Part 27

2.8K 176 1
                                    


မြူခိုးမှိုင်းဝေ
အပိုင်း (၂၇)
1102-0216
#မြူခိုးမှိုင်းဝေ

"ဖယ်ဦး….ဖယ်ဦး…"
"ဟေ့ကောင်…အိုး…"
"……….."
"ဟီး…."
ရေချိုးခန်းထဲ ရောက်တော့မှ နေရှင်းသန့် ရယ်ပြလိုက်တော့ ပီပီ က နှာခေါင်းရှုံ့သည်…။
"တေ်ာပြီနော်….ဖုန်းချလိုက်တော့မယ်…"
"သွားတိုက်မလို့….မချရဘူးနော်…"
ဖုန်းကို ထောင်ပြီး သွားမြန်မြန် တိုက်တော့ ပီပီကလည်း ဖုန်းထောင်ထားပြီး အိပ်ရာ သိမ်းနေသည်..။
ပြတင်းပေါက် ဖွင့်ထားတော့ အိပ်ရာနိုးတာ ကြာပြီမှန်း သိလိုက်သည်..။
"ပီပီ….ဟ…..ပီပီး…"
ဖုန်းကြီး ထောင်ပြီးလုပ်ချင်တာ လုပ်နေတာ နားကြပ်လည်း တပ်မထားပါပဲ..။
နေရှင်းသန့် အော်နေတာလည်း မကြား..။
သွားတိုက် မျက်နှာသစ်ပြီး အခန်းထဲ ပြန်ရောက်လာတဲ့အထိ ဖုန်းအနားကို ပြန်ရောက်မလာသေး..။
အဘွားကြီးနဲ့ ရည်းစားလုပ်ရတာတောင် တစ်လွဲတွေ ဖြစ်နေတာ..။
ခုတော့ တစ်ယောက်တစ်နေရာ မှာ ဖုန်းနဲ့ ချစ်ရတော့ ပိုခက်ကုန်ပြီ..။
အပြန်လိုက်ပို့တုန်းက မန္တလေး အထိပဲ လိုက်ပို့ပေးနိုင်လို့ စိတ်မကောင်းပေမဲ့ သူကတော့ ရပါသည်ပဲ..။
ရတာ သိတာပေါ့…ခင်ဗျားက ဘယ်သူ့ကိုများ အားကိုးဖူးလို့လဲ..။
နေရှင်းသန့် မှုန်ကြုတ်ကြုတ် ဖြစ်နေပေမဲ့ သူကတော့ အေးဆေး..။
နေရှင်းသန့် အဝတ်အစားလဲ ခေါင်းဖြီးတော့မှ ဖုန်းအနားကို ပြန်ရောက်လာတော့သည်..။
"ဘာမှ လည်း မပြောဘူး…ချလိုက်တော့နော်.."
"အိုး…ပီပီရယ်…ဒီမှာ လည်ချောင်းကွဲအောင် အော်နေတာ သေတော့မယ်….ဖုန်းကို အဝေးကြီး ထားခဲ့တော့ ဘယ်လို လုပ်မှာလဲ…"
"ဟင်….နင်လည်း အဲလိုပဲ ထားတယ်လေ…"
"အိုး…ဟား..ဟား…ဒီမှာ..ဒီမှာ…နားကြပ်ကြီး တပ်ထားတာကိုးဗျ…ခင်ဗျားမှာ နားကြပ်လည်းမရှိပဲ….ပြောလို့ရမလား…"
"ဟုတ်လား…အဟွင်း….မသိဘူးလေ….နားကြပ်ဝယ်ရဦးမယ်ပေါ့….အကုန်အကျများလိုက်တာ…"
"နားကြပ် ဝယ်လို့ရတာ မဟုတ်ဘူး….ဒါမျိုးဝယ်….ကြိုးမလိုဘူး…"
"သြော်…အင်း….သင်တန်းသွားတော့မယ်မလား…ဒါပဲလေ…"
"ဘယ်လို ဖြစ်နေတာလဲ….ဖုန်းပဲ ချချင်နေတာ ဘာလုပ်မလို့လဲ…"
"ဘာပြောဦးမလို့လဲ…"
"ပီပီ  ဘာလုပ်မလို့လဲလို့…"
"အိမ်သာသုံး မလို့ဟေ့….ရပလား…"
"ဟား…ဟား…..ဘယ်လိုလဲဟ…..ကြွ…ကြွ….မကြီးမငယ်နဲ့ …ဟီး…"
"…………."
နေရှင်းသန့် ကို မှုန်ကြုတ်ကြုတ်လေး ကြည့်ပြီး ဖုန်းကို ချခဲ့ကာ ရေချိုးခန်းထဲ ဝင်သွားသည်..။
မကြီးမငယ်နဲ့ အသည်းယားစရာ ကောင်းလိုက်တာ…။
သင်တန်းသွားစရာ ရှိလို့ ဖုန်းချလိုက်ပြီး ဆံပင်ကို သေချာဖြီးရသည်..။
လွယ်အိတ် ကောက်လွယ်ပြီး ဓာတ်ပုံရိုက်ကာ ဗိုက်ဗာ က ပို့ပေးလိုက်သည်..။
ပီပီ က သူ့ခြံ အကြောင်းပဲ သိတော့ ဗီဒီယိုကော ပြောဖို့တောင် မနည်း သင်ပြပေးထားရသည်..။
နေရှင်းသန့် ကိုယ့်အဖြစ်ကို ကိုယ်တွေးရင်း ရယ်မိသည်…။
"ဟင်…သော်တာ…."
"လာလေ….နေရှင်း…"
"ဟို…."
"သင်တန်းမလား…."
နေရှင်းသန့် ငြင်းရခက်လို့ ခေါင်းညိတ်ပြီး ကားပေါ် တက်လိုက်သည်.။
လမ်းကြုံလို့ လိုက်ရပေမဲ့ စိတ်ထဲမှာတော့ ပီပီ့ ကို အားနာမိသည်..။
"နေရှင်း… သင်တန်း မတက်တာ ကြာပြီနော်…"
"အင်း… စားမေးပွဲ ရှိလို့ပါ…"
"သော်တာတို့အိမ်ကိုလည်း မလာတာ ကြာပြီ…"
"အင်း…သော်တာ့ကို မတွေ့တော့ သိပ်မလာဖြစ်တော့ဘူး.."
"ကိုပိုင် က အပြင်ချည်းပဲ ခေါ်နေလို့ပါ…"
သော်တာ က အိမ်က စီစဉ်ပေးတဲ့ သူနဲ့ အဆင်ပြေသွားတော့ အောင်ကျော်ဦးကိုတောင် သနားမိသေးသည်..။
သူ အမြဲ ကြွေးကြော်နေတာ နေရှင်းသန့် နဲ့ သော်တာ က ဖူးစာဖက်တွေ ဆိုပဲ..။
"သော်တာ နိုင်ငံခြားသွားဖို့ကော…"
"ဒက်ဒီတို့ စီစဉ်နေတာပါ…သော်တာတော့ မသွားချင်ပါဘူး…ဒက်ဒီ့အလုပ်မှာ ဖြစ်ဖြစ် မာမီ့ဆိုင်မှာ ဖြစ်ဖြစ် ဝင်လုပ်လို့ရနေတာပဲ….ဒက်ဒီကလည်း ဇွတ် လွှတ်နေတယ်…."
"ကိုပိုင်စိုး တို့မိသားစုလည်း ရှိတယ်ဆို…"
"အင်း…ဟုတ်တယ်လေ….အဲဒါကို အားကိုးနေတာပေါ့…."
"………….."
"သော်တာတော့ သူတို့ မိသားစုကို မကြိုက်ပါဘူး…မြန်မာမဆန်ဘူး…."
"……….."
သေ်ာတာ က ကားမောင်းရင်း နှုတ်ခမ်းစူပွပွ ဖြင့် တိုင်သလို ပြောနေတော့ နေရှင်းသန့်  သေချာ မသိပေမဲ့ ခေါင်းညိတ်နေရသည်….။
သင်တန်းရှေ့မှာ ချပေးပြီး ကားမောင်းထွက်သွားတော့မှ သက်ပြင်းချလိုက်ရသည်..။
အရင်လို သင်တန်းတူမဟုတ်ပဲ တကူးတကန့် လိုက်ပို့တော့ အားနာရသလို မျက်နှာလည်း ပူပါသည်…။
"နေရှင်;…ရောက်ပြိလား…"
"ဟုတ်ကဲ့….အစ်မ…."
"အချိန် နည်းနည်းစောနေသေးတယ်…..အစ်မတို့ မုန့်စားနေတာ…လာ..တစ်ခါတည်းစား.."
"မစားတော့ဘူး…အစ်မ…"
"ဘာမှ မစားခဲ့ဘူးမလား…လာပါ…"
အလုပ်ရှင် အစ်မ က လက်မောင်းကို ဆွဲခေါ်တော့ နေရှင်းသန့် ပါသွားသည်..။
မိသားစုလို့ နွေးထွေး ရင်းနှီးသည်မို့ ထမင်းစားခန်းထဲမှာ ထိုင်လိုက်သည်..။
အစ်မ က မုန့်ပန်းကန် ပြင်ပေးနေချိန် ကိုသူရ က ရောက်လာသည်..။
"သူရ တစ်ခါတည်း ထိုင်လိုက်…"
"ငါ ဗိုက်မဆာဘူး.."
"ငါ ချက်တာနော်…နောင်တ ရသွားလိမ့်မယ်…"
