/21/

9.7K 785 13
                                    

[ Unicode ]

အမွှေစိန်လေးရဲ့ ချစ်သူ
အပိုင်း ၂၁

"ဝမ်ကြီး မတွေ့တာတောင် ကြာပြီ...
သေနာလေး ဖုန်းတောင် မဆက်ဘူး..."

"ဘာလဲ...ငါကို လွမ်းနေတာလား
ဟောက်ကြီး...."

"အော့စ်... ခွေးချီးကို လွမ်းရမှာ..."

"ထွီ!! ဟောက်ကြီး ဘယ်တုန်းက
ခွေးချီး ကြိုက်သွားတာလဲ..."

"ဂါး... ဝမ်ကြီး... စိတ်တိုအောင်မလုပ်နဲ့"

"မင်းအရင်စတာလေ---"

လက်ညိုးထိုးကာ အပြိုင်ငြင်းနေတဲ့
မျောက်နှစ်ကောင်ကို ဖန်ရှင်း ကျောပြင်ကို
ဗြောတင်လိုက်တယ်

"အား မင်းယီးမို့လား... ငဖန်..."

နှစ်ကောင်သား ဇာတ်တိုက်ထားလား
မသိ... ဆဲပြီလေ... ဖန်ရှင်းကတော့
အချိုရည်ကို ပိုက်နဲ့ မွှေနှောက်ရ င်း

"မင်းတို့ မျောက် နှစ်ကောင်က ဆဲနေတာကို
ဒါက အများပြည်သူ့ပိုင်နော်...
တော်ကြာ... ပြည်သူ အကြမ်းဖက်
တိုင်ကြားမှုကြောင့် သံတိုင်တွေနောက်
ပဲထမင်း စားနေရမယ်..."

"ဖွဟဲ့ လွဲပါစေ... ငဖန် ပေါက်ကရကွာ.."

ရိပေါ်နဲ့ ဟောက်ရွှမ်း၏ လက်သံပြောင်က
ဖန်ရှင်း လက်မောင်းပေါ် ဆိုင်းဆင့်လာလေသည်
သုံးယောက်သား ရိုက်ပုတ်ဆဲဆိုရင်း
မောသွားမှာ အပြိုင်ရယ်ကြလေ၏

"မင်း ရဲ့  𝐂𝐄𝐎  ကြီးနဲ့ ခရီး ထွက်ရတာ
ပျော်ရဲ့လား....."

"အွန်း မဆိုးပါဘူးကွာ...."

"ဟဲ... ဆိုတော့ မင်းက bottom ပေါ့နော်.."

"ကျစ်... သေနာကောင်... ဒါ မေးသင့်တဲ့
အရာလား..."

"ဟားဟား ငါပြောတာ မှန်နေတာမလား
သားကြီးရာ ထင်မထားဘူး... အောက်
ရောက်ရတယ်လို့...."

"ကျစ်...ခွေးကောင် ဟောက်ရွှမ်း..."

ရိပေါ် သူ့ကို စနေတဲ့ ဟောက်ရွှမ်း ကျောကို
ဗြောတင်လိုက်သည်... ကိုယ်က ရိုက်နေတာ
တောင် သူ့က အားရပါးရ ရီလို့..,

*အေး မင်းအလှည့်ကျရင် အကို စုန်ကျိရန်
အောက် နေရပါစေ....*

စိတ်ထဲ ဟောက်ရွှမ်းကို မေတ္တာ ပို့နေမိ၏....
အဖြောင့်ကောင် ဟောက်ရွှမ်း ကွေးသွားရင်
အကို စုန့်ကျိရန် အောက်မှာ တသက်လုံး
Bထိုင်ရပါစေ... အာမင်...

အမွှေစိန်လေးရဲ့ ချစ်သူ [[ Completed ]]Where stories live. Discover now