မြူခိုးမှိုင်းဝေအပိုင်း (၄၂) (၁)
ဇာတ်သိမ်း
#မြုခိုးမှိုင်းဝေ
"နေကြီး...လာလေ...."
"......."
"နားလည်ပေးလိုက်ပါကွာ...."
"အင်း."
နေရှင်းသန့် သက်ပြင်းချရင်း ခေါင်းညိတ်လိုက်သည်...။
ပီပီ မှာထားတဲ့ စက်ပစ္စည်း က ဒီနေ့ရောက်မှာမို့ ပီပီ လိုက်မလာနိုင်..။
သူ အထပ်ထပ် ရှင်းပြပြီးသားမို့ နားလည်ကြည်ဖြူစွာ ထားခဲ့တာပါ.။
အမိုး နဲ့ အပါး ရောက်နေပေမဲ့ နေရှင်းသန့် တိတ်ဆိတ်စွာ မျှော်လင့်နေဆဲပင်.။
ဒီနေ့ကျမှ တိုက်ဆိုင်ရတယ်လို့..။
ကျစ်...။
ဘွဲ့ယူရမဲ့ ဖီလင်တောင် စမာစမတ် မရှိ့တော့ပြီ.။
"နေကြီး..ဟေ့ကောင်..."
"မင်း ပဲ အမိုးတို့ကို ခေါ်သွားလိုက်ကွာ..."
"မင်း က ဒီမှာ ဘာလုပ်မလို့လဲ..."
"ပီပီ ရောက်လာလို့ ဖုန်းဆက်ရင် သိအောင် ခဏ စောင့်လိုက်မယ်...."
"ဟာကွာ....အနားနီးမှ ပြေးလာလို့ရတဲ့ နေရာမဟုတ်ဘူး...မလာဘူးလို့ ပြောပြီးသားလေ...ငါ့ကိုလည်း နှစ်ခါတောင် ဖုန်းဆက်တယ်..."
"ခဏစောင့်ကြည့်ဦးမယ်...သူ လာမယ် ထင်တယ်...အပါးတို့ကို ခေါ်သွားလိုက်..."
"ဟေ့ကောင်...စဉ်းစဉ်းစားစားလည်း ပြောပါဟ..ငါ့အမျိုးတစ်သိုက်နဲ့ ငါတောင် မနည်း..ဘာဖြစ်လို့များ မောင်နှစ်မ ဝမ်းကွဲတွေနဲ့ တူတူ ယူရတာပါလိမ့်.."
အောင်ကျော်ဦးက ညီးတွားနေပေမဲ့ နေရှင်းသန့် ဝင်လာတဲ့ ကားတွေကိုသာ စောင့်ကြည့် နေမိသည်..။
ဟုတ်ပါတယ်....။
ပီပီ က မလာဘူးဆို တကယ်မလာခဲ့ဘူး..။
လာမယ်ဆိုရင်လည်း.ညနက်ကြီးတောင် ရောက်အောင် လာနိုင်သည်လေ..။
နေရှင်းသန့် သက်ပြင်း တစ်ချက် ချလိုက်သည်..။
လည်ချောင်းတွေ ခြောက်လာသလို ခံစားရတော့ ကားဆီကို ပြန်သွားရသည်...။
YOU ARE READING
မြူခိုးမှိုင်းဝေ
Romance◇◆◇◆◇◆◇◆◇◆◇◇◆◇◆◇◆◇◆◇◆◇ "ဘာကို စိုးရိမ်နေတာလဲ... ငါ့ရဲ့ ခံစားချက်ကို သိအောင် မကြိုးစားစမ်းပါနဲ့...လူလောကမှာ နေတာ ကြာလေ....အမှား ပိုလုပ်မိလေပဲ..အဲတော့...နင့်ထက်ပိုများတဲ့ အမှားတွေလည်း လုပ်ခဲ့ဖူးပြီးပြီ......အမှားပေါင်းများစွာကို ဖြတ်ကျော် ဖြတ်လျှောက်ခ...