"ဟဲ…ဟဲ…စားပါ့မယ်…ထည့်ထည့်…နေရှင်းသန့် စာမေးပွဲ အခြေအနေ…"
"ကောင်းပါတယ်…"
"မင်း တောင် ဘာလိုလိုနဲ့ ကျောင်းပြီးတော့မယ်နော်…"
"ဟုတ်ကဲ့…အစ်ကိုတို့ ကျေးဇူးတွေကြောင့်ပါ…"
"ဟာကွာ…မင်း က အရည်အချင်း ရှိလို့ တို့က အလုပ်ပေးတာပါ….ကဲ…ဘွဲ့ရတော့မယ်ဆိုတော့ မိန်းမကော မရှာသေးဘူးလား.."
"ဟဲ့…ကလေးကို…"
"အဟွင်း…"
"ဟာ…တကယ်ပြောနေတာလေ….ငါတို့ကို ကြည့်ပါလား..ကျောင်းတုန်းက မရှာခဲ့တော့ ရှာဖို့အချိန်ကို မရှိတော့ဘူး…ငါ့လို မဖြစ်စေချင်လို့ ငါတို့တပည့်ကို အကြံကောင်း ပေးနေတာပါဟ…"
"ဟုတ်ကဲ့….ကျွန်တော် ကြိုးစားပါမယ်…"
"ဟား..ဟား.နှစ်ခါ မပြောရဘူး…"
အစ်မ က မုန့်ပန်း ကန် နှစ်ခု ချပေးပြီး ဟင်းရည် ပန်းကန် ပူပူကို နေရာရွေ့ပေးသည်..။
ကိုသူရ ပန်းကန်ထဲကို အရင်ခပ်ထည့်ပေးလိုက်ပြီးမှ နေရှင်းသန့် အတွက် ထည့်သည်..။
"သြော်…မင်း က ဘာသာစကားလည်း သုံးမျိုးလောက် ရထားတာပဲ…ကျောင်းဆက်တက်လို့ရသားပဲ…."
"တော်ပါပြီ….."
"ဘာလို့လဲကွ….အလုပ်လည်း ရှိနေတာပဲ..စကောလားရှစ်တွေလည်း ရှိသားပဲ…"
"ကျောင်းမှာချည်း အချိန်ကုန်သွားမှာ စိုးလို့ပါ…"
"ဟာ…ဒီကောင် ပညာပါရမီပါရဲ့သားနဲ့…."
"သူ့ အခြေအနေ သူပိုသိတာပေါ့ သူရရယ်…နင်ကလည်း စကာများလိုက်တာ…ပြီးမှ နောက်ကျ ပါတယ် မအော်နဲ့…"
"အေးပါ..နင်က အမြဲတမ်း ဆရာလုပ်နေတာပဲ…အဲဒါကြောင့် အပျိုကြီး ဖြစ်နေတာပေါ့…"
"ေြသ်ာ…ဖြစ်ရတယ်….သူကျတော့ လူပျိုအိုကြီးဖြစ်နေတာ ထည့်မပြောဘူး.."
"ဘယ်မှာ အိုလို့လဲ…"
"နင့်ခေါင်းက ဆံပင်ဖြူတွေကိုသာ မေးကြည့်…"
"ဟား..ဟား…"
မုန့်စားနေရင်း နေရှင်းသန့်လည်း ပြုံးမိသွားသည်..။
ကိုသူရ နဲ့ အစ်မ က တွေ့ရင်လည်း မတည့်..။
တစ်ယောက်နဲ့ တစ်ယောက် သူငယ်ချင်း သံယောဇဉ်လည်း ရှိနေသားပဲ…။
သူတို့လက်ထပ်လိုက်လည်း ရနေတာပဲလေ..။
အခုတော့ တစ်ယောက်နဲ့ တစ်ယောက် မခံနိုင်တဲ့အပျိုကြီး လူပျိုကြီး ဆိုတာပဲ စနေကြသည်..။
ကိုယ့်အတွေးနဲ့ ကိုယ် ပြုံးမိပေမဲ့ အစ်မနဲ့ ကိုသူရကတော့ ရန်ဖြစ်နေဆဲ..။
.
"ဟုတ်ကဲ့…ရပါတယ်…"
"ကျွန်တော်တို့ က နှစ်ရက်ကို တစ်ကြိမ် ကားတင်တယ်…"
"ဟုတ်…"
"အချိန်မှီတော့ ရဖို့ လိုတယ်….ဒီမှာ အချိန်ကြာသွားရင် လမ်းတစ်လျှောက်လုံး အချိန်ကွာ သွားတက်လို့ပါ…"
"ဟုတ်ကဲ့…ကျွန်မတို့ အချိန်မှီလုပ်ပေးနိုင်ပါတယ်…"
"တီ…တီ…."
"………."
စကားပြောနေရင်း ဖုန်းသံမြည်လာတော့ စိုးစိုး အားနာစွာဖြင့် ကပျာကယာ ကောက်ကြည့်ရသည်..။
စာပို့နေတာ သိတော့ ဖုန်းကို အသံပိတ်ပြီး ပြန်ချထားလိုက်သည်..။
"ကျွန်တော့်ဦးလေး တစ်ယောက်ကတော့ သခွားမွှေးခြံလည်း လုပ်တယ်..အစ်မ….လေ့လာချင်ရင် ရပါတယ်…"
"ဟုတ်ကဲ့….ကျွန်မ စိတ်ဝင်စားပါတယ်…."
"ဒါက လိပ်စာကဒ်ပါ….ဟိန်းထက် လွှတ်လိုက်တာ လို့ ပြောလိုက်ရင် ရပါတယ်…သူစိမ်းတော့ သိပ်အဝင်မခံဘူး…အိတ်စပို့ လုပ်တာဆ ိုတော့လေ…"
"သြော်..ဟုတ်ကဲ့..ကျေးဇူးတင်ပါတယ်နော်…."
"ဂျီ….ဂျီ…"
ဖုန်းဝင်လာတော့ အသံမထွက်ပေမဲ့တုန်ခါမှုကြောင့် နှစ်ယောက်စလုံ စကားတွေ ပြတ်သွားသည်..။
စိုးစိုး စိတ်ရှုပ်လာလို့ ဖုန်းကို ပိတ်ပစ်လိုက်ပြီး ရေနွေး တစ်ခွက် ငှဲ့ ပေးလိုက်သည်..။
"ဒါ….ကိုဟိန်းထက် လက်ဆောင် ပေးထားတဲ့ လက်ဖက်ခြောက်လေ…..ကျွန်မ အမေတို့ သိပ်ကြိုက်တာ…..နည်းနည်းပဲ သောက်ခိုင်းတယ်…အဟွင်း…"
"ဟုတ်လား….ကျွန်တော် ထည့်ပေးလိုက်ပါဦးမယ်….ဒီအရသာ က ဒီဘက်ကိုတောင် သိပ်မရောက်လာတော့ဘူး..ဟိုဘက်က ဈေးကောင်းပေးတယ်လေ….နှစ်တစ်ရာခြောက်လို့လည်း ပြောလို့ရတယ်….လက်ဖက်ပင် သက်တမ်းက နှစ်တစ်ရာကျော်တောင်ရှိနေပြီကိုးဗျ…."
"အိုး…..ကိုဟိန်းထက် ပိုင်တာတွေလား.."
"ဘိုးဘွားတွေ စိုက်သွားတာပေါ့ဗျာ….ဘိုးဘွားပိုင် ခြံတွေမှာ ကျွန်တော်တို့လည်း ထပ် စိုက်ထားပါတယ်…အဖေ့ လက်ထက် က စိုက်တဲ့ အပင်ဆို နှစ်သုံးဆယ်ကျော်ပေါ့…ကျွန်တော်စိုက်တာတော့ ငါးနှစ်ပေါ့ အဲလိုမျိုး.."
"အို….အားကျစရာကောင်းလိုက်တာနော်…"
"ဟုတ်တယ်….ကျွန်တေ်ာတို့ကလည်း တန်ဖိုးထားလို့ တောင်ယာ တော်တော် များများ ကို ဒီတိုင်း ထားတယ်….အခုလို ထပ်ဝယ်ပြီးပဲ စိုက်ဖြစ်နေတယ်လေ…"
"ကျွန်မလေ…စိုက်ပျိုးရေး လုပ်ရတာ တစ်ခါတလေ စိတ်ဓာတ်ကျတယ်..ကိုဟိန်းထက်  တို့ မိသားစု အကြောင်းတွေးရင်တော့ အားပြန်ဖြစ်တယ်…."
"အဟွင်း…ဒီလိုပဲပေါ့….တဖြည်းဖြည်း တိုးတက်လာမှာပါ…"
"ကျွန်မ ခြံကို အချိန်မရတဲ့ကြားက လာပေးလို့ တကယ် ကျေးဇူးတင်ပါတယ်…"
"ရပါတယ်ဗျာ….စိုးမင်း ညွန်လိုက်လို့ပါ…"
"ဟုတ်ကဲ့….ဒီလိမ္မော် မျိုးတွေက ကိုစိုးမင်းဆီကပဲလေ…."
"ဟုတ်တယ်….ကျွန်တော်ကလည်း သူ့မျိုးကို ပိုကြိုက်တယ်…အရောင်လှတယ်….အလုံးလှတယ်…ပိုမွှေးတယ်လေ….သူက ရှောက်မျိုးစပ်ကို သေချာရွေးတယ်…"
"ဟုတ်တယ်….ကျွန်မလုပ်တာ မအောင်မြင်ပါဘူး…ဒီတစ်ခြံလုံး ကိုစိုးမင်း ကျေးဇူးနဲ့ ဖြစ်လာတာပါ…."
