မြူခိုးမှိုင်းဝေ
အပိုင်း(၂၂)
#မြူခိုးမှိုင်းေ၀"ဒေါက်…ဒေါက်…"
စိုးစိုး မျက်နှာသုတ်နေရင်း တံခါး ကို ဖွင့်လိုက်တော့ နေရှင်းသန့်ကို တွေ့ရသည်.။
"သွားမယ်လေ…"
"အင်း.."
"………."
ပိုက်ဆံအိတ် ယူပြီး အခန်းကို ဝေ့ကြည့်လိုက်၍ ထွက်ခဲ့သည်..။
အခန်းခတွေ ရှင်းပြီးသားမို့ သော့အပ်ပြီး ကားထားတဲ့နေရာကို အရင်ရောက်လာသည်..။
"………….."
"…………"
"………"
စိုးစိုး ကိုစကားမပြောပဲ မျက်နှာ တည်တည် နဲ့ကားမောင်းနေတဲ့ သူ့ကို အကဲခတ်ကြည့်နေရတာ မသက်သာ..။
ဘာကို စိတ်ဆိုးနေတာပါလိမ့်…။
နေမထွက်သေးပေမဲ့ ရောင်နီ အလင်းရောင်လေးကြောင့် ပတ်ဝန်းကျင် သာယာ ကြည်နူးဖွယ်လေးပါ.။
ဒါပေမဲ့ သူ့မျက်နှာကိုချည်း အကဲခတ်နေမိတော့ စိုးစိုးလည်း စိတ်မသက်သာပါ…။
"နင့် သူငယ်ချင်းတွေ ပြင်ဦးလွင် ရောက်ဖူးလား.."
"မသိဘူး.."
"ခေါ်ခဲ့ရင် ကောင်းဖို့နော်…"
"သူတို့ဟာသူတို့ သွားပါစေ…."
"…………."
ပြင်ဦးလွင်ကို လည်ချင်တယ် ပြောထားတဲ့ ဟိုကောင်လေး ကို သတိရပြီး ပြောလိုက်မိတာ သူ့ဘက်က ပြတ်သားပြတော့ နှုတ်ဆိတ်နေရသည်..။
"…အပါးတို့ ဆီ ဝင်ဦးမလား…"
"မဝင်ဘူး…"
"ဘယ်လောက်မှ ကြာတာလဲ မဟုတ်ပဲ.."
"………."
"……….."
စိုးစိုး ပိုက်ဆံအိတ်ကို ဖွင့်ပြီး အလုပ်ရှာနေရင်း စကားပြောချင်စိတ်ကို ထိန်းသိမ်းထားရသည်..။
သူနဲ့ စကားပြောချင်ပေမဲ့သူ့သူငယ်ချင်းတွေရှိနေလို့ နှုတ်ဆိတ်နေခဲ့ရသည်.။
အခု နှစ်ယောက်တည်း သွားရပြန်တော့ လည်း မျက်နှာစူပုတ်ပုတ်ကြီးကြောင့် စကားသေချာ မပြောဝံ့..။
ငယ်သူကို ပြန်ရိုသေနေရသည့် ကိုယ့်အဖြစ်ကို ကိုယ်တွေးရင်း ပြုံးမိသေးသည်..။
"ဘယ်တုန်းက ကားမောင်း သင်လိုက်တာလဲ…"
"ကြာပြီ…"
"ငါ့တောင် မပြောဘူး…"
"……….."
"အေးလေ…..နင်က ကလေးမှ မဟုတ်တော့ပဲ…"
"………."
"…………"
စိုးစိုး ပျင်းလာလို့ သီချင်း ဖွင့်လိုက်သည်..။
တစ်ချိန်တုန်းက သူအရမ်းကြိုက်တဲ့ လွမ်းပိုင် သီချင်းကို သူက မျက်မှောင်ကြုတ်ကာ တုန့်ပြန်သည်..။
လက်က ရွေ့လျားပြီး ပိတ်ပစ်လိုက်တော့ စိုးစိုး ခပ်ဖွဖွ ရယ်မိသည်.။
"ဘာဖြစ်နေတာလဲ…ပီပီ…"
"ဟောတော့…အဲဒါ ….ကျွန်မ မေးရမှာ မဟုတ်ဘူးလား…ဘာဖြစ်လို့ ဒီလောက် စူပုတ်နေရတာလဲ….မပို့နိုင်ဘူး ပြောရင်လည်း ငါ့ဟာငါ ပြန်တက်ပါတယ်…"
"ကျစ်…."
"ဘာလဲ….ဘာကို အလိုမကျ ဖြစ်နေတာလဲ…"
"နင် ဘာလို့ အဲလောက် ပြောင်းလဲသွားတာလဲ…"
"ကျွန်မလား…..မပြောင်းပါဘူး…နေရှင်းသန့်ပဲ ပြောင်းသွားတာပါ…ဘယ်လိုလဲ….ကောင်မလေးတွေ့နေပြီလား…ပြောဦးနော်…."
"……….."
ကားမောင်းနေရင်း စိုးစိုး ကိုအကြာကြီး လှည့်ကြည့်ပြီးမှ တစ်ဖက်ကို မျက်နှာလွဲသွားသည်..။
ဘာမှ မပြောချင်တော့ဘူးဆိုတဲ့ ပုံစံမျိုး..။
အလိုက်မသိတက်တဲ့ မိန်းမ တစ်ယောက်ကို ရှင်းမပြချင်ဘူး ဆိုတဲ့ပုံစံမျိုး..။
စိုးစိုး သက်ပြင်းချလိုက်သည်.။
သူ့သူငယ်ချင်းတွေ အပေါ်ဆက်ဆံတာ နည်းနည်း တင်းမာ သလို ဖြစ်သွားခဲ့သည်.။
မတက်နိုင်ပါ..။
သတိမထားမိလို့ ဆိုးဆိုးးဝါးဝါး တုန့်ပြန် မိတာထက် စာရင် အခုလို နေတာ ပိုကောင်းပါသည်လေ..။
အခုလို စကားပြောနိုင်အောင် စိတ်ငြိမ်ဆေးတွေ သောက်ခဲ့ရသေးသည်..။
စိုးစိုး ဘဝကိုကတည်းက ကပြောင်းကပြန်တွေ ဖြစ်နေတာမို့ ထူးပြီးလည်း မခံစားရတော့ပါဘူး..။
တောင်တန်းတွေကို ကြည့်ရင်း သူနဲ့အတူတူ ရှိနေချိန်လေး စိတ်ကို အေးချမ်းအောင် ကြိုးစားရသည်..။
"ကျေးဇူးပဲ…..သူငယ်ချင်းတွေ မပြန်ခင် ခေါ်ခဲ့လေ…"
"မလာဖြစ်တော့ဘူး…သင်တန်းတွေ ရှိသေးတယ်…"
"သြော်….အင်း….ကားယူသွားလိုက်…"
"မလိုပါဘူး.."
"ယူသွားလိုက်ပါ…သူငယ်ချင်းတွေနဲ့ဆိုတော့ အခုလို သွားတာ ပိုပျော်ဖို့ကောင်းမှာပေါ့…"
"ရတယ်….သွားပြီ…"
မြို့အဝင်မှာတင် ကားရပ်ပြီး ဆင်းသွားတော့ နေရာပြောင်းထိုင်၍ စိတ်ထဲမှာ တစ်ခုခု ခံစားနေရသည်..။
စိတ်မကောင်းဖြစ်တာနဲ့ ငိုချင်တာတွေရောထွေးပြီး ခေါင်းတွေလည်း နောက်ကျိ ရှုပ်ထွေးနေသည်…။
ကားသော့ကိုင်ရင်း ငေးကြည့်နေမိပေမဲ့သူကတော့ ဆိုင်ကယ် တစ်စီးပေါ်တက်ပြီး ထွက်သွားပြီ..။
နင့် အမြင်မှာ ငါက အလိုက်မသိတဲ့ မိန်းမ..။
ရှက်စရာကောင်းတဲ့ မိန်းမ…။
မုန်းစရာကောင်းတဲ့ မိန်းမကြီး ဖြစ်နေပြီလား..နေရှင်းသန့်ရယ်…။
စိုးစိုး မျက်နှာမော့လိုက်ပေမဲ့ မျက်ရည်တွေ ပြိုဆင်းလာသည်..။
.
"နွားလေး…ဘာဖြစ်နေတာလဲ.."
"ဘာဖြစ်လို့လဲ…."
"မသိဘူးလေ…မှုန်နေတာပဲ.."
"အဟွင်း…မဖြစ်ပါဘူးကွာ.."
"……….."
"…………"
"အောင်ကျော်ဦး…"
"ဟမ်…."
"ငါ သုံးထားတဲ့ စာရင်း ငါ့ဆီမှာ ရှိတယ်….သူမှတ်ခိုင်းထားတာတော့ မဟုတ်ပါဘူး…ဒီတိုင်း ငါ့ဟာငါ မှတ်ထားတာလေ…"
"အများကြီးပဲလား."
