မြူခိုးမှိုင်းဝေအပိုင်း (၆)
01-26-01-07
#မြူခိုးမှိုင်းဝေ
"အီး....မအိပ်ဘူး...ဒီမှာ မအိပ်ဘူး..."
စိုးစိုး ခုတင်ပေါ်က ခုန်ချဆင်းတော့ မာချယ်က ပြန်ချီပြီး တင်ပြန်သည်..။
မအိပ်ရဲဘူး....ကြောက်တယ်....။
"အိပ်မက်ပါ....ပေါ့ပီရယ်..."
"မဟုတ်ဘူး..."
"ဟုတ်တယ်.....ပေါ့ပီ....ညက အိပ်မက်ထဲမှာ ပေါ့ပီ ငိုသေးတယ်...."
"မဟုတ်ဘူး..."
"ခုတင်အောက်ကို အစ်ကိုတွေက ခေါ်သွားတယ်...ပေါ့ပီကို နာအောင် လုပ်တယ်...ပေါ့ပီ ထွက်ပြေးတယ်..."
"ဟီး...မဟုတ်ဘူး..."
"အိပ်မက်တွေ....ပေါ့ပီ....ပေါ့ပီ မှာ အစ်ကိုလည်း မရှိဘူး...အစ်မလည်း မရှိဘူး...ပေါ့ပီ့မှာ ညီမလေး တစ်ယောက်တည်း ရှိတယ်....ညီမလေးက ဘုရားသခင်ဆီ ရောက်သွားပြီ..."
"............"
စိုးစိုးငြိမ်သက်သွားသည်..။
အိပ်ယာပေါ် ပြန်လှဲအိပ်လိုက်သည်..။
မာချယ်က ဘာလို့ သိနေတာလဲ..။
စိုးစိုး ကို အစ်ကိုတွေ လုပ်တာ ဘယ်လို သိသွားတာလဲ..။
သူတို့ ပြောလိုက်တာလား..။
မာချယ်က အိပ်မက်လို့ ထင်နေသည်..။
စိုးစိုး မှာ အန်တီလေး ရှိနေတာလဲ မသိဘူး..။
အိပ်မက် မဟုတ်ဘူးလို့ ပြောလည်း မာချယ် က အိပ်မက်လို့ပဲ ပြောပြနေသည်.။
စိုးစိုး စိတ်ရှုပ်နေပြီ..။
မာချယ်က အိပ်ရာဝင်ခါနီးတိုင်း အိပ်မက်အကြောင်း ပြောပြပြန်သည်..။
မနေ့က စိုးစိုး အိပ်မက်မက်တယ်တဲ့..။
ခုတင်ကြီးအောက်မှာ မှောင်နေတယ်..။
စိုးစိုး ကို အစ်ကိုဆိုတဲ့ ကောင်လေး သုံးယောက် ဆွဲခေါ်သွားတယ်...။
စိုးစိုး ရုန်းတယ်....။
တွန်းလှဲတယ်....နောက်....နာတယ်..။

YOU ARE READING
မြူခိုးမှိုင်းဝေ
Romance◇◆◇◆◇◆◇◆◇◆◇◇◆◇◆◇◆◇◆◇◆◇ "ဘာကို စိုးရိမ်နေတာလဲ... ငါ့ရဲ့ ခံစားချက်ကို သိအောင် မကြိုးစားစမ်းပါနဲ့...လူလောကမှာ နေတာ ကြာလေ....အမှား ပိုလုပ်မိလေပဲ..အဲတော့...နင့်ထက်ပိုများတဲ့ အမှားတွေလည်း လုပ်ခဲ့ဖူးပြီးပြီ......အမှားပေါင်းများစွာကို ဖြတ်ကျော် ဖြတ်လျှောက်ခ...