"သူလည်း ပြောတယ်…အစ်မ  က ကြိုးစားတယ်တဲ့…သူ အခု ရော်ဘာ ဘက်ကို လှည့်နေတယ်….တော်တော် လုပ်နိုင်တဲ့လူပဲ…"
"ဟုတ်ပါရဲ့…."
"……….."
"………….."
"ကဲ….ဒါဖြင့် ကျွန်တော် ပြန်ဦးမယ်….ကားရောက်မဲ့ အချိန် ကို မနက်ဖြန် ပြန်ပြောမယ်….ကျွန်တော် ပြောခဲ့သလိုပဲ…အချိန်မှီတော့ သေချာ လုပ်ပေးပါ…."
"ဟုတ်ကဲ့…စိတ်ချပါ…."
"ဒါက ကျွန်တော်တို့ ကားဂိတ်ဖုန်းနံပါတ်…"
"ဟုတ်ကဲ့…ကျေးဇူးတင်ပါတယ်…"
"အချိန်ရရင်လည်း ကျွန်တော်တို့ဆီ တက်ခဲ့လေ…"
"ဟုတ်ကဲ့…လာခဲ့ပါ့မယ်.ရှင်….ကိုဟိန်းထက်လည်း လမ်းကြုံရင် ဝင်လည်ပါဦး…"
"ဟုတ်ကဲ့…."
"ဦးရန်အောင် လိုက်ပို့ပေးလိုက်ပါ…"
"ဟုတ်ကဲ့…ကြွပါ…ဆရာလေး…"
"…………."
ဧည်ှုသည် ပြန်သွားတော့မှ စိုးစိုး သက်ပြင်းချလိုက်သည်..။
ခါးဆန့်ပြီး မတ်လိုက်တော့ လက်ပြန်ကြောတောင် အောင့်နေပြီ..။
အခုမှပဲ စိတ်ကော ပခုံးကော သက်သာတော့တယ်…။
စားပွဲပေါ်မှာ ချထားတဲ့ လိမ္မော်သီးတွေကို တစ်ချက်ကြည့်ပြီး ပြုံးမိသည်..။
တော်ပါသေးရဲ့ ဈေးကောင်းလည်း ပေးသလို ကားလည်း စီစဉ်ပေးသည်..။
ပွဲစား မလိုတော့ ကိုယ့်အတွက် အမြတ်ပိုကျန်သည်လေ..။
ပန်းနဲ့ ကော်ဖီ အဆင်မပြေပေမဲ့ လိမ္နော်က ရတဲ့ အမြတ်လေးဖြင့် ရှေ့ဆက်ဖို့ အဆင်ပြေသွားပြီ..။
လိမ္မော်ခွံလေး ကို ကောက်နမ်းကြည့်ပြီး ကိုစိုးမင်း ကို ကျေးဇူးတင်မိသေးသည်..။
စေတနာ သန့်သန့်ဖြင့် ကူညီပေးတဲ့လူက ခုခေတ်မှာ ရှားပါးမျိုးစိတ် ဖြစ်သွားပြီလေ..။
"ဟူး…"
စိုးစိုး ဖုန်းကို ကောက်ယူပြီး သက်ပြင်း ချမိပြန်သည်..။
ဖုန်းကို ပြန်ဖွင့်တော့ ဖုန်းတွေလည်း ခေါ်ထားပြီး…စာတွေလည်း တဒင်ဒင် ဝင်လာသည်..။
အင်တာနက်နဲ့ မပြောချင်တော့လို့ ဖုန်းနံပါတ်ကိုပဲ ခေါ်လိုက်သည်..။
"ဟလို…"
"အိုး….ဘာလို့ ပြန်ခေါ်နေသေးလဲ…"
"ဖုန်းခေါ်တယ်မလား…"
"ခေါ်တုန်းက ကိုင်လား…"
ရန်တွေ့သံကြောင့် မျက်နှာကြီး ဘယ်လောက်တောင် စူပုတ်နေမလဲ တွေးမိပါသည်..။
စိုးစိုး သက်ပြင်းခိုးချလိုက်သည်..။
"ဒီမှာ ဧည့်သည်နဲ့ စကားပြောနေလို့…"
"ဧည့်သည်….စိုးမင်းမလား.."
"မဟုတ်ပါဘူး.."
"ဖုန်း ခဏကိုင်ပြီး နောက်မှ ပြန်ဆက်မယ် ပြောလည်း ရရဲ့သားနဲ့ ဘာလုပ်တာလဲ ပီပီ…"
"ဧည့်သည်နဲ့ အလုပ်ကိစ္စ စကားပြောနေတာ ဖုန်းပြောလို့ ကောင်းမလားဟ…."
"အဲဒါနဲ့ ဖုန်းပိတ်ပစ်လိုက်တာပေါ့..ငါ ဘယ်လောက်….ကျစ်….အေးလေ….အလုပ်လောက် ငါက အရေးမကြီးဘူး….ငါ ဘယ်လို ခံစားရရ နင် စိတ်မဝင်စားပါဘူး…"
"ဟော…ဘာဖြစ်ပြန်တာလဲ…."
"ပီပီ…..ငါ့ကို အဲလို မလုပ်ပါနဲ့….ငါ တကယ် …ကျစ်….ငါ့ကို မလိုအပ်သလို တန်ဖိုးမထားသလို မလုပ်စမ်းပါနဲ့ဟာ…."
ကလေး တစ်ယောက်လို ငိုသံ ပါကြီးနဲ့ အော်တော့ စိုးစိုး စိတ်မကောင်း ဖြစ်သွားသည်..။
တန်ဖိုးမထားတာလည်း မဟုတ်ပါဘူး..။
လိုအပ်လွန်းလို့ ခက်နေတာ ကို သူဘာလို့ မသိတာလဲ..။
အချစ်ရေးနဲ့ စိးပွားရေး ခွဲခြား မရနိုင်အောင်လောက်အောင် ဘာလို့ များ ကလေး ဆန်ချင်နေရတာလဲ…။
အသက်အရွယ် ကွာဟ မှုကြောင့် အတွေးတွေ မတူနိင်တာလား…။
စိုးစိုး သက်ပြင်းချမိသည်..။
"ဆောရီးပါဟယ်….ငိုတော့မငိုပါနဲ့..…."
"……"
"နေရှင်းသန့်…ဟလို…..ဟော….စိတ်ကောက်တာလား.."
"မစနေနဲ့..တင်းနေပြီ…"
"အဟွင်း….ဆောရီးပါဆို…"
"အဟမ်း…တစ်လပြည့်တော့မယ်…နင်လာမှာလား…"
"သုံးလ မှ လာရမှာလေ…"
"အိုး…"
"………….."
"ဖုန်းလည်း သေချာ ပြောလို့မရဘူး…အချိန်မပေးနိုင်ဘူး…ငါက နင့်အလုပ်လောက်တောင် အရေးမပါဘူး…ဘယ်လို လုပ်ကြမလဲ ပီပီ…နင် ငါ့ကိုမချစ်ဘူးမလား…"
"အိုး….ဘာတွေ လဲ…."
စိုးစိုး ပျာပျာသလဲ ပြောလိုက်ပေမဲ့ ရှေ့ဆက်ပြီး ဝန်ခံဖို့တော့ တွန့်ဆုတ်လေးပင် နေသည်..။
"ငါ မနက်ကတည်းက စာတွေပို့တယ်..ဖုန်းတွေ ခေါ်တယ်….ညနေ စောင်းတော့မှ ဖုန်းပြန်ခေါ်တယ်…ဧည့်သည်နဲ့ တစ်နေ့ကုန် အတူတူ ရှိနေတာဆိုပေမဲ့…တစ်ဖက် က မမြင်မတွေ့ မကြားနိုင်တဲ့ နေရာမှာ ရောက်နေတာ….ငါ ဘယ်လို ခံစားရလည်း နင် ထည့်မတွက်ဘူး.. …ငါ့မှာတော့ နင် ခံစားရမှာ စိုးလို့ ငါ့ အလုပ်တွေကိုတောင် စွန့်လိုက်တယ်….နင်ကတော့ ငါ့ကို တကယ် တန်ဖိုးမထားတာပဲ…"
အသံတိုးတိုးဖြင့် ရှင်းပြနေတဲ့ သူ့စကားတွေကို နားလည်လို့ စိုးစိုး ဖုန်းကိုင်ထားရင်း ခေါင်းညိတ်နေမိသည်..။
"ဟင်း….ဟုတ်ပါတယ်…အဲလို ဖြစ်သွားတယ်….ဒီနေ့မှ ဧည့်သည် များလို့ပါ…မနက်တုန်းက ရုံးကို သွားရတယ်…နေ့ခင်းကျတော့ ဝယ်သူ တစ်ယောက်နဲ့ စကားပြောနေရတယ်…ခု ပြန်ခေါ်တယ်လေ…… ကလေးမဆန်နဲ့လေ…နေရှင်းသန့် ရယ်…"
"နင့် အလုပ်တွေကို ငါ နားလည်ပါတယ်…စာတကြောင်း ဖြစ်ဖြစ် ပြန်ပို့ပေးဖို့ကောင်းတယ်…တစ်ယောက်တည်း နေတဲ့ နင့်အတွက်….ငါဘယ်လောက် စိတ်ပူနေလဲ သိလား…ဟုတ်ပြီလေ….ငါ့အတွက် ငါးမိနစ်တောင် အချိန်မရဘူး….ဟုတ်တယ် ငါက ကလေးဆန်တယ်…ငါ အလိုက်မသိလို့ အနှောင့်အယှက် ဖြစ်နေမှာပဲ… ဆောရီးပဲ…."
"………….."
"ဟလို…ဟလို…နေရှင်းသန့်…"
စိုးစိုး မျက်လုံး မှိတ်ပစ်လိုက်သည်..။