"သိပ်မများပါဘူး….တစ်ခါတည်း မပေးနိုင်တောင် ခွဲ ပြီး ပေးချင်တယ်….ငါ သူ့ဆီ ကို ငွေလွဲဖို့ တွေးရင် အားနာနေတယ်…..သူ့စေတနာကို စော်ကားသလို များ ဖြစ်နေမလား…."
"အေး..ဖြစ်ချင်လည်း ဖြစ်မှာပေါ့…."
"ဟမ်…."
"ဒါပေမဲ့ မင်း အားနာ စရာ မလိုပါဘူး…သူလည်း မင်းကို စော်ကား နေတာပဲ.."
" ငွေတွေေ ပးဖို့က ဟိုအရင်ကတည်းက ငါ ဆုံးဖြတ်ထားတာပဲ…သူ ဘက်က တမျိုးထင်သွားမှာပဲ စိုးရိမ်တာ…..ငါ ဘာလုပ်သင့်လဲ…"
"ပေးစရာ ရှိတာ မြန်မြန်ပေး..ရှင်းစရာ ရှိတာ မြန်မြန်ရှင်း…အချိန်ကြာလေ ပိုဆိုးလေ ဖြစ်ကုန်လိမ့်မယ်…မင်း ခြေထောက်ပေါ် မင်းရပ်နိုင်တဲ့ အရွယ် ရောက်နေတာတောင် လူရှေ့ သူရှေ့မှာ ပါဝါ ပြလွန်းတယ်…နောက်ဆို မလွယ်ဘူး…"
နေရှင်းသန့် သက်ပြင်း တစ်ချက် ချလိုက်သည်..။
အောင်ကျော်ဦး ပြောနေတာလည်း လွန်မယ် မထင်…။
ငါ ဘာလုပ်ရမလဲ ပီပီရယ်…။
"နေကြီး…"
"ဟမ်…"
"ခေါင်းစားရင် လည်း နောက်မှ စားကွာ…သော်တာ့ကို အိမ်လိုက်ပို့လိုက်ဦး…"
"အမ်…."
"ဟုတ်တယ်…ခေါင်းမူးလို့တဲ့…."
"………."
နေရှင်းသန့် ခေါင်းညိတ်ပြီး ထွက်လာတော့ သော်တာက ကားမောင်းသူ နေရာမှာ ထိုင်နေသည်..။
ခေါင်းမူးတယ်ဆိုတဲ့ သူက အခုကျတော့ ရယ်ပြုံးနေလို့ပါလား…။
အောင်ကျော်ဦး တမင် အကွက်ဆင်တာ သိလိုက်တော့ နောက်ကျသွားပြီလေ..။
သော်တာ က လက်ပြ နှုတ်ဆက်သည်..။
"နေရှင်းလည်း သင်တန်းသွားမလို့မလား…လိုက်ခဲ့လေ…"
"နေပါစေ.."
"ဘာလည်း…မခင်လို့လား…"
"ဟာ..မဟုတ်ပါဘူး..သော်တာရယ်…"
"ဒါဆို….မြန်မြန်လာလေ….နောက်ကျတော့မယ်…"
နေရှင်းသန့် ခေါင်းညိတ်လိုက်ပြီး ကားတစ်ဖက်ကို သွားကာ တံခါးဖွင့်၍ ဝင်ထိုင်လိုက်သည်…..။
နောက်ခန်းမှာ သော်တာ့ သူငယ်ချင်း နှစ်ယောက်လည်း ရှိနေတော့ အံသြသွားသည်…။
"နင်တို့ နှစ်ယောက် couple ဆု ရတာ သီပြီးပြီလား…"
"ဟင်..ဟုတ်လား…"
"အေးလေ….vote ခွဲတာ နင်တို့က အမှတ်အများဆုံးပဲ….ကွန့်မန့်တွေလည်း ဝင်ဖတ်ကြည့်ဦး အတည်တွဲပါဆိုတာချည်းပဲ…"
"ဟား..ဟား..ငါတို့ ပုံက အသက်ဝင်နေလို့ဖြစ်မယ်…ဒါတောင် အောင်ကျော်ဦး ရိုက်ပေးတဲ့ မလှမပ ပုံမို့လို့နော်…နေရှင်း…"
"အဟွင်း…အင်း…ပန်းပုံတွေလည်း စောင်းနေတယ်…."
"ဟုတ်ပ….ဘာဆု ရမှာလည်း ဟင်…"
"Photo ဘက်က ပေးမှာဆိုတော့ pre wedding ပုံ နေမှာပေါ့…"
"ဟယ်….အဲဒါဆို ပိုအဆင်ပြေပြီ…..ငါ့ အစ်မ တစ်ဝမ်းကွဲက အကျီ ၤ စပွန်ဆာ ပေးလိမ့်မယ်…"
"နင်တို့ကလည်း စနေပြန်ပြီ….နေရှင်း ဆင်းပြေးတော့မယ်…"
"အမိုက်အမဲတွေကို ကျွန်တော် ပွေမယူပါဘူး…အဟွင်း…"
"ဟယ်….ကောင်စုတ်…"
သော်တာ့ သူငယ်ချင်းတွေနဲ့ စနောက်နေရင်း နေရှင်းသန့် သက်ပြင်း ခိုးချမိသည်…။
အောင်ကျော်ဦး က ကိစ္စ မရှိပေမဲ့ ထွဋ်နိုင်နဲ့ ကိုမိုးကို မျက်နှာချင်းဆိုင်တိုင်း မျက်နှာပူ၍ အားနာသည်..။
ကိုယ့် အခြေအနေ ကို ချပြမိသလို ဖြစ်သွားတော့ အားငယ်စိတ်လည်း ဖြစ်သည်.။
"ဟော..သူတို့က ဒီကို ရောက်နေပြီ…"
"ဟေး…နေကြီး…အထိမ်းအမှတ် တစ်ပွဲကျွေး."
အောင်ကျော်ဦးက လွယ်အိတ် ကို နေကွယ်ပြီး လှမ်းအော်တော့ သော်တာ က ရယ်သည်.။
ပေါက်ကရ အမြဲထွက်နေတဲ့ အောင်ကျော်ဦး ပါးစပ်ကြောင့် သော်တာ့ကိုလည်း အားနာပါသည်..။
"ဘာအထိမ်းအမှတ်လဲ…အောင်ကျော်…"
"ငုငုဆိုတဲ့ အတိုင်း ငူငူပါပဲ….နေကြီး နဲ့ သော်တာ တို့ စုံတွဲ အတွက်လေ.."
"သြော်….သြော်….ဒီ အခြေအနေလား…"
"ဟဲ့…ငုဝါနော်…."
"ကဲ….စုံတွဲတွေ ဘာကျွေးမှာလဲ…"
"အောင်ကျော်ဦး…"
"ဘာလဲကွ….မင်းတို့ ဓာတ်ပုံ အရွေးခံရလို့လေ…"
"အေးလေ…နင်တို့ က ဘာ မလုံမလဲ ဖြစ်နေတာလဲ.."
"ငုဝါခိုင် အစုတ်အပြတ်မ…."
"ခုတော့ ပြောပြီပေါ့…."
"………"
သော်တာတို့ အတန်းထဲ ဝင်သွားတော့မှ နေရှင်းသန့် အနားက အောင်ကျော်ဦး ကို တစ်ချက် ထိုးလိုက်သည်…။
နေရှင်းသန့် ပခုံးကို အောင်ကျော်ဦး က ဖက်တော့ ပြုံးပြလိုက်သည်..။
တစ်ခါတလေ သူငယ်ချင်းတွေကြောင့် ဘ၀ က ဖြေသာ ပါသေးသည်..။
.
"ဟလို…."
သူ ပြန်သွားတဲ့ တစ်ပတ် ကျော်မှာ ဖုန်းလည်း အဆက်အသွယ်မလုပ်တော့ စိုးစိုးပဲ ဖုန်းခေါ်လိုက်သည်.။
တစ်ဖက်က ဖုန်းကိုင်ပေမဲ့ ပြန်မပြောတော့ စိုးစိုး မျက်ခုံးတွန့်မိသည်.။
ဟိုတစ်ခေါက်ကလို သူ့သူငယ်ချင်းတွေ ဖုန်းကိုင်ပြန်ပြီလား..။
"ဟလို…."
"ဟုတ်ကဲ့…"
မိန်းကလေး တစ်ယောက်အသံ ဖြစ်နေတော့ စိုးစိုး တုန်လှုပ်သွားသည်.။
ဘယ်လို ပတ်သက်မှုနဲ့ မိန်းကလေးမို့ သူ့ဖုန်းကို ကိုင်ခွင့်ရှိတာလဲ…။
"နေရှင်းသန့် နဲ့ ပြောချင်လို့ပါ…"
"ဟုတ်ကဲ့…နေရှင်းက အတန်းထဲ ရောက်နေလို့ပါနော်…ဖုန်းပြန်ခေါ်ခိုင်းလိုက်ပါ့မယ်…."
