/1/

42.6K 1.7K 109
                                    

[ Unicode ]

အမွှေစိန်လေးရဲ့ ချစ်သူ
အပိုင်း၁

"ဝမ်ရိပေါ် မင်းဆင်းခဲ့စမ်း"

အိမ်ခေါင်မိုးပေါ်တွင် တက်နေသော
ဝမ်ရိပေါ်ကို မွေးဖခင်ကြီးက ဆူလိုက်ခြင်းပင်....

"ဗျာ ပါး ဘာလို့လဲ"

"လေရှည်မနေနဲ့ ဆင်းဆို ဆင်းခဲ့စမ်း"

"မဆင်းပါဘူး ဆင်းရင် ပါးက ကျတော်ကို
ရိုက်မှာပေါ့...ဝမ်ရိပေါ်သည် အချဉ်မဟုတ်"

"မအိမ်လုံးကောင် မင်းဘာသာ အချဉ်ဟုတ်ဟုတ်မဟုတ်ဟုတ် မင်းအပိုင်းပဲ
ဘယ်နှယ် သူများအိမ်က ပန်းပင်ကို
ဆိုင်ကယ်နဲ့ တိုက်ရတယ်လို့ စောက်ဖြစ်မရှိဘူး"

"ပါးကလည်း သားက တမင်လုပ်တာမှ
မဟုတ်တာလို့ ..... သားလာနေတုန်း
သူက မရှောင်ဘဲနဲ့ "

"ချီးကို ရှောင်ရမလား သူက သက်ရှိမှ
မဟုတ်တာ သက်မဲ့ကွ သက်မဲ့..."

"သူဘာဖြစ်ဖြစ် ဂရုမစိုက်ဘူး....
အဓိကက သားအသားမနာဖို့ပဲ"

"ဟော ပြောလေ ဆိုလေ ကဲလေပဲ
မင်းဆင်းမလား မဆင်းဘူးလား
အဟင်း ဟင်း မင်း မဆင်းရင်
မင်းဆိုင်ကယ်ကို လွင့်ပစ်မှာနော်"

"ဟာ ပါး မညစ်ပတ်နဲ့ ...,..
ပြိုင်ပွဲမှာ တရား မျှတရတယ်လေ
ပါး မယုတ်မာနဲ့"

"အောင်မာ မင်းကများ ရာရာစစ
မင်းမဆင်းဘူးဆိုရင် မင်းဆိုင်ကယ်ရော
မင်းကတ်ရော အကုန်သိမ်းမယ်
လက်ဗလာနဲ့ ကျောင်းသွား ရမယ်မှတ်"

ဝမ်ပါး၏ ခြိမ်းခြောက်မှုကြောင့် ရိပေါ်
ကျောချမ်းသွား၏ ၊၊ နဂိုထဲက ချေလာတာ
တော်ကြာ ငမွဲဖြစ်နေမှ အလှောင်ခံနေရမယ် ..,, ဒီလိုတော့ အဖြစ်မခံနိုင်ပါ။

"ဟူး ပြီးရော့ သားဆင်းလာမယ်
လှေကားထောင်ပေး"

" "

ဝမ်ရိပေါ် တစ်ယောက် လှေကားကနေ
ဆင်းရင်း ခြေချော်ပြီး မြက်စိမ်းနုနုလေးပေါ်
ခြေကားယားလက်ကားယား ပြုတ်ကျလေ၏၊၊ ဝမ်ရိပေါ် ရဲ့ အော်သံက
ဝမ်အိမ်တော်ခြံဝန်းထဲ ဆိုင်းတီးသလို
မြည်ဟီးသွားသည်၊၊

"အမလေး သေပါပြီ....မီးညှောင်ရိုး
ကျိုးပြီလား မသိဘူး..အဟင့် ဟင့်"

အမွှေစိန်လေးရဲ့ ချစ်သူ [[ Completed ]]Where stories live. Discover now