စိတ်ညစ်လွန်းလို့ ဘာပြန်ပြောရမှန်းတောင် မသိ..။
မနက် ဖုန်းခေါ် နေ့ခင်း ဖုန်းခေါ် ညနေ ဖုန်းခေါ် တိုင်း စိုးစိုး အဆင့်သင့် မရှိနေနိုင်တာ ခက်သည်..။
သူ့ဆီက စာတွေ တဒေါင်ဒေါင် ဝင်တိုင်း စိုးစိုး ဘက်က တဒေါင်ဒေါင် နဲ့ စာရိုက်ဖို့ ခက်သည်..။
မျက်နှာကြည့်ပြီး ဖုန်းပြောရင်လည်း သူ့သူငယ်ချင်းတွေ ရှိနေတဲ့ နေရာအထိ သွားရင် စိုးစိုးနေရခက်သည်..။
အသက်အရွယ် ကွာခြားလွန်းတော့လည်း တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုခြင်း မတူညီ..။
အချိန်ပေးနိုင်မှုခြင်းလည်း မတူ..။
လုပ်ငန်းခြင်းလည်း မတူ…။
စိုးးစိုးနဲ့သူ မနက် ပိုင်း အိပ်ရာနိုးစ ပဲ အဆင်ပြေသည်..။
ကြော်ငြာ တွေအတွက် မော်ဒယ် လုပ်ပေးဖို့ လာကမ်းလှမ်းတာကို စိုးစိုး ခံစားရမှာ စိုးလို့ ဆိုပြီး ငြင်းခဲ့သည်..။
အခုတော့ သူ့ဘက်က နိုင်ကွက်လို ထုတ်သုံးပြန်သည်..။
ကိုယ်လည်း စကားချည်းပဲ ပြောနေချင်တာပေါ့လေ..။
ဒါပေမဲ့ အလုပ်မှ မတူတာပဲ..။
သူ့ အချိန်ပိုင်း အလုပ်က သင်တန်းမှာ ဆရာပြန်လုပ်နေတာမို့ စာသင်ပြီး ထိုင်နေချိန် ဖုန်းသုံးလို့ရသည်..။
ဖုန်းမပြောတောင် စာပို့လို့ အဆင်ပြေသည်..။
စိုးစိုးကျတော့ ခြံထဲရောက်ရင် အလုပ်သမားတွေကို ကြီးကြပ်ခိုင်းရသည်..။
ဖုန်းကို အိတ်ထဲကတောင် မထုတ်ဖြစ်..။
ကားတင် ကားချ ဖို့အတွက်လည်း ခြံထဲက ဖုန်းဖြင့် မနားတမ်း မှာကြားနေရသည်..။
ဝယ်သူ ရောင်းသူ ပွဲစားတွေ နဲ့ စကားပြောရသည်..။
သူနဲ့စာရိုက်စကားပြောပေးနေရင် အလုပ်ကိစ္စတွေအတွက် ဘယ်လို စကားပြောမှာလဲ.။
ဘယ်လို အလုပ်ခိုင်းရမှာလဲ..။
ဒီကြားထဲ ကိုယ့်ဝေဒနာနဲ့ ကိုယ်မို့  လုပ်ငန်းကိစ္စဖြင့် ယောက်ျား သုံးလေးယောက်နဲ့ စားပွဲ တစ်ဝိုင်းတည်း ထိုင်ရရင် စိတ်ကော လူကော ပင်ပန်းလွန်းသည်..။
စီးပွားရေး အရ ဟန်ဆောင် ပတ်သက်နေရပေမဲ့ စိတ်ထဲမှာ မသက်သာ..။
ညပိုင်း အိပ်ရေး ပျက်လို့ မဖြစ်ပေမဲ့ သူ ဖုန်းပြောချင်တယ် ဆိုလို့ ညနက် တဲ့အထိ ဖုန်းပြောပေးရသည်..။
လူငယ်လေး တစ်ယောက်ရဲ့ အချစ်ခံထားရတော့ တက်နိုင်သမျှ အလိုလိုက် အလျော့ပေးချင်ပါသည်..။
ညနက်တဲ့အထိ ဖုန်းပြောပေမဲ့  မနက်ကျတော့ ကားကိစ္စတွေဖြင့် အလုပ်မသွားတောင် ဖုန်းထ ဆက်ရပြန်သည်..။
စိတ်တွေ နောက်ကျိပြီး ဒေါသ ထွက်ချင်လာရင် စိတ်ငြိမ်ဆေးတွေနဲ့ နှစ်ပါးသွားနေရပေမဲ့ အိပ်ရေး ပျက်တာ ကြာရင် ပိုဆိုးလာတော့မည်..။
သူကျတော့ သင်တန်းမှာလည်း ပြော….သင်တန်းပြီး ကျောင်းသွားရင်လည်း ပြော အပြန် ဆိုင်အလုပ်ကို ဝင်လုပ်ရင်လည်း ပြော..။
ဖုန်းနဲ့တစ်ချိန်လုံး စကားပြောနေနိုင်ပေမဲ့ စိုးစိုးမှာတော့ အချိန်က မရှိ..။
အဆင်က မပြေ…။
ဒါပေမဲ့ အတက်နိုင်ဆုံးတော့ သူ့အတွက် ကြိုးစားပြီး အချိန်ပေး ဖုန်းပြောပေးနေပါသည်..။
လူငယ်ပီပီ ရစ်ချင် ဆိုးချင်တဲ့ စိတ်ကို နားလည်လို့ အများကြီး သည်းခံဖို့လည်း ပြင်ဆင်ပြီးသားပါပဲ…။
သူ့ဘက်ကကော နားလည်ပေးဖို့ မပြင်ဆင်ထားဘူးလား…။
.
"နေကြီး…မင်း မူးနေပြီနော်…"
"သိတယ်…"
"…………"
" ဘယ်လို ဖြစ်တာလဲ ကွ…..ဒီတစ်ပတ်လုံး ဖုန်းကိုင်ပြီး ဟိုပြေး ဒီပြေး မလုပ်တော့ဘူး… ဘာလဲ မင်း မတ်မတ် က ဘာကောလိုက်လို့လဲ…"
"ဟူး….မိန်းမ တွေက အဲလို ပဲလား…"
"ဘယ်လိုလဲ…"
"နားမလည်ဘူး…..ဘယ်တော့မှ ကို နားမလည်ဘူး…"
"………….."
"ငါ့ကို ကြော်ငြာ ရိုက်ဖို့ လာပြောတယ်…လက်မခံဘူး....အထာပေးနေတဲ့ မိန်းမတွေကိုလည်း ပြန်မရောဘူး…ငါ သင်တန်းသွားရင်တောင် သော်တာနဲ့ မလိုက်တော့ဘူး…သူ့အတွက် နဲ့ အများကြီး သတိထားတယ်….အဝေးက ချစ်ရတယ် ဆိုပေမဲ့ အနားမှာလိုပဲ အသေးအဖွဲ့က အစ ဂရုစိုက်တယ်…သူကတော့ ဂရုမစိုက်ဘူး….သူ့ပတ်ဝန်းကျင်မှာ ယောက်ျားတွေချည်းပဲ…နေတော့လည်း တစ်ယောက်တည်း….ငါ ဘယ်လောက် စိတ်ပူလည်း….သူ မသိဘူး....ငါ့ခံစားချက်တွေကိုလည်းတန်ဖိုး မထားဘူး….သူ့အတွက် ငါက မရှိမဖြစ် မဟုတ်ဘူး…"
"မင်း ထင်လို့ပါကွာ…တချို့ကျတော့ ချစ်ပေမဲ့ အသက်အရွယ်အရ ဖွင့်ချပြဖို့ ဝန်လေး ခက်ခဲတာတွေ ရှိတယ်…."
"မချစ်တာကွ…သိသာနေတာပဲ…..ငါ အမြဲမေးတယ်….သူ့ရှောင်နေတယ်…."
"ဟူး…ငါ တော့ သေချာ မသိဘူး…အောင်ကျော်ဦး ကတော့ မင်း ကို ဂျိုပေါက်လေး ခေါ်နေတယ်…ငါကတော့ မင့်ပီပီ ကို မမုန်းပါဘူး…ဒါပေမဲ့ နည်းနည်း တော့ စိတ်တိုင်းမကျဘူး….သူ့အရည်အချင်းကြောင့်လား မသိဘူး…မာန ကြီးသလိုပဲ….မင်း ကိုတော့ ချစ်မှာပါ…သူ့မာနကြောင့် ဖြစ်မယ်….နားလည်ပေးလိုက်ပါကွာ…"
"ဒုက္ခရောက်နေတာလည်း အဲဒီ့ အမှုန့်အမွှား မာနတွေကြောင့်ပဲ…..သူ့မှာ မာန ရှိသလို ငါ့မှာလည်း မာန ရှိတယ်…မာနတွေ ထပ်တူကျသွားရင်တော့ ဝေးမှာပဲ….သူ နားလည်ဖို့ကောင်းတယ်…."
"အေ့လေ….မင်းက ရွေးချယ်စရာ အများကြီး ရှိတဲ့ကောင်ပါကွာ….ငါတို့ထက် လည်း သာပါတယ်….မင်းကိုယ်တိုင် ရွေးခဲ့တာပဲမလား….အသက်အရွယ် ကွာခြားချက်နဲ့ ခံစားချက်ကွာခြားမှုတွေကိုလည်း မင်း ထည့်တွက်သင့်တယ်…အဟွင်း.မတ်မတ်ကို ချွဲချင်ရင် မတ်မတ် ဆရာလုပ်တာလည်း ခံနိုင်ရမယ်ကွ….မင်း ပြောတော့ ချစ်လို့ ရူးနေပါပြီဆို..ခုကျတော့ တမျိုး…."