"သြော်….ဟုတ်ကဲ့…"
စိုးစိုး မေးခွန်းတွေကို မြိုသိပ်ပြီး ဖုန်းချလိုက်ရသည်..။
အရင်တစ်ခါလို သူ့မိန်းမ ပါလို့ မပြောချင်..။
သူ့သူငယ်ချင်း တစ်ယောက်ကို ပြောမိတာ စိုးစိုးနဲ့ သူ့ကို ရန်စ နေသည်လေ..။
သူငယ်ချင်းတွေ အလယ်မှာ အရှက်ရစရာ ဖြစ်သွားမှာ တွေးကြောက်သည်..။
ဖုန်းချလိုက်ပေမဲ့ အတွေးတွေဖြင့် အလုပ်များနေဆဲပါပဲ..။
မိုးချုပ်တဲ့အထိ ဖုန်းပြန်ခေါ်မလား မျှော်မိပေမဲ့ ဖုန်းမလာ..။
စိုးစိုး အိပ်ရာဝင်သည် အထိ ဖုန်းကို အနားမှာ ထား၍ အိပ်မိသည်..။
သူ မအားလို့ နေမှာပါလို့ ဖြည့်တွေးပေမဲ့ စိတ်ထဲမှာတော့ ဝေဒနာ တစ်ခု တိုးလာသည်..။
မနက် အိပ်ရာ ထထချင်း ဖုန်းကို ကြည့်မိပေမဲ့ ဖုန်းခေါ်ထားတာ မတွေ့..။
"………."
စိုးစိုး ခြံထဲ ရောက်လာတော့ အလုပ်ကိစ္စတွေနဲ့ ခေါင်းရှုပ်ရပေမဲ့ ခဏခဏ ဖုန်းကို ကြည့်ရင်း သတိရပါသည်..။
.
"အပြစ်မမြင်ပါဘူး….ချစ်ချင်တာပဲ သိတယ်…."
"ဟလို…"
စိုးစိုး ပါးစပ်ထဲက ထမင်းလုပ် ကို အတင်းမြိုချပြီး ဖုန်းကို ကပျာကယာ ကောက်ကိုင်လိုက်သည်.။
"မစိုးစန္ဒာ ဟုတ်ပါတယ်နော်…"
"ဟုတ်ကဲ့…"
"ကျွန်မတို့…..ဘဏ်မှာ အစ်မ နာမည်နဲ့ ငွေလွဲရောက်ပါတယ်…လာထုတ်လို့ရပါပြီနော်…"
"ရှင်….ဘယ်က….ဘယ်သူလွဲတာလဲရှင်…"
"နေရှင်းသန့် နာမည်နဲ့ပါ…"
"သြော်…ဟုတ်ကဲ့.."
စိုးစိုး ပြုံးလိုက်သည်..။
သူ့အဘိုးကို ငွေလွဲချင်ရင်တော့ စိုးစိုးနဲ့ မဖြစ်မနေ ပတ်သက်ရသည်လေ..။
အကြောင်းပြချက် တစ်ခုရပြီမို့ ဖုန်းနံပါတ်ကို မြန်မြန် ပြန်ခေါ်လိုက်သည်..။
ဖုန်းမခေါ်ပဲ နေနိုင်သည့် ကောင်လေးကို ရန်တွေ့ချင်သည်..။
"ဟ..လို…"
နေ့ခင်း တစ်နာရီ ကို အိပ်ချင်မူးတူး အသံဖြင့်ထူးတော့ စိုးစိုး နှာခေါင်းရှုံ့မိသည်..။
"အိပ်တုန်းလား…"
"အမ်း…ဘယ်သူလဲ…"
"ပေါ့ပီပါရှင်….ငွေလွဲ ရောက်တယ်ဆိုလို့ပါ…ဟုတ်လား…"
"အမ်း…"
"အပါးတို့ကို ပေးလိုက်မယ်နော်…"
"မဟုတ်ဘူး..မဟုတ်ဘူး….အပါးတို့ကို လွဲပြီးပြီ…ဒါက နင့်ဆီကို လွဲတာ…"
"ဟင်…ဘာလို့လဲ…"
"ငါ့အတွက် ကုန်ထားတဲ့ပိုက်ဆံတွေကိုအခု တက်နိုင်သလောက် နည်းနည်းချင်း ဆပ်မယ်…"
"ဟမ်…"
"အကုန်လုံးတော့ မဆပ်နိုင်သေးဘူး…"
"ဘာလဲ…..ဘာဖြစ်လို့လဲ….ငါလည်း မတောင်းမိပါဘူး…နင့်ကိုကျောင်းထားပေးမယ်လို့ ပြောပြီးသားလေ…ဘာလို့ ဆပ်နေတာလဲ…"
စိုးစိုး နားမလည်နိုင်စွာဖြင့် စိတ်လှုပ်ရှားရင်း စကားတွေ မရပ်မနား ပြောမိသည်..။
သူ့ဘက်က ခဏ တိတ်ဆိတ်နေပေမဲ့ စိုးစိုး မှာတော့ ရင်တွေ ခုန်ရင်း လက်ဖျားပင် အေးချင်လာပြီ..။
"ငါ့ဆီမှာ စာရင်းရှိပါတယ်… ပြန်ပေးချင်တယ်.."
"နင့်ကို ပေးထားတာမှ မဟုတ်တာ…နင့်ကျောင်းတက်ဖို့ ငါ တာဝန်ယူထားတာလေ……"
"အေး…အဲဒါလည်း မယူချင်ဘူး.."
"အိုး…ဘာဖြစ်တာလဲ…"
"နင့် ဆီက အထောက်အပံ့ မလိုချင်လို့…"
"ဘာ…."
"ဟုတ်တယ်..ခု မယူတော့ပေမဲ့ အရင်တုန်းကအများကြီး ယူခဲ့ရတာလေ…"
"……….."
"…………"
"ငါ အစ ကတည်း က ဆုံးဖြတ်ပြီးသားမို့ပါ…"
"ငါ မယူဘူး.."
"ငါ့ဆီမှာ စာရင်း ရှိတယ်……ဗိုက်ဗာက ပုံပို့လိုက်မယ်….တစ်လ တစ်ခါ ငွေလွဲပေးမယ်…"
"နေရှင်းသန့်…."
စိုးစိုး ဒေါသ နဲ့ အတူ အော်လိုက်မိသည်..။
ပတ်ဝန်းကျင်ကို သတိရတော့မှ ခံစားချက်ကို အတက်နိုင်ဆုံး မြိုသိပ်ရပါသည်..။
"နေရှင်းသန့်…နင်ဘာလို့ အဲလို လုပ်တာလဲ…."
"……….."
"ငါ သဘောပေါက်ပြီ….ငါ့ပိုက်ဆံ ပြန်ပေးလိုက်ရင် အကြွေးတွေ ကျေပြီပေါ့..နင်က ငါ့ဆီက ချေးထားတာလား… ခု နည်းနည်းချင်း ပြန်ဆပ်မယ်..အဲလိုလား… အဲလို ဖြစ်စေချင်တာလား….အဟွင်း…ကောင်းလိုက်တာ….ကောင်းတယ်….ဒီ ပိုက်ဆံ အနည်းအကျဉ်း က ငါ့အတွက် အသုံးမဝင်ဘူး….ထုတ်သုံးမှာလည်း မဟုတ်ဘူး…ဘဏ်ကနေ နောက်တစ်ခါ ဖုန်းဝင်လာကြည့်..နင် နဲ့ ငါ ကြားမှာ ဘာမှ မရှိတော့ဘူး….ဘာဆို ဘာမှ မရှိတော့ဘူးနော်…."
"…………..…"
"………….."
