မြူခိုးမှိုင်းဝေအပိုင်း (၁၀)
28-01-11-19
#မြူခိုးမှိုင်းဝေ
"ဟူး.."
မာချယ် ဆီကို မာမေ က လိုက်သွားတော့ စိုစိုး မှာ အလုပ်တစ်ခုပိုလာပြီ..။
မသွားချင်တဲ့ ကျောင်းကို လိုအပ်တာတွေ သွားပို့ပေးရသည်..။
ကိုခိုင် နဲ့ တွေ့ဖို့ ကြောက်နေလို့ ဖုန်းကြိုဆက်တာ ရတနာပြောတာတော့ ပြန်သွားပြီတဲ့လေ..။
ကျောင်းထဲကို ကားရောက်သွားတော့ ကလေးသုံးယောက် ပြေးလာသည်..။
"ရတနာကော..."
"စာသင်နေတယ်..အစ်မ..."
"သြော်....အင်း..."
စိုးစိုး သစ်ပင်တွေ ရှိတဲ့ နေရာကို ရောက်ခဲ့သည်...။
"ဟင်..."
သစ်ပင်မှာ တိတ်ကပ်ထားတဲ့ စာရွက်ကို ဖတ်ရင်း ရယ်မိသည်..။
"ဘယ်သူက ရှုပ်သွားတာပါလိမ့်..."
ကောင်လေး တစ်ယောက်ပုံကို ခဲတံနဲ့ ဆွဲထားပြီး
"ရောင်းရန် ရှိသည်..အသက် ဆယ့်ခြောက် အလုပ်မှန်သမျှ လုပ်နိုင်သည် လခ ဘွဲ့ရတဲ့ အထိကျောင်းထားပေးရမည် ကျန်းမာရေး အလွန်ကောင်း ဘွဲ့ရပြီးရင် တစ်သက်လုံး ကျေးဇူးဆပ်ပါမည်..."
"အဟွင်း..."
"ပေါ့ပီ..ရောက်တာကြာပြီလား.."
"မကြာသေးဘူး... နင် စာသင် ပြီးပြီလား..."
"အင်း...."
"ကိုခိုင်တို့ ပြန်သွားတာလား..."
"အင်း...မနေ့ကမှ..ရွာ ခဏ ပြန်သွားတာ.."
"တော်သေးတာပေါ့..."
"နင့်အတွက် ငါ စိတ်မကောင်းဘူး...."
"....ငါ သူတို့အတွက်ဝမ်းသာပါတယ်...ငါက မန်းလေးက ဒီမနက်မှ ပြန်ရောက်တာဟ...တစ်ပတ်တောင်ကြာတယ်.... လက်ဖွဲ့ကို နင်ပဲ ပေးလိုက်နော်...ငါပေးခဲ့မယ်.."
"သက်ခိုင်ကတော့ နင့်ကို တွေ့ချင်နေတယ်...."
"ငါလည်း ကြိုးစားပါမယ်..."
YOU ARE READING
မြူခိုးမှိုင်းဝေ
Romance◇◆◇◆◇◆◇◆◇◆◇◇◆◇◆◇◆◇◆◇◆◇ "ဘာကို စိုးရိမ်နေတာလဲ... ငါ့ရဲ့ ခံစားချက်ကို သိအောင် မကြိုးစားစမ်းပါနဲ့...လူလောကမှာ နေတာ ကြာလေ....အမှား ပိုလုပ်မိလေပဲ..အဲတော့...နင့်ထက်ပိုများတဲ့ အမှားတွေလည်း လုပ်ခဲ့ဖူးပြီးပြီ......အမှားပေါင်းများစွာကို ဖြတ်ကျော် ဖြတ်လျှောက်ခ...