"ငါလေ….သူ့ကို အမေလိုအစ်မလို ချစ်သူလို ချစ်ရတာကွ….ငါ့ကို အိမ်မှာလာခေါ်ပြီး သေချာ စောင့်ရှောက်ပေးတော့ ငါ့အမေလိုပဲ…အမေမေတ္တာ ကို ပြန်ရသလိုပဲ….တခါတလေ ဆူလိုက်ပြောလိုက်ရင် အစ်မလို ခံစားရတယ်….ပြီးတော့သူ့ကို ငါ ငယ်ငယ်ကတည်း က ရင်ခုန်ပြီး ချစ်တယ်….ချစ်သူ တစ်ယောက်လို မြတ်မြတ်နိုးနိုး ချစ်ခဲ့တယ်….ဒါပေမဲ့…သူကတော့ ငါ့ကို မွေးစားထားတဲ့ ချာတိတ်လေး တစ်ယောက်ကို သံယောဇဉ် ရှိတာထက် မပိုဘူး…ထင်တယ်…"
"မင်းတို့ တွဲတာ နှစ်လတောင် မရှိသေးဘူးလေ.…..ဒါတွေက တစ်ယောက် တစ်နေရာ နေရတဲ့ အတွဲ တွေမှာ ဖြစ်နေကြတာပါ…သူ့ဘက်ကိုလည်း နားလည်ပေးသင့်တယ်လေ…..ငါတို့ စော်တွေက အချိန်ပေးနိုင်တယ်ဆိုတာ ကျောင်းတက်နေချိန်ကိုးကွ…သူကျတော့ စီးပွားရေး လုပ်နေတဲ့သူဆိုတော့ ငါတို့လိုတော့ဘယ်ဟုတ်မလဲ….မင့် ဖြစ်နေပုံက မဟုတ်သေးဘူး…ဘာလို့ မာနထားပြီး ခံစားနေတာလဲ…ပြန်ဆက်သွယ် ပြီး…ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေါ့…"
"…………"
နေရှင်းသန့် ခေါင်းရမ်းပြီး နောက်ထပ်တစ်ခွက် ယူသောက်လိုက်သည်..။
တီးလုံးသံတွေဆူညံနေတဲ့ မီးရောင်တွေကြား စိတ်ညစ်နေတာတွေ ပျောက်သွားအောင် ခုန်ပေါက် ပျော်ပစ်ချင်သည်..။
မီးရောင်စုံအောက်ကို ဝင်ပြီး ပျော်နေတဲ့လူတွေကြား မှာ တိုးဝင်ရင်း မိန်းကလေးတွေ ရှိတဲ့ ဝိုင်းဘက်ရောက်သွားသည်..။
"အစ်ကို နေရှင်း မလား.."
"ဟုတ်ကဲ့…"
"အိုး….ကျွန်မတို့က အစ်ကို့ ပရိသတ်တွေပါ…"
"ခင်ဗျာ…"
"ဟီး…အစ်ကို က မော်ဒယ်လည်း လုပ်တယ်မလား……"
"သြော်…ဟုတ်….အရင်က…"
"ဓာတ်ပုံတွေက အရမ်းစမတ်ကျတယ်…"
"အဟွင်း…ဟုတ်ကဲ့…"
"…………."
"ဝမ်း….တူး…..သရီး…."
"……….."
"ဝမ်း……တူး…..သရီး…."
ဒီဂျေ သံနဲ့ အတူ ပြိုင်တူ ခုန်ပေါက်နေတော့ မိန်းကလေး ဝိုင်းထဲ မှာ နေရှင်းသန့် တစ်ယောက်တည်း ဖြစ်သွားသည်..။
စိတ်လွှတ် ကိုယ်လွှတ် ခုန်ပေါက် ရင်း ညနက်တဲ့အထိ အချန်ဖြုန်းနေမိသည်..။
"ဖုန်းဆက်မယ်နော်…"
"အမ်း….အမ်း…"
"ဟီး…ချောတဲ့သူပဲ မျက်နှာမလိုက်နဲ့လေ…အစ်ကို့ ဖုန်းလည်း ကိုင်နော်…"
"ဟုတ်…."
တိုက်ခန်းအောက်အထိ ကားနဲ့ လိုက်ပို့ပေးတဲ့ ကောင်မလေး တွေကို လက်ပြ နှုတ်ဆက်ပြီး ထွဋ်နိုင်နဲ့အတူ လမ်းကူးသည်..။
"ဟင်…."
"………"
"ပီပီ…"
တိုက်အောက်က အုတ်ခုံမှာ တစ်ယောက်တည်း ထိုင်နေတဲ့ ပီပီ့ ကို တွေ့တော့ မူးသမျှ ပြယ်သွားကာ မျက်လုံးလည်း ပြူးသွားသည်..။
ထွဋ်နိုင် က ပခုံးပုတ်ပြီး လှေကားတွေကို ပြေးတက်သွားပေမဲ့ နေရှင်းသန့် ကျောက်ရုပ်လို မလှုပ်မယှက် နိုင် ဖြစ်နေသည်.။
"…………."
"…………."
ပိုက်ဆံအိတ်ကို ကောက်လွယ်ပြီး နေရှင်းသန့် ရပ်နေတဲ့ အနားအထိ လျှောက်လာသည်..။
"နင့် ရဲ့ကလဲ့စားက ကလေးဆန်လိုက်တာ…နေရှင်းသန့်ရယ်…"
"…………"
နေရှင်းသန့် စကားမပြောရဲသလို တစ်ခုခု ကို စိုးရိမ် ကြောက်ရွံ့နေသည်.။
အပြစ်သားတစ်ယောက်လို ခံစားရတာကိုလည်း မုန်းသည်..။
အတူတူ ကခုန်ရုံ အတူတူ ပြန်လာရုံဆိုတာ ကိုယ်တိုင် သေချာနေပေမဲ့ သစ္စာဖောက်မိသလို ဖြစ်နေတာကိုလည်း ရှက်သည်..။
"ညနက်နေပြီ….အိပ်လိုက်တော့….မနက်ဖြန်မှ ပြောတော့မယ်…."
"ပီပီ…ဘယ်လဲ…"
နေရှင်းသန့် နှုတ်ဆိတ်နေရာမှ အလောတကြီး အသံထွက်သွားတော့  မျက်လုံးချင်းဆုံအောင် လှည့်ကြည့်သည်..။
"အခန်း ပြန်မယ်…"
"နေ…နေဦး….ငါလိုက်ပို့မယ်…."
"………….."
နေရှင်းသန့်  မပီပြင် ေ၀ဝါးနေသည့် ပုံရိပ်ထဲမှာ ပီပီ့ နှုတ်ခမ်းကတော့သိသာ ထင်ရှားအောင် တင်းစေ့နေသည်....။
ပီပီ က ပြောသမျှ ကို ဂရုမစိုက်ပဲ လမ်းမ ဘက်ကို တစ်ယောက်တည်း ထွက်သွားတော့ ပြေးလိုက်ရသည်.။
"ပီပီ…"
"ဘာလဲ…စိတ်မချလို့လား….ဒီနေရာအထိ ငါ တစ်ယောက်တည်း လာခဲ့တာပါ….ပြန်ပါ…"
"……….."
နေရှင်းသန့် ဘာမှမပြောတော့ပဲ ကားတစ်စီးကို လက်ပြ တားလိုက်သည်..။
ပီပီ က ဝင်ထိုင်တော့ တစ်ဖက်ကို သွားကာ ကားထဲ ဝင်ရသည်..။
"…………….."
"………….."
လှေကားတွေကို မှန်မှန် နင်းတက်သွားတဲ့ ပီပီ့ကို ကြည့်ရင်း နေရှင်းသန့် သက်ပြင်းတစ်ချက် ချလိုက်သည်…။
ဘယ်လိုတွေ ရှင်းပြပြီး ဘာတွေ ဖြေရှင်းချက် ပေးရမလဲ တွေးမရ…။
အခန်းတံခါး ကို ဖွင့်ပြီး မီးဖွင့်ကာ အိပ်ခန်းထဲ တန်းဝင်သွားတော့ ရှေ့တံခါး ပြန်ပိတ်ပြီး လိုက်သွားရသည်..။
"ပီပီ…"
"ငါ အရမ်း ပင်ပန်းနေပြီ….မနက်ဖြန်မှ ပြောတာပေါ့…..ညနက်နေပြီ…နင်လည်း အိပ်တော့…."
"…………"
"………….."
အကျီ ၤ အပေါ်ထပ် ကုတ်ကို ချွတ်ပြီး ပိုက်ဆံအိတ် ယူကာ အခန်းထဲက ထွက်သွားပြန်သည်..။
ခုတင်ပေါ်မှာ ပစ်ထိုင်ချလိုက်ပြီး ဆံပင်တွေကို ထိုးဖွ ပစ်လိုက်သည်..။
ဘယ်လို ဖြစ်ပြီး ရောက်လာတာလဲ…။
နေရှင်းသန့် စိတ်ဆိုးနေပေမဲ့ မနက်ဖြန် ပြန်ဆက်သွယ်ဖို့ပါပဲ..။