စိုးစိုး ဖုန်းချလိုက်၍ အနားက ခုံမှာ ထိုင်ချလိုက်ရပေမဲ့ စိတ်တွေ လှုပ်ရှားနေဆဲပင်…။
ဘယ်သူက ဘာပြောလို့ ပိုက်ဆံအကြောင်းတွေ ပြောနေတာလဲ..။
ပိုက်ဆံတွေ ပြန်ပေးပြီး စိုးစိုးနဲ့ သူ့ရဲ့ ဆက်ဆံရေးကို ဖျက်ပစ်ချင်တာလား..။
ကလေး မို့ နားမလည် သေးဘူး ဆိုပေမဲ့ သူနဲ့ ကိုယ်က ဘုရားကျောင်းမှာ ကတိသစ္စာပြုပြီး လက်ထပ်ထားတဲ့ သူတွေလေ..။
ကိုယ့် အတွက် အတ္တတွေပါခဲ့ပေမဲ့ သူ့ကို စေတနာ ထားခဲ့တာ သူနဲ့ စတွေ့ကတည်းကပါ..။
ဒီလို စေတနာ ကရုဏာ တွေကို ပိုက်ဆံနဲ့ အစားထိုး ပြန်ဆပ်လို့ရမယ်ထင်နေတာလား..။
မမြင်ရတဲ့ အရာတွေ အများကြီး သူ့ကို ပေးခဲ့တာကို ဘာနဲ့ ပြန်ဆပ်မလဲ..။
ပန်းခင်းအဖြူကြီးကို ငေးနေရင်း မထင်တဲ့ ရေစက်တွေ ပါးပေါ် စီးကျလာသည်..။
အို…ငိုရပြန်ပြီ…။
ကိုခိုင် တုန်းက ကိုယ့်ဝေဒနာကြောင့် ငိုခဲ့ရသည်..။
အခုကျတော့ နှလုံးသားထဲက နာကျင်လို့ ကျလာတဲ့ မျက်ရည်စက်တွေ..။
ဟုတ်တာပေါ့……သူ က အခု အတောင်စုံသွားပြီ..။
စိုးစိုး ထက်အများကြီး သာလွန်သွားပြီ..။
မျက်စိပွင့် နားပွင့် ရုံမက ပတ်ဝန်းကျင် ကောင်းကောင်းကိုလည်း ရောက်သွားခဲ့ပြီ.။
သူ့ရဲ့ နုပျိုမှုတွေ အစပျိုးလာချိန် စိုးစိုးရဲ့ ပျိုမြစ် မှုတွေက လျော့ရဲလာပြီ..။
ကိုယ့်ကိုပဲ ဖက်တွယ် အားကိုး ပူဆာတက်တဲ့ ကောင်လေး မဟုတ်တော့ဘူး..။
မိန်းမလှလေးတွေ ဝိုင်းလည်နေအောင် ချွဲခံနေရတဲ့ ခပ်ချောချော လူရွယ် တစ်ယောက် ဖြစ်လာပြီပဲ…။
ဒီလို အခြေအနေမှာ အတိတ်က မိန်းမတစ်ယောက်နဲ့ လက်ထပ်ခဲ့ဖူးတယ်ဆိုတာကြီးက သူ့ကိုခြောက်လန့်နေပြီလေ.။
အတိတ်က ရုန်းထွက်ချင်နေတဲ့ ဘဝမို့ ကိုယ်ချင်းစာလို့ရပါသည်..။
သူ မပတ်သက်ချင်တော့တာ သိသာသည်မို့ မကြိုးစားချင်တော့ပါ…။
ကိုယ်အတွက် အတိတ်က မလွတ်မြောက်နိုင်သေးပေမဲ့ သူ့ကိုတော့ အတိတ်ကနေ လွတ်လပ်ပျော်ရွှင်စွာ ပျံသန်း ထွက်ခွာသွားစေချင်သည်..။
စိုးစိုးလိုမျိုး အတိတ်ကို တွေးကြောက် ပူလောင်နေတာမျိုး မဖြစ်စေချင်…။
နှောင်ကြိုး မရှိပဲ…အပြည့်အဝ လွတ်လပ် စွာ ပျံသန်းပါစေ..။
"…………."
သူ့အခန်းထဲမှာ တွေ့ခဲ့တဲ့ ကောင်မလေး တစ်ယောက်နဲ့ ဓာတ်ပုံကို မြင်ယောင်မိသည်..။
ပန်းခူးနေတဲ့သူတွေရှေ့မှာမို့ မျက်ရည်တွေကို သုတ်ပစ်လိုက်ပြီး လက်ထဲက စာရင်း စာရွက်ကို ကြည့်ရင်း အလုပ်ရှာနေမိသည်..။
ရင်ထဲမှာတော့ မျက်ရည်မိုးတွေ သည်းလို့..။
0702-0526-0802-1231
.
"နေရှင်း.."
"သြော်….သော်တာ.."
"အင့်…ဒက်ဒီက နေရှင်းကို ကျေးဇူးတင်ခိုင်းလိုက်လို့.."
"ဟင်….ဘာကိုလဲ…."
"ဒီ ဘရန်းအသစ် အတွက် မော်ဒယ် လုပ်ပေးခဲ့လို့လေ…"
"သြော်….အဲဒါက ကျွန်တော်က ပိုပြီး ကျေးဇူးတင်ရမှာပါ…အခုဆို ပိုတိုမော်ဒယ် လိုလိုတောင် ဖြစ်နေပြီ…"
"သြော်….ဟလား..ဒါဆို….နေရှင်း…ညကျရင် အားလား…"
"အင်း…."
"သော်တာတို့ ညကျရင် ကဲမလို့ လိုက်ခဲ့ပါလား….."
"……….."
စာအုပ်ကြီး ကိုင်ထားတော့ စာမေးမယ်ထင်လို့ အားတယ် ပြောမိသွားပြီ..။
သော်တာနဲ့ ရင်းနှှီးပေမဲ့သူငယ်ချင်းတွေကိုတော့ ကြောက်သည်..။
နေရှင်းသန့် ငြင်းလို့လည်း မရတော့လို့ ခေါင်းညိတ်လိုက်ရပါသည်..။
သော်တာ တို့ ထွက်သွားတော့မှ အောင်ကျော်ဦး က အနားကို ရောက်လာသည်..။
တမင်ရှောင်ပေးမှန်းသိလို့ နေရှင်းသန့် တစ်ချက်ကြည့်ပြီး စားလက်စ ထမင်းပန်းကန်ကိုပဲ ပြန်ဆွဲယူလိုက်သည်..။
"ဟဲ..ဟဲ…ဘယ်လိုလဲ..တော်တော်မှ အဆင်ပြေနေပြီလား.."
"အောင်ကျော်ဦး…မင်းမသိတာလဲ..မဟုတ်ဘူးကွာ…"
နောက်ဝိုင်းမှာ တခြားကျောင်းသားတွေလည်း ရှိနေလို့ လေသံတိုးတိုး ဖြင့် သတိပေးလိုက်ပေမဲ့ အောင်ကျော်ဦးက မျက်နှာ ရှုံ့မဲ့သွားသည်…။
"သွားစမ်းပါကွာ…"
"တော်ပြီ…ထပ်မပြောနဲ့တော့…"
"……….."
နေရှင်းသန့် ထမင်းပန်းကန်ကို လက်စသတ်ပြီး ပိုက်ဆံရှင်း၍ ထွက်လာတော့ အောင်ကျော်ဦးက နောက်က ပြေးလိုက်လာသည်..။
ပခုံးကို ဖက်ပြီး ရယ်နေတော့ တစ်ချက်လှည့်ကြည့်လိုက်သည်..။
"ဘာလဲကွ…"
"မင်း လုပ်နေတာ မဟုတ်သေးဘူးနော်….အောင်ကျော်"
"ဘာကိုလဲ…"
"သော်တာ နဲ့ ငါ့ကို ငြိအောင် လုပ်နေတယ်လေ…"
"အေးလေ…သူငယ်ချင်း အတွက် အလိုက်တသိ အကျိုးဆောင်ပေးနေတာပဲဟာ…"
"ငါ့အကြောင်း မင်းအကုန်သိသားနဲ့…"
"ဟာကွာ…နားစမ်းပါ…"
"…….."
"ဘွားတော် နဲ့ မင်း အဆက်အသွယ် မရှိတာတောင် ဘယ်လောက်ကြာပြီလဲ..ဖုန်းလည်း မဆက်ဘူးမလား…"
"စာမေးပွဲ မဖြေခင် ကတည်းက.….ငါ ပိုက်ဆံလွဲတယ် ဆိုကတည်း က မဆက်တော့တာပဲ…သူ အရမ်းစိတ်ဆိုးသွားပြီ ထင်တယ်…"
"စိုးပါစေ…မင်းဘက်က အခြေအနကို သူသိသင့်တယ်...မဟုတ်ရင် သူ့မျက်လုံးထဲ မင်းကအဆင့်တက်လာမှာ မဟုတ်ဘူး..မင်း လည်း မဆက်နဲ့နော်….သူ့ဘက်က မှားတယ်ထင်ရင် သူ ဆက်လိမ့်မယ်…လုံး၀ အလျော့မပေးနဲ့….ငါ့ကို ပွင့်ပွင့်လင်းလင်း ပြောစမ်းပါ….မင်းတို့ တကယ့်လင်မယား ဖြစ်သွားပြီလား.."
အောင်ကျော်ဦး ရဲ့ မေးခွန်းကြောင့် နေရှင်းသန့် မျက်နှာပူပေမဲ့ နှာခေါင်းရှုံ့၍ ပြောင်လိုက်သည်..။
မဖြစ်မနေ သိချင်နေတာကြောင့် ပခုံးကို တွန်းပြီး မတ်တက်ရပ်လိုက်သည်..။
"ဘာလဲကွ….အရမ်းသိချင်နေလား…"
"အေး….ယောက်ျားပဲ….ကိစ္စတော့ မရှိပါဘူး….တကယ်လို့ နေပြီးသွားရင်လည်း ကလေး တစ်ယောက်ကျု ကြံရဲတဲ့ ဘွားတော် ကို ငါ ပိုတင်းပြီ…"
"ဟား…ဟား…ဇွတ်ကြီးပါလား…မင်း…ငါကို ကြိုက်နေတာတော့ မဟုတ်ပါဘူးနော်…"
"တွီ…မကြံကောင်းမစည်ရာ….ငါက မင်းအတွက် စဉ်းစားမိလို့ပါ…ငါတို့က တနယ်တည်းက သူငယ်ချင်းတွေပဲ…"
"အေးပါကွာ….ငါသိပါတယ်…အဲလို မနေဖြစ်ပါဘူး….သူက ငါ့ကို ကလေးလိုပဲ.."
