[ Unicode ]
အမွှေစိန်လေးရဲ့ ချစ်သူ
အပိုင်း၇"ရိပေါ် မင်း ဒီကို ခဏလာဦး"
"ဘာခိုင်းမလို့လဲပါး...."
ရိပေါ် ဆိုဖာတွင် ဝင်ထိုင်လိုက်သည်၊၊
ပါး၊မား၊ကျဲကျဲရော ဧည့်ခန်းတွင် ကျကျနန ထိုင်နေကြသည်၊၊ ရိပေါ်လည်း ဘုမသိ ဘမသိ........."သား ကျောင်းပိတ်ရက်မှာ ceo xiaoဆီမှာ အလုပ်လုပ်ရမယ်...."
"ဗျာ.....ဟာ ပါးကလည်း
သားက အခုမှ လူပျိုပေါက်ပေါက် ကလေးလေး ရှိသေးတာကို ...... ပင်ပန်းတဲ့ အလုပ်တွေ မခိုင်းပါနဲ့လားဟင်....
သား လွတ်လွတ်လပ်လပ် နေချင်သေးတယ်""မွေးကတည်းကနေ အသက်၂၀ထိ လွတ်လွတ်လပ်လပ် နေပြီးပြီပဲ.....
ဘာမှ ဆင်ခြေမပေးနဲ့.....လုပ်ဆို လုပ်ရမယ်......ကိုယ်အားကို ကိုးတတ်ဖို့ လိုတယ် ငါ့သားရ.....""မား....."
"မားလည်း သားအဖေ ဆန္ဒ နဲ့ အတူတူပဲ
အောင်မြင်လာအောင်၊ အတွေ့အကြုံ ရှိအောင် အောက်ခြေက စပြီး ကြိုးစားရတယ်သားရဲ့.......သား မစိုးရိမ်ပါနဲ့
ရှောင်သူဌေးက အရမ်း သဘောကောင်းတာ....သား အမ ရဲ့ သူငယ်ချင်းလေ
သားရော သိတယ်မလား"ထိုအခါ ရိပေါ် မျက်လုံးက ဝမ်ချင်းဆီ မြှားဦး လှည့်လာသည်၊၊ ကျဲက ပြုံးပြပြီး
"ဟုတ်တယ် ... သိတယ်မလား
ရှောင်းကျန့်လေ....""ဟင် !!!!!! သူဆီမှာ လုပ်ရမှာလား
အား!!!!!!သား လုံးဝမလုပ်နိုင်ဘူး
သူလို ဘဝင်ကြောင် နှာဘူးဆီမှာ လုပ်မဲ့ အစား ပါးနဲ့ မား ထမင်းစားတာမှ ကောင်းဦးမယ်"ဝမ်ပါးက ဆိုဖာက ခေါင်းခု သေးသေးလေးကို ရိပေါ်ဆီ ပစ်ပေးလိုက်သည်၊၊
"အလုပ် မလုပ်ရင် အိမ်က ထမင်းစားရမယ် မထင်နဲ့....အံ့သြပ!!!!!!
ဒီလောက်ပျင်းတာ အင်ဂျင်နီယာဖြစ်ချင်နေတာ,,,,,,အင်ဂျင်နီယာ လုပ်မဲ့အစား တောင်းသာ စားတော့.....""ပါးဗျာ......မပြောကောင်း မဆိုကောင်း
သားလို လူချောလေးက တောင်းစားလို့ ဖြစ်မလား....ဒီလို ရုပ်ရည်မျိုးက အသာလေး မြူစွယ်ရုံနဲ့ ငွေဝင်မဲ့ အပေါက်ကြီး"
YOU ARE READING
အမွှေစိန်လေးရဲ့ ချစ်သူ [[ Completed ]]
Fanfictionကျတော် ကောင်လေးက အဆိုးလေးဗျ သူမွှေသမျှ လိုက်ရှင်းရတာ