ပီပီ တစ်ယောက်တည်း အခုလို မိုက်ရူးရဲဆန်စွာ ရောက်လာမယ်လို့ မထင်ထားခဲ့ပါ..။
ဟုတ်သားပဲ….ပီပီ က ဘာကိုများ ဂရုစိုက်တက်လို့လဲ.။
ဖုန်းကဒ်ပြောင်းထားမိတဲ့ ကိုယ့်ကိုယ်ကို ဒေါသထွက်လို့ မွေ့ယာ ကို လက်သီးဖြင့် ထုချပစ်လိုက်သည်..။
ညဆယ်တစ်နာရီ အထိ တစ်ယောက်တည်း ထိုင်စောင့်နေရတာလား တွေးမိတော့ ရင်ဘတ်ထဲမှာ ပူပြင်းလောင်မြိုက်စွာ ခံစားရသည်..။
နေရှင်းသန့် တစ်ယောက်တည်း ဒေါသဖြင့် လွန်ဆွဲနေရချိန် အခန်းတံခါး ပွင့်ပြီး ပီပီ ပြန်ရောက်လာသည်..။
"ပီပီ…"
"…………."
"မအိပ်ပါနဲ့ဦး…ခဏလေး…"
နေရှင်းသန့် စကားကြောင့် လက်ထဲက ခေါင်းအုံးကို ခုတင်ပေါ်မှာ နေရာချရင်း တစ်ချက် ကြည့်သည်..။
ဒေါသတွေ ရန်လိုမှုတွေ ဘာမှ မပါတဲ့ ရှင်းလင်းနေသည့် မျက်ဝန်း အကြည့်ကြောင့် နေရှင်းသန့် ကြက်သီးထသလို ခံစားရသည်..။
"ငါ….ငါ စိတ်ညစ်လို့…ထွဋ်နိုင်နဲ့ ခဏ လိုက်သွားတာပါ….ရိုးရိုးကလပ်ပါပဲ…"
"…………."
ပီပီ က ခေါင်းညိတ်ပြီး ခေါင်းအုံးကို နေရာပြန်ချတော့ နေရှင်းသန့် ထိုင်နေရာက ထပေးလိုက်သည်.။
ဘာလုပ်ရမှန်း မသိလို့ အနားမှာ ရှိတဲ့ စောင်ကို ခါပြီး ခုတင်ပေါ်မှာ သေချာ နေရာချပေးမိသည်..။
"ဟင်း…"
ခုတင်ပေါ်မှာ ထိုင်ချပြီး နေရှင်းသန့်ကို မော့ငေးကြည့်နေတဲ့ ပီပီ့ရဲ့ အကြည့်ကို မရင်ဆိုင်ရဲလို့ မျက်လွှာ အောက်ချထားရသည်..။
ဘယ်လောက်ပဲ စိတ်တင်းတင်း တစ်ခုခု အပြစ်ရှိတိုင်း သူ့ရှေ့မှာ ကလေးတစ်ယောက်သာ..။
"ငါ နားလည်တယ်….လူငယ် တစ်ယောက် အပေါင်းအသင်းတွေနဲ့ ကလပ်သွားတာ ငါ စိတ်ဆိုးလို့ မရဘူးဆိုတာ သိပါတယ်…"
"အဲဒီ့ ကောင်မလေးတွေက ငါ့ပရိသတ်ပါ…ရိုးရိုးသားသား လိုက်ပို့ကြတာပါ…နောက်ပြီး…ဒီတစ်လလုံး ခုမှ တစ်ခါတည်း သွားသေးတာပါ….ငါ စိတ်ညစ်တာနဲ့…အဲဒါ…"
"ငါ့ကြောင့် သွားရတာပါပေါ့…"
"အဲလို လည်း မဟုတ်ပါဘူး…"
"ဟူး…."
ပီပီ က သက်ပြင်းချပြီး ခေါင်းရမ်းရင်း ပိုက်ဆံအိတ်ထဲက ရေဘူးနဲ့ ဆေးထုတ်တာကို ငေးကြည့်နေမိသည်..။
ခေါင်းငုံ့ပြီး အလုပ်လုပ်နေချိန် ကိုယ်ခန္ဓာ က ပိုကိုင်းနေသလိုပါပဲ..။
ကိုယ်မျှော်လင့်သလို မရပ်မနား ပွစိပွစိဖြင့်  ဆူပြောတာ မလုပ်တော့ ….။
ဘာရယ်ကြောင့်မှန်း မသိ…။
စိတ်မကောင်းသလို ခံစားရသည်…။
နေရှင်းသန့် တံတွေး တစ်ချက် မြိုချလိုက်သည်..။
"ပီပီ…. ဘယ်အချိန်ရောက်တာလဲ…"
"ရှစ်နာရီကတည်းက…"
"အိုး…"
"ဟူး……ကားမယူလာမိတာ နောင်တရတယ်….နင် မှာထားတဲ့အတိုင်း ကားကြီးနဲ့ လာတယ်….ကားဂိတ်ရောက်တော့ ဖုန်းဆက်တယ် မရဘူး…ငါ့ကို စိတ်ဆိုးနေလို့ ဆိုတာ သိတယ်….ရတယ်….ကိစ္စ မရှိဘူး…ကားငှားပြီး အခန်းကို ရောက်လာတယ်….အခန်းမှာ ဘယ်သူမှ မရှိဘူး…နင်တို့ အခန်းရှေ့မှာ အကြာကြီး ထိုင်စောင့်နေရတယ်….ဆယ်နာရီကျတော့  အောက်ဆင်းစောင့်ရတယ်…."
"ငါ….ငါ မှားသွားတယ်..တောင်းပန်ပါတယ်…."
ခေါင်းငုံ့ ခါးကိုင်းပြီး စိုးစိုး ပခုံးကို သိုင်းဖက် ကာ လေသံမသဲမကွဲဖြင့် တောင်းပန်တော့ သက်ပြင်းချလိုက်သည်…။
စိတ်မကောင်း ဖြစ်သွားတာလား.။
အားနာပြီးသနားနေတာလား..။
ဘာအတွက် ဘာကို တောင်းပန်နေတာလဲ…နေရှင်းသန့်ရယ်..။
အားလုံးနဲ့ ပတ်သက်ပြီး တောင်းပန်နေတာလား..။
တစ်ပတ်လုံး အတွက် တောင်းပန်တာလား…။
ဖုန်းခေါ်လို့မရတဲ့တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ခံစားချက် အားလုံးးအတွက်လား..။
စိတ်ဆိုးနေတဲ့ သူ…စိတ်ကောက်နေတဲ့သူကို ချော့ဖို့အတွက် လာခဲ့တာမို့ ဘယ်လို စိမ်းကားမှု ဖြစ်ဖြစ် ရင်ဆိုင်ရမယ်လို့ တွေးထားပြီးသားပါ…။
မထင်ထားတဲ့ အခြေအနေ မထင်ထားတဲ့ မြင်ကွင်း က ကိုယ့်အခြေအနေကို ယိုင်နဲ့စေသည်..။
စိုးစိုး မျက်လုံးတွေ မှိတ်ပစ်လိုက်တော့ မျက်ရည်တွေ လှိမ့်ဆင်းသွားသည်…။
စိတ်ခံစားချက်ကို အတက်နိုင်ဆုံးမြိုသိပ်ရင်း သူ့ကျောပြင်ကိုသာ အားကိုးတကြီး ဖက်တွယ် ထားမိသည်..။
သူ နဲ့ မဝေးချင်တာတော့ သေချာပါသည်။
"ငါ မှားတာပါ….ငါ အဲလို မလုပ်သင့်ဘူး….ငါ အရမ်းမှားသွားတယ်.ပီပီ."
"ဘယ်ကိုလဲ…"
"အကုန်လုံး…"
ကလေး တစ်ယောက်လို မျိုး အပြစ်အားလုံးကို တစ်ကြိမ်တည်း ဝန်ခံ လိုက်တော့ စိုးစိုး မျက်ရည်များ ရစ်ခိုနေတဲ့ မျက်ဝန်းဖြင့် ပြုံးမိသွားသည်..။
သူ့ကို စိတ်ဆိုး စိတ်နာလို့ မရအောင် ချစ်မိသည်ကိုး..။
ကိုယ့်အားနည်းချက်နဲ့ကိုယ်မို့အရာရာ နားလည်ပေးဖို့ပဲ လေ့ကျင့်ထားရမည်လေ..။
ပါးပေါ်က ခြောက်လုလု ဖြစ်နေတဲ့ မျက်ရည်တွေကို သုတ်ပြီး တွန်းခွာလိုက်သည်..။
ကိုယ့်ရှေ့မှာ ဒူးထောက်ထိုင်နေပေမဲ့ သူ့မျက်နှာနဲ့ တစ်တန်းတည်း အနေအထားရောက်နေပြီ…။
စိုးစိုး ခါးကို နည်းနည်း မတ်လိုက်ပြီး မျက်နှာငယ်လေး ဖြစ်နေသည့် သူ့မျက်နှာကို ငေးကြည့်မိသည်…။
"ဖုန်းပိတ်ပြီး တုန့်ပြန်တာ တစ်ရက်ဆို တော်ရောပေါ့ နေရှင်းသန့်ရယ်…"
"ငါ စဉ်းစားမိပါတယ်…ဒါပေမဲ့ ငါ စာပို့ ဖုန်းခေါ်တဲ့ အချိန် နင်မကိုင်ရင် ငါ ပိုခံစားရမှာ စိုးလို့ပါ…"