"ကလေးလိုပဲမို့….မင်းဘွားတော်ကြီးကိုလည်း တကယ် အံသြတယ်နော်…ချာတိတ်လေးကို လင်တော်ရဲကတည်းက လေးစားတာကွာ…ဟွန့်…သူငယ်ချင်းတွေ အတူတူနေတဲ့ တိုက်ခန်းလိုက်လာပြီး့ အခန်းထဲ ခေါ်သွင်းထားရဲတယ်လေ….."
"သူလည်း မနေတက်လို့ပါကွာ…ခင်ဖို့ကောင်းပါတယ်…"
"တေ်ာပါကွာ…ကိုမိုးကို မေးကြည့်လိုက်..မန္တလေး သွားဦးမလားလို့လေ…"
"ဟူး.."
နေရှင်းသန့် ခေါင်းညိတ်လိုက်ရတော့သည်..။
အဲဒီ့ခရီးစဉ်ကြောင့် သူငယ်ချင်းတွေကို အားနာပြီး မျက်နှာလည်း ငယ်ခဲ့ရပါသည်.။
ပိုက်ဆံလွဲပြီးကတည်းက ဖုန်းမဆက်လို့ နေရှင်းသန့်လည်း မခေါ်မိတော့ပါ..။
သူငယ်ချင်းတွေကြား ထဲ တမင် အရှက်ကွဲခံရသလို ခံစားနေရသည်..။
ခြောက်လအတွင်း အဆက်အသွယ် လုံး၀ မရှိပေမဲ့ တစ်လ တစ်ခါတော့ ငွေလွဲပေးပါသည်..။
အပါး တို့ဆီ ဖုန်းပြောဖြစ်ပေမဲ့သူ့အကြောင်းတော့ မမေးမိ…။
မေးချင်စိတ်ကုန်နေတာလည်း ဖြစ်နိုင်သည်..။
ဖုန်းအဆက်အသွယ်မရှိပေမဲ့ သူ့ပုံကျတော့ မမေ့မလျော့ ကြည့်မိပြန်သည်..။
ကိုယ့်ကိုယ်ကို နားမလည်လို့ ဆံပင်တွေကို ဖွပြီး ပြန်သပ်တင်လိုက်သည်..။
အောင်ကျော်ဦးကတော့ ရှေ့က ကောင်မလေးတွေကို ငေးရင်း လမ်းလျှောက်သွားတာ ခပ်လှမ်းလှမ်းတောင် ရောက်နေပြီ..။
.
"ကော်ဖီပင်တွေ က ဘာဖြစ်တာလဲ.."
"အဲလို ဖြစ်နေတာ ကြာပြီ…..."
"အိုး…အဲဒါကို မပြောဘူး…."
"ဟို…"
"တော်တော် အသုံးမကျတာပဲ..တစ်ခုခု ဖြစ်ရင် ပြောပါလို့ ပြောထားရဲ့သားနဲ့….ကျစ်…"
ကေ်ာဖီပင်ပေါက်လေးတွေရဲ့ ဝါနေတဲ့အရွက်ကို ကိုင်ကြည့်ရင်း စိတ်ပျက်တာနဲ့ ဒေါသ အတူတူ ဖြစ်ရသည်..။
အချိန်အကြာကြီး ရင်းနှီးထားရသည်…။
ကော်ဖီ မစိုက်ခင်ကတည်းက အရိပ်ရ သီးပင်စားပင်တွေ ကြိုစိုက်ရသည်..။
ထောပတ် တွေ စိုက်ကြည့်လိုက် တခြား အပင်တွေ စိုက်ကြည့်လိုက်နဲ့ မြေအနေအထားကို အမျိုးမျိုး စမ်းသပ်ရသည်.။
သင်ပြပေးမဲ့သူလည်း မရှိလို့ ကိုယ်တိုင် ခြံထဲကို သွားပြီးသေချာ စောင့်ကြည့် စိုက်ပျိုးသည်..။
ချိုတဲ့လာတဲ့ ကျန်းမာရေးနဲ့အတူ အစာအိမ် ရောဂါ ဖြစ်လို့ ဆေးရုံလည်း တက်ခဲ့ရသေးသည်..။
ဆေးရုံတက်နေချိန် သုံးလေးရက်မှာ ကိုယ့်ဘ၀ မှာ ကိုယ် တစ်ယောက်သာ ရှိသည်ဆိုတာ သတိထားမိသွားသည်..။
စိုးစိုး ဆေးရုံတက်နေချိန် တစ်လျှောက်လုံး ဆေးရုံက ဝန်ထမ်းတွေကိုသာ အားကိုးနေရသည်..။
ဆေးရုံဆင်းခါနီး မှ ညိုညိုကို ဖုန်းဆက်ခေါ်ရသည်..။
စိုးစိုး ဘဝမှာ ခါးသီးစရာတွေလည်း အများသား..။
အတက်နိုင်ဆုံး ကိုယ့်ဘ၀ ကို နှလုံးမှတ်ထားသည်..။
အဝေးရောက်နေသော မာမေ နဲ့ မာချယ် က စိုးစိုးအတွက် စိတ်ပူပေမဲ့ နေရှင်းသန့် လတိုင်း ပြန်လာသည် လို့ လိမ်ထားသည်..။
ဆေးရုံဆင်းတော့ ပန်းခင်းဘက်ကို ခဏတဖြုတ်လေး အချိန်ပေးလိုက်တာ ဒီဘက်မှာ အကုန်လစ်ဟာ ကုန်ပြီ..။
ကိုယ်နှစ်ကိုယ်သာ ခွဲထားချင်လိုက်ပါရဲ့..။
"သြော်…ဘာလုပ်နေကြတာလဲ….အဝါပင်တွေကို ခုတ်လေ…."
"ခင်ဗျာ…"
"ခုတ်ပစ်…အကုန်ကူးကုန်လိမ့်မယ်….တောင်စိုက်စားတာ အိုပဲ နေပြီ…ဒါတောင် မသိဘူးလား.."
"ဒါတွေ ခုတ်လိုက်ရင် တစ်ခင်းလုံး ကုန်လိမ့်မယ်…"
"အို…ကုန်ပစေ…."
"ဟုတ်ကဲ့.."
စိုးစိုး သက်ပြင်းချ၍ ခြံထဲက ပြန်လာခဲ့ရသည်..။
အခုတလော အဖျက် အမှောင့်တွေကလည်း ကြီးလိုက်တာ…။
ပန်းခင်းကလည်း ပိုးကျတာ တစ်မျိုး….ပွဲစားပညာပြတာ တစ်မျိုး..။
မခူးရင် ဆုံးတော့မှာမို့ ရတဲ့ ဈေးနဲ့ပဲ တောင်းတောင်းပန်ပန် ရောင်းလိုက်ရသည်..။
ပြည်သူတွေ ပန်းစိုက်စားနေရပါတယ်ဆိုမှ နိုင်ငံခြားက ပန်းသွင်းသည့် တာဝန်ရှိသူတွေကို ဒေါသဖြစ်ရသည်..။
နိင်ငံခြားပန်း အမျိုးမျိုး ဝင်လာတော့ စိုးစိုးတို့ ပန်းဈေးကွက် က ဈေးကောင်းမရနိုင်သည့်အခြေအနေ..။
ပန်းဆိုတာမဝယ်ရင် လှောင်ထား သိမ်းထားလို့ရတဲ့ အရာ မဟုတ်လေတော့ ပန်းစိုက်သူ တော်တော် များများက ရရာဈေးနဲ့ရောင်းရသည်..။
ပန်းပွဲစားတွေက အခွင့်အရေး ယူပြီး ဈေးကို မတန်တဆ နိမ်သည်..။
ပွဲစားကို မရောင်းဘူးလို့ စိန်ခေါ်ထားတဲ့ စိုးစိုးတောင်မှ အရှုံးခံပြီး ရောင်းရတဲ့ အခြေအနေ ဖြစ်သွားပြီ..။
ပွဲစား အားကိုးနေတဲ့ သူတွေအတွက်တော့ မတွေးဝံ့စရာ..။
အဆင်ပြေ ချောမွေ့နေတာ ဆိုလို့ လိမ္မော်ခြံလေးသာ ကျန်တော့သည်..။
လိမ္မော်က ရတဲ့ အမြတ်လေးနဲ့ ပန်းခင်း နောက်နှစ်စိုက်လို့ရဦးမှာပါ..။
ဆေးနဲ့ မြေဆွေး မစပ်တက်ပေမဲ့ ကိုစိုးမင်း က ဖုန်းဖြင့် ပြောပြပေးထားလို့ တော်တော့သည်..။
စိုးစိုး ကားမောင်းနေရင်း ပိုက်ဆံမပေးသေးသည့် ပန်းပွဲစားကို ဖုန်းဆက်တောင်းရပြန်သည်..။
"ဟလို…...ဦးမင်း လား…."
"အေး…ပြော…"
"လကုန် ငွေပေးမယ်ဆိုလို့ပါ…"
"ဟာ..နင်လည်း သိရဲ့နဲ့ဟာ….ဘယ်လိုရဦးမလဲ…ငါကိုင်ထားတာ မဟုတ်ဘူးနော်..ရန်ကုန်က မလွဲသေးတာဟ…ပေးစရာတွေမှ အများကြီးပဲ..ဒေါ်နန်းမိုးဆိုရင် သိန်းရာချီနေတာ….."
"ကျွန်မက သူတို့လိုမှ မချမ်းသာတာ…ငွေ ရမှ နောက်စိုက်ခင်းတွေအတွက် အဆင်ပြေမှာမို့လို့ပါ….ကေ်ာဖီခင်း.ကလည်း ပျက်နေပြီ…"
"အိုး….နည်းနည်းပါးပါးလေ့လာပြီး လုပ်ပေါ့ဟာ…သင်တန်းတွေ ဘာတွေ ရှိနေတာပဲ…ဦးကောင်းခြံထဲ သွားလေ့လာကြည့်ပေါ့…"
"ခွေးတောင် အဝင်မခံဘူး…"
"အေးလေ….ရမ်းတော့မလုပ်နဲ့ အခုချိန် အားလုံး ဒုက္ခရောက်နေတာ..အရင်းလည်း ရှုံး မြေလည်း ဆုံး လိမ့်မယ်…"
"အင်း…အင်း….ငွေရောက်ရင် ကျွန်မ ကို အရင်ပေးပါ….အကြွေးရှင်တွေ တောင်းလှပြီ…"
"အေးပါဟာ…စိတ်ချပါ…"
စိုးစိုး ဖုန်းချလိုက်ပြီး သက်ပြင်းကို ပါးဖောင်းအောင်မှုတ်ထုတ်လိုက်သည်..။
စိုက်ပျိုးရေး…စိုက်ပျိုးရေး….အပြောလွယ်သလောက် ခက်ခဲတဲ့ အလုပ်..။
ရင်းရတော့ ငွေရော လူရော အချိန်ရော…။
ရလာတဲ့ ပိုက်ဆံကျတော့ အဲကွန်းခန်းထဲ ကိန်းဂဏန်းတွေနဲ့ ဖုန်းတစ်လုံးနဲ့ လုပ်ရတဲ့ အောက်ခြေဝန်ထမ်းလခကမှ များလိမ့်ဦးမည်..။
ပန်းစိုက်ရင် စိတ်ချမ်းသာမယ် ထင်လိုက်တာ….အမှား..။
အခုတော့ ပန်းစိုက်ပြီး တစ်ချက်မှ ကို ကိုယ်စိတ်နှလုံး မအေးချမ်းရသူ..။
လောဘကြောင့်များ ပူလောင်နေတာလား..။
စိုးစိုး အိမ်ပြန်ရောက်တော့ လက်ထဲက ထမင်းအိတ်နဲ့ ပိုက်ဆံအိတ်ကို တွဲကိုင်ပြီး မီးခလုတ်ဖွင့်လိုက်သည်..။
လည်ဂုတ်ထောက်ရုံ ဆံပင်တွေကို စုလိမ်ပြီး ရေအရင်ချိုးရသည်.။
စားပွဲပေါ်မှာ ထမင်းဖော့ဘူးဖွင့်ပြီး စားရင်း ဖုန်းကို တစ်ဖက် က နှိပ်နေမိသည်..။
နေရှင်းသန့် ဆီက ဖုန်းမလာတာ ခြောက်လတောင်ကျော်နေပြီ..။
စိုးစိုး ဖုန်းခေါ်ချင်ပေမဲ့ သူဘက်က မပတ်သတ်ချင်တော့လို့ ပိုက်ဆံတွေ လွဲပေးနေတာ သိပါသည်..။
စိတ်အားငယ်နေချိန် သူ့ဆီကို အားကိုးတကြီး လိုက်သွားခဲ့မိတာလည်း နောင်တရပါသည်..။
သူငယ်ချင်းတွေအလယ်မှာ မျက်နှာငယ်ခဲ့ရရှာတဲ့သူ့အကြောင်းတွေးမိရင် အားနာသနားမိသည်..။
ဘယ်လောက်ပဲ နှလုံးသားက တောင့်တပါစေ…အလိုက်တသိပင် မဆက်သွယ်ပဲ နေခဲ့သည်..။
"တင်…."
စိုးစိုး ဖုန်းပေါ်က ပုံလေး ကြောင့်ပြုံးမိသွားသည်….။
ဖုန်းမဆက်ပေမဲ့ ဖေ့ဘွတ် အကောင့်ဖွင့်ပြီး သူ့အကြောင်းတွေ စုံစမ်းစောင့်ကြည့်နေမိတာ နေ့တိုင်း အလုပ်တစ်ခုပင်..။
တစ်ခါတလေ သူငယ်ချင်းတွေနဲ့ သူပျော်နေတာ တွေ့ရင် ကိုယ်လည်း ပျော်ပေမဲ့ မျက်ရည်တော့ဝဲသည်..။
သူက သတိတောင်မရတော့ပေမဲ့ ကိုယ်ကတော့ နေ့တိုင်း သတိရနေသည်..။
အဆက်အသွယ်မလုပ်ရဲသည့် အခြေအနေကို မုန်းလှပြီ..။
တစ်နေ့တာ လုပ်ငန်းတွေကို မအားမလပ်လုပ်နေရပေမဲ့ ညစာ စားတိုင်း သူ့အကောင့်ထဲကို ရောက်ဖြစ်သည်..။
ကလေး တစ်ယောက်နဲ့ မတူတော့တဲ့ ယောက်ျား တစ်ယောက်ကိုတွေ့တိုင်း ခံစားရသည်..။
သူ့ ဘ၀ တိုးတက်ပြောင်းလဲ လာပေမဲ့ ပိုပြီး ဝေးကွာသွားသလိုပါပဲ..။
ကျောင်းတက်ရင်း သင်တန်းတွေတက်…စီစဉ်တင်ဆက်သူလည်း လုပ်…တစ်ခါတလေ ကြော်ငြာ မော်ဒယ်လည်း ဝင်လုပ်သေးသည်..။
အသုံးအဆောင် နဲ့ သွားလာနေတဲ့နေရာတွေကို တွေ့ရင် အဆက်အသွယ်ပြတ်နေတဲ့ လအနည်းငယ်အတွင်း ဘယ်လောက်တောင် အောင်မြင်လာသလဲဆိုတာ ခန့်မှန်းနိုင်ပါသည်..။
သူ့ဘဝက မြင့်မားသွားခဲ့ပြီ..။
သူ့ကို ရွာလေးကနေ ခေါ်ခဲ့တဲ့ မိန်းမ တစ်ယောက်က သူပြောနေတဲ့စကားအတိုင်းပေါ့..။
သူ့ဘဝထဲက အမှုန့်အမွှားလေး တစ်ခုပါပဲ…။
သူ့ဘက်က မဆက်သွယ်တော့ဘူး မလိုအပ်တော့ဘူး ဆိုတာ သိပေမဲ့ စနေနေ့တိုင်း ဖုန်းမျှော်နေမိသည်..။
သူလိုအပ်ချိန် တိုင်း အဆင်သင့်ဖြစ်အောင်
ဖုန်းကို အနားမှာ ထားအိပ်မိသည်..။
တစ်ရေးနှိုးတိုင်း ဖုန်းယူကြည့်မိသည်..။
ဒါကို အချစ်လို့ ခေါင်းစဉ် မတပ်ချင်ပါဘူး..။
ကိုခိုင့်ကို ချစ်ခဲ့တုန်းက ဘဝကို မကျေမနပ်ဖြင့် ပူလောင်ခဲ့ပြီးပြီ..။
သူနဲ့ ပတ်သက်ပြီး ခံစားရတာ က ပူလောင်မှု မျိုး မဟုတ်..။
သိမ်ငယ်သလို အားငယ်တဲ့ ခံစားချက်မျိုးဖြစ်နေသည်..။
"……….."
ယောက်ျားလေး နာမည်နဲ့ ဖွင့်ထားတဲ့ အကောင့်မှာ နေရပ်ကို သူတို့ရွာလေးနာမည် ဖြည့်ထားလို့ လက်ခံလိုက်တာ ထင်ပါရဲ့..။
စိုးစိုး နဲ့ သူငယ်ချင်း ဖြစ်နေတဲ့ နေရှင်းသန့်ဆိုတဲ့အကောင့်ကို ဝင်ကြည့်လိုက်တော့ သူငယ်ချင်းတွေနဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံ ကို ညနေတုန်းက တင်ထားသည်..။
မျက်ခုံးပင့်ထားပြီး အပြုံးလေးတွေ လိုက်ဖက် ညီနေတော့ အသည်းပုံလေးတွေ ကွန့်မန့် အသည်းလေးတွေ ပလူပျံနေအောင်ရသည်..။
လိုက်ခ်နဲ့ ကွန့်မန့်ပေးခွင့်မရှိလို့ ကြည့်ရင်းဖြင့် ဝမ်းနည်းလာသည်..။
နင် မေ့နေရင် ငါလည်း မေ့သင့်တာပါ..။
ဒါပေမဲ့…။
အသက်ကြီးမှ စွဲလမ်းစိတ်တွေ ပိုလာတာလား ..။
သိမ်ငယ် နိမ့်ကျစွာဖြင့် အဝေးက ကြည့်နေရရုံနဲ့ကို ကျေနပ်နေပါပြီ..။
စိုးစိုး သက်ပြင်းချရင်း ထမင်းစားခြင်းကို လက်စသတ်လိုက်ကာ စားပွဲပေါ် ကို တစ်ချက်ကြည့်မိသည်..။
လက်နှစ်ချောင်းထောင်ထားပြီး သွားကျိုးနေတဲ့ ကောင်လေး ဓာတ်ပုံကြောင့် မပွင့်တပွင့်လေး ပြုံးမိသွားသည်..။
ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်…။
နင့်ကြောင့် သာ ငါ့ခံစားချက်နဲ့ဘ၀ နည်းနည်း ပြောင်းလဲ သွားခဲ့ရတာပါ…။
.
"သော်တာ…"
"………."
"…………"
နေရှင်းသန့် ပခုံးမှာ မှီပြီး အိပ်ပျော်နေတဲ့ သော်တာကို နှိုးပေမဲ့ မလှုပ်မယှက်..။
အောင်ကျော်ဦးနဲ့ သူ့ကောင်မလေးက ကလပ်ကို ရောက်ပြီးကတည်းက ဘယ်ပျောက်သွားလဲ မသိ..။
သော်တာ နဲ့ အဖော်ပါလာတဲ့ ကောင်မလေးနှစ်ယောက်ကလည်း အတွဲ ကိုယ်စီဖြင့်…။
"သော်တာ…"
"အင်…"
"ပြန်ရအောင်လေ…..နောက်ကျနေပြီ..အန်ကယ်တို့ ဆူလိမ့်မယ်…."
"ဟင်….အင်း….ပြန်မယ်…ပြန်မယ်…"
သော်တာ က ခေါင်းညိတ်ပြီး ထတော့ ယိုင်ပြီး ပြန်ပြုတ်ကျသည်..။
ကလေး တစ်ယောက်လို နှုတ်ခမ်းစူ ခြေဆောင့်တော့ နေရှင်းသန့် ရယ်မိသည်..။
မသောက်နိုင်ပဲ သူငယ်ချင်းတွေကို မခံချင်စိတ်နဲ့ သောက်တာလေ..။
"လာ…လာ…."
လက်မောင်းလေးကို တွဲကိုင်ပြီး ထူပေးတော့မှ အဆင်ပြေပြေ ထရပ်နိုင်တော့သည်..။
ဖိနပ်က ဒေါက် အမြင့်ကို ကြည့်ပြီး ဒီဖိနပ်နဲ့ ဘယ်လို ခုန်နိုင်တာလဲ အံသြရသေးသည်..။
"အဲ…သော်တာ…မှောက်နေပြီ…"
"အင်း…ပြန်ပို့လိုက်တော့မယ်….သဇင်ဖြိုးကော..လိုက်မလား.."
"ဟီး..လိုက်တော့ဘူး…"
သူ့ဘေးက ကောင်လေးကို တစ်ချက် မော့ကြည့်ပြီး ရယ်ကြဲကြဲနဲ့ ခေါင်းရမ်းပြတော့ နေရှင်းသန့် အလိုက်တသိ ခေါင်းညိတ်လိုက်သည်.။
သော်တာ ရဲ့ ကားဆီကို ခေါ်ခဲ့ပြီး ခါးပတ်သေချာ ပတ်ပေးရသည်..။
ကားကိုစက်နှိုးလိုက်ပြီး ဘေးကို အကြည့်တစ်ချက် ရောက်သွားသည်..။
ပခုံးလျော တီရှပ် ပုံစံက ပခုံးလျောတာထက် ပို၍ အောက်ကို ရောက်နေသည်..။
နေရှင်းသန့် စိတ်ရဲ့ စေခိုင်းချက် အရ အကျီ ်ကို ပြန်တင်ပေးပြီး မှ မောင်းထွက်လာခဲ့သည်..။
သော်တာ အိမ်ရှေ့ကို ရောက်တော့ နှိုးရပြန်သည်..။
"သေ်ာတာ…အိမ်ရောက်ပြီ…"
"ဟင်…ဟင်.."
"အိမ်ရောက်ပြီ…သော်တာရဲ့…"
"သြော်….အင်း…ကျေးဇူး…"
ကားတံခါးဘက်မှားပြီး နေရှင်းသန့် ဘက်ကို ကုန်းကွ ထ လာတော့ ခပ်တိုးတိုး ရယ်ရင်း ထိန်းကိုင်ပေးထားရသည်..။
"မဟုတ်ဘူးလေ…ဟိုဘက်မှာလေ…"
"ဟီး…မှားသွားတယ်…ဟီး…"
ကလေးလေး တစ်ယောက်လို ဖြူစင်စွာ ရယ်ပြရင်း နောက်ကို ပြန်ဆုတ်တော့ ဆံပင်တွေက မျက်နှာနုနုလေးပေါ် ဖြည်းဖြည်း ပြိုကျလာသည်..။
"အင်…"
ဆံပင်တွေကို သပ်တင်ပေးလိုက်ပြီးမှ သတိဝင်တော့ နှစ်ယောက်သား အကြည့်ချင်း ဆုံသွားသည်..။
တောက်ပတဲ့ မျက်ဝန်းလေးတွေကို ငေးကြည့်ရင်း ရင်ခုန်သံတွေ မြန်လာသည်..။
ပန်းနုရောင် နှင်းဆီဖူးလေးနဲ့ တူတဲ့ နှုတ်ခမ်းပေါ်မှာ အကြည့်တွေ စူးဆိုက်နေရင်း မွန်းကြပ်လာသလို ခံစားရသည်..။
လှပလွန်းသည့် သူမလေး ကို မရိုးမသား ကြည့်မိရင်တောင် ကိုယ့်မှာ က …...။
အောင်ကျော်ဦး ပြောသလို ပေါ့ပေါ့လေးပဲ တွေးချင်ပေမဲ့ အဆင်မပြေ..။
နေရှင်းသန့် အရင် အကြည့်လွဲလိုက်ကာ ကားတံခါး ဖွင့် ၍ ထွက်ခဲ့သည်..။
တစ်ဖက်က ကားတံခါးကို ဖွင့်ပေးတော့မှ ရယ်ပြပြီး ကားပေါ် က ဆင်းသည်..။
"အင့်…ကားသော့…"
"ဟာ..ရတယ်….ယူသွားလေ…"
"မလုပ်ပါနဲ့….ဈေးုကြီးတဲ့ ကားကြီး ကို တစ်ခုခု ဖြစ်သွားရင် မလျော်နိုင်ဘူး.."
"နေရှင်းကလည်း….သေ်ာတာ ဘာပြောဖူးလို့လဲ…"
"စတာပါ….ယူသွားနော်….သြော်…မနက်ဖြန် စောစောလာခဲ့လေ….…"
"အင်း…သွားပြီနော်…"
ဖြူလွှနေသည့် လက်ချောင်းလေးတွေကို လှုပ်ရမ်း ပြီး လက်ပြတော့ နေရှင်းသန့် လက်ပြပြီး ကျောခိုင်း ထွက်လာခဲ့လိုက်သည်..။
အမှောင်လမ်းထဲကို လျှောက်ရင်း သက်ပြင်းတိုးတိုး ချမိသည်.။
အဆက်အသွယ် မရှိပေမဲ့ ပတ်သက်မှု တစ်စုံတစ်ရာ က ရှိနေဆဲပင်..။
မာန လျော့လိုက်စမ်းပါ….ခင်ဗျားက မှားခဲ့သူပဲ..။
.
"နေရှင်းသန့်…"
"ဟမ်…."
"မင်းကို မေးနေတာ သုံးလေးခါ ရှိပြီ ဘာဖြစ်နေတာလဲ…"
"ဘာလဲ.."
နေရှင်းသန့် နားမလည်သလို ပြန်မေးလိုက်တော့ အောင်ကျော်ဦးက မျက်မှောင်ကြုတ်၍ ကြည့်သည်..။
လက်ထဲက ဖုန်းကို ချလိုက်ပြီး သူ့ရှေ့က ကွန်ပျူတာ ကို တစ်ချက်ကြည့်မိသည်..။
"အဘွားကြီး ကို လွမ်းနေတာလို့ ငါ့ကို မပြောနဲ့နော်…"
"အဟွင်း….အမှန်အတိုင်း ပြောရရင် ဟုတ်တယ်…"
"ဘာ…"
"ငါ ဖုန်းဆက်ရင် ကောင်းမလား…."
"ဟာကွာ….ကင်း လက်စ နဲ့ ရှင်းအောင် လုပ်စမ်းပါကွာ…ဘာလို့ ပြန်ပတ်သက်ချင်နေတာလဲ…"
"သူ့ကို သတိရတယ်ကွ…နေကောင်းရဲ့လား မသိဘူး…သူ့ရဲ့ မွေးစား အမေတွေကလည်း မရှိဘူး…သူတစ်ယောက်တည်း နေရတာ…အနားမှာ မရှိတောင် ဖုန်းဆက်နေရင် တမျိုးပေါ့….သူက လူကသာ မာတာနော် စိတ်က ပျော့တယ်….ညဆို တစ်ခါတလေ လန့်နှိုးပြီး ရင် ပြန်မအိပ်တော့ဘူး…ရေချိုးပြီး အိပ်လို့ ဖျားတာလည်း ခဏခဏ..တစ်ယောက်တည်း ဖျားနေရင် ဘယ်သူက သိမှာလဲ…..ဖုန်းတွေ ဘာတွေလည်း သိပ်သုံးတက်တာ မဟုတ်ဘူး….တူံးတုံးအအ…"
"နေကြီး…မင်း ကတော့ နွားမှ နွား အစစ်သလား….ကိုယ့်သူငယ်ချင်းတွေကို ခွေးလို ဆက်ဆံတာတောင်မှ မင်းက သောက်မှတ်မထားနိုင်ဘူးလား…..ခဏ တဖြုတ် တင်းမထားနိုင်ဘူးလား…တော်တော်လေးကို ဖြစ်နေတယ်…ဟလား…."
"အေးပါကွာ…သူ့ကိုယ်စား ငါပဲ တောင်းပန်ပါတယ်…ရပလား…"
"မရဘူးကွာ….မင်း မကြိုက်လည်း မတက်နိုင်ဘူး…မင်း က အခုဆို အောင်မြင်စ ပြုလာပြီ..မော်ဒယ် လမ်းပေါ် တက်လည်း ရတယ်….တတိယနှစ်လည်းရောက်နေပြီ..…နိုင်ငံခြားသွားဖို့လည်းပညာသင်ဆုတွေ ရနိုင်တယ်….အဲလို အနေအထားမျိုး ရောက်နေတဲ့ ကောင်ကို တချိန်က အသေးအမွှား ကျေးဇူးကြွေးတွေနဲ့ ကြိုးတုတ်ခံတော့မှာလား…မိန်းမတွေကို လျော့မတွက်နဲ့နော်….နေကြီး….သူတို့ရဲ့ မာယာကြိုးအောက်မှာ ငါတို့တွေက နွားလုံးလုံး ဖြစ်သွားလိမ့်မယ်…"
"လာပြန်ပြီ…နွား…"
နေရှင်းသန့် အမြင်ကပ်ကပ် ဖြင့် နှုတ်ခမ်းမဲ့ ၍ ခေါင်းကို ရိုက်ကာ ပြောလိုက်တော့ အောင်ကျော်ဦးက ရှောင်ပစ်လိုက်သည်..။
"မင်း က ငါ့စေတနာ ကို နားမလည်ဘူး…"
"မဟုတ်ပါဘူးကွာ.."
နေရှင်းသန့် စကားတွေကို ရပ်တန့်ပစ်လိုက်ပြီး ရေချိုးဖို့ အတွက် အဝတ်အစားတွေယူကာ အခန်းထဲက ထွက်လာခဲ့လိုက်သည်.။
ရေချိုးခန်းထဲကို ရောက်တော့မှ သက်ပြင်းတစ်ချက် ရှိုက်မိသည်.။
နေနိုင်လိုက်တာ ပီပီ..။
အောင်ကျော်ဦး ပြောသလို ငါ အကြီး ငါ ကျေးဇူးရှင်ဆိုပြီး မာနတွေ တန်းစီနေတာလား..။
ငါ ကျွေးထားတဲ့ ကောင် ငါ လျော့စရာ မလို ဘူးလို့ သတ်မှတ်ထားတာလား…။
သူငယ်ချင်းတွေနဲ့ ပတ်သက်ရင် ပီပီ တင်းမာ ခဲ့တာ လွန်ပေမဲ့…။
ရေပန်း ဖွင့်ချလိုက်ရင်း ပြုံးမိသည်..။
"အပြင်ဆိုတာ မြက်ခင်းပြင်မှာ လျှောက်ပြေးချိုးခိုင်းတာ မဟုတ်ဘူး…အခန်း အပြင်က ရေချိုးခန်းမှာ ချိုးဖို့ပြောတာဟဲ့….ဟူး…"
"ရေတွေ…ရေတွေ သုတ်စမ်း…ကြမ်းပြင်က ရေစိုရင် ချောလာကော….အို….."
ရေချိုးခန်းက ထွက်တိုင်း ခြေထောက်မသုတ်ပဲ ကြမ်းပြင်က ရေစိုအောင် လုပ်တက်သည့် နေရှင်းသန့် ကြောင့် ပီပီ ချောလဲ မလို ဖြစ်ခဲ့တာလည်း ခဏခဏ ပါပဲ…။
တကယ် ချော်လဲတဲ့ အချိန်ကျတော့..။
နေရှင်းသန့် ရေပန်းအောက်မှာ ရပ်နေရင်း နှုတ်ခမ်းကို ဖွဖွ ကိုင်မိသည်..။
လွမ်းတယ်….ပီပီရယ်…။
ဖုန်းလေး တစ်ချက် လောက် ဆက်လိုက်စမ်းပါ..။
နေရှင်းသန့် မျက်ခုံးတွန့်သွားသည်.။
သူ့အတွက် တော့ ကိုယ်က အမှုန့်အမွှားပါပဲ..။
ဘယ်လိုပဲ ပြောင်းလဲပါစေ အထင်ကြီးမှာလည်း မဟုတ်ပါဘူး..။
သူ့မျက်လုံးထဲမှာ စိုးမင်းကသာ အရာရာ ပြည့်စုံ တဲ့ သူကြီးလေ…။
အခုတောင် စိုးမင်း နဲ့ ရယ်ပြီး စကားပြောနေမလား မသိပါဘူး..။
ဆရာ နဲ့များ နှစ်ယောက်တည်း တွေ့နေမလား…။
နေရှင်းသန့် မျက်မှောင်ကြုတ် နှုတ်ခမ်းကိုက်ရင်း အတွေးတွေ ဖြင့် ပူလောင်လာသည်..။
မခေါ်ဘူး..။
နင် သာ စ မခေါ်ရင် နင်ပြောသလို ငါတို့ ပတ်သက်မှု ပြီးပြီ…။
မုန်းလို့ မရပေမဲ့ မေ့လို့ရအောင် ကြိုးစားတော့မည်..။◇◆◇◆◇◆◇◆◇◆◇◇◆◇◆◇◆◇◆◇◆
နှစ်သစ်က စလို့ လောကကြီး အေးချမ်းပါစေ 😢
အားလုံး ကျန်းမာရေး အထူး ဂရုစိုက်ကြပါ။
တကယ်ဆို နက်ဖြန်မှာ စာတင်သင့်တာနော်…။
စပိုက်ကာ့ကြောင့် စိတ်ရှုပ်ရပြီ…။
တောင်းပန်ပါတယ်။
စပိုက်ကာ ရေးသမျှ အထက်တန်းမကျ အဆင်မပြေတော့ စာဖတ်သူတွေကို အားနာနေပြီ။
အခုချိန်ထိ အားပေးခဲ့တဲ့ စာဖတ်သူလေးတွေ
အကြာကြီး ပျောက်သွားလည်း မမေ့တဲ့ စာဖတ်သူလေးတွေ
မကောင်းလည်း အချိန်ပေး ဖတ်ပေးတဲ့ စာဖတ်သူလေးတွေ
တစ်ယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်နော်။
အရေးအသားမကောင်း စာလုံးပေါင်း မမှန်တာ ခွင့်လွှတ်ကြပါ ။
Facebook Account (Zawgyi)
https://www.facebook.com/spica.alice.1
Facebook Page (Zawgyi)
https://www.facebook.com/Spica-Lin-စပိုက်ကာလင်း-1578142228989032/
Facebook Page (Unicode)
https://www.facebook.com/SpicaLin-စပိုက်ကာလင်း-Unicode-110111527107943/
Wattpad (Zawgyi)
Spica_s
https://my.w.tt/FLHrJ3aqw2
Wattpad (Unicode)
Spica-a
https://my.w.tt/74aCrATpw2
စာတွေဖတ်ပေးတာ ကျေးဇူး အထူးတင်ပါတယ်နော် 💪❤📕
✌
Love U All❤
࿇Sקicค Liຖ࿇
#စပိုက်ကာ
YOU ARE READING
မြူခိုးမှိုင်းဝေ
Romance◇◆◇◆◇◆◇◆◇◆◇◇◆◇◆◇◆◇◆◇◆◇ "ဘာကို စိုးရိမ်နေတာလဲ... ငါ့ရဲ့ ခံစားချက်ကို သိအောင် မကြိုးစားစမ်းပါနဲ့...လူလောကမှာ နေတာ ကြာလေ....အမှား ပိုလုပ်မိလေပဲ..အဲတော့...နင့်ထက်ပိုများတဲ့ အမှားတွေလည်း လုပ်ခဲ့ဖူးပြီးပြီ......အမှားပေါင်းများစွာကို ဖြတ်ကျော် ဖြတ်လျှောက်ခ...