မြူခိုးမှိုင်းဝေ
အပိုင်း (၃၆)
0225-0257
#မြူခိုးမှိုင်းဝေ
"နေကြီး…မင်း ရူးနေလား.."
"…………."
"မင်း ဘ၀ ကို တိုးတက်အောင် လုပ်ရမှာကို…မင်း ဘာလုပ်နေတာလဲ…."
"…………."
"မင်း ရဲ့ ရည်မှန်းချက်ကို မေ့သွားပြီလား…"
"……….."
နေရှင်းသန့် မော့ကြည့်တော့ အောင်ကျော်ဦးက မျက်နှာစူပုတ်ပုတ်ဖြင့် ဆူနေသည်..။
တစ်ချက်ရယ်ပြီး ခွက်ကို လှမ်းဆွဲပေမဲ့ လက်ထဲ ပါမလာ..။
မုန်းသည်..။
နာသည်…။
လွမ်းသည်…။
ချစ်သည်..။
ဒီလို ခံစားချက် အားလုံး ကို ရောထွေး ပြီး တစ်ပြိုင်နက် ခံစားလိုက်ရချိန်မှာတော့ လူက တကယ့်ကို အရူးတစ်ပိုင်း…။
တမင်လုပ်ဇာတ်ထွင်ပြီး သိက္ခာချခဲ့မှန်း သိပေမဲ့ မနာနိုင်လောက်အောင် ချစ်ရပါသည်..။
တခြားသူနဲ့ ပျော်နေပြီဆို တာ ကိုယ်တိုင် ပြောသွားပေမဲ့ မယုံနိုင်သေး.။
လုံး၀ မဆက်သွယ်ဖို့ ရက်ရက်စက်စက် ပြောထားပေမဲ့ ကြိုးစားနေဆဲ..။
လိုသုံး မဟုတ်ပါဘူး..ပီပီရယ်….။
ငါတို့ တကယ်ချစ်ခဲ့တာပါ….တကယ်ချစ်ခဲ့တာ ငါသိတာပေါ့..။
ပတ်ဝန်းကျင်က ဘာပဲ ပြောပြော ငါ ရင်ဆိုင်နိုင်တယ်..။
နင် လိမ်ခဲ့တာ လို့ ငါ့ကို တစ်ခွန်းပဲ ပြောစမ်းပါ….။
နေရှင်းသန့် ခေါင်းမှောက်သွားတဲ့ အထိ အရက်ကို အဖော်ပြုရင်း စိတ်ကူးယဉ်သည်…။
ဘယ်လူသားမှ မရှိတဲ့ ကမ၁္ဘာမှာ ဘာမျက်လုံးမှ မရှိတဲ့ လောကကြီးမှာ နေရှင်းသန့်တို့ နှစ်ယောက်တည်း ပျော်နေကြသည်.။
"အား…..ကျွတ်…."
နေရှင်းသန့် မျက်လုံးဖွင့်လိုက်ချိန် မိန်းကလေး တစ်ယောက်ရဲ့ ကရုဏာ မျက်ဝန်းကို ပထမဆုံး တွေ့ရသည်..။
YOU ARE READING
မြူခိုးမှိုင်းဝေ
Romance◇◆◇◆◇◆◇◆◇◆◇◇◆◇◆◇◆◇◆◇◆◇ "ဘာကို စိုးရိမ်နေတာလဲ... ငါ့ရဲ့ ခံစားချက်ကို သိအောင် မကြိုးစားစမ်းပါနဲ့...လူလောကမှာ နေတာ ကြာလေ....အမှား ပိုလုပ်မိလေပဲ..အဲတော့...နင့်ထက်ပိုများတဲ့ အမှားတွေလည်း လုပ်ခဲ့ဖူးပြီးပြီ......အမှားပေါင်းများစွာကို ဖြတ်ကျော် ဖြတ်လျှောက်ခ...