"ကဲ…..ဒီတစ်ခါတော့ ငါက အရင်စမှားတာပဲ…နင့်ခံစားချက်တွေကိုလည်း ကောင်းကောင်းနားလည်သွားပါပြီ…နောက်ဆို ဘာပဲဖြစ်ဖြစ် ဖုန်းမပိတ်ကြေးနော်…ဟုတ်ပလား…"
"အွင်း…"
ကလေး တစ်ယောက်လို နှုတ်ခမ်းစူ၍ ခေါင်းညိတ်ပြတော့မြတ်နိုးစိတ်ဖြင့် ပါးကို ဖွဖွ ဖျစ်မိသည်..။
"မအားရင်လည်း စာပို့လိုက်မယ်…ဖုန်းထပ်မခေါ်နဲ့…"
"အင်း…."
"ခုမှ ခေါင်းချည်းပဲ ညိတ်မနေနဲ့…ဒီတစ်ခေါက် ကိစ္စ အားလုံး ရှင်းသွားရမယ်…ခဏခဏ အချိန်မရဘူး…နင်က အငယ်ဆိုတော့ ငါကသည်းခံရမှာပေါ့….ကဲပြော….နင် မကျေနပ်တာတွေ တစ်ခါတည်း ပြော…."
"အစတုန်းကတော့ အများကြီးပဲ…ခုတော့ မေ့သွားပြီ…"
ခုတင်ပေါ်မှာ ထိုင်လိုက်ပြီး စိုးစိုး ကို သိုင်းဖက်ရင်း ပါးချင်းကပ်ပွတ်တိုက်နေတော့  ကြည်နူးရင်ခုန်ပေမဲ့ မနေတက်ဖြစ်လာသည်..။
"တော်ပြီ….အိပ်မယ်…"
"အွင်း…"
"အို…"
စိုးစိုး ကိုယ် ကိုပါ ဆွဲလှဲလိုက်တာ့ သူ့အပေါ် ပက်လက် ကျသွားသည်..။
ဘေးချင်းယှဉ်ပြီး ငုံ့မိုးကြည့်တော့ ရင်ခုန်စွာဖြင့် ပြန်ကြည့်နေမိသည်..။
"………….."
ပါးကို ပွတ်ပြီး နှုတ်ခမ်းကို လက်မနဲ့သပ်နေတော့ ရင်ခုန်သံတွေ မြန်လာသည်..။
"ပီပီ ကလည်း ကလေး ကျနေတာပဲ…"
"ဟမ်.."
"ဘာလို့ အဲလောက် ရှက်နေတာလဲ….မျက်နှာကြီးက ရဲနေပြီ…"
"………….."
စိုးစိုး ဘာမှ မပြောနိုင်အောင် သက်သေက ခိုင်လုံနေတော့ နှုတ်ခမ်းမဲ့ပြီး အကြည့်သာ လွဲပစ်လိုက်ရတော့သည်..။
မျက်နှာပေါ် ငုံ့မိုးလာတော့ မျက်လုံးတွေ မှိတ်ပစ်လိုက်ချိန် နှုတ်ခမ်းပေါ်ကို အနမ်းတွေ ဆက်တိုက်ကျရောက်လာသည်..။
"ပီပီ့ ကို လွမ်းနေတာ…"
"………."
"မယုံဘူးမလား…"
"မပြောမိပါဘူး…"
"ဟွန့်…အဘွားကြီးနော်…"
"………….."
"ပီပီ ကတော့ မလွမ်းဘူးမလား…"
"အင်း…"
"အဟွင်း…..ဖုန်းပိတ်လိုက်တာနဲ့ ရောက်လာတော့ မိုက်တာပေါ့….နောက်သုံးလ မစောင့်ရတော့ဘူး….နောက်တစ်ခါ တွေ့ချင်ရင် ဖုန်းပိတ်လိုက်မယ်နော်…"
"တော်တယ်…"
"ဟီး….ဘာဖြစ်လို့ အဘွားကြီးလို လုပ်နေတာလဲ…."
"အား…"
စိုးစိုး ပါးနှစ်ဖက်ကို ဆွဲပြီး ပြောတော့ နာလို့ အော်လိုက်မှ ပါးကို နမ်းပြီး ပြန်ချော့ပေးသည်..။
အခုကျတော့လည်း ချစ်တက်လိုက်တာ..။
စောနက ကောင်မလေးတွေနဲ့လည်း ပြုံးလို့ ပျော်လို့ပါပဲ..။
အစားထိုးခံရရင်တောင် ကျေနပ်ပါတယ်လို့ မှတ်ယူထားပေမဲ့ ရင်ထဲမှာတော့တဆစ်ဆစ်ရယ်ပါ..။
"အို…"
"အဟွင်း….."
ကလေး တစ်ယောက်ရဲ့ လက်ထဲက အရုပ်တစ်ရုပ်လို အယုအယ အကြင်နာတွေမှာ ရင်ခုန်စိတ်လှုပ်ရှားရတော့ ခံစားခဲ့သမျှ ဒဏ်ရာတွေကို မေ့ထားမိပြန်သည်..။
"နေရှင်းသန့်…"
"အွင်…"
"တေ်ာပြီ..အိပ်တော့…"
"အဟွန်း…ဒီတစ်ခါတော့ ဆောင်ထားတယ်…"
"သြော်….သြော်……ကောင်းတာပေါ့….."
စိုးစိုး မျက်ခုံးပင့်ပြီး ပြောလိုက်တော့ နှုတ်ခမ်းကို  ဖွဖွ ကိုက်၍  အပြစ်ပေးသည်..။
"........"
"တော်ပြီဆို.."
စိုးစိုး တွန်းပစ်လိုက်တော့မှ ခေါင်းကုတ်ပြီး ထိုင်လိုက်ကာ နှာခေါင်းရှုံ့သည်..။
သူ့ကို ကျောပေးအိပ်လိုက်ပြီး သက်ပြင်း တစ်ချက် ခိုးချမိသည်..။
"ဘာဖြစ်လို့လဲ..ပီပီ…ငါ့ကို မချစ်လို့လား…"
"ချစ်တာနဲ့…ဒီလို ပတ်သက်ကြတာလား…"
"ပီပီ က ရှေးဆန်နေပြန်ပြီ….ဟိုတစ်ခါတုန်းကတော့ နင်လည်း တုန့်ပြန်သားပဲ.မချစ်ပဲနဲ့လား…."
"…………"
"……….."
"ဟုတ်တယ်…..ငါ့စိတ်အခြေအနေအရ တုန့်ပြန်လိုက်တာပဲ…"
"ဒါဆို…မချစ်ဘူးပေါ့…ဟုတ်လား…"
"နင့်အတိုင်းပဲ…"
"အိုး…..ငါ့ကို မစွပ်စွဲနဲ့…ငါ နင့်ကို ချစ်လို့ စိတ်ကို ထိန်းနေတဲ့ ကြားက နမ်းမိတာပဲ….."
"ငါတကယ် နားမလည်ဘူး…ချစ်တယ် ဆိုတာနဲ့ ဒီကိစ္စကြီး ပါလာရောလား…."
"အမ်…"
"အဲလို အချစ်မျိုးကို ငါ မကြိုက်ဘူး….အချစ်ဆို အချစ်သီးသန့် နဲ့ တန်ဖိုးထားပြီး အချစ်ခံချင်ခဲ့တာပဲ….အခုလို ပတ်သက်မှ ချစ်တယ်ဆိုရင် မချစ်နဲ့တော့…ငါလည်း အချစ်မခံချင်ဘူး…."
"အာ…ပီပီကလည်း…"
"တော်ပြီ…..အိပ်တော့…."
"မအိပ်ဘူး…"
"မအိပ်လည်း ထိုင်နေ…"
"အဟွင်း…"
"အို…"
စိုးစိုး ကိုယ်ကို သိမ်းကျုံး ဆွဲဖက်တော့ လှန့်သွားပေမဲ့ ငြိမ်သက်နေတော့မှ စိတ်သက်သာ သွားသည်..။
သူရင်ခွင်ထဲမှာ ကျောမှီထားရင်း အတွေးပေါင်းများစွာ ရွေ့လျားနေသည်.။
သူနဲ့ ပတ်သက်ရတာ ပြဿနာ မရှိပေမဲ့ စိုးစိုးရဲ့အတိတ်အရိပ်တွေကို တွေးကြောက်သည်..။
ဘဝမှန်နဲ့ပုံမှန် မဟုတ်တဲ့ ဝေဒနာကို သူသိသွားပြီး ရှောင်ဖယ်သွားရင် ခံစားနိုင်မယ် မထင်..။
စိုးစိုး မျက်ရည်ဝဲလာပေမဲ့ မလှုပ်မယှက် ငြိမ်သက်နေလိုက်သည်..။
ငါ့ဘ၀ ဘယ်လောက်ဆိုးလဲ နင်မသိသေးလို့ပါ နေရှင်းသန့်ရယ်..။
သိုင်းဖက်ထားတဲ့ သူ့လက်တွေပေါ် ထပ်အုပ်ကိုင်လိုက်ရင်း သက်ပြင်းဖွဖွ ချမိသည်…။
မနေ့ က အကြောင်း နဲ့ မနက်ဖြန် အကြောင်းတွေကို မေ့ထားပြီး ချစ်သူ ရင်ခွင်ထဲမှာ အေးချမ်းစွာ အိပ်စက်ချင်ပါသည်..။
သူ့ကိုယ်သင်းနံ့လေးကို အိပ်မက် လှလှလေးတွေထပ် ပို၍ မြတ်နိုးပါသည်.။
စိုးစိုး နှုတ်ခမ်း တစ်စုံ  ပြုံး၍ မျက်လုံးတွေကို မှိတ်ပစ်လိုက်သည်..။
.
1102-0509

◇◆◇◆◇◆◇◆◇◆◇◇◆◇◆◇◆◇◆◇◆

ဟယ် ခုဏပဲ အိမ်ပြန်ပို့တာလေ…

ခု ပြန်ရောက်သွားပြန်ပြီ…

ပီပီ…နင်ဟာ…😂😂😂😂

.

ဦးဦး စပိုက်ကာလို့ ခေါ်နေတဲ့ ကလေးကို ပြောပေးပါ…
မမ စပိုက်ကာဆို တော်ရောပေါ့လို့…😁

Up ၊ မျှော် ၊ Good တွေကို ပြောပေးပါ
တရားမဝင်ဘူးလို့ 😁

ရုပ်ကြမ်းကြီး နဲ့ နွဲ့နေပြန်ပီ ပြောတဲ့ တစ်ယောက်ကို ပြောပေးပါ
ပီပီ က သူ့ရဲ့အချောလေးကို ခုလိုပြောတာ မကြိုက်ပါဘူးတဲ့…
ရုပ်ချောလေးနဲ့ နွဲ့နေတယ် ချစ်စရာလေးလို့ ပြင်ပေးပါတဲ့ 😁

.

စာတွေဖတ်ပေးတာ ကျေးဇူး အထူးတင်ပါတယ် ❤💪📖

😢✍🙏

Love U All ❤

࿇Sקicค Liຖ࿇

မြူခိုးမှိုင်းဝေWhere stories live. Discover now