Part 7

3K 170 1
                                    

မြူခိုးမှိုင်းဝေ

အပိုင်း (၇)

01-26-03-52

#မြူခိုးမှိုင်းဝေ

"မာချယ်..."

"အင်း.."

"ဟို...."

စိုးစိုး ပြောရခက်နေလို့ မျက်လွှာချထားရင်း ပါးနှစ်ဖက်က ပူနွေးလာသလို ခံစားရသည်..။

တစ်ပတ်တစ်ခါ ပြန်ရာကနေ ရှစ်တန်းရောက်တော့ တစ်လ တစ်ခါပဲ ပြန်တော့သည်..။

အတန်းငယ်လေးတွေကို စာကူကျက်ပေး သင်ပေးရင်းဖြင့် ကျောင်းလေးမှာ စိုးစိုး ပျော်နေသည်..။

ရှစ်တန်း စာမေးပွဲ ဖြေပြီးပေမဲ့ စိုးစိုး အိမ်မပြန်တော့ပါ..။

လကုန်ရက်မှာတော့ မာချယ် က ပုံမှန် အတိုင်း လာကြိုပေးသည်..။

စိုးစိုး တစ်ခုခုပြောင်းလဲသွားသလို ခံစားရတော့ ရှက်သလို ကြောက်သလို ဖြစ်နေသည်..။

"ပြောလေ.ပေါ့ပီ....သင်တန်းပေးနေတာ တစ်ခုုခု ဖြစ်လို့လား.."

"မဖြစ်ပါဘူး....ဟိုလေ....ပြီးခဲ့တဲ့ တစ်ပတ်တုန်းက....သား....မက်စရေးရှင်းစလာတယ်..."

"Oh...Really....အဟား...ဂုဏ်ယူပါတယ်...."

"ဟမ်..."

စိုးစိုး နားမလည်လို့ မျက်လုံးလှန်ကြည့်တော့ မာချယ်က ကားမောင်းရင်း ရယ်နေတာမို့ ရှက်လာသည်..။

"မာချယ်ကလည်း.."

"ဟုတ်တယ်လေ....မင်း အချိန်အတိုင်းအတာ တစ်ခုကို ကျော်ဖြတ်နိုင်ခဲ့ပြီ.....ချယ်က စိတ်ပူနေခဲ့တာ......မင်း လူကြီး ဖြစ်ပြီပေါ့....ပေါ့ပီ....ဖုန်းတောင်မဆက်ဘူး..အိုကေရဲ့လား.."

"အဟီ...အိုကေ သွားပြီ.....ဖြစ်စတော့ ဆက်မလို့ပဲ....မာချယ် သင်ထားပေတဲ့အတိုင်းနေလိုက်တယ်လေ....ပစ္စည်းတွေလည်း မာချယ် ကြိုဝယ်ပေးထားလို့ အဆင်ပြေသွားတယ်..."

"ဆေးကော..သောက်ရသေးလား.."

"အွင်း....သားက မသိဘူးလေ...ရိုးရိုး ဗိုက်နာတယ် ထင်နေတာ...မေ့နေတယ်..နောက်မှ ဟီး..."

"ကလေးလေး.....အဟွင်း.."

မာချယ် က စိုးစိုး ပါးကို ဖျစ်ပြီး စတော့ စိုးစိုးရယ်လိုက်သည်..။

မြူခိုးမှိုင်းဝေWhere stories live. Discover now