/10/

13.2K 1.1K 16
                                    

[ Unicode ]

အမွှေစိန်လေးရဲ့ ချစ်သူ
အပိုင်း၁၀

ရိပေါ် နေရောင်ခြည် ခပ်စူးစူးလေးကြောင့် အိပ်ရာထက်က နိုးထလာခဲ့သည်၊၊ နေရာက စိမ်းနေတယ်....အဖြူရောင် လိုက်ကာလေးက နံနက်ခင်း လေလေးကြောင့် အနားစလေးက လွင့်နေ၏.....

"အား!!!! ခေါင်းကိုက်လိုက်တာ..."

မသောက်စဖူး ဝိုင်တွေ သောက်ထားတော့
ခေါင်းက နောက်ခနဲ့....ကျစ်....
အလိုမကျသံနှင့်အတူ ကျစ်သပ်လိုက်သည်၊၊ ကိုယ်ပေါ်တွင် ဝတ်ထားတဲ့ တီရှပ် အကြီးကြီးက ကြယ်သီးအချို့က ရင်ဘတ်ပေါ်အောင်ထိ ပြုတ်နေတယ်....

ရိပေါ် ကိုယ်လုံးပေါ် မှန်ကြီးထဲတွင် ရင်ဘတ်ပေါ်က အနီရဲရဲ အရာတွေကြောင့်
လူ ကြီး လက်ချက်မှန်း တန်းသိလေသည်၊၊

"နိုးပြီလား အမူးသမားလေး..."

ဘယ်အချောင်က ရောက်လာလဲ မသိဘူး
စောစောစီးစီး လူကြီး အသံက ရပ်ကွပ်က လော်စပီကာကြီးလို.....

"ရှောင်းကျန့် ......"

"ကျစ်!!! ရိုင်းလိုက်တာ ဝက်ပေါက်စရယ်
ကိုယ်ထက်အကြီးကို ကိုကို လို့ ခေါ်သင့်တာကို....ဘယ်လိုနေလဲ ခေါင်းကိုက်နေလား
ရော့ အမူးပြေအောင် ပျားရည် သောက်လိုက်...."

စကားတွေ တရစပ်ပြောကာ ပျားရည်ခွက်ကို သူရှေ့ကမ်းပေးလာတော့ အလိုက်သတိ ယူကာ မေ့ာသောက်လိုက်သည်၊၊

*လန်းဆန်းသွားတာလဲ... ဒီလိုကျ လူကြီးက အလိုက်သိသား*

"ဘာတွေ ပြုံးစိစိ လုပ်နေတာလဲ ခွေးလေး"

"ခင်ဗျားနော်......ဘောကို ခွေး
ကျုပ်ကို အဲ့လို မခေါ်နဲ့.....နည်းနည်းလေးဖြစ်ဖြစ် အကောင်းမြင် ကြည့်လို့ကို မရဘူး
တွေ့တိုင်း သောက်ရမ်း ပြဿနာရှာတယ်"

"ဘာလဲ....စိတ်ကောက်တာလား
စိတ်ကောက်နေတဲ့သူ ဝက်မလေးနဲ့တူ
ဆူနေတဲ့ နှုတ်ခမ်း ဝက်ဖင်ကို နမ်း "

"ချီးကို နမ်း....ခင်ဗျားပဲ နမ်း ...."

"ဟား စိတ်မကောက်ပါနဲ့ ဝက်ပေါက်စရယ်"

"အား !!! ဒေါသထွက်လာပြီ.......ရှောင်းကျန့်......ခင်ဗျားသာ နွားအိုကြီး....."

အမွှေစိန်လေးရဲ့ ချစ်သူ [[ Completed ]]Where stories live. Discover now