မြူခိုးမှိုင်ဝေအပိုင်း (၄၀)
04061130
#မြူခိုးမှိုင်းဝေ
"နေကြီး..."
"ဟမ်..."
"မင်း....နိုင်ငံခြားအထိသွားဖို့များ စဉ်းစားနေသလား..."
"ဘာလို့လဲ..."
"မသိဘူးလေကွာ...စာတွေ အသေအကြေ လုပ်နေတာ...ကြောက်ဖို့တောင် ကောင်းတယ်.."
"အဟွင်း.....စာလုပ်ရမယ်...စာလုပ်ရမယ်....ငါက ကလေးဆိုတော့ စာသင်ဖို့ပဲ အာရုံစိုက်ရမှာပေါ့..."
"ဟမ်....ဘာဖြစ်တာလဲ..."
အောင်ကျော်ဦးက မျက်နှာကို ငုံ့ကြည့်ပြီး ပြူးကြောင်ကြောင် လုပ်နေတော့ လက်မောင်းကို ပိတ်ထိုးလိုက်သည်..။
တကယ့်အမျိုးမျိုးကောင်ပါပဲ..။
စာမလုပ်တော့လည်း မလုပ်လို့...စာလုပ်ပြန်တော့လည်း လုပ်လို့နဲ့ အနှောင့်အယှက်ကောင်..။
"မင်းကလည်း အောင်မှာ သေချာ နေတာပဲကွာ....အခုလို လုပ်နေတော့ ငါတို့ အားငယ်တာပေါ့ကွ..."
"မတက်နိုင်ဘူးလေ....စာကိုသေချာ လုပ်ဖို့ပဲ မှာသွားတော့ ငါလည်း စာပဲ လုပ်နေတာပဲ..."
"ဟင်း...မင်းက ကလေးလို့ ပြောတော့လည်း နာတယ်...ခုလုပ်နေတဲ့ ပုံစံက မတ်မတ်ကို မကျေနပ်လို့ ဂျစ်တိုက်နေတာ ကျနေတာပဲ...ပြောလို့ ပြောတာ မဟုတ်ဘူး.အစ်မ မို့လို့ မင်းလို ဘုကလန့် ကောင်ကို ကြိုက်တာ သလား..."
"ဟော...ခုတော့ ငါက မကောင်းတဲ့ ကောင် ဖြစ်ရပြန်ပြီ...မင်းပြောတော့ ငါက သော်တာနဲ့ပဲ တန်တာဆို..."
"မင်း အကြောင်း...ကောင်းကောင်း မသိခင်က ပြောတာပါ....ခုတော့ ချည်နေပြီ..."
"သကြားဖြူးလိုက်..."
နေရှင်းသန့် ကျောကို ထုပြီး အနားက ခုံကို ဆွဲထိုင်တော့ စာရွက်တွေ ဘေးကို ရွေ့ပေးရသည်..။
ဖုန်းက မီးလင်းနေတော့ ကောက်ယူ ကြည့်ပြန်သည်.။
"ဟမ်...သင်တန်းက အစ်မ နဲ့ မင်း အဆက်အသွယ် ရှိသေးလား.."
"ရှိတာပေါ့...သူက လည်း ငါ့ ကျေးဇူးရှင်ပဲလေ..."
"မင့် ပီပီ သိရင်..."
YOU ARE READING
မြူခိုးမှိုင်းဝေ
Romance◇◆◇◆◇◆◇◆◇◆◇◇◆◇◆◇◆◇◆◇◆◇ "ဘာကို စိုးရိမ်နေတာလဲ... ငါ့ရဲ့ ခံစားချက်ကို သိအောင် မကြိုးစားစမ်းပါနဲ့...လူလောကမှာ နေတာ ကြာလေ....အမှား ပိုလုပ်မိလေပဲ..အဲတော့...နင့်ထက်ပိုများတဲ့ အမှားတွေလည်း လုပ်ခဲ့ဖူးပြီးပြီ......အမှားပေါင်းများစွာကို ဖြတ်ကျော် ဖြတ်လျှောက်ခ...