Part 8

3.1K 190 4
                                    


မြူခိုးမှိုင်းဝေ

အပိုင်း(၈)

0318-0743P

#မြူခိုးမှိုင်းဝေ

"မာမေ..."

"အင်...."

"ဒီနေ့...သား ပိုက်ဆံထုတ်တယ်..."

"အင်း..."

"ဒီမှာ.....စာသင်ကျောင်းအတွက် လိုအပ်တာတွေ ဝယ်လိုက်ပါ..."

"နေကောင်းရဲ့လား ပေါ့ပီ..."

"ဟင်..."

"အလုပ်တွေ အရမ်းကြိုးစားနေတော့ မာချယ်က စိတ်ပူနေတယ်..."

"အဟွင်း...သား လိမ်မာနေတာကိုပဲ...."

"ဟုတ်ပါတယ်....လိမ်မာတာ ကို သိပါတယ်....လိမ်မာပြီး စိတ်မချမ်းသာမှာ စိုးရိမ်လို့ မေးတာပေါ့...."

"သား အလုပ်လုပ်ရတာပျော်ပါတယ်...."

"ပျော်တယ်....ဟန်ဆောင်ပြီး ပျော်ပြနေတာကို ပြောတာလား..."

"ဟင်...."

"ကျောင်းတွေ ပြောင်း ပြီး အိမ်ကို ပြန်ရောက်လာကတည်းက ပေါ့ပီ အပြုံး အစစ်မဟုတ်တော့သလိုပဲ..ဘာဖြစ်လို့လဲ ကလေး..ဟင်....မာမေ က မာချယ်လောက် မသိပေမဲ့ တိုင်ပင်လို့ရပါတယ်.."

"သား...နေကောင်းပါတယ်..."

"ကလေး ကို မာမေ တို့ မွေးခဲ့တာ မဟုတ်ပေမဲ့ အချိန်အကြာကြီး ပြုစု ပျိုးထောင်ခဲ့ရတာပါကွယ်....ပေါ့ပီ့အထက်တန်း အထိ ပျော်ခဲ့တယ်....ကလေး ပျော်နေတာကို ကြည့်ပြီး မာမေ တို့လည်း ပျော်ခဲ့ရတယ်...ဒါပေမဲ့ ကျောင်းပြောင်းသွားကတည်းက တစ်မျိုး ဖြစ်သွားတယ်....မာမေ နဲ့ မာချယ်ကလည်း ခရီး ထွက်ရတာ များနေတော့ သမီး အပေါ်မှာ တာဝန် လစ်ဟာ ခဲ့တယ် ထင်တယ်..."

"အဲလို မဟုတ်ပါဘူး..မာမေ..."

"ဧည့်ခံပွဲတွေ ...မိတ်ဆုံ ပွဲတွေ မသွားတာတော့ မာမေ နားလည်ပါတယ်....သမီး က ငယ်ငယ်ကတည်းက လူကြောက်တက်တယ်လေ.....ဒါပေမဲ့ ကျောင်းကိုတောင် တစ်ခေါက် ပြန်မသွားဘူး...သူငယ်ချင်းတွေကို စိတ်နာစရာ ရှိနေလား..."

"မဟုတ်ပါဘူး....သား...ဒီတိုင်း အလုပ်မအားလို့ပါ....ဆယ်နာရီတောင် ခွဲနေပြီ....မာမေ"

မြူခိုးမှိုင်းဝေحيث تعيش القصص. اكتشف الآن