မြူခိုးမှိုင်းဝေ
အပိုင်း (၃၈)
0402-0433
#မြူခိုးမှိုင်းဝေ
"ဟမ်...တကယ်ကြီးလား..."
"အင်း..."
"ဟာ....ဆောရီးကွာ....ငါ..ငါ မသိလို့ပါ..နေကြီးရာ....ဆောရီး...ငါ တကယ်တောင်းပန်ပါတယ်..."
"မလိုပါဘူးကွာ....မင့် ဖုန်းကို ငါ ပြန်ထည့်ပေးလိုက်တယ်....ကားဂိတ်မှာတော့ ထုတ်ရမယ် ထင်တယ်...."
"ငါ ....ငါ တကယ် စိတ်မကောင်းဘူးကွာ...."
".........."
နေရှင်းသန့် ခေါင်းငိုက်ဆိုက်ဖြင့် သက်ပြင်း တစ်ချက် ချမိသည်...။
အောင်ကျော်ဦးကလည်း ပီပီ့ ကို အထင်လွဲပြီး အပြစ်မြင်ခဲ့သူပဲလေ...။
သူလည်း အဖြစ်မှန် သိချိန် တကယ် ခံစားရတယ် ဆိုတာ နားလည်ပါသည်...။
"ဒါဆို...မင်း မလာဖြစ်တော့ဘူးပေါ့နော်...ငါ ပဲ ကိုဇော်မင်းတို့ကို ကြည့်ပြောလိုက်မယ်လေ..."
"အင်း...ကူညီပါကွာ..."
"စာမေးပွဲလည်း သိပ်မလိုတော့ဘူး..."
"ဟုတ်တယ်....အခြေအနေ အရပေါ့ကွာ....မဖြေချင်ဘူး..."
"အေးပါ....ငါနားလည်ပါတယ်...အစ်မကို ဂရုစိုက်လိုက်ပါ....လိုအပ်တာရှိရင်လည်း ပြောကွာ....ငါတက်နိုင်သလောက် ကူညီပေးချင်တယ်..."
"အေး...ကျေးဇူးပဲ...ဒါပဲကွာ..."
"အင်း..."
နေရှင်းသန့် ဖုန်းချလိုက်ပြီး သက်ပြင်း တစ်ချက်လည်း ချမိသည်..။
ပီပီ သာ သိရင် ခွင့်မပြုဘူးဆိုတာ သိပေမဲ့ နေရှင်းသန့် ဆုံးဖြတ်ပြီးသား ကိစ္စ တစ်ခုပါ...။
"အစ်ကိုကြီး...."
"ဟင်..."
"ဒီမှာ ရပြီ..."
"သြော်..ဟုတ်ပြီ.....ယူခဲ့လေ..."
မိဝိုင်း ဆိုတဲ့ ကောင်မလေးက လိုက်ကာ တွေ ယူလာသည်..။
ပြတင်းပေါက် မှာ လိုက်ကာ တွေ ရှိပေမဲ့ သေချာ မချိတ်ထားလို့ ပြန်ပြင်ပေးလိုက်သည်။
YOU ARE READING
မြူခိုးမှိုင်းဝေ
Romance◇◆◇◆◇◆◇◆◇◆◇◇◆◇◆◇◆◇◆◇◆◇ "ဘာကို စိုးရိမ်နေတာလဲ... ငါ့ရဲ့ ခံစားချက်ကို သိအောင် မကြိုးစားစမ်းပါနဲ့...လူလောကမှာ နေတာ ကြာလေ....အမှား ပိုလုပ်မိလေပဲ..အဲတော့...နင့်ထက်ပိုများတဲ့ အမှားတွေလည်း လုပ်ခဲ့ဖူးပြီးပြီ......အမှားပေါင်းများစွာကို ဖြတ်ကျော် ဖြတ်လျှောက်ခ...