Part 16

2.6K 176 4
                                    

မြူခိုးမှိုင်းဝေ

အပိုင်း (၁၆)

#မြူခိုးမှိုင်းဝေ

"ပေးခဲ့ပြီ..ပီပီ..."

"အင်း..."

စိုးစိုး အလုပ်ခန်းထဲမှာ သူ့ကို ထိုင်စောင့်နေတာ ဆယ့်ငါးမိနစ်ကြာသွားပြီ..။

အိမ်မပြန်ခင် ခြံဘက်ကို ခဏဝင်ရဦးမှာမို့ လုပ်လက်စတွေ သိမ်း၍ ထ ရပ်လိုက်သည်..။

"သွားမယ်...လာ..."

"ပီပီ.."

"အင်.."

စိုးစိုး လှည့်ကြည့်တော့ အကြည့်လွဲ၍ ခေါင်းရမ်းပြန်သည်..။

ဘာဖြစ်ရပြန်တာလဲ မသိ...။

စိုးစိုး ပိုက်ဆံအိတ်ကို လှမ်းယူပြီး ကားသော့လည်း တစ်ခါတည်း ဆွဲယူလိုက်သည်..။

".........."

".........."

"ဟွန့်....ဘာလို့ လိုက်ကပ်နေတာလဲ.."

စိုးစိုး နောက်မှာ ကပ်လျှောက်နေသည့် နေရှင်းသန့်ကို လှည့်ပြောလိုက်တော့ ခေါင်းကုတ်နေပြန်ပြီ..။

တစ်ခုခုတော့ တစ်ခုခု ပါပဲ...။

ဘယ်လောက် ပဲလိမ်လိမ်...မနေနိုင်တဲ့ အဆုံး ပေါ်လာမှာပဲလေ...။

"မေ့..."

စိုးစိုး လမ်းလျှောက်နေရင်း ရှေ့ကိုရောက်ပြီး ပိတ်ရပ်လိုက်တော့ လန့်ပြီး တိုက်မိတော့သည်..။

"ဟဲ့...."

"ဟို...."

"မဟုတ်သေးဘူး..နေရှင်းသန့်...ဘာဖြစ်နေတာလဲ..ကျစ်....သွားစရာရှိသွား...မဟုတ်လဲ....ဘာပြောမှာလဲ...မြန်မြန်ပြော..."

"ဟို...."

".........."

စိုးစိုး စိတ်မကြည်မလင် ဖြစ်နေပါတယ်ဆိုကာမှ

ဟိုဟို ဖြစ်နေတာ ဒေါသ ဖြစ်လာသည်..။

နှုတ်ခမ်းကိုက် မျက်ခုံးတွန့်၍ ကြည့်လိုက်တော့မှ လည်ပင်းကို လက်ရောက်သွားပြန်သည်..။

"နင် ဘာလုပ်ပြန်ပြီလဲ..."

"ဟမ်....မ..မလုပ်ပါဘူး..."

"ဒါဆို...ဘာဖြစ်နေတာလဲ..."

"............"

ဘာ မှ မပြောတော့ စိုးစိုး စိတ်ပျက်စွာဖြင့် သူ့ကို ကွေ့ရှောင်လိုက်သည်..။

မြူခိုးမှိုင်းဝေWhere stories live. Discover now