေါ့..။
ဖေ့ဘွတ် အကောင့် ကို အရင်ဆုံး ဝင်ကြည့်လိုက်တော့ ကျားအဖြူပုံလေးနဲ့ စိုးနိုင် ဆိုတဲ့ ယောက်ျားနာမည်ကြီး ဖြစ်နေသည်..။
အောင်မယ်….ကာဗာကျတော့ တက်တူးတွေဘာတွေနဲ့ ဘယ်က ရုပ်ရှင်မင်းသား အကောင်ပုံလဲ..။
နေရပ်လိပ်စာကတော့ နေရှင်းသန့် ရွာနာမည် ဖြစ်နေတော့ မှတ်မိသွားသည်..။
အရမ်းကြာနေပြီ..။
ရွာက တစ်ယောက်ယောက် ထင်ပြီး သေချာ ဝင်ကြည့် လက်ခံလိုက်မိတဲ့ အကောင့် က..။
နေရှင်းသန့် ပြုံးစေ့စေ့ ဖြစ်နေတော့ စူပုတ်ပုတ်ဖြင့် ဖုန်းကို လှမ်းဆွဲပေမဲ့ လက်ရှောင်လိုက်သည်.။
"နေပါဦး….ဘယ်လိုတွေ ဖြစ်တာလဲ….ဘာတွေ ထည့်ထားလို့လဲ….မဟုတ်မဟက်တွေ ရှိနေလို့လား.."
"……….."
နေရှင်းသန့် ရယ်ရင်း ပုံတွေ ဝင်ကြည့်သည်..။
ကင်မရာထဲမှာ ရန်မဖြစ်ခင်တုန်းက  ပုံပေးပါ ဆိုပြီး မရမက တောင်းဆိုထားလို့ ပို့ပေးသည့် ပုံလေး တစ်ပုံ နဲ့ ပန်းပင် ပုံလေး တွေသာ ရှိသည်.။
ဖေ့ဘွတ် က ပုံဖိုင်ထဲ ဝင်လိုက်တော့ ပုံ တစ်ရာကျော်က နေရှင်းသန့် ဖေ့ဘွတ်ပေါ်တင်ခဲ့သည့် ပုံတွေ..။
နေရှင်းသန့် ပြုံးနေမိရင်းက စိတ်မကောင်းဖြစ်သွားသည်..။
အဲဒီ့အချိန်ုတုန်းက ပီပီ ဘယ်လောက်တောင် ခံစားခဲ့ရမလဲ..။
ချစ်သူလို မချစ်သေးတောင် ကိုယ် ပြုစု ပျိုးထောင်ခဲ့တဲ့ ကောင်လေးက အတောင်စုံလို့ ခြေစုံကန်ချိန်လေ…။
အဆက်အသွယ် လုံး၀ မလုပ်ပဲ ပိုက်ဆံတွေချည်း ပို့ပေးခဲ့တာ ဘယ်လို သဘောရောက်သွားမလဲ..။
စေတနာ ကို ငွေနဲ့ ပစ်ပေါက်မိတဲ့ ရိုင်းစိုင်းလွန်းသည့် အခြေနေမို့ ပို၍ အားနာ သနားမိသည်.။
ကိုယ့် ပတ်ဝန်းကျင် မြင့်မားလာချိန် မှာ သူက အလိုအလျောက် ပျောက်ဆုံးပေးသည်..။
ပီပီ့ကို အရင်ကထက် ပိုချစ်ပြီး ပိုဂရုစိုက်ဖို့ ကိုယ့်ကိုယ်ကို သတိပေး ဆုံးဖြတ်လိုက်သည်..။
နေရှင်းသန့် လက်ထဲက ဖုန်းကို ချပြီး ပီပီ့ လက်ကို ကိုင်လိုက်သည်..။
"………."
ဘောင်းဘီ အိတ်ထဲက ဖုန်းကို ထုတ်ပြီး ဖုန်းတွေ ပြောင်းရပေ့မဲ့ မဖျက်ဖြစ်တဲ့ ပုံလေးကို ဝင်သည်..။
ဒီပုံလေးကို တွေ့တိုင်း နှုတ်ခမ်းက အလိုလိုပြုံးပြီးသားမို့  ပြုံး၍ ပီပီ့ရှေ့ကို ပြလိုက်သည်..။
"ဟင်…"
"တွေ့လား…ချစ်စရာလေး…"
"အို….အိပ်နေတာ….ဖျက်လိုက်စမ်းပါ…"
"ချစ်လို့ သိမ်းထားတာ ကို ဖျက်စရာလား…."
ဖုန်းကို ပြန်သိမ်းလိုက်ပြီး ပီဇာကို နေရာရွေ့ပေးလိုက်သည်..။
လူကြီးလူကောင်းလို စားတက်အောင် သင်ပြပေးခဲ့တဲ့ ကျေးဇူးရှင်လေးကို ခွံပေးတော့ ပတ်ဝန်းကျင်ကို လိုက်ကြည့်နေပြန်သည်..။
နှုတ်ခမ်းကိုက် သတိပေးလိုက်တော့မှ လက်ကွယ်ပြီး စားတော့သည်..။
"ကောင်းလား…"
"အွင်း…"
"အဟွင်း…ကလေးလေး ကျနေတာပဲ…"
"အမျိုးမျိုး.."
"ဟမ်…"
"တော်ကြာ…အဘွားကြီး…တော်ကြာ ကလေးလေးနဲ့…"
"အဟား…ချစ်တာကိုးဟ..အင့် တစ်ကိုက်…"
"………….."
လက်ဝါးလေး ကွယ်ပြီး ငုံ့စားနေတဲ့ သိပ်ချစ်ရတဲ့ အဘွားကြီး ကို ကြည့်ရင်း ကြည်နူးပျော်ရွှင်ရပါသည်..။
နှုတ်ခမ်းမှာ ပေသွားတော့ တစ်ရှူးယူပြီး လှမ်းသုတ်ပေးချိန် ဆွဲလုပြီး သူ့ဟာသူ သုတ်သည်…။
"ဟွန့်.."
"အင်…"
"ဖုန်း ထဲက ကောင်မလေး က ဘယ်သူလဲ…"
နေရှင်းသန့် လော့မှာထည့်ထားသည့် ပုံကို မေးတာမှန်း သိတော့ ပြုံးမိသည်..။
သဝန်တိုတာ ဆိုရင်တော့ ပိုစမှာပဲလေ..။
"ငါ့ရည်းစားလေ…"
"ချောလိုက်တာနော်….ဘာလို့ကွဲသွားတာလဲ…သမျောစရာကြီး….အင်း…နင် နှာဘူးမို့လို့ ထားသွားတာနေမှာပေါ့…"
"ပီပီး…"
"ဟုတ်ဘူးလား…."
သူ့ကို စလိုက်ကာမှ ကိုယ့်ကို ရစရာမရှိ မခံနိုင်အောင်ကို ပြန်စနေပြန်သည်..။
ကိုယ့်ယောက်ျား ကိုု အတော်လေး ယုံကြည်ထားတာပဲ..။
"………"
"စူပုတ်မနေနဲ့….အင့်…"
"ဟွန့်…"
နေရှင်းသန့် ပါးစပ်နားကို ရောက်လာသည့် မုန့်ကို တစ်ကိုက် စားလိုက်သည်.။
"ရယ်ပြ…"
"အင်…"
"မုန့်ကျွေးတယ်လေ…ရယ်ပြဆို…"
"ဟီး…"
နေရှင်းသန့် ဘယ်ဘ၀ ရောက်သွားပြီလဲ မသိ..။
လူကြီးဆန်ဆန် နေပြမယ်လို့ တွေးထားပေမဲ့ သူ့အမိန့် စေခိုင်းချက်တွေဆို ငြင်းဆန်ဖို့ အားအင်မဲ့နေသည်..။
"ငယ်ငယ်ကအတိုင်းပဲ…."
"ဒါ..စံရတီမိုးမြင့် လေ….သိလား…"
ဖုန်း ကိုပြန် ထောင်ပြရင်း ပြောလိုက်တော့ ခေါင်းရမ်းသည်..။
"တကယ်မသိဘူးလား.."
"အမ်း..နာမည်က ရှည်တယ်နော်…လူက တော့ ချောလိုက်တာ….နင်နဲ့ တော်တော်လိုက်တယ်…"
"သြော်…သြော်…ဟလား….အဲလိုပဲ လူတိုင်းက ပြောကြတာပါပဲ….အခြေအနေ အရ လမ်းခွဲလိုက်ရတာလေ…."
"ကောင်မလေး က ချမ်းသာတာကိုး….စေ့စပ်သွားပြီဆိုတော့ နင့်အတွက် စိတ်တောင် မကောင်းဘူး…ငါ လိုက်တောင်းပေးရမလား…"
"အား.."
"မေ့…ဟဲ့..ဘာထ ဖြစ်တာလဲ….သူများတွေ ကြည့်ကုန်ပြီ…"
နေရှင်းသန့် စိတ်မရှည်လို့ ပတ်ဝန်းကျင်ကို ဂရုမစိုက်ပဲ အော်လိုက်တော့ ခေါင်းလည်ကြည့်ပြီး နေရှင်းသန့် လက်ကို လည်း လှမ်းရိုက်သေးသည်..။
"ဟူး…"
"……….."
"အဘွားကြီးပဲလေ….ငါ့ ချစ်သူက အဘွားကြီး….စိတ်မတိုနဲ့…စိတ်မဆိုးနဲ့ ငရဲကြီးမယ်…သည်းခံ…သည်းခံ…နေရှင်းသန့်…."
"အဟွင်း…ရုပ်လေးက…"
"ဒါ ရုပ်ရှင် မင်းသမီးဟ….ဟူး….သဝန်တိုပါစေ ဆိုပြီး စလိုက်တာ….လူကို ဖဲ့လိုက်တာ ရစရာ ကို မရှိတော့ဘူး.."
"သြော်…သိဘူးလေဟယ်…"
"………….."
"………"
အချိုရည်သောက်နေတဲ့ ပီပီ့ ကို ငေးကြည့်နေမိတာ သူ ခေါင်းမော့လာတော့ မျက်လုံးပြူး၍ ကြည့်သည်..။
"ပီပီ တကယ် ဒီနေ့ ပြန်မှာလား…."
"အင်း…ကားက အရင်လို မဟုတ်တော့ဘူး…အချိန်အတိအကျ ဝင်တယ်….မနက်စောစော အမှီ ပြန်ရမယ်…"
"ဒါဆို ဘယ်အချိန် ကားနဲ့ သွားမှာလဲ.."
"ညနေကားနဲ့ဆို မှီလောက်ပါတယ်…"
"မနက်ဖြန်မှ ပြန်ရင် ငါ လိုက်ပို့လို့ရဖို့…ဒီနေ့က .."
"အိုး….မလိုပါဘူး..ငါ့ဟာငါ ပြန်ပါ့မယ်… သွားလိုက် ပြန်လိုက် အလုပ်တွေ ရှုပ်တယ်…."
"…………"
နေရှင်းသန့် သက်ပြင်းချရင်း ခေါင်းညိတ်လိုက်တော့ ဖွဖွ ပြုံးပြီး ဖျော်ရည်ခွက်ကို နေရာရွေ့ပေးသည်..။
ပီပီ့ လက်ကိုထပ်ကိုင်ပြီး ဖျော်ရည်သောက်တော့ လက်ကို ရုန်းပြီး နှာခေါင်းရှုံ့ပြသည်..။
တကယ်ဆို ကိုယ့်ကြောင့် ပီပီ ပင်ပန်းရတာပါ.။
နောက်ဆို ကလေးဆန်ဆန် တဇွတ်ထိုး မလုပ်တော့ဖို့ ဆုံးဖြတ်လိုက်မိသည်..။
ပီပီ ကတော့ ဘာပဲ ဖြစ်ဖြစ် ခွင့်လွှတ်နားလည် ပေးနေဦးမှာပါပဲလေ..။

◇◆◇◆◇◆◇◆◇◆◇◇◆◇◆◇◆◇◆◇◆

နောက် အပိုင်းတွေ စာတိုရင် မပူဆာရဘူးနော်
ပုံမှန်ထပ် ပိုပြီး ရေးနေမိတာပါ
နောက်ရက်တော့ ပုံမှန်အတိုင်းပဲ ပြန်ရေးတော့မယ် 😀

စာတွေဖတ်ပေးတာ ကျေးဇူး အထူးတင်ပါတယ် ❤💪📖

😢✍🙏

Love U All ❤

࿇Sקicค Liຖ࿇

မြူခိုးမှိုင်းဝေWhere stories live. Discover now