Part 5

3.3K 211 7
                                    

မြူခိုးမှိုင်းဝေ

အပိုင်း (၅)

01-24-04-36

#မြူခိုးမှိုင်းဝေ

"ဟုတ်ကဲ့...စိတ်ချပါ..."

"........"

"ဟုတ်ကဲ့....."

ဒေါ်ဘူးသီး ကိုယ်တိုင် လိုက်ပို့ပေးတဲ့ နေရာကို ရောက်တော့ စိုးစိုး လွယ်အိတ်ကိုင်ထားရင်း လိုက်ကြည့်မိသည်..။

အမေ မရှိတာ ငါ တစ်ယောက်တည်းမှ မဟုတ်တာပဲ...။

ဆော့နေတဲ့ ကလေးတွေထဲမှာ စိုးစိုးထက် ငယ်တဲ့သူတွေလည်း ပါသည်..။

"ကဲ....အားလုံး..ဒီနေ့....ကျောင်းသူ အသစ်လေး တစ်ယောက်ရောက်လာတယ်....နာမည်က စိုးစိုးတဲ့...ဟုတ်တယ်နော်..."

"........."

စိုးစိုး ခေါင်းညိတ်ပြလိုက်တော့ ကျောင်းသားတွေ က ပြုံးပြသည်..။

"အန်တီဆု က သမီး ကို နေရာလိုက်ပြပေးလိမ့်မယ်နော်...လိုက်သွား..."

အန်တီဆု ဆိုတဲ့ မိန်းမ က စိုးစိုး ကို ပြုံးပြပြီး လက်ကမ်းခေါ်တော့ သူ့နောက်ကို လိုက်သွားရသည်..။

ခုတင်လေးတွေနဲ့ အခန်း ရှည်ကြီးထဲ ရောက်သွားပြီး စိုးစိုး နေရမဲ့ ခုတင်ကို ပြသည်..။

"ဒီဘက်မှာ နေနော်... ကလေးက ငယ်သေးလို့..."

"ဟုတ်..."

"ဒါက သမီး ဝတ်ရမဲ့အဝတ်အစားပေါ့....ဒီမှာ....သမီးရဲ့ ပန်းကန်...စည်းကမ်းတွေကို သေချာလိုက်နာရမယ်နော်..."

"ဟုတ်..."

"........"

စိုးစိုး ကို အကျီ င်္လဲပေးတော့ ငြိမ်နေလိုက်သည်...။

ပန်းကန်ကိုယူပြီး လက်ဆွဲခေါ်သွားတော့ စိုးစိုး လိုက်သွားရပြန်ပြီ..။

ထမင်းပန်းကန်ကို ကိုင်ပြီး တန်းစီရသည်..။

ပန်းကန်ထဲ ထည့်ပေးတဲ့ ထမင်းကို ခုံတန်းမှာ အားလုံး ထိုင်စားကြသည်..။

ထမင်းစားပြီး ကျောင်းသားတွေနဲ့အတူတူ ထိုင်ရသည်..။

"ဆရာတို့...မနေ့က ကဗျာလေးတွေ ရွတ်ရအောင်နော်..."

မြူခိုးမှိုင်းဝေWhere stories